← Chapters

အခန်း (၂၂၈)

Vol. 23 Ch. 228

အခန်း (၂၂၈)

Vol. 23 Ch. 228

ရှားလုံရွှိုသည် အမှန်တကယ်ပင် စစ်တပ်ကြီး စေလွတ်လိုက်သည်​လော။ ထိုအကောင်ရူးသွားပြီလော။ လီမိသားစုဘက်မှ စစ်သည် တစ်သိန်းခန့် စုစည်းထားကြောင်း ရှင်းလင်းစွာ သိထားပါလျက်နှင့် ဤမျှ မိုက်မဲစွာ ထိပ်တိုက်ရင်ဆိုင်ရဲသေးသည်လော။ လီရူဟိုင်တစ်ယောက် ရူးသွပ်သွားတော့မလို ခံစားလိုက်ရသည့်။

ရှားလုံရွှိုကို စစ်သည်များ မစေလွှတ်စေရန်အတွက် လီရူဟိုင်သည် အသေအချာ စီစဉ်ထားခဲ့ပြီး ရှားလုံရွှိုကို ကျောက်ဂူထဲတွက်သာ အေးဆေးလေး စမူဆာစားနေရန် အရပ်ဘက်အရာရှိများမှတစ်ဆင့် ငွေတုံး ခြောက်သိန်း သုံးစွဲခဲ့ရုံသာမက သူ၏ ဂူသခင် တစ်ဒါဇင်ကျော်ကိုပါ လာဘ်ထိုးထားခဲ့သည်။ ရှားလုံလူမျိုးစုနှင့် လီမိသားစုကြားရှိ နယ်စပ် စီရင်စုများနှင့် စီရင်စုခွဲများကို စောင့်ကြပ်ရန်အတွက် လူအင်အား တစ်သောင်းကျော်ကိုပါ အပို​အနေဖြင့် စေလွှတ်ထားခဲ့သည်။ သို့သော် ရှားလုံရွှိုက စစ်တပ် စေလွှတ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ စစ်တပ် စေလွှတ်ရုံသာမက မြို့တစ်မြို့ကိုလည်း လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

လီရူဟိုင်သည် သူ့ကိုယ်သူ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး သေချာစဥ်းစားလိုက်သည်။

ပိုင်ရှုစီရင်စုခွဲ ကျဆုံးသွားပြီဖြစ်သော်လည်း ထိုအကြောင်းကို သူဘာမှမတတ်နိုင်သည့် အတွက် မေးထားလိုက်သည်။ ထိုနေရာရှိ အမျိုးသမီးများ ၊ ရွှေငွေရတနာများသည် ရှားလုံရွှို၏ လူရိုင်းစစ်သည်များ နှစ်ရက် ၊ သုံးရက်ခန့် ရူးသွပ်စွာ ပျော်ပါးရန် လုံလောက်ပေလိမ့်မည်။ ရှားလုံ လူရိုင်းစစ်သည်များသည် တောခွေးရိုင်းများကဲ့သို့ပင် ဖြစ်သည်။ အသားမြင်လျှင် အကုန်မစားရမချင်း ထွက်ခွာသွားကြမည့်သူများ မဟုတ်ပေ။

လီရူဟိုင်သည် သူ၏ စစ်တပ်ကို လုံးဝ နောက်ပြန်လှည့်မည် မဟုတ်ပေ။ သူသည် ဤ မြောက်လေတိုက် ခံတပ်ဂိတ်ကို ဦးစွာ သိမ်းပိုက်မည်။ ထို့နောက် သူ၏ တပ်ဖွဲ့ကို နှစ်ဖွဲ့ခွဲလိုက်မည်။ တစ်ဖွဲ့သည် တောင်ဘက်သို့ ဆင်းပြီး ရှားလုံရွှိုကို တိုက်ခိုက်မည်။ နောက်တစ်ဖွဲ့သည် မြောက်ဘက်သို့ ဆက်လက်ချီတက်ပြီး တာ့နင်အင်ပါယာ၏ နယ်စပ်ကို ကျူးကျော်ကာ ဧကရာဇ်အား လီဝမ်ဟွေ့ကို သတ်ပြီး မင်းသမီးနင်းရွှဲ့ကို သူ့သားနှင့် လက်ထပ်ပေးရန် ဖိအားပေးမည် ဖြစ်သည်။

ထို့နောက် လီရူဟိုင်သည် သတင်းကောင်းလေး တစ်ခုလောက် ပါမလားဟူသော မျှော်လင့်ချက်ဖြင့် ဒုတိယ လျှို့ဝှက်ပေးစာကို ဖွင့်လိုက်သည်။ သို့သော် ဒုတိယ လျှို့ဝှက်ပေးစာကို မြင်လိုက်ရသောအခါတွင် လီရူဟိုင် တစ်ကိုယ်လုံး ရေခဲတိုက်ထဲ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ပိုင်ရှုစီရင်စုခွဲ အသိမ်းပိုက်ခံရခြင်းသည် အကြောက်စရာအကောင်းဆုံး မဟုတ်ခဲ့ပေ။ ပို၍ ကြောက်စရာကောင်းသည်မှာ ရှားလုံရွှို၏ လူရိုင်းစစ်သည် နှစ်သောင်း ၊ သုံးသောင်းခန့်သည် လုံးဝ ရပ်တန့်ခြင်း မရှိဘဲ အနီးနားရှိ အစောင့်အရှောက် နည်းပါးသော စီရင်စုခွဲ အများအပြားကို ဂရုမစိုက်ဘဲ ဟုန်ဟယ်စီရင်စု မြို့တော်ဆီသို့ တိုက်ရိုက် ချီတက်သွားခြင်း ဖြစ်သည်။

ပိုင်ရှုစီရင်စုခွဲ ကျဆုံးသွားလျှင် လီရူဟိုင် ခံသာသေးသည် အနီးနားရှိ စီရင်စုခွဲ လေးငါးခု ကျဆုံးသွားလျှင်လည်း လီရူဟိုင်ပြုံးနိုင်သေးသည်။ သို့သော် ဟုန်ဟယ်စီရင်စု မြို့တော်သည် လုံးဝ အကျဆုံးခံ၍ မဖြစ်ပေ။ ထိုနေရာသည် လီမိသားစု၏ ဘိုးဘွားပိုင် နတ်ကွန်းနှင့် ဟုန်ဟယ်နယ်စားမင်း၏ နေရာ ဖြစ်ရုံသာမက အရေးအကြီးဆုံးမှာ ဟုန်ဟယ်မြို့တွင် လူဦးရေ နှစ်သိန်းကျော် နေထိုင်ပြီး မရေမတွက်နိုင်သော ငွေကြေးများ ၊ အလုပ်ရုံများ ရှိကာ သံထည်ပစ္စည်းများ ၊ ပုဂ္ဂလိက ဆားနှင့် အထည်အလိပ် အမြောက်အမြားကို သိုလှောင်ထားသောကြောင့် ဖြစ်သည်။

လီမိသားစု စော်ဘွားစီရင်စုတွင် အဓိက မြို့ကြီးနှစ်မြို့ ရှိသည်။ တစ်မြို့မှာ နိုင်ငံရေး အချက်အချာကျသော ဝမ်ရှန်းမြို့ ဖြစ်ပြီး အခြားတစ်မြို့မှာ စီးပွားရေး အချက်အချာကျသော ဟုန်ဟယ်မြို့ ဖြစ်သည်။ ထိုမြို့ကြီးနှစ်မြို့၏ အရေးပါမှုသည် အတူတူပင် ဖြစ်သည်။ အကယ်၍ ဟုန်ဟယ်မြို့သာ ရှားလုံရွှို၏ လက်ထဲသို့ ကျရောက်သွားပါက အရာအားလုံးသောက်ကျိုးနည်းကုန်ပြီး လီရူဟိုင်၏ ခြေထောက်တစ်ဖက် ပြတ်သွားသကဲ့သို့ ဖြစ်ပေလိမ့်မည်။

ငွေကြေးသည် သူရဲကောင်းများကို ရဲရင့်စေသည်။ လီဝမ်ဟွေ့၏ သတ်ဖြတ်မှုကြောင့် လီမိသားစုသည် ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ဖြစ်သည်။ အကယ်၍ ရှားလုံရွှိုကသာ ဟုန်ဟယ်မြို့ကို ထိုးဖောက်ဝင်ရောက်ပြီး ထပ်မံ လုယက်ဖျက်ဆီးမည် ဆိုပါက လီမိသားစုသည် တော်တော်ကြီးကို နစ်နာသွားပေလိမ့်မည်။ နလံပင် ပြန်မထူနိုင်တော့သည်အထိ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ရှားလုံလူမျိုးစုမှ လူရိုင်းစစ်သည်များသည် အားလုံး အရူးများ ဖြစ်ကြသည်။ သူတို့ မြင်တွေ့သမျှ လူတိုင်းကို သတ်မည် ၊ မြင်တွေ့သမျှ စည်းစိမ်ဥစ္စာများကို လုယူမည် ၊ အမျိုးသမီးများကို ဖမ်းဆီးမည် ဖြစ်သည်။ ဟုန်ဟယ်မြို့ရှိ မရေမတွက်နိုင်သော အလုပ်ရုံများ ပျက်စီးသွားပါက ပြန်လည်တည်ဆောက်ပြီး ကုန်ထုတ်လုပ်မှု ပြန်စရန် အလွန် ခက်ခဲပေလိမ့်မည်။ အတိုချုပ် ပြောရလျှင် ဟုန်ဟယ်မြို့ ကျဆုံးသွားပါက လီမိသားစု စော်ဘွားစီရင်စု၏ အင်အားသည် ဆယ်နှစ်ခန့် နောက်ပြန်ဆုတ်သွားပေလိမ့်မည်။ လီရူဟိုင် ခေါင်းမူးသွားပြီး ခြေလက်များ အနည်းငယ် တုန်ယင်လာသည်။ ခန္ဓာကိုယ်က ရေခဲသမျှ အေးစက်နေသော်လည်း ရင်ထဲ၌ ဒေါသ မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေသည်။ သူသွေးတစ်လုပ် အန်ထွက်လုနီးပါး ဖြစ်သွားသည်။ ဒေါသအမျက်သည် မိုးထိအောင် မြင့်တက်လာပြီး အမုန်းတရားသည် ကောင်းကင်သို့ ပျံတက်သွားသည်။

“ရှားလုံရွှို ၊ ခွေးမသား ၊ မင်းကို ငါ အပိုင်းတစ်သောင်း ဖြစ်အောင် လုပ်ပစ်မယ် ၊ အပိုင်းတစ်သောင်းကွ ၊ အပိုင်းတစ်သောင်း”

**--**--**--**--**--**--**--**

လီရူဟိုင်သည် အလွန်တရာ ခက်ခဲသော ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်နေရသည်။ သူ မည်သည်ကို ဆက်လုပ်သင့်သနည်း။ စစ်တပ်ကို ပြန်ဆုတ်မည်လော ၊ တပ်ခွဲမည်လော ၊ သို့မဟုတ် မြောက်ဘက်ကို ဆက်လက်ပြီးချီတက်မည်လော။ သူ့ထံတွင် စုစုပေါင်း ရွေးချယ်စရာ သုံးလမ်း ရှိသည်။

​စစ်တပ်ကို ပြန်လည်ဆုတ်ခွာရမည်လော။ ထိုသို့ ပြုလုပ်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ အကယ်၍ သူ ပြန်လည်ဆုတ်ခွာလိုက်ပါက လီဝမ်ဟွေ့ သေဆုံးတော့မည် မဟုတ်သကဲ့သို့ မင်းသမီးနင်းရွှဲ့သည်လည်း လီမိသားစုအတွင်းသို့ ရောက်ရှိလာတော့မည် မဟုတ်ပေ။ သူ ဆုံးရှုံးခဲ့ရသော ငွေတုံး သုံးသန်းကိုလည်း ပြန်လည်ရရှိတော့မည် မဟုတ်ပေ။ သူသာ ပြန်လည်ဆုတ်ခွာလိုက်ပါက ယခင်က ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံးသည် သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။

​အင်အားကုန်ထုတ်၍ မြောက်လေတိုက် ခံတပ်ဂိတ်ကို တိုက်ခိုက်ကာ ၊ ထို့နောက် စစ်သည် တစ်သိန်းနီးပါးကို ဦးဆောင်၍ မြောက်ဘက်သို့ ဆက်လက်ချီတက်မည်လော။ ထိုအရာသည်လည်း မဖြစ်နိုင်ပေ။ ဟုန်ဟယ်စီရင်စု မြို့တော်သည် သူ၏ အသက်သွေးကြောပင် ဖြစ်သည်။ ထိုမြို့သာ သိမ်းပိုက်ခံရပါက သူ့အတွက် လုံးဝဥဿုံ ကပ်ဘေးဆိုက်ရောက်ခြင်းပင် ဖြစ်ချေမည်။

ဟုန်ဟယ်မြို့တွင် အစောင့်တပ်သား ကိုးထောင် ရှိပြီး တပ်မှူးမှာ သူ၏ ညီငယ် လီရူဟု ဖြစ်သည့်အတွက် သေချာပေါက် ရဲရင့်သော စစ်သူကြီးတစ်ဦး ဖြစ်သော်ငြားလည်း မြို့အတွင်းရှိ အမှန်တကယ် လက်ရွေးစင်စစ်သည်အင်အားမှာ ခြောက်ထောင်ခန့်သာ ရှိလေသည်။ အကယ်၍ အခြားသော စစ်တပ်များနှင့် ရင်ဆိုင်ရမည် ဆိုပါက အင်အား ငါးသောင်းခန့် လာရောက်တိုက်ခိုက်လျှင်ပင် ဟုန်ဟယ်မြို့သည် လဝက်ကျော်ခန့် တောင့်ခံထားနိုင်မည်ဟု လီရူဟိုင် ယုံကြည်မှု ရှိသည်။

သို့သော် ရှားလုံလူမျိုးစုမှ လူရိုင်းစစ်သည်များနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ၊ သူတို့၏ အင်အားမှာ နှစ်သောင်း ၊ သုံးသောင်းခန့် ရှိနေသည့်အတွက် လီရူဟိုင်သည် မိမိကိုယ်ကို ယုံကြည်မှု အတော်ပင် လျော့နည်းသွားရသည်။ ဤလူရိုင်းစစ်သည်များ အားလုံးသည် အရူးများ ၊ တိရစ္ဆာန်များသဖွယ် ဖြစ်ကြပြီး သေဆုံးရမည်ကို လုံးဝ မကြောက်ရွံ့ဘဲ တိုက်ခိုက်တတ်ကြသူများ ဖြစ်သည်။

မြို့သိမ်းတိုက်ပွဲ စတင်သည်နှင့် ရှားလုံလူရိုင်းစစ်သည် နှစ်သောင်း ၊ သုံးသောင်းခန့်သည် မြို့ရိုးပေါ်သို့ ပုရွက်ဆိတ်များအလား တက်ရောက်လာကြမည့်အရေးကို လီရူဟိုင် မြင်ယောင်နေမိသည်။ သူတို့သည် သတ်ဖြတ်၍ မကုန်နိုင်အောင်ပင် များပြားလွန်းလှပေသည်။ ကျဉ်းမြောင်းသော လမ်းကြားတွင် ရဲရင့်သူက အနိုင်ရစမြဲ ဖြစ်သည်။ ဤကဲ့သို့သော သတ်ဖြတ်ပွဲမျိုးတွင် ရှားလုံလူမျိုးစု၏ လူရိုင်းစစ်သည်များသည် အတော်ပင် ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။

ရိက္ခာဖြတ်တောက်မည့် နည်းဗျူဟာနှင့် ပတ်သက်၍မူ သူ အလွန် ဝမ်းနည်းမိသည်။ ရှားလုံလူရိုင်းစစ်သည်များသည် မည်သည့် စစ်ရိက္ခာမှ ယူဆောင်လာခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မည်သည့် အသားကိုမဆို စားသောက်ကြပြီး မည်သည့်အရာကိုမဆို လုယက်ယူငင်ကာ စားသောက်တတ်ကြသောကြောင့် ဖြစ်သည်။ မိုင်ပေါင်းရာချီ အတွင်းရှိ သက်ရှိအားလုံး သေဆုံးမသွားမချင်း သူတို့အတွက် ရိက္ခာ ပြတ်လပ်သွားမည် မဟုတ်ပေ။

ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းမှာ တောင်ဘက်သို့ လက်ရွေးစင်တပ်ဖွဲ့တစ်ဖွဲ့ ချက်ချင်း စေလွှတ်ကာ ဟုန်ဟယ်မြို့ မကျဆုံးမီ မြို့တွင်းရှိ အစောင့်တပ်ဖွဲ့နှင့် ပူးပေါင်း၍ ညှပ်တိုက်ကာ ဤလူရိုင်းစစ်တပ်ကို ရှေးအကျဆုံး တိုက်ခိုက်နည်းဖြင့် သုတ်သင်ရှင်းလင်းရန်သာ ရှိတော့သည်။ ထို့ကြောင့် တပ်ခွဲခြင်းသည် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာသည်။

မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း လီရူဟိုင်သည် တည်ငြိမ်သော အခြေအနေသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားပြီး သူ့ကိုယ်သူ ချက်ချင်း စိတ်အေးအောင် အတင်းအကြပ်ဖိအားပေးလိုက်သည်။ မကြာမီ သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ အချိန်ပေးပြီး တွေးတောပြီးနောက်တွင် အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။

“လီရူလုံ။ မင်းက လီမိသားစုရဲ့ အဓိက စစ်တပ် သုံးသောင်းကို ဦးဆောင် ၊ မြင်းစီးတပ်သားတွေ အကုန် ခေါ်သွားပြီး ဟုန်ဟယ်မြို့ဆီကို အမြန်ဆုံး သွား။ မြို့ထဲက တပ်ဖွဲ့တွေနဲ့ ပေါင်းပြီး ညှပ်တိုက် ၊ ရှားလုံလူမျိုးစုရဲ့ လူရိုင်းစစ်တပ် အဓိက အင်အားစုကို အချိန်တိုအတွင်း အပြီးတိုင် သုတ်သင်ချေမှုန်းပြီး နောင်အရှုပ်အရှင်း ကင်းအောင် လုပ်ပစ်”

လီရူဟိုင်သည် ရှားလုံလူရိုင်းစစ်တပ်နှင့် တိုက်ခိုက်ခြင်းကို အမြဲတမ်း ရှောင်ရှားခဲ့ပြီး ရှားလုံလူရိုင်းအရာရှိကြီးများကို စည်းရုံးရန်နှင့် လာဘ်ထိုးရန် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရှားလုံလူမျိုးစု၏ နယ်မြေသည် လီရူဟိုင်အတွက် အသုံးမဝင်သောကြောင့် ဖြစ်သည်။ ထိုနယ်မြေတွင် တောင်မြင့်များနှင့် သိပ်သည်းသော သစ်တောများသာ ရှိပြီး နိုင်ငံပေါင်းများစွာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် အခြေအနေမှာ ရှုပ်ထွေးပြီး အမြဲပြောင်းလဲနေတတ်သည်ါ

သို့သော် ယခုအခါ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားရန် မလွဲမသွေ ဖြစ်လာသဖြင့် နောင်အရှုပ်အရှင်း ကင်းစေရန် ရှားလုံလူရိုင်းစစ်တပ်ကို အပြီးတိုင် ချေမှုန်းပစ်ခြင်းက ပိုကောင်းပေလိမ့်မည်။ ဟုန်ဟယ်မြို့ ပတ်ဝန်းကျင်သည် မြေပြန့်လွင်ပြင် ဖြစ်ပြီး တောင်မြင့်များနှင့် သိပ်သည်းသော သစ်တောများနှင့် အတော်အတန် ဝေးကွာသည်။ ဤနေရာကို စစ်မြေပြင်အဖြစ် အသုံးပြုခြင်းသည် ကြီးမားသော စစ်တပ် စစ်ဆင်ရေးများအတွက် ပိုမို အဆင်ပြေစေပြီး မြင်းစီးတပ်သားများလည်း အစွမ်းပြနိုင်မည် ဖြစ်ရာ ရှားလုံလူရိုင်းစစ်တပ်အတွက် လွတ်လွတ်လပ်လပ် အနီးကပ်တိုက်ခိုက်ရခြင်းကို အဆင်မပြေဖြစ်လာစေလိမ့်ပေမည်။

လီရူလုံကို စစ်တပ် ဦးဆောင်၍ တောင်ဘက်သို့ စေလွှတ်ရခြင်းမှာ ရှားလုံလူရိုင်းစစ်တပ်နှင့် တိုက်ခိုက်ရာတွင် စစ်ရေးဗျူဟာ အနည်းငယ်သာ လိုအပ်ပြီး တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်ရုံဖြင့် လုံလောက်သောကြောင့် ဖြစ်သည်။ ဤသည်မှာ လီရူလုံနှင့် လီရူဟုကဲ့သို့သော ကြမ်းတမ်းသည့် စစ်သူကြီးများ အကျွမ်းကျင်ဆုံး အရာဖြစ်သည်။ မြောက်ဘက်သို့ စစ်ချီ၍ တာ့နင်အင်ပါယာကို ကျူးကျော်ခြင်းမှာမူ အချိန်ကိုက် လှုပ်ရှားမှုနှင့် နိုင်ငံရေး လှည့်ကွက်များ လိုအပ်သဖြင့် လီရူဟိုင် မပါဘဲ လုံးဝ မဖြစ်နိုင်ပေ။ အမိန့်ကို ကြားလိုက်ရသောအခါ သူ၏ ဒုတိယညီ လီရူလုံသည် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။ “အစ်ကိုကြီး”

လီမိသားစု စော်ဘွားစီရင်စု တစ်ခုလုံးတွင် အဓိက အင်အားစု ငါးသောင်း ၊ ခြောက်သောင်းခန့်သာ ရှိသည်။ တစ်သောင်းခွဲခန့်က နောက်တွင် ကျန်ရစ်ခဲ့ပြီး သူကသာ အဓိက အင်အားစု သုံးသောင်းကို ယူဆောင်သွားပါက လီရူဟိုင်၏ လက်ထဲတွင် လီမိသားစု လက်ရွေးစင်အဓိက အင်အားစု တစ်သောင်းခန့်သာ ကျန်ရှိတော့မည် ဖြစ်သည်။ ကျန်ရှိသော လေးသောင်းခန့်မှာ ဒေသခံ ခေါင်းဆောင်များ၏ မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသည်။ လီရူဟိုင်အနေဖြင့် သူတို့ကို ထိန်းချုပ်နိုင်ပါဦးမည်လော။

လီရူဟိုင်က ပြောလိုက်သည်။ “ကိစ္စ မရှိဘူး။ မြောက်လေတိုက် ခံတပ်ဂိတ်ကလွဲရင် ငါ့ဘက်မှာ တခြား ခက်ခဲတဲ့ အရာတွေ မရှိတော့ဘူး။ ယွန်းနန်ပြည်နယ်နဲ့ ကွမ်ရှီးပြည်နယ်က စစ်သည် သောင်းချီငကြောက်တပ်ဖွဲ့တွေက အခုထိ မထွက်ခွာသေးဘူး။ သူတို့က ဧကရာဇ်ကို လီဝမ်ဟွေ့ကို သတ်ပြီး လီလျန်တင်းကို မောင်းထုတ်ဖို့ ဖိအားပေးနေတုန်းပဲ။ သူတို့ကို ရန်သူလို့ ခေါ်တာထက် မဟာမိတ်လို့ ခေါ်တာက ပိုမှန်လိမ့်မယ်”

“ဟုတ်ကဲ့ ၊ အဲတာဆိုလည်း အမိန့်အတိုင်းပါ အကိုကြီး” လီရူလုံက ပြောလိုက်သည်။

“တောင်ဘက်ကို အမြန်ဆုံး သွား။ ဟုန်ဟယ်စီရင်စု မြို့တော်ကို ရောက်တာနဲ့ ခဏနားပြီး ချက်ချင်း တိုက်ပွဲဝင်။ ရှားလုံလူရိုင်းစစ်တပ်ကို မဖြစ်မနေ ချေမှုန်းရမယ်” လီရူဟိုင်က ပြောလိုက်သည်။

“ဟုတ်ကဲ့”

ခဏအကြာတွင် တစ်သိန်းဟု ကြွေးကြော်ထားသော်လည်း အမှန်တကယ်တွင် ရှစ်သောင်းကျော်သာ ရှိသော လီရူဟိုင်၏ စစ်တပ်သည် စတင် ကွဲထွက်သွားသည်။

လီရူလုံသည် မြင်းစီးတပ်သား ငါးထောင်နှင့် ခြေလျင်တပ်သား နှစ်သောင်းခွဲ ၊ စုစုပေါင်း သုံးသောင်းကို ဦးဆောင်ကာ တောင်ဘက် ဟုန်ဟယ်မြို့ဆီသို့ လျင်မြန်စွာ ရွေ့လျားသွားသည်။ ထိုတပ်ဖွဲ့အားလုံးသည် လီမိသားစု၏ လက်ရွေးစင်အဓိက အင်အားစုများ ဖြစ်ကြသည်။

လီရူဟိုင်၏ လက်ထဲတွင် စစ်သည် ငါးသောင်းသာ ကျန်ရှိတော့သည်။ တစ်သောင်းမှာ လီမိသားစု၏ လက်ရွေးစင်များ ဖြစ်ကြပြီး လေးသောင်းမှာ ဒေသခံ ခေါင်းဆောင်များ၏ မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသည်။

အပိုင်း ၂၂၈ ပြီး

All Chapters