← Chapters

အခန်း (၂၂၉)

Vol. 23 Ch. 229

အခန်း (၂၂၉)

Vol. 23 Ch. 229

“တပ်ဖြန့်ကြ ၊ တပ်ဖြန့်ကြ”

စစ်သည် ငါးသောင်းရှိသော စစ်တပ်ကြီးသည် စစ်ရေးပြပုံစံ နောက်တစ်ကြိမ် ပြန်လည် နေရာယူလိုက်ကြသည်။ လီရူဟိုင်၏ အကြည့်များသည် လျှပ်စီးအလား စူးရှတောက်ပနေပြီး မြောက်လေတိုက် ခံတပ်ဂိတ်၏ မြို့ရိုးပေါ်သို့ စိုက်ကြည့်နေသည်။ ​ရှားလုံလူရိုင်းများက သူ၏ နောက်ကျောဘက်ကို တိုက်ခိုက်လာလျှင်ကော ဘာဖြစ်သနည်း။ ယခင်ကဆိုလျှင်မူ သူ့၌ ပြန်လည်ဆုတ်ခွာရန်မှတစ်ပါး အခြားရွေးချယ်စရာ ရှိလိမ့်မည် မဟုတ်ပေ။

​သို့သော် ယခုအခါတွင်မူ မီးနတ်ဘုရား စုန်းမကြီး ဆင်းသက်ရောက်ရှိလာပြီ ဖြစ်သည်။ အနောက်တောင်ပိုင်း ဒေသခံခေါင်းဆောင်များကလည်း စစ်သည်များကို စေလွှတ်ပေးခဲ့ကြပြီ ဖြစ်သည်။ သူ့လက်ထဲ၌ စစ်သည်အင်အား ရှစ်သောင်းခန့် ရှိနေသည်။ သုံးသောင်းခန့်ကို ခွဲထုတ်လိုက်လျှင်ပင် သူ့၌ ငါးသောင်းခန့် ကျန်ရှိနေသေးသည်။ ဤပမာဏသည် တာ့နင်အင်ပါယာ၏ နယ်စပ်ကို ကျူးကျော်ရန်နှင့် ဧကရာဇ်ကို ခြိမ်းခြောက်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုလွန်နေသေးသည်။

​ချူဟုန်ယဲ့ ချူဟုန်ယဲ့ မည်မျှပင် တော်နေပါစေ ၊ ချူဟုန်ယဲ့၏ အိုမင်းမစွမ်း ဝံပုလွေစစ်သည်များက မည်မျှပင် ရဲရင့်ပါစေ။ သူ့အတွက်မူ နာရီပိုင်းမျှသာ ကြာမြင့်မည့် ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။

​ချူဟုန်ယဲ့က သူ့ကို ဆုတ်ခွာစေလိုသလော။ သူ၏ ကြိုးစားအားထုတ်မှုများ အားလုံးကို စွန့်လွှတ်စေလိုသလော။ လီဝမ်ဟွေ့ကို ကယ်တင်လိုသလော။ အိမ်မက်သာသွားမက်နေလိုက်ဟု လီရူဟိုင် စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

လီရူဟိုင်သည် သူ၏ ဓားကို ဆွဲထုတ်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။ “အထဲက လူကုန်သတ်။ ကြက်တောင် မချန်နဲ့”

“ခံတပ်ပေါ်ကို ပထမဆုံး တက်နိုင်တဲ့သူကို ငွေတုံး သုံးထောင် ဆုချမယ်”

“ခေါင်းတစ်လုံး ယူလာနိုင်တဲ့သူကို ငွေတုံး ငါးဆယ် ဆုချမယ်”

ဆုလာဘ်ကြီးကြီးမားမား ပေးလျှင် ရဲရင့်သော သူရဲကောင်းများ ပေါ်ထွက်လာစမြဲ ဖြစ်သည်။ ဤဆုလာဘ်သည် ကြီးမားရုံသာမက လွန်ကဲသည်ဟုပင် ဆိုနိုင်သည်။ ချက်ချင်းပင် လီရူဟိုင်၏ ဘေးပတ်ဝန်းကျင်ရှိ စစ်သည် ငါးသောင်းသည် စိတ်လှုပ်ရှားမှုကြောင့် သွေးဆူပွက်လာကြပြီး မျက်လုံးများ နီရဲလာကြသည်။ လူတစ်ယောက် သတ်နိုင်ရုံဖြင့် သူတို့ သူဌေးဖြစ်သွားနိုင်သည်။

“မြို့ကို တိုက်ကြ” လီရူဟိုင်၏ ဓားသည် လေကို ခွင်းကာ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။

“ရွှီးးး ရွှီးးး ရွှီးးး ရွှီးးး ရွှီးးး”

မြှားမိုးရွာကျလာသည်။ ကျောက်ခဲပစ်စက် ရာပေါင်းများစွာသည်လည်း ကျောက်တုံးကြီးများကို ရူးသွပ်စွာ ပစ်လွှတ်လိုက်ကြသည်။

ပြင်းထန်သော တိုက်ပွဲကြီး စတင်လာ၏။

**--**--**--**--**--**--**--*

မိုင်ပေါင်းရာချီဝေးသော နေရာတွင် လီဝမ်ဟွေ့၏ လူယုံ လီဝေသည် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည် နှစ်ထောင်ကို ဦးဆောင်ကာ စစ်သူကြီး ချူဟုန်ယဲ့ကို ကူညီရန် မြောက်လေတိုက် ခံတပ်ဂိတ်ဆီသို့ အမြန်ဆုံး နှင်လာနေသည်။ သူသည် မြို့တော်မှ ပြန်ရောက်ရောက်ချင်းတွင် လီရူဟိုင် မြောက်ဘက်သို့ စစ်ချီလာသည့် သတင်းကို ကြားသိလိုက်ရခြင်း ဖြစ်သည်။ အနားယူခြင်း မရှိဘဲ ကွေ့လင်အနီးရှိ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များကို စုစည်းကာ မိုင်ပေါင်းရာချီ ခရီးနှင်လာခဲ့ခြင်း ဖြစ်သည်။ လီရူဟိုင်၏ ပထမဆုံး တိုက်ပွဲကို အမီလိုက်နိုင်ရန် ကြိုးစားနေသည်။

မြောက်လေတိုက် ခံတပ်ဂိတ်ကို ကယ်တင်ခြင်းနှင့် စစ်သူကြီး ချူဟုန်ယဲ့ကို ကယ်တင်ခြင်းသည် သူ၏ သခင် လီဝမ်ဟွေ့ကို ကယ်တင်ခြင်းပင် ဖြစ်သည်။

**--**--**--**--**--**--**--**

မိုင်ပေါင်းသုံးရာ အကွာတွင် လူတစ်ယောက်နှင့် မြင်းတစ်ကောင်သည် အနောက်ဘက်မှ လျှပ်စီးကဲ့သို့ ပြေးဝင်လာနေသည်။ အခြားသူမဟုတ်ဘဲ အစွမ်းထက်လှပါဆိုသော ဆရာသခင်ကြီး နင်ဇောင်ဝူပင်ဖြစ်၏။

သူသည် ယခင်က ဒဏ်ရာ အလွန်ပြင်းထန်စွာ ရရှိခဲ့သဖြင့် အဆုတ်ဒဏ်ရာကို ကုသရန် ဂူအနက်ပိုင်းသို့ ဝင်ရောက်ကာ တရားကျင့်နေခဲ့ရသည်။ သို့သော် သူသည် တုပိုင်၏ သင်ယူမှု တိုးတက်မှုကို အမှန်တကယ် စိတ်ပူနေခဲ့သဖြင့် အနည်းငယ် သက်သာလာသည်နှင့် ချက်ချင်း ထွက်လာခဲ့သည်။ ထွက်လာပြီးနောက် တုပိုင် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

သို့သော် ပို၍ ထိတ်လန့်ဖွယ်ကောင်းသော သတင်းတစ်ပုဒ်ကို သူ ကြားလိုက်ရသည်။ လီမိသားစု စော်ဘွား လီရူဟိုင်သည် စစ်သည် တစ်သိန်းကို ဦးဆောင်ကာ မြောက်ဘက်သို့ ချီတက်လာပြီး တာ့နင်အင်ပါယာ၏ နယ်စပ်ကို ကျူးကျော်ရန် ကြံစည်နေသည်ဟူသော သတင်းပင် ဖြစ်သည်။

ချက်ချင်းပင် ဆရာသခင်ကြီး နင်ဇောင်ဝူ ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။ တာ့နင်မင်းဆက် ပျက်စီးတော့မည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့သော သူသည် မျိုးချစ်စိတ်ဓာတ် ထကြွလာမှုကို မတားဆီးနိုင်ခဲ့ပေ။ သူ၏ သိုင်းပညာ တစ်ဝက်ကျော်ခန့်သာ ပြန်လည်ကောင်းမွန်သေးသည်ကို လုံးဝ ဂရုမစိုက်ဘဲ သူ၏ ရတနာဓားကို ယူဆောင်ကာ မြင်းစီးပြီး မြောက်လေတိုက် ခံတပ်ဂိတ်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

“လီရူဟိုင် မင်းက စစ်တပ် စုစည်းပြီး ပုန်ကန်ရဲတယ်ပေါ့။ ဒါဆို ငါ နင်ဇောင်ဝူက မင်းကို သတ်တာ အပြစ်မတင်နဲ့တော့။ လီဝမ်ဟွေ့အတွက် ၊ အရှင်မင်းကြီးအတွက် ၊ တာ့နင်အင်ပါယာအတွက် ၊ ငါ နင်ဇောင်ဝူက စစ်သည် တစ်ထောင်ကြားထဲကနေ မင်းရဲ့ ခေါင်းကို လာယူမယ်။” နင်ဇောင်ဝူ အံကြိတ်ကာ သွားကြားထဲမှ လေသံဖြင့် ရေရွတ်လိုက်သည်။

တာ့နင်အင်ပါယာအပေါ် အလွန်အမင်း စိတ်ပျက်နေပြီး လောကကြီးနှင့် ကင်းကွာအောင် နေထိုင်ရန် ရွေးချယ်ခဲ့သော ဤဆရာသခင်ကြီးသည် သတင်းကြားလိုက်ရသည်နှင့် ဓားကို ဆွဲထုတ်ကာ အင်ပါယာအတွက် အသက်စွန့်ရန် အန္တရာယ်ကြားထဲသို့ တိုးဝင်သွားခဲ့သည်။

ဤဘဝတွင် သူသည် လွတ်လပ်မှုကို ဘယ်တော့မှ ရရှိတော့မည် မဟုတ်သလို စိတ်အေးလက်အေး နေထိုင်ရသော ရသေ့တစ်ပါးကဲ့သို့လည်း နေထိုင်ရတော့မည် မဟုတ်ပေ။ ဆရာသခင်ကြီးသည် မြင်းကို ဒုန်းစိုင်းနှင်နေသော်လည်း သူ၏ စိတ်အာရုံသည်တော့ မိုင်ပေါင်းရာချီ ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

“လီရူဟိုင်။ မင်းခေါင်းကို လာယူမယ့် ငါ့ကို စောင့်နေလိုက်”

**--**--**--**--**--**--**--**

အခြားတစ်ဖက်တွင် အချိန်ကာလ မတူသော နေရာ၌ တုပိုင်သည် တောရိုင်းမြင်းဘုရင်ကို စီးကာ တျန်ပြန်ဖူနှင့် လွမ်ပရာဘွမ်နိုင်ငံ နယ်စပ်ရှိ ချွမ်ရှယ်ကျောင်းတော်ဆီသို့ ဒုန်းစိုင်း နှင်နေသည်။

တာ့နင်အင်ပါယာဘက်တွင် သူ လုပ်နိုင်သမျှ အားလုံး လုပ်ပြီးပြီ ဖြစ်သည်။ ကျန်သည့်အရာများသည်တော့ ကံတရားအတိုင်းသာ ဖြစ်သည်။ နောက်တစ်ဆင့်အနေဖြင့် သူသည် ဘွဲ့ယူစာမေးပွဲကြီးကို အပြည့်အဝ အာရုံစိုက်ရမည် ဖြစ်သည်။ ဘွဲ့ယူစာမေးပွဲကြီးတွင် သူသည် ထန်ယန်ကို မဖြစ်မနေ အနိုင်ယူပြီး ပထမ ရမှ ဖြစ်မည်။ သို့မဟုတ်ပါက အရာအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။

ဤကမ္ဘာလောကကြီးတွင် ရုန်းကန်လှုပ်ရှားခွင့်နှင့် လှမှလှသည့် စမူဆာလေးများ၏ အရသာမြည်းစမ်းခွင့်ကိုလည်း ဆုံးရှုံးသွားပေလိမ့်မည်။ ပထမ ရရှိရန် ၊ ဘွဲ့ယူစာမေးပွဲကြီး၏ ဘာသာရပ်များတွင် အမှတ်ပြည့် ရရှိရန် သူ၏ စိတ်စွမ်းအင် တိုးတက်လာမှ ဖြစ်မည်။ ထို့ကြောင့် သူသည် ခွေးအိမ်သခင်ကြီး၏ စိတ်စွမ်းအင် အမွေအနှစ်ကို ရယူရန် ဆုံးဖြတ်ချက် ချလိုက်သည်။

**--**--**--**--**--**--**--**

သူသည် တစ်ရက်လျှင် လေးငါးနာရီခန့်သာ အနားယူပြီး ကျန်အချိန်များတွင် မြင်းစီးကာ ခရီးနှင်နေသည်။ လမ်းတစ်လျှောက်တွင် တာ့နင်အင်ပါယာနှင့် အန်နမ်နိုင်ငံ၏ စစ်ဆေးရေးဂိတ် အများအပြားကို တွေ့ကြုံခဲ့ရသည်။

သို့သော် တုပိုင်တွင် တိုကင်ပြား သုံးခု ရှိသဖြင့် အတားအဆီးမရှိ ဖြတ်သန်းသွားလာနိုင်ခဲ့သည်။ တာ့နင်အင်ပါယာ၏ အရှေ့ဘက်ကွပ်ကဲရေးရုံး တိုကင်ပြား ၊ ကျန်းနန်နယ်စားမင်းအိမ်တော်၏ တိုကင်ပြားနှင့် မင်းသမီးနင်းရွှဲ့၏ တိုကင်ပြားတို့ ဖြစ်သည်။ သူ တိုကင်ပြားများကို ပြသလိုက်သောအခါ စစ်တပ်များအားလုံးက သူ့ကို ဝိုင်နှင့် အစားအစာများ ၊ အထူးသဖြင့် အဖိုးတန် အမဲသားများကို ပေးကမ်းကြသည်။

ထို့အပြင် တုပိုင်အတွက် စစ်မြင်းများကိုပါ ထောက်ပံ့ပေးကြပြီး လီနှစ်ရာ ရောက်တိုင်း မြင်းလဲပေးကြသည်။ အထူးသဖြင့် အန်နမ်နိုင်ငံ၏ စစ်တပ်သည် ပို၍ စိတ်အားထက်သန်ကြသည်။

ယခင်တိုက်ပွဲများတွင် အန်နမ်ဘုရင်သည် ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ပုန်ကန်သော မင်းသားက ဖိအားပေးလာသဖြင့် ဘုရင်သည် သူ၏ နယ်မြေတစ်ဝက်ကို ဆုံးရှုံးခဲ့ရသည်။ သူ၏ စစ်တပ် စိတ်ဓာတ်သည်လည်း အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိနေခဲ့သည်။ သို့သော် တာ့နင်အင်ပါယာက စစ်တပ် ဖြန့်ကျက်လိုက်ပြီး ကျန်းနန်နယ်စားမင်းက စစ်သည် တစ်သိန်းကို ဦးဆောင်ကာ တောင်ဘက်သို့ ဆင်းလာသောအခါ အန်နမ်ဘုရင်၏ စစ်တပ် စိတ်ဓာတ်သည် ချက်ချင်း မြင့်တက်သွားသည်။ သူတို့သည် တာ့နင်အင်ပါယာ၏ သံတမန်အပေါ် အလွန် ကျေးဇူးတင်ပြီး စိတ်အားထက်သန်စွာ ဆက်ဆံကြသည်။

တုပိုင် အလွန် အလျင်လိုနေသည်ကို မြင်သောအခါ သူတို့က အရေးကြီးသော မစ်ရှင်တစ်ခု ရှိသည်ဟု ထင်မှတ်ကာ မြင်းစီးတပ်သား တစ်ရာကို စေလွှတ်၍ လိုက်ပါပို့ဆောင်ပေးခဲ့သည်။ သို့သော် တုပိုင်၏ တောရိုင်းမြင်းဘုရင်သည် အလွန် မြန်ဆန်လှသည်။ မိုင်ပေါင်း ဒါဇင်အနည်းငယ် လိုက်ပို့ပြီးနောက် သူတို့ လုံးဝ မမီနိုင်တော့ဘဲ လက်လျော့ကာ လှည့်ပြန်သွားကြရသည်။

အိပ်ချိန်မရှိသလောက် နည်းပါးပြီး မရပ်မနား စီးနင်းခဲ့ရာ နှစ်ရက်နှင့် တစ်ည ၊ ၃၆ နာရီ အကြာတွင် တုပိုင်သည် လီပေါင်း နှစ်ထောင်ကျော် ခရီးနှင်ပြီးနောက် သူ၏ ခရီးပန်းတိုင်သို့ ရောက်ရှိခဲ့သည်။ အကန့်အသတ်မဲ့ ခံနိုင်ရည်ရှိသော တောရိုင်းမြင်းဘုရင်သည်လည်း ပိန်ကျသွားပြီး ယိုင်နဲ့နဲ့ ဖြစ်နေသည်။ အကယ်၍ ကမ္ဘာမြေပေါ်ရှိ စစ်မြင်းများသာ ဆိုပါက ဆယ်ကောင်ခန့် မောပန်း၍ သေဆုံးသွားလောက်ပြီ ဖြစ်သည်။

ခွေးအိမ်သခင်ကြီးတွင် လူမျိုး မရှိသလို မည်သည့်နိုင်ငံသား ဖြစ်ကြောင်းလည်း မသိရပေ။ သို့သော် သူ ဘယ်နေရာရောက်ရောက် ဘုရင်များ၏ အလေးအမြတ်ထားသော ဧည့်သည်တော် ဖြစ်လေ့ရှိသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူသည် တာ့နင်အင်ပါယာ၏ မြို့တော်သို့ လာရောက်လည်ပတ်ခဲ့ဖူးသည်။ ဧကရာဇ်ထျန်ယွင် ကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့ပြီး နာရီပေါင်းများစွာ စကားပြောဆိုကာ သက်သတ်လွတ် အစားအစာကို အတူတူ သုံးဆောင်ခဲ့ကြသည်။

ထိုအချိန်မှစ၍ အရှင်မင်းကြီး၏ စာကြည့်ဆောင်တွင် ခွေးအိမ်သခင်ကြီး ရေးသားထားသော လက်ရေးမူတစ်ခု ထပ်တိုးလာခဲ့သည်။ သူ၏ သိုင်းပညာ စွမ်းရည်ကို မည်သူမျှ မသိကြပေ။ သို့သော် သူသည် စိတ်စွမ်းအင်ဆိုင်ရာ ဆရာသခင်ကြီးတစ်ပါး ၊ ဗုဒ္ဓဓမ္မဆိုင်ရာ ဆရာသခင်ကြီးတစ်ပါး ဖြစ်ပြီး သက်ကြီးရွယ်အိုများသည် ရတနာဖြစ်သည်ဟူသော စကားပုံကြောင့် နိုင်ငံတော်အဆင့် ရတနာတစ်ပါးဟု ဆိုနိုင်သည်။ ယခုနှစ်တွင် သူသည် အသက် ၈၉ နှစ် ရှိပြီ ဖြစ်ပြီး နိဗ္ဗာန်စံဝင်ရမည့် အချိန်ကျရောက်လာပြီ ဖြစ်သည်။

ချွမ်ရှယ်ကျောင်းတော်သည် ဝေးလံခေါင်သီသော ရွာလေးတစ်ရွာတွင် တည်ရှိသည်။ ရွာသူရွာသားများက ဤရဟန်းအိုကြီးသည် ကျော်ကြားပြီး လေးစားခံရသော ဘုန်းတော်ကြီးတစ်ပါး ဖြစ်ကြောင်း မသိကြဘဲ သာမန်ရဟန်းအိုတစ်ပါးဟုသာ ထင်မှတ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် နေ့စဉ် ဆွမ်းခံထွက်လေ့ ရှိပြီး ရိုးရှင်းသော လက်ဖက်ရည်ကြမ်းနှင့် ထမင်းကြမ်းကိုသာ ဘုဉ်းပေးလေ့ ရှိသောကြောင့် ဖြစ်သည်။

သူ၏ ချွမ်ရှယ်ကျောင်းတော်သည် သဘာဝ လိုဏ်ဂူတစ်ခုသာ ဖြစ်ပြီး အလွန် ရိုးရှင်းလှသည်။ သို့သော် တောင်မမြင့်သော်လည်း နတ်ဘုရားရှိလျှင် ကျော်ကြားသည် ၊ ရေမနက်သော်လည်း နဂါးရှိလျှင် ထူးခြားသည်။ တုပိုင်သည် တောင်ပေါ်လမ်းအတိုင်း လျှောက်လာပြီး တံခါးပင် မရှိသော ဤချွမ်ရှယ် လိုဏ်ဂူကျောင်းတော် ရှေ့သို့ ရောက်ရှိလာသည်။

“ရောက်လာပြီလား ၊ ဝင်ခဲ့လေ”

ကြင်နာသော အသံတစ်သံသည် တုပိုင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ ခွေးအိမ်သခင်ကြီးပင် ဖြစ်သည်။ အသံသည် ဂရုဏာတရားများ ပြည့်ဝနေသလို ဟင်းလင်းပြင်နယ်ပယ်၏ အငွေ့အသက်များလည်း ပါဝင်နေသည်။ တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်နှင့် ခန္ဓာကိုယ်ကို ငြိမ်သက်အောင် ပြုလုပ်လိုက်သည်။ ထို့နောက် တောင်ပေါ်ဂိတ်တံခါးအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လိုက်သည်။

အတွင်းပိုင်းသည် မှောင်မိုက်နေပြီး ကိုယ့်လက်ကိုယ်ပင် ပြန်မမြင်ရပေ။

“တပည့်က ဆရာသခင်ကြီးရဲ့ စိတ်စွမ်းအင် အမွေအနှစ်ကို လာရောက် လက်ခံတာပါ” တုပိုင် မြေကြီးပေါ် ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။

သူ၏ အသံ ဆုံးသွားသည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံး လင်းထိန်သွားသည်။ တုပိုင် အလွန်အမင်း အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ အလွန် ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

သူမက အဘယ်ကြောင့် ဤနေရာတွင် ရှိနေရသနည်း။

အပိုင်း ၂၂၉ ပြီး

All Chapters