ဆရာနှင့်တပည့် ဆုံစည်းခြင်း
Vol. 65 Ch. 769
“ ဧည့်သည်၊ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ။”
စာငှက်မှ ဖိတ်ခေါ်လိုက်၏။ တံခါးအပြင်ဘက်ရှိ ဆံပင်ဖြူလူငယ်သည် ပြုံးပြီး ခေါင်းညိတ်ကာ၊
“ ကျေးဇူးတင်ပါတယ် ... ။”
-ဟု ပြောကြားလိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်ကို မျက်လုံးများဖြင့် ဝေ့ကြည့်လျက်ခြံဝင်းထဲသို့ လှမ်းဝင်လိုက်သည်။ သစ်ပင်အောက်ရှိ ကြိမ်ကုလားထိုင်တွင် ထိုင်နေသောစုရီကိုမြင်ချိန်တွင် အနည်းငယ် ရပ်တန့်သွား၏။
“ ဒီကောင်လေးလား။ ”
ဤလူငယ်သည် မိုးကြိုးမီးတောက် နတ်ဆိုးဝမ်ချုံးလုကိုဦးဆောင်လျက် ထာဝရည မြို့သို့ ဝင်ရောက်လာသည့် လူငယ်ဖြစ်ကြောင်း သတိရသွားသည်။
ထိုစဉ်က တစ်ဖက်လူထံမှ နားမလည်နိုင်သောရင်းနှီးမှုကို ခံစားလိုက်ရပြီး အလွန်ထူးဆန်းကြောင်း မှန်းဆနိုင်၏။ သို့သော် ယခုကဲ့သို့ ညလူခြံဝင်းတွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားချေ။
အထူးသဖြင့် တစ်ဖက်လူ၏ အသွင်အပြင်သည် သက်တောင့်သက်သာရှိပြီး ပျင်းရိစွာလှဲလျောင်းကာ လိမ္မော်ရောင်ကြောင် တစ်ကောင်ကို ပွတ်သပ်နေသည်။
ဝင်ရောက်ချိန်မှစပြီး ယခုအချိန်ထိ သူ့ကိုမျက်လွှာပင် ပင့်မကြည့်ချေ။ ထိုသို့သော အပြုအမူက သူ့ကိုမျက်မှောင်ကြုတ်ကာ ဆက်လက်ထွက်ခွာမိစေ၏။ သူ့ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် စုရီက၊
“ ကန့်သတ်ချက်တွေကို ဖယ်လိုက်ပါ သူဘာအတွက် လာတာလဲ ငါကြားချင်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဟုတ်ကဲ့ ... ။ ”
လိမ္မော်ရောင်ကြောင်က လျင်မြန်စွာ သဘောတူ ဆောင်ရွက်ပေးသည်။ ခန်းမထဲတွင် မီးအိမ်တစ်လုံး ထွန်းလင်းနေ၏။
အနက်ရောင် ဝတ်ရုံဝတ်ဆင်ထားသော အဖိုးအိုတစ်ဦးသည် အမှောင်ထဲတွင် ထိုင်နေပြီး စာငှက်တစ်ကောင်က သူ့ပခုံးပေါ်တွင် နားနေသည်။
“ မင်္ဂလာပါ၊ စီနီယာ။ ”
ဆံပင်ဖြူလူငယ်က ရှေ့သို့တိုးလာကာ နှုတ်ဆက်လိုက်၏။ အနက်ဝတ် အဘိုးအိုမှ ဂရုမစိုက်ဘဲပြုံးလျက်၊
“ ဘာအတွက် ဒီကိုရောက်လာတာလဲ။ ”
-ဟု မေးလိုက်သည်။
“ မေးခွန်းနှစ်ခုအတွက်လာတာပါ။ ”
ဆံပင်ဖြူလူငယ်မှ ပြန်ဖြေ၏။
“ ပထမမေးခွန်းကို အခုစပါ။ ”
“ တစ်ချိန်တုန်းက နတ်ဓားရှင်ရွှမ်ကြွယ် နာခြင်းကျည်းပင်လယ်မှာ လည်ပတ်သွားခဲ့ဖူးတဲ့ နေရာတွေအကြောင်း မေးမြန်းဖို့ပါ။ ”
အနက်ဝတ်အဘိုးအို မျက်နှာသည် အမှောင်ထဲတွင် အနည်းငယ်ပြောင်းလဲသွားပြီး တိုးတိုးလေးသက်ပြင်းချလိုက်သည်။
“ ကောင်လေး၊ မင်းက မင်းဆရာကို ဆရာလို့ခေါ်ဖို့တောင် ဆန္ဒမရှိတော့ဘူးလား။ ”
ဆံပင်ဖြူလူငယ်ခမျာ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး လေးစားသမှုဖြင့်၊
“ လူတိုင်းက နာကျည်းခြင်း ပင်လယ်ပြင်အတွင်းမှာ ညလူတွေမသိတဲ့အရာ ဘာမှမရှိဘူးလို့ ပြောကြတယ် အခု ကိုယ်တိုင် မြင်လိုက်ရတော့ တကယ်ကို ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်။ ”
-ဟု ဝန်ခံလိုက်၏။ အနက်ဝတ်အဘိုးအိုက လက်ကိုဝှေ့ယမ်းပြီး၊
“ ဒီအသုံးမဝင်တဲ့ စကားတွေနဲ့ အချိန်မဖြုန်းပါနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းအနည်းငယ် တုန်းကလည်း မင်းရဲ့အစ်ကိုကြီးရောက်လာပြီး ဒီကိစ္စငါ့ကိုမေးခဲ့ဖူးတယ် ဒါပေမယ့် ငါသူ့ကို မပြောပြခဲ့ဘူး၊ မင်းလည်း ခြွင်းချက် မရှိဘဲ။ ”
ဆံပင်ဖြူလူငယ်ခမျာ အံ့အားသင့် သွားသည်။ အနက်ဝတ်အဘိုးအိုမှ ဂရုမစိုက်ဘဲ တိုးတိုးလေးဆက်ပြောလာ၏။
“ ဆရာသခင်နဲ့ ဘိုးဘေးတွေကို လှည့်စားတာက နောက်ဆုံးမှာ အခြားလူတွေရဲ့ အများရဲ့အထင်သေးမှုကို ခံရလိမ့်မယ်။ ”
“ စီနီယာ ငါ့ရဲ့ကောင်းကင်လှိုဏ်ဂူ ကိစ္စတွေကို မင်းမသိနိုင်မှာ ငါကြောက်တယ် … ။ ”
ဤတစ်ကြိမ်၌ ဆံပင်ဖြူလူငယ်က မျက်မှောင်ကြုတ်လိုက်၏။ သူ့စကားများကို ဆက်မပြောနိုင်ခင်မှာပင် အဘိုးအိုမှလက်ပြပြီး ကြားဖြတ်ပြောကြားလာသည်။
“ ဒုတိယ မေးခွန်း ပြောပါ။ ”
ဆံပင်ဖြူလူငယ်ခမျာ နဖူးပေါ်၌ ဒေါသအရိပ်အယောင်များပေါ်လာကာ ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် စိတ်ဖြေလျော့လျက်၊
“ ဒီနေ့ အမှောင်ဈေးမှာ ဘဝသုံးပါး ပြန်လည်ဝင်စားခြင်း ကျောက်တုံးတွေအားလုံး ဘယ်သူဝယ်သွားလဲဆိုတာ သိချင်ပါတယ်။ ”
-ဟုမေးမြန်းလိုက်၏။ အဘိုးကြီးက မျက်ခုံးပင့်ကာ ဆံပင်ဖြူလူငယ်ကို ခဏမျှ စိုက်ကြည့်လိုက်သည်။
“ အမှောင်ဈေးမှာ သူ့ကိုယ်ပိုင် စည်းမျဉ်းတွေရှိပါတယ် ခွင့်ပြုချက်မရှိဘဲနဲ့တော့ ချိုးဖောက်မှာ မဟုတ်ဘူး ... ။ ”
ဆံပင်ဖြူလူငယ်က အသက်ကို ပြင်းပြင်းရှူပြီး ပြုံးလိုက်၏။ သူ့အပြုံးသည် ရေခဲတမျှ အေးစက်နေသည်။ မည်သည့် ခံစားချက်မျှ မပါရှိချေ။ ထို့နောက် အနက်ဝတ်အဖိုးအိုထံ ပြန်ကြည့်ကာ၊
“ စီနီယာ မင်းငါနဲ့ပြဿနာရှိလား။ ”
-ဟု မေးမြန်းလိုက်၏။ အနက်ဝတ်အဘိုးအိုတစ်ယောက် တည်ငြိမ်စွာ ခေါင်းယမ်းပြသည်။
“ ငါ့ဆီလာတဲ့လူတိုင်း သူတို့လိုချင်တဲ့အဖြေမျိုးရနိုင်မှာ မဟုတ်ပါဘူး။ ”
“ ကောင်းပြီ ... ဒီနေ့မေးစရာ မရှိတော့ဘူး .. ငါ့ရဲ့နာမည်ကို မဖော်ပြချင်လို့သာ ဆရာ့နာမည် မသုံးဘဲ နတ်ဓားရှင်ရွှမ်ကြွယ်ဆိုတဲ့ဘွဲ့ကို သုံးခဲ့တာပါ ...
... ပြီးတော့ ငါ ဂိုဏ်းကိုဘယ်တုန်းကမှ သစ္စာဖောက်ခဲ့တဲ့ လုပ်ရပ်မျိုးတွေ မလုပ်ဖူးဘူး ဒါပေမယ့် ငါ့ဆရာနဲ့ဘိုးဘွားတွေကို ...
... သစ္စာဖောက်သူ တစ်ယောက်အဖြစ် မင်းဘာလို့ပြောနေတာလဲ ဒါကလွန်တယ်လို့ မင်းမထင်ဘူးလား။ ”
“ ကောင်းပြီ ... ဒါဆို ငါ နားလည်မှုလွဲသွားပုံရတယ်။ ”
အနက်ဝတ်အဖိုးအိုသည် ဤအကြောင်းအရာကို ဆက်လက်ဆွေးနွေးရန် ဆန္ဒရှိပုံမပြတော့ချေ။ ဆံပင်ဖြူလူငယ်မှ အနည်းငယ်ပြေလျော့လျက်၊
“ ဒါဆို စီနီယာက ငါ့သခင်ရှာနေတဲ့ အဖြေတွေကို ပြောပြပေးနိုင်မလား။ ”
-ဟု မေးမြန်းလိုက်၏။
ရုတ်တရက် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး ခြံထဲရှိ လိမ္မော်ရောင်ကြောင် သည်ပင် ထူးဆန်းစွာ ငြိမ်သက်သွားသည်။
ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေသော စုရီတစ်ယောက်တည်းသာ တိတ်ဆိတ်နေခဲ့၏။ အခန်းထဲတွင် အနက်ဝတ်အဖိုးအိုမှ လူငယ်ထံ ကြည့်လိုက်ပြီး အတွေးပြောင်းလာ၏။
“ ကောင်းပြီ၊ မင်း ... ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကို အမှန်အတိုင်းပြောပြပေးပါ ... မင်းရဲ့ပထမဆုံးမေးခွန်းကို ငါဖြေပေးမယ်။ ”
ဆံပင်ဖြူလူငယ်က ခဏမျှ တိတ်ဆိတ်နေပြီးနောက်၊
“ ငါ့ဆရာ မကွယ်လွန်ဘဲ ပြန်လည် မွေးဖွားလာခဲ့တယ်ဆိုတဲ့ ကောလာဟလတွေ ငါကြားတယ် ... ဒါကြောင့် ငါ့အစ်ကိုအကြီးဆုံး အမိန့်အရ ငါ စုံစမ်းစစ်ဆေးဖို့ လာခဲ့တာပါ။ ”
“ ဒါဆို ... ပင်းမိုက တပည့်လေးယောက်လုံးနဲ့ မင်း အဆက်အသွယ် ရသွားပြီလား။ ”
“ ဟုတ်တယ် ... သူတို့က ငါ့ဆရာ မြေအောက်ကမ္ဘာကိုသွားပြီး ဒီအပျက်အစီးမှာ ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်တစ်ခုကို တွေ့ခဲ့တယ်လို့ ခန့်မှန်းထားကြတယ်။ ”
“အခုချိန်မှာ မင်းဆရာက တကယ် ပြန်လည်ဝင်စားခဲ့တယ်ဆိုရင် မင်းဘာလုပ်မလဲ။ ”
ဆံပင်ဖြူလူငယ်သည် အနည်းငယ် ငြိမ်သက်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ၊
“ စီနီယာ ... ဒီကိစ္စတွေက စီနီယာနဲ့မသက်ဆိုင်ဘူးလို့ ထင်တယ်။ ”
-ဟု တုန့်ပြန်လိုက်သည်။
‘ ကောင်းပြီ၊ မင်းပြောမပြချင်တဲ့အတွက် ငါအတင်းအကျပ် မလုပ်ပါဘူး။ ”
ထို့နောက် သူ့အင်္ကျီလက်ထဲက ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူပြီး ခဏမျှစဉ်းစားကာ နတ်အာရုံဖြင့် ရေးထွင်းလျက် ပစ်ပေးလိုက်သည်။
“ ဒီကျောက်စိမ်းပြားမှာ မင်းရဲ့ဆရာ နာကျည်းခြင်းပင်လယ်ထဲ ဖြတ်သန်းသွားခဲ့တဲ့ နေရာတွေအားလုံးပါတယ်။ ”
သို့မှသာ ဆံပင်ဖြူလူငယ်၏ မျက်နှာအမူအရာ သိသိသာသာ ပျော့ပျောင်း သွားပြီးနောက်၊
“ ကျေးဇူးတင်ပါတယ် စီနီယာ။ ”
-ဟု အရိုအသေပေးလိုက်၏။
“ ထွက်မသွားခင် ငါ့အကြံပြုချက်ကို နားထောင်ချင်လား။ ”
ဆံပင်ဖြူလူငယ်က အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး၊
“ လွတ်လွတ်လပ်လပ် ပြောပါ စီနီယာ။”
-ဟု တုန့်ပြန်၏။
“ နာကျည်းခြင်းပင်လယ်က အကန့်အသတ်မရှိဘူး နောက်ပြန်လှည့်လိုက်ရင် ကမ်းခြေကို ရှာတွေ့လိမ့်မယ်။ ”
“ ဟမ့် ... ဒီကမ္ဘာကြီးမှာ လူဘယ်နှစ်ယောက်များ ငါ့ဂိုဏ်းအတွင်းမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သိကြလို့လဲ။ ”
စကားဆုံးသည်နှင့် ဆံပင်ဖြူ လူငယ်မှလှည့်ထွက်သွား၏။ အမှောင်ရိပ်ထဲတွင် ထိုင်နေသည့် အဘိုးကြီးက လူငယ်ထွက်သွား သည်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
ဆံပင်ဖြူလူငယ်က ခြံဝန်းထဲမှ ချက်ချင်းထွက်သွားရန် ရည်ရွယ်ခဲ့သော်လည်း သစ်ပင်အောက်တွင် ထိုင်နေသည့် စုရီကို မြင်ချိန်၌ ရပ်သွားပြန်၏။
တခဏလောက် စဉ်းစားပြီးနောက် ရှေ့တိုးသွားကာ စုရီမျက်နှာကို စိုက်ကြည့်လျက် ပြုံးပြလိုက်၏။
“ သူငယ်ချင်း၊ မင်းကို ဒီနေ့မှာ ပထမဆုံးအကြိမ် မြင်ဖူးတာ သေချာပါတယ် ဒါပေမယ့် မင်းကိုတစ်နေရာရာမှာ အရင်က မြင်ဖူးသလို ခံစားနေရတယ်။ ”
“ မထူးဆန်းပါဘူး ... အဲဒါကို ကံကြမ္မာလို့ခေါ်တယ်။ ”
“ ဟမ့် ... ကံကြမ္မာလား။ ”
ဆံပင်ဖြူလူငယ်က ပြုံးလိုက်ကာ၊
“ စိတ်ဝင်စားစရာပဲ မင်းနာမည်ကို မေးလို့ရမလား သူငယ်ချင်း။ ”
-ဟု မေးမြန်း၏။
စုရီက ရင်ခွင်ထဲရှိ ကြောင်၏အမွှေးများကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
“ မကြာခင် မင်းသိပါလိမ့်မယ်။ ”
“ ဟုတ်လား ... ဒါဆိုရင် ငါတကယ့်ကို အဲဒီနေ့ဆီ မျှော်လင့်နေပါတယ် ... စကားမစပ် ငါ့ကိုစပ်စုတယ်လို့ အပြစ်မတင်ပါနဲ့ ...
... မိုးကြိုးနတ်ဆိုးဝမ်ချုံးလုကို တမလွန်ဂိုဏ်းက ပစ်မှတ်ထားတာမို့ သတိထား ဆက်ဆံပါ ပါဝင်ပတ်သက်မှုမဖြစ်အောင်နေပါ မဟုတ်ရင် အကျိုးဆက်က မခန့်မှန်းနိုင်ဘူး။ "
ထို့နောက် သူလှည့်ထွက်သွား၏။ ဆယ်ကျော်သက်အရွယ်သာ ရှိနေသေးသော ဝိညာဉ်တာအိုနယ်ပယ်အဆင့်သည် မည်မျှ လျှို့ဝှက်ဆန်းကြယ်စေကာမူ သူ့အာရုံကို မခံယူထိုက်ချေ။
“ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ”
ရုတ်တရက် ခြံဝင်းတံခါးဝသို့ ရောက်ရှိသွားချိန်၌ တည်ငြိမ်သောသတိပေးသံ သူ့နောက်မှ ထွက်ပေါ်လာသည်။
ထိုမျှရိုးရှင်းသော စကားလုံးသည် ဆံပင်ဖြူလူငယ်ကို မျက်မှောင်ကြုတ်သွားစေ တော့၏။
“ မင်းဘာကိုဆိုလိုတာလဲ သူငယ်ချင်း။ ”
ဆံပင်ဖြူလူငယ်မှ ချက်ချင်း ပြန်လှည့်မေးလိုက်သည်။ သို့သော်စုရီသည် သူ့အပေါ်လျစ်လျူရှုကာ ကြောင်နှင့် အချိန်ကုန်နေတော့၏။
၎င်းကိုမြင်သောအခါ ဆံပင်ဖြူလူငယ်မှ ရုတ်တရက်ပြုံးပြီး ထွက်သွားရန်ပြန်လှည့်လိုက် တော့သည်။ ခြံဝင်းထဲမှ ထွက်လိုက်ချိန်တွင် မျက်နှာပေါ်ရှိ ထိုအပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အေးစက်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။
“ ငါမင်းကို မဖမ်းမိစေနဲ့ ... ။ ”
အဆုံး၌ အံကြိတ်ကာ ကြုံးဝါးလျက် ထွက်ခွာလာခဲ့၏။ ယနေ့ညတွင် သူ့ကိုအမှန်ပင် အံ့သြစေသူသည် ညလူဖြစ်သည်။ ဝိညာဉ် တာအိုနယ်ပယ်မှ ပုရွက်ဆိတ်မဟုတ်ချေ။
နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ထိုအဘိုးကြီးသည် သူ့ကိုသစ္စာဖောက်တပည့်ဟု ယူဆနေခဲ့သည်။ သူထွက်လာစဉ် နာကျည်းခြင်း ပင်လယ်သည် အကန့်အသတ်မရှိဘဲ နောက်ပြန် လှည့်ခြင်းဖြင့် ကမ်းကိုမြင်နိုင်၏ဟူသော စကားစုကို အဘယ့်ကြောင့်ပြောခဲ့သနည်း။
“ ဒီညလူက ငါ့ဆရာသခင်အကြောင်း အများကြီးသိနေမှာ ကြောက်မိတယ် ဒါပေမယ့် ကံမကောင်းစွာပဲ သူ့ရဲ့ခွန်အားက ...
... နားမလည် နိုင်လောက်အောင် ဖြစ်နေတယ် ပြီးတော့ ဒီထာဝရညမြို့ဆိုတာ သူ့ရဲ့နယ်မြေပဲ ငါအတင်းအကျပ် လုပ်ယူလို့မရဘူး။ ”
ဆံပင်ဖြူလူငယ်က သက်ပြင်းချလျက် ခေါင်းခါကာ ထိုအကြောင်းဆက်မတွေးတော့ဘဲ ထွက်ခွာသွားရန် လှည့်လိုက်တော့သည်။
ဘဝသုံးပါး ပြန်လည်မွေးဖွားခြင်း ကျောက်တုံးများကို မည်သူဝယ်သွားသည်ကို ဆက်လက်စုံစမ်းရပေမည်။ ထိုကိစ္စမပြီးမချင်း သူ ငြိမ်းချမ်းနိုင်မည် မဟုတ်ဘူးချေ။
ခြံဝင်းထဲတွင် မီးရောင်မှိန်ဖျော့ဖျော့များ လင်းလက်နေကာ စုရီမျက်နှာပေါ် အရိပ်များ ကျရောက်နေခဲ့သည်။
လိမ္မော်ရောင်ကြောင်က ထူးဆန်းပြီး မသက်မသာဖြစ်စေသော ဖိအားကို ခံစားရ၏။ ဆရာစုသည် ရုတ်တရက် အန္တရာယ်ပေးနိုင်မည် ဟူသောခံစားချက်မျိုး ရရှိလာချေပြီ။
“ တာအိုမိတ်ဆွေ ... မင်းသာ ဆန္ဒရှိမယ်ဆိုရင် သူထွက်မသွားနိုင်အောင် ငါ ကူညီပေးမှာပါ ... ဒါပေမယ့် မင်းအဲဒီလိုလုပ်ဖို့ ရည်ရွယ်ချက်ရှိပုံမပေါ်ဘူး။ ”
ရုတ်တရက် အနက်ဝတ် အဖိုးကြီးအသံ ထွက်ပေါ်လာလေသည်။ သို့မှသာ စုရီထံမှ ဖိအားများ လျော့ပါးလာပြီး၊
“ အဲဒီတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ အပြည့်အဝနားမလည်မချင်း ငါဒါကို မလုပ်ဘူး မဟုတ်ရင် ရန်သူကို သတိပေးမိမှာစိုးတယ်။ ”
-ဟု ချက်ချင်းတုန့်ပြန်၏။ အနက်ဝတ်လူခမျာ အံ့အားသင့်လျက်၊
“ ရန်သူကို သတိပေးလိုက်လား ... မင်းဆိုလိုတာ ပင်းမိုလား။ ”
-ဟု ပြန်မေးသည်။
“ ချင်းတျန်ရောပဲ။ ”
စုရီက ထပ်ဖြည့်ပြီးပြန်ဖြေသည်။ ပြန်လည်ဝင်စားရန် ရွေးချယ်ပြီးနောက်တွင် သူ မမျှော်လင့်ထားသည့်အရာများ ရုတ်တရက် ဖြစ်ပျက်ခဲ့၏။
ယခုပြန်ကြည့်သော် သံသယ ဖြစ်စရာ အချက်အလက်များရှိနေခဲ့ပြီး သူ့တပည့်များကို ပြန်လည်ဝင်စားကြောင်း အသိပေးမိခြင်း မရှိခဲ့ချေ။ ဤသည်မှာ သူ့အားနည်းချက်လည်း ဖြစ်လာခဲ့သည်။ တစ်ဖက်တွင် ညလူက ခဏမျှ တိတ်ဆိတ်သွားကာ၊
“ ငါ့အမြင်အရတော့ အခုဒီကောင်လေးက မင်းကိုသစ္စာဖောက်မယ့်သူမျိုး မဟုတ်နိုင်ဘူး။ ”
-ဟု မှတ်ချက်ပေး၏။ ထို့ကြောင့်စုရီမှ ပြုံးလိုက်ပြီးနောက် ‘မျှော်လင့်ရပါတယ်’-ဟု မတင်မကျ ပြန်ဖြေသည်။
ဤဆံပင်ဖြူလူငယ်လေးသည် သူ၏ ခြောက်ယောက်မြောက်တပည့်ဖြစ်၏။ ပင်းမိုနှင့် ချင်းတျန်ကဲ့သို့ နာမည်ကျော်ကြားခြင်း မရှိသော်လည်း ရှားရှားပါးပါးအရည်အချင်းရှိဆဲ ပေပင်။ အမည်မှာ ယီလောင်ဖြစ်သည်။
သူ့စိတ်နေစိတ်ထားကသည် သံမဏိကဲ့သို့ခိုင်မာပြီး သတ်ဖြတ်ရာတွင်လည်း ပြတ်သားချေ၏။
ထိုစဉ်က သူ စုဆောင်းထားသော ဉာဏ်အလင်းကျောက်တုံးများမှာ ယီလောင်ထံ ရောက်ရှိသွားခဲ့သည်။
ထိုရတနာသည် ယီလောင်၏ ခွန်အားအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ ယနေ့တွင် ယီလောင်သည် ဉာဏ်အလင်းကျောက်တုံးကို စုဆောင်းရန် ရောက်ရှိလာပုံပေပင်။
“ ရွှမ်းနင်ပြောတာမှန်တယ် ... ဒီကလေးယီလောင်ဟာ ပင်းမိုနဲ့တစ်ဖွဲ့တည်း ဖြစ်နေပုံပဲ။ ”
စုရီက သက်ပြင်းချလိုက်၏။ တတိယ၊ စတုတ္ထတပည့်နှင့် ဆဋ္ဌမတပည့်သည် ပင်းမိုနှင့် ပူးပေါင်းသွားခဲ့ကြောင်း ထိုစဉ်က လိပ်ကလေးမှ ပြောပြထားဖူးလေသည်။