ငါ့မျက်လုံးတွေကို ဖောက်ထုတ်ပေးမယ်
Vol. 65 Ch. 772
ဦးဆောင်လာသူသည် ကြက်သွေးရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် စတုတ္ထမြောက် အာဏာပါးကွက်သား ဟုန်ယင်ဖြစ်သည်။
ဟုန်ယင်နောက်တွင် ယောက်ျား၊ မိန်းမ ခုနစ်ယောက်ပါရှိလေသည်။ တစ်ဦးချင်းစီသည် ဧကရာဇ်နယ်ပင်တွင်ရှိနေ၏။
အထူးသဖြင့် ဟုန်ယင်နှင့်အတူ ရပ်နေသောငရဲဘုရင်ကို မြင်ချိန်၌ စုရီမှ မျက်လုံးဖွင့်ကြည့်လာသည်။
“ တာအိုမိတ်ဆွေ ငါတို့ ပြန်ဆုံကြပြန်ပြီ။ ”
ငရဲဘုရင်က ပြုံးကာ နှုတ်ဆက်၏။ သူမသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ကြော့ရှင်းနေသည်။
လျူချန်ရှန်နှလုံးသား တုန်ခါသွား၏။ ဤအမျိုးသမီးဆီက ထွက်ပေါ်လာနေသည့် ဖိအားသည် သူ့ခန္ဓာကိုယ်ကို အလိုလိုတင်းမာ သွားစေတော့သည်။
စုရီက လှေဦးပိုင်းတွင် ထရပ်ကာ လက်တစ်ဖက်ကို ကျောနောက်ပို့လျက် ကျန်တစ်ဖက်သည် ဝိုင်အိုးကို ကိုင်ထားလေသည်။
“ ဒါဆို မင်းငါ့ကို ကိုင်တွယ်ဖို့ သူတို့နဲ့ပူးပေါင်းဖို့ စီစဉ်ထားတာလား။ ”
စုရီမှ မေးလိုက်သည်။ ငရဲဘုရင်က ကြော့ရှင်းပြီး တည်ငြိမ်သောအမူအရာဖြင့် ပြန်ပြုံးပြကာ၊
“ မင်းသာ ငါ့အတွက် ဒူးထောက်မယ်ဆိုရင် ငါရက်စက်မှာ မဟုတ်ဘူး။ ”
-ဟု တုန့်ပြန်၏။ တစ်ဖက်တွင် သူတို့စကားဝိုင်းကို နားထောင်နေသည့် ဟုန်ယင်မှ ရယ်မောလိုက်ပြီး၊
“ ဟားဟားဟား မင်းအတွက်ဆိုရင် ဒီကောင်လေးအသက်ကို ငါတို့သဘာဝအတိုင်း ချမ်းသာပေးနိုင်ပါတယ် ... ဒါပေမယ့် လျူချန်ရှန်တော့ သေရမယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဘယ်သူ အသက်ရှင်ပြီး ... ဘယ်သူသေမလဲဆိုတာ ငါတို့ရဲ့ကျွမ်းကျင်မှုနဲ့ ဒါကိုဆုံးဖြတ်မယ်။ ”
စုရီက ဂရုမစိုက်ဘဲ ဝိုင်အိုးကို သိမ်းဆည်းလျက် တုန့်ပြန်၏။ ဟုန်ယင်မှ မျက်ခုံးပင့်သည်။ ဝိညာဉ်တာအိုနယ်ပယ် ပုရွက်ဆိတ်သည် ကြောက်ရွံ့မှု ကင်းရုံသာမက သူ့အစွမ်းသတ္တိဖြင့် အရာရာကို ဖြေရှင်းရန် ကြေငြာနေသည်။
“ ဒီလူက သဘာဝအတိုင်း သာမန်လူတစ်ယောက် မဟုတ်ဘူး ဒါပေမယ့် သူ့ရဲ့ကျင့်ကြံမှုက အားနည်းလွန်းတယ်။ ”
ငရဲဘုရင်မှ ဟုန်ယင်ကို ပြောကြားလိုက်သည်။ ဟုန်ယင်တစ်ယောက် ရယ်ချင်စိတ်ဖြင့် ပျော်ရွှင်စွာ ပြန်ကြည့်ပြီး၊
“ သူ ဘယ်လောက်ပဲ ... အစွမ်းထက်နေပါစေ သူ့ရဲ့နောက်ခံက ဘယ်လောက်ပဲ အံ့သြစရာကောင်းနေပါစေ ...
... ငါတို့အမြင်မှာ သူဟာ မြူမှုန်ပါပဲ အချိန်မဖြုန်းပါနဲ့၊ လျူချန်ရှန်နဲ့ အဲဒီကောင်ကို သွားဖမ်းလာခဲ့ကြ။ ”
“ ဟုတ်ကဲ့ ... ။ ”
ဟုန်ယင်၏အဖွဲ့တွင် ထောင်မှူးနှစ်ဦးနှင့် ထောင်စောင့်ငါးဦးတိတိ ပါရှိသည်။ ထို့ကြောင့် ထောင်မှူးနှစ်ယောက်က လှမ်းတက်လာ၏။
ဤသည်မှာ အနက်ဝတ် အမျိုးသား တစ်ယောက်နှင့် တိရစ္ဆာန်သားရေဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးဖြစ်သည်။
နှစ်ယောက်စလုံးသည် ရွှမ်ကျောက်နောက်ဆုံးအဆင့် ကျင့်ကြံမှု ပိုင်ဆိုင်ထားပြီး ရောင်ဝါသည် ကြောက်စရာကောင်း၏။
နှစ်ဦးသား ထွက်ပေါ်လာချိန်တွင် လေနှင့်မိုးတိမ်များ ချက်ချင်းလှုပ်ခါလျက် ကောင်းကင်နှင့် မြေကြီးကြား အရောင် ပြောင်းလဲသွားသည်။
“ ဟမ့် ... ။ ”
သို့သော် သူတို့မလှုပ်ရှားနိုင်ခင် ဓားဆွဲထုတ်သံနှင့်အတူ လူရိပ်တစ်ရိပ် ထာဝရလှေရှေ့ ထွက်ပေါ်လာသည်။
ဦးခေါင်းတွင် ခရမ်းရွှေရောင်သရဖူ ဝတ်ဆင်ထားပြီး ခမ်းနားထည်ဝါသော ဘုရင် တစ်ပါးကဲ့သို့ မှိုင်းညို့နေသည့် လူတစ်ယောက် ဓားတစ်လက် ကိုင်ထား၏။
သူပေါ်လာချိန်တွင် ပြင်းထန်ပြီး ရက်စက်လွန်းသောသတ်ဖြတ်မှု ရောင်ဝါသည် ကောင်းကင်ကို ဖြိုခွင်းဖျက်ဆီးတော့မည့်အသွင် ပျံ့နှံ့သွားချေပြီ။
ကောင်းကင်နတ်ဆိုးဓားဧကရာဇ် ကျန်းပေ့ချီဖြစ်၏။ နာကျည်းခြင်းပင်လယ် နတ်ဆိုးဘုရင် ခုနစ်ပါးအနက် တစ်ပါးဖြစ်သည်။ ဓားရူး လျူချန်ရှန်သည် သူ့စီနီယာအစ်ကို ဖြစ်ကြောင်း မည်သူမျှ မသိကြချေ။
“ ဂျူနီယာညီလေး ... ။ ”
လျူချန်ရှန် မျက်လုံးများတွင် ရှုပ်ထွေးသောခံစားချက်များဖြင့် ပြည့်နှက်လာ တော့၏။ ကျန်းပေ့ချီက လျူချန်ရှန်ကို ကျောပေးထားပြီး၊
“ ငါတို့ရဲ့ရန်ငြိုးတွေကို ဖြေရှင်းဖို့ မင်းကိုတခြားသူတွေလက်ချက်နဲ့ သေစေမှာ မဟုတ်ဘူးလို့ ငါပြောခဲ့တယ် မဟုတ်လား။ ”
-ဟု တုန့်ပြန်သည်။ သူ့အသံသည် ဓားတစ်လက်လို ထက်မြက်ပြီး အေးစက်နေ၏။ ဤတပည့်နှစ်ယောက်သည် အမှန်ပင် ပြန်လည် သင့်မြတ်အောင် မလုပ်ခဲ့ကြသည်လောဟု စုရီပင် သံသယဝင်လာခဲ့သည်။
“ သေချင်နေတဲ့ နောက်ထပ်တစ်ယောက် ရောက်လာတာလား။”
ဟုန်ယင်က မထီမဲ့မြင်ပြုံးသည်။ သူ့ကဲ့သို့အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက် အနေဖြင့် မရဏကမ္ဘာရှိ ဧကရာဇ်များသည် လူပြက်များသာဖြစ်၏။
သူ့ကျင့်ကြံမှုသည် လျူချန်ရှန်နှင့် ကျန်းပေ့ချီတို့ထက် နိမ့်ကျနေသော်လည်း တိုက်ပွဲဝင်စွမ်းအား၌ သာလွန်ချေသည်။
“ ဒါဆို ... ငါတို့ကိုလည်း ရေတွက်ပါ။ ”
ထိုစဉ် ရုတ်တရက် နက်ရှိုင်းပြီး ခမ်းနားလွန်းနသော အသံတစ်သံ ထွက်ပေါ် လာပြန်၏။ မိုးကြိုးနတ်ဆိုးဝမ်ချုံးလုနှင့် နတ်ဆိုး ဗိုလ်ချုပ် (၁၃)ယောက်ပေပင်။
လျူချန်ရှန်မှ အံ့အားသင့်သွားပြီး သက်ပြင်းချလိုက်သည်။
“ ဝင်မရှုပ်ဖို့ ငါပြောထားတယ် မဟုတ်လား။ ”
“ ဒါပေမယ့် ငါ မင်းကို တစ်သက်လုံး ကျေးဇူးမတင်ချင်ဘူး။ ”
ဝမ်ချုံးလုက ပြန်ဖြေသည်။ နတ်ဆိုးဗိုလ်ချုပ်(၁၃)ယောက်သည် သူ့ကို ခြံရံထားတော့၏။
လကို ဝန်းရံထားသော ကြယ်များကဲ့သို့ ခမ်းနားသည့်တည်ရှိမှုကို ပိုထင်ရှားစေသည်။ သို့သော် ဝမ်ချုံးလုသည် လျူချန်ရှန်ဘေးတွင် စုရီကိုမြင်သောအခါ မျက်ခုံးပင့်လိုက်၏။
ရက်အနည်းငယ်က မနှစ်မြို့ဖွယ် အဖြစ်အပျက်များကို ပြန်အမှတ်ရသွားပြီး မသက်မသာ ဖြစ်လာသည်။ စုရီက၊
“ မင်းငါ့ကို အသက်တစ်ချောင်းပေးဖို့ ကျန်သေးတယ်မဟုတ်လား ... ဒီတိုက်ပွဲမျိုးမှာ မတော်တဆ သေဆုံးသွားရင် ဘယ်လို ပြန်ဆပ်မလဲ။ ”
-ဟု မေမြန်းလိုက်၏။ ဝမ်ချုံးလုခမျာ အံ့အားသင့်သွားစဉ် သူ့ဘေးနားရှိ နတ်ဆိုး စစ်သူကြီးတစ်ယောက်က၊
“ ကောင်လေး၊ မင်း ဘယ်လိုလုပ် ဒီလိုပြောနိုင်ရတာလဲ။ ”
-ဟု အော်တစ်တော့သည်။
ကျန်ရှိနေသော နတ်ဆိုးစစ်သူကြီးများ သည်လည်း ရန်လိုသည့်ပုံ ချက်ချင်းပြလာ၏။ ဤလူငယ်၏ စကားများသည် ရိုင်းစိုင်းချေပြီ။ ဝမ်ချုံးလုက လက်ဝှေ့ယမ်းကာ၊
“ အထင်မလွဲနဲ့ ဒီတာအိုစုက ငါ့ရဲ့ကယ်တင်ရှင်ပဲ။ ”
-ဟု ပြောကြားလိုက်သည်။
သို့မှသာ နတ်ဆိုးစစ်သူကြီး (၁၃)ဦး စလုံးသည် အံ့အားသင့်သွားကြတော့၏။ သူတို့ စကားဆက်မပြောနိုင်ခင်မှာပင် ဟုန်ယင်က ကျယ်လောင်စွာရယ်မောလာသည်။
“ ဟားဟားဟား ဘေးအန္တရာယ် ကျရောက်တော့မယ့်အချိန်မှာ အဓိပ္ပာယ်မရှိတဲ့ စကားတွေ အများကြီးပြောနေတုန်းပါလား... မင်းတို့တကယ်ပဲ… သေခြင်းကို ဘယ်လို စာလုံးပေါင်းရမှန်း မသိဘူးပဲ။ ”
ထိုစကားသည် လျူချန်ရှန်၊ ကျန်းပေ့ချီနှင့် ဝမ်ချုံးလုကို မျက်မှောင်ကြုတ်စေပြီး သတ်ဖြတ် လိုစိတ်များ ပြည့်နှက်လာ၏။ သို့သော် မည်သူမျှ မလှုပ်ရှားဝံ့သေးချေ။ ရန်သူတွင် သူတို့အပေါ် ဒုက္ခပေးနိုင်သောစွမ်းအားများရှိနေ၏။ ထိုစဉ် စုရီက စိတ်မရှည်ဖြစ်လာသည်။
“ ဒီလောက်ရိုးရှင်းတဲ့ ကိစ္စအတွက် ဘာလို့အချိန်တွေ အများကြီး ဖြုန်းနေရတာလဲ လျူချန်ရှန်၊ မင်းလှုပ်ရှားရမယ့် အချိန်ပဲ။ ”
စုရီစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ လျူချန်ရှန်နှင့်အဖွဲ့အပြင် ဟုန်ယင်တို့သည်လည်း စုရီထံ မျက်ခုံးပင့်ပြီး ပြန်ကြည့်လိုက်လေသည်။
“ ဟားဟားဟား ... ကောင်းပြီ၊ အဲဒီကောင်လေး ဆန္ဒအတိုင်း မင်းတို့အားလုံး အတူတူသွားပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
ထောင်စောင့်များက ချက်ချင်း လှမ်းတက်သွားတော့သည်။ သူတို့ (၅)ယောက် ထဲတွင် ကနဦးရွှမ်ကျောက်အဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားသူသည် အားအနည်းဆုံးဖြစ်၏။
(၅)ယောက် ပေါင်းစည်းခြင်းဖြင့် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လို စိတ်များ ရေလှိုင်းကဲ့သို့ ပျံ့နှံ့လာသည်။
“ လျူချန်ရှန် မင်းက ငါ့အတွက်ပဲ။ ”
တိရစ္ဆာန်အရေခွံ ဝတ်စုံဝတ်ထားသော အမျိုးသမီးသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လျူချန်ရှန်ဆီပြေးတော့၏။
သူမလက်ထဲရှိ အနက်ရောင် လခြမ်းလှံတံကိုလည်း မြှောက်တင်လိုက်ကာ ထိုးသွင်းပစ်လေသည်။
“ ငါ လာမယ် ... ။ ”
တစ်ဖက်တွင် ငွေဓားတိုတစ်စုံကို ကိုင်ဆောင်လျက် ပိန်ပိန်ပါးပါး အနက်ဝတ် အမျိုးသားက ပြုံးလိုက်ပြီး ကျန်းပေ့ချီဆီ ပြေးဝင်သွား၏။
“ သတ် ... ။ ”
တစ်ချိန်တည်းမှာပင် ကျန်ရှိနေသော ထောင်စောင့်ငါးဦးသည် ဝမ်ချုံးလုနှင့် အဖွဲ့ကို တိုက်ခိုက်လာသည်။
အချို့က လျှို့ဝှက်နည်းစနစ်များ အသုံးပြုကြပြီး အချို့သည် ရတနာများကို ထုတ်ကိုင်လာ၏။
သူတို့ရောင်ဝါသည် ထောင်မှူးများကဲ့သို့ ပြင်းထန်ခြင်းမရှိသော်လည်း ကြောက်လန့်ဖွယ် ကောင်းနေဆဲပေပင်။
ယင်းသည် သူတို့၏ ကျင့်ကြံမှု မြင့်မားခြင်းမျိုးမဟုတ်ဘဲ ကိုင်စွဲထားသည့် ကောင်းကင်ဆန္ဒစွမ်းအားကြောင့် ဖြစ်၏။
လျူချန်ရှန်၊ ကျန်းပေချီနှင့် တခြားသူများသည် သူတို့ကံကြမ္မာကို ပျင်းရိစွာ ထိုင်စောင့်နေမည့်သူများ မဟုတ်ဘဲ ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။
“ ချွင် ... ။ ”
နဂါးပြာတစ်ကောင်ကဲ့သို့ ဓားမြည်သံ ပဲ့တင်ထပ်လာကာ ဓားတစ်လက် လျူချန်ရှန် လက်ဖဝါးထဲပေါ်လာသည်။
ဓားပေါ်လာသည်နှင့် လျူချန်ရှန် အရှိန်အဝါသည် ချက်ချင်းပြောင်းလဲသွား၏။ သူ့မျက်လုံးများတွင် မာနနှင့် တိုက်ပွဲဝင်ဆန္ဒများ ပေါက်ကွဲလာသည်။
“ မဆိုးပါဘူး ... သူ့စိတ်အခြေအနေက ပြဿနာရှိပေမယ့် ဓားတာအိုကို သက်ရောက်မှု မရှိဘူး။ ”
စုရီက တိတ်တဆိတ်ခေါင်းညိတ်သည်။
“ ဝုန်း ... ။”
တစ်ဖက်တွင် ကျန်းပေ့ချီသည်လည်း သူ့လှုပ်ရှားမှုကို ပြုလုပ်လာ၏။ သူ့အသွင်သည် မိုးကြိုးမုန်တိုင်းတစ်စင်းလို ပေါက်ကွဲနေသည်။
မှုံမှိုင်းနေသော ဓားကြီးသည်လည်း အလွန်အမင်းသတ်ဖြတ်လိုစိတ်များ အပြည့်ဖြင့် လှုပ်ရှားလာ၏။
လျူချန်ရှန်နှင့် နှိုင်းယှဉ်ပါက ကျန်းပေ့ချီပြသသော စွမ်းအားများသည် စုရီကို ဆွဲဆောင်စေခဲ့သည်။ ထို့နောက် တိုက်ပွဲကြီး စတင်လာချေပြီ။
ကျယ်ပြန့်သော ပင်လယ်ပြင်အတွင်း လေဟာနယ် ပြိုကျတော့မည့်ပုံ ပေါ်လာကာ ဖရိုဖရဲမြင်ကွင်းများ ဖုံးလွှမ်းကုန်၏။
ဤသည်မှာ ဧကရာဇ်များကြား တိုက်ပွဲတစ်ခုပေပင်။ လျူချန်ရှန်၊ ကျန်းပေချီ စသည့် လူအုပ်ကြီးသည် မရဏကမ္ဘာ၌ အထွတ်အထိပ်တည်ရှိမှုများဖြစ်၏။
ထိုကဲ့သို့သော ပုဂ္ဂိုလ်များ၏ စွမ်းအားသည် တောင်နှင့်မြစ်ကို အလွယ်တကူ ကြေမွသွား စေနိုင်မည်။ ကောင်းကင်ကို ဖြိုခွင်းနိုင်ပြီး မမျှော်လင့်ထားသော ကပ်ဘေးများကို ဖြစ်ပေါ်စေနိုင်၏။
တစ်ဖက်တွင် သူတို့ ပြိုင်ဘက်များမှာ အလွန်ထူးခြားချေပြီ။ ကောင်းကင်ဆန္ဒဟူသည့် စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားရာ ကြောက်စရာ ကောင်းလွန်းနေ၏။
ထို့ကြောင့် ရွှမ်ကျောက်အဆင့် ထောင်သားတစ်ဦးသည် ဝမ်ချုံးလုကဲ့သို့သော အလယ်အလတ်ရွှမ်ယုအဆင့် ကျွမ်းကျင်သူ တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရရှိစေနိုင်မည်။
ဤကဲ့သို့သော တိုက်ပွဲသည် ချက်ချင်းပင် စုရီကို မေ့လျော့စေကုန်၏။ သူ့ကျင့်ကြံမှုသည် နိမ့်ပါးလွန်းသဖြင့် မည်သူ့အတွက်မဆို အာရုံစိုက်ရန် မထိုက်တန်ချေ။
အဝေးကနေ ရပ်ကြည့်နေသော ငရဲဘုရင်သည် ထိုမြင်ကွင်းကို သတိထားမိပြီး အပြုံးတစ်ပွင့် ပေါ်လာသည်။ ဤလူအုပ်သည် သေမင်းကို အမှန်ပင်လျစ်လျူရှုမိနေ၏။
“ ဟားဟားဟား ဒီလောကမှာ အရှက်ရဆုံးအရာက ရန်သူရဲ့ မထီမဲ့မြင်ပြုခြင်း ခံရတာမျိုးမဟုတ်ဘဲ မထီမဲ့မြင်ပြုခံရဖို့တောင် မထိုက်တန်တာပါပဲ။ ”
ဟုန်ယင်က ငရဲဘုရင်၏ အကြည့်လမ်းကြောင်းအတိုင်း ကြည့်ရှုကာ စုရီကိုမြင်ပြီး လှောင်ပြောင်လိုက်၏။
“ ဟုတ်လား ... ဒါပေမယ့် ငါ့အမြင်အရ ... နင်သတိထားသင့်တယ် အဲဒီလူက သာမန်လူ မဟုတ်ဘူး ...
... အနည်းဆုံးတော့... အဲဒီမှာ ရှိနေတဲ့လူတွေထဲမှာ သူ့နဲ့တိုက်ခိုက်ဖို့ဘယ်သူမှ အရည်အချင်းမပြည့်မီဘူး။ ”
ငရဲဘုရင်မှ တုန့်ပြန်၏။ ဟုန်ယင်ခမျာ ခန္ဓာကိုယ်တောင့်တင်းသွားပြီး အံ့အားသင့်စွာ ပြန်ကြည့်သည်။
“ အကြီးအကဲ၊ မင်းတကယ်ပဲ အဲဒီဝိညာဉ်တာအိုနယ်ပယ် ကောင်လေး အကြောင်း မင်းပြောနေတာလား။ ”
“ ဘာလို့လဲ ... ငါ့ကို မယုံဘူးလား။ ”
“ ဟားဟားဟား အကြီးအကဲ ... ငါ့ကို နောက်နေတာလား သူက မင်းပြောသလောက် တကယ်အစွမ်းထက်ရင် ငါ့မျက်လုံးတွေကို ငါကိုယ်တိုင် ဖောက်ထုတ်ပေးမယ်။ ”
“ ကောင်းပြီ ... မင်းပြောတဲ့စကားနော် နောက်မှ မင်းရဲ့မျက်လုံးတွေကို မဖောက်ရင် ငါမင်းကိုကူညီမယ်။ ”
ငရဲဘုရင်က ဆွဲဆောင်မှုရှိစွာပြုံးပြီး ပြောကြားလိုက်လေသည်။ ထိုအပြုံးမျိုးသည် ဟုန်ယင်နှလုံးသားကို ချက်ချင်းပင် အေးစက် သွားစေတော့၏။