← Chapters

တစ်ချက်တည်းဖြင့် သတ်ခြင်း

Vol. 65 Ch. 773

တစ်ချက်တည်းဖြင့် သတ်ခြင်း

Vol. 65 Ch. 773

တိုက်ပွဲသည် ပြင်းထန်လာပြီး ဒဏ်ရာရထားသော လျူချန်ရှန်သည် အလွန် အန္တရာယ်များသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

သူ့ပြိုင်ဘက် အမျိုးသမီးသည် ရွှမ်ကျောက်အဆင့်တွင်သာ ရှိနေသေး သော်လည်း အတွေ့အကြုံကြွယ်ဝ၏။

သူမလက်ထဲမှ အနက်ရောင် လခြမ်းလှံတံနှင့် ကောင်းကင်ဆန္ဒဥပဒေတို့ကို ပေါင်းစပ်လိုက်သောအခါ လျူချန်ရှန်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်။

ထိုမြင်ကွင်းသည် ကျန်းပေ့ချီနှင့် အခြားသူများတွင်လည်း ဖြစ်ပျက်နေသည်။ အဆိုးဆုံးမှာ ဝမ်ချုံးလု၏ အခြေအနေဖြစ်သည်။

ကောင်းကင်ကိုးပါးနန်းတော်မှ ကျွမ်းကျင်သူငါးဦးသည် သူ့ကိုအတူတကွ တိုက်ခိုက်နေခဲ့ကြသည်။

သူနှင့်အတူ နတ်ဆိုးစစ်သူကြီး (၁၃)ဦးမှ ဖြည့်စွက်ပေးထားသော်လည်း အားသာချက်များ မရှိချေ။

အဘယ့်ကြောင့်ဆိုသော် ဝမ်ချုံးလု၏ ဒဏ်ရာများသည် အပြည့်အဝ ပျောက်ကင်းခြင်း မရှိသေးဘဲ သူ့အဖွဲ့သည် ရွှမ်ကျောက်အဆင့် ဧကရာဇ်များသာ ဖြစ်သောကြောင့်ပေပင်။

နယ်ပယ်တူချင်း တိုက်ပွဲတွင် ကောင်းကင်ဆန္ဒဥပဒေကို ထိန်းချုပ်နိုင်သော ထောင်မှူးများကို ယှဉ်ပြိုင်၍ မရသည်မှာ သဘာဝပေပင်။

တိုက်ပွဲဖြစ်စဉ် တခဏအတွင်း နတ်ဆိုးစစ်သူကြီး (၁၃)ယောက်စလုံးဒဏ်ရာ ရရှိသွားခဲ့သည်။

ကျင့်ကြံမှု အားအနည်းဆုံးသော စစ်သူကြီးတစ်ဦးသည် ဗိုက်ပွင့်ကာ အတွင်း အင်္ဂါများ မြင်လာရတော့၏။

ထိုအချိန်တွင် လေထုအလယ် ပုံရိပ်တစ်ရိပ်ပေါ်လာသည်။ ဤသည်မှာ ဆံပင်ဖြူလူငယ်ဖြစ်၏။ ထိုလူငယ်က စုရီကိုလှမ်းကြည့်ကာ၊

“ ကောင်လေး၊ မင်းလည်း မြင်တယ် မဟုတ်လား လျူချန်ရှန်နဲ့ သူ့အဖွဲ့ဝင်တွေက အနိုင်ရဖို့ အခွင့်အရေးမရှိဘူး ဒါပေမယ့် ...

... အခု ငါဒီကိုရောက်လာပြီမို့ သူတို့ ကယ်တင်ခံရဖို့ အခွင့်အရေးရှိနေတယ် ငါ့ကို ကူညီစေချင်လား ...

... မင်းရထားတဲ့ ဘဝသုံးပါး ပြန်လည် မွေးဖွားခြင်းကျောက်တုံး တစ်ဝက်ကိုပေးရင် ငါအာမခံတယ် ဘယ်လိုလဲ ... ။ ”

-ဟု ကမ်းလှမ်းလိုက်၏။

စုရီက သူ့ကို ‘ကောင်လေး’ဟု ပေါ့ပေါ့တန်တန် ခေါ်ဆိုနေသော ထိုတပည့်ကို ပြန်စိုက်ကြည့်ကာ၊

“ မလိုဘူး။ ”

-ဟု ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။

သို့တိုင် ယီလောင်မှ စိတ်ပျက်မသွားဘဲ မာနထောင်လွှားသော အသွင်အပြင်မျိုးဖြင့် ထပ်မံကမ်းလှမ်းပြန်၏။

“ ကောင်လေး၊ ပေါ့ပေါ့ဆဆ မဆုံးဖြတ်လိုက်နဲ့ ငါဘယ်သူလဲဆိုတာ မင်း မသိဘူးဆိုတာ ထင်ရှားတယ် ငါသာ ဉာဏ်အလင်း ကျောက်တုံးကို ...

... အရေးတကြီး မလိုအပ်ဘူးဆိုရင် ကောင်းကင်ဘုရင်ကိုယ်တိုင် တောင်းပန်နေ ရင်တောင် ဒီလိုဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ”

“ မင်းကို မလိုဘူးပြောနေတာ မကြားဘူးလား။ ”

စုရီက သူ့တပည့်ထံ လှောင်ပြုံးဖြင့် ထပ်ပြောသည်။ ဤတပည့်သည် အခြေအနေကို အခွင့်ကောင်းယူကာ သူ့ထံမှ ငွေညှစ်ဝံ့ချေပြီ။

“ ကောင်းပြီ ... မင်း ဘာလုပ်နိုင်လဲဆိုတာ ငါကြည့်မယ်။”

တစ်ဖက်တွင် ယီလောင်သည်လည်း ဒေါသထွက်လာပြီး လက်နှစ်ဖက်နောက်ပို့ကာ ဆုတ်ခွာလိုက်၏။ စုရီက သူ့ကို အေးစက်စွာ စိုက်ကြည့်လျက်၊

“ ကောင်လေး ... ဒါကို တောင်းပန်တာလို့ ငါယူဆလိုက်မယ်။ ”

-ဟု ပြောကြားလိုက်၏။

ယီလောင်ခမျာ မျက်ခုံးပင့်လိုက်စဉ် စုရီတစ်ယောက် ချက်ချင်းပျောက်ကွယ်သွား လေသည်။

“ မြန်လိုက်တာ ... ။ ”

ထို့နောက် ဓားဆွဲလျက် ဝမ်ချုံးလုအနား ရောက်ရှိလာ၏။ ငွေရောင်ဝတ် အမျိုးသားသည် ဝမ်ချုံးလုကို တိုက်ခိုက်နေရာမှ အေးစက်စက် ရယ်မောလိုက်သည်။

“ ဝမ်ချုံးလု ... မင်းမှာ ရွေးချယ်စရာတွေ မရှိဘူးလား ကလေးတစ်ယောက်ကို မင်းအစား သေစေတာက လူယုတ်မာတစ်ယောက်ပဲ ... ဟားဟားဟား ... ။ ”

ဟုန်ယင်က စုရီတစ်ယောက် တိုက်ပွဲအတွင်းဝင်ရောက်လာသည်ကို မြင်ပြီး လှောင်ပြုံး ပြုံးလိုက်လေသည်။

“ ဟမ့် ... သန်မာတဲ့ မဟာမိတ်တစ်ယောက်ကို ဖိတ်ခေါ်ထား ခဲ့တယ်လို့ ငါထင်နေတာ အခုတော့ သေဖို့ ရွေးချယ်လိုက်တာပဲ။ ”

ဆံပင်ဖြူလူငယ်သည် အလွန် ကြောက်စရာကောင်းသော ဇာတ်ကောင် တစ်ယောက်မှန်း သူသိ၏။ စုရီမှ ငြင်းပယ် လိုက်သည့်အပေါ် လုံးဝပျော်ရွှင်သွားသည်။

“ ဒါကို မင်းသေချာကြည့်သင့်တယ် ... ဒီတစ်ကြိမ်က မင်းရဲ့အမြင်အာရုံတွေအတွက် နောက်ဆုံးမြင်ကွင်း ဖြစ်လာနိုင်ပါတယ်။ ”

ငရဲဘုရင်မှ လှောင်ပြုံးဖြင့် မှတ်ချက်ပေးလိုက်သည်။ ဟုန်ယင်တစ်ယောက် ဒေါသဖြင့် မျက်နှာနီရဲသွား၏။

တစ်ဖက်တွင် ဝမ်ချုံးလုသည် တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး ငွေရောင်ဝတ်ထားသည့်လူကို သနားကြင်နာမှု အရိပ်အယောင်ဖြင့် ပြန်ကြည့်လိုက်သည်။

တစ်ဖက်လူ လှောင်ပြောင်နေသော ဤစုရီသည် မည်မျှကြောက်စရာကောင်းလွန်း သည်ကို သူအသိဆုံးပေပင်။

“ ကလန် ... ။ ”

စုရီက အချိန်ဖြုန်းရန် ဆန္ဒမရှိဘဲ ကောင်းကင်မိစ္ဆာဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။ ဓားချက်သည် ပေါ့ပေါ့ပါးပါးနိုင်သော်လည်း လျင်မြန်ပြီး ပြင်းထန်ချေ၏။

ငွေရောင်ဝတ် အမျိုးသမီးခမျာ ထိတ်လန့်သွားပြီး တံဆိပ်တစ်ခုကို ဖန်တီးလျက် လခြမ်းလှံဖြင့် တုန့်ပြန်လိုက်သည်။

တစ်ဆက်တည်းမှာပင် ကောင်းကင်ဆန္ဒ ဥပဒေစွမ်းအားသည် ဒိုင်းတစ်ခုကဲ့သို့ သူ့ရှေ့ ဖြစ်ပေါ်လာခဲ့၏။

“ စွပ် ... ။ ”

သို့သော် ဓားသည် ရပ်တန့်မရသော ဒီရေများအလား ဒိုင်းကိုထိုးဖောက်လာပြီး ပါးစပ်အတွင်းမှ ဝင်ရောက်ကာ ဦးခေါင်း အနောက်သို့တိုင် ဖောက်ထွက်သွားချေပြီ။

ငွေရောင်ဝတ်ရုံဝတ် အမျိုးသမီးခမျာ မျက်လုံးများပြူးကျယ်လျက် စကားပြောလိုခဲ့ သော်လည်း မရဖြစ်သွားသည်။

“ ဘောင်း ... ။ ”

အဆုံး၌ ခေါင်းပေါက်ကွဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ကွဲကြေလွင့်ပါးကာ ဝိညာဉ်ပျက်ပြယ်သွားချေပြီ။

ဓားမှစီးဝင်လာသော စွမ်းအားတစ်ခုက သူ့ကိုချက်ချင်း သတ်ပစ်လိုက်ခြင်းဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း ဖြစ်၏။ ရုတ်တရက် ထိုမြင်ကွင်းက တိုက်ပွဲကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။

“ ဒါ ... ။ ”

ဟုန်ယင်အပြုံးများ ရပ်တန့်သွား၏။ အသက်တရှိုက်စာအတွင်း ဤသွေးထွက်သံယို မြင်ကွင်းသည် သူ့ကိုလုံးဝအံ့အားသင့် စေခဲ့သည်။

“ ဘယ်လောက် ကြောက်စရာ ကောင်းလိုက်တဲ့ဓားလဲ ဧကရာဇ်တစ်ပါးရဲ့ အကာအကွယ်ကို ဖျက်ဆီးပြီး တစ်ချက်တည်း သတ်ပစ်လိုက်တယ်။ ”

လျူချန်ရှန် မျက်လုံးများ အံ့မခန်း တောက်ပလာသည်။ ဓားသမား တစ်ယောက် အနေဖြင့် ထိုဓားချက်တွင်ပါဝင်သော အပြစ်ကင်းစင်သည့် စွမ်းအားကို မြင်နိုင်၏။

အပြာရောင်ပင်လယ်ပြင်ပေါ်က လပြည့်ဝန်းလိုပင်။ သဘာဝနှင့် တသားတည်း ဖြစ်တည်နေ၏။ တစ်ဖက်တွင် ယီလောင်သည် မျက်မှောင်ကြုတ်သွားသည်။

“ အဲဒီတုန်းက ဓားကိုတောင် မဆွဲဘဲ ဒီလူတွေကို သုံးကြိမ်အတွင်း သတ်ပစ်တယ် ... ဒီတစ်ခါတော့ ဓားဆွဲပြီး တစ်ချက်တည်းနဲ့ သတ်ပစ်တယ်။ ”

ဝမ်ချုံးလုက စုရီအပေါ် မျှော်လင့်ပြီး ဖြစ်သော်လည်း နည်းလမ်းများကို မြင်ချိန်တွင် အံ့အားသင့်ပြီး အံ့သြမှင်သက်နေဆဲပင်။

ဝိညာဉ်တာအိုနယ်ပယ် လူငယ်လေးတစ်ယောက်သည် အဘယ့်ကြောင့် ညလူခြံဝင်း၌ အထူးဧည့်သည် ဖြစ်လာရ သည်ကို နားလည်သွားတော့သည်။

“ ဝှစ် ... ။ ”

လူအများ မတုန့်ပြန်နိုင်ခင် စုရီသည် ပျောက်ကွယ်သွားပြန်၏။ ချက်ချင်းပင် အနီးဆုံး ထောင်စောင့်တစ်ယောက်ရှေ့ ပေါ်လာသည်။

ဤထောင်စောင့်သည် ပုဆိန်ကြီး ကိုင်ဆောင်ထားကာ သန်မာပြီး ခန့်ညားသော လူတစ်ယောက်ဖြစ်၏။

ရက်စက်ကြမ်းကြုတ်ပြီး ခြိမ်းခြောက်နိုင်သော အရှိန်အဝါကို ထုတ်လွှတ် ထားလေသည်။

စုရီချဉ်းကပ်လာမှုကို သိလိုက်ချိန်၌ တွန့်ဆုတ်ခြင်းမရှိဘဲ သူ့စွမ်းအားအားလုံးကို ထုတ်လွှတ်လိုက်ကာ ပုဆိန်ဖြင့် ခုတ်ချလိုက်သည်။

“ ဝှီး ... ။ ”

ပုဆိန်ကြီးထံမှ လေခွင်းသံများ ချက်ချင်းထွက်ပေါ်လာသော်လည်း လမ်းတွင် ခန္ဓာကိုယ်ထက်ခြမ်းကွဲကာ ရေပြင်ပေါ် ပြုတ်ကျသွားတော့သည်။

ပြုတ်ကျရာလမ်းတွင် သွေးများ ရေတံခွန်အလား ပန်းထွက်လျက် ရေပြင်နှင့် မထိခင် အမှုန်အဖြစ်ပြောင်းလဲသွားချေပြီ။

ဤနေရာရှိ လူတိုင်းသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ရပြီး မရေမတွက်နိုင်သည့် မုန်တိုင်းများတွင် ကျင့်သားရနေခဲ့သည်။ သို့တိုင် ဤရလာဒ်သည် အံ့အားသင့်ဆဲဖြစ်၏။

ဓားတစ်ချက် လူတစ်ယောက်။ ယင်းသည် တိုက်ပွဲတစ်ခု မဟုတ်တော့ချေ။ လုံးဝအနိုင်ကျင့် သတ်ဖြတ်နေခြင်းပေပင်။

ကောင်းကင်ဆန္ဒဥပဒေကို ပိုင်ဆိုင်ထားကြသော ထောင်စောင့်များသည် ရောက်လေရာ အရပ်တိုင်းတွင် နယ်ပယ်တူခြင်း ကြီးစိုးစွာ ရပ်တည်နိုင်၏။

ယခုမူ ကြက်တစ်ကောင်ကဲ့သို့ လုံးဝ အကူအညီမဲ့နေခဲ့သည်။ မယုံနိုင်စရာပေပင်။ ဟုန်ယင်ခမျာ ယခင် လှောင်ပြောင်မိခဲ့သော စကားများကို ပြန်သတိရလာပြီး ရုတ်တရက် သူ့မျက်နှာတွင် ပူလောင်သည့် ခံစားချက်များ ရရှိလာသည်။

“ သေစမ်း ... ဒီကောင်ရဲ့ဓားက ကောင်းကင်ဆန္ဒဥပဒေကို ဖိနှိပ်နိုင်ပုံရတယ်။ ”

အဆုံး၌ စုရီခွန်အားကို နားလည်သွား၏။ ရုတ်တရက် ငရဲဘုရင်သည် တည်ငြိမ်နေဆဲ ဖြစ်သည်ကို သတိထားမိလိုက်သည်။

“ အကြီးအကဲ ... မင်းသိပြီးသားလား။ ”

“ အဟက် ... နင် အရမ်းကြီး မိုက်မဲလွန်းတာတော့ မဟုတ်ပါဘူး နောက်ဆုံး သဘောပေါက်သွားပြီ။ ”

“ အား ... ။ ”

ထိုစဉ် တတိယထောင်စောင့် တစ်ယောက်သည် တစ်ချက်တည်းဖြင့် သူ့နေရာမှာပင် သေဆုံးသွားချေပြီ။

All Chapters