← Chapters

ဘဝအတွက် ပြေးခြင်း ...

Vol. 65 Ch. 774

ဘဝအတွက် ပြေးခြင်း ...

Vol. 65 Ch. 774

အသတ်ခံရသော တတိယမြောက် ထောင်စောင့်သည် အသက်ရှစ်ဆယ်အရွယ် အဖိုးအိုတစ်ဦးဖြစ်သည်။

သူ့ဦးခေါင်းကိုဓားဖြင့် ဖြတ်တောက်ခြင်း ခံခဲ့ရကာ ခန္ဓာကိုယ်နှင့်ဝိညာဉ်သည် ချက်ချင်း ပျက်သုဉ်းသွားသည်။

ဤမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားပြီး ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားလာခဲ့၏။

သူတို့ လျစ်လျူရှူထားသော ဝိညာဉ်တာအိုနယ်ပယ် လူငယ်တစ်ဦးသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပြသနေသည်။

မည်သူသည် အံ့အားမသင့်မည်နည်း။ ပြင်းစွာတိုက်ပွဲဝင်နေသော ထောင်စောင့်နှင့် ထောင်မှူးများ အားလုံး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။

သူတို့၏ တိုက်ခိုက်မှုများကို ပိုမို ထိန်းသိမ်းလာကာ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အမြင့်ဆုံးသတိဖြင့် စောင့်ကြည့်ကုန်၏။

တိုက်ပွဲအဟုန်မှာ ပြောင်းလဲသွားသည်။ လျူချန်ရှန်၊ ကျန်းပေ့ချီနှင့် အခြားသူများသည် ချက်ချင်းပင် ဖိအားများ သိသိသာသာ လျော့ကျသွား၏။

“ ဂျူနီယာညီလေး ... တာအိုဝမ် ... သူတို့ကို ထိန်းထားပါ မလွတ်စေနဲ့။ ”

လျူချန်ရှန်က သတိဝင်လာပြီး အော်ဟစ်လိုက်သည်။ ထိုစဉ်က ရန်သူအပေါ် ချုပ်နှောင်ထားပေးရန်သာလိုကြောင်း စုရီ ပြောခဲ့သည်ကို သတိရလာခြင်းပေပင်။

ယင်းသည် သူ့ကို ထိုစဉ်က အလွန်အံ့အားသင့်စေပြီး ဇဝေဇဝါဖြစ်စေသည်။ စုရီအပေါ် လှောင်ပြောင်မိ မတတ်ပေပင်။ ယခုမူ။

“ မြန်မြန် ရန်သူကို ချုပ်နှောင်ပါ ... သူတို့ကိုလွတ်မြောက်ခွင့် မပေးနဲ့။ ”

ဝမ်ချုံးလုက မိုးကြိုးဘုရင်တစ်ပါးကဲ့သို့ ဟိန်းဟောက်အမိန့်ပေး၏။ နတ်ဆိုးစစ်သည် (၁၃)ဦးက ချက်ချင်းပင် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ကျန်လူများထံ ဝင်ရောက် ပိတ်ဆို့ပစ်တော့သည်။

“ ဘယ်လိုလဲ ဒီနေ့မင်းမျက်လုံးတွေ နောက်ဆုံး မြင်ခွင့်ရခြင်းဆိုတာ ယုံပြီလား။ ”

တစ်ဖက်တွင် ငရဲဘုရင်သည် ပြုံးလျက်မေးမြန်းလေသည်။ ဟုန်ယင်ခမျာ လှည့်စားခံရကြောင်း သဘောပေါက်သွား၏။

“ အကြီးအကဲ ... ဒါက မင်းဂိုဏ်းကို သစ္စာဖောက်တာနဲ့ ဘာကွာခြားလို့လဲ မမေ့ပါနဲ့ တာအိုကျိန်စာက မင်းကိုသတ်နိုင်တယ်။ ”

“ ဟားဟားဟား ... ငါဒီလိုလုပ်ရဲမှတော့ မဟာတာအိုကျိန်စာကို ကြောက်နေလိမ့်မယ်လို့ မင်းထင်လား။ ”

“ အား ... ။ ”

ဟုန်ယင်က မယုံနိုင်စွာဖြင့် စကားပြောရန်ပြင်နေစဉ် အဝေး၌ နောက်ထပ် ထောင်စောင့်တစ်ဦး သေဆုံးသွားချေပြီ။

ဤသွေးထွက်သံယို မြင်ကွင်းကြောင့် ဟုန်ယင်၏နဖူးသွေးကြောများ ဖောင်းကား လာခဲ့၏။

“ ဟမ့် ... ။ ”

အဆုံး၌ မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ရုတ်တရက် ခြေကို ဆောင့်နင်းလိုက်ရုံဖြင့် သူ့ခန္ဓာကိုယ် ပျောက်ကွယ်သွားလေသည်။

မျက်စိတမှိတ်အတွင်း ထောင်စောင့်လေးဦး သေဆုံးသွားခဲ့သည့်အပေါ် သည်းမခံနိုင်တော့ သည်မှာ သဘာဝပေပင်။

အနီရောင်ဝတ်ရုံသည် တောက်ပလာပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် မီးလျှံတစ်ခု ပေါက်ကွဲထွက်လာ၏။

အလယ်အလတ်အဆင့် ရွှမ်ယုကျင့်ကြံမှုသည် ကောင်းကင်ဆန္ဒဥပဒေ ရောယှက်လျက် တိုက်ပွဲများထံအုပ်မိုးလာသည်။

ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာကြီးကိုဖျက်ဆီးနိုင်သည့် စွမ်းအားတစ်ခု အဖြစ် ခံစားလိုက်ရ၏။

ကောင်းကင်နှင့်မြေကြီး တုန်ခါသွားပြီး လေဟာနယ်ပြိုကွဲသွားလေသည်။ လျိုချန်ရှန်၊ ကျန်းပေချီနှင့် အခြားသူများ အံ့သြမှင်သက် ကုန်ကာ အမူအရာ ပြောင်းသွားကြ၏။

“ ဟုန်ယင်၊ မင်းက တကယ့်ကို မိုက်မဲလွန်းတာပဲ အခုချိန်ထိတောင် ဘယ်သူက မင်းကို တကယ်သတ်ချင်နေလဲဆိုတာ နားမလည်နိုင်သေးဘူးပဲ။ ”

စကားသံနှင့်အတူ နီရဲနေသော အလင်းတန်းတစ်ခု ကောင်းကင်ကိုဖြတ်၍ လျှပ်စီးကဲ့သို့ ရွေ့လျားလာသည်။

ထိုတိုက်ခိုက်မှုသည် ပြိုင်ဘက်ကင်း လွှမ်းမိုးနိုင်စွမ်းများ ပြည့်နှက်နေတော့၏။ ဟုန်ယင်တစ်ယောက် တောင့်တင်းသွားပြီး တွန့်ဆုတ်ခြင်းမရှိဘဲ အသက်ကယ် ဝှက်ဖဲတစ်ချပ်ကို ထုတ်လိုက်ရသည်။

“ အသက်ဝင် ... ။ ”

အနက်ရောင် တာအိုတံဆိပ်တစ်ခု ကောင်းကင်တွင်ပေါ်လာကာ စူးရှလွန်းသော အလင်းများ ပေါက်ကွဲထွက်လာသည်။

အနီးကပ်ကြည့်သော် လက်သီးဆုပ်အရွယ် လေးထောင့်ပုံစံ အနက်ရောင် တံဆိပ်ပြားငယ် တစ်ချပ်ဖြစ်သည်။

“ ဝုန်း ... ။ ”

ပေါက်ကွဲသံများနှင့်အတူ အနီရောင်အလင်းတန်းခမျာ တာအိုတံဆိပ်၏ တားဆီးခြင်းခံလိုက်ရ၏။

ကြောက်စရာကောင်းသော အဖျက်စွမ်းအားများသည် လှိုင်းလုံးကြီးသဖွယ် အရပ်ရပ်သို့ ပြန့်ကားလာချေပြီ။

“ ဝေါ့ ... ။ ”

ရလာဒ်အနေဖြင့် ဟုန်ယင်တစ်ယောက် လေဟာနယ်အတွင်း နောက်ပြန်လဲကျသွား၏။ မျက်နှာသည် ဖြူဖျော့သွားပြီး နာကျင်မှုကြောင့် သွေးအန်လာချေပြီ။

လူတိုင်းအံ့အားသင့်ကုန်၏။ အထူးသဖြင့် ကျန်ရှိနေသော ထောင်မှူးများပင်။ ကောင်းကင် ကိုးပါးနန်းတော်၏ အဖွဲ့ဝင်များအနေဖြင့် တာအိုကျိန်စာမည်မျှ ပြင်းကြောင်း သိရှိထားသည်။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

ယခုမူ သတ္တမကြယ်အရာရှိသည် ၎င်းကိုဂရုမစိုက်ဘဲ သစ္စာဖောက်ခြင်းပြုနေ၏။ ထိုခဏလေးအတွင်းမှာပင် ဓားသုံးချက် ဝင်လာပြီး သူတို့ခန္ဓာနှင့်ဦးခေါင်း ကွဲထွက်သွားချေပြီ။

ဤတိုက်ပွဲသည် သူတို့အတွက် ပြင်ဆင်ထားသော ထောင်ချောက်တစ်ခုဖြစ်မှန်း နောက်ကျမှသိရှိသွား၏။

ရလာဒ်သည် လျူချန်ရှန်တို့အဖွဲ့ကို သက်သာရာရစေသော်လည်း ထိုထဲတွင် ယီလောမပါဝင်ခဲ့ချေ။

သည်မတိုင်မီ သူ့လုပ်ရပ်နှင့် ညှိနှိုင်းမှုများသည် သူ့ကိုယ်သူ ပါးရိုက်ရန် တောင်းဆိုခဲ့ခြင်းမျိုး ဖြစ်နေ၏။

“ ဘယ်လောက်ရှက်စရာ ကောင်းလိုက်လဲ။”

အထူးသဖြင့် စုရီအကြောင်း လှောင်ပြောင်ခဲ့သောစကားများကို ပြန်သတိရ လာကာ ရှက်ရွံ့လာ၏။

ထိုအချိန်တွင် ဟုန်ယင်သည်လည်း မတည်မငြိမ်ဖြင့်ထရပ်ကာ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီး ဒေါသကိုငြိမ်းသက်လျက် လွတ်မြောက်ရန် နည်းလမ်းစဉ်းစားလိုက်သည်။

“ ရှင်ခြင်းနဲ့သေခြင်း ဗုဒ္ဓတံဆိပ်လား၊ အဲဒီမြေခွေးကြီးက မင်းအတွက်ဒီလိုရတနာမျိုး ပေးအပ်ထားလိမ့်မယ်လို့ မထင်မိဘူး။ ”

ငရဲဘုရင်မှ တီးတိုးရေရွတ်လိုက်သည်။ ဟုန်ယင်တစ်ယောက် မျက်နှာအမူအရာများ အေးစက်လာတော့၏။

“ သတ္တမကြယ်အရာရှိ ... မင်းက တကယ်ပဲဂိုဏ်းကို သစ္စာဖောက်ဖို့ စီစဉ် နေတာလား။ ”

ငရဲဘုရင်၏ လှပသောမျက်လုံးများတွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင်များ လင်းလက် လာခဲ့သည်။ သူမက ဟုန်ယင်မေးခွန်းကို စကားဖြင့် ပြန်မဖြေချေ။

“ သွား ... ။ ”

လက်ကိုဝှေ့ယမ်းလိုက်သောအခါ ကောင်းကင်ကနေ နီရဲသောအလင်းရောင်များ ကျဆင်းလာခဲ့၏။

“ ဟမ့် ... ။ ”

ဟုန်ယင်သည်လည်း တာအိုတံဆိပ်ကို အသက်သွင်းပြီး သူမထံသို့ ပြေးဝင်လိုက်သည်။

“ ဝုန်း ... ။ ”

ထို့နောက် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာတော့၏။ ငရဲဘုရင်၏ စွမ်းအားနှင့် ဟုန်ယင်ပြသသော ခွန်အားတို့သည် မယုံနိုင် လောက်အောင် အစွမ်းထက်ချေပြီ။

ကြောက်မက်ဖွယ်ကောင်းလွန်းပြီး ​ထောင်မှူးများ၏ စွမ်းရည်များထက် များစွာ သာလွန်ချေ၏။ လျူချန်ရှန်နှင့် ကျန်းပေ့ချီတို့၏ အမူအရာများပင် တည်ကြည်လာခဲ့သည်။

သူတို့သည်သာ ဟုန်ယင်နှင့် ရင်ဆိုင်ရသော် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးမရှိနိုင်သည် လောဟု တွေးဆနေမိ၏။

“ ဝှစ် ... ။ ”

ဤအချိန်တွင် စုရီက ရုတ်တရက် ရှေ့တိုးသွားပြီး တိုက်ပွဲထဲ ဝင်ရောက်သွားသည်။  

“ မကောင်းတော့ဘူး ... ။ ”

ဟုန်ယင်တစ်ယောက် အမူအရာ အနည်းငယ်ပြောင်းသွားပြီး အံကြိတ်လျက် ချက်ချင်းလှည့်ပြေးလေသည်။

စုရီတွင် ကောင်းကင်ဆန္ဒဥပဒေကို ထိန်းချုပ်နိုင်သောစွမ်းအားမျိုး ရှိနေကြောင်း သူ ခံစားမိပြီးဖြစ်၏။

“ ဟမ့် ... မင်းပြေးချင်လား။ ”

တစ်ဖက်တွင် ကျန်းပေ့ချီသည် ချက်ချင်းလှုပ်ရှားကာ ဓားဖြင့်ပိုင်းချလိုက်၏။ ပြင်းထန်ပြီး လွှမ်းမိုးနိုင်သော ဓားရောင်ဝါက ကောင်းကင်တခွင် ပျံ့ကားသွားသည်။

“ ငါ့လမ်းက ဖယ်စမ်း။ ”

ဟုန်ယင်မှ ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ ရှင်ခြင်းနှင့် သေခြင်း ဗုဒ္ဒတံဆိပ်ကို လေထဲပစ်သွင်းကာ ထိုဓား အပေါ် ဖယ်ရှားပစ်လိုက်၏။

“ ဟမ့် ... ။ ”

“ ငါတို့ရှိတယ် ... ။ ”

သို့သော် လျူချန်ရှန်နှင့်အတူ ဝမ်ချုံးလုသည်လည်း ရောက်ရှိလာပြန်ကာ သူ့ကိုဟန့်တားတော့သည်။

သူတို့အားလုံးသည် ဟုန်ယင်ကို လွတ်မြောက်စေရန်အတွက် အခွင့်အရေး လုံးဝမပေးနိုင်ချေ။ ဤအရာက ဟုန်ယင်ကို ထိတ်လန့်တုန်လှုပ်မှုနှင့် ဒေါသများ ပိုမို ပြည့်နှက်လာစေတော့၏။

များမကြာခင် ဆုတ်ခွာရာလမ်းကြောင်း ပိတ်ဆို့ခံလိုက်ရပြီး ပင့်ကူအိမ်ထဲငြိတွယ်သည့် ပိုးကောင်အလား ဝရုန်းသုံးကား ဖြစ်လာတော့သည်။

သူ့မျက်လုံးများသည် သွေးကဲ့သို့ ချက်ချင်းရဲရဲနီလာပြီး အရှိန်အဝါများ ကြမ်းတမ်း လာခဲ့၏။ မဝေးကွာသောအရပ်တွင် စုရီ သည်လည်း လိုက်ပါလာနေသည်။

“ ကောင်းပြီ ... ငါသေရင်တောင် ငါနဲ့အတူမင်းတို့အားလုံးကို ခေါ်သွားမယ်။ ”

အဆုံး၌ တာအိုအုတ်မြစ်ကို လောင်ကျွမ်းစေလျက် စွမ်းအားမြှင့်တင်ကာ၊

“ သွေးလောင်ကျွမ်းခြင်း ... ။ ”

-ဟု အော်ဟစ်လိုက်၏။

“ မြန်မြန် ... ။ ”

ငရဲဘုရင်ခမျာ ထိတ်လန့်သွားပြီးနောက် လူတိုင်းကိုပြန်ဆုတ်ရန် သတိပေးလိုက်သည်။ ဤသည်မှာ ကောင်းကင်ကိုးပါးနန်းတော်၏ တားမြစ်နည်းစနစ်ဖြစ်ပြီး ကြောက်မက်ဖွယ် ကောင်းသည်။

အကန့်အသတ်မရှိ ဖျက်ဆီးနိုင်စွမ်းကို ထုတ်လွှတ်နိုင်တော့၏။ အကျိုးဆက်အနေဖြင့် အသက်စွမ်းအားနှင့် ကျင့်ကြံမှုကို ပေးဆပ်ရချေပြီ။

နယ်ပယ်တူအတွင်းမဆိုနှင့် ပို၍ အစွမ်းထက်သော ကျွမ်းကျင်သူများကိုပင် မမျှော်လင့်ထားသော အကျိုးဆက်များ ခံစားရစေမည်။

“ ဟားဟားဟား .... ဆုတ်ခွာချင်တာလား နောက်ကျသွားပြီ ... ။ ”

ဟုန်ယင်တစ်ယောက် ရူးသွပ်စွာ ရယ်မောလိုက်ပြီးနောက် ရှင်ခြင်းနှင့်သေခြင်း ဗုဒ္ဓတံဆိပ်ကို အသက်သွင်းလိုက်သည်။

ကမ္ဘာကိုဖျက်ဆီးနိုင်သော စွမ်းအားလှိုင်းတစ်ခု တံဆိပ်မှထွက်လာကာ အရပ်မျက်နှာအားလုံးကို ဖုံးလွှမ်းသွား၏။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီး ပြိုကျလာကာ အရာအားလုံး မှေးမှိန်သွားသည်။ လေးယောက်သား နွံထဲဖြတ်သန်းနေရသကဲ့သို့ လေးလံလာပြီး တောင့်တင်းသွားကြသည်။ လွတ်မြောက်ရန် လမ်းမရှိတော့ချေ။

“ ကလန် ... ။ ”

ထိုအချိန်တွင် အချိန်များရပ်တန့်သွားကာ ထူးဆန်းပြီး တိုးဖျော့သည့် ဓားမြည်သံတစ်သံ ပဲ့တင်ထပ်လာခဲ့လေသည်။

All Chapters