← Chapters

ကြယ်ကိုးပွင့်ဓားတောင် ...

Vol. 65 Ch. 777

ကြယ်ကိုးပွင့်ဓားတောင် ...

Vol. 65 Ch. 777

တာအိုကျက်သရေများ ရစ်သိုင်းနေသော ကျွန်းမျောကြီးပေါ်တွင် လူအများအပြား နေရာ ယူထားကြလေသည်။ ငရဲဘုရင်အတွက် ဤမြင်ကွင်းသည် သံသယဖြစ်စရာဖြစ်၏။

“ သူတို့ ဘာလုပ်နေကြတာလဲ ... ပွဲကြည့်ဖို့စောင့်နေကြတာလား ဒါမှမဟုတ် သင်္ချိုင်းအောက်ကနေ ပြန်လာမဲ့ သူတို့ရဲ့ အကြီးအကဲတွေကို စောင့်တာလား။ ”

စုရီက ခေါင်းခါပြီး၊

“ သူတို့က နယ်ပယ်တစ်ခုကို ဖြတ်ကျော်နိုင်မဲ့အခွင့်အရေးကို ကြိုးစားပြီး ရှာဖွေနေကြတာ ...

... ဒီကျွန်းမျောကြီး အောက်မှာ မြေအောက်ကမ္ဘာသင်္ချိုင်းရဲ့ မဟာတာအို ဥပဒေရှိတယ် ...

... အခု မင်းမြင်နေရတဲ့ အလင်းရောင်တွေဟာ အဲဒီမဟာတာအိုရဲ့ မူလစည်းမျဉ်းတွေထဲတစ်ခုပဲ ...

... လေထုထဲမှာ ပဲ့တင်နေတဲ့ တာအိုတေးသံတွေကတော့ လူသားတွေရဲ့ အသက်ရှူသံ၊ ပင်လယ်ရေလှိုင်းသံနဲ့ လျှို့ဝှက် ဆန်းကြယ်မှုတွေပါတဲ့ တာအိုစည်းချက်ပဲ ...

... တစ်ယောက်ယောက်က ဒါကို ခံစားနားလည်ရင် နယ်ပယ်ကို ဖောက်ထွင်း ဝင်ရောက်ဖို့ ဉာဏ်အလင်းရရှိနိုင်မယ် ...

... ဒါပေမယ့် ကျင့်ကြံမှု မလုံလောက်ရင်တော့ ချီသွေဖည်မှုခံစားရပြီး သေဆုံးခြင်း ... တာအိုပျက်စီးခြင်းတွေ ဖြစ်ပေါ်လာစေတယ်။ ”

ဤစကားကို ကြားသောအခါ ငရဲဘုရင်၏အကြည့်များ ထူးဆန်းလာခဲ့သည်။

“ တာမိုမိတ်ဆွေ၊ မင်းလည်း ဧကရာဇ်အဖြစ်သက်သေပြဖို့ အခွင့်အရေး ရှာချင်နေတာလား။ ”

“ မှန်တယ်။ ”

စုရီက ရိုးသားစွာ ခေါင်းညိတ်ပြသည်။

“ မျှော်လင့်မထားတဲ့ မတော်ဆမှုမျိုးသာ မဖြစ်ပျက်ခဲ့ရင် ... မြေအောက်ကမ္ဘာသင်္ချိုင်းမှာ ဧကရာဇ်အဖြစ် ငါ့ကိုယ်ငါ သက်သေပြမယ်။ ”

သူပြောပြီးသည်နှင့် မျှော်လင့်ချက် အရိပ်အယောင်တစ်ခုသည် မျက်ဝန်းများထဲ နက်ရှိုင်းစွာ ဖြတ်ပြေးသွားသည်။

သူ့အတွက် ပြန်လည်မွေးဖွားခြင်းသည် ပြီးပြည့်စုံသော ဧကရာဇ်တစ်ပါး ဖြစ်လာရန် ပြင်ဆင်ခြင်းဖြစ်၏။

ဤနယ်ပယ်သည် အင်မော်တယ်နှင့် သေမျိုးများကြား ခြားထားသော နယ်နိမိတ်မျဉ်း တစ်ကြောင်းပေပင်။

စုရီ၏ ရိုးသားမှုက ငရဲဘုရင်ကို အံအားသင့်သွားစေ၏။ တစ်ဖက်တွင် စုရီသည် ဧကရာဇ်ဖြစ်လာရန် လုံးဝယုံကြည်မှုရှိကြောင်း ပြသနေပြန်သည်။ ငရဲဘုရင်က၊

“ မြေအောက်သင်္ချိုင်းက လွန်ခဲ့တဲ့ ခြောက်လက ပေါ်ပေါက်လာတာမဟုတ်လား ဒီအချိန်အတော အတွင်းမှာ ... မရဏကမ္ဘာရဲ့ ထိပ်တန်းအင်အားစုတွေ အများကြီးဟာ ရောက်လာခဲ့ကြတယ် ...

... ဆိုလိုတာက မြေအောက်ကမ္ဘာ သင်္ချိုင်းအောက်မှာ အစွမ်းထက်တဲ့ဧကရာဇ်တွေ စုဝေးရောက်ရှိနေနိုင်တယ်လို့ အဓိပ္ပါယ်ရတယ်။ ”

“ မှန်ပါတယ် ... ။ ”

သူမစကားကို စုရီက အနည်းငယ် ခေါင်းညိတ်ပြသည်။ ဧကရာဇ်တစ်ပါးဖြစ်ရန် အပြင် အခြားသောရည်ရွယ်ချက် စုရီတွင် ရှိလေသည်။

စွေ့လုံရှင်း၊ ခေါင်းတလားထမ်း သူရဲအိုကြီးနှင့် ကြက်ဖကြီးတို့ကို ဤအရပ်၌ ရှာဖွေလိုခြင်းဖြစ်၏။ ထို့ပြင်ဆန်းကြယ်လှသည့် အနက်ရောင်သင်္ဘောသည်လည်း ရှိသေးသည်။

“ မင်းတကယ် လိုက်ချင်တာ သေချာလား။ ”

စုရီက ငရဲဘုရင်ကို လှည့်ပြီး မေးမြန်းလိုက်သည်။ မြေအောက်ကမ္ဘာသင်္ချိုင်း ဟူသည် နာကျည်းခြင်းပင်လယ်တွင် အန္တရာယ်အရှိဆုံးနေရာဖြစ်၏။

ထိုနေရာသို့ ဝင်ရောက်ခဲ့သော မည်သူမဆိုကြောက်မက်ဖွယ် အကျိုးဆက်များ ရင်ဆိုင်ရပေမည်။ သို့တိုင် ငရဲဘုရင်မှ တွန့်ဆုတ်ခြင်းမရှိဘဲ၊

“ ဟုတ်ပါတယ် ... ဘာပဲဖြစ်ဖြစ် ငါက(avatar)တစ်ခုပါပဲ ... ငါသေသွားလည်း အရေးမကြီးပါဘူး ...

... ဆန့်ကျင်ဘက်အနေနဲ့ ငါသာ ပြန်လည်ဝင်စားခြင်းရဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းလေ့လာခွင့်ရရင် အဲဒါက အကျိုးအမြတ် တစ်ခု ဖြစ်လာလိမ့်မယ်။ ”

-ဟု ပြန်ဖြေသည်။

“ ဒါဆို မင်းကိုယ်မင်း ဂရုစိုက်သင့်တယ်။ ”

စကားဆုံးသည်နှင့် စုရီသည် ထာဝရလှေငယ်ကိုသိမ်းဆည်းပြီး အလျင်အမြန် ထွက်ခွာသွားတော့သည်။ ထိုအပြုအမူကြောင့် ငရဲဘုရင်မှ မျက်မှောင်ကြုတ်လျက်၊

“ တာအိုမိတ်ဆွေ ... ၊ ငါ့ကို မျက်ချေဖြတ်ထားပြီး မင်းတစ်ယောက်တည်း သွားဖို့ စီစဉ်နေတာလား။ ”

-ဟု အော်ဟစ်လိုက်၏။

“ ဟမ့် ... ဒါက အဓိပ္ပာယ်ရှိတယ် မဟုတ်ဘူးလား မင်းကငါ့အပေါ် အမြဲတမ်းဒုက္ခ ပေးဖို့အတွက် ကြံစည်နေတာ ငါဘယ်လိုလုပ် သတိမထားဘဲ နေနိုင်မှာလဲ။ ”

စုရီက ခေါင်းမလှည့်ဘဲ တုန့်ပြန် ပြောကြားသည်။ ထို့နောက် လေထဲပျံတက်ပြီး အလင်းမျှင်တစ်ချောင်းကို ဆွဲယူလိုက်၏။

ကောင်းကင်ကြိုးတစ်ချောင်းကို ဆွဲကိုင်လိုက်သလိုမျိုး ထိုအလင်းတန်းနှင့်အတူ ချက်ချင်း မှုန်ဝါးသွားသည်။ ထို့နောက် နောက်ထပ် တစ်ချောင်းထံကူးသွား၏။

“ ဟမ့် ... ငါ့ကိုခါထုတ်ဖို့ ကြိုးစားနေတာလား လုံဝမစဉ်းစားနဲ့။ ”

ထိုမြင်ကွင်းကြောင့် ငရဲဘုရင်က ပြုံးလိုက်သည်။ တစ်ဖက်လူသည် ယခင်ဘဝက မြေအောက်သင်္ချိုင်းသို့ စွန့်စားဝင်ရောက် ခဲ့ကြောင်း သေချာနေချေ၏။

ဆိုလိုသည်မှာ ဤနည်းလမ်းဖြင့် စုရီတစ်ယောက် မြေအောက်သင်္ချိုင်းကျွန်းမျော အတွင်း ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

“ ဝှစ် ... ။ ”

တုန့်ဆိုင်းခြင်းမရှိ အလင်းမျှင် တစ်ချောင်းကိုဖမ်းယူရန် ခုန်တက်လိုက်သည်။ သို့သော် အလင်းမျှင်သည် ငါးတစ်ကောင် အလား သူမလက်မှ ထွက်ပြေးသွား၏။

“ ဟမ့် ... ။ ”

မြေအောက်ကမ္ဘာ သင်္ချိုင်းကို ဝင်ရောက်ရန်နည်းလမ်းမှာ ထင်သလောက် လွယ်ပုံမရချေ။

ဤမရေမတွက်နိုင်သော အလင်းရောင် ချည်မျှင်များအတွင်း အာကာသနိယာများသာ ပါရှိကြိုးများကို ရှာဖွေရန်လိုအပ်၏။

အချိန်အတော်ကြာပြီးနောက် အာကာသ အလင်းကြိုးမျှင်တစ်ချောင်းကို ဆုပ်ကိုင်နိုင်ကာ အာကာသဥပဒေစွမ်းအားဖြင့် စုရီကဲ့သို့ စီးမျောသွားတော့သည်။

များမကြာခင် နောက်ထပ် အာကာသအလင်း ကြိုးမျှင်တစ်ချောင်းထံ လက်လှမ်းလိုက်ပြန်၏။

***

မြေအောက်ကမ္ဘာသင်္ချိုင်း နယ်မြေ။ နှင်းကဲ့သို့ဖြူဖွေးသော လပြည့်ဝန်းကြီးသည် မြင့်မားစွာ ချိတ်ဆွဲထားပြီး ငွေရောင်ဖျော့ဖျော့ တောက်ပနေသည်။

မြေပြင်ပေါ်တွင် တောင်တန်းများ၊ မြစ်များသည် အဆုံးမရှိသွယ်တန်းနေခဲ့ကာ ရှေးကျသောတိရစ္ဆာန်များကို မြင်နိုင်၏။

တောင်ထိပ်တစ်ခုပေါ်တွင် လူရွယ်တစ်ယောက်နှင့် အဖိုးအိုတစ်ယောက်က ပျင်းရိစွာစောင့်ကြပ်နေသည်။

“ ဆရာ ... ရက်နှစ်ဆယ်ရှိနေပြီ ... ဒီကိုဘယ်သူမှ ဝင်မလာပါလား စောင့်ကြပ်ဖို့ တကယ်လိုအပ်သေးရဲ့လား။ ”

လူရွယ်သည် ဆံပင်နှင့် မုတ်ဆိတ်များ ရှုပ်ပွလျက် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင် ထားလေသည်။

သူ့ကျောပေါ်တွင် ရှေးဟောင်း ဓားတစ်လက်ကို သယ်ဆောင်ကာ မျက်လုံးများ စူးရှထက်မြက်နေ၏။

“ ဟမ့် ... လဝက်လောက်လေးပဲ ရှိပါသေးတယ် ဘာတွေ အလျင်လိုနေတာလဲ။ ”

ဟောင်းနွမ်းနေသော ဝတ်ရုံကို ဝတ်ဆင်ထားသည့်အဘိုးကြီးက တောင်ထိပ်၌ တင်ပျဉ်ခွေထိုင်နေရာမှ တုန့်ပြန်သည်။

သူ့ဝတ်ရုံ၏ ဘယ်ဘက်ပခုံးတွင် ကြယ်ကိုးပွင့်ဝိုင်းရံထားသော ဓားတစ်လက် ပုံစံမျိုး ရေးထိုးထားချေပြီ။ အနက်ဝတ် လူရွယ်က သက်ပြင်းချလျက်၊

“ သူတို့က ဘယ်သူ့ကို ရှာနေတာလဲ။ ”

-ဟု မေးမြန်းသည်။ အဘိုးကြီးက ခေါင်းခါပြတော့၏။ သူသည်လည်း မသိချေ။

“ ဟမ့် ... ။ ”

ရုတ်တရက် အဘိုးကြီးက ခေါင်းမော့ကြည့်လိုက်ရာ လေဟာနယ်အတွင်း ​အာကာသလှိုင်းတွန့်တစ်ခု ဖြစ်ပေါ်လာနေ သည်ကို မြင်လိုက်ရသည်။

“ တစ်ယောက်ယောက် လာနေပြီ။ ”

အနက်ရောင်ဝတ်ရုံဝတ်ထားသော လူရွယ်သည် စိတ်ဓာတ်များ တက်ကြွလာပြီး ချက်ချင်းထရပ်လိုက်၏။ အဘိုးကြီးမှ ပို၍ တည်ငြိမ်သွားကာ၊

“ ဒီလူက ဘယ်လောက်အထိ ကျင့်ကြံမှုအဆင့်ရှိလဲဆိုတာ ကြည့်ရအောင် သူတို့သာပူးပေါင်းရင် အကောင်းဆုံးပဲ မဟုတ်ရင် နည်းနည်းပင်ပန်းရလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်၏။ အနက်ရောင်ဝတ် လူရွယ်က ခေါင်းညိတ်သည်။ စကားပြောနေစဉ် အာကာသလှိုင်းမှာ ပိုတွန့်လာ၏။

အဆုံး၌ ကျောက်စိမ်းရောင် ဝတ်ရုံဝတ်ထားသော လူငယ်တစ်ယောက်ပုံရိပ် လေထဲပေါ်လာသည်။

ယခင်အကြိမ်ဝင်ရောက်လာသူများနှင့် နှိုင်းယှဉ်သော် ဤလူငယ်သည် အတော်အတန် တည်ငြိမ်နေပြီး လက်များကိုနောက်ပို့လျက် ပတ်ဝန်းကျင်အနှံ့ စူးစမ်းနေခဲ့သည်။

“ ဆရာ ... ငါ့အမြင်အရတော့ ဒီကောင်လေးက သူတို့ရှာနေတဲ့ပစ်မှတ်တော့ မဟုတ်လောက်ဘူးထင်တယ်။ ”

အနက်ရောင်ဝတ်ရုံဝတ်ထားသော လူရွယ်သည် စုရီ၏ကျင့်ကြံမှုကို မြင်သွားကာ စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ အဘိုးကြီး သည်လည်း သက်ပြင်းချကာ၊

“ ဒီကောင်လေးက သိပ်အစွမ်းထက်တာမဟုတ်ပေမယ့် ရဲရင့်ပြီး သတ္တိရှိလွန်းတယ် သွားဖမ်းလိုက်ပါ စစ်ဆေးကြည့်ရအောင်။ ”

-ဟု အမိန့်ပေးလိုက်သည်။

သို့သော် အနက်ရောင် ဝတ်ရုံဝတ်ထားသော လူရွယ်သည် လှုပ်ရှားရန် ပျင်းရိနေကာ၊

“ ကောင်လေး၊ မင်းမှာသတ္တိရှိတယ် မြေအောက်ကမ္ဘာသင်္ချိုင်းကို တစ်ယောက်တည်း ဝင်လာဝံ့တယ် သေမှာမကြောက်ဘူးလား။ ”

-ဟု လှမ်းမေးလိုက်သည်။

“ မင်း ... လုယက်ချင်တာလား။ ”

“ ဟား ဟား ဟား ... ကောင်းပြီ၊ အဓိပ္ပါယ်မရှိတဲ့စကားတွေနဲ့ အချိန်ဖြုန်းတာကို မင်းမကြိုက်ဘူးထင်တယ် နာခံမှုရှိရှိ ဒီကိုလာပါ ငါမင်းကိုလိုက်ပို့ပေးစရာ နေရာတစ်ခုရှိတယ်။”

“ ဘယ်နေရာလဲ။ ”

“ ဘာလို့ စကားများနေတာလဲ ... မင်းကိုယ်တိုင်ဒီကိုလာပါ မဟုတ်လို့ငါသာ လှုပ်ရှားရရင် မင်းဒုက္ခရောက်လိမ့်မယ်။ ”

စကားဆုံးသည်နှင့် အနက်ဝတ်လူရွယ်မှ ရုတ်တရက် လူသတ်ချင်စိတ်များ ထုတ်ဖော်ပြ လိုက်၏။ သူ့နောက်ရှိ ရှေးဟောင်းဓားကြီး သည်လည်း ညည်းညူသံပြုသည်။

ပတ်ဝန်းကျင်တွင် ရုတ်တရက် ဝမ်းနည်းကြေကွဲစွာ အော်ဟစ်မြည်ကျွေးသံများ ဆူညံသွား၏။ ရွှမ်ကျောက်အဆင့် ဧကရာဇ်တစ်ပါးပေပင်။

“ ကောင်းပြီ ... ။ ”

စုရီက လေထဲ လျှောက်လှမ်းသွား၏။ အနက်ရောင်ဝတ်ရုံဝတ်ထားသည့် လူရွယ်မှ ပြုံးလေသည်။

“ မင်းလိမ္မာတယ် ... ။ ”

စုရီက တောင်ထိပ်ပေါ် ဆင်းသက် လိုက်ပြီးနောက် အဖိုးကြီးရင်ဘတ်ရှိ တံဆိပ်ကို မြင်သောအခါ မျက်ခုံးပင့်လိုက်သည်။

ကြယ်ကိုးပွင့်ဓားတောင်။ ဤသည်မှာ အရိုင်းမြေကိုးပါး၏ တာအိုဂိုဏ်းခြောက်ဂိုဏ်း အနက်မှ တစ်ခုပေပင်။

“ မင်းက ရွှမ်ကြွယ်မဟာမိတ်အဖွဲ့ကလား။ ”

စုရီက လူရွယ်ကို လှည့်မေး၏။ ပင်းမို၏တပည့်လေးယောက်သည် မြေအောက် ကမ္ဘာသင်္ချိုင်းကို စူးစမ်းနေကြောင်း ပုစဉ်းရင်ကွဲ စံအိမ်မှ သူ သတင်းရထားခဲ့သည်။

“ မင်း ... မျက်စိကောင်းတယ်။ ”

အနက်ဝတ်လူရွယ်က အံ့အားသင့်စွာ ဝန်ခံလိုက်၏။ မရဏကမ္ဘာရှိ ထိပ်တန်းမျိုးရိုးမှ အဖိုးကြီးများသာလျှင် တစ်ချက်ကြည့်ရုံဖြင့် သူတို့၏မူလကို ဤသို့မြင်နိုင်မည်။

ထိုအချိန်တွင် တင်ပျဉ်ခွေထိုင်နေသော အဘိုးကြီးသည် မျက်လုံးများ ဖွင့်လာခဲ့သည်။ သူက စုရီထံ လှည့်ကြည့်ကာ၊

“ ကောင်လေး ... မင်းရဲ့နောက်ခံက မရိုးရှင်းဘူးထင်တယ်။ ”

-ဟု မှတ်ချက်ပေး၏။ စုရီမှ ပြုံးသည်။

“ မင်းတို့က ဒီနေရာကို ဘာအတွက် စောင့်ကြပ်နေတာလဲ။ ”

မြေအောက်ကမ္ဘာသင်္ချိုင်းသို့ ဦးတည်နေသော အာကာဥမင်သည်(၃၆)ခုရှိပြီး တစ်ခုချင်းစီသည် မတူညီသော ဒေသထံ ပို့ဆောင်သည်။

ထို့ကြောင့် အခြားသော အာကာသဥမင် (၃၆)ခုတွင်လည်း ရွှမ်ကြွယ်မဟာမိတ်အဖွဲ့သည် အစောင့်အကြပ်များ ထားရှိနေနိုင်ကြောင်းကို ကောက်ချက်ချနိုင်ချေပြီ။

All Chapters