← Chapters

ပင်းမို၏ တပည့်လေးဦး ...

Vol. 65 Ch. 778

ပင်းမို၏ တပည့်လေးဦး ...

Vol. 65 Ch. 778

“ ကောင်လေး၊ မင်းက အခု အကျဉ်းသားတစ်ယောက်ဖြစ်နေပြီ ... ​​ဘာလို့ မေးခွန်းတွေ ဒီလောက်များနေတာလဲ။ ”

အနက်ဝတ်လူရွယ်သည် မျက်မှောင်ကြုတ်ကာ ပြောကြားလိုက်သည်။ တစ်ဖက်လူသည် အန္တရာယ်ကို နားမလည် သကဲ့သို့ မေးခွန်းများမေးရန်ပင် ကြိုးစားနေသည်။

“ ငါမေးတာဖြေပါ။ ”

စုရီက ပြုံးပြီးထပ်မေးလိုက်သည်။ ဤတစ်ကြိမ်တွင် အနက်ဝတ်လူသည် စုရီသည် ထူး​​ခြားနေကြောင်း သတိပြုမိလာ၏။

ပုံမှန်အားဖြင့်ဆိုသော် တန်ခိုးကြီး ဧကရာဇ်တစ်ပါးပင်လျှင် ဤသို့ဖမ်းဆီးခံရချိန်၌ အံ့အားသင့်ပြီး ဒေါသထွက်ကာ တိုက်ခိုက်ရန် ကြိုးစား​​ပေမည်။

“ ငါ့မေးခွန်းတွေကို မင်း ... ရိုးသားစွာ ဖြေသင့်တယ် မဟုတ်ရင် မင်းအသက်အတွက် အန္တရာယ်ရှိနိုင်တယ်။ ”

စုရီက ထပ်ပြောသည်။ ထိုအချိန်တွင် အဘိုးကြီးသည် သည်းမခံနိုင်တော့ဘဲ၊

“ ဝေဟောင်၊ သူ့ကိုချက်ချင်းဖမ်းပါ။ ”

-ဟု အမိန့်ပေးလိုက်၏။

“ ဟုတ်ကဲ့ ... ။ ”

အနက်ဝတ်လူ၏ ညာဘက်လက် ဆန့်ထွက်လာပြီး နဂါးလက်သည်းကြီးအလား စုရီပခုံးကို အဝေးကနေ လှမ်းဆွဲသည်။

ရွှေရောင်ဥပဒေစွမ်းအားတစ်ခုသည် သူ့လက်ချောင်းငါးချောင်းကို ရစ်ပတ်ထားကာ လေဟာနယ်ဆုတ်ဖြဲလျက် လိုက်ပါလာ၏။

“ ဝုန်း ... ။ ”

နားကွဲမတတ် ထိတွေ့မှုတစ်ခု ပဲ့တင်ထပ်သွားလေသည်။ အနက်ဝတ်လူ၏ ဆုပ်ကိုင်မှု ရုတ်တရက်ပြိုကျသွားပြီး ပြင်းစွာ ယိမ်းထိုးသွားတော့၏။

“ ဟမ့် ... ။ ”

ဟန်ချက် မထိန်းနိုင်ခင်မှာပင် စုရီက ရှေ့တစ်လှမ်းတိုးလာပြီး လည်ပင်းကိုဆွဲကာ ကြက်တစ်ကောင်အလား လေထဲသို့ မြှောက်တင်ခြင်း ခံလိုက်ရတော့၏။

တစ်ချက်တည်းဖြင့် ရွှမ်ကျောက် အလယ်အလတ်အဆင့် ပညာရှင်တစ်ယောက် ဖမ်းဆီးခံလိုက်ရခြင်းပေပင်။

“ မင်း ... ။ ”

အနက်ဝတ်လူခမျာ မျက်နှာနီရဲလျက် အံ့အားသင့်သွား၏။ ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူသည် သူ့ကိုအလွယ်တကူ ဖမ်းဆီးနိုင်သည်လော။

“ သူ့ကို လွှတ်လိုက်စမ်း ... ။ ”

အဘိုးကြီးက မတ်တပ်ရပ်လိုက်ပြီး မိုးကြိုးမုန်တိုင်များအလား သတ်ဖြတ်ချင်စိတ် အချို့ ဖြာထွက်လာသည်။

ဤကျောက်စိမ်းရောင် လူငယ်သည် ဝိညာဉ်တာအိုနယ်ပယ်၌သာ ရှိနေသည်မှာ သေချာ၏။

သို့သော် ဝေဟောင်ကို တစ်ချက်တည်း ဖမ်းဆီးနိုင်ခဲ့သည်မှာ အလွန်အံ့သြစရာပေပင်။ စုရီက ဝေဟောင်ကို မြေပြင်ပေါ်ပစ်ချလျက် ရင်ဘတ်ပေါ်ခြေဖြင့်နင်းလိုက်ကာ၊

“ မင်းတို့လိုလူတွေနဲ့ ဆက်ဆံဖို့ ငါစိတ်မဝင်စားဘူး ငါ့မေးခွန်းတွေကိုဖြေရင် မင်းတို့ကိုထားခဲ့ပေးမယ်။ ”

-ဟု ပြောကြားလိုက်၏။

“ ဂျွတ် ... ။ ”

ခြေထောက်ကို အားစိုက်လိုက်သဖြင့် နံရိုးကျိုးသံအချို့ထွက်ပေါ်လာသည်။ ဝေဟုန် တစ်ယောက် ရှက်ဒေါသများဝင်လာ၏။

အဘိုးကြီးသည်လည်း အမူအရာ အေးစက်တင်းမာလာပြီးနောက် မျက်ဝန်းများ တလက်လက်တောက်ပသွားကာ၊

“ မိတ်ဆွေလေး၊ ဒီကိစ္စကို ဆွေးနွေးကြရအောင် သူ့ကိုအရင်လွှတ်ပေးပါ မင်းက ငါတို့ရွှမ်ကြွယ်မဟာမိတ်အဖွဲ့နဲ့ ရန်သူ မဖြစ်ချင်ဘူးလို့ ငါယုံကြည်တယ်။ ”

“ ခရစ် ... ။ ”

“ အား ... ။ ”

“ ရပ်ပါ ... ရပ်ပါ ... ။ ”

ဝေဟောင်၏ နံရိုးကျိုးသံများ ညံလာကာ နာကျင်စွာညည်းတွားလျက် မျက်နှာတပြင်လုံး တွန့်လိမ်သွားလေသည်။

“ ငါ့ရဲ့သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ် မင်းနောက်ထပ် စကား တစ်ခွန်းဆက်ပြောရင် သူ့ကိုသတ်ပစ်မယ်။ ”

စုရီစကားသည် ပေါ့ပေါ့ပါးပါးဖြင့် တည်ငြိမ်သောအမူအရာကြောင့် အဘိုးကြီးခမျာ ခဏမျှတိတ်ဆိတ်သွားတော့၏။ အဆုံး၌ သက်ပြင်းချကာ၊

“ အမှန်အတိုင်းပြောရရင် ငါတို့က တစ်ယောက်ယောက်ကိုဖမ်းဖို့အတွက် အမိန့်နဲ့ ဒီမှာစောင့်နေတာပါ။ ”

-ဟု ဝန်ခံလိုက်သည်။

“ ဘယ်သူ့ကိုလဲ ... ။ ”

“ ငါမသိဘူး ... ။ ”

“ ဟမ့် ... ။ ”

“ ဟုတ်တယ် ... ငါတို့လုပ်ရမှာက မြေအောက်ကမ္ဘာထဲကို ဝင်ရောက်လာတဲ့ လူတွေအားလုံးကို ဝိညာဉ်ခွဲထုတ်ရေး တောင်ကြောဆီ ခေါ်သွားဖို့ပါပဲ ...

... ပင်းမိုရဲ့ တတိယတပည့်ဖြစ်တဲ့ ကူကျန်းမင်က ကျန်တဲ့ကိစ္စတွေတာဝန်ယူတယ် ငါ တခြားဘာမှမသိဘူး။ ”

ဝိညာဉ်ခွဲထုတ်ရေးတောင်ကြောသည် ဤတောင်တန်းနှင့် မိုင်သုံးဆယ်အကွာတွင် တည်ရှိသည်။

“ မင်းရဲ့ ကျင့်ကြံမှုလောက်နဲ့ဆိုရင် ရွှမ်ယုအဆင့် ရန်သူတစ်ယောက်နဲ့ရင်ဆိုင်ရရင် ဘယ်လိုလုပ်မလဲ။ ”

စုရီက မေးလိုက်သည်။ အဘိုးကြီးသည် ရွှမ်ကျောက်ပြည့်စုံမှုသာ ရှိချေ၏။ ထိုသို့သော တစ်စုံတစ်ယောက်သည် အမှန်ပင် သေခြင်းကို တောင်းခံနေခြင်းပေပင်။

“ ငါတို့က ရွှမ်းကြွယ်မဟာမိတ်အဖွဲ့က လာတာပဲ ကြောက်စရာကောင်းတဲ့ ရန်သူနဲ့ ရင်ဆိုင်ရရင်တောင် သူတို့က ငါတို့ကို မျက်နှာသာပေးပါလိမ့်မယ် ...

... ပြီးတော့ ငါတို့ရှာဖွေနေတဲ့လူ မဟုတ်ရင်လည်း ခက်ခဲအောင် မလုပ်ဘူးလို့ သူတို့ကိုအာမခံပေးနိုင်ပါတယ်။ ”

“ ဒါဆို ... မင်းက တခြားလူရဲ့ စွမ်းအားကိုယူပြီး ခြိမ်းခြောက်နေကြတာပဲ။ ”

စုရီက မေးခွန်းများ ထပ်မေးသည်။ အဘိုးကြီးနာမည်သည် ဖူတုံဟွာဟု ခေါ်၏။ ကြယ်ကိုးပွင့်ဓားတောင်မှဖြစ်ပြီး ကူကျန်းမင် အမိန့်အောက်၌ ရှိနေသည်။

ဖူတုံဟွာအဆိုအရ ယခုတစ်ကြိမ် မြေအောက်ကမ္ဘာသင်္ချိုင်းသို့ ဝင်ရောက်ခဲ့သော ရွှန်ကြွယ်မဟာမိတ်အဖွဲ့ကို ပင်းမိုတပည့် လေးဦးမှ ဦးဆောင်၏။

ပုံမှန်အားဖြင့် လူအများသည် အခွင့်အလမ်းနှင့် ကံကြမ္မာကို ရှာဖွေရန် မြေအောက်ကမ္ဘာသို့ ဝင်ရောက်ကြခြင်းပေပင်။

သို့သော် ရွှန်ကြွယ်မဟာမိတ်အဖွဲ့သည် တစ်စုံတစ်ယောက်ကို ဖမ်းဆီးရန် ဝင်ရောက် လာကြခြင်းဖြစ်သည်။ ၎င်းသည် အလွန် ထူးဆန်းလွန်း၏။

“ မက်မွန်မြို့တော်တောင်သခင်က မင်းတို့နဲ့အတူ ရှိနေသလား။ ”

“ ဒါကို ဘယ်လိုသိတာလဲ။ ”

“ ငါမေးတာဖြေပါ။ ”

အဘိုးကြီးက ခဏလောက် တိတ်ဆိတ်နေပြီးမှ၊

“ မြေအောက်ကမ္ဘာသင်္ချိုင်းကို ... ရောက်လာခဲ့တဲ့ ပထမဆုံးနေ့မှာပဲ အဲဒီလူက လမ်းစဉ်ခြောက်ပါးဂူထဲ ဝင်သွားပါတယ် ...

... ကြည့်ရတာ ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်တွေကို စူးစမ်းဖို့လို့ ယူဆရတယ် ဒီထက် ငါလည်းမသိပါဘူး။ ”

စုရီက မျက်ခုံးပင့်သွားသည်။ ရွှမ်ယုအဆင့် ကျွမ်းကျင်သူသည်ပင် လမ်းစဉ်ခြောက်ပါးဂူထဲ၌ အန္တရာယ်ကြီးကြီးမားမား ရင်ဆိုင်ရနိုင်၏။

ကြက်ဖကြီး၏ သတိထားတတ်သော သဘောသဘာဝကိုထောက်ရှုသော် ဒုက္ခအပေါ် ခံယူနိုင်မည်မဟုတ်ချေ။ အကြောင်းအရာသည် ထို့ထက်ပို၍ လေးနက်နေပုံရချေ၏။

“ မိတ်ဆွေလေး ... ငါမင်းကို တတ်နိုင်သမျှပြောပြပြီးပြီ ... အခု မင်းသူ့ကို လွှတ်ပေးနိုင်မလား။ ”

အဘိုးကြီးက သတိထား ပြောကြားလိုက်သည်။ စုရီမှခဏမျှစဉ်းစားပြီး၊

“ နောက်တစ်ခါ ငါတို့တွေ့ရင် သနားနေမှာ မဟုတ်ဘူး။ ”

-ဟု ဆိုလျက် လေထဲ ခြေတစ်လှမ်း လှမ်းတက်လိုက်ပြီး ကောင်းကင်ပေါ် တက်သွား တော့သည်။

ဝေဟောင်ကို မသတ်ဘဲ ထားရစ်ခဲ့သည့်အပေါ် အဘိုးကြီးမှ သက်သာရာ ရသွားတော့၏။ သို့သော်ချက်ချင်းသတိရကာ သူ့မျက်နှာဖြူဖျော့သွားပြီး၊

“ ဒီကိစ္စကို ငါတို့အမြန်သတင်းပို့ရမယ်။ ”

-ဟု ပြောကြားလိုက်၏။

တစ်ဆက်တည်းမှာပင် သူ့အင်္ကျီလက်အတွင်းမှ ရွှေရောင်သင်္ကေတ တစ်ခု ထုတ်ယူပြီး အချက်အလက်များ ပေးပို့လိုက်တော့သည်။

“ ရွှီး ... ။ ”

ခဏအကြာတွင် ရွှေရောင်သက်တံတစ်ခု ကောင်းကင်ပေါ် တည့်တည့်ထိုးတက်သွားကာ ချက်ချင်းပျောက်ကွယ်သွား၏။

အခြားတစ်ဖက်တွင် ထိုရွှေသက်တံကို မြင်လိုက်ရသောစုရီက ပြုံးလျက် လျစ်လျူရှု လိုက်လေသည်။ ဤမြေအောက်ကမ္ဘာကြီးတွင် သူ ဂရုစိုက်ရမည့်သူ မရှိချေ။

***

ဝိညာဉ်ခွဲထုတ်ခြင်း တောင်တန်း။ ဤသည်မှာပေတစ်ထောင် မြင့်မားလွန်းသော အနက်ရောင် တောင်တန်းကြီးတစ်ခု ဖြစ်ပြီး မည်သည့်အပင်မျှ မရှိချေ။

တောင်ပေါ်တွင် ရိုးရှင်းသော နန်းတော်များသာကျန်ရှိ၏။ ထိုနန်းတော်ထဲတွင် လူအချို့ စခန်းချနေထိုင်သည်။

“ အခုချိန်ထိတော့ တားမြစ်နေရာ အချို့ကလွဲလို့ ... မြေအောက်ကမ္ဘာသင်္ချိုင်းကြီး တစ်ခုလုံးကို စူးစမ်းလေ့လာခဲ့ပြီးပြီ ဒါပေမယ့် ပြန်လည်ဝင်စားခြင်းနဲ့ ဆက်စပ်တဲ့ သဲလွန်စ ကိုတော့ မတွေ့ရသေးဘူး။ ”

အေးစက်သော မျက်နှာအမူအရာဖြင့် အမျိုးသမီးတစ်ယောက်က ပြောကြားလိုက်၏။ ဤသည်မှာ ပင်းမိုတပည့် နင်ရွှမ်းဖြစ်လေသည်။ အလယ်အလတ် ရွှမ်ကျောက်ဧကရာဇ် ဖြစ်၏။

“ ဒါကြောင့် ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်သာ ဒီသင်္ချိုင်းထဲမှာ တကယ်ရှိရင် တားမြစ်နယ်မြေလေးခုထဲက တစ်ခုခုမှာပဲ ရှိနေရမယ်လို့ ငါယုံကြည်တယ်။ ”

ဤသည်မှာ စာပေသမားရှန်ကွမ်းကျဲ ဖြစ်သည်။ ကနဦးအဆင့် ရွှမ်ကျောက်ဧကရာဇ်၊ ပင်းမို၏ တပည့်ဖြစ်၏။

မြေအောက်ကမ္ဘာသင်္ချိုင်းတွင် ပြန်ဝင်စားခြင်းပလက်ဖောင်း၊ လမ်းစဉ် ခြောက်ပါးဂူ၊ နတ်ဘုရားသင်္ချိုင်းအပျက်အစီးနှင့် အကျင့်ပျက်ခြစားခြင်းတွင်းနက်တို့သည် တားမြစ်နယ်မြေတို့ဖြစ်သည်။

“ နတ်ဘုရား သင်္ချိုင်းအပျက်အစီး နယ်မြေက ဝင်ရောက်လို့မရဘူး ဘယ်သူမဆို ပြန်လမ်းမဲ့ပါပဲ ...

... အကျင့်ပျက်ခြစားခြင်း တွင်းနက်တော့ ထူးဆန်းတဲ့မိုးကြိုးမုန်တိုင်းတစ်ခုက အမြဲတမ်း ဖုံးလွှမ်းနေတယ် အခုထိ ဝင်ရောက်စူးစမ်းဖို့ ဘယ်သူမှ အခွင့်အရေးမရှိသေးဘူး။ ”

လက်ရှိတပည့်များအတွင်း ခေါင်းဆောင်ဖြစ်သော ကူကျန်းမင်မှ ပြောကြား လိုက်သည်။ ရွှမ်ကျောက် နှောင်းပိုင်း ဧကရာဇ် တစ်ပါးဖြစ်၏။ သူ့စကားကြောင့် လူတိုင်း ခဏတာငြိမ်သက်သွားပြီး၊

“ ပြန်လည်ဝင်စားခြင်း ပလက်ဖောင်းရဲ့ တည်နေရာက ပဟေဠိဆန်နေတယ် ဘယ်သူမှ ရှာမတွေ့သေးသလို တကယ်ရှိ-မရှိလည်း ဘယ်သူမှ သေချာမသိပါဘူး ...

... လမ်းစဉ်ခြောက်ပါးဂူကို ငါတို့ရှာတွေ့ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ တံခါး ဖွင့်ဖို့ ခွန်အားမလုံလောက်သေးဘူး။ ”

သူတို့အားလုံးသည် ဤမြေအောက်ကမ္ဘာ သင်္ချိုင်းအနှံ့ အချိန်အတော်ကြာ စူးစမ်းနေခဲ့ကြ သော်လည်း ယခုအချိန်အထိ တိကျရေရာသော အချက်အလက်များ မတွေ့သေးချေ။

“ အစ်ကိုကြီး၊ ဒီကမ္ဘာပေါ်မှာ တစ်ယောက်ယောက်က လမ်းစဉ်ခြောက်ပါးဂူ အတွင်းမှာ ရှိနေတဲ့ ကြေးတံခါးဘုံကျောင်းကို ဖွင့်နိုင်တယ်ဆိုတာ သေချာရဲ့လား။ ”

ချန်ထျန်းကွန်ဟူသော လူက မေးမြန်းလိုက်သည်။ သူသည် အလယ်အလတ် ရွှမ်ကျောက်ဧကရာဇ်ဖြစ်၏။ သူ့မေးခွန်းကြောင့် လူတိုင်းသည် ကူကျန်းမင်ထံကြည့်သည်။

“ တကယ်ပဲ တစ်ယောက်ယောက်က ကြေးဝါဘုံကျောင်းတံခါးတွေကို ဖွင့်နိုင်ပါတယ် မင်းတို့သံသယဖြစ်စရာ မလိုပါဘူး ...

... ဒီမြေအောက်ကမ္ဘာသင်္ချိုင်းကြီးသာ နာကျည်းခြင်းပင်လယ်ပြင်ပေါ်မှာ ရုတ်တရက် ပေါ်လာတာကို အဲဒီလူသိခဲ့ရင် သေချာပေါက် သူလာပါလိမ့်မယ်။ ”

ထိုအချိန်မှာပင် ခန်းမအပြင်ဘက်သို့ အလျင်အမြန်လျှောက်လှမ်းလာနေသော ခြေသံ တစ်စုံထွက်ပေါ်လာတော့သည်။

“ ဆရာ၊ ကြယ်ကိုးပွင့်ဓားတောင်က ဖူတုံဟွာဆီကနေ သတင်းရောက်လာပါတယ်။ ”

All Chapters