ရူးသွပ်သောင်းကျန်းသူများ
Vol. 63 Ch. 914
“လာကြ... လာကြ... လောင်းကြေးထပ်လို့ ရပြီ... လူသားကောင်လေးက တစ်ဆယ်ဆ၊ ချန်ပိုင်ဟန်က နှစ်ဆ၊ နှစ်ယောက်သရေဆိုရင် အဆနှစ်ဆယ်ပဲ...”
လောင်းကြေးထပ်သည့်နေရာတိုင်းတွင် ဒိုင်လုပ်သူ အမြဲရှိစမြဲဖြစ်ရာ လူအများကို လောင်းကြေးထပ်ရန် ဆွဲဆောင်နေသည်။ ကျင့်ကြံသူ တစ်ဦးချင်းစီမှာ ပိုက်ဆံနံ့ရသည့်အလား ကြယ်တာရာသလင်းကျောက် အမြောက်အများကို ထုတ်ယူကာ ထိုဘက်သို့ ပုံအောလောင်းနေကြတော့သည်။
“ငါ ချန်ပိုင်ဟန်ဘက်ကနေ ကြယ်ကျောက် ၅၀၀ လောင်းတယ်...”
“ငါလည်း ချန်ပိုင်ဟန်ဘက်ကပဲ ၁၀၀၀ လောင်းမယ်...”
“ဟားဟား... ဒါက ပိုက်ဆံအလကားပေးနေတာပဲ မဟုတ်လား... ငါ ချန်ပိုင်ဟန်ဘက်ကနေ ငါ့ရဲ့ ပိုင်ဆိုင်မှုအားလုံးဖြစ်တဲ့ ၁၅၀၀ လောင်းတယ်...”
တစ်ဦးချင်းစီမှာ မိမိတို့၏ ပိုင်ဆိုင်မှုအားလုံးကို ပုံအောလောင်းနေကြပြီး အလွန်စိတ်လှုပ်ရှားနေကြသည်။ မိမိတို့၏ ပိုင်ဆိုင်မှု နှစ်ဆတိုးလာမည့် ဤလောင်းကြေးကို ၎င်းတို့ သေချာပေါက် လက်လွတ်ခံမည်မဟုတ်ချေ။ ယီထျန်းယွမ်ဘက်တွင် လောင်းသူမှာမူ အလွန်ပင် နည်းပါးလှပြီး အခြေခံအားဖြင့် မရှိသလောက်ပင် ဖြစ်သည်။
ဒိုင်လုပ်သူ၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားသည်။ အကယ်၍ ယီထျန်းယွမ်သာ ရှုံးသွားပါက သူသည် အကုန်အစင် လျော်ရတော့မည် မဟုတ်ပါလား။ သို့သော် ဤသည်မှာ ဒိုင်လုပ်သူ၏ သဘာဝပင်ဖြစ်ပြီး အကျိုးအမြတ်ရလိုပါက အရင်းအနှီးရှိရမည်မှာ သဘာဝပင်။
“ငါ အဲဒီလူသားဘက်ကနေ ကြယ်ကျောက် တစ်သောင်း လောင်းတယ်...”
ထိုသာမန်အမျိုးသမီးလေး လမ်းလျှောက်လာပြီး သိုလှောင်လက်စွပ် တစ်ကွင်းကို ယီထျန်းယွမ်ဘက်သို့ ပုံအောလောင်းလိုက်သည်။
ဤလုပ်ရပ်ကြောင့် လူတိုင်းမှာ မှင်တက်မိသွားကြသည်။ လူအဖြစ်ပြီး ပိုက်ဆံပေါနေသူ အမှန်တကယ် ရှိနေသည် မဟုတ်ပါလား။ တစ်ကွင်းလုံးတွင် ယီထျန်းယွမ်ဘက်မှ တစ်ဦးတည်းသော လောင်းသူပင် ဖြစ်သည်။ ထိုအမျိုးသမီးကို မြင်သည့်အခါ လူတိုင်းမှာ တစ်ချက်ကြည့်ရုံနှင့်ပင် လှည့်မကြည့်ချင်တော့ချေ။ ဤမျှ သာမန်ကာလျှံကာဖြစ်သော ရုပ်ရည်မျိုးမှာ လမ်းဘေးတွင် တွေ့လျှင်ပင် မည်သူမျှ ကြည့်မည်မဟုတ်ချေ။
“ဟားဟား... ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်...”
ဒိုင်လုပ်သူမှာ ပြုံးပျော်သွားပြီး ၎င်းတို့ကို ကြည့်ကာ ပြောလိုက်သည်။
“မြန်မြန် လာလောင်းကြဦးလေ... အခု လောင်းတဲ့သူ ရှိနေပြီပဲ၊ ဒီဘက်က လူသားလည်း နိုင်ဖို့ မျှော်လင့်ချက် အများကြီး ရှိတာပဲ...”
သူသည် အခြားသူများကို ဤဘက်တွင် လောင်းရန် ဆွဲဆောင်နေတော့သည်။ သို့မှသာ သူ၏ ဆုံးရှုံးမှုကို ပြန်လည်ကာမိမည် မဟုတ်ပါလား။ သေချာပေါက် သူ၏ စိတ်ထဲတွင် ယီထျန်းယွမ်က အခြေအနေကို ပြောင်းပြန်လှန်နိုင်ရန် အလွန် မျှော်လင့်နေသည်။ ထိုသို့ဆိုလျှင် သူ အကြီးအကျယ် မြတ်ပေလိမ့်မည်။
သို့သော် သူ မည်သို့ပင် ဆွဲဆောင်စေကာမူ မည်သူမျှ လာမလောင်းကြဘဲ ဒိုင်လုပ်သူကိုသာ လှောင်ပြောင်နေကြသည်။
“မင်းက ငါတို့ကို လူအလို့ ထင်နေတာလား... တကယ်လို့ သူသာ ကောင်းကင်လှံကို ရွေးခဲ့ရင် နိုင်ဖို့ မျှော်လင့်ချက် ရှိဦးမယ်... ဒါပေမဲ့ အခုတော့ ဆန်းကြယ်ကောင်းကင်ကျင့်စဉ်ကို ရွေးထားတာလေ၊ ဒါက သေတွင်းထဲ ခုန်ဆင်းတာပဲ... ဘယ်သူ ရွေးရွေး လူအပဲ...”
“မှန်တယ်... ကောင်းကောင်း ပြောလိုက်တာပဲ... တခြားလက်နက်သာ ရွေးခဲ့ရင် ငါ သူ့ဘက်ကနေ လောင်းရင် လောင်းဦးမယ်၊ ဒါပေမဲ့ ဆန်းကြယ်ကောင်းကင်ကျင့်စဉ်ကို ရွေးလိုက်ပြီဆိုတော့ ဘာမှ ပြောစရာ မရှိတော့ဘူး...”
တစ်ဦးချင်းစီမှာ လူသားမျိုးနွယ်ကို မထောက်ခံချင်၍ မဟုတ်ဘဲ ဆန်းကြယ်ကောင်းကင်ကျင့်စဉ်ကို ရွေးချယ်လိုက်ခြင်းကြောင့် ယီထျန်းယွမ်ကို မရွေးရဲကြခြင်း ဖြစ်သည်။ ဆန်းကြယ်ကောင်းကင်ကျင့်စဉ်၏ တန်ဖိုးမှာ အခြားလက်နက်များထက် များစွာ ပို၍ မြင့်မားလှသည်။
ဤအရာများကို ရွေးချယ်ခွင့်တံဆိပ်ပြား သို့မဟုတ် အကျိုးပြုမှုအမှတ်များဖြင့် လဲလှယ်နိုင်သည်။ ဥပမာအားဖြင့် ကောင်းကင်လှံသည် လဲလှယ်ရန် ရွေးချယ်ခွင့်တံဆိပ်ပြား ၅၀၀၀ လိုအပ်သည်။ ဆန်းကြယ်ကောင်းကင်ကျင့်စဉ်မှာမူ ရွေးချယ်ခွင့်တံဆိပ်ပြား တစ်သောင်းခွဲအထိ လိုအပ်သဖြင့် ကွာခြားချက်မှာ မည်မျှ ကြီးမားသည်ကို သိနိုင်ပေသည်။
ရွေးချယ်ခွင့်တံဆိပ်ပြား သုံးပြားတည်းဖြင့် တံဆိပ်ပြား တစ်သောင်းခွဲ တန်ဖိုးရှိသော ဆန်းကြယ်ကောင်းကင်ကျင့်စဉ်ကို ရယူရန် ကြိုးစားခြင်းမှာ မည်မျှ ခက်ခဲမည်ကို လူတိုင်းပင် သိနိုင်သည်။
ဒိုင်လုပ်သူမှာ အလွန် အနေရခက်သွားသည်။ ဤအချက်ကို သူလည်း မသိဘဲ မနေချေ။ သို့သော် သူသည် စွန့်စားကြည့်လိုသည်။ အကယ်၍ မည်သူမဆို အနိုင်အရှုံးကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်မည်ဆိုပါက ကစားရသည်မှာ ဘာအဓိပ္ပာယ် ရှိဦးမည်နည်း။
နောက်ပိုင်းတွင်မူ အားလုံးက ချန်ပိုင်ဟန်ဘက်သို့သာ လောင်းနေကြတော့သည်။ ၎င်းတို့သည် ဒိုင်လုပ်သူ ဒေဝါလီခံရမည်လားဆိုသည်ကို ဂရုမစိုက်ကြဘဲ ဒိုင်လုပ်သူထံမှ အကုန်အစင် ရယူရန်သာ စဉ်းစားနေကြသည်။ ဒိုင်လုပ်သူများသည် အမြဲတမ်း လူလိမ်များ ဖြစ်ကြသည် မဟုတ်ပါလား။ ၎င်းတို့ သေချာပေါက် အားနာနေမည် မဟုတ်ချေ။
အပြင်ဘက်တွင် ယီထျန်းယွမ်ဘက်မှ မည်သူမျှ မလောင်းကြချိန်တွင် ယီထျန်းယွမ်မှာ အတွင်းပိုင်း၌ စမ်းသပ်မှုကို စတင်နေပြီ ဖြစ်သည်။
“ဝုန်း...”
ရူးသွပ်သောင်းကျန်းနေသော ကျင့်ကြံသူတစ်ဦးသည် လက်နက်အမျိုးမျိုးကို ထမ်းပိုးထားပြီး သူ၏ မျက်လုံးများတွင် ရူးသွပ်သော အကြည့်များဖြင့် ပြည့်နှက်နေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ရူးသွပ်သော အငွေ့အသက်များ ထွက်ပေါ်နေပြီး တိုက်ခိုက်နိုင်စွမ်းမှာ အလွန် မြင့်မားလှသည်။
ရူးသွပ်သောင်းကျန်းသူ : ဆန်းကြယ်ကောင်းကင်ကျင့်စဉ်၏ ဝိညာဉ်ပုံရိပ် ဖြစ်သည်။ ကျင့်စဉ်အဆင့်မှာ ကြယ်တာရာသခင် အမြင့်ဆုံးအဆင့် ဖြစ်သည်။ အားနည်းချက် - မရှိ။ ခြုံငုံတိုက်ခိုက်နိုင်စွမ်းမှာ ကြယ်တာရာစွမ်းအား ၅၈၀၀ ဖြစ်သည်။
အထက်အဆင့် ပြန်လည်မွေးဖွားခြင်း ကျင့်စဉ်၏ အကူအညီဖြင့် ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ ကြယ်တာရာစွမ်းအား ၅၈၀၀ အထိ ရှိနေပြီး တူညီသောအဆင့်ရှိ သူများထက် များစွာ သာလွန်နေသည်။ ယခင်က ကြယ်တာရာသခင် အဆင့် ၈ ရှိသူများမှာ ကြယ်တာရာစွမ်းအား သုံးထောင်ကျော်သာ ရှိသော်လည်း ယခု ဤသူများမှာ ၅၈၀၀ အထိ ရှိနေသဖြင့် ကျင့်စဉ်၏ အာနိသင်မှာ တကယ်ပင် အံ့ဩဖွယ် ကောင်းလှသည်။
သို့သော် ဤသည်မှာ ဝိညာဉ်ပုံရိပ်မျှသာ ဖြစ်ပြီး ယီထျန်းယွမ်၏ ကျင့်စဉ်အဆင့်ပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ သူ၏ ကျင့်စဉ်အဆင့်မှာ ကြယ်တာရာသခင် အဆင့် ၈ ဖြစ်သဖြင့် အဆင့်နှစ်ဆင့် မြှင့်တင်ကာ ကြယ်တာရာသခင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။
အကယ်၍ သူသာ မြေကမ္ဘာအရှင် ဖြစ်ပါက သေချာပေါက် မြေကမ္ဘာအရှင်အဆင့်ပေါ်တွင် အခြေခံကာ တစ်ဆင့် သို့မဟုတ် နှစ်ဆင့် ထပ်မံ မြှင့်တင်ပေလိမ့်မည်။ ထိုအခါ တိုက်ခိုက်နိုင်စွမ်းမှာ ရိုးရှင်းမည် မဟုတ်တော့ချေ။
“ကြယ်တာရာစွမ်းအား ၅၈၀၀... အရမ်း ညံ့လွန်းတယ်...”
ယီထျန်းယွမ်သည် ခေါင်းခါလိုက်သည်။
ဤစကားကို သူတစ်ဦးတည်းသာ ပြောရဲပေလိမ့်မည်။ မည်သည့် ဆန်းကြယ်သောစွမ်းအားကိုမျှ အသုံးမပြုဘဲ ၎င်းတို့ကို ဖိနှိပ်ရန် လုံလောက်လှသည်။ သို့သော် ဘွဲ့တံဆိပ်များမှာ ဤနေရာတွင် အသုံးမပြုနိုင်တော့ချေ။ ဤသည်မှာ နှမြောစရာပင်။ သို့မဟုတ်ပါက ဘွဲ့တံဆိပ်တစ်ခုကို ထုတ်ယူလိုက်ရုံဖြင့် ၎င်းတို့ကို ချေမှုန်းရန် လုံလောက်လှသည်။
“ဆန်းကြယ်တိမ်တိုက်...”
ထို ဝိညာဉ်ပုံရိပ်သည် ဝန်မလေးဘဲ လေထဲသို့ ပျံတက်သွားကာ လက်ထဲမှ အထက်အဆင့် နတ်ဘုရားလက်နက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။ တိုက်ခိုက်နိုင်စွမ်းမှာ တဟုန်ထိုး မြင့်တက်သွားသည်။ ဤကျင့်စဉ်၏ စွမ်းအားကို ထုတ်ဖော်လိုက်သည့်အခါ တိုက်ခိုက်နိုင်စွမ်းမှာ ထပ်မံ မြင့်တက်သွားပြီး ကြယ်တာရာစွမ်းအား ၁၃၀၀၀ အထိ တိုက်ရိုက် ရောက်ရှိသွားသည်။
ယီထျန်းယွမ်၏ မျက်လုံးများ လင်းလက်သွားသည်။ ဤသည်မှာ ဆန်းကြယ်ကောင်းကင်ကျင့်စဉ်၏ တကယ့် စွမ်းအားပင် ဖြစ်ပေလိမ့်မည်။ ခွန်အားကို သုံးဆခန့် ချက်ချင်း မြှင့်တင်ပေးနိုင်သဖြင့် တကယ်ပင် ရူးသွပ်ဖွယ်ကောင်းလှသည်။ သို့သော် ဤသည်မှာ ဝိညာဉ်ပုံရိပ်သာ ဖြစ်သည်။ အကယ်၍ တကယ့် သန်မာသူသာ ဆိုပါက ထုတ်ဖော်လိုက်သည့်အခါ ပို၍ သန်မာပေလိမ့်မည်။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ငါနဲ့ လာတွေ့နေတယ်...”
ယီထျန်းယွမ်၏ မျက်လုံးများ ဝင်းလက်သွားပြီး ခြေထောက်ဖြင့် ရုတ်တရက် ကန်ထုတ်လိုက်သည်။
“တုန်ခါကောင်းကင်ခန္ဓာကျင့်စဉ်...”
ဆန်းကြယ်နဂါးနတ်ဘုရား သွေးရိုးဗီဇနှင့် တုန်ခါကောင်းကင်ခန္ဓာကျင့်စဉ်တို့ ပေါင်းစပ်သွားကာ ပြည့်စုံသော ပေါင်းစပ်မှုတစ်ခု ဖြစ်သွားသည်။ ပြင်းထန်စွာ ကန်ထုတ်လိုက်သည့်အခါ ဒုန်းခနဲ အသံနှင့်အတူ ထို ရူးသွပ်သောင်းကျန်းသူမှာ တိုက်ရိုက်ပင် အမှုန့်ဖြစ်သွားတော့သည်။
- ရူးသွပ်သောင်းကျန်းသူကို အောင်မြင်စွာ သတ်ဖြတ်နိုင်သည်။ အတွေ့အကြုံမှတ် ၁.၄ ဘီလီယံနှင့် ရူးသွပ်မှုအမှတ် ၃ သိန်း ရရှိသည်။
“ဟမ်... အတွေ့အကြုံမှတ်ပါ ရတာလား...”
ယီထျန်းယွမ်၏ မျက်လုံးများ လင်းလက်သွားသည်။ ယခင်က ဝိညာဉ်ပုံရိပ်များကို သတ်ဖြတ်သကဲ့သို့ အတွေ့အကြုံမှတ် မရနိုင်ဟု သူ ထင်ထားသော်လည်း မမျှော်လင့်ဘဲ အတွေ့အကြုံမှတ်ပါ ရရှိနိုင်ပြီး နည်းပါးလှသည် မဟုတ်ချေ။
ချက်ချင်းပင် ရူးသွပ်သောင်းကျန်းသူ နှစ်ဦး ရှေ့တွင် ပေါ်လာပြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် နတ်ဘုရားလက်နက်များကို မြှောက်၍ ရိုက်ချလိုက်ကြသည်။ ၎င်းတို့၏ ကျင့်စဉ်အဆင့်မှာ ပြောင်းလဲခြင်း မရှိသော်လည်း ဆန်းကြယ်ကောင်းကင်ကျင့်စဉ်၏ နည်းလမ်း အမျိုးမျိုးကို ထုတ်ဖော်နေကြသဖြင့် တိုက်ခိုက်နိုင်စွမ်းမှာ အဆက်မပြတ် မြင့်တက်နေသည်။ သို့သော် မည်မျှပင် ရူးသွပ်စေကာမူ ယီထျန်းယွမ်ကဲ့သို့ မရူးသွပ်နိုင်ချေ။
“ဖယ်စမ်း...”
ယီထျန်းယွမ်၏ မျက်လုံးများ ဝင်းလက်သွားပြီး ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရာ ပြင်းထန်သော တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ထို ဝိညာဉ်ပုံရိပ် နှစ်ခုလုံးကို တိုက်ရိုက်ပင် အမှုန့်ဖြစ်သွားစေသည်။
- ရူးသွပ်သောင်းကျန်းသူကို အောင်မြင်စွာ သတ်ဖြတ်နိုင်သည်။ အတွေ့အကြုံမှတ် ၄၄.၈ ဘီလီယံနှင့် ရူးသွပ်မှုအမှတ် ၁.၅ သန်း ရရှိသည်။
- ရူးသွပ်သောင်းကျန်းသူကို အောင်မြင်စွာ သတ်ဖြတ်နိုင်သည်။ အတွေ့အကြုံမှတ် ၄၄.၈ ဘီလီယံနှင့် ရူးသွပ်မှုအမှတ် ၁.၅ သန်း ရရှိသည်။
အဆ ၃၂ အတွေ့အကြုံမှတ်နှင့် ၅ ဆ ရူးသွပ်မှုအမှတ်တို့ ပေါင်းစပ်သွားသည့်အခါ ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။ သူသည် အလွန် ကျေနပ်သွားပြီး ဤနေရာတွင် အတွေ့အကြုံမှတ်များ ရနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
ယခင်က သူသည် အဆင့်တက်ရန် အတွေ့အကြုံမှတ် မရှိသဖြင့် စိတ်ညစ်နေခဲ့သော်လည်း ယခု ဤအရာအားလုံးမှာ အတွေ့အကြုံမှတ်များ မဟုတ်ပါလား။ ဆက်လက် သတ်ဖြတ်နေမည်ဆိုပါက အဆင့်တက်ရန်မှာ ပြဿနာ လုံးဝ မရှိချေ။
“လာကြ... များများလာကြစမ်း...”
ယီထျန်းယွမ်သည် အလွန် စိတ်လှုပ်ရှားနေပြီး ဤနေရာတွင် နှစ်ဆင့်ဆက်တိုက် တက်လှမ်းကာ မြေကမ္ဘာအရှင် အဆင့်သို့ ထိုးဖောက်ဝင်ရောက်လိုစိတ်များ ပြင်းပြနေတော့သည်။
“ဝုန်း...”
ပတ်ဝန်းကျင်မှ သူ၏ စကားကို ပြန်လည် ဖြေကြားသည့်အလား မကြာမီမှာပင် ရူးသွပ်သောင်းကျန်းသူ သုံးဦး ပေါ်လာပြီး သူ့ကို ဆက်လက် တိုက်ခိုက်ကြတော့သည်။ သူသည် အားရပါးရ ရယ်မောလိုက်ပြီး ရှေ့သို့ တိုးဝင်ကာ တိုက်ခိုက်တော့သည်။ မည်သည့် လက်နက်မျှ မသုံးဘဲ မိမိ၏ လက်သီးနှင့် ခြေထောက်များကိုသာ အသုံးပြုရန် လုံလောက်လှသည်။
ဤတိုက်ပွဲမှာ မည်မျှ ကြာမြင့်မည်ကို သူ မသိသော်လည်း ဖြစ်နိုင်လျှင် သူ့ကို နှစ်ဆင့်ခန့် တက်စေပြီးမှ အဆုံးသတ်လျှင်လည်း နောက်မကျသေးချေ။
အခန်း (၉၁၄) ပြီးပါပြီ။