← Chapters

ကတိဖျက်ခြင်း

Vol. 63 Ch. 916

ကတိဖျက်ခြင်း

Vol. 63 Ch. 916

ယီထျန်းယွမ်သည် ထိုသာမန်အမျိုးသမီးကို ကြည့်လိုက်ရာ စူးစမ်းခြင်းမျက်လုံးက တစ်ဖက်လူ၏ အချက်အလက်များကို မျက်စိရှေ့တွင် ရှင်းလင်းစွာ ပြသပေးလိုက်သည်။ ထိုသူ၏ ကျင့်စဉ်အဆင့်မှာ လုံးဝ ကောင်းကင်ဘုံကို ဆန့်ကျင်သော အဆင့်မျိုး မဟုတ်သရွေ့ စူးစမ်းခြင်းမျက်လုံးဖြင့် အလွယ်တကူ သိရှိနိုင်သည်။

အနည်းဆုံးတော့ အမည်ကို ပြသပေးနိုင်သည်။ သို့သော် နျန်ချီယွီသည် သူမ၏ ရုပ်ရည်ကို ဖုံးကွယ်ထားကြောင်း သူ မြင်နိုင်သည်။ ဤမျက်နှာမှာ သူမ၏ ပင်ကိုယ်မျက်နှာ လုံးဝ မဟုတ်ချေ။ အကယ်၍ သူမ၏ ပင်ကိုယ်မျက်နှာဖြင့် လာခဲ့လျှင် သေချာပေါက် လူအများ၏ ဝိုင်းအုံကြည့်ခြင်းကို ခံရပေလိမ့်မည်။

နျန်ချီယွီ ဤနေရာသို့ လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့သော်လည်း သူ သေသေချာချာ ပြန်စဉ်းစားကြည့်သည့်အခါ ဘာဖြစ်နေသည်ကို ချက်ချင်း သိရှိသွားသည်။ နျန်ချီယွီက သူ့ဘက်တွင် ဤမျှအထိ လောင်းကြေးထပ်ပေးခြင်းမှာ အကြောင်းရင်း တစ်ခုတည်းသာ ရှိနိုင်သည်။ ယင်းမှာ သူ့ကို တကူးတက လာကြည့်ခြင်းပင် ဖြစ်သည်။

ကဏ္ဍပေါင်းစုံတွင် နျန်ချီယွီ၏ စံချိန်များကို ချိုးဖျက်ထားသော တည်ရှိမှုတစ်ခုကို သူမကိုယ်တိုင် လာမကြည့်ဘဲ မည်သို့နေမည်နည်း။

၎င်းတို့နှစ်ဦး မျက်လုံးချင်းဆုံပြီးနောက် နျန်ချီယွီသည် သူ့ကို စကားတစ်ခွန်းမျှ မပြောဘဲ လှည့်ထွက်သွားတော့သည်။ ကြည့်သင့်သည်များကို ကြည့်ပြီးပြီ ဖြစ်သဖြင့် ဤနေရာတွင် ဆက်နေရန် မလိုအပ်တော့သလို ယီထျန်းယွမ်၏ ရှေ့တွင်လည်း သူမ၏ အထောက်အထားကို ဖော်ထုတ်လိုခြင်း မရှိချေ။

သူမသည် မိမိ၏ အထောက်အထားကို မသိစေဟု ထင်နေသော်လည်း ယီထျန်းယွမ်က အစကတည်းက အကုန်လုံးကို သိမြင်နေပြီဖြစ်ကြောင်း သူမ မသိရှာချေ။

ယီထျန်းယွမ်သည် ခေါင်းခါလိုက်ပြီး များစွာ ဂရုမစိုက်တော့ဘဲ သူ့ကို မှင်တက်မိကာ ကြည့်နေကြသော ကျင့်ကြံသူများဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် ဆက်လက် တရားထိုင်နေသော ချန်ပိုင်ဟန်ကို ကြည့်လိုက်သည်။

“ကျွန်တော် အတော်ကြာကြာ စောင့်ရဦးမယ့်ပုံပဲ၊ သူက ဒီမှာ ဘယ်အချိန်အထိ တောင့်ခံနေဦးမှာလဲမသိဘူး...”

ယီထျန်းယွမ်က တုံဖုန်းတို့ကို မေးလိုက်သည်။

တုံဖုန်းတို့မှာ အလွန်ပင် အနေရခက်နေကြပြီး ဘာပြောရမှန်းပင် မသိတော့ချေ၊ ယခင်က ယီထျန်းယွမ် ရှုံးနိမ့်လိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ယခုမူ အနိုင်ရရှိသွားရုံတင်မကဘဲ အလွန် ပြည့်စုံစွာ အနိုင်ရရှိသွားခြင်း ဖြစ်သည်။

ချန်ပိုင်ဟန်မှာမူ ယခုအခါ လူအတစ်ယောက်ကဲ့သို့ ထိုနေရာတွင် ထိုင်၍ အားကုန် ကြိုးစားနေတော့သည်။ အကယ်၍ နောက်ဆုံးတွင် ကောင်းကင်လှံကို ရရှိသွားလျှင် တော်သေးသည်ဟု ဆိုရမည်။ အကယ်၍ မရရှိခဲ့ပါကမူ အလွန် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။

လူသားကျင့်ကြံသူ တစ်ဦးချင်းစီမှာ ချန်ပိုင်ဟန်ကို ကြည့်ကာ လူအတစ်ယောက်ကို ကြည့်နေသည့်အလား ခံစားနေကြရသည်။ သူသည် ယီထျန်းယွမ် အောင်မြင်သွားပြီဖြစ်ကြောင်း မသိသေးဘဲ ထိုနေရာတွင် အရူးတစ်ယောက်ကဲ့သို့ ထိုင်နေဆဲပင် မဟုတ်ပါလား။

ချန်ပိုင်ဟန်သည် သူ၏ စိတ်ထဲတွင် ယီထျန်းယွမ်မှာ သေချာပေါက် ရှုံးနိမ့်သွားပြီဟု ထင်မှတ်နေပြီး သူ ထွက်လာသည့်အခါ ယီထျန်းယွမ်ကို သူ့အား အဖေဟု ခေါ်ခိုင်းရန် မျှော်လင့်နေပေလိမ့်မည်။

ယီထျန်းယွမ်မှာ လုပ်စရာမရှိသဖြင့် ဘေးနားတွင် တရားထိုင်လိုက်ပြီး အခြားသူများကို စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်ရန် အချက်ပြလိုက်သည်။ တစ်ဦးချင်းစီမှာ ဘာပြောရမှန်းပင် မသိတော့ချေ။ ယခင်က သူ့ကို လှောင်ပြောင်ခဲ့သော စကားများကို ပြန်ပြောရန်မှာလည်း မဖြစ်နိုင်တော့ချေ။

“ဒီကောင်လေးက ဘယ်ကလာတာလဲ၊ အောင်မြင်သွားတယ်ဆိုတော့ မယုံနိုင်စရာပဲ... ဆန်းကြယ်ကောင်းကင်ကျင့်စဉ်က တကယ်ပဲ ရရလွယ်တာလား...”

“ဖြစ်နိုင်တယ်... ငါတို့လည်း အခုပဲ သွားစမ်းကြည့်ရအောင်...”

ထို့နောက်တွင် လူအချို့က ဆန်းကြယ်ကောင်းကင်ကျင့်စဉ်ကို စမ်းသပ်ရန် ရွေးချယ်ခဲ့ကြသော်လည်း မကြာမီမှာပင် ကျရှုံးသွားကြသည်။ နှစ်နာရီ တောင့်ခံရန် မဆိုထားနှင့်၊ နာရီဝက်ပင် မပြည့်မီမှာပင် ကျရှုံး၍ ထွက်လာကြရသည်။

တစ်ဦးချင်းစီမှာ ယီထျန်းယွမ်ကို ကြည့်သော အကြည့်များမှာ ပို၍ပင် ထူးဆန်းလာတော့သည်။ ဤမျှ ခက်ခဲသော စမ်းသပ်မှုကို အောင်မြင်နိုင်သည်ဆိုမှတော့ သူသည် မည်သို့သော နတ်ဆိုးမျိုး ဖြစ်နေမည်နည်း။

အဓိက အချက်မှာ ၎င်းတို့သည် ယီထျန်းယွမ်၏ အထောက်အထားကို မသိရှိကြခြင်းပင် ဖြစ်သည်။ သူသည် အဘယ်ကြောင့် ဤမျှအထိ သန်မာနေရသနည်း။

အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားပြီး မျက်တောင်တစ်ခတ်အတွင်း သုံးရက် ကုန်ဆုံးသွားခဲ့သည်။ ထိုအခါ ချန်ပိုင်ဟန်၏ ကိုယ်ပေါ်မှ ဖုံးအုပ်ထားသော အလင်းတန်းများ ပျောက်ကွယ်သွားလေသည်။ ထို့နောက် သူသည် ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ရာ သူ၏ မျက်လုံးများတွင် မကျေနပ်သော အကြည့်များ ပေါ်လာသည်။

သူ အောင်မြင်ခြင်း မရှိခဲ့ဘဲ ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရကြောင်း သိသာလှသည်။

သူသည် ယီထျန်းယွမ်ဘက်သို့ လှည့်ကြည့်လိုက်ရာ ယီထျန်းယွမ်မှာ ဘေးနားတွင် ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် ထခုန်လိုက်ပြီး သူ့ကို လက်ညှိုးထိုးကာ အားရပါးရ ရယ်မောလိုက်တော့သည်။

“ဟားဟား... ငါပြောသားပဲ မင်း ရှုံးမှာပါလို့... မြန်မြန် အဖေလို့ ခေါ်စမ်း...”

သူသည် အလွန် ကျယ်လောင်စွာ အော်ဟစ်လိုက်သဖြင့် ပတ်ဝန်းကျင်ရှိ လူများက သူ့ကို သနားစရာကောင်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ဤသည်မှာ အလွန်ပင် အနေရခက်စရာ ကောင်းလှသည်။ သို့သော် အရာရာမှာ ဖြစ်ပျက်သွားခဲ့ပြီပင်။ ချန်ပိုင်ဟန်သည် အခြေအနေကို မစူးစမ်းမဆင်ချင်ဘဲ ဤစကားများကို ပြောလိုက်ခြင်းမှာ တကယ်ပင် ရှက်စရာ ကောင်းလှသည်။

“စီနီယာအစ်ကိုချန်... သူ မရှုံးဘူး...”

တုံဖုန်းသည် သူ၏ သူငယ်ချင်းကောင်းပီပီ ရှေ့သို့ တိုးလာပြီး ချန်ပိုင်ဟန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“မရှုံးဘူး ဟုတ်လား... ဘယ်လိုလုပ် မရှုံးဘဲ နေမှာလဲ... ငါ နိုးလာတော့ သူက ဘေးမှာ ရှိနေပြီလေ၊ ဒါဆိုရင် သေချာပေါက် ငါ နိုင်တာပေါ့...”

ချန်ပိုင်ဟန်က မျက်မှောင်ကြုတ်၍ ယီထျန်းယွမ်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ကောင်လေး... မင်း ဘာလို့ အဲဒီမှာ ရပ်နေတာလဲ... မြန်မြန် ဒီကို လာခဲ့စမ်း...”

“လိမ္မာတဲ့ သားလေး... ဒီကို လာပြီး အဖေလို့ မခေါ်သေးဘူးလား...”

ယီထျန်းယွမ်က လှည့်ကြည့်လိုက်ပြီး သူ့ကို ပြောင်လှောင်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ခွေးကောင်... မင်း ဘာတွေ လျှောက်ပြောနေတာလဲ... မင်း ကတိဖျက်ချင်နေတာလား... မြန်မြန် ဒီကို လာခဲ့စမ်း...”

ချန်ပိုင်ဟန်မှာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

“ကတိဖျက်တာ ဟုတ်လား... မင်း သူတို့ကိုပဲ ကောင်းကောင်း မေးကြည့်လိုက်ပါဦး... ဘယ်သူက ကတိဖျက်နေတာလဲဆိုတာ...”

ယီထျန်းယွမ်က ပြုံးလျက် ပြောလိုက်သည်။

“စီနီယာအစ်ကိုချန်... သူ နိုင်သွားတာပါ... သူက ဆန်းကြယ်ကောင်းကင်ကျင့်စဉ်ကို အောင်အောင်မြင်မြင် ရရှိသွားတာ... နှစ်နာရီတောင် မကြာလိုက်ဘူး...”

တုံဖုန်းသည် အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။ အထူးသဖြင့် ချန်ပိုင်ဟန်က အော်ဟစ်နေသည့် ပုံစံမှာ တကယ်ကို ရူးသွပ်နေသော ခွေးတစ်ကောင်နှင့် တူနေသည် မဟုတ်ပါလား။

“ဘာ... ဘာ... သူက ဆန်းကြယ်ကောင်းကင်ကျင့်စဉ်ကို ရသွားတယ် ဟုတ်လား... ဒါ... ဒါ လုံးဝ မဖြစ်နိုင်ဘူး... ဘယ်သူမှ ဆန်းကြယ်ကောင်းကင်ကျင့်စဉ်ကို မရနိုင်ဘူး...”

ချန်ပိုင်ဟန်သည် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်တော့သည်။ သူသည် ဤကဲ့သို့သော စကားမျိုးကို လုံးဝ မယုံကြည်နိုင်ဘဲ ဖြစ်နေသည်။

“မဖြစ်နိုင်တာ ဘာမှ မရှိပါဘူး... သူတို့က မင်းကို မကူညီဘဲ ငါ့ကို လာကူညီမယ်လို့ မင်း ထင်နေလို့လား...”

ယီထျန်းယွမ်က လှောင်ပြောင်လျက် ပြောလိုက်သည်။

“မင်းရဲ့ လောင်းကြေးကို အကောင်အထည် ဖော်ဖို့ အချိန်တန်ပြီ... ပစ္စည်းတွေကို အပ်ရုံတင်မကဘူး... ဒူးထောက်ပြီး အဖေလို့ပါ ခေါ်ရမယ်...”

ချန်ပိုင်ဟန်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး အခြားသူများဘက်သို့ လှည့်ကြည့်လိုက်ရာ အမူအရာများမှာ အမှန်တကယ်ပင် ထိုသို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ တစ်ဦးချင်းစီ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော အကြည့်များဖြင့် ပြည့်နှက်နေပြီး အများစုမှာမူ အံ့ဩတုန်လှုပ်မှုများကြားတွင်သာ ရပ်တန့်နေကြဆဲပင်။

ချန်ပိုင်ဟန်သည် ယီထျန်းယွမ်က ဆန်းကြယ်ကောင်းကင်ကျင့်စဉ်ကို ရရှိသွားသည်ကို မယုံကြည်သလို အခြားသူများလည်း မယုံကြည်ကြချေ။ သို့သော် လက်တွေ့မှာ မျက်စိရှေ့တွင် ရှိနေသဖြင့် မယုံကြည်၍ မရချေ။

“ဘာလဲ... မင်းက ကတိဖျက်ချင်တာလား...”

ယီထျန်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ခုနကတော့ လောင်းကြေးကို ပါးစပ်က မပြတ် ပြောနေပြီးတော့ အခုကျတော့... မင်း ပြောခဲ့တဲ့ စကားတွေကို ခွေးအန်ဖတ်လို့ သတ်မှတ်လိုက်ပြီလား...”

ချန်ပိုင်ဟန်မှာ မယုံကြည်၍ မဖြစ်တော့ပေ။ အခြားသူများက ယီထျန်းယွမ်၏ ဘက်တွင် ရပ်တည်လိမ့်မည်ဟု သူ မယုံကြည်ချေ။ အကြောင်းရင်း တစ်ခုတည်းသာ ရှိနိုင်သည်။ ယင်းမှာ သူ တကယ်ပင် ဆန်းကြယ်ကောင်းကင်ကျင့်စဉ်ကို ရရှိသွားခြင်းပင်။

သို့သော် သူ့အား ဒူးထောက်၍ အဖေဟု ခေါ်ခိုင်းခြင်းမှာ သူ့အား သတ်လိုက်သည်ကပင် ပို၍ တော်ပေးအုံးတော့မည်။

“ငါ... ငါကတော့ မယုံဘူး...”

ချန်ပိုင်ဟန်သည် ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး သူ့ကို ယုတ်မာစွာ ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။

“တကယ်လို့ မင်း ငါနဲ့ စိန်ခေါ်တိုက်ခိုက်ပြီး ဆန်းကြယ်ကောင်းကင်ကျင့်စဉ်ကို ထုတ်သုံးပြနိုင်မှသာ မင်း တကယ် ရခဲ့တယ်ဆိုတာကို ငါ ယုံမယ်...”

လူတိုင်းမှာ မှင်တက်မိသွားကြပြီးနောက် ဘာဖြစ်နေသည်ကို အကြမ်းဖျင်း သိရှိသွားကြသည်။ ချန်ပိုင်ဟန်သည် ယီထျန်းယွမ်ကို အကြီးအကျယ် ယုတ်မာရန် ကြံစည်နေခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဆန်းကြယ်ကောင်းကင်ကျင့်စဉ်ကို ရရှိခဲ့လျှင်ပင် ယခုမှ ရခဲ့ခြင်း ဖြစ်ရာ မည်သို့ ကျွမ်းကျင်စွာ အသုံးပြုနိုင်မည်နည်း။ အဓိက အချက်မှာ ကျင့်စဉ်အဆင့် ကွာခြားချက်မှာ အလွန် ကြီးမားနေသဖြင့် ဆန်းကြယ်ကောင်းကင်ကျင့်စဉ် ရှိနေလျှင်ပင် ကျင့်စဉ်အဆင့် ကွာခြားချက်ကို ကာမိရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။

တုံဖုန်းတို့သည်လည်း ချန်ပိုင်ဟန်၏ အတွေးကို သိရှိကြသော်လည်း ဝင်ရောက် မပြောဆိုကြချေ။ ၎င်းတို့သည် ချန်ပိုင်ဟန်၏ အတွေးကို နားလည်ကြသည်။ အနိုင်အရှုံးအပေါ်တွင် ၎င်းတို့ လိမ်ညာမည် မဟုတ်သော်လည်း ဤကဲ့သို့သော ယုတ်မာမှုမျိုးကိုမူ ၎င်းတို့ ဂရုစိုက်မည် မဟုတ်ဘဲ အနည်းငယ်ပင် ထောက်ခံနေကြသေးသည်။

၎င်းတို့သည် လူသားမျိုးနွယ်က မိမိတို့၏ ခေါင်းပေါ်သို့ တက်နင်းသည်ကို မကြည့်လိုကြသဖြင့် ချန်ပိုင်ဟန်ကို သေချာပေါက် ထောက်ခံကြမည်သာ ဖြစ်သည်။

“သူ့ကို ဂရုမစိုက်နဲ့... ကျင့်စဉ်အဆင့် ကွာခြားချက်က ဒီလောက် ကြီးနေတာကို ဘယ်လို တိုက်မှာလဲ...”

“မှန်တယ်... ငါတို့အားလုံး မြင်ခဲ့ရပြီးပြီ... အားလုံးက သက်သေတွေပဲ... ဒါမှမဟုတ် ဒီနေရာက အစောင့်ကို ခေါ်လာလို့ ရတယ်... သူလည်း သက်သေခံနိုင်တာပဲ...”

“ဟုတ်တယ်... သူ့ရဲ့ စိန်ခေါ်မှုကို ဂရုမစိုက်နဲ့၊ ဒီလူတွေက တစ်ဦးချင်းစီမှာ အပေါ်ယံပဲ ကြည့်ကောင်းတာ၊ ရှုံးသွားတော့ ကတိဖျက်ချင်နေကြတာပဲ...”

လူသားမျိုးနွယ်ဝင် တစ်ဦးချင်းစီမှာ ၎င်းတို့အပေါ် အလွန်ပင် မကျေမနပ် ဖြစ်သွားကြသည်။ ရှုံးနိမ့်မှုကိုပင် လက်မခံနိုင်ခြင်းမှာ တကယ်ပင် ရွံရှာဖွယ် ကောင်းလှသည် မဟုတ်ပါလား။

“မင်းတို့အားလုံး ပါးစပ်ပိတ်ထားစမ်း...”

ချန်ပိုင်ဟန်က ၎င်းတို့ကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ငါက လောင်းကြေးထပ်ထားတဲ့သူလေ၊ ငါ အခုက အတည်ပြုချင်ရုံတင်ပဲ၊ ပြဿနာ ရှိလို့လား...”

“သေချာပေါက် ပြဿနာ မရှိပါဘူး... ခင်ဗျားက အတည်ပြုချင်တယ်ဆိုမှတော့ သေခြင်းရှင်ခြင်းတိုက်ပွဲ စိန်ခေါ်ကတိသစ္စာ ပြုကြမယ် ဘယ်လိုလဲ...”

ယီထျန်းယွမ်၏ အကြည့်များမှာ အေးစက်သွားပြီး သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။

အခန်း (၉၁၆) ပြီးပါပြီ။

All Chapters