← Chapters

အတိတ်ကံ၏ အကျိုးဆက်

Vol. 42 Ch. 491

အတိတ်ကံ၏ အကျိုးဆက်

Vol. 42 Ch. 491

လက်ဖက်ရည်ဆိုင်ထဲ ပြန်ထိုင်လိုက်ပြီး အချိန်ရတုန်းလေး ကျန်းပေရန်သည် ဂူလျန်ရန်နှင့် ပြောခဲ့သည့် စကားများကို ပြန်လည် ဆန်းစစ်ကြည့်လိုက်သည်။

ဒီဗေဒင်ဆရာကြီး၏ စကားများထဲမှ သတင်းအချက်အလက် အများအပြား ရရှိနိုင်သည်ကို တွေ့ရှိလိုက်ရ၏။

ပထမဆုံး အနေဖြင့် ဂူလျန်ရန်လို အဆင့်မျိုး ရှိသည့် ဗေဒင်ဆရာကြီး တစ်ယောက်တောင်မှ သူ့အတိတ်နှင့် အနာဂတ်ကို မဟောကိန်းထုတ်နိုင်ဘူး ဆိုတော့ သူသည် လောကနိယာမ သုံးပါးနှင့် ဓာတ်ကြီးငါးပါး၏ အပြင်ဘက်ကို ရောက်နေပြီလားဟု တွေးမိလိုက်သည်။

အတိတ်က ကိုယ့်ကိုယ်ကိုယ် လောကနိယာမ သုံးပါးနှင့် ဓာတ်ကြီးငါးပါး အပြင်ဘက် ရောက်နေပြီဟု ကြွေးကြော်ခဲ့သူ တစ်ယောက်တော့ နောက်ဆုံးတွင် တောင်အောက်၌ အနှစ် ၅၀၀ ပိသွားခဲ့သည် မဟုတ်ပါလော။

ဓာတ်ကြီးငါးပါး အပြင်ဘက် ရောက်နေခြင်းသည် ကံကြမ္မာ၏ ချယ်လှယ်မှုကို မခံရတော့ကြောင်း ဆိုလိုခြင်း ဖြစ်သည်။ ဗေဒင်ဆရာ မပြောနှင့် နတ်ဘုရားများ ဆင်းလာလျှင်တောင် သူ့ကံကြမ္မာကို တွက်ချက်၍ မရနိုင်ပေ။

ရိုးရှင်းစွာ ပြောရလျှင် စစ်တုရင် ကစားသကဲ့သို့ ဖြစ်သည်။ မြင်းသည် မြင်းကွက်သာ ရွှေ့နိုင်သည်။ သို့သော် ကျန်းပေရန် ဟူသော မြင်း သည် မြင်းကွက်သာမက ဆင်ကွက် ရထားကွက် ကြိုက်သလို ရွှေ့နိုင်ရုံမျှမက တစ်ဖက်လူ၏ နယ်မြေထဲသို့ ဖုန်းဆက်ပြီး

"ကုဒ်နံပါတ် ၉၅၂၇ အချိန်တန်ပြီ လှုပ်ရှားတော့"

ဟု အမိန့်ပေးကာ တစ်ဖက် ဘုရင်ကို လုပ်ကြံခိုင်းနိုင်သည့် အဆင့်မျိုး ဖြစ်နေသည်။

အတိုချုပ် ပြောရလျှင် စည်းကမ်းအတိုင်း မကစားခြင်းပင် ဖြစ်ချေသည်။

ထိုကဲ့သို့ စည်းကမ်းမလိုက်နာသော ကစားသမားမျိုးကို ဒိုင်လူကြီးက ပထမအကြိမ် သတိပေးလိမ့်မည်။ ဒုတိယအကြိမ်တွင်တော့ ကစားကွင်းထဲမှ မောင်းထုတ်ခံရမည်မှာ သေချာသည်။

ယခု ကျန်းပေရန်သည် စည်းကမ်းမလိုက်နာသော ကစားသမား ဖြစ်ပြီး ကောင်းကင်ဘုံသည် သူ့ကို ကွင်းထဲမှ ကန်ထုတ်ချင်နေသော ဒိုင်လူကြီး ဖြစ်နေသည်။

'ဟာ မတရားလိုက်တာ'

ကျန်းပေရန် အနေဖြင့် ဘာအမှားမှ မလုပ်ထားပေ။ ကူးပြောင်းလာရသည်မှာလည်း သူ့ဆန္ဒမှ မဟုတ်ပေ။

ဒါပေမဲ့ ကောင်းတဲ့ဘက်က တွေးကြည့်မည် ဆိုပါက ဂူလျန်ရန်တောင် သူ့ကံကြမ္မာကို မတွက်နိုင်မှတော့ ဒီလောကကြီးထဲမှာ သူ့အကြောင်း သိနိုင်မည့် ဗေဒင်ဆရာ ရှိနိုင်တော့မည် မဟုတ်ပေ။ ဒါသည် သူ့ကို ပိုမို လျှို့ဝှက်ဆန်းကြယ်သွားစေပြီး ဘယ်သူမှ ခန့်မှန်း၍ မရနိုင်သော အခြေအနေကို ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။

လူသားတွေသည် အင်အားကြီးသူများထက် မသိနားမလည်နိုင်သော အရာများကို ပိုမို ကြောက်ရွံ့ကြသည် မဟုတ်ပါလော။

ဒုတိယ အချက်အနေဖြင့် ကောင်းကင်ဘုံက ရွေးချယ်ထားသူ ဆိုသည့် စကား ဖြစ်သည်။

အဓိပ္ပာယ်အရ ဆိုလျှင် ကောင်းကင်ဘုံက ရွေးချယ်ထားသူ ဆိုသည်မှာ ကံကောင်းခြင်း လက်ဆောင်များ ပိုင်ဆိုင်ထားသူဟု ယူဆနိုင်သည်။

သို့သော် ကျန်းပေရန်သည် ကံကောင်းသော သူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားသည်။

ထို့ကြောင့် ကောင်းကင်ဘုံက ရွေးချယ်ထားသူ ဆိုသည်မှာ မည်သို့သော အဓိပ္ပာယ် ဖြစ်မည်ကို ကျန်းပေရန်လည်း မသိပေ။

ဂူလျန်ရန် ပေးခဲ့သော ရှင်းပြချက် တစ်ခုတည်းမှာ သူတစ်ပါး၏ အတိတ်ကံ အကျိုးဆက်ကို ဖြေရှင်းပေးနိုင်သူသည် ကောင်းကင်ဘုံက ရွေးချယ်ထားသူ ဖြစ်သည် ဟူ၍ ဖြစ်သည်။

အတိတ်ကံ အကျိုးဆက် ဆိုသည်ကို နားလည်ရန် ကံအကြောင်း အရင် ပြောရပေမည်။

ကံတွင် လူသိအများဆုံး နှစ်မျိုးမှာ ကုသိုလ်ကံ နှင့် အကုသိုလ်ကံ တို့ ဖြစ်ကြသည်။

ဗေဒင်ဆရာများ၏ စံနှုန်းအရ သူတစ်ပါး အကျိုးကို ဆောင်ရွက်ပြီး မိမိ အကျိုးယုတ်လျှင် ကုသိုလ်၊ မိမိ အကျိုးအတွက် သူတစ်ပါးကို ဒုက္ခပေးလျှင် အကုသိုလ် ဟု သတ်မှတ်ကြသည်။

ဒါသည် ကောင်းကင်ဘုံ၏ နိယာမ ဖြစ်သည်။

အတိတ်ကံ အကျိုးဆက် ဆိုသည်မှာ ကံ၏ လည်ပတ်ခြင်း ဖြစ်သည်။

ပြုလုပ်ခဲ့သမျှသော ကံ များသည် နောက်ဆုံးတွင် ဘဝ၏ အခက်အခဲ အတားအဆီးများ အဖြစ် ပြန်လည် အကျိုးပေးပြီး ကျင့်ကြံခြင်း လမ်းခရီးကို နှောင့်ယှက်တတ်သည်။

ဥပမာအားဖြင့် ငယ်စဉ်က သူတစ်ပါးကို ရိုက်နှက် ဆဲဆိုခဲ့လျှင် ရိုက်နှက်ခြင်း ကံ ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လူလတ်ပိုင်း အရွယ်ရောက်သောအခါ သူတစ်ပါး၏ ရိုက်နှက် ဆဲဆိုခြင်းကို ပြန်လည် ခံရခြင်းသည် အတိတ်ကံ အကျိုးဆက် ပင် ဖြစ်ချေသည်။

ကံ ပြုလုပ်ရန် လွယ်ကူသော်လည်း အကျိုးဆက် ကို ဖြေရှင်းရန်မှာမူ ခက်ခဲလှပေသည်။

အလွယ်ကူဆုံး ဖြေရှင်းနည်းမှာ အရင်က တစ်ခွန်း ဆဲဖူးလျှင် အခု ပြန်အဆဲခံရသောအခါ ကျေကျေနပ်နပ် လက်ခံလိုက်ခြင်းပင် ဖြစ်သည်။ ဒါဆိုလျှင် အကြွေးကျေသွားပြီ ဖြစ်သည်။

ပြောရ လွယ်သော်လည်း လက်တွေ့တွင် ကျေကျေနပ်နပ် လက်ခံနိုင်ရန်မှာ အလွန် ခက်ခဲသည်။

အထူးသဖြင့် ရာထူး ဂုဏ်ရှိန် ကြီးမားသူများ အနေဖြင့် သူတစ်ပါး ဆဲဆိုခြင်းကို သည်းခံနိုင်ရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲလှပေသည်။

ဒါသည် သာမန် ကံ မျှသာ ရှိသေးသည်။ အကယ်၍ လူတစ်ယောက်သည် အတိတ်က လူပေါင်း ထောင်ချီ သတ်ဖြတ်ခဲ့လျှင် မည်သို့ ပြန်ပေးဆပ်ရမည်နည်း။ အသက်ဖြင့် ပြန်ပေးဆပ်ရမည်လား။ သူ့မှာ အသက်ပေါင်း ထောင်ချီ မရှိပါချေ။

ထိုကဲ့သို့သော လူများသည် အချိန်တန်သောအခါ ကြီးမားသော ဘေးဒုက္ခနှင့် ကြုံတွေ့ရတတ်သည်။ အကယ်၍ ထိုဘေးဒုက္ခကို ကျော်လွှားနိုင်လျှင် အကြွေးကျေပြီဟု ဆိုနိုင်သည်။ မကျော်လွှားနိုင်လျှင် သေဆုံးပြီး လမ်းဆုံးသွားမည်သာ ဖြစ်သည်။

ကျန်းပေရန် နားလည်ထားသလောက် အတိတ်ကံ အကျိုးဆက် ဆိုသည်မှာ ကိုယ်တိုင်သာ ဖြေရှင်းရမည့် အရာဖြစ်သည်။ သူတစ်ပါးက ဝင်ရောက် ကူညီ ဖြေရှင်းပေးနိုင်သည်ဟု မကြားဖူးခဲ့ပေ။

ထို့ကြောင့် သူတစ်ပါး၏ အတိတ်ကံ အကျိုးဆက်ကို ကူညီ ဖြေရှင်းပေးနိုင်ခြင်း ဆိုသည့် အချက်ကပင် အလွန် ထူးခြားနေပြီ ဖြစ်သည်။

'ဒါပေမဲ့ ဘယ်လို ကူညီရမှာလဲ'

ဂူလျန်ရန်နှင့် မတွေ့ခင်အထိ ကျန်းပေရန်သည် သူ့တွင် ထိုကဲ့သို့သော စွမ်းရည် ရှိမှန်း မသိခဲ့သလို မည်သူ့ကို ကူညီခဲ့ဖူးမှန်းလည်း မသိခဲ့ပေ။

"ရှီမိသားစုမှာ ငါ တွေ့ခဲ့တဲ့ ကောင်းကင်ဘုံက ရွေးချယ်ထားသူ ဆိုတာ မင်းကိုး"

ဒါသည် ဂူလျန်ရန်၏ မူရင်း စကားဖြစ်သည်။ ထိုအချိန်က သူသည် ရှီဖုန်းလန်ကို ဗေဒင်တွက်ပေးနေခြင်း ဖြစ်သည်။

အကြောင်းအရာများကို ဆက်စပ်ကြည့်လိုက်လျှင် ရှီဖုန်းလန်သည် အတိတ်ကံ အကျိုးဆက် ဖြစ်ပြီး ကျန်းပေရန်သည် ထိုအကျိုးဆက်ကို ဖြေရှင်းပေးမည့် သူ ဖြစ်နေသည်လား။

သို့သော် ရှီဖုန်းလန်သည် မွေးကတည်းက မကောင်းဆိုးဝါး၏ ပူးကပ်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ ဆိုလိုသည်မှာ ထိုအကျိုးဆက်သည် သူမ ကိုယ်တိုင် ပြုလုပ်ခဲ့သော ကံ မဟုတ်ဘဲ ရှီမိသားစု တစ်ခုလုံး ပြုလုပ်ခဲ့သော ကံ ဖြစ်နိုင်သည်လား။

စဉ်းစားလေလေ ဒီအချက်က ဖြစ်နိုင်ခြေ ရှိလေလေပင်။ ရှီဖုန်းလန်ကို စိတ်နှလုံးပြန်ဂိုဏ်းသို့ ပို့လိုက်ခြင်းသည် အတိတ်ကံ အကျိုးဆက်ကို ဖြေရှင်းပေးနိုင်သည့် ကျန်းပေရန်၏ အနားသို့ ပို့ဆောင်လိုက်ခြင်း မဟုတ်ပါလော။

ထိုသို့ တွေးမိရင်း ကျန်းပေရန်သည် သူ့ဘေးနားတွင် မုန့်စားနေသော ရှဲ့လင်းတန်းကို လှမ်းကြည့်လိုက်မိသည်။

'ဒါဆိုရင် ဒီကလေးမလေးမှာရော ဘယ်သူ့ရဲ့ အတိတ်ကံ အကျိုးဆက်တွေ ပါလာမလဲ'

ထိုသို့ လိုက်လံ တွေးတောနေမိသည်ကို သတိထားမိလိုက်ပြီး ကျန်းပေရန် ခေါင်းခါလိုက်သည်။

ဒါတွေ အားလုံးက ဗေဒင်ဆရာအိုကြီး၏ စကားထာများသာ ဖြစ်သည်။ အလွန်အကျွံ လိုက်တွေးနေစရာ မလိုပေ။ တစ်နေ့နေ့တွင် သူနှင့် သေချာ တွေ့ဆုံ စကားပြောခွင့် ရမှသာ အသေးစိတ် မေးမြန်းရပေမည်။

စဉ်းစားရင်းနှင့် စကားထာဝှက်သူများ ၏ စွမ်းရည်ကို လေးစားမိသွားသည်။ စကားလုံးများကို ဝါးတားတား ပြောလိုက်ရုံဖြင့် တစ်ဖက်လူကို ကိုယ့်ဘာသာကိုယ် အဓိပ္ပာယ်ဖွင့်ဆိုပြီး ယုံကြည်သွားအောင် လုပ်ဆောင်နိုင်ကြသည်။

'မဖြစ်ဘူး ငါ ဒီထောင်ချောက်ထဲ ဝင်လို့ မဖြစ်ဘူး'

လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး ကျန်းပေရန် အတွေးပြောင်းလိုက်သည်။ ဝါးတားတား စကားများကို ဖယ်လိုက်လျှင် ဂူလျန်ရန် ပြောခဲ့သည့် တိကျသော သတင်းတစ်ခု ရှိသည်။ ကျန်းပေရန်ကို လာရှာရခြင်း၏ အဓိက အကြောင်းရင်းလည်း ဖြစ်နိုင်သည်။

'ကပ်ဘေးကြီး ဆိုက်ရောက်လာတော့မယ်'

ဒီစကားက ကျန်းပေရန်ကို အရင်က စနစ်မှ ပေါ်လာခဲ့သော ကောင်းကင်အဆင့် ရွေးချယ်မှုသည် သူ့တစ်ယောက်တည်းကို ရည်ရွယ်ခြင်း မဟုတ်ဘဲ အံ့ဖွယ်နဂါးတိုက်ကြီး တစ်ခုလုံးကို ရည်ရွယ်ခြင်း ဖြစ်ကြောင်း အတည်ပြုပေးလိုက်သည်။

ဒါဆိုလျှင် ဂူလျန်ရန်က သူ့ကို လာရှာရခြင်း ရည်ရွယ်ချက်က ဘာလဲ။

သူက ကပ်ဘေးကြီးကို တားဆီးပေးမည့် ကယ်တင်ရှင် ဖြစ်နေလို့လား သို့မဟုတ် ကပ်ဘေးကြီးထဲတွင် မသေဆုံးရအောင် ကြိုတင် ပြင်ဆင်ထားဖို့ သတိပေးချင်လို့လား။

'သူပြောသလိုပဲ ကံကြမ္မာကို ဖွင့်ပြောလို့ မရတာလည်း ဖြစ်နိုင်တာပဲ'

ဂူလျန်ရန်၏ အမူအရာနှင့် စကားပြောပြီး ချက်ချင်း ထွက်ပြေးသွားပုံကို ကြည့်လျှင် သူသည် အများကြီး သိထားသော်လည်း ထုတ်ပြောရဲပုံ မရပေ။ ယခုလို အန္တရာယ်ကြားမှ လာရောက် သတိပေးခြင်းသည် ကျန်းပေရန် အနေဖြင့် ကပ်ဘေးကြီး ရောက်လာတော့မည်ကို သိရှိထားကြောင်း အတည်ပြုချင်ရုံ သက်သက် ဖြစ်နိုင်သည်။

ကျန်တာတွေကိုတော့ သူ ပြောပြနိုင်မည် မဟုတ်ပေ။

"စားပွဲထိုး လက်ဖက်ရည် တစ်အိုး ထပ်ချပေးကွာ"

ကျန်းပေရန် ကပ်ဘေးကြီး အကြောင်း စဉ်းစားနေစဉ်မှာပင် ရှပ်အင်္ကျီလက်ရှည် ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးက သူ့ရှေ့တွင် ဝင်ထိုင်ပြီး စားပွဲထိုးကို လှမ်းအော်လိုက်သည်။

ကျန်းပေရန် မေးမြန်းခြင်း မပြုရသေးမီ ထိုအမျိုးသားက ဦးစွာ မိတ်ဆက်လိုက်သည်။

"ကျုပ်နာမည် ကျူထျန်းလုပါ ခင်ဗျား သဘောကျရင် အစ်ကိုကြီးလို့ ခေါ်နိုင်တယ် ခင်ဗျားအကြောင်းကို ဂျူနီယာညီလေးလု ပြောပြထားလို့ သိပြီးပါပြီ ကျုပ် အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်"

ထိုစကားကို ကြားလိုက်သည်နှင့် ကျန်းပေရန်သည် လုယန်ယွီ ပြောပြထားသော စီနီယာအစ်ကို ရောက်လာပြီ ဖြစ်ကြောင်း သိလိုက်သည်။

ထို့ကြောင့် ချက်ချင်းပင် အရိုအသေပြုလိုက်သည်။

"စီနီယာကျူကို ဂါရဝပြုပါတယ် အခုလို လူကိုယ်တိုင် လာကြိုပေးတဲ့အတွက် အားနာမိပါတယ်"

"ရပါတယ်ဗျာ ညီလေး လု ရဲ့ မိတ်ဆွေဆိုတော့ ကျုပ် မိတ်ဆွေပါပဲ"

"ဆရာ လက်ဖက်ရည် ရပါပြီ"

စားပွဲထိုး လာချပေးသော လက်ဖက်ရည်အိုးကို လှမ်းယူလိုက်ပြီး ကျူထျန်းလု က ဆက်ပြောသည်။

"ဒါပေမဲ့ ကြိုပြောထားရဦးမယ် အင်မော်တယ် အဘိုးအိုဂူက တွေ့ရဖို့ အရမ်းခက်တယ် ခင်ဗျား သူ့ကို တွေ့ရမယ်လို့ ကျုပ် အာမခံချက် မပေးနိုင်ဘူးနော်"

'ခင်ဗျားတို့က တွေ့ရခက်တယ် ဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ဖွင့်တာ လွဲနေကြပြီ ထင်တယ်'

ကြွက်သားအဖုအထစ်များနှင့် ထင်ရှားလွန်းသော ဂူလျန်ရန်ကို လူအုပ်ကြားထဲတွင် မတွေ့မိဖို့ ဆိုတာ မဖြစ်နိုင်ပေ။ ဘယ်သွားသွား ထင်းနေမည့် လူမျိုး ဖြစ်သည်။ ဘယ်လိုလုပ် တွေ့ရခက်တယ်လို့ ပြောနိုင်ရတာလဲ။

သို့သော် ကျန်းပေရန် အနေဖြင့် ဂူလျန်ရန်ကို တွေ့ပြီးပြီ ဖြစ်သဖြင့် ထပ်တွေ့စရာ မလိုတော့ချေ။

"တွေ့ရရင်တော့ ကောင်းတာပေါ့ဗျာ မတွေ့ရလည်း ကိစ္စမရှိပါဘူး"

"အင်း ခင်ဗျား အဲဒီလို သဘောထားနိုင်ရင် ကောင်းတာပေါ့"

ကျူထျန်းလုက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး ခွက်ကို လှုပ်ခါကာ ပြောလိုက်သည်။

"လက်ဖက်ရည် ဆိုတာက အရက်လောက် မကောင်းဘူးဗျ အထူးသဖြင့် မူးအောင် သောက်လို့ရတဲ့ အရက်မျိုးပေါ့"

သူ့စကား၏ အဓိပ္ပာယ်ကို ကျန်းပေရန် ချက်ချင်း သဘောပေါက်လိုက်သည်။ သိုလှောင်လက်စွပ်ထဲမှ အရက်အိုး နှစ်လုံးကို ထုတ်ယူကာ စားပွဲပေါ် တင်လိုက်သည်။

"ဒါက စီနီယာ့အတွက် လက်ဆောင်ပါ ကျွန်တော် ကိုယ်တိုင် ချက်ထားတဲ့ အရက်တွေပါ ဘယ်ဘက်က ဟာကို နွေဦးနွေးထွေးခြင်း လို့ ခေါ်ပြီး ညာဘက်က ဟာကို ဆောင်းဦး လို့ ခေါ်ပါတယ် နှစ်မျိုးစလုံးက အားအင် ပြည့်ဖြိုးစေတဲ့ အာနိသင် ရှိပါတယ်"

ကျူထျန်းလုက အားနာမနေတော့ဘဲ အရက်အိုးကို ဖွင့်ကာ အနံ့ခံကြည့်လိုက်သည်။ ကျေနပ်သွားသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဂျူနီယာညီလေးက ခင်ဗျားရဲ့ အရက်ချက်တဲ့ လက်ရာအကြောင်း ခဏခဏ ပြောနေတာ မဆန်းပါဘူး တကယ် ကောင်းတာပဲ"

'ဟေ နောက်ထပ် အရက်သမား တစ်ယောက်လား'

အရက်နံ့ ရသည်နှင့် မျက်လုံး အရောင်တောက်လာသော ကျူထျန်းလုကို ကြည့်ပြီး ကျန်းပေရန် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ အရက်သမားနဲ့ ပေါင်းမှတော့ အရက်သမားပဲ ဖြစ်မှာပေါ့လေ။

ကျူထျန်းလုက လက်ဖက်ရည်ဆိုင်ထဲတွင် အရက်သောက်ရန် မသင့်တော်ဟု ယူဆသဖြင့် အရက်အိုးကို ပြန်ပိတ်လိုက်ပြီး မေးလိုက်သည်။

"ခင်ဗျား တည်းခိုဖို့ နေရာ ရှာပေးရမလား ဒါမှမဟုတ် အရင်ဆုံး လိုက်ပြပေးရမလား"

"လိုက်ပြပေးဖို့ မလိုပါဘူးခင်ဗျာ ကျွန်တော့်မှာ မေးစရာ မေးခွန်းတချို့ ရှိလို့ ဖြေပေးနိုင်ရင် ကျေးဇူးတင်ပါတယ်"

လိုက်ပြခိုင်းလျှင် ကျန်းပေရန် ထွက်ပြေးရမည့် အပေါက်ပိတ်သွားနိုင်သည်။ တည်းခိုရန် အတွက်လည်း သစ်တောနက်ဂိုဏ်းထဲတွင် မနေချင်သဖြင့် ပျံသန်းသော စံအိမ်ပေါ်တွင်သာ နေထိုင်ရန် စိတ်ကူးထားသည်။

မုန့်တစ်ခုကို ပါးစပ်ထဲ ထည့်ဝါးရင်း ကျူထျန်းလု ခေါင်းညိတ်လိုက်သည်။

"မေးလေ ကျုပ် သိသလောက် ဖြေပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ် စီနီယာ"

ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သဖြင့် ကျန်းပေရန်က ထဲထဲဝင်ဝင် မေးခွန်းများ မမေးတော့ဘဲ ဝေတိုင်းပြည်၏ အခြေအနေ၊ နိုင်ငံရေးနှင့် အင်အားကြီး ဂိုဏ်းများအကြောင်း ယေဘုယျလောက်သာ မေးမြန်းလိုက်သည်။

သို့သော် ကျူထျန်းလုသည် နိုင်ငံရေးနှင့် အာဏာစက်ဝန်းများကို စိတ်မဝင်စားသူ ဖြစ်မှန်း သိသာလှသည်။ မေးခွန်း အတော်များများကို မဖြေနိုင်သလို ဖြေနိုင်သည်များကလည်း ရေရေရာရာ မရှိလှပေ။

မေးလို့ မထူးမှန်း သိလိုက်သောအခါ ကျန်းပေရန် ခေါင်းစဉ် ပြောင်းလိုက်သည်။

ကျွမ်းကျင်ရာ လိမ္မာ ဆိုသကဲ့သို့ပင် နိုင်ငံရေး အကြောင်း မသိသော်လည်း လက်မှုပညာရှင်များ အကြောင်း မေးလိုက်သောအခါ ကျူထျန်းလု တစ်ယောက် ရေပက်မဝင်အောင် ဖြေကြားနိုင်တော့သည်။

စကားပြောပြီးနောက် ဝေတိုင်းပြည်၏ ထူးခြားချက် တစ်ခုကို ကျန်းပေရန် ရှာဖွေတွေ့ရှိလိုက်သည်။

ဝေတိုင်းပြည်တွင် အဆင့်မြင့် လက်မှုပညာရှင် အလွန် များပြားလေသည်။

အကြောင်းရင်းမှာ ဝေတိုင်းပြည်သည် သယံဇာတ ပေါကြွယ်ဝသော နိုင်ငံ ဖြစ်သောကြောင့် ဖြစ်သည်။ အဆင့်မြင့် ကျောက်သလင်းများ၊ ကျောက်စိမ်းများနှင့် သတ္တုသိုက်များသည် အခြား နိုင်ငံ ၅ ခုထက် များစွာ သာလွန်သည်။

ကုန်ကြမ်း ပေါများသောကြောင့် လက်မှုပညာနှင့် သက်ဆိုင်သော အဖွဲ့အစည်းများ လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာကြသည်။

အဆင့်မြင့် ပညာရှင်များ ပေါ်ထွက်လာသည်နှင့်အမျှ အခြားနိုင်ငံများမှ ပညာရှင်များလည်း ဝေတိုင်းပြည်သို့ ပြောင်းရွှေ့လာကြသည်။ ထိုမှတစ်ဆင့် ပညာရှင်များ ပိုမို များပြားလာပြီး လက်မှုပညာ အင်အားကြီး နိုင်ငံ အဖြစ် ခိုင်မာလာခဲ့သည်။

ထို့အပြင် ကျန်းပေရန် စိတ်ဝင်စားနေသော ပျံသန်းသော စံအိမ် သည် ဝေတိုင်းပြည်ရှိ ထောင်ချီသော စက်ယန္တရား ခန်းမ မှ ထွက်ရှိကြောင်း သိလိုက်ရသည်။

ထောင်ချီသော စက်ယန္တရား ခန်းမ သည် ဝေတိုင်းပြည်၏ အထင်ကရ အရှိဆုံး လက်မှုပညာ အဖွဲ့အစည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုအဖွဲ့အစည်းသို့ ဝင်ရောက်ရန် အနည်းဆုံး အဆင့် ၈ လက်မှုပညာရှင် ဖြစ်ရမည်ဟု သတ်မှတ်ထားသောကြောင့် ဖြစ်သည်။

ထိုမျှ တင်းကျပ်သော စည်းကမ်း ရှိသော်လည်း အဖွဲ့ဝင် ဦးရေ ရာချီ ရှိနေခြင်းက ဝေတိုင်းပြည်၏ လက်မှုပညာ အဆင့်အတန်း မည်မျှ မြင့်မားကြောင်း သက်သေပြနေသည်။

အဆင့် ၈ နှင့် အဆင့် ၉ ပညာရှင်များ စုပေါင်း တီထွင်ကြသဖြင့် ခေတ်လွန် နည်းပညာများ ပေါ်ထွက်လာခြင်းမှာ မဆန်းတော့ပေ။

ကျူထျန်းလုသည် ထိုအကြောင်းများကို ပြောပြရင်း အားကျစိတ်များ ဖုံးလွှမ်းနေသည်။ သူသည်လည်း လုယန်ယွီ ကဲ့သို့ပင် အဆင့် ၇ တွင် ရပ်တန့်နေပြီး ရှေ့ဆက် မတိုးနိုင် ဖြစ်နေသူ ဖြစ်သည်။

"ဟူး နှမြောစရာပဲဗျာ"

အဆင့် ၇တွင် ရပ်တန့်နေရခြင်းကို ပြောရင်း ကျူထျန်းလုက လက်ဖက်ရည်ကို အရက်ကဲ့သို့ မော့သောက်လိုက်သည်။

ကျူထျန်းလုကို နှစ်သိမ့်စကား ပြောရင်း ကျန်းပေရန်သည် ထောင်ချီသော စက်ယန္တရား ခန်းမ ကို ပိုမို စိတ်ဝင်စားလာသည်။

မကြာသေးမီက ကျန်းပေရန်သည် သူ၏ လက်မှုပညာ စွမ်းရည်များ လိုအပ်ချက် ရှိနေသည်ကို သတိထားမိလာသည်။ အစီအရင် နယ်မြေ တည်ဆောက်ရာတွင် ကောင်းကင်နှင့် မြေကြီး ပညာရပ် လိုအပ်သော်လည်း သူ မတတ်မြောက်သေးပေ။

ယွီ ညီအစ်မ သုံးဖော်ကို စိတ်ကူးယဉ် အသံ သင်ပေးချင်သော်လည်း ဂီတပညာဘက်တွင် အားနည်းနေသေးသည်။

ရှီဖုန်းလန်က ချုံချီ နှင့် ဆော့ကစားနေသည်ကို မြင်သောအခါ သားရဲထိန်းကျောင်းခြင်း ပညာရပ် လိုအပ်ကြောင်း သဘောပေါက်လာသည်။

...

ထောင်ချီစက်ယန္တရား ခန်းမ တွင် ထိုပညာရပ်များကို တတ်မြောက်သော ပညာရှင်များ ရှိနေနိုင်သည်ဟု တွေးမိရင်း ကျန်းပေရန် စိတ်လှုပ်ရှားလာသည်။

"ထောင်ချီ စက်ယန္တရား ခန်းမကို ဝင်ချင်ရင် အဆင့် ၈ လက်မှုပညာရှင် ဖြစ်ဖို့ကလွဲပြီး တခြား လိုအပ်ချက်တွေ ရှိသေးလားဗျ"

ကျူထျန်းလုက ကျန်းပေရန်ကို မော့ကြည့်ပြီး မေးလိုက်သည်။

"အဲဒီ လိုအပ်ချက် တစ်ခုတည်းနဲ့တင် မလုံလောက်သေးဘူးလား"

"လုံလောက်ပါတယ် ဒါပေမဲ့ တခြား ထပ်ဆောင်း စည်းကမ်းချက်တွေ ရှိမလားလို့ပါ"

ကျူထျန်းလု ခဏ စဉ်းစားလိုက်ပြီး ပြန်ဖြေသည်။

"ရှိတယ်လို့ ပြောလို့ရပါတယ် အဖွဲ့ထဲ ဝင်ဖို့ဆိုရင် အရင်ဆုံး တော်ဝင်မိသားစုရဲ့ အသိအမှတ်ပြုမှုကို ရယူရမယ် ပြီးမှ အဖွဲ့ရဲ့ စမ်းသပ်မှုကို ဖြေဆိုရမယ် ဒါပေမဲ့ အဲဒါတွေက ဟန်ပြပါပဲ အဆင့် ၈ ရောက်ရင် အဖွဲ့ထဲ ဝင်လို့ရတာ သေချာသလောက်ပါပဲ"

"တော်ဝင်မိသားစုရဲ့ အသိအမှတ်ပြုမှု ဆိုတာ ဘာကို ပြောတာလဲဗျ"

"ဧကရာဇ်မင်းမြတ်နဲ့ သွားတွေ့ပြီး သူ မေးတဲ့ မေးခွန်းတွေကို ဖြေပေးရတာပါ ဖြေနိုင်ရင် အသိအမှတ်ပြုခံရပါပြီ"

'ရှုပ်ပြီ'

ဝေတိုင်းပြည် ဧကရာဇ် အနေဖြင့် အဆင့်မြင့် ပညာရှင်များကို သူ့လက်အောက်တွင် ထားရှိချင်မည်မှာ အသေအချာပင် ဖြစ်သည်။ ထို့ကြောင့် အသိအမှတ်ပြုမှု ဆိုသည်မှာ ဝေတိုင်းပြည်သား အဖြစ် ခံယူခိုင်းခြင်းလည်း ဖြစ်နိုင်သည်။

သူ့ထင်မြင်ချက် မှန်မမှန် သိရအောင် ကျန်းပေရန် မေးလိုက်သည်။

"အဲဒီ ခန်းမထဲက ပညာရှင် အားလုံးက ဝေတိုင်းပြည်သားတွေချည်းပဲလား"

"အဲဒါတော့ ကျုပ်လည်း သိပ်မသိဘူးဗျ"

ကျူထျန်းလု ခေါင်းခါလိုက်သည်။

ကျူထျန်းလု မသိခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ သူသည် နိုင်ငံရေးကို စိတ်မဝင်စားဘဲ လက်မှုပညာကိုသာ ရူးသွပ်သူ ဖြစ်သောကြောင့် မည်သူက မည်သည့်နိုင်ငံသား ဖြစ်သည်ကို ဂရုစိုက်မည် မဟုတ်ပေ။

ဆက်မေးလို့ မထူးတော့သဖြင့် ကျန်းပေရန် သက်ပြင်းချလိုက်သည်။

'ထားလိုက်ပါတော့ နောက်မှပဲ ကိုယ့်ဘာသာ စုံစမ်းကြည့်တော့မယ်'

All Chapters