← Chapters

စွမ်းရည်များကို အတင်းအဓမ္မ ထုတ်ယူခြင်း

Vol. 42 Ch. 495

စွမ်းရည်များကို အတင်းအဓမ္မ ထုတ်ယူခြင်း

Vol. 42 Ch. 495

"ဘုန်း... ဘုန်း... ဘုန်း"

ပျံသန်းစံအိမ်၏ နောက်ဖေးခြံဝင်းထဲတွင် ပြင်းထန်သော တိုက်ခိုက်သံများ ထွက်ပေါ်နေပြီး ဖုန်လုံးကြီးများလည်း ထနေသည်။

"ဆရာ... တကယ် အစွမ်းထက်တာပဲ"

လေ့ကျင့်ရေးကွင်း ဘေးတွင် ရပ်ကြည့်နေသော ရှဲ့လင်းတန်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။

သူမဘေးမှ ရှီဖုန်းလန်ကမူ မျက်လုံးများ အရောင်တောက်နေပြီး ကျန်းပေရန်ကိုသာ စူးစိုက်ကြည့်နေသည်။

ကွင်းအလယ်တွင် ချူယန်ဇယ်၏ ခန္ဓာကိုယ်သည် မာကျောသော သံချပ်ကာကဲ့သို့ အခွံများ ဖုံးအုပ်ထားသည်။ သူ့လက်နှင့် ခြေထောက် ကြွက်သားများကြားတွင် စိမ်းလဲ့လဲ့ အရည်များ စီးဆင်းနေသည်ကို မြင်နိုင်သည်။

ဒါသည် ချူယန်ဇယ် အစွမ်းကုန် ကြိုးစားပြီးနောက် တွေ့ရှိလာသော စွမ်းရည်သစ် ဖြစ်သည်။ ဒီအရည်များက သူ့အားနှင့် အမြန်နှုန်းကို ပိုမို မြှင့်တင်ပေးနိုင်ရုံသာမက အာရုံခံနိုင်စွမ်းကိုပါ တိုးတက်လာစေသည်။

"ဘုန်း"

လေပေါ်တွင် အားယူလိုက်ပြီး ချူယန်ဇယ်က ကျန်းပေရန်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

လက်ရှိ ချူယန်ဇယ်သည် တစ်ကိုယ်လုံး လက်နက် ဖြစ်နေသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှ ကြောက်မက်ဖွယ် စွမ်းအားများ ထုတ်လွှတ်နိုင်သည်။

ပထမဆုံးအကြိမ် တိုက်ခိုက်တုန်းကထက် ကြွက်သားများကို ကျုံ့နိုင်ဆန့်နိုင်စွမ်း ပိုကောင်းလာပြီး လှုပ်ရှားမှုများကို ပိုမို ထိန်းချုပ်လာနိုင်သည်။

လျင်မြန်စွာ ရောက်ရှိလာသော လက်သီးကို ကျန်းပေရန်က လက်ဖြင့် ကာလိုက်ပြီး ဘေးသို့ ရှောင်တိမ်းလိုက်သည်။

ခန္ဓာကိုယ်ကို ကောင်းစွာ ထိန်းချုပ်နိုင်လာပြီ ဖြစ်သဖြင့် ချူယန်ဇယ်သည် တစ်စက္ကန့်အတွင်း လက်သီးချက် ၅၆ ချက်အထိ ထိုးနှက်နိုင်သည်။ လက်သီးချက်များက မြန်ဆန်လွန်းသဖြင့် အရိပ်များပင် ကျန်ရစ်နေသည်။

သူ့တိုက်ခိုက်မှု အားလုံးကို ဆရာက ကာကွယ်ထားနိုင်သည်ကို မြင်သောအခါ ချူယန်ဇယ်သည် အတောင်ပံများကို ခတ်လိုက်ပြီး ကျန်းပေရန်၏ အနောက်ဘက်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ထို့နောက် အသစ်ထွက်လာသော အမြီးဖြင့် ကျန်းပေရန်၏ ကျောကုန်းကို ရိုက်ချလိုက်သည်။

သို့သော် သူ့လှုပ်ရှားမှုများ မည်မျှပင် လျင်မြန်ပါစေ... ကျန်းပေရန်က အမြီးကို လှမ်းဖမ်းလိုက်နိုင်သည်။

ကျန်းပေရန်က အမြီးကို ကိုင်ပြီး ချူယန်ဇယ်ကို မြေကြီးပေါ် ရိုက်ချရန် ပြင်လိုက်စဉ် လက်ထဲတွင် အမြီးတစ်စသာ ကျန်ရစ်ပြီး ချူယန်ဇယ်က အဝေးသို့ ပျံသန်းသွားသည်။

ထူးခြားသည်မှာ ပြတ်ကျန်ခဲ့သော အမြီးသည် အသက်ရှိနေဆဲ ဖြစ်ပြီး ကျန်းပေရန်၏ လက်မောင်းကို ကြိုးတစ်ချောင်းကဲ့သို့ ရစ်ပတ်လိုက်သည်။

သာမန် ကျင့်ကြံသူ ဆိုလျှင် လက်မောင်းကျိုးသွားနိုင်သော်လည်း ကျန်းပေရန် အတွက်မူ ကလေး ကစားစရာလောက်သာ ရှိသည်။

လက်မောင်းပေါ်မှ အမြီးစကို ဖယ်ရှားလိုက်ပြီး လေ့လာကြည့်ရန် ပြင်လိုက်စဉ် အမြီးပြတ်မှ အဆိပ်ငွေ့များ မှုတ်ထုတ်လိုက်သည်။

'တိုက်ခိုက်နည်းတွေက စုံလှချည်လား'

အဆိပ်ငွေ့ကို ရှူရှိုက်လိုက်ပြီးနောက် ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။ အဆိပ်ပြင်းအား မဆိုးလှပေ။ မြေကမ္ဘာအဆင့် ကျင့်ကြံသူများပင် ရှူမိလျှင် အော့အန်ခြင်း၊ ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းတို့ ဖြစ်သွားနိုင်သည်။

တိုက်ခိုက်နိုင်စွမ်း ကျဆင်းသွားမည်မှာ အသေအချာပင် ဖြစ်သည်။

အဆိပ်ငွေ့များ ထုတ်လွှတ်ပြီးနောက် အမြီးပြတ်သည် ခြောက်ကပ်သွားပြီး အသက်မရှိတော့ပေ။

အဆိပ်ငွေ့များကြားမှ ချူယန်ဇယ် ပြန်ရောက်လာပြီး လက်သီးနှစ်ဖက်ဖြင့် တိုက်ခိုက်လိုက်သည်။

"ဘုန်း... ဘုန်း... ဘုန်း"

မိုးစက်များကဲ့သို့ ကျရောက်လာသော လက်သီးချက်များကို ကျန်းပေရန်က တစ်ချက်ချင်းစီ ကာကွယ်လိုက်သည်။ ဒီတစ်ခေါက်တွင်တော့ သူ့ကို ထွက်ပြေးခွင့် မပေးတော့ဘဲ လက်သီးနှစ်ဖက်ကို ဖမ်းချုပ်ထားလိုက်သည်။

ဒီအခြေအနေမှ ဘယ်လို လွတ်မြောက်မလဲ ဟု ကျန်းပေရန် စောင့်ကြည့်နေစဉ် ချူယန်ဇယ်က ခန္ဓာကိုယ်ကို လိမ်လိုက်ပြီး ညာခြေထောက်ဖြင့် ကျန်းပေရန်၏ မျက်နှာကို ကန်လိုက်သည်။

"ဘုန်း"

ဒီတစ်ခေါက်တွင်တော့ ချူယန်ဇယ်၏ ခြေထောက်က ကျန်းပေရန်၏ မျက်နှာကို ထိမှန်သွားသည်။ သို့သော် ခြေထောက် အသုံးပြုပုံ မကျွမ်းကျင်သေးသဖြင့် တစ်စက္ကန့်လျှင် ၄၅ ချက်သာ ကန်နိုင်ခဲ့သည်။

ဒါသည် ဆရာ၏ ခန္ဓာကိုယ်ကို ပထမဆုံးအကြိမ် ထိမှန်ခြင်း ဖြစ်သည်။ ပျော်ရွှင်စရာ ကောင်းသော်လည်း ဆရာ၏ မျက်နှာထား ပြောင်းလဲသွားခြင်း မရှိသည်ကို မြင်သောအခါ ချူယန်ဇယ် စိတ်ပျက်သွားမိသည်။

'အားကြီးလိုက်တာဗျာ'

ချူယန်ဇယ် ဆက်လက် မလှုပ်ရှားတော့သည်ကို မြင်သောအခါ ကျန်းပေရန်က သူ့ကို လွှတ်ပစ်လိုက်သည်။ သို့သော် လက်ထဲတွင် လက်မောင်းနှစ်ဖက် ပြတ်ကျန်ရစ်ခဲ့သည်။

'မဆိုးဘူး... အကုန် ဖြတ်ချလို့ ရနေတာပဲ'

ကျန်းပေရန် တွေးထားသည့်အတိုင်းပင်... ပြတ်ကျန်ခဲ့သော လက်မောင်းများမှ အမျှင်ဖြူများ ထွက်လာပြီး ကျန်းပေရန်၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။

အမျှင်ဖြူများကို စမ်းဆွဲကြည့်ရာ အတော်လေး ခိုင်ခန့်သည်ကို တွေ့ရသည်။ အလွယ်တကူ ဖြတ်တောက်ရန် မလွယ်ကူပေ။

ကျန်းပေရန်က ချက်ချင်း မဖြတ်သေးဘဲ အမျှင်များက သူ့တစ်ကိုယ်လုံးကို ရစ်ပတ်ပြီး ချည်နှောင်လိုက်သည်အထိ စောင့်ကြည့်လိုက်သည်။

'ငါကို မုန့်ထုပ် ထုပ်နေတာလား'

အမျှင်ဖြူများ၏ လုပ်ဆောင်ချက်ကို သိလိုက်ရသဖြင့် ကျန်းပေရန်က အားစိုက်လိုက်ပြီး အကုန် ဖြတ်တောက်လိုက်သည်။

ထိုအချိန်တွင် လက်မောင်းများ ပြန်ထွက်လာသော ချူယန်ဇယ်က ရှေ့ရောက်လာပြန်သည်။ သို့သော် ဒီတစ်ခေါက် လက်များက လူလက်မဟုတ်ဘဲ ကဏန်းလက်မကြီးများ ဖြစ်နေသည်။

ဒီပုံစံကို မြင်လိုက်ရသောအခါ ဂန္ထဝင် မကောင်းဆိုးဝါး ဇာတ်ကောင် တစ်ကောင်ကို ကျန်းပေရန် သတိရသွားသည်။

'တကယ့် မကောင်းဆိုးဝါးလေးပါလား'

ကျန်းပေရန် မရှောင်တိမ်းလိုက်သဖြင့် ချူယန်ဇယ်၏ လက်မကြီးများက သူ့လက်မောင်းများကို ညှပ်မိသွားသည်။

'ညှပ်အား မဆိုးဘူး'

လက်သီးချက်များထက် ပိုမို ပြင်းထန်သော အားကို ခံစားလိုက်ရသည်။ သို့သော် လက်တွေ့ တိုက်ပွဲတွင် ရန်သူကို ညှပ်မိဖို့ ဆိုသည်မှာ မလွယ်ကူပေ။

အားကုန်သုံးပြီး ညှပ်နေသော ချူယန်ဇယ်ကို ကြည့်ရင်း ကျန်းပေရန် ပြဿနာ တစ်ခုကို သတိထားမိလိုက်သည်။

'ဒီကောင်လေးက မောတယ်လို့ကို မရှိပါလား'

နာရီဝက်လောက် တိုက်ခိုက်ခဲ့ပြီ။ ပျံလိုက်၊ ပြေးလိုက်၊ အမြီးဖြတ်လိုက်၊ လက်ဖြတ်လိုက် လုပ်နေတာတောင် မောပန်းခြင်း မရှိပေ။ စွမ်းအင်များ ပြည့်ဝနေဆဲပင် ဖြစ်သည်။

'အဆိပ်ကောင် လူသား ဆိုတာ တော်တော် ကြောက်ဖို့ ကောင်းတာပဲ'

ပြန်လည် ရှင်သန်နိုင်စွမ်း ကောင်းရုံတင် မကဘူး... စွမ်းအင် ကုန်ခမ်းမှု မရှိတာကတော့ တော်တော် လွန်လွန်းသည်။

'ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး'

ချူယန်ဇယ်ကို စွမ်းအင် ကုန်ခမ်းစေချင်သော်လည်း သူ့ကို တိုက်ခိုက်ခိုင်းရုံဖြင့် မလုံလောက်ပေ။

ထို့ကြောင့် ကျန်းပေရန်က အားစိုက်လိုက်ပြီး လက်မကြီးများကို တွန်းထုတ်လိုက်သည်။ ထို့နောက် ကြောင်အမ်းအမ်း ဖြစ်နေသော ချူယန်ဇယ်ကို လက်သီးဖြင့် ထိုးလိုက်သည်။

ချူယန်ဇယ်၏ မျက်လုံးပေါင်း သောင်းချီ ပါဝင်သော ပေါင်းစပ်မျက်လုံးများသည် လှုပ်ရှားမှုများကို ကောင်းစွာ မြင်နိုင်သည်။

ဆရာ၏ လက်သီးချက် လာနေသည်ကို မြင်နေရသော်လည်း ခန္ဓာကိုယ်က ရှောင်တိမ်းနိုင်ခြင်း မရှိပေ။

"ဘုန်း"

မျက်နှာဖုံးအုပ်ထားသော ချူယန်ဇယ်၏ မျက်နှာကို လက်သီး ထိမှန်သွားပြီး မျက်နှာဖုံး ကွဲသွားသည်။ ချူယန်ဇယ် တစ်ယောက် ခေါင်းမူးသွားသည်။

အသက်ရှူချိန် မရလိုက်ခင်မှာပင် ဒုတိယ လက်သီးချက် ရောက်လာပြန်သည်။

လမ်းကြောင်းကို မြင်နေရသော်လည်း ခန္ဓာကိုယ်က မလိုက်နိုင်ပေ။

ရင်ဘတ်ကို အထိုးခံလိုက်ရပြန်သည်။

ဝူချင်းချယ် တောင် မဖောက်နိုင်ခဲ့သော အကာအကွယ် အခွံများသည် စက္ကူကဲ့သို့ ကွဲကြေသွားသည်။

တတိယ၊ စတုတ္ထ၊ ပဉ္စမ... လက်သီးချက်များ ဆက်တိုက် ကျရောက်လာသည်။

ချူယန်ဇယ်၏ ခန္ဓာကိုယ်မှ အခွံများ တစ်လွှာပြီး တစ်လွှာ ကွဲကြေသွားသည်။ သို့သော် သူ အရှုံးမပေးဘဲ ရှောင်တိမ်းရန် ကြိုးစားနေသည်။

ဒါပေမဲ့ ဆရာ၏ လက်သီးချက်များက မြန်ဆန်လွန်းလှသည်။ ကြည့်နေရင်း အထိုးခံလိုက်ရခြင်းသာ ရှိသည်။

အခြေအနေ ဆိုးရွားနေသော ချူယန်ဇယ်ကို ကြည့်ပြီး ကျန်းပေရန် လက်မလျှော့လိုက်ပေ။ ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်မှသာ သူ့အစွမ်းအစများ ထွက်လာမည် မဟုတ်ပါလော။

"ယန်ဇယ်"

ထုံကျင်နေသော ချူယန်ဇယ်၏ နားထဲသို့ ဆရာ၏ အသံ ဝင်ရောက်လာသည်။

သူ အံ့ဩစွာ မော့ကြည့်လိုက်သည်။ နားကြားမှားတာလား။

"ငါ ခေါ်နေတာ"

ကျန်းပေရန် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့... ဆရာ"

ချူယန်ဇယ် မတ်တတ်ရပ်ပြီး ပြန်ထူးလိုက်သည်။

ကျန်းပေရန်က သူ့ကို သေချာ ကြည့်ပြီး မေးလိုက်သည်။

"မင်း ခန္ဓာကိုယ် တစ်ဝက် ပျောက်သွားရင် အသက်ရှင်နိုင်ဦးမလား"

ချူယန်ဇယ် လန့်သွားသည်။ ခဏ စဉ်းစားပြီးမှ ဖြေလိုက်သည်။

"တပည့်... မသိဘူး ဆရာ"

"ဒါဆို စမ်းကြည့်ရအောင်"

ပြောပြီးသည်နှင့် ကျန်းပေရန်က လက်သီးဖြင့် ထိုးချလိုက်သည်။

'သေတော့မယ်'

စကားပြောပြီးတာနဲ့ ချက်ချင်း ထိုးချလိုက်သော လက်သီးချက်ကြောင့် ချူယန်ဇယ်၏ ခန္ဓာကိုယ်မှ ခုခံကာကွယ်ရေး စနစ်များ အလိုအလျောက် ပွင့်လာသည်။ ကြွက်သားများကြားမှ စိမ်းလဲ့လဲ့ အရည်များသည် ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။

လှုပ်ရှားနိုင်ပြီ။

ဒီတစ်ခေါက်တွင်တော့ ဆရာ၏ လက်သီး ကျရောက်လာချိန်တွင် ချူယန်ဇယ် အနောက်သို့ အနည်းငယ် ယိမ်းလိုက်နိုင်ခဲ့သည်။ နည်းနည်းလေး ဖြစ်သော်လည်း လုံးဝ မလှုပ်ရှားနိုင်သည်ထက် စာရင် တော်သေးသည်။

ဒါပေမဲ့ ဒီလောက်လေး ယိမ်းလိုက်ရုံဖြင့် လက်သီးချက်ကို ရှောင်နိုင်မည် မဟုတ်ပေ။ သေမင်း၏ အရိပ်ကို မြင်နေရဆဲပင် ဖြစ်သည်။

သို့သော် လက်သီးချက်က သူ့မျက်နှာနား ရောက်ခါနီးတွင် ရပ်တန့်သွားသည်။

"ကောင်းပြီ... ဒီတစ်ခေါက် လေ့ကျင့်မှုက အကျိုးရှိသားပဲ"

မသေတော့မှန်း သိလိုက်သောအခါ ချူယန်ဇယ် ဖင်ထိုင်ကျသွားပြီး အမောဖြေလိုက်သည်။

စောစောက လက်သီးချက်၏ ဖိအားသည် ကြောက်စရာ ကောင်းလွန်းလှသည်။ နှလုံးခုန် ရပ်သွားမတတ် ခံစားခဲ့ရသည်။

ဒါပေမဲ့ အဲဒီလို ခံစားချက်ကြောင့် သူ့ခန္ဓာကိုယ်က ပိုမို သန်မာလာခြင်း ဖြစ်သည်။

"နားချင်သေးလား" ကျန်းပေရန် မေးလိုက်သည်။

အသက်ပြန်ရှင်လာသလို ခံစားနေရသော ချူယန်ဇယ်က ခေါင်းခါလိုက်သည်။

"မနားဘူး... ဆက်တိုက်နိုင်သေးတယ်"

ကျန်းပေရန် ပြုံးလိုက်သည်။

"မင်းကိုယ်မင်း သိပ်အနိုင်မကျင့်ပါနဲ့... အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးကြည့်လိုက်ပါဦး... ဘာတွေ ပြောင်းလဲသွားလဲ ဆိုတာ"

"ဟုတ်ကဲ့"

ချူယန်ဇယ် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။

ကျန်းပေရန်လည်း သူ့ကို လေ့လာကြည့်လိုက်သည်။

'သောက်ကျိုးနည်း... လက်မောင်းကြွက်သားတွေက အမျှင် တစ်ထောင်လောက် ရှိမယ် ထင်တယ်'

အရင်ကတည်းက ကြွက်သားများသော်လည်း ဒီလောက်ထိ မများပြားပေ။

ဒီလို ကြွက်သားမျိုးက ထုတ်ပေးနိုင်မည့် အားကို တွေးကြည့်ရုံဖြင့် ကြောက်စရာ ကောင်းနေပြီ။

ခဏကြာသောအခါ ချူယန်ဇယ် မျက်လုံးဖွင့်လာပြီး ပြောလိုက်သည်။

"ဆရာ... ကျွန်တော့် ခန္ဓာကိုယ်က ပိုပြီး သန်မာလာသလိုပဲ"

"သလိုပဲ မဟုတ်ဘူး... တကယ် သန်မာလာတာ"

သေရေးရှင်ရေး ကြုံလိုက်ရသဖြင့် ချူယန်ဇယ်၏ စွမ်းရည်များ ပိုမို နိုးထလာခြင်း ဖြစ်သည်။ အသားကျသွားလျှင် ပိုပြီး အစွမ်းထက်လာဦးမည်။

'အဆိပ်ကောင် လူသား ဆိုတာ စစ်မှန်တဲ့ တိုက်ခိုက်ရေး လက်နက်ပဲ'

အမြင်အာရုံ ကောင်းမွန်သော ပေါင်းစပ်မျက်လုံးများ၊ ပေါက်ကွဲအား ပြင်းထန်သော ကြွက်သားများ၊ ပြန်လည် ရှင်သန်နိုင်စွမ်းများ... ဒါတွေ အားလုံးက တိုက်ခိုက်ရေးအတွက် မွေးဖွားလာသလိုပင်။

နောက်ပြီး ကြီးထွားနှုန်းကလည်း ကျင့်ကြံသူများထက် ပိုမြန်သည်။

ထိပ်တန်း ကျင့်ကြံသူ တစ်ယောက် ဖြစ်လာဖို့ ဆိုတာ မခဲယဉ်းပေ။

ဒါပေမဲ့ အဆိပ်ကောင် လူသား ဖြစ်လာဖို့ ဆိုတာလည်း မလွယ်ကူပေ။ အဆိပ်ကောင် မွေးမြူနိုင်သော ခန္ဓာကိုယ် မရှိလျှင် ဘုရင်အဆိပ်ကောင်များ၏ စားသောက်ခြင်းကို ခံရပြီး သေဆုံးသွားနိုင်သည်။

ချူယန်ဇယ် မတ်တတ်ရပ်လိုက်ပြီး အသစ်ပြန်ပေါက်လာသော အခွံများကို စမ်းသပ်ကြည့်ကာ ပြောလိုက်သည်။

"ဆရာ... ကျွန်တော် အဆင်သင့် ဖြစ်ပြီ"

တိုက်ခိုက်လိုစိတ် ပြင်းပြနေသည်ကို မြင်သောအခါ ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။

"လာစမ်း"

နောက်ထပ် ၂ နာရီခန့် တိုက်ခိုက်ပြီးနောက် ခြေလက်များ အကြိမ်ကြိမ် ပြတ်တောက်ခဲ့ရသော ချူယန်ဇယ်သည် နောက်ဆုံးတွင် မောပန်းလာတော့သည်။ ဗိုက်ထဲတွင်လည်း ဟာတာတာ ဖြစ်လာသည်။

"ဒီနေ့တော့ ဒီလောက်ပဲ"

ချူယန်ဇယ် ဆက်မတိုက်နိုင်တော့မှန်း သိသဖြင့် ကျန်းပေရန် ရပ်တန့်လိုက်သည်။

ချူယန်ဇယ်လည်း အားကုန်နေပြီ ဖြစ်သဖြင့် အရိုအသေပေးကာ ထိုင်ချလိုက်သည်။

လက်မောင်းကို နှိပ်နယ်ရင်း ချူယန်ဇယ် အော်ဟစ်လိုက်သည်။

"ဆရာ... မှို မပေါက်တော့ဘူး"

ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။ သူ့ယူဆချက် မှန်ကန်သွားပြီ ဖြစ်သည်။ အာဟာရ လွန်ကဲမှု ပြဿနာကို ဖြေရှင်းနိုင်သွားပြီ။

'ဆိုတော့... အဆိပ်ကောင်တွေ စွမ်းအင် စုပ်ယူနေတာက ချူယန်ဇယ်ကို ကျင့်ကြံပေးနေတာနဲ့ အတူတူပဲပေါ့'

'အလိုအလျောက် ကျင့်ကြံခြင်း... မိုက်လိုက်တာ'

တွေးရင်းနှင့် ကျန်းပေရန်သည် အသားကင်စင် နားသို့ လျှောက်သွားပြီး အသားများ ထုတ်ယူလိုက်သည်။

ရှီဖုန်းလန် ပြေးလာသည်။

"ပေရန်လေး... အသားကင် စားမလို့လား"

"အင်း" ကျန်းပေရန် အသားများကို ပြင်ဆင်လိုက်သည်။

အသားများကို အချဉ်ရည် စိမ်ထားပြီးနောက် ကျန်းပေရန် အပြင်ထွက်လိုက်ရာ စက္ကူငှက် ၂ ကောင် ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

ပျံသန်းသော စံအိမ်၏ ကာကွယ်ရေး စနစ် ကောင်းမွန်လွန်းသဖြင့် အပြင်လူ ဝင်မရသလို စွမ်းအင်ပါသော ပစ္စည်းများလည်း ဝင်လို့မရပေ။

စက္ကူငှက်များကို ယူပြီး စာဖတ်ကြည့်လိုက်သည်။

ကူချင်းဟွမ်းထံမှ စာတွင် ရှေးဟောင်း အပျက်အစီးနယ်မြေနှင့် သားရဲထိန်းကျောင်းရေး အဖွဲ့အစည်း အကြောင်း စုံစမ်းပေးမည် ဖြစ်ကြောင်း၊ သတင်းရသည်နှင့် အကြောင်းကြားမည် ဖြစ်ကြောင်း ရေးထားသည်။

လင်းရှီယွင် ထံမှ စာတွင်မူ သူမ အားလပ်နေကြောင်းနှင့် အချိန်မရွေး လာရောက်နိုင်ကြောင်း ရေးထားသည်။

စာများကို သိမ်းလိုက်ပြီးနောက် လင်းရှီယွင်ထံ စာပြန်ရေးလိုက်သည်။

...

မိုင်ပေါင်း ထောင်ချီ ဝေးကွာသော လင်းအိမ်တော် တွင်...

လင်းရှီယွင် တစ်ယောက် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။

သခင်လေးကျန်း ထံမှ စာရသည်နှင့် စာပြန်ရေးခဲ့သော်လည်း ရေးပြီးမှ မသင့်တော်ဘူးဟု ထင်မြင်မိသည်။

မူလက "ကျေးဇူးတင်ပါတယ်... ဆုလာဘ် မလိုပါဘူး" ဟု ရေးထားသော်လည်း... သခင်လေး ကျန်း ၏ စိတ်သဘောထားအရ သူ ပေးချင်လျှင် ယူကို ယူရမည် ဖြစ်ကြောင်း သူမ သိနေသည်။

တကယ်တမ်း သူမ လိုချင်တာက ဆုလာဘ် မဟုတ်ဘဲ ပညာရှင် ကျန်း နှင့် တွေ့ဆုံ စကားပြောခွင့်သာ ဖြစ်သည်။

ထို့ကြောင့် စာရွက် အသစ်လဲပြီး "အားပါတယ်... လာခဲ့ပါ" ဟု ရေးပြီး ပို့လိုက်သည်။

ပို့ပြီးမှ နောင်တရနေမိသည်။

သူမကို အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးသော ကျေးဇူးရှင်ထံမှ ဆုလာဘ် တောင်းသလို ဖြစ်နေပြီ မဟုတ်ပါလော။

ဒါပေမဲ့ စာက ပို့ပြီးသွားပြီ။ ပြန်ယူလို့ မရတော့ပေ။

'ကိစ္စ မရှိပါဘူး... သခင်လေးကျန်းက သဘောထား ကြီးပါတယ်... ဒါမျိုးတွေကို ဂရုစိုက်မှာ မဟုတ်ပါဘူး'

ကိုယ့်ဘာသာကိုယ် နှစ်သိမ့်လိုက်မိလေသည်။

All Chapters