မင်းက ဘယ်လိုတောင်းဆိုရမလဲ သိတာပဲ....
Vol. 62 Ch. 883
" ရှီစုန်ဘုရင်က မင်းကို တွေ့ချင်နေတယ်။ " အရှင်ချင်းဖန်က လင်းယွမ်ကို ပြောလိုက်သည်။
" ရှီစုန်ဘုရင်က ကျွန်တော်ကို တွေ့ချင်တာလား။ " လင်းယွမ်က အနည်းငယ် အံ့ဩသွားသည်။
" မှန်တယ်။ " အရှင်ချင်းဖန်က ပြောလိုက်သည်။ " စိတ်မပူနဲ့။ ဒါက ကောင်းတဲ့ ကိစ္စပဲ။ မင်းက မိုးကြိုးလှံကို အနိုင်ယူလိုက်တယ်လေ။ ဗဟိုစစ်မြေပြင်မဟုတ်ပေမယ့် ငါတို့ဘက်က လူတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့တယ်။ ဒါကြောင့် မင်းသားရှီစုန်က အရမ်းကျေနပ်နေတာပဲ။ "
မင်းသားရှီစုန်ဆိုသည်မှာ ရှီစုန်ဘုရင်ကိုသာ ဆိုလိုခြင်းဖြစ်သည်။ ဘုရင်ဘွဲ့အပ်နှင်းခြင်းခံရသော တော်ဝင်မိသားစုဝင်များက မင်းသာဟု ခေါ်ဆိုခံရခြင်းကို ပို၍ နှစ်သက်ကြသည်။
" မင်းမှာ တောင်းဆိုချင်တာရှိရင် ဒီအခွင့်အရေးကို အသုံးချပြီး တောင်းဆိုလို့ရတယ်။ မင်းသားက သဘောမတူရင်လည်း ဘာမှမဖြစ်ဘူး။ သဘောတူတာရင်တော့ မင်းအတွက် အမြတ်ပေါ့။ "
" အဲ့လိုလည်း လုပ်လို့ရတာလား။ " လင်းယွမ်က မျက်တောင်ပုတ်ခတ်ပြီး မေးလိုက်သည်။
" မင်းသားရှီစုန်က စိတ်ကျေနပ်နေတာပဲ။ အများကြီး လိုက်လျောပေးနိုင်တာပေါ့။ " အရှင်ချင်းဖန်က ပြောလိုက်သည်။သူက ရှီစုန်ဘုရင်အကြောင်းကို ကောင်းကောင်းနားလည်သည်။
" ငါ အခုမင်းကို ခေါ်သွားပေးမယ်။ " အရှင်ချင်းဖန်က လင်းယွမ်ကို ခေါ်ပြီး အချိန်လေဟာနယ်ကို ဖြတ်ကျော်သွားသည်။
ခဏကြာသောအခါ သူတို့က လေထဲတွင် လွင့်မျောနေသော မြို့ငယ်လေးတစ်မြို့သို့ ရောက်လာကြသည်။ ထိုမြို့က မိုင်ပေါင်းဘီလီယံချီသာ ရှိပြီး ကျင့်ကြံခြင်းနေရာတစ်ခုနှင့် ပိုတူနေသည်။
အရှင်ချင်းဖန်က လင်းယွမ်ကို မြို့အတွင်းရှိ ခန်းမတစ်ခုသို့ ခေါ်သွားသည်။
" မင်းသား နဂါးငွေ့တန်းရောက်ပါပြီ။ " အရှင်ချင်းဖန်က ပြောလိုက်သည်။
" ဝင်လာခဲ့။ " အသံတစ်ခု ထွက်ပေါ်လညသည်။
လင်းယွမ်က အရှင်ချင်းဖန်၏ နောက်မှ လိုက်ဝင်သွားရာ ခန်းမ၏ အလယ်တွင် ထိူင်နေသော ရှီစုန်ဘုရင်ကို မြင်လိုက်ရသည်။ ရှီစုန်ဘုရင်က မဟာအရှင်သခင်အဆင့်သာ ဖြစ်သော်လည်း သူပေးသော ဖိအားက အရှင်ချင်းဖန် သို့မဟုတ် အရှင်သခင်ဟုန်ယဲတို့ထက် သာလွန်နေသည်။
" နဂါးငွေ့တန်း ထိုင်ပါ။ " ရှီစုန်ဘုရင်က ပြုံးပြီး ပြောလိုက်သည်။
လင်းယွမ်ကလည်း ချက်ချင်း ထိုင်လိုက်သည်။
" စစ်မြေပြင်ထဲမှာ မင်းရဲ့ စွမ်းဆောင်ရည်ကို ငါတကယ် ကျေနပ်မိတယ်။ " ရှီစုန်ဘုရင်က ပြုံး၍ ပြောလိုက်သည်။ " ပြောပါဦး။ မင်းဘယ်လိုဆုလာဘ်မျိုး လိုချင်တာလဲ။ "
အရှင်ချင်းဖန်က ဘေးတွင် ငြိမ်သက်စွာ ရပ်နေသည်။
" ဆုလာဘ်..." လင်းယွမ်က အရှင်ချင်းဖန်၏ သတိပေးချက်ကို ပြန်အမှတ်ရလိုက်သည်။ " ငါ ဘာတောင်းဆိုရမလဲ။ "
" မင်းသား ကျွန်တော် အဆင့်တစ် စစ်လက်နက်တွေကို လေ့လာချင်ပါတယ်။ "
ယခုအချိန်တွင် လင်းယွမ် လေ့လာခွင့်ရသော စစ်လက်နက်များက အဆင့်နှစ် အလယ်အလတ်အဆင့် စစ်လက်နက်များသာ ဖြစ်သည်။ ထိုအဆင့်က နောက်ဆုံးကန့်သတ်ချက်ဖြစ်ပြီး ပိုမိုမြင့်မားသော အဆင့်တစ် စစ်လက်နက်များက ဗဟိုစစ်မြေပြင်တွင်သာ ရှိသည်။
လင်းယွမ်က ဗဟိုစစ်မြေပြင်သို့ သွားခဲ့လျှင်တောင် ထိုနေရာမှ တပ်မှူးများက မဟာအရှင်သခင် အထွတ်အထိပ်များဖြစ်ပြီး စစ်မြေပြင်ခုနှစ်ကဲ့သို့ လွတ်လပ်စွာ လေ့လာနိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။
" အဆင့်တစ် စစ်လက်နက်တွေကို လေ့လာချင်တာလားယ " အရှင်ချင်းဖန်၏ အမူအရာက အနည်းငယ် ပျက်ယွင်းသွားသည်။
လင်းယွမ်က ထိုသို့တောင်းဆိုလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ အဆင့်တစ် စစ်လက်နက်များက လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ် အင်အားကြီးသူများ ထောင်ချီသောင်းချီ ပါဝင်နိုင်ပြီး မဟာအရှင်သခင် အထွတ်အထိပ်ကို ခြိမ်းခြောက်နိုင်သည်။
ထိုအဆင့်ရှိ စစ်လက်နက်များက နယ်မြေများကြား စစ်ပွဲရလဒ်များကို ပြောင်းလဲနိုင်ပြီး အရှင်ချင်းဖန်ကိုယ်တိုင်ပင်လျှင် အဆင့်တစ် စစ်လက်နက်တစ်ခုအနီးသို့ စိတ်ရှိသလို ချဉ်းကပ်ခွင့်မရှိပေ။ လင်းယွမ်၏ တောင်းဆိုမှုက မဖြစ်နိုင်ဟု အရှင်ချင်းဖန်က ယူဆထားသည်။
ရှီစုန်ဘုရင်က စိတ်ကျေနပ်နေလျှင်တောင် အဆင့်တစ် စစ်လက်နက်များက ရှေးဟောင်းနိုင်ငံ၏ အခြေခံအုတ်မြစ်များဖြစ်သည်။ အကယ်၍ ရတနာတစ်ခုခု သို့မဟုတ် ရှေးဟောင်းပစ္စည်းများကို တောင်းဆိုလျှင်တောင် ရှီစုန်ဘုရင်က သဘောတူနိုင်သည်။ အကယ်၍ လင်းယွမ် လေ့လာခဲ့သော အဆင့်တစ် စစ်လက်နက်များ၏ ဖရိုဖရဲလျို့ဝှက်သင်္ကေတများ ပေါက်ကြားသွားခဲ့လျှင် ရှီစုန်ဘုရင်က တာဝန်ရှိသူဖြစ်လာပေလိမ့်မည်။
" အဆင့်တစ် စစ်လက်နက်လား။ " ရှီစုန်ဘုရင်က မျက်ခုံးများပင့်ပြီး ခေါင်းခါလိုက်သည်။ " မင်းက ဘယ်လိုတောင်းဆိုရမလဲ သိတာပဲ။ "
လင်းယွမ်က ရှီစုန်ဘုရင်၏ စကားများမှ အဆင့်တစ် စစ်လက်နက်များ၏ အရေးပါပုံမှာ သူခန့်မှန်းထားသည်ထက် ပိုကြီးမားနေသည်ကို နားလည်သွားသည်။
" ဒါပေမယ့် ငါမင်းအပေါ် တကယ်ကျေနပ်မိတယ်။ " ရှီစုန်ဘုရင်က လင်းယွမ်ကို ကြည့်ပြီး ပြုံးလိုက်သည်။ " မင်း အဆင့်တစ် စစ်လက်နက်တွေကို လေ့လာချင်တယ်ဆိုရင် ဒီစစ်ပွဲမှာ အသုံးပြုနေတဲ့ စစ်လက်နက်တွေအားလုံးကို လေ့လာခွင့်ပေးလိုက််မယ်။ "
ရှီစုန်ဘုရင်က သဘောတူလိုက်သဖြင့် လင်းယွမ်က အနည်းငယ် အံ့ဩသွားသည်။ ထိုတောင်းဆိုချက်က ဖြည့်ဆည်းပေးရန် အမှန်တကယ် ခက်ခဲပေသည်။ လင်းယွမ်က သူငြင်းပယ်ခံရလျှင် နောက်ထပ်တစ်ခုကို တောင်းဆိုရန် ပြင်ဆင်ထားခဲ့သည်။
" ကျေးဇူးတင်ပါတယ် မင်းသား။ " လင်းယွမ်က အားနာမနေဘဲ ချက်ချင်း ပြောလိုက်သည်။
အဆင့်တစ် စစ်လက်နက်များကို လေ့လာခွင့်ရခြင်းက ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။ စစ်ပွဲကာလမဟုတ်လျှင် လင်းယွမ်အနေဖြင့် စစ်လက်နက်တစ်ခုကို လေ့လာရန်မပြောနှင့် မြင်တွေ့ခွင့်ရရန်ပင် မဖြစ်နိုင်ပေ။
" မင်းက စစ်လက်နက်ပေါ်မှာ ရေးထွင်းထားတဲ့ ဖရိုဖရဲလျို့ဝှက်သင်္ကေတတွေကို လေ့လာချင်လို့လား။ " ရှီစုန်ဘုရင်က စိတ်ဝင်တစား မေးလိုက်သည်။
" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သူက ထိုအချက်ကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။ စစ်လက်နက်များ၏ တန်ဖိုးအရှိဆုံး အစိတ်အပိုင်းမှာ ၎င်းတို့ပေါ်တွင် ထွင်းထုထားသော ဖရိုဖရဲလျို့ဝှက်သင်္ကေတများပင် ဖြစ်သည်။ ထိုလျို့ဝှက်သင်္ကေတများကြောင့်သာ လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူများစွာ၏ နိယာမစွမ်းအားများကို ပြည့်စုံစွာ ပေါင်းစပ်ပေးနိုင်ခြင်းဖြစ်သည်။
ဖရိုဖရဲလျို့ဝှက်သင်္ကေတများသာ မရှိလျှင် စစ်လက်နက်များ၏ တန်ဖိုးက ကုန်ကြမ်းပစ္စည်းများ၏ တန်ဖိုးသာ ရှိပေလိမ့်မည်။
" ဖရိုဖရဲလျို့ဝှက်သင်္ကေတတွေကို ငါတို့ တည်ထောင်သူဘိုးဘေး ပေးအပ်ခဲ့တာပဲ။ ငါတို့ ရှေးဟောင်းနိုင်ငံက အစွမ်းထက်ဆုံး နတ်ဘုရားအရှင်သခင်တွေက အဲ့ဒါတွေကို စစ်လက်နက်တွေပေါ်မှာ ပုံတူကူးယူခဲ့တာပဲ။ " ရှီစုန်ဘုရင်က ပြောလိုက်သည်။ " မင်းက အဲ့ဒီလျို့ဝှက်သင်္ကေတတွေကို နားလည်နိုင်တယ်ဆိုရင်တော့ အဲ့ဒါ ကောင်းတာပေါ့။ "
" ကျွန်တော်က အပျော်သဘော လေ့လာကြည့်တာပါ။ " လင်းယွမ်က ပြောလိုက်သည်။
တစ်ချိန်တည်းတွင် သူက ဖရိုဖရဲလျို့ဝှက်သင်္ကေတများ၏ ဇစ်မြစ်ကို နားလည်သွားသည်။ တည်ထောင်သူဘိုးဘေး လီယန်ရှေးဟောင်းနိုင်ငံ၏ တည်ထောင်သူပင်ဖြစ်သည်။
ဖရိုဖရဲနိယာမများ၏ အနှစ်သာရများ ပါဝင်သော လျို့ဝှက်သင်္ကေတများကို အလွယ်တကူ ဖန်တီးနိုင်ခြင်းက သူတို့၏ ဖရိုဖရဲနိယာမအပေါ် နားလည်မှုမှာ တတိယအဆင့် ကန့်သတ်ချက်များထက် ကျော်လွန်နေပြီဖြစ်သည်။
အလွှာဆယ့်သုံး တည်ထောင်သူဘိုးဘေးသာ ရှေးဟောင်းနိုင်ငံနှင့် ရင်းမြစ်ကမ္ဘာကို အထက်မှ ကြည့်ပြီး ထိုအရာများကို အလွယ်တကူ ဖန်တီးနိုင်လေသည်။
" ဒါပေမယ့် မင်း စစ်လက်နက်တွေကို ဒီစစ်ပွဲကာလအတွင်းမှာပဲ လေ့လာလို့ရမယ်။ စစ်ပွဲပြီးသွားရင် စစ်လက်နက်တွေအားလုံးကို မြို့တော်ကို ပြန်ပို့ရမှာပဲ။ " ရှီစုန်ဘုရင်က သတိပေးလိုက်သည်။
လင်းယွမ်ကို စစ်လက်နက်များအား လေ့လာခွင့်ပေးခြင်းမှာ စည်းမျဉ်းများနှင့် အနည်းငယ် ဆန့်ကျင်နေသော်လည်း ရှီစုန်ဘုရင်က မျက်စိမှိတ် လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် စစ်ပွဲပြီးဆုံး၍ စစ်လက်နက်များကို ပြန်လည်သိမ်းဆည်းရမည့်အချိန်တွင်မူ ရှီစုန်ဘုရင်က လင်းယွမ်ကို လေ့လာရန်အတွက် အချိန်ဆွဲထား၍ မရပေ။
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ထို့နောက်တွင် ရှီစုန်ဘုရင်က လင်းယွမ်နှင့် စကားအနည်းငယ် ပြောဆိုခဲ့သည်။ အဓိကအားဖြင့် လင်းယွမ်၏ နောက်ထပ်အစီအစဉ်များကို ဆွေးနွေးခြင်းဖြစ်သည်။ သူက မဟာအရှင်သခင်အဆင့် အထွတ်အထိပ်စွမ်းအားကို ထုတ်ဖော်ပြသပြီးဖြစ်သောကြောင့် လင်းယွမ်အနေဖြင့် ပိုမိုအရေးပါသော စစ်မြေပြင်များကို တာဝန်ယူရန် လိုအပ်လာပြီဖြစ်သည်။
စစ်မြေပြင်ခုနှစ်က အစွန်အဖျားနေရာဖြစ်ပြီး မဟာအရှင်သခင်အဆင့် အထွတ်အထိပ်တစ်ယောက်ကို ထိုနေရာတွင် တာဝန်ပေးခြင်းက ဖြုန်းတီးရာ ရောက်ပေသည်။ ၎င်းနှင့် ပက်သက်၍ လင်းယွမ်က ကန့်ကွက်စရာမရှိပေ။ မည်သို့ပင်ဖြစ်စေ သူပြသခဲ့သော စွမ်းအားအရ ရှီစုန်ဘုရင်က သူ့ကို မဟာအရှင်သခင် အထွတ်အထိပ်တစ်ယောက်နှင့် ယှဉ်ပြိုင်ခိုင်းမည်မဟုတ်ပေ။
ရှီစုန်ဘုရင်နှင့် စကားများ ပြောဆိုပြီးနောက် အရှင်ချင်းဖန်နှင့် လင်းယွမ်တို့က ထရပ်ကာ ထွက်ခွာသွားကြသည်။ ခန်းမအတွင်း ရှီစုန်ဘုရင်တစ်ယောက်သာ ကျန်နေခဲ့သည်။
" ခမည်းတော်..." ထိုအချိန်တွင် လူငယ်တစ်ယောက်က လေဟာနယ်၏ နက်ရှိုင်းရာမှ ထွက်လာသည်။ သူက ရှီစုန်ဘုရင်နှင့် အတော်လေးတူပြီး လင်းယွမ်နှင့် အရှင်ချင်းဖန်တို့ ထွက်သွားရာသို့ ကြည့်နေသည်။
" စစ်လက်နက်တွေက ကျွန်တော်တို့ ရှေးဟောင်းနိုင်ငံရဲ့ ရတနာတွေပဲလေ။ အဆင့်သုံး အနိမ့်ဆုံးအဆင့် လက်နက်တွေမှာတောင် အရေးကြီးတဲ့ ဖရိုဖရဲလျို့ဝှက်သင်္ကေတတွေ ထွင်းထုထားတာပဲ။ "
လူငယ်က နားမလည်နိုင်ဘဲ မေးလိုက်သည်။ " ဒီလောက်အရေးကြီးတဲ့အရာကို ခမည်းတောင်က နဂါးငွေ့တန်းကို ဘာလို့ လေ့လာခွင့်ပေးလိုက်တာလဲ။ သူက မိုးကြိုးလှံကို အနိုင်ယူလိုက်ရုံနဲ့ ဒီလောက်ထိ ဆုပေးဖို့ လိုလို့လား။ "
မိုးကြိုးလှံကို အနိုင်ယူပြီး စစ်မြေပြင်ကို ထိန်းထားနိုင်ခြင်းမှာ ဂုဏ်ပြုထိုက်သော စွမ်းဆောင်မှုတစ်ခုဖြစ်သော်လည်း ထိုသို့သော ဆုလာဘ်မျိုးကို မလိုအပ်ပေ။
ရှီစုန်ဘုရင်က သူ၏ အချစ်ဆုံးသားတော်ကို ကြည့်လိုက်သည်။ သူ၏ အချစ်ဆုံး သားတော်မဟုတ်လျှင် စစ်ပွဲကာလအတွင်း သူ၏ ဘေးနားတွင် ခေါ်ထားမည်မဟုတ်ပေ။
" မင်း နဂါးငွေ့တန်းရဲ့ စွမ်းအားကို ဘယ်လိုထင်လဲ။ " ရှီစုန်ဘုရင်က ခဏစဉ်းစားပြီး မေးလိုက်သည်။