← Chapters

အဆင့်တစ် စစ်လက်နက်....

Vol. 62 Ch. 884

အဆင့်တစ် စစ်လက်နက်....

Vol. 62 Ch. 884

" နဂါးငွေ့တန်းရဲ့စွမ်းအားလား။ " လူငယ်က အနည်းငယ် မှင်သက်သွားသည်။ " မဟာအရှင်သခင်အဆင့်မဟုတ်လား။ "

" မှားတယ်။ " ရှီစုန်ဘုရင်က ခေါင်းခါလိုက်သည်။ " ငါသတိထားမိသလောက် နဂါးငွေ့တန်းက ဖရိုဖရဲနိယာမဆင့်ကဲပြောင်းလဲခြင်းကို မကျွမ်းကျင်သေးဘူး။ မိုးကြိုးလှံနဲ့ တိုက်ခိုက်တုန်းကလည်း အဲ့ဒီစွမ်းအားကို အသုံးမပြုခဲ့ဘူး။ "

" မှန်ပါတယ်။ " လူငယ်က စဉ်းစားနေသည်။

"နဂါးငွေ့တန်းက မဟာအရှင်သခင်အဆင့်ကို ဝင်ရောက်ခါစပဲရှိသေးတယ်။ သူက လီယန်နတ်ခန္ဓာကို မှီခိုပြီး ဒီလောက် သန်မာတဲ့စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့တယ်။ မဟာအရှင်သခင်အဆင့်ကို ရောက်ခါစမှာ လီယန်နတ်ခန္ဓာကို သုံးရုံနဲ့ မဟာအရှင်သခင် အထွတ်အထိပ်နီးပါး စွမ်းအားကို ထုတ်ဖော်နိုင်တယ်။ နဂါးငွေ့တန်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ လီယန်သွေးမျိုးဆက်က တကယ်သိပ်သည်းနေလောက်တယ်။ " ရှီစုန်ဘုရင်က ပြောလိုက်သည်။

လီယန်နတ်ခန္ဓာကို ရှေးဟောင်းနိုင်ငံ၏ နံပါတ်တစ်ရုပ်ခန္ဓာဖြစ်ပြီး မဟာအရှင်သခင်အများစုက ထိုရုပ်ခန္ဓာကို နိုးထထားကြသော်လည်း ထိုမျှအထိ သာလွန်သော စွမ်းအားကို မထုတ်ဖော်နိုင်ကြပေ။

" ကျွန်တော်သိပြီ။ " လူငယ်က ရုတ်တရက် နားလည်သွားသည်။

" လီယန်နတ်ခန္ဓာကို မှီခိုပြီး ဒီလိုစွမ်းအားမျိုးရှိနေတာဆိုရင် တကယ်လို့ သူက ဖရိုဖရဲနိယာမ ဆင့်ကဲပြောင်းလဲနိုင်ရင် သူ့ရဲ့ စွမ်းအားက မဟာအရှင်သခင်အထွတ်အထိပ်ထက် ကျော်လွန်သွားလိမ့်မယ်။ " ရှီစုန်ဘုရင်က ပြုံးလိုက်သည်။

မဟာအရှင်သခင်အဆင့် အထွတ်အထိပ်တစ်ယောက်ကို စည်းရုံးရန် မလွယ်ကူသော ကိစ္စတစ်ခုဖြစ်သည်။ သူတို့က ရှေးဟောင်းနိုင်ငံများကြား စစ်ပွဲများတွင် ပါဝင်ခြင်းမရှိဘဲ စစ်တိုက်ရန် ခေါ်ယူခြင်းကို တိုက်ရိုက်ငြင်းပယ်လေ့ရှိကြသည်။

ယခု ရှီစုန်ဘုရင်အနေဖြင့် မျက်စိတစ်ဖက်မှိတ်ထားရုံဖြင့် မဟာအရှင်သခင်အထွတ်အထိပ်တစ်ယောက်၏ အကူအညီကို ရရှိနိုင်သောကြောင့် ထိုသဘောတူညီချက်က အကျိုးအမြတ်ရရှိသော ကိစ္စတစ်ခုဖြစ်သည်။

" ခမည်းတော်ရဲ့ စဉ်းစားပုံက တကယ်နက်နဲလှပါတယ်။ " လူငယ်က ချီးကျူးလိုက်သည်။

" စစ်လက်နက်တွေပေါ်က ဖရိုဖရဲလျို့ဝှက်သင်္ကေတတွေက ရှေးဟောင်းနိုင်ငံရဲ့ လျို့ဝှက်ချက်တွေပဲ။ ဒါပေမယ့် အဲ့ဒီလျို့ဝှက်ချက်တွေကို ပေါက်ကြားစေဖို့ဆိုရင် အရင်ဆုံး လျို့ဝှ​က်သင်္ကေတတွေကို နားလည်ဖို့လိုတယ်။ သူက စစ်လက်နက်တွေပေါ်က ဖရိုဖရဲလျို့ဝှက်သင်္ကေတတွေအားလုံးကို ဘယ်လိုလုပ်နားလည်နိုင်မှာလဲ။ "

စစ်လက်နက်များက ရန်သူလက်ထဲသို့ ကျရောက်သွားခြင်းမှ ကာကွယ်ရန် အလိုအလျောက်ဖျက်ဆီးခြင်းကို ထည့်သွင်းပြီးသားဖြစ်သည်။ သို့သော် ရန်သူဆိုသည်မှာ အနည်းဆုံး နတ်ဘုရားအရှင်သခင်အဆင့်ကို ရည်ညွှန်းခြင်းဖြစ်သည်။

စစ်လက်နက်များက ရန်သူလက်ထဲသို့ ကျရောက်ပြီးလျှင် သူတို့က ထိုလက်နက်များကို နတ်ဘုရားအရှင်သခင်များထံသို့ ဆက်သကြသည်။ နတ်ဘုရားအရှင်သခင်များက ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို လေ့လာပြီး ပုံတူကူးယူခြင်းဖြစ်သည်။

သို့သော် လင်းယွမ်က မဟာအရှင်သခင်အဆင့်သို့ စတင်ဝင်ရောက်ခါစဖြစ်သဖြင့် ဖရိုဖရဲနိယာမဆင့်ကဲပြောင်းလဲခြင်းတွင် သူက အောင်မြင်ခြင်းမရှိသေးပေ။ ထို့ကြောင့် သူက ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို လေ့လာလိုခြင်းဖြစ်သည်။ သို့သော် စစ်လက်နက််တစ်ခုလုံးရှိ ဖရိုဖရဲလျို့ဝှက်သင်္ကေတများအားလုံးကို အပြည့်အဝ နားလည်ရန် သူက အလှမ်းဝေးနေဆဲ ဖြစ်ငည်။

ထို့အပြင် လင်းယွမ်က စစ်လက်နက်များကို လေ့လာချိန်တွင် ရှီစုန်ဘုရင်၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသောကြောင့် လျို့ဝှက်သင်္ကေတများ ပေါက်ကြားနိုင်ခြေမှာ အလွန်နည်းလှသည်။

" ခမည်းတော်ရဲ့ဗျူဟာတွေနဲ့ဆိုရင် ဒီစသ်ပွဲမှာ စိတ်ဝိညာဉ်ဘုရင်ကို သေချာပေါက် အနိုင်ယူနိုင်လိမ့်မယ်။ " လူငယ်က ပြောလိုက်သည်။

" အနိုင်အရှုံးအကြောင်း ပြောဖို့က စောပါသေးတယ်။ " ရှီစုန်ဘုရင်က ခေါင်းခါလိုက်သည်။ " စိတ်ဝိညာဉ်ဘုရင်မှာ ဝှက်ဖဲတွေ ရှိလိမ့်ဦးမယ်လို့ ငါခံစားနေရတယ်။ "

" ယုရန် မင်းသားရှီစုန်က ဒီလောက်လွယ်လွယ်ကူကူ လက်ခံလိုက်တာ မင်းဆီမှာ ထူးခြားတဲ့ အရာတစ်ခုခုမြင်လို့ဖြစ်ရမယ်။ " အရှင်ချင်းဖန်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

အရှင်ချင်းဖန်က စစ်လက်နက်များ၏ အရေးပါပုံကို သိထားသည်။ အကယ်၍ ကြီးမားသော အကျိုးအမြတ်မရှိလျှင် ရှီစုန်ဘုရင်က လင်းယွမ်ကို လေ့လာခွင့်ပေးမည်မဟုတ်ပေ။ ၎င်းက အန္တရာယ်သာမက အကျိုးအမြတ်ကိုပါ ဆိုလိုခြင်းဖြစ်သည်။

" ဒါပေမယ့် သူက မင်းဆီက ထူးခြားမှုတစ်ခုခုကိုပဲ မြင်တာပါ။ မင်းရဲ့ သွေးမျိုးဆက်က ပင်မတော်ဝင်သွေးမျိုးဆက်အဆင့်ထိ ရောက်နေလိမ့်မယ်လို့ ဘယ်တော့မှထင်မိမှာမဟုတ်ဘူး။ " အရှင်ချင်ဖန်က ပြောလိုက်သည်။

လင်းယွမ်က မဟာအရှင်သခင်အဆင့်သို့ မရောက်သေးဘဲ ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်သောကြောင့် အရှင်ချင်းဖန်က လင်းယွမ်တွင် ပင်မတော်ဝင်မျိုးဆက်ရှိသည်ဟု ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။

" မှန်ပါတယ်။ " လင်းယွမ်က ဘေးမှ နားထောင်နေသည်။

" ပြဿနာတော့မရှိဘူး။ " အရှင်ချင်းဖန်က စဉ်းစားပြီး ပြောလိုက်သည်။ " မင်းသားရှီစုန်က မင်းရဲ့ တော်ဝင်သွေးမျိုးဆက်က သိပ်သည်းတယ်လို့ပဲ ထင်မှာပဲ။ သူ့ရဲ့ စရိုက်အရ ဒါကို ထုတ်ပြောမှာမဟုတ်ဘူး။ "

လီယန်ရှေးဟောင်းနိုင်ငံမှ ဘုရင်များထဲတွင် ရှီစုန်ဘုရင်က ရည်မှန်းချက်အနည်းဆုံး ဖြစ်ပြီး တော်ဝင်မိသားစုရှိ အတွင်းရေး ပဋိပက္ခများနှင့် အားပြိုင်မှုများကြားတွင် ပါဝင်ရန်လည်း ဝန်လေးသူဖြစ်သည်။

အရှင်ချင်းဖန်နှင့် လမ်းခွဲပြီးနောက် လင်းယွမ်က ဗဟိုစစ်မြေပြင်နှင့် နီးကပ်သော စစ်မြေပြင်သို့ ရွှေ့ပြောင်းခြင်း ခံလိုက်ရသည်။ သို့သော် လင်းယွမ်က စစ်မြေပြင်ခုနှစ်မှ စစ်လက်နက်များကို လေ့လာရန် ကိုယ်ပွားတစ်ခု ချန်ထားခဲ့သည်။

" ဒါက ဗဟိုစစ်မြေပြင်လား။ " လင်းယွမ်၏ ကိုယ်ပွားတစ်ခုက ဗဟိုစစ်မြေပြင်သို့ ရောက်ရှိလာသည်။

ထိုနေရာတစ်ခုလုံးက သတ်ဖြတ်ရေးအစီအရင်များဖြင့် အထပ်ထပ်ဖုံးလွှမ်းနေပြီး စစ်လက်နက်များနှင့်အတူ မဟာအရှင်သခင်များ၏ အော်ရာများကလည်း ထွက်ပေါ်နေသည်။

လင်းယွမ်က အဆင့်တစ် စစ်လက်နက်တစ်ခုရှေ့သို့ ရောက်သွားသည်။ လက်ရှိအခြေအနေတွင် စစ်ပွဲက စတင်ရုံသာ ရှိသောကြောင့် စစ်လက်နက်များက ငြိမ်သက်စွာ ရှိနေကြဆဲ ဖြစ်သည်။

" အရှင်သခင် နဂါးငွေ့တန်း "အဆင့်တစ် စစ်လက်နက် ထိန်းချုပ်သူက လင်းယွမ်ကို မြင်သောအခါ အနည်းငယ် ဦးညွှတ်လိုက်သည်။ " မင်းသားရှီစုန်က အမိန့်ပေးထားပါပြီ။ အရှင်သခင်နဂါးငွေ့တန်း ဒီစစ်လက်နက်ကို အချိန်မရွေး​ လေ့လာနိုင်ပါတယ်။ "

အဆင့်တစ် စစ်လက်နက် ထိန်းချုပ်သူများက လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်သာ ရှိသော်လည်း ရှီစုန်ဘုရင်၏ အမိန့်ကို တိုက်ရိုက် နာခံသူများဖြစ်သဖြင့် မဟာအရှင်သခင်များပင် သူတို့ကို အမိန့်ပေးနိုင်စွမ်းမရှိပေ။ ရှီစုန်ဘုရင်၏ အမိန့်မပါဘဲ ဘယ်သူမှ စစ်လက်နက်များသို့ ချဉ်းကပ်ခွင့်မရှိပေ။

လင်းယွမ်က ခေါင်းညိမ့်ပြီး စစ်လက်နက်အတွင်းသို့ ဝင်ရောက်သွားသည်။

" ဖရိုဖရဲလျို့ဝှက်သင်္ကေတတွေ..." လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။

" ဖရိုဖရဲဆိုတာ အရာခပ်သိမ်းရဲ့ မူလအစဖြစ်တယ်။ " လင်းယွမ်က ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို လေ့လာရာတွင် နစ်မြှုပ်သွားသည်။

ဖရိုဖရဲနိယာမက မည်သည့်ကမ္ဘာတွင်မဆို တည်ရှိနေခြင်မဟုတ်သောကြောင့် တိုက်ရိုက်လေ့လာရန် မဖြစ်နိုင်ခြင်းဖြစ်သည်။ ဖရိုဖရဲက နိယာမအားလုံးကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် နိယာမအားလုံးကို နားလည်မှသာ ဖရိုဖရဲနိယာမကို နားလည်နိုင်ခြင်းဖြစ်သည်။

သို့သော် သူ၏ ရှေ့မှ ဖရိုဖရဲလျို့ဝှက်သင်္ကေတများက အလွှာဆယ့်သုံး အချိန်သက်ရှိက ဖရိုဖရဲသင်္ကေတများအဖြင်း အတင်းအကျပ် ပေါင်းစည်းထားခြင်းဖြစ်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမည်မသိလျို့ဝှက်သင်္ကေတများကို လေ့လာပြီး ဖရိုဖရဲနိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

လင်းယွမ်က ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို လေ့လာနေစဉ် ဖရိုဖရဲနိယာမအပေါ် သူ၏ နားလည်မှုက အဆက်မပြတ် တိုးတက်လာခဲ့သည်။ လင်းယွမ်က ကိုယ်ပွား ၃၃ခုကို ဖန်တီးပြီး စစ်မြေပြင်များမှ စစ်လက်နက်များကို လေ့လာရန် စေလွှတ်ထားခဲ့သည်။ မူလစိတ်ဝိညာဉ်နှစ်ခုက စစ်မြေပြင်မှ ထွက်ခွာပြီး လုံခြုံသော နေရာတွင် ရှိနေကြသည်။

" တိုက်ခိုက်မှုပြန်စပြီလား။ " စစ်မြေပြင်မှ မူလခန္ဓာကိုယ်က ထိုနေရာရှိ စစ်လက်နက်များကို လေ့လာနေရင်း ပြင်ပမှ အရှိန်အဝါများ ပြောင်းလဲနေသည်ကို ခံစားမိပြီး ချက်ချင်း ထွက်လာသည်။

" အရှင်သခင်ချန်ဖုန်း..." လင်းယွမ်က အဝေးမှ မဟာအရှင်သခင်ကို ကြည့်လိုက်သည်။

အရှင်သခင်ချန်ဖုန်း၏ စွမ်းအားက မဟာအရှင်သခင် အထွတ်အထိပ်နှင့် နီးစပ်နေသည်။ ထို့ကြောင့်ပင် မင်းသားရှီစုန်က သူ့ကို တားဆီးရန် လင်းယွမ်ကို တာဝန်ပေးထားခြင်းဖြစ်သည်။

" နဂါးငွေ့တန်း..." ချန်ဖုန်းက မိုးကြိုးလှံ၏ အဖြစ်အပျက်ကို သိထားသောကြောင့် လင်းယွမ်ကို အထင်သေးခြင်းမရှိပေ။

မကြာမီသူတို့က ထိပ်တိုက် ရင်ဆိုင်လိုက်ကြသည်။ လင်းယွမ်က အစတွင် ခက်ခက်ခဲခဲတိုက်ခိုက်ရမည်ဟု ထင်ခဲ့သော်လည်း ချန်ဖုန်းနှင့် စတင်တိုက်ခိုက်ပြီးသောအခါ ချန်ဖုန်းက လျင်မြန်စွာ ဆုတ်ခွာသွားသည်ကို တွေ့လိုက်ရသည်။ သူက မိုးကြိုးလှံနှင့် တိုက်ခိုက်သကဲ့သို့ အပြင်းအထန်တိုက်ခိုက်ခြင်းမျိုးမရှိပေ။

" ဒါက ပုံမှန်ပါပဲ။ " လင်းယွမ်က အခြေအနေကို နားလည်သည်။

မဟာအရှင်သခင်များက မြေခွေးတစ်ကောင်ကဲ့သို့ ဉာဏ်များလှသည်။ မိုးကြိုးလှံကဲ့သို့ လူအနည်းစုကသာ ရန်သူနှင့် အသေအကြေတိုက်ခိုက်ရန် ဆန္ဒရှိကြခြင်းမရှိပေ။ လင်းယွမ်ကလည်း ချန်ဖုန်းကဲ့သို့ နောက်ဆုတ်သွားသည်။

ဖရိုဖရဲဟင်းလင်းပြင်။

" လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ကို အပြည့်အဝ နားလည်မှ လီယန်နေမင်းကို ငါ့ရဲ့ အတွင်းစကြာဝဠာနဲ့ ချိတ်ဆက်နိုင်မှာပဲ။ " လင်းယွမ်က တွေးလိုက်သည်။

လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်က စကြာဝဠာကို ဖွင့်လှစ်ခြင်းနှင့် တည်ငြိမ်စေခြင်းဖြစ်သည်။ ထို့ကြောင့် လင်းယွမ်က အတွင်းစကြာဝဠာအတွင်း လီယန်နေမင်း၏ အရင်းအမြစ်တစ်ခုကို ဖန်တီးရန် စီစဉ်နေခြင်းဖြစ်သည်။

" အဆုံးမဲ့ဟင်းလင်းပြင်ကို ဆက်ပြီး ကျင့်ကြံရမယ်။ " လင်းယွမ်က အလွှာဆယ့်သုံး အမွေအနှစ်ဖြစ်သော အဆုံးမဲ့ဟင်းလင်းပြင်ကို ဆက်လက်ကျင့်ကြံလိုက်သည်။

ထိုအမွေအနှစ်က လင်းယွမ်၏ အခြေခံအုတ်မြစ်ကို မယုံကြည်နိုင်လောက်အောင် မြင့်မားသော အဆင့်သို့ မြှင့်တင်ပေးနိုင်သည်။

All Chapters