အင်မော်တယ်ရွှေ...
Vol. 62 Ch. 885
အတွင်းစကြာဝဠာ၏ နက်ရှိုင်းသောနေရာတွင် အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အိပ်ပျော်လျက်ရှိသည်။ ထိုအချိန်တွင် လင်းယွမ်၏ စိတ်အသိကိုယ်ပွားက မနီးမဝေးတွင် ပေါ်လာသည်။
" စီနီယာ..." လင်းယွမ်က ခေါ်လိုက်သည်။
" ငါပြောပြီးပြီလေ။ မင်းက စမ်းသပ်မှုကို အောင်မြင်ပြီးပြီဆိုတော့ ငါ့ရဲ့ သခင်ပဲ။ ငါ့ကို စီနီယာလို့မခေါ်နဲ့။ " မိန်းကလေးက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" ငါ့ဆီက ဘာလိုချင်လို့လဲ။ "
" ငါ မေးချင်တာ အခုတလော အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ ဒုတိယအဆင့်ကို ကျင့်ကြံရာမှာ တစ်ခုခုမှားယွင်းနေတယ်လို့ ခံစားနေရတယ်။ " လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းရှိသော်လည်း အဆုံးမဲ့ဟင်းလင်းပြင်က အလွှာဆယ့်သုံး အမွေအနှစ်ဖြစ်သောကြောင့် အလွန်ရှုပ်ထွေးနက်နဲလှသည်။
ထို့ကြောင့် လင်းယွမ်က လမ်းမှားသွားမည်ကို စိုးရိမ်သောကြောင့် အနီရောင်ဝတ်စုံနှင့် မိန်းကလေးကို မေးမြန်းလေ့ရှိသည်။
" မှားနေတာလား။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လင်းယွမ်ကို ကြည့်လိုက်သည်။
လင်းယွမ်က ဒုတိယအဆင့်ကို စတင်ကျင့်ကြံကတည်းက သူမက လင်းယွမ်၏ ကျင့်ကြံမှုပြသနာများကို ရှာဖွေနိုင်ရန် စောင့်ကြည့်နေခဲ့သည်။ ၎င်းက သူမ၏ အသုံးဝင်မှုကို ပြသရန်ဖြစ်သည်။ သို့သော် ရလဒ်အနေဖြင့် အဆုံးမဲ့ဟင်းလင်းပြင် အမွေအနှစ်ဆက်ခံသူများကို လမ်းညှ်န်ပေးရန် အထူးဖန်တီးထားသော ကျောက်စိမ်းဘူးသီးခြောက်၏ စိတ်ဝိညာဉ်ဖြစ်သော သူမက အကြံတစ်ခုတောင် မပေးနိုင်ဘဲ ဖြစ်နေသည်။
အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လင်းယွမ်ကို ကြည့်ပြီး စိတ်ထဲတွင် ပြောစရာစကားလုံးများ ပြည့်နှက်နေသော်လည်း နောက်ဆုံးတွင် အားလုံးကို ပြန်လည်မျိုချလိုက်သည်။
" သခင်က တကယ်တော်ပါပေတယ်။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပြောလိုက်သည်။
" ဒါက ကြားရတာတော့ ကောင်းပါတယ်။ " လင်းယွမ်က ခေါင်းညိိမ့်လိုက်သည်။ အနည်းဆုံးတော့ ယခုအချိန် သူက အဆုံးမဲ့ဟင်းလင်းပြင် ဒုတိယအဆင့်ကို ကျင့်ကြံရာတွင် ကြီးကြီးမားမား ပြဿနာမရှိသေးပေ။
" သခင်က အတွင်းစကြာဝဠာရဲ့ ကျင့်ကြံမှုနဲ့ တိုးတက်မှုကို တိုင်းတာချင်တယ်ဆိုရင် ဒီနည်းလမ်းကို အသုံးပြုလို့ရပါတယ်။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပြောလိုက်သည်။
„ ဘယ်လိုနည်းလမ်းလဲ။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။
အဆုံးမဲ့ဟင်းလင်းပြင်က အတွင်းစကြာဝဠာ၏ အခြေခံကို ပိုမိုပြည့်စုံသော နည်းလမ်းဖြင့် ပြန်လည်ပေါင်းစည်းခြင်းဖြစ်သည်။ ၎င်း၏ အနှစ်သာရက အတွင်းစကြာဝဠာ၏ မူလတည်ဆောက်ပုံကို အစားထိုးခြင်းဖြစ်သည်။
အတွင်းစကြာဝဠာကို တည်ငြိမ်မှုရှိစေရန် အသေးငယ်ဆုံး အမှုန်အမွှားများမှတစ်ဆင့် ပြန်လည်ပေါင်းစည်းရာ၌ အရာအားလုံးကို ဖြည်းဖြည်းချင်း လုပ်ဆောင်ရသည်။ တစ်နည်းအားဖြင့်ဆိုလျှင် အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်ကို ကျင့်ကြံရာတွင် အမှန်တကယ် မည်သည့်အဆင့်သို့ ရောက်နေသည်ကို အတိအကျ မပြောနိုင်ပေ။
အတွင်းစကြာဝဠာက ပို၍ တည်ငြိမ်လာပြီး ၎င်း၏ အခြေခံအုတ်မြစ်ကလည်း ပိုမိုခိုင်မာလာသည်ကိုသာ တွေ့ခဲ့ရသည်။ ဒုတိယအဆင့်ကို အပြည့်အဝ ကျွမ်းကျင်သွားသည်အထိ ဖြစ်ပြီးချိန်မှ အတွင်းစကြာဝဠာက နောက်ဆုံးတွင် အသွင်ကူးပြောင်းမှုကို ကြုံတွေ့ရမည်ဖြစ်သည်။
" သခင် ကြည့်ပါ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လက်ကို ဝှေ့ရမ်းလိုက်ရာ ကျောက်စိမ်းဘူးသီးခြောက်အတွင်းမှ မီတာအနည်းငယ် အရွယ်အစားရှိသော သတ္တုအပိုင်းအစတစ်ခု ထွက်လာသည်။ ထိုသတ္တု၏ မျက်နှာပြင်က ရွှေရောင်ရှိပြီး အင်မော်တယ်အော်ရာတစ်ခု ထွက်ပေါ်နေသည်။
" ဒါက အင်မော်တယ်ရွှေစင်ပဲ။ " မိန်းကလေးက ရှင်းပြလိုက်သည်။ " ဒါက အထူးပစ္စည်းတစ်ခုပဲ။ သူ့ရဲ့ တစ်ခုတည်းသော စွမ်းရည်က မာကျောမှုပဲ။ ဖျက်ဆီးပစ်ဖို့ အရမ်းခက်ခဲတယ်။ "
" အင်မော်တယ်ရွှေစင်လား။ " လင်းယွမ်က ရွှေရောင်သတ္တုကို ကြည့်ရှုလိုက်သည်။
သူက ထိုသတ္တုအမျိုးအစားကို မကြားဖူးသော်လည်း အနီရောင်ဝတ်စုံနှင့် မိန်းကလေး ထုတ်ပြသောကြောင့် အဆုံးမဲ့ဟင်းလင်းပြင်ကို ဖန်တီးသူထံမှ လာခြင်းဖြစ်ရပေလိမ့်မည်။
" သခင်က အတွင်းစကြာဝဠာရဲ့ စွမ်းအားအပြည့်အဝကို သုံးပြီး ဒီအင်မော်တယ်ရွှေကို ဖိနှိပ်လိုက်ရင် သူ့ရဲ့ မျက်နှာပြင်ပေါ်မှ မီတာဝက်လောက် နစ်ဝင်သွားရင် သခင်က ဒုတိယအဆင့်ကို အောင်မြင်ဖို့ တော်တော်လေးနီးစပ်နေပြီလို့ ပြောလို့ရပါတယ်။ "
" အဲ့ဒါဆို သခင်ရဲ့ အတွင်းစကြာဝဠာက ဖရိုဖရဲအဆင့် အထွတ်အထိပ်အောက်မှာ အစွမ်းထက်ဆုံးလို့ သတ်မှတ်လို့ရတယ်။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပြောလိုက်သည်။
၎င်းပ လင်းယွမ်၏ အတွင်းစကြာဝဠာ အခြေခံအမျိုးမျိုးကို စစ်ဆေးပြီးနောက် သူမသတ်မှတ်ပေးလိုက်သော စံနှုန်းတစ်ခုဖြစ်သည်။ လင်းယွမ်၏ အတွင်းစကြာဝဠာက အဆုံးမဲ့ ဟင်းလင်ပြင်ကို ကျင့်ကြံရန်အတွက် မျှော်လင့်ထားသည်ထက် ပိုမိုအားကောင်းနေခဲ့သည်။
" အနက်မီတာဝက်ပဲလား။ " လင်းယွမ်က အင်မော်တယ်ရွှေစင်ကို ကြည့်လိုက်သည်။
လွှမ်းမိုးခြင်းအဆင့်သို့ ရောက်ရှိပြီး အဆုံးမဲ့ဟင်းလင်းပြင်၏ ကျင့်ကြံမှုနှင့် ပေါင်းစပ်လိုက်လျှင် လင်းယွမ်၏ အတွင်းစကြာဝဠာက ကဏ္ဍအားလုံးတွင် များစွာ တိုးတက်လာခဲ့သည်။ ကျိုရှန်းအရှင်သခင်ကဲ့သို့သော ဖရိုဖရဲအရှင်သခင်အသစ်တစ်ယောက်က လင်းယွမ်၏ အတွင်းစကြာဝဠာထဲသို့ ကျရောက်သွားလျှင် အတွေးတစ်ချက်နှင့် ဖျက်ဆီးခံရပေလိမ့်မည်။
" စမ်းကြည့်တာပေါ့။ " လင်းယွမ်က သူ၏ အတွေးများကို ထိန်းချုပ်လိုက်သည်။
သူ၏ အတွင်းစကြာဝဠာအတွင်းရှိ စွမ်းအားများက စုစည်းလာပြီး အင်မော်တယ်ရွှေစင်၏ ပတ်ပတ်လည်ရှိ အချိန်လေဟာနယ်က စတင်တွန့်လိမ်လာသည်။
ဝုန်း...
အင်မော်တယ်ရွှေစင်၏ မျက်နှာပြင်ပေါ်တွင် ၁၀ စင်တီမီတာကျော်ရှိသော အမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။
" ဟင်..." လင်းယွမ်က အတွင်းစကြာဝဠာ၏ စွမ်းအားများကို ဆက်လက်စုစည်းပြီး ဖိနှိပ်ရန် ကြိုးစားသော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲဖြစ်နေသည်။
" ဒီအင်မော်တယ်ရွှေစင်က အတွင်းရောက်လေ ပိုမာကျောလေပဲ။ " မိန်းကလေးက ရှင်းပြလိုက်သည်။ " သခင်က အင်မော်တယ်ရွှေစင်ရဲ့ မျက်နှာပြင်ပေါ်မှာ ၁၀ စင်တီမီတာနက်အောင် လုပ်နိုင်တာ တကယ် အံ့ဩစရာကောင်းနေပါပြီ။ "
အဆုံးမဲ့ဟင်းလင်းပြင်ကို အောင်မြင်ပြီးခါစ သာမန်အတွင်းစကြာဝဠာတစ်ခုဆိုလျှင် ၁ စင်တီမီတာနက်အောင် ချန်ထားနိုင်ရန် ခက်ခဲပေလိမ့်မည်။
" လက်ရှိ အတွင်းစကြာဝဠာ အနေနဲ့ ပြောရရင် ဖရိုဖရဲအဆင့် အထွတ်အထိပ်အောက်မှာ သခင်ရဲ့ အတွင်းစကြာဝဠာကို ယှဉ်နိုင်တဲ့ သက်ရှိဆိုတာ အထူးသက်ရှိတွေအပါအဝင် နည်းနည်းပဲ ရှိပါလိမ့်မယ်။ " မိန်းကလေးက ပြောလိုက်သည်။
ဖရိုဖရဲအဆင့် အထွတ်အထိပ်က မဟာသူတော်စင်များ၏ အဆင့်ဖြစ်သည်။ ထိုအဆင့်ရှိသက်ရှိများ၏ ခန္ဓာကိုယ်က ပြောင်းလဲသွားကြပြီး အတွင်းစကြာဝဠာအပါအဝင် ကဏ္ဍအားလုံးတွင် တိုးတက်လာကြမည်ဖြစ်သည်။
" အင်း..." လင်းယွမ်က ခေါင်းညိမ့်လိုက်သော်လည်း သူ၏ စိတ်ထဲတွင် မသက်မသာဖြစ်နေသည်။
အင်မော်တယ်ရွှေစင်၏ စံနှုန်းအရ မီတာဝက် ချန်ထားနိုင်မှသာ ဖရိုဖရဲအဆင့်အောက် အစွမ်းထက်ဆုံးဟု ဆိုနိုင်လျှင် သူက အနည်းငယ် အလှမ်းဝေးနေဆဲ ဖြစ်သည်။
" ဆက်ပြီးကျင့်ကြံရမယ်။ " လင်းယွမ်၏ မူလခန္ဓာကိုယ်က အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်ကို ဆက်လက်ကျင့်ကြံလိုက်သည်။
ရင်းမြစ်ကမ္ဘာ၊ ဗဟိုစစ်မြေပြင်။
အဆင့်တစ် စစ်လက်နက်အတွင်း၌ လင်းယွမ်၏ ကိုယ်ပွားက ခြေချိတ်ထိုင်နေသည်။
" ငါပိုပြီး နားလည်လာလေ ငါ့ကိုငါ ပိုပြီးသေးငယ်တယ်လို့ ခံစားရလေပဲ။ " လင်းယွမ်က မျက်လုံးများဖွင့်ပြီး တွေးလိုက်သည်။
စစ်လက်နက်အတွင်းရှိ ဖရိုဖရဲလျို့ဝှက်သင်္ကေတများက စစ်မှန်သော ဖရိုဖရဲနိယာမ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ အဆင့်တစ် စစ်လက်နက်ပင်လျှင် အစိတ်အပိုင်းတစ်ခုသာ ဖြစ်သော်လည်း အဆင့်နှစ်၊ အဆင့်သုံးတို့နှင့်ယှဉ်လျှင် ပို၍ ပြည့်စုံလှသည်။
" အဆင့်တစ် စစ်လက်နက်မှာရှိတဲ့ ဖရိုဖရဲလျို့ဝှက်သင်္ကေတတွေကို နားလည်သွားရင် ပြည့်စုံတဲ့ ဖရိုဖရဲနိယာမဖွဲ့စည်းပုံကို ရရှိမှာလား။ " လင်းယွမ်က တွေးလိုက်သည်။
အဆင့်တစ်ထက် ပိုမြင့်သော စစ်လက်နက်များက မဟာအရှင်သခင်များစွာကို လက်ခံနိုင်ပြီး သူတို့၏ ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားများကို တစ်ခုတည်းအဖြစ် ပြည့်စုံစွာ ပေါင်းစည်းပေးနိုင်သည်။
ဖရိုဖရဲနိယာမမှ ဆင့်ကဲပြောင်းလဲလာသော စွမ်းအားများက ထူးခြားလှသည်။ မဟာအရှင်သခင်တိုင်း၏ စွမ်းအားများက ကွဲပြားနေပြီး ဖရိုဖရဲမီးတောက်တစ်ခုတည်းမှာပင် ကွဲပြားမှုများစွာ ရှိနေသည်။ ထိုစွမ်းအားများကို တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်းက မယုံကြည်နိုင်စရာကောင်းလှသည်။
" ငါသာ အဆင့်တစ်ထက် ကျော်လွန်ထဲတဲ့ ဖရိုဖရဲလျို့ဝှက်သင်္ကေတတွေကို နားလည်နိုင်ရင် ဖရိုဖရဲနိယာမအပေါ် ငါ့ရဲ့ နားလည်မှုက ဘယ်လိုဖြစ်သွားမလဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
အဆင့်တစ်ထက် ကျော်လွန်သော စစ်လက်နက်များက ရှေးဟောင်းနိုင်ငံနှစ်ခုကြား အလုံးစုံစစ်ပွဲတွင်သာ အသုံးပြုကြသည်။ ထိုသို့ပြင်းထန်သော စစ်ပွဲတွင် နတ်ဘုရားအရှင်သခင်များ ပါဝင်တိုက်ခိုက်ကြပြီး ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်က စစ်ပွဲကို ကြီးကြပ်မည်ဖြစ်သည်။ ထိုစစ်လက်နက်များကို လေ့လာရန် အနည်းဆုံး ဧကရာဇ်၏ ခွင့်ပြုချက်ကို လိုအပ်ပေလိမ့်မည်။
" ဒါပေမယ့် ငါ ဒီစစ်လက်နက်တွေထဲက ဖရိုဖရဲလျို့ဝှက်သင်္ကေတတွေကို ဖရိုဖရဲဟင်းလင်းပြင်မှာ ပုံတူကူးနိုင်နေပြီ။ လိုအပ်တဲ့ ကုန်ကြမ်းတွေသာရှိရင် ဖရိုဖရဲဟင်းလင်းပြင်မှာ စစ်လက်နက်တစ်ခုကို ပြန်လည်တည်ဆောက်နိုင်လိမ့်မယ်။ "
ရှီစုန်ဘုရင်က သူ့ကို စစ်လက်နက်များထဲရှိ ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို နားလည်ရန် ခက်ခဲလိမ့်မည်ဟု ယူဆထားသည်။ သို့သော် အမှန်တွင် လင်းယွမ်က စစ်လက်နက်များအတွင်းရှိ လျို့ဝှက်သင်္ကေတများကို ရှစ်ဆယ်ရာခိုင်နှုန်းလောက်ထိ နားလည်သွားပြီဖြစ်သည်။
သူက အဆင့်သုံးစစ်လက်နက်များအတွင်းရှိ ဖရိုဖရဲလျို့ဝှက်သင်္ကေတ အများစုကို နားလည်သွားပြီဖြစ်သည်။ သို့သော် လင်းယွမ်က ထိုအချက်ကို အပြင်သို့ ထုတ်ပြမည်မဟုတ်ပေ။
လင်းယွမ်က ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို ဆက်လက်လေ့လာရန် ပြင်ဆင်နေစဉ် သူ၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။
" လီယန်နေမင်းဖွင့်လှစ်ခြင်းနတ်စွမ်းရည်ကို အပြည့်အဝ နားလည်သွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။