လီယန်နေမင်းနှင့် အတွင်းစကြာဝဠာပေါင်းစည်းခြင်း...
Vol. 62 Ch. 886
လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်က လင်းယွမ်ရရှိခဲ့သော ရုပ်ခန္ဓာနတ်စွမ်းရည်များထဲတွင် သေချာပေါက် အစွမ်းထက်ဆုံးဖြစ်သည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် ထိုနတ်စွမ်းရည်ကို အသုံးပြုနိုင်ရန်အတွက် လင်းယွမ်က သူ၏ ကြိုးစားအားထုတ်မှုအားလုံးကို ထိုနတ်စွမ်းရည်ကို နားလည်ရာတွင် နစ်မြှုပ်ထားခဲ့သည်။
ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို လေ့လာခြင်းက ဖရိုဖရဲနိယာမအပေါ် နားလည်မှုကို တိုးတက်စေရန် အထောက်အကူဖြစ်စေသော်လည်း လင်းယွမ်က ထိုအရာကို အားကုန်မထုတ်ဘဲ နတ်စွမ်းရည်ကို နားလည်ရန်သာ ကြိုးစားခဲ့သည်။
" လီယန်နေမင်းဖွင့်လှစ်ခြင်း..."
လင်းယွမ်က နောက်ဆုံးတွင် စိတ်အေးသွားခဲ့သည်။ သူက ထိုနတ်စွမ်းရည်ကို နားမလည်ခင် ရင်းမြစ်ကမ္ဘာတွင် ရုတ်တရက် သေဆုံးသွားပြီး ထိုနတ်စွမ်းရည်ကို ဖရိုဖရဲဟင်းလင်းပြင်သို့ မယူဆောင်သွားနိုင်မည်ကို စိုးရိမ်နေခဲ့သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်ရာ စွမ်းအားမျှင်များက သူ၏ ရှေ့တွင် စတင်ရစ်ပတ်လာပြီး နောက်ဆုံးတွင် အလွန်ရှုပ်ထွေး နက်ရှိုင်းလှသော နတ်စွမ်းရည်တံဆိပ်တစ်ခု ဖြစ်ပေါ်လာသည်။
" လီယန်နေမင်းဖွင့်လှစ်ခြင်း ရုပ်ခန္ဓာနတ်စွမ်းရည်..." လင်းယွမ်က အလွန်ကျေနပ်သွားသည်။ သူက ယခု ထိုနတ်စွမ်းရည်ကို အသုံးပြုနိုင်ပြီဖြစ်သည်။
" ဒါကို အတွင်းစကြာဝဠာနဲ့ ပေါင်းစပ်နိုင်မလား ကြည့်ရအောင်။ " လင်းယွမ်က ချက်ချင်း စမ်းသပ်လိုက်သည်။
လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ကို နားမလည်ခင်ကတည်းက လင်းယွမ်က ထိုအချက်ကို စဉ်းစားထားခဲ့ပြီးဖြစ်သည်။ ယခု ရုပ်ခန္ဓာနတ်စွမ်းရည်ကို နားလည်ပြီးဖြစ်သောကြောင့် သူ၏ ယူဆချက်ကို လက်တွေ့အကောင်ထည်ဖော်နိုင်ပြီဖြစ်သည်။
" အရင်ဆုံး ကိုယ်ပွားတစ်ခုနဲ့ စမ်းသပ်ကြည့်ရမယ်။ "လင်းယွမ်က မူလခန္ဓာကိုယ်၏ အတွင်းစကြာဝဠာထဲတွင် တိုက်ရိုက်မစမ်းသပ်ဝံ့ပေ။
အကယ်၍ မတော်တဆတစ်ခုခုဖြစ်ခဲ့လျှင် အသက်ကယ်နည်းလမ်းများ ရှိသော်လည်း မူလခန္ဓာ၏ အတွင်းစကြာဝဠာ ပြိုလဲသွားလျှင် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်လာနိုင်သည်။ ကိုယ်ပွားတစ်ခုကို အသုံးပြုခြင်းက ပို၍ သင့်တော်ပေသည်။
လင်းယွမ်၏ ရှေ့တွင် ကိုယ်ပွားတစ်ခုပေါ်လာသည်။ တစ်ချိန်တည်းတွင် ထိုကိုယ်ပွားအတွင်းရှိ အတွင်းစကြာဝဠာက စတင်တည်ဆောက်လာသည်။ သို့သော် မူလခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့၏ အတွင်းစကြာဝဠာနှင့် ယှဉ်လျှင် ကိုယ်ပွား၏ အတွင်းစကြာဝဠာက လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်နှင့်သာ ညီမျှသည်။
ဝုန်း....
ကိုယ်ပွား၏ အတွင်းစကြာဝဠာအတွင်း၌ လင်းယွမ်က လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ကို အသုံးပြုပြီး လီယန်နေမင်းကို စုစည်းကာ စကြာဝဠာတစ်ခုလုံးကို လင်းထိန်သွားစေသည်။ ထိုခဏတွင် လီယန်နေမင်း၏ အော်ရာအောက်တွင် အတွင်းစကြာဝဠာက လျင်မြန်စွာ ပြိုလဲပျက်စီးသွားခဲ့သည်။
" လီယန်နေမင်းကို မတောင့်ခံနိုင်ဘူးလား။ " လင်းယွမ်က ပြဿနာကို ချက်ချင်းရှာတွေ့သွားသည်။ ကိုယ်ပွားတည်ဆောက်ထားသော အတွင်းစကြာဝဠာက အလွန်အားနည်းနေခြင်းဖြစ်သည်။
" ဒါဆို မူလစိတ်ဝိညာဉ်နဲ့ စမ်းကြည့်ရင်ကောင်းမလား။ " လင်းယွမ်က တွေးလိုက်သည်။
မူလစိတ်ဝိညာဉ်နှစ်ခုကလည်း အဆုံးမဲ့ဟင်းလင်းပြင်ကို ကျင့်ကြံထားကြသူများဖြစ်ပြီး သူတို့၏ အတွင်းစကြာဝဠာက သာမန်လွှမ်းမိုးခြင်းအဆင့်များထက် ပိုမိုသာလွန်သည်။
" စမ်းကြည့်တာပေါ့။ မူလစိတ်ဝိညာဉ်ရဲ့ အတွင်းစကြာဝဠာက ပြိုလဲသွားရင်တောင် ဆုံးရှုံးမှုသိပ်မကြီးပါဘူး။ " လင်းယွမ်၏ စိတ်အသိကိုယ်ပွားက ထိုက်ယင်မူလစိတ်ဝိညာဉ်၏ အတွင်းစကြာဝဠာထဲသို့ ဆင်းသက်သွားသည်။
" လီယန်နေမင်းဖွင့်လှစ်ခြင်း စုစည်းစမ်း..." မီးတောက်တစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး တဖြည်းဖြည်း လောင်ကျွမ်းသွားကာ အတွင်းစကြာဝဠာ၏ ထောင့်တိုင်းကို လင်းထိန်သွားစေသည်။
လီယန်နေမင်း၏ မူလရင်းမြစ်များက အဆက်မပြတ် ထွက်ပေါ်လာပြီး လင်းယွမ်၏ သူငယ်အိမ်များ ကျုံ့သွားသည်။ အတွင်းစကြာဝဠာက ထိုက်ယင်စွမ်းအားများ ပျံ့နှံ့နေပြီး အေစက်မှုက ထိုစွမ်းအား၏ အဓိကအနှစ်သာရဖြစ်သည်။
ပုံမှန်အားဖြင့် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အင်အားကြီးသူများက အတွင်းစကြာဝဠာကို တည်ထောင်ထားပြီးဖြစ်သည်။ ထိုအတွင်းစကြာဝဠာက ကိုယ်ပိုင်စည်းမျဉ်းများဖြင့် ပြည့်စုံနေပြီး သီးခြားရပ်တည်နေသည်။
လမ်းစဉ်ခွဲထွက်ခြင်းအဆင့်များ၏ အတွင်းစကြာဝဠာများက နိယာမများအပေါ် သူတို့၏ နားလည်မှုများဖြင့် အခြေခံထားခြင်းဖြစ်သည်။ ထို့အပြင် သက်ရှိတိုင်းက နိယာမများအပေါ် နားလည်မှုများ မတူညီကြပေ။
ထိုက်ယင်မူလစိတ်ဝိညာဉ်ကလည်း အလားတူပင်ဖြစ်ပြီး ထိုက်ယင်ပေါ်တွင်သာ အာရုံစိုက်ထားသည်။ မူလခန္ဓာကိုယ်က ထိုက်ယင်နှင့် ထိုက်ယန်တို့ကို ပေါင်းစပ်ပြီး ထိုက်ကျိအဖြစ်ပြောင်းလဲထားခြင်းဖြစ်သည်။ မူလခန္ဓာကိုယ်၏ အတွင်းစကြာဝဠာက စစ်မှန်သော စကြာဝဠာနှင့် အတူညီဆုံးဖြစ်ပြီး မရေတွက်နိုင်သော နိယာမများက ညီမျှစွာ လည်ပတ်နေကြသည်။
အေးစက်သော ထိုက်ယင်စွမ်းအားများဖြင့် ပြည့်နှက်နေသော အတွင်းစကြာဝဠာအတွင်း၌ မီးတောက်တစ်ခုက လျင်မြန်စွာ လောင်ကျွမ်းနေပြီး အလင်းရောင်ကျရောက်သည့်နေရာတိုင်း ၎င်း၏ နယ်ပယ်ဖြစ်လာခဲ့သည်။
အလင်းနှင့် အပူစွမ်းအားများကို အဆက်မပြတ် ပျံ့နှံ့နေပြီး အအေးစွမ်းအားကို ဖယ်ရှားနေသည်။ ထိုက်ယင်စကြာဝဠာတစ်ခုလုံးက အသွင်ပြောင်းလဲမှုအချို့ကို စတင်နေသည်။
" ဒီအသွင်ပြောင်းလဲမှုက... ထိုက်ယင်စကြာဝဠာရဲ့ မူလရင်းမြစ်နဲ့ လီယန်နေမင်းရဲ့ မူလရင်းမြစ်တို့က မျှခြေတစ်ခုကို ဖန်တီးနေတဲ့ပုံပဲ။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
ထိုက်ယင်နှင့် ထိုက်ယန်တို့ကြားရှိ မျှခြေက အလွယ်တကူ ဖြစ်ပေါ်စေပြီး ၎င်းက လင်းယွမ်၏ ထိုက်ကျိတာအိုမှ အခြေခံအုတ်မြစ်ဖြစ်သည်။ သို့သော် ထိုက်ယင်နှင့် လီယန်နေမင်းတို့မှာ....
ထိုက်ယန်နှင့် လီယန်နေမင်းတို့က အခြေခံအားဖြင့် ယန်စွမ်းရည်များရှိကြသော်လည်း ကွဲပြားသော တာအိုများဖြစ်ကြသည်။ သိုသော် ယခုအချိန်တွင် ထိုက်ယင်စကြာဝဠာအတွင်း၌ နေရာအနှံ့ရှိနေသော ထိုက်ယင်မူလရင်းမြစ်က လီယန်နေမင်း၏ မူလရင်းမြစ်နှင့်အတူ အသွင်ပြောင်းလဲနေပြီး ပြည့်စုံသော စက်ဝန်းတစ်ခုကို ဖြစ်ပေါ်စေသည်။
ထိုစက်ဝန်းကြောင့် ထိုက်ယင်စကြာဝဠာ၏ ဖွဲ့စည်းပုံက အခြေခံကျသော အသွင်ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့နေရပြီး ၎င်း၏ တည်ငြိမ်မှုနှင့် မူလစွမ်းအားများ၏ သိပ်သည်းမှုက ရုတ်တရက် ကြီးမားစွာ မြင့်တက်လာခဲ့သည်။
" လီယန်နေမင်းဖွင့်လှစ်ခြင်းနတ်စွမ်းရည်ရဲ့ လီယန်နေမင်း မူလရင်းမြစ်က ငါကိုယ်တိုင်စုစည်းထားတာဖြစ်လို့ နောက်ဆုံးဖွင့်လှစ်လိုက်တဲ့ကမ္ဘာကလည်း ငါ့ရဲ့ ကမ္ဘာပဲ။ ဒါပေမယ့် ထိုက်ယင်စကြာဝဠာကလည်း ငါ့ရဲ့ ကမ္ဘာပဲ။ ဒါကြောင့် လီယန်နေမင်းရဲ့ မူလရင်းမြစ်ကနေ ထိုက်ယင်စကြာဝဠာကို အသွင်ပြောင်းလဲတာက တကယ်ချောမွေ့နေတာပဲ။ "
လင်းယွမ်က ထိုက်ယင်စကြာဝဠာအတွင်း လီယန်နေမင်း၏ အလင်းရာင်ပျံ့နှံ့နေသည်ကို ကြည့်နေသည်။ လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်က စွမ်းအားအလွန်သုံးစွဲရပြီး ၎င်းကို လင်းယွမ် သေချာသိထားသည်။
သူ၏ လက်ရှိစွမ်းအားနှင့်ပင် ထိုနတ်စွမ်းရည်ကို ကြာရှည်စွာ မထိန်းသိမ်းထားနိုင်ပေ။ လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်က ပတ်ဝန်းကျင်ကမ္ဘာကို လင်းယွမ်၏ ကမ္ဘာအဖြစ် အတင်းအကျပ် ပြောင်းလဲပစ်ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ဖြစ်ပေါ်လာသော ခုခံမှုနှင့် ငြင်းဆန်မှုတို့ကြောင့် စွမ်းအားကုန်ခမ်းမှုကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။
သို့သော် ထိုက်ယင်စကြာဝဠာအတွင်း၌ ပတ်ဝန်းကျင်ကမ္ဘာက အစကတည်းက လင်းယွမ်၏ ကမ္ဘာဖြစ်နေသဖြင့် လီယန်နေမင်း၏ ကမ္ဘာကို ဖွင့်လှစ်ချိန်တွင် ခုခံမှုနှင့် ငြင်းဆန်မှု မရှိခဲ့ပေ။ ထို့ကြောင့် လင်းယွမ်က သူသာ ဆန္ဒရှိလျှင် လီယန်နေမင်း၏ မူလရင်းမြစ်ကို အကန့်အသတ်မရှိ ထိန်းသိမ်းထားနိုင်သည်။
" ပေါင်းစည်းတာ... လီယန်နေမင်းက ထိုက်ယင်စကြာဝဠာနဲ့ ပေါင်းစည်းနေတာပဲ။ " လင်းယွမ်က အခြေအနေကို သတိထားမိလိုက်သည်။
လီယန်နေမင်း မူလရင်းမြစ်က ထိုက်ယင်စကြာဝဠာအတွင်းသို့ စတင်ပေါင်းစည်းနေခြင်းဖြစ်သည်။ ပေါင်းစည်းမှုက ပိုမိုနက်ရှိုင်းလာသည်နှင့် လီယန်နေမင်းမူလရင်းမြစ်နှင့် ထိုက်ယင်စကြာဝဠာကြားရှိ စက်ဝန်းက ပို၍ ပြည့်စုံလာသည်။
" အံ့ဩစရာပဲ။ " လင်းယွမ်က ထိုက်ယင်စကြာဝဠာ၏ အပြောင်းအလဲများနှင့် အသွင်ပြောင်းလဲမှုများကို ရှင်းလင်းစွာ ခံစားနေရသည်။ " ထိုက်ယင်စကြာဝဠာက အဆုံးမဲ့ဟင်းလင်းပြင်ကို ကျင့်ကြံထားလို့ လီယန်နေမင်းရဲ့ မူလရင်းမြစ်ကို တောင့်ခံထားနိုင်ထာပဲ။ "
အစတွင် သူက ကိုယ်ပွား၏ အတွင်းစကြာဝဠာထဲသို့ လီယန်နေမင်း၏ မူလရင်းမြစ်ကို စုစည်းခဲ့ခြင်းဖြစ်သည်။ သို့သော် မျှော်လင့်ထားသည့်အတိုင်း ကိုယ်ပွား၏ အတွင်းစကြာဝဠာက လီယန်နေမင်း၏ စွမ်းအားကို တောင့်ခံနိုင်ခြင်းမရှိဘဲ တိုက်ရိုက်ပြိုလဲသွားခဲ့သည်။
လီယန်နေမင်းမူလရင်းမြစ်က လီယန်နေမင်းဖွင့်လှစ်ခြင်းနတ်စွမ်းရည်မှလာခြင်းဖြစ်ပြီး ထိုနတ်စွမ်းရည်က ရင်းမြစ်ကမ္ဘာရှိ လီယန်ဘိုးဘေးထံမှ လာခြင်းဖြစ်သည်။ ထိုစွမ်းရည်ကို အလွှာဆယ့်သုံး အချိန်သက်ရှိ ဖန်တီးထားသော အဆုံးမဲ့ဟင်းလင်းပြင်ကသာ ထိန်းထားနိုင်မည်ဖြစ်သည်။
လင်းယွမ်က ထိုက်ယင်စကြာဝဠာအတွင်း ပြောင်းလဲမှုများကို စောင့်ကြည့်နေစဉ် လီယန်နေမင်းမူလရင်းမြစ်ကိုလည်း ထိန်းသိမ်းထားခဲ့သည်။ လီယန်နေမင်းမူလရင်းမြစ်က ပြင်းထန်စွာ လောင်ကျွမ်းပြီး ထိုက်ယင်စကြာဝဠာ၏ မူလရင်းမြစ်နှင့် ပေါင်းစည်းသွားချိန်တွင် မျှခြေက အနည်းငယ် ပျက်ယွင်းသွားသည်။ ခဏအတွင်း ထိုက်ယင်စကြာဝဠာက စတင်ပြိုလဲလာသည်။
" ပေါင်းစည်းမှုကျရှုံးသွားတာလား။ " လင်းယွမ်က ထိုမြင်ကွင်းကို မြင်သောအခါ အံ့ဩခြင်းမရှိပေ။
သူက ထိုက်ယင်နှင့် ထိုက်ယန်တို့ကို ပထမဆုံး ပေါင်းစည်းချိန်တွင်လည်း မျှခြေကို ထိန်းသိမ်းနိုင်ရန် မကြာခဏ ကျရှုံးခဲ့သည်။ ထိုက်ယင်နှင့် လီယန်နေမင်းဆိုလျှင် ပြောစရာပင်မလိုပေ။
" တကယ်တော့ ထိုက်ယင်နဲ့ လီယန်နေမင်းက ပေါင်းစည်းတာမဟုတ်ဘဲ ဝါးမြိုနေတာပဲ။ လီယန်နေမင်းရဲ့ မူလရင်းမြစ်က ထိုက်ယင်စကြာဝဠာရဲ့ မူလရင်းမြစ်ကို ဝါးမြိုနေတာပဲ။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး မူလစိတ်ဝိညာဉ်အသစ်တစ်ခုကို စုစည်းလိုက်သည်။