ထိုက်ကျိစကြာဝဠာ...
Vol. 62 Ch. 887
လင်းယွမ်က မူလစိတ်ဝိညာဉ်များကို ဖန်တီးရန် အချိန်လုံးဝမလိုအပ်ပေ။ ၎င်းက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အားသာချက်တစ်ခုဖြစ်သည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက အားသာချက် အားနည်းချက်များရှိကြသည်။
သို့သော် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကဲ့သို့ မူလစိတ်ဝိညာဉ်များကို အလွယ်တကူ စုစည်းနိုင်ခြင်းက ရှားပါးလှသည်။
" ဆက်လုပ်ရမယ်။ " လင်းယွမ်က ထိုက်ယင်မူလစိတ်ဝိညာဉ်၏ အတွင်းစကြာဝဠာထဲ၌ လီယန်နေမင်းကို နောက်တစ်ကြိမ် စုစည်းရန် စတင်လိုက်သည်။
ထိုက်ယင်စကြာဝဠာနှင့် လီယန်နေမင်းတို့၏ ပေါင်းစည်းမှုက မတူညီသော အလွှာဆယ့်သုံး နည်းစနစ်များမှ ဆင်းသက်လာခြင်းဖြစ်ပြီး ၎င်းက အခွင့်အရေးကောင်းတစ်ခုဖြစ်လေသည်။
လင်းယွမ်သာမဟုတ်လျှင် ထိုအရာနှစ်ခုကို ပေါင်းစည်းရန်မပြောနှင့် ထိတွေ့ရန်ပင်မဖြစ်နိုင်ပေ။ ရင်းမြစ်ကမ္ဘာရှိ ကျင့်ကြံသူများက များသောအားဖြင့် အခြေခံအားနည်းကြပြီး အများစုမှာ အတွင်းစကြာဝဠာအယူအဆကို မသိကြပေ။ လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ရှိကြလျှင်တောင် ၎င်းကို ကိုယ်ပိုင်ခုခံခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းအတွက် ဝှက်ဖဲအဖြစ်သာ သုံးနိုင်ကြသည်။
ထိုသို့သော စွမ်းရည်များကို အသုံးပြုပြီး အခြေခံအုတ်မြစ်ကို မြှင့်တင်ရန်တိုသည်မှာ အခြေခံအားဖြင့် မဖြစ်နိုင်သောအရာဖြစ်သည်။ ရင်းမြစ်ကမ္ဘာရှိ ကျင့်ကြံသူများက အတွင်းစကြာဝဠာနှင့် တူညီသော ဟင်းလင်းပြင်တစ်ခုကို ဖန်တီးနိုင်လျှင်တောင် ၎င်းက ဟင်းလင်းပြင်သာဖြစ်ပြီး လီယန်နေမင်းကို တောင်ခံနိုင်မည်မဟုတ်ပေ။
" ဒီတစ်ခါတော့ လီယန်နေမင်းမူလရင်းမြစ်ရဲ့ ပြင်းအားကို လျှော့ချရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
ယခင် ထိုက်ယင်စကြာဝဠာပျက်ဆီးသွားခြင်းမှာ လီယန်နေမင်း၏ စွမ်းအားက ပြင်းထန်သွားသောကြောင့် မျှခြေကို ပျက်ယွင်းသွားစေခဲ့ခြင်းဖြစ်သည်။ ကျရှုံးမှုကို သင်ခန်းစာယူပြီးနောက် လင်းယွမ်က ပေါင်းစည်နိုင်ရန် ခြေတစ်လှမ်း တိုသွားခဲ့သည်။
အချိန်များက တရွေ့ရွေ့ကုန်လွန်လာခဲ့သည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်၏ မူလခန္ဓာကိုယ်က ထိုက်ယင်စကြာဝဠာနှင့် လီယန်နေမင်းမူလရင်းမြစ်တို့ ပေါင်းစည်းမှုအပေါ်တွင် အာရုံစိုက်ထားခဲ့သည်။
ပေါင်းစည်းမှု မြင့်တက်လာသည်နှင့်အမျှ ထိုက်ယင်စကြာဝဠာ၏ တိုးတက်မှုက လင်းယွမ်ကိုပင် အံ့အားသင့်စေခဲ့သည်။ ထိုက်ယင်စကြာဝဠာက ရူးသွပ်စွာ ကျယ်ပြန့်လာပြီး ၎င်း၏ အချိန်လေဟာနယ်တည်ငြိမ်မှုကလည်း မြင့်တက်လာခဲ့သည်။
အချိန်များကုန်လွန်လာသည်နှင့် ထိုက်ယင်စကြာဝဠာနှင့် လီယန်နေမင်းမူလရင်းမြစ်တို့က အပြည့်အဝ ပေါင်းစည်းသွားခဲ့သည်။ အတိအကျပြောရလျှင် လီယန်နေမင်းမူလရင်းမြစ်က ထိုက်ယင်စကြာဝဠာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ လီယန်နေမင်းဖွင့်လှစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာက ထိုက်ယင်စကြာဝဠာနှင့် ပေါင်းစည်းသွားခဲ့သည်။
ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာတွင် လင်းယွမ်က ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် မျက်နှာချင်းဆိုင်ထိုင်နေသည်။ သူက ထိုက်ယင်မူလစိတ်ဝိညာဉ်၏ အတွင်းစကြာဝဠာကို အပြည့်အဝ အာရုံစိုက်နေသည်။
" တကယ် မယုံနိုင်စရာပဲ။ " လင်းယွမ်က အပူနှင့်အအေး ယှဉ်တွဲလျက်ရှိနေသော ထိုက်ယင်စကြာဝဠာကို ကြည့်နေသည်။ စကြာဝဠာ၏ အလယ်တွင် တောက်ပသော နေမင်းတစ်စင်းက အဆုံးမဲ့ အလင်းနှင့်အပူကို အဆက်မပြတ် ထုတ်လွှတ်နေသည်။
" အခု ထိုက်ယင်စကြာဝဠာရဲ့ အရွယ်အစားက အလင်းနှစ် တစ်ဆယ်ဘီလီယံကျော် ရှိနေပြီ။ " လင်းယွမ်က အံ့အားသင့်သော အမူအရာနှင့် ထိုက်ယင်စကြာဝဠာကို ငုံ့ကြည့်နေသည်။
အရွယ်အစားအရဆိုလျှင် လက်ရှိ ထိုက်ယင်စကြာဝဠာက မူလခန္ဓာကိုယ်၏ အတွင်းစကြယဝဠာထက် မနိမ့်တော့ပေ။ လင်းယွမ်၏ မူလခန္ဓာကိုယ်မှ အတွင်းစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ထည့်သွင်းမှု သို့မဟုတ် ဖရိုဖရဲသစ်ပင်၏ အားဖြည့်မှုကဲ့သို့ ပြင်ပအရာများကို ထည့်မတွက်လျှင်တောင် ထိုက်ယင်နှင့် ထိုက်ယန်တို့ဖြင့် ဖွဲ့စည်းထားသော ပြည့်စုံသည့် ထိုက်ကျိတာအိုတစ်ခုတည်းကပင် ထိုက်ယင်စကြာဝဠာထက် များစွာအားကောင်းလှသည်။
" စွမ်းအားအရဆိုရင်တော့..." လင်းယွမ်က သေချာစစ်ဆေးကြည့်လိုက်သည်။ " လီယန်နေမင်းတစ်ခုတည်းက ဒီလောက်ထိ မြှင့်တင်မှုကို ပေးနိုင်တာလား။ "
လင်းယွမ်ကိုယ်တိုင်ပင် ၎င်းကို မယုံကြည်နိုင်ဖြစ်နေသည်။ ထိုကွာခြားချက်က လွှမ်းမိုးခြင်းအဆင့်သို့ ဝင်ရောက်ခါစ လူတစ်ယောက်ကို ဖရိုဖရဲအဆင့်သို့ အတင့်အကျပ် မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်သည်။
၎င်းက မူလခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့၏ အတွင်းစကြာဝဠာများကြား ကျော်လွှား၍ မရသော ကွာခြားမှုကို လွယ်ကူစွာ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
" ထိုက်ယင်စကြာဝဠာတောင် ဒီလိုတိုးတက်လာရင် ငါ့ရဲ့ ထိုက်ကျိအတွင်းစကြာဝဠာက လီယန်နေမင်းမူလရင်းမြစ်ကို ပေါင်းစည်းလိုက်မယ်ဆိုရင် နောက်ဆင်တွဲမြှင့်တင်မှုက အရမ်းကြောက်စရာကောင်းသွားလိမ့်မယ်။ " လင်းယွမ်က စိတ်လှုပ်ရှားသွားမိသည်။
တည်ငြိမ်မှုတွင် ထိုက်ကျိစကြာဝဠာက ထိုက်ယင်စကြာဝဠာထက် များစွာ သာလွန်သည်။ အကယ်၍ ထိုက်ယင်စကြာဝဠာက လီယန်နေမင်းမူလရင်းမြစ်ကို ပေါင်းစည်းနိုင်လျှင် ထိုက်ကျိစကြာဝဠာက သေချာပေါက် လုပ်နိုင်ပေလိမ့်မည်။
" ငါ့ရဲ့ ထိုက်ကျိစကြာဝဠာထဲမှာ စမ်းသပ်ဖို့တော့ အလျင်မလိုသေးဘူး။ "
ထိုက်ယင်စကြာဝဠာက လီယန်နေမင်းမူလရင်းမြစ်နှင့် ပေါင်းစည်းချိန်တွင် ကျရှုံးပြီး စကြာဝဠာကို ပြိုလဲစေခဲ့သည်။ မူလခန္ဓာကိုယ်၏ ထိုက်ကျိစကြာဝဠာ ပြိုလဲသွားလျှင် လင်းယွမ်အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပေလိမ့်မည်။ ယုံကြည်မှု အပြည့်အဝ မရှိသေးမီ လင်းယွမ်က ထိုက်ကျိစကြာဝဠာကို စမ်းသပ်မည်မဟုတ်ပေ။
ထိုခဏတွင် ထိုက်ယန်မူလစိတ်ဝိညာဉ်ပေါ်လာပြီး လင်းယွမ်၏ စိတ်အသိက ၎င်း၏ အတွင်းစကြာဝဠာထဲသို့ ဆင်းသက်သွားသည်။ အအေးစွမ်းအားများနှင့် ပြည့်နှက်နေသော ထိုက်ယင်စကြာဝဠာနှင့် ယှဉ်လျှင် ထိုက်ယန်အတွင်းစကြာဝဠာက အပူစွမ်းအားများနှင့် ပြည့်နှက်နေသည်။
" ထိုက်ယင်အတွင်းစကြာဝဠာက လီယန်နေမင်းမူလရင်းမြစ်ကို ပေါင်းစည်းဝါးမြိုနိုင်တာက အဲ့ဒီနှစ်ခုရဲ့ စွမ်းရည်တွေက ဆန့်ကျင်ဘက်ဖြစ်နေလို့ပဲ။ ဒါပေမ့ယ် ထိုက်ယန်စကြာဝဠာကရော။ "
လင်းယွမ်က ခဏစဉ်းစားလိုက်ပြီး လီယန်နေမင်းမူလရင်းမြစ်ကို ထိုက်ယန်စကြာဝဠာထဲသို့ စတင်စုစည်းလိုက်သည်။ ထိုက်ယန်အတွင်းစကြာဝဠာက လီယန်နေမင်းမူလရင်းမြစ်ကို အဆက်မပြတ် ပေါင်းစည်းနေသည်နှင့်အမျှ လင်းယွမ်က ထိုက်ယန်စကြာဝဠာ၏ ပြောင်းလဲမှုများကို လေ့လာနေသည်။
လင်းယွမ် လျှောက်သော ထိုက်ကျိလမ်းစဉ်က ထိုက်ယင် သို့မဟုတ် ထိုက်ယန်ကဲ့သို့ အဆုံးစွန်သော လမ်းစဉ်များထက် ပိုမိုပြည့်စုံသော်လည်း ၎င်းတို့ကို အားနည်သည်ဟု ပြော၍မရပေ။ ဆန့်ကျင်ဘက်အနေဖြင့် အဆုံးစွန်သော လမ်းစဉ်များကလည်း မယုံကြည်နိုင်သော အဆင့်သို့ ရောက်နိုင်ကြသည်။
ဥပမာ လီယန်ဘိုးဘေး၏ လီယန်နေမင်းလမ်းစဉ်က အလွှာဆယ့်သုံးသို့ ရောက်ရှိခဲ့သည်။ အခြားမဟာအရှင်သခင်များနှင့် နတ်ဘုရားအရှင်သခင်များကလည်း ဖရိုဖရဲနိယာမမှ သူတို့၏ လမ်းစဉ်စွမ်းအားများကို ဆင့်ကဲပြောင်းလဲစေခဲ့သည်။
မတူညီသော တာအိုလမ်းစဉ်များစွာက တစ်နေရာတည်းသို့ ဦးတည်ကြပြီး မည်သည့်အရာက အားကောင်းသည် အားနည်းသည်ဟု မဆိုလိုပေ။
ဝုန်း ဝုန်း...
ထိုက်ယန်နှင့် လီယန်နေမင်းတို့ ပေါင်းစည်းရာမှ ပူပြင်းသော စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။ ထိုက်ယန်စကြာဝဠာက ဆယ်ကြိမ်ကျော် ပြိုလဲပြီးနောက် လီယန်နေမင်းနှင့် အပြည့်အဝ ပေါင်းစည်းနိုင်ခဲ့သည်။
" အခု ထိုက်ယန်စကြာဝဠာကရော..." လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။ ထိုက်ယန်စကြာဝဠာကလည်း ထိုက်ကျိစကြာဝဠာထက် အားမနည်းပေ။
" ထိုက်ယင်နဲ့ ထိုက်ယန် ပေါင်းစည်းမယ်။ " လင်းယွမ်က ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့ကို ပေါင်းစည်းရန် စတင်လိုက်သည်။
ထိုက်ကျိက ယင်နှင့်ယန် ပေါင်းစည်းမှုကြောင့် ဖြစ်ပေါ်လာပြီး ယင်နှင့်ယန်အဖြစ် ပြန်လည်ခွဲထုတ်နိုင်သည်။ ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့၏ ပေါင်းစည်းမှုက ထိုက်ကျိမူလစိတ်ဝိညာဉ်ကို ဖြစ်ပေါ်စေသည်။
မူလစိတ်ဝိညာဉ်နှစ်ခုနှင့် ယှဉ်လျှင် ထိုက်ကျိမူလစိတ်ဝိညာဉ်က ပို၍ အားကောင်းသည်။ ၎င်းက မူလစိတ်ဝိညာဉ်နှစ်ခုသာမက သူတို့၏ စွမ်းအားများကိုလည်း ပေါင်းစည်းလိုက်ခြင်းဖြစ်သောကြောင့် နောက်ဆုံးစွမ်းအားကလည်း ပိုမိုကြီးမားလာခဲ့သည်။
ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့ပေါင်းစည်းချိန်တွင် သူတို့၏ အတွင်းစကြာဝဠာများကလည်း အလိုအလျောက် ပေါင်းစည်းသွားကြသည်။
လင်းယွမ်က လေးနက်စွာ စောင့်ကြည့်နေသည်။ အကယ်၍ ပေါင်းစည်းမှု ကျရှုံးလျှင် မူလစိတ်ဝိညာဉ်နှစ်ခုလုံး ပျက်စီးသွားမည်ကို သူသိနေသည်။ ထိုအချိန်တွင် ထိုက်ကျိမူလစိတ်ဝိညာဉ်က တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။
ဝုန်း...
ဖိအားတစ်ခုက ထွက်ပေါ်လာသည်။ အသစ်ဖွဲ့စည်းလိုက်သော ထိုက်ကျိမူလစိတ်ဝိညာဉ်က လင်းယွမ်အပေါ် အံ့ဩစရာကောင်းစွာ ဖိအားပေးနေသည်။
" ထိုက်ကျိစကြာဝဠာ..." လင်းယွမ်က တုန့်ဆိုင်းခြင်းမရှိဘဲ ထိုက်ကျိမူလစိတ်ဝိညာဉ်၏ အတွင်းစကြာဝဠာထဲသို့ ဆင်းသက်သွားသည်။
မူလခန္ဓာကိုယ်၏ အတွင်းစကြာဝဠာကလည်း ထိုက်ကျိစကြယဝဠာဖြစ်သော်လည်း ၎င်း၏ အခြေခံက ထိုက်ကျိမူလစိတ်ဝိညာဉ်၏ အတွင်းစကြာဝဠာထက် ပိုမိုအားကောင်းလေသည်။
" ဟူး..." ကြောက်စရာကောင်းသော ထိုက်ကျိစကြာဝဠာကိုကြည့်ပြီး လင်းယွမ်က သက်ပြင်းမချဘဲမနေနိုင်ပေ။
ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့ ပေါင်းစည်းပြီး ဖြစ်ပေါ်လာသော ထိုက်ကျိစကြာဝဠာ၏ အရွယ်အစားက အလင်းနှစ် ကိုးရာဘီလီယံနီးပါး ရှိနေသည်။ ထို့အပြင် အလယ်တွင် လီယန်နေမင်းကလည်း စကြာဝဠာတစ်ခုလုံးကို အလင်းပေးနေပြီး မမြင်နိုင်သော ဖိအားတစ်ခုကလည်း ပျံ့နှံ့နေသည်။
လင်းယွမ်က ထိုလီယန်နေမင်းကို စိုက်ကြည့်နေသည်။ သူက ရင်းမြစ်ကမ္ဘာမှ ထာဝရနေမင်းကို ငေးကြည့်နေရသကဲ့သို့ အနည်းငယ် ခံစားလိုက်ရသည်။ သို့သော် အနည်းငယ် ဆင်တူရုံသာဖြစ်ပြီး ထိုက်ကျိစကြာဝဠာအတွင်းရှိ လီယန်နေမင်း၏ စွမ်းအားက ထာဝရနေမင်းထက် များစွာ လျော့နည်းလှသည်။
" ဒီထိုက်ကျိစကြာဝဠာက မူလခန္ဓာကိုယ်ရဲ့ အတွင်းစကြာဝဠာထက် ပိုအားကောင်းနေတာပဲ။ " လင်းယွမ်က ထိုက်ကျိစကြာဝဠာကို ကြည့်ပြီး တွေးလိုက်သည်။