← Chapters

အင်မော်တယ်ရွှေနှင့် စမ်းသပ်ခြင်း....

Vol. 62 Ch. 888

အင်မော်တယ်ရွှေနှင့် စမ်းသပ်ခြင်း....

Vol. 62 Ch. 888

လင်းယွမ်၏ မူလခန္ဓာကိုယ်မှ အတွင်းစကြာဝဠာထဲတွင် ကျောက်စိမ်းဘူးသီးခြောက်၏ ဘေး၌ အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပျင်းရိစွာ ထိုင်နေသည်။

" အင်မော်တယ်ရွှေမှာ ၁၀စင်တီမီတာပဲ အမှတ်အသားချန်နိုင်ခဲ့လို့ သခင်ကတော့ စိတ်ပျက်နေတော့မှာပဲ။ "

အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လင်းယွမ် အနည်းငယ် စိတ်ပျက်သွားသည်ကို သတိပြုမိခဲ့သည်။ " သခင် စိတ်သက်သာရာ ရအောင် နည်းလမ်းရှာရမယ်။ ဒါက အင်မော်တယ်ရွှေပဲ။ ၁၀ စင်တီမီတာလောက် ချန်နိုင်ခဲ့တာတောင် တကယ်အထင်ကြီးဖို့ ကောင်းနေပါပြီ။ "

ထိုအချိန်တွင် လင်းယွမ်က သူမ၏ ဘေးတွင် ပေါ်လာသည်။

" သခင်..." အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ချက်ချင်း ထလိုက်သည်။

" အဲ့ဒီအင်မော်တယ်ရွှေဘယ်မှာလဲ။ လင်းယွမ်က မိန်းကလေးကို ကြည့်ပြီး မေးလိုက်သည်။

" အင်မော်တယ်ရွှေလား။ " မိန်းကလေးက အနည်းငယ် မှင်သက်သွားသည်။ " သခင်က အင်မော်တယ်ရွှေကို ဘာလုပ်မလို့လဲ။ "

" ငါ နောက်တစ်ခါ ထပ်ပြီး စမ်းကြည့်ချင်လို့ပါ။ " လင်းယွမ်က ပြောလိုက်သည်။

ထိုစကားကြောင့် အနီရောင်ဝတ်စုံနှင့် မိန်းကလေးက နားမလည်နိုင်ဖြစ်သွားသည်။

" သခင် သခင်က အင်မော်တယ်ရွှေပေါ်မှာ ၁၀ စင်တီမီတာချန်နိုင်ခဲ့တာ တကယ် အံ့ဩစရာကောင်းနေပါပြီ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပြောလိုက်သည်။

အတွင်းစကြာဝဠာ၏ တိုးတက်မှုက တစ်ညတည်းနှင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လင်းယွမ်အနေဖြင့် အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်ကို ဘယ်လောက်ကြာအောင် ကျင့်ကြံရမလဲ မခန့်မှန်းနိုင်သေးပေ။

အင်မော်တယ်ရွှေကို ထပ်စမ်းသပ်ခြင်းမှာ အဓိပ္ပါယ်မရှိပေ။ နောက်ထပ် ၁၀ စင်တီမီတာနက်သော အမှတ်အသားတစ်ခု ချန်ခဲ့ရုံသာ ဖြစ်ပေလိမ့်မည်။

" ငါ ထပ်စမ်းကြည့်ပါဦးမယ်။ " လင်းယွမ်က ဆက်ပြောလိုက်သည်။

ထိုက်ကျိမူလစိတ်ဝိညာဉ်၏ အတွင်းစကြာဝဠာတိုးတက်မှုက အလွန်ကြီးမားသောကြောင့် သူကိုယ်တိုင်ပင် အပြည့်အဝ နားမလည်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ ၎င်းက မူလခန္ဓာကိုယ်၏ အတွင်းစကြာဝဠာထက် ကျော်လွန်သွားသည်မှာ သေချာသည်။

လင်းယွမ်က ယခု ထိုက်ကျိမူလစိတ်ဝိညာဉ်၏ အတွင်းစကြာဝဠာက မည်သည့်အဆင့်သို့ ရောက်နေသည်ကို သိလိုနေသည်။

" သခင်က ထပ်စမ်းကြည့်ချင်တယ်ဆိုရင် ထပ်စမ်းကြည့်ကြတာပေါ့။ " မိန်းကလေးက သူ့ကို မတားပေ။ နောက်ဆုံး လင်းယွမ်က သူမ၏ သခင်ဖြစ်ပြီး သူ၏ ဆုံးဖြတ်ချက်ကို သူမက လိုက်နာရမည်ဖြစ်သည်။

" သခင်... " မိန်းကလေးက လက်ဝှေ့ရမ်းလိုက်ရာ ကြီးမားသော အင်မော်တယ်ရွှေ အစိတ်အပိုင်းက ပေါ်လာသည်။ " သခင် စလို့ရပါပြီ။ "

" ဒီအတွင်းစကြာဝဠာထဲမှာ စမ်းမှာမဟုတ်ဘူး။ ငါ့ မူလစိတ်ဝိညာဉ်ရဲ့ အတွင်းစကြာဝဠာထဲမှာ စမ်းမယ်။ " လင်းယွမ်က ပြောလိုက်သည်။

" ဟင် " မိန်းကလေးက အနည်းငယ် မှင်သက်သွားသည်။

သူမက လင်းယွမ်တွင် မူလစိတ်ဝိညာဉ်နှစ်ခုရှိသည်ကို သိထားသည်။ သို့သော် ထိုမူလစိတ်ဝိညာဉ်နှစ်ခုက လင်းယွမ်၏ မူလခန္ဓာကိုယ်ထက် ပို၍ အားနည်းပြီး အတွင်းစကြာဝဠာများကလည်း အလားတူပင်ဖြစ်သည်။ အကယ်၍ လင်းယွမ်က မူလစိတ်ဝိညာဉ်၏ အတွင်းစကြာဝဠာနှင့် စမ်းသပ်လျှင် တစ်ဆယ်စင်တီမီတာပင် ချန်ထားနိုင်လိမ့်မည်မဟုတ်ပေ။

" ကောင်းပါပြီ။ " သူမက လင်းယွမ်ကို မေးခွန်းထုတ်ခြင်းမရှိဘဲ စိတ်ထဲမှသာ ရေရွတ်လိုက်သည်။ " သခင်က မူလစိတ်ဝိညာဉ်ရဲ့ အတွင်းစကြာဝဠာက ဘယ်လောက်အားနည်းလဲဆိုတာ စမ်းသပ်ချင်တာလားမသိဘူး။ "

ထိုခဏတွင်း လင်းယွမ်က မိန်းကလေးနှင့် အင်မော်တယ်ရွှေကို ထိုက်ကျိမူလစိတ်ဝိညာဉ်၏ အတွင်းစကြာဝဠာထဲသို့ ခေါ်ဆောင်သွားသည်။

" ဒါဘယ်နေရာလဲ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

ထိုအတွင်းစကြာဝဠာက အလွန်တည်ငြိမ်နေပြီး မူလခန္ဓာကိုယ်၏ အတွင်းစကြာဝဠာထက် ကျော်လွန်သော ဖိအားကို ပေးစွမ်းနေသည်။

" စမယ်။ " လင်းယွမ်က အင်မော်တယ်ရွှေကို ကြည့်ပြီး စကြာဝဠာ၏ စွမ်းအားများကို စတင်စုစည်းလိုက်သည်။

ဝုန်း ဝုန်း....

အဆုံးမဲ့စွမ်းအားများက စုစည်းလာပြီး စကြာဝဠာ၏ အလယ်မှ လောင်ကျွမ်နေသော လီယန်နေမင်းကလည်း ပို၍ ပူပြင်းလာကာ ကြောက်စရာကောင်းသော အော်ရာက ပျံ့နှံ့လာသည်။

ထိုက်ကျိစကြာဝဠာကို စွမ်းအားပြည့်လည်ပတ်ခြင်းက လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ကို အသုံးပြုပြီး ထိုက်ကျိစကြာဝဠာနှင့် ပေါင်းစည်းထားသကဲ့သို့ စွမ်းအားက များစွာအားကောင်းလာခဲ့သည်။

ဝုန်း ဝုန်း....

ထိုက်ကျိစကြာဝဠာ၏ စွမ်းအားက အင်မော်တယ်ရွှေကို ဖိနှိပ်လိုက်သည်။

ခဏအတွင်း အင်မော်တယ်ရွှေက ပုံပျက်လာပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် ကြောက်မက်ဖွယ်ရာ အမှတ်အသားများ ပေါ်လာပြီး အတွင်းသို့ နက်ဝင်သွားသော ကျင်းများ ဖြစ်ပေါ်လာသည်။ ကျင်းတစ်ခုစီက တစ်မီတာထက် ပိုကျယ်ပြီး အနက်ဆုံးနေရာက နှစ်မီတာနီးပါးရှိသည်။

" တကယ်မာတာပဲ။ " လင်းယွမ်က မအံ့ဩဘဲ မနေနိုင်ပေ။

ထိုက်ကျိမူလစိတ်ဝိညာဉ်၏ အတွင်းစကြာဝဠာက မည်မျှအားကောင်းသည်ကို သူမသိသော်လည်း အစောက ဖိနှိပ်မှုစွမ်းအားက ဖရိုဖရဲအရှင်သခင်များကို အလွယ်တကူ ချေမှုန်းပစ်နိုင်သည်။ သို့သော် အင်မော်တယ်ရွှေက အနည်းငယ် ချိုင့်ဝင်သွားရုံသာဖြစ်သည်။

" အနက်ဆုံး အမှတ်အသားက တစ်မီတာကျော်နက်ပြီး နှစ်မီတာနီးပါးရှိတယ်။ " လင်းယွမ်က အနီရောင်ဝတ်စုံနှင့် မိန်းကလေးကို ကြည့်လိုက်သည်။ " ဒါဆို ဒီစကြာဝဠာက ဘယ်အဆင့်နဲ့ ညီမျှသွားပြီလဲ။ "

အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ဆွံ့အသွားမိသည်။ ဤအတွင်းစကြာဝဠာထဲသို့ ဝင်လာကတည်းက တစုံတခုမှားယွင်းနေသည်ကို သူမ သတိထားမိခဲ့သည်။ ထို့နောက် လင်းယွမ်က အတွင်းစကြာဝဠာကို အားအပြည့်ဖြင့် လည်ပတ်လိုက်ချိန်တွင် ထွက်ပေါ်လာသော ကြောက်စရာကောင်းသည့်စွမ်းအားကို သူမခံစားခဲ့ရသည်။

" သခင်ရဲ့ မူလစိတ်ဝိညာဉ် အတွင်းစကြာဝဠာက ဘာလို့ဒီလောက်အားကောင်းနေတာလဲ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက လင်းယွမ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

ထိုစကြာဝဠာက လင်းယွမ်ထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး သူတို့၏ အော်ရာများကလည်း တစ်သားတည်းဖြစ်နေသည်ကို မသိလျှင် သူမက ၎င်းကို အခြားအင်အားကြီးသူတစ်ယောက်၏ အတွင်းစကြာဝဠာဟု ထင်မိပေလိမ့်မည်။

" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီစကြာဝဠာက အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ဒုတိယအဆင့်ကို မကျင့်ကြံရသေးဘဲ ပထမအဆင့်မှာတင် ဘာလို့ဒီလောက်အားကောင်းနေတာလဲ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက မယုံကြည်နိုင်ဖြစ်နေသည်။

" ငါ့ရဲ့ အတွင်းစကြာဝဠာက မြှင့်တင်မှုအချို့ လုပ်လိုက်လို့ပါ။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်အကြောင်း သူမကို မပြောပြရန် ဆုံးဖြတ်လိုက်သည်။

၎င်းက အခြားဒိုင်မန်းရှင်းတစ်ခုနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။ အမှန်တော့ လင်းယွမ်က သူမကို ခေါ်လာချိန်တွင် အတွင်းစကြာဝဠာ၏ အလယ်မှ လီယန်နေမင်းကို ဖုံးကွယ်ထားခဲ့သည်။ ထို့အပြင် စကြာဝဠာ၏ စွမ်းအားကို လည်ပတ်ချိန်တွင်လည်း လီယန်နေမင်း၏ စွမ်းအားကို တမင် ဖိနှိပ်ထားခဲ့သည်။

အတွင်းစကြာဝဠာက လင်းယွမ်၏ နယ်မြေဖြစ်သည်။ သူသာ ဆန္ဒမရှိသရွေ့ အနီရောင်ဝတ်စုံနှင့် မိန်းကလေးက များများမသိနိုင်ပေ။

" အဆင့်မြှင့်တင်မှုလား။ " မိန်းကလေးက တုန်လှုပ်သွားသည်။ အဆုံးမဲ့ဟင်းလင်းပြင်ကို ကျင့်ကြံထားသော အတွင်းစကြာဝဠာက အလွန်ပြည့်စုံနေပြီး ၎င်းကို ထပ်ပြီး အဆင့်မြှင့်တင်ရန် မလွယ်ကူပေ။ အတွင်းစကြာဝဠာ၏ ကြောက်စရာကောင်းသော မြှင့်တင်မှုကို မ​မြင်တွေ့ခဲ့ရလျှင် မိန်းကလေးက ၎င်းကို ယုံကြည်မည်မဟုတ်ပေ။

" ဟုတ်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " အခု ငါ့ရဲ့ အတွင်းစကြာဝဠာက ဘယ်အဆင့် ရောက်သွားပြီလဲ။ "

လင်းယွမ်က မျှော်လင့်ချက်များနှင့် မိန်းကလေးကို ကြည့်လိုက်သည်။ ယခင် သူမက အင်မော်တယ်ရွှေအတွင်း မီတာဝက်ခန့် နက်အောင်လုပ်နိုင်လျှင် အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်ကို အောင်မြင်ရန် နီးကပ်နေပြီဟု ဆိုလိုသည်။ထိုအချိန်ကျလျှင် လင်းယွမ်၏ အတွင်းစကြာဝဠာက ဖရိုဖရဲအဆင့် အထွတ်အထိပ်အောက်တွင် အသန်မာဆုံး ဖြစ်ပေလိမ့်မည်။ သို့သော် ယခု လင်းယွမ်က နှစ်မီတာနီးပါးနက်သော အမှတ်အသားကို ချိန်ထားနိုင်ခဲ့သည်။

" သခင် ဒီအတွင်းစကြာဝဠာက ဖရိုဖရဲအဆင့် အထွတ်အထိပ်ကို ယှဉ်နိုင်နေပါပြီ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပြောလိုက်သည်။

ဖရိုဖရဲအဆင့် အထွတ်အထိပ်က ဖရိုဖရဲမဟာသူတော်စင်ပင်ဖြစ်သည်။ ယခု ထိုက်ကျိမူလစိတ်ဝိညာဉ်၏ အတွင်းစကြာဝဠာက ဖရိုဖရဲမဟာသူတော်စင်၏ အတွင်းစကြာဝဠာနှင့် ယှဉ်နိုင်ပြီဖြစ်သည်။

" ငါ့မူလစိတ်ဝိညာဉ်ရဲ့ အတွင်းစကြာဝဠာက မူလခန္ဓာကိုယ်ရဲ့ အတွင်းစကြာဝဠာထက် အားနည်းတယ်။ တကယ်လို့ ဒီအဆင့်မြှင့်တင်မှုကိုသာ မူလခန္ဓာကိုယ်ရဲ့ အတွင်းစကြာဝဠာမှာ အသုံးပြုလိုက်ရင် သာမန် ဖရိုဖရဲမဟာသူတော်စင်တွေထက် ကျော်လွန်သွားလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

သို့သော် အတွင်းစကြာဝဠာက ပိုအားကောင်းခြင်းက ဖရိုဖရဲမဟာသူတော်စင်ထက် တိုက်ခိုက်ရေးစွမ်းအား ပိုသာသည်ဟုမဆိုလိုပေ။ ဖရိုဖရဲမဟာသူတော်စင်၏ စွမ်းအားက ကဏ္ဍပေါင်းစုံတွင် မူတည်နေသည်။ အတွင်းစကြာဝဠာက ၎င်းတို့အနက် တစ်ခုသာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယခု လင်းယွမ်က ဖရိုဖရဲမဟာသူတော်စင်တစ်ယောက်ကို အတိုင်းအတာတစ်ခုအထိ စိန်ခေါ်နိုင်ပြီဖြစ်သည်။ ဖရိုဖရဲအရှင်သခင်နှင့် ဖရိုဖရဲမဟာသူတော်စင်တို့ကြား ကွာဟချက်က အလွန်ကြီးမားသည်။

မဟာသူတော်စင်တစ်ပါး၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ စွမ်းအားကပင် ဖရိုဖရဲအရှင်သခင်တစ်ယောက်ကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။ လင်းယွမ်က ဖရိုဖရဲမဟာသူတော်စင်တစ်ပါးနှင့် တိုက်ခိုက်နိုင်ခြင်းမှာ သူ့ကို ဖရိုဖရဲအရှင်သခင်များကြား ပြိုင်ဘက်ကင်းသွားစေသည်။

၎င်းက အစသာရှိသေးသည်။ လင်းယွမ်က အထွတ်အထိပ်သို့ ကျင့်ကြံရန် နည်းစနစ်များ ရှိနေသေးသည်။ ဥပမာ သူက အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်ကို မအောင်မြင်သေးပေ။

အကယ်၍ လင်းယွမ်က ကဏ္ဍအားလုံးတွင် အထွတ်အထိပ်သို့ ရောက်သွားလျှင် သူက မဟာသူတော်စင်တစ်ပါးကို အပြည့်အဝ ရင်ဆိုင်နိုင်ပေလိမ့်မည်။ လွှမ်းမိုးခြင်းအဆင့်နှင့် ဖရိုဖရဲမဟာသူတော်စင်ကို ရင်ဆိုင်ခြင်း ဖြစ်သည်။

ရင်းမြစ်ကမ္ဘာမှာပင် လီယန်ဘိုးဘေး၏ သွေးမျိုးဆက် အလွန်ကြွယ်ဝသော တော်ဝင်မျိုးနွယ်များပင် မဟာအရှင်သခင်အဆင့်တွင် နတ်ဘုရားအရှင်သခင်ကို စိန်ခေါ်နိုင်ရုံသာဖြစ်သည်။ ၎င်းက အလွှာဆယ့်သုံးသွေးမျိုးဆက်နှင့် အလွှာဆယ့်သုံးအမွေအနှစ်တို့ ပေါင်းစပ်ခြင်းမှ ထွက်ပေါ်လာသော အသန်မာဆုံး မဟာအရှင်သခင်ကန့်သတ်ချက်ပင်ဖြစ်သည်။

All Chapters