အဆုံးအဖြတ်တိုက်ပွဲ...
Vol. 62 Ch. 889
" သခင်က အနာဂတ်မှာ သခင်ဟောင်းရဲ့ အဆင့်ကို ရောက်သွားနိုင်တယ်။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
အမှန်တော့ အဆုံးမဲ့ဟင်းလင်းပြင်ကို ဖန်တီးသူက အခြေခံအုတ်မြစ်၊ ရုပ်ခန္ဓာျို့ကို ကိုယ်စားပြုသည့် အလွှာဆယ့်သံ အမွေအနှစ်များကို သာမန်အတိုင်း ချန်ထားခဲ့ခြင်းသာဖြစ်သည်။ အလွှာဆယ့်သုံး အချိန်သက်ရှိကို ပျိုးထောင်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
အလွှာဆယ့်သုံး အချိန်သက်ရှိက ကျင့်ကြံပျိုးထောင်၍ ရသော အရာမဟုတ်ပေ။ တိတိကျကျပြောရလျှင် အလွှာဆယ့်သုံး အချိန်သက်ရှိကို ဖန်တီး၍ မရပေ။ သို့သော် ယခုအချိန်တွင် လင်းယွမ်က အနာဂတ်တွင် အလွှာဆယ့်သုံးသို့ ရောက်နိုင်သည်ဟု အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ခံစားလိုက်ရသည်။
" အဝေးကြီးလိုပါသေးတယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
သူက ပို၍ ကျင့်ကြံလာသည်နှင့်အမျှ အလွှာဆယ့်သုံးသို့ တက်လှမ်းရန် မည်မျှခက်ခဲကြောင်း ပို၍ ခံစားလာရသည်။ အရာအားလုံး ချောမွေ့ပြီး ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ ကျင့်ကြံနိုင်လျှင်တောင် အချိန်စက်ဝန်းအား မည်သို့ရင်ဆိုင်ရမည်ကို မသိသေးပေ။
ထိုက်ကျိမူလစိတ်ဝိညာဉ်၏ အတွင်းစကြာဝဠာကို စမ်းသပ်ပြီးနောက် လင်းယွမ်က မူလစိတ်ဝိညာဉ်နှစ်ခုဖြင့် ဆက်လက်စမ်းသပ်လိုက်သည်။ မူလခန္ဓာကိုယ်အတွက်မူ အလျင်မလိုသေးပေ။
ရင်းမြစ်ကမ္ဘာတွင် ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေတို့၏ စစ်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ စစ်မြေပြင်တွင် လင်းယွမ်က အရှင်သခင်ချန်ဖုန်းနှင့် ပုံမှန်အတိုင်း တိုက်ခိုက်မှုဖလှယ်ပြီးနောက် ပြန်လည်ဆုတ်ခွာလာခဲ့သည်။
" ဟင် " လင်းယွမ်က ဗဟိုစစ်မြေပြင်သို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် မဟာအရှင်သခင် အထွတ်အထိပ် ဆယ်ယောက်ကျော်က ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ သူတို့၏ စွမ်းအားများကြောင့် အချိန်နှင့် လေဟာနယ်တို့ပင် ပုံပျက်တွန့်လိမ်နေခဲ့သည်။
" သူတို့က တကယ်တိုက်ခိုက်နေကြပြီပဲ။ " လင်းယွမ်က တွေးလိုက်သည်။
နယ်မြေဆယ်ခုကျော် ပါဝင်နေသော စစ်ပွဲတစ်ခုတွင် သာမန်အရှင်သခင်များနှင့် အလယ်အလတ် မဟာအရှင်သခင်များက အေးအေးဆေးဆေးနေရန် အခွင့်အရေးရှိသော်လည်း အထွတ်အထိပ် မဟာအရှင်သခင်များက မပါဝင်လိုလျှင် ငြင်းပယ်နိုင်ကြသည်။
သို့သော် သူတို့က စစမြေပြင်သို့ ရောက်လျှင် ဘုရင်ထံမှ ငြင်းပယ်၍ မရနိုင်သော အကျိုးအမြတ်များ ရရှိထားသည်မှာ ထင်ရှားသည်။ ထို့ကြောင့် အထွတ်အထိပ် မဟာအရှင်သခင်များက စိတ်အားထက်သန်စွာ တိုက်ခိုက်နေကြခြင်းဖြစ်သည်။ သူတို့က စစ်ပွဲတွင် အနိုင်ရရှိမှ ဆုလာဘ်များကို အပြည့်အဝ ရရှိကြမည်ဖြစ်သည်။
အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းငါးရာ ကြာသွားခဲ့သည်။
ဇီမန်နယ်မြေ၏ စစ်မြေပြင်နောက်ရှိ ဟင်းလင်းပြင်ထဲတွင် လူနှစ်ယောက် ရပ်ပြီး စစ်မြေပြင်ကို ကြည့်နေသည်။ အနောက်တွင် ရပ်နေသူက တလင်းတော်ဝင်မိသားစုမှ ဘွဲအပ်နှင်းခြင်းခံရသော စိတ်ဝိညာဉ်ဘုရင်ဖြစ်ပြီး ပတ်ဝန်းကျင် နယ်မြေဆယ်ခုကျော်ကို သက်ရောက်စေသည့် ဤစစ်ပွဲကို စတင်ခဲ့သူလည်း ဖြစ်သည်။
စစ်ပွဲစတင်ကတည်းက နယ်မြေနှစ်ခု၏ အဓိကစစ်မြေပြင်များတွင် ဇီမန်နယ်မြေက တိုက်ခိုက်ခြင်းဖြစ်ပြီး ချင်းဖန်နယ်မြေက ခုခံရုံသာဖြစ်သည်။
" ရှီစုန်ဘုရင်ရဲ့ နည်းဗျူဟာတွေကို ငါနားလည်ပြီ။ ဒီစစ်ပွဲရဲ့ ရလဒ်ကို ဆုံးဖြတ်ဖို့ မင်းရဲ့ အကူအညီလိုလိမ့်မယ်။ "
စိတ်ဝိညာဉ်ဘုရင်က သူ၏ ရှေ့မှလူကို ကြည့်လိုက်သည်။ ထိုသူက တလင်ရှေးဟောင်းနိုင်ငံ၏ ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်သော သူ၏ အကို လင်းရှန်ဘုရင်ဖြစ်သည်။
ရင်းမြစ်ကမ္ဘာရှိ ရှေးဟောင်းနိုင်ငံများတွင် ဘိုးဘေးသွေးမျိုးဆက် သိပ်သည်းမှုက ပင်မတော်ဝင်သွေးမျိုးဆက်အဆင့်သို့ ရောက်ရှိရန်မှာ အလွန်ရှားပါးသည်။ ၎င်းက နတ်ဘုရားအရှင်သခင် အရေအတွက်ထက်ပင် ပို၍ရှားပါးသေးသည်။
ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက်က မဟာအရှင်သခင်အဆင့်သို့ ရောက်ပြီးနောက် အဆင့်တူပြိုင်ဘက်များကို အလွယ်တကူ အနိုင်ယူနိုင်သည်။ ဘိုးဘေး၏ အစွမ်းထက်သော သွေးမျိုးဆက်စွမ်းအားက ပင်မတော်ဝင်သွေးမျိုးဆက်များအတွက် လွှမ်းမိုးနိုင်စွမ်းကြီးမားသော တိုက်ခိုက်ရေးစွမ်းအားကို ပေးစွမ်းနိုင်သည်။
အကယ်၍ သွေးမျိုးဆက်စွမ်းအားကို အမြင့်ဆုံးအဆင့်ထိ ထုတ်ဖော်နိုင်လျှင် ပင်မတော်ဝင်သွေးမျိုးဆက် မဟာအရှင်သခင်တစ်ယောက်က နတ်ဘုရားအရှင်သခင်များကို စိန်ခေါ်နိုင်ပေသည်။ သို့သော် ပင်မတော်ဝင်သွေးမျိုးဆက်များအတွက်ပင် သွေးမျိုးဆက်စွမ်းအားကို အမြင့်ဆုံးအဆင့်ထိ ထုတ်ဖော်နိုင်ရန်မှာ မလွယ်ကူပေ။
" ကျင့်ကြံခြင်းက ဒီကမ္ဘာက အရာအားလုံးရဲ့ အခြေခံပဲ။ " လင်းရှန်ဘုရင်က စိတ်ဝိညာဉ်ဘုရင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ " ထီးနန်းက မင်းအတွက် အဲ့လောက်တောင် အရေးကြီးလို့လား။ "
" သိပ်အရေးကြီးတာပေါ့။ " စိတ်ဝိညာဉ်ဘုရင်က ပြောလိုက်သည်။
ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်ဖြစ်လာခြင်းက တော်ဝင်သွေးမျိုးဆက်ကို ဆန့်ကျင်ပေးခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကို ရရှိစေသည်။ ပင်မတော်ဝင်သွေးမျိုးဆက်များအတွက် သူတို့၏ သွေးမျိုးဆက် သိပ်သည်းမှုက ထပ်မံမြှင့်တင်ရန် ခက်ခဲသော်လည်း သာမန်တော်ဝင်သွေးမျိုးဆက်များအတွက်မူ သွေးမျိုးဆက် သန့်စင်ခွင့်ရရှိခြင်းမှာ ကြီးမားသော အခွင့်အလမ်းပင်ဖြစ်သည်။
သို့သော် စိတ်ဝိညာဉ်ဘုရင်က ဧကရာဇ်ဖြစ်လာရန် ကြိုးစားခြင်းမှာ သွေးမျိုးဆက်သန့်စင်ရန် တစ်ခုတည်းကြောင့်မဟုတ်ဘဲ သူပို၍ တန်ဖိုးထားသည်မှာ ဧကရာဇ်အာဏာပင်ဖြစ်သည်။
" ငါ့မှာ မင်းလိုပါရမီမရှိဘူး။ ဧကရာဇ်ဖြစ်လာဖို့ကသာ ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ " စိတ်ဝိညာဉ်ဘုရင်က သက်ပြင်းချလိုက်သည်။
သူနှင့် လင်းရှန်ဘုရင်တို့က ညီအကိုများဖြစ်ကြသော်လည်း အလွန်ရင်းနှီးသူများ မဟုတ်ကြပေ။ စိတ်ဝိညာဉ်ဘုရင်က လင်းရှန်ဘုရင်ကို ဖိတ်ခေါ်ရန် ကြီးမားသော ပေးဆပ်မှုကို ပြုလုပ်ခဲ့ရသည်။
" နားလည်ပြီ။ " လင်းရှန်းဘုရင်က ပြောလိုက်သည်။ " ဒီစစ်ပွဲမှာ မင်းအတွက် အတားအဆီးအားလုံးကို ငါဖယ်ရှားပေးမယ်။ "
" ချီကျွယ်ဘုရင်က ရင်ဆိုင်ဖို့မလွယ်ဘူးနော်။ " စိတ်ဝိညာဉ်ဘုရင်က ချက်ချင်း သတိပေးလိုက်သည်။
ချီကျွယ်ဘုရင်က ရှီစုန်ဘုရင်၏ ဆဋ္ဌမအကိုဖြစ်ပြီး ပင်မတော်ဝင်သွေးမျိုးဆက် တစ်ယောက်ဖြစ်သည်။ ကျင့်ကြံသည့်အချိန်အရ ချီကျွယ်ဘုရင်က လင်းရှန်ဘုရင်ထက် သာလွန်သည်။ စိတ်ဝိညာဉ်ဘုရင်၏ မျှော်လင့်ချက်မှာ လင်းရှန်ဘုရင်က ချီကျွယ်ဘုရင်ကို တားဆီးထားရုံသာဖြစ်သည်။
" ချီကျွယ်ဘုရင်လား။ " လင်းရှန်ဘုရင်က တည်ငြိမ်နေသည်။ " အထွတ်အထိပ်ထိ မရောက်သေးတဲ့ ပင်မတော်ဝင်သွေးမျိုးဆက် တစ်ယောက်က ငါ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ "
ပင်မတော်ဝင်သွေးမျိုးဆက်များက မဟာအရှင်သခင်အဆင့်တွင် နတ်ဘုရားအရှင်သခင်များကို စိန်ခေါ်နိုင်သော်လည်း သတ်မှတ်ချက်ရှိသည်။ သူတို့၏ သွေးမျိုးဆက်စွမ်းအားကို အကန့်အသတ်ထိ တွန်းပို့နိုင်ရမည်ဖြစ်သည်။
" မင်းရဲ့ သွေးမျိုးဆက်က အထွတ်အထိပ်ကို ရောက်သွားပြီလား။ " စိတ်ဝိညာဉ်ဘုရင်က ရှီစုန်ဘုရင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
" ဟုတ်တယ်။ " လင်းရှန်ဘုရင်က ခေါင်းညိမ့်လိုက်သည်။
" ကောင်းတယ် သိပ်ကောင်းတယ်။ " စိတ်ဝိညာဉ်ဘုရင်က အလွန်ဝမ်းသာသွားသည်။
သွေးမျိုးဆက်စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်သည့် ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက်က နတ်ဘုရားအရှင်သခင်အောက် အသန်မာဆုံးအဖြစ် သတ်မှတ်ခြင်းခံရသည်။ ချီကျွယ်ဘုရင်က အထွတ်အထိပ်သို့ ရောက်သွားသည့်သတင်းမျိုး မကြားမိခဲ့ပေ။
" ကျင့်ကြံခြင်းက တကယ်ပဲ အခြေခံအုတ်မြစ်လား။ " စိတ်ဝိညာဉ်ဘုရင်က ရုတ်တရက် တွေးလိုက်မိသည်။ " ထားလိုက်တော့ အရင်ဆုံး ချင်းဖန်နယ်မြေကို ချေမှုန်းကြတာပေါ့။ "
ချင်းဖန်နယ်မြေတွင် ရှီစုန်ဘုရင်နှင့် ချီကျွယ်ဘုရင်တို့ကလည်း စစ်မြေပြင်အထက်တွင် ရပ်နေကြသည်။
" အဆုံးအဖြတ်တိုက်ပွဲစတော့မယ်။ " ရှီစုန်ဘုရင်က အဝေးမှ စစ်မြေပြင်ကို ကြည့်နေသည်။
စစ်ပွဲက နှစ်ပေါင်းငါးရာ ကြာမြင့်ခဲ့ပြီး နှစ်ဖက်စလုံးက အကြိမ်များစွာ ရင်ဆိုင်ခဲ့ကြပြီးဖြစ်သည်။ အထွတ်အထိပ် မဟာအရှင်သခင်များကလည်း မကြယခဏ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။
စိတ်ဝိညာဉ်ဘုရင်က စိတ်မရှည်တော့သည်ကို ရှီစုန်ဘုရင်က ခန့်မှန်းမိသည်။
" ဆဋ္ဌမအကို လာမယ့်အချိန်မှာ အကို အကူအညီလိုလာလိမ့်မယ်။ " ရှီစုန်ဘုရင်က ပြောလိုက်သည်။
" ပြဿနာမရှိဘူး။ " ချီကျွယ်ဘုရင်က ပြုံး၍ ပြောလိုက်သည်။ " လင်းရှန်ဘုရင်ကို ငါ့ဆီလွှဲထားလိုက်။ တလင်းရှေးဟောင်းနိုင်ငံမှာ သူ့ရဲ့ သွေးမျိုးဆက်စွမ်းအားအကြောင်း ကြားဖူးတာကြာပြီ။ ဒီနေ့တော့ ကိုယ်တိုင်ကြုံတွေ့ရတော့မှာပေါ့။ "
" လင်းရှန်ဘုရင်က တကယ်ကျော်ကြားတယ်။ " ရှီစုန်ဘုရင်က ခေါင်းညိမ့်လိုက်သည်။
လင်းရှန်ဘုရင်က သူ၏ သွေးမျိုးဆက်ကို စမ်းသပ်ရာတွင် ဘိုးဘေးပုံရိပ်ကို တိုက်ရိုက်ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုကြသည်။
" အကို ငါ နောက်ထပ် တော်ဝင်ဘုရင်အချို့ကို ဖိတ်ခေါ်လိုက်ရမလား။ " ရှီစုန်ဘုရင်က စဉ်းစားပြီး မေးလိုက်သည်။
" မင်း သူတို့ကို ခေါ်နိုင်လို့လား။ " ချီကျွယ်ဘုရင်က ရှီစုန်ဘုရင်ကို ကြည့်ပြီး ရယ်လိုက်သည်။ " ပြီးတော့ မင်း တော်ဝင်ဘုရင်တွေ ထပ်ခေါ်ရင် စိတ်ဝိညာဉ်ဘုရင်ကလည်း ထပ်ခေါ်မှာပဲ။ အဲ့ဒီအချိန်ကျရင် စစ်ပွဲက ပိုပြီး ပြင်းထန်လာလိမ့်မယ်။ "
ရှေးဟောင်းနိုင်ငံများကြား စစ်ပွဲများက မကြာခဏ ဖြစ်ပေါ်လေ့ရှိသော်လည်း သူတို့က စစ်ပွဲ၏ ပြင်းထန်မှုကို အရှိန်မလွန်အောင် တိတ်တဆိတ် ထိန်းသိမ်းထားလေ့ရှိသည်။
ပုံမှန်အားဖြင့် နယ်မြေဆယ်ခုကျော် ပါဝင်သော စစ်ပွဲများမှာ တော်ဝင်ဘုရင်တစ်ပါးကို အမြင့်ဆုံးအင်အားအဖြစ် ထားရှိခြင်းက လုံလောက်သည်။ တော်ဝင်ဘုရင်များကို ထပ်မံဖိတ်ခေါ်လျှင် ကုန်ကျစရိတ်က အဆမတန် မြင့်တက်လာမည့်အပြင် စစ်ပွဲက ပို၍ ပြင်းထန်လာပေလိမ့်မည်။
စစ်ပွဲအတွင်း သက်ရောက်မှုရှိသော နယ်မြေများက ပို၍ များလာမည်ဖြစ်ပြီး ရှေးဟောင်းနိုင်ငံများကြား အလုံးစုံစစ်ပွဲကို ဦးတည်သွားစေနိုင်သည်။ ထိုအချိန်ကျလျှင် နတ်ဘုရားအရှင်သခင်များလည်း ပါဝင်လာပေလိမ့်မည်။
ရည်မှန်းချက်ကြီးမားသော စိတ်ဝိညာဉ်ဘုရင်က ထိုသို့သော အခြေအနေမျိုးကို မဖြစ်လိုပေ။ အကယ်၍ စစ်ပွဲက သူ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သွားလျှင် သူက စစ်ပွဲကို အနိုင်ရရှိလျှင်တောင် ရရှိလာမည့် အကျိုးအမြတ်က နည်းသွားပေလိမ့်မည်။