ချီကျွယ်ဘုရင် ထွက်လာခြင်း....
Vol. 62 Ch. 890
အနိုင်ရရှိခြင်းက ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုကို များစွာမြှင့်တင်ပေးနိုင်ခြင်းမရှိသော်လည်း ရှုံးနိမ့်သွားလျှင် စိတ်ဝိညာဉ်ဘုရင်က အပြစ်သားဖြစ်လာပြီး ပြင်းထန်သော ပြစ်ဒဏ်ကို ခံရပေလိမ့်မည်။
" ဟုတ်ပါတယ်။ " ရှီစုန်ဘုရင်က ခေါင်းညိမ့်လိုက်သည်။
စစ်ပွဲ၏ ပြင်းထန်မှုကို မြှင့်တင်လိုက်သည့်တန်ဖိုးက သာမန်စစ်ပွဲတစ်ခုကို ရှုံးနိမ့်ခြင်းထက် များစွာ သာလွန်သည်။
" လက်ရှိအခြေအနေဘယ်လိုလဲ။ " ချီကျွယ်ဘုရင်က မေးလိုက်သည်။
" ပုံမှန်ပါပဲ။ မဟာအရှင်သခင်တွေကြား တိုက်ပွဲမှာ စိတ်ဝိညာဉ်ဘုရင်ဘက်က နည်းနည်းအားသာနေပေမယ့် သိပ်တော့မကွာခြားပါဘူး။ ဆဋ္ဌမအကိုက လင်းရှန်ဘုရင်ကို ထိန်းထားနိုင်သရွေ့ စိတ်ဝိညာဉ်ဘုရင်က ငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ " ရှီစုန်ဘုရင်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
" မင်း မဟယအရှင်သခင်တစ်ယောက်ကို စစ်လက်နက်တွေ လေ့လာခွင့်ပေးထားတယ်လို့ ငါကြားတယ်။ " ချီကျွယ်ဘုရင်က စစ်မြေပြင်ကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်တယ်။ အဲ့ဒါ နဂါးငွေ့တန်းပဲ။ သူက ချင်းဖန်ရဲ့ တပည့် အသစ်တက်လာတဲ့ မဟာအရှင်သခင်တစ်ယောက်ပဲ။ အလားအလာတော်တော် ရှိတယ်။ " ရှီစုန်ဘုရင်က ပြောလိုက်သည်။
ပြင်ပလူတစ်ယောက်ကို စစ်လက်နက်များအား လေ့လာခွင့်ပြုခြင်းက စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်သည်။ အခြားတစ်ယောက်မေးလာလျှင် ရှီစုန်ဘုရင်က ဘာမှမသိသလို ငြင်းဆိုမည်ဖြစ်သည်။ သို့သော် ချီကျွယ်ဘုရင်ကိုတော့ သူက ဖုံးကွယ်ထားရန် မလိုအပ်ပေ။
" မင်းက သူ့ကို အထင်ကြီးနေတာလား။ " ချီကျွယ်ဘုရင်က ပြုံးလိုက်သည်။
သူက အသစ်တက်လာသော မဟာအရှင်သခင်ဖြစ်စေ အထွတ်အထိပ်မဟာအရှင်သခင်ဖြစ်စေ သိပ်ဂရုမစိုက်ပေ။ ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက်အနေဖြင့် အထွတ်အထိပ်သို့ မရောက်ရှိလျှင်တောင် အဆင့်တူအတွင်း ပြိုင်ဘက်ကင်းပေသည်။
စစ်မြေပြင်တွင် လင်းယွမ်က ခြေချိတ်ထိုင်နေပြီး သူ၏ အော်ရာက နက်ရှိုင်းကာ တည်ငြိမ်နေသည်။ နှစ်ပေါင်းငါးရာကြာပြီးနောက် လင်းယွမ်က လီယန်နေမင်းကို သူ၏ အတွင်းစကြာဝဠာထဲသို့ အပြည့်အဝ ပေါင်းစည်းနိုင်ခဲ့သည်။ ဖရိုဖရဲဟင်းလင်းပြင်မှ မူလခန္ဓာကိုယ်၊ ရင်းမြစ်ကမ္ဘာမှ မူလခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်များ အားလုံး ပါဝင်ကြသည်။
" တကယ် အံ့ဩစရာပဲ။ " လင်းယွမ်က သူ၏ အတွင်းစကြာဝဠာကို ကြည့်လိုက်သည်။
စကြာဝဠာ၏ အလယ်တွင် တောက်ပသော နေမင်းတစ်စင်းဖြစ်ပြီး ၎င်း၏ အလင်းရောင်က စကြာဝဠာတစ်ခုလုံး ဖြန့်ကျက်ထားသည်။
" ငါ့ရဲ့ လက်ရှိစွမ်းအားက အထွတ်အထိပ် မဟာအရှင်သခင်တွေထက် ကျော်လွန်နေလောက်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။
ယခုအချိန်တွင် သူ၏ အတွင်းစကြာဝဠာက လီယန်နေမင်းမူလရင်းမြစ်နှင့် ပေါင်းစည်းနေပြီး ၎င်းက လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ကို အဆက်မပြတ် သုံးစွဲနေသကဲ့သို့ ဖြစ်သည်။ သူ၏ အခြေခံအုတ်မြစ်က မည်သည့်နည်းစနစ်မှ အသုံးမပြုလျှင်တောင် အထွတ်အထိပ် မဟာအရှင်သခင်များကို အလွယ်တကူ ဖိနှိပ်နိုင်သည်။
" နတ်ဘုရားအရှင်သခင်..."
ရင်းမြစ်ကမ္ဘာမှ နတ်ဘုရားအရှင်သခင်များက ဖရိုဖရဲဟင်းလင်းပြင်မှ မဟာသူတော်စင်များနှင့် ညီမျှသည်။ သူတို့နှင့် တိုက်ခိုက်ဖူးခြင်းမရှိသောကြောင့် သူက မည်သူပိုအားကောင်းသည်ကို မသေချာပေ။
" အခုဆိုရင် ဒီကမ္ဘာမှာ ငါ့ကိုငါ ကာကွယ်နိုင်စွမ်းရှိသွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။ သူက နတ်ဘုရားအရှင်သခင်ကို ယှဉ်နိုင်မလားမသိသော်လည်း သူက မယှဉ်နိုင်လျှင်တောင် သူ့ကိုသူ ကာကွယ်နိုင်စွမ်းရှိသည်။
နတ်ဘုရားအရှင်သခင်များကို ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားအဖြစ် သတ်မှတ်ထားသည်။ သူတို့၏ အထက်တွင် ရှေးဟောင်းနိုင်ငံများမှ ဧကရာဇ်များနှင့် ဘိုးဘေးများသာ ရှိတော့သည်။
ရှေးဟောင်းနိုင်ငံများ၏ ဧကရာဇ်များက ဘိုးဘေးများ ပေးအပ်ထားသော လက်နက်များကို ကိုင်ဆောင်ထားသောကြောင့် နတ်ဘုရားအရှင်သခင်များထက် သာလွန်သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ကြသည်။
သို့သော် ထိုလက်နက်များကို အလွယ်တကူ အသုံးမပြုနိုင်ပေ။ ထို့အပြင် ကန့်သတ်ချက် အခြေအနေများစွာ ရှိနေသည်။ ထို့ကြောင့် လင်းယွမ်က သူသတိထားနေသရွေ့ ရှေးဟောင်းနိုင်ငံများမှ ဧကရာဇ်များ၏ ခြိမ်းခြောက်မှုများကို လျစ်လျူရှုထားနိုင်သည်။
" နောက်ဆုံး အဆင့်တစ် စစ်လက်နက်တစ်ခုပဲ အပြည့်အဝ နားမလည်သေးတာ။ " လင်းယွမ်က တွေးလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းငါးရာအတွင်း သူက စစ်မြေပြင်ရှိ စစ်လက်နက်အားလုံးနီးပါးကို လေ့လာခဲ့ပြီး နောက်ဆုံး အဆင့်တစ် စစ်လက်နက်တစ်ခုသာ ကျန်တော့သည်။ ၎င်းကိုလည်း အပြည့်အဝ နားလည်ရန် နီးကပ်နေပြီဖြစ်သည်။
" ဖရိုဖရဲနိယာမ..." လင်းယွမ်က အတွေးနက်နေသည်။
သူက စစ်လက်နက်များအတွင်းရှိ ဖရိုဖရဲလျို့ဝှက်သင်္ကေတများ အားလုံးနီးပါးကို နားလည်ခဲ့ပြီး ယခု ဖရိုဖရဲနိယာမအပေါ် သူ၏ နားလည်မှုက ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် အနည်းငယ်သာ လိုတော့သည်။
" နောက်ဆုံး လီယန်မျိုးစေ့..." လင်းယွမ်က မျက်မှောင်ကြုတ်နေသည်။
လွန်ခဲ့သော နှစ်ငါးရာအတွင်း သူ၏ ကျင့်ကြံမှုက ကဏ္ဍအားလုံးတွင် တိုးတက်ခဲ့သော်လည်း လီယန်မျိုးစေ့များက ပိတ်စို့နေခဲ့သည်။ သူက ၃၃၃၃၃ ခုမြောက် လီယန်မျိုးစေ့ကို အပြည့်အဝ စုစည်းနိုင်ရန် အလွန်နီးစပ်နေပြီဖြစ်သော်လည်း နောက်ဆုံးခြေလှမ်းကို မလှမ်းနိုင်ဘဲ ဖြစ်နေသည်။
" ငါသတိမထားမိတဲ့ ကန့်သတ်ချက် ဒါမှမဟုတ် အတားအဆီးတစ်ခုများ ရှိနေတာလား။ " လင်းယွမ်က နောက်ဆုံး စစ်လက်နက်ကို အပြည့်အဝ နားလည်ပြီးမှသာ ၎င်းကို စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
" ဟမ် " လင်းယွမ်က စစ်မြေပြင်သို့ ကြည့်ပြီး သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
မဟာအရှင်သခင်ချန်ဖုန်းက စစ်လက်နက်များကို ဦးဆောင်ပြီး ထိုနေရာသို့ တိုက်ခိုက်လာပြန်သည်။
" ထပ်ပြီးတိုက်ပြန်ပြီလား။ " လင်းယွမ်က မျက်ခုံးများ ပင့်သွားသည်။
နောက်ဆုံးတိုက်ခိုက်ခဲ့သည်မှာ တစ်နှစ်ခွဲပင် မပြည့်သေးပေ။ သူတို့က ပုံမှန်အားဖြင့် တိုက်ပွဲတစ်ခုပြီးလျှင် ဆယ်စုနှစ်ကြာမှ နောက်တစ်ကြိမ် တိုက်ခိုက်ကြခြင်းဖြစ်သည်။ စစ်လက်နက်များကလည်း ပြုပြင်ရန် လိုအပ်သကဲ့သို့ မဟာအရှင်သခင်များကလည်း အနားယူရန်လိုအပ်သည်။
လင်းယွမ်နှင့် ချန်ဖုန်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
" နဂါးငွေ့တန်း လာမယ့်တိုက်ပွဲမှာ ဂရုစိုက်ပါ။ " ချန်ဖုန်းက လျို့ဝှက်အသံပို့လွှတ်ပြီး သတိပေးလိုက်သည်။
နှစ်ပေါင်းငါးရာအတွင်း လင်းယွမ်နှင့် ချန်ဖုန်းတို့က တစ်ယောက်နှင့် တစ်ယောက် အသေအကြေ တိုက်ခိုက်ကြခြင်းမရှိဘဲ နားလည်မှုယူထားကြသည်။ သူတို့နှစ်ယောက်ကြားတွင် ရင်းနှီးမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အမှန်တော့ မဟာအရှင်သခင်များအတွက် ရင်းနှီးမှုက ရှေးဟောင်းနိုင်ငံများ၏ ကန့်သတ်ချက်များအောက်တွင် ရှိမနေပေ။ လီယန်ရှေးဟောင်းနိုင်ငံနှင့် တလင်းရှေးဟောင်းနိုင်ငံတို့မှ အရှင်သခင်များက ကောင်းမွန်သော ဆက်ဆံရေးရှိကြသည်။
" ဂရုစိုက်ရမှာလား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" စိတ်ဝိညာဉ်ဘုရင်က အဆုံးအဖြတ်တိုက်ပွဲကို စတင်တော့မှာလား။ " လင်းယွမ်က ပြန်မေးလိုက်သည်။
" ဟုတ်တယ်။ " ချန်ဖုန်းက ခဏတွန့်ဆုတ်သွားပြီး ခေါင်းညိမ့်လိုက်သည်။
ထိုကိစ္စက လျို့ဝှက်ချက်မဟုတ်ပေ။ သူမပြောပြလျှင်တောင် ဗဟိုစစ်မြေပြင်တွင် မဟာအရှင်သခင်များစွာ စုဝေးနေကြပြီး လင်းယွမ်က မကြာခင် သိသွားပေလိမ့်မည်။
" အဆုံးအဖြတ်တိုက်ပွဲ..." လင်းယွမ်က ဗဟိုစစ်မြေပြင်သို့ လှမ်းကြည့်လိုက်သည်။
ဗဟိုစစ်မြေပြင်တွင် အချိန်လေဟာနယ် လေးလံထိုင်းမှိုင်းနေပြီး အထွတ်အထိပ် မဟာအရှင်သခင်များ၏ အော်ရာများကလည်း ပျံ့နှံ့နေသည်။ စွမ်းအားကြီးသော စစ်လက်နက်များကလည်း တစ်ခုနှင့်တစ်ခု ရင်ဆိုင်နေကြသည်။
နယ်မြေနှစ်ခုကြား တိုက်ပွဲမှာ ကြာမြင့်စွာကတည်းက ပြင်ဆင်ထားခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းငါးရာကြာအောင် တိုက်ခိုက်ခဲ့ပြီးနောက် တစ်ယောက်၏ အစွမ်းကို နောက်တစ်ယောက်က နားလည်နေကြပြီဖြစ်သည်။
ယခုအခါ အဆုံးအဖြတ်တိုက်ပွဲအဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အဆုံးအဖြတ်တိုက်ပွဲက ကြာမြင့်ချိန်တိုတောင်းမည်မဟုတ်သော်လည်း နှစ်ဖက်လုံးက ဝှက်ဖဲများကို အသုံးပြုကာ တိုက်ခိုက်ကြမည်ဖြစ်သည်။
" အဆုံးအဖြတ်တိုက်ပွဲမှာ ဗဟိုစစ်မြေပြင်က အပြင်းထန်ဆုံး တိုက်ပွဲဖြစ်လိမ့်မယ်။ မင်းဘက်ကတော့ သိပ်ပြီး ထိခိုက်မှာမဟုတ်ဘူး။ " ချန်ဖုန်းကလည်း ဗဟိုစစ်မြေပြင်ကို ကြည့်ပြီး ပြောလိုက်သည်။
ဝုန်း ဝုန်း ....
နောက်ခဏတွင် နှစ်ဖက်လုံးမှ မဟာအရှင်သခင်များက အပြည့်အဝ စတင်တိုက်ခိုက်ကြတော့သည်။ ယခုအချိန်တွင် အထွတ်အထိပ် မဟာအရှင်သခင်များက ဘာမှမချန်ဘဲ ခွန်အားအပြည့်ဖြင့် ပြင်းထန်စွာ တိုက်ခိုက်ကြခြင်းဖြစ်သည်။
အရှင်ချင်းဖန်၏ ပတ်ဝန်းကျင်တွင် အချိန်လေဟာနယ်များက အပြာရောင်မီးတောက်များ လောင်ကျွမ်းနေပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ အခြားမဟာအရှင်သခင်များကလည်း သူတို့၏ စွမ်းအားများကို ထုတ်ဖော်လိုက်ကြရာ စစ်မြေပြင်ရှိ အချိန်လေဟာနယ်က အစိတ်အပိုင်းများအဖြစ် ပြိုလဲသွားစေခဲ့သည်။
" လမ်းစဉ်တစ်သောင်းပြန်ခြင်း..." ဇီမန်နယ်မြေမှ ထွားကျိုင်းသော မဟာအရှင်သခင်တစ်ယောက်က ရှေ့သို့ တိုးလိုက်ရာ အချိန်လေဟာနယ်က ပြိုလဲသွားပြီး အရှင်ချင်းဖန်အပါအဝင် မဟာအရှင်သခင်များပေါ်သို့ သက်ရောက်သွားခ့သည်။
" ဒီနည်းစနစ်က..." အရှင်ချင်းဖန်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
အခြာားမဟာအရှင်သခင်များကလည်း အလားတူ ခံစားလိုက်ရသည်။ သူတို့ကျွမ်းကျင်ထားသော ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားများက ဖိနှိပ်ခံလိုက်ရပြီး အားနည်းသွားကြသည်။
စစ်မြေပြင်၏ နောက်ကွယ်တွင် ရှီစုန်ဘုရင်နှင့် ချီကျွယ်ဘုရင်တို့က လေးနက်သော အမူအရာများ ရှိနေကြသည်။
" ငါ ဝင်ပါမှရမယ်။ " ချီကျွယ်ဘုရင်က ပြောလိုက်သည်။
ဇီမန်နယ်မြေဘက်မှ ထွားကျိုင်းသော ပုံရိပ်က စိတ်ဝိညာဉ်ဘုရင်၏ ဝှက်ဖဲဖြစ်သည်မှာ ထင်ရှားသည်။ သူ၏ စွမ်းအားက အထွတ်အထိပ် မဟာအရှင်သခင်များဆယ်ယောက်ကျော်၏ တိုက်ပွဲကို သက်ရောက်မှုရှိစေခဲ့သည်။
အကယ်၍ ချီကျွယ်ဘုရင်က ဝင်ရောက်တားဆီးခြင်းမပြုလျှင် ချင်းဖန်နယ်မြေမှ မဟာအရှင်သခင်များက အောက်စည်းသို့ ကျရောက်သွားပေလိမ့်မည်။
" ဟုတ်တယ်။ " ရှီစုန်ဘုရင်ကလည်း ခေါင်းညိမ့်လိုက်သည်။ တိုက်ပွဲအခြေအနေက သူတို့ဘက်မှ အသာစီးမရသည်ကို သူလည်း မြင်တွေ့နေရသည်။