စစ်ပွဲ၏ အပြောင်းအလဲ...
Vol. 62 Ch. 891
စစ်မြေပြင်၏ ကောင်းကင်တွင် ဆုတ်ဖြဲခံလိုက်ရပြီး အနီရောင်မီးတောက်များက ထွားကျိုင်းသော မဟာအရှင်သခင်ကို နောက်ဆုတ်သွားစေခဲ့သည်။
" ချီကျွယ်ဘုရင် " ထွားကျိုင်းသော မဟာအရှင်သခင်၏ အမူအရာက လေးနက်သွားသည်။
မဟာအရှင်သခင်များ၏ အထက်တွင် ပုံရိပ်တစ်ခုက ပေါ်လာပြီး သူ၏ မျက်လုံးများက လီယန်နေမင်းကဲ့သို့ တောက်ပနေသည်။
" ချီကျွယ် " နက်ရှိုင်းသော အော်ရာတစ်ခု ပျံ့နှံ့လာပြီး ချီကျွယ်ဘုရင်နှင့် ဆန့်ကျင်ဘက်တွင် လူတစ်ယောက်က ပြုံးလျက်ပေါ်လာခဲ့သည်။ " လီယန်ရှေးဟောင်းနိုင်ငံရဲ့ တော်ဝင်နည်းစနစ်တွေကို ငါကြည့်ပါရစေဦး။ "
" လင်းရှန်ဘုရင် "
" တလင်းရှေးဟောင်းနိုင်ငံရဲ့ ပင်မတော်ဝင်သွေးမျိုးဆက်။ "
အရှင်ဇီမန်အပါအဝင် မဟာအရှင်သခင်များက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ နယ်မြေများအတွင်း စစ်ပွဲများတွင် မဟာအရှင်သခင်အဆင့် ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက်က အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားကို ကိုယ်စားပြုသည်။
" လင်းရှန်..." ချီကျွယ်ဘုရင်က လင်းရှန်ဘုရင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ " မင်းက ငါ့ထက် ငယ်တဲ့အတွက် မင်းအရင်စပါ။ "
" အဲ့ဒါဆိုရင်တော့ ငါစပြီ။ " လင်းရှန်ဘုရင်က အားနာမနေတော့ဘဲ သူ၏ ညာက်လက်ကို မြှောက်ပြီး ရှေ့သို့ ထိုးနှက်လိုက်သည်။ ထိုလက်သီးချက်က စွမ်းအားအားလုံးကို အတွင်း၌ ထိန်းချုပ်ထားပြီး ရှေ့သို့ တိုးလာသည်နှင့်အမျှ အချိန်လေဟာနယ်က ဆုတ်ခွာသွားပြီး သေခြင်းအော်ရာတစ်ခု ထွက်ပေါ်လာသည်။
" ဟမ် " ချီကျွယ်ဘုရင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
လင်းရှန်ဘုရင်ကို အရင်ဆုံး တိုက်ခိုက်စေခြင်းမှာ မဆင်မခြင်လုပ်ခြင်းမဟုတ်ဘဲ သူကိုယ်တိုင်က ခုခံခြင်းနည်းစနစ်များတွင် ကျွမ်းကျင်သောကြောင့် ဖြစ်သည်။ ပြိုင်ဘက်ကို အရင်တိုက်ခိုက်စေခြင်းက သူ့ကို အနည်းချက်မဖြစ်စေသည့်အပြင် ပြိုင်ဘက်၏ စွမ်းအားအစစ်အမှန်ကိုလည်း စမ်းသပ်နိုင်သည်။
သို့သော် လင်းရှန်ဘုရင်၏ လက်သီးချက်က ချီကျွယ်ဘုရင်ကို ဖိအား ခံစားရစေသည်။ ခွန်အားအပြည့်မပါဝင်သော ပထမဆုံးတိုက်ကွက်ကပင် ထိုမျှအစွမ်းထက်နေသည်။ ချီကျွယ်ဘုရင်က စိတ်ထဲတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။
ဝှစ်...
ချီကျွယ်ဘုရင်၏ ပတ်လည်တွင် မီးတောက်ကြာပန်းများ တစ်ခုပြီးတစ်ခု ပွင့်လာခဲ့သည်။ လင်းရှန်ဘုရင်၏ လက်သီးချက်ကြောင့် မီးတောက်ကြာပန်း ကိုးသောင်းကျော်က ပျက်ဆီးသွားခဲ့သည်။
" ဟားဟားဟား အားရစရာပဲ။ " လင်းရှန်ဘုရင်က အားရပါးရ ရယ်မောလိုက်သည်။ "ချီကျွယ် အပေါ်မှာ သွားတိုက်ရအောင် ဒီမှာ အနှောက်အယှက်တွေများတယ်။ "
ပင်မတော်ဝင်သွေးမျိုးဆက်နှစ်ယောက်၏ တိုက်ပွဲက ကျယ်ပြန့်လွန်းသဖြင့် အောက်မှ မဟာအရှင်သခင်များအပေါ် သက်ရောက်မှု ရှိစေနိုင်ပြီး ထိုသက်ရောက်မှုက မည်သူမည်ဝါဟူ၍ ခွဲခြားမည်မဟုတ်ပေ။
" ကောင်းပြီ။ " ချီကျွယ်ဘုရင်က ခေါင်းညိမ့်လိုက်သည်။
ဝှစ်...
ချီကျွယ်ဘုရင်နှင့် လင်းရှန်ဘုရင်တို့က သူတို့နေရာမှ ပျောက်ကွယ်သွားကြပြီး ချက်ချင်းပင် ပိုမိုမြင့်မားသော အချိန်လေဟာနယ်အလွှာတွင် ကြောက်စရာကောင်းသော စွမ်းအားနှစ်ခု ရိုက်ခတ်သွားခဲ့သည်။
" လင်းရှန်ဘုရင်ကို စိတ်ပူစရာမလိုတော့ဘူး။ " အရှင်ချင်းဖန်က အခြားမဟာအရှင်သခင်များဆီသို့ အသံပို့လွှတ်ပြောလိုက်သည်။
ချီကျွယ်ဘုရင်နှင့် လင်းရှန်ဘုရင်တို့၏ တိုက်ပွဲက ချက်ချင်း ရလဒ်ထွက်ပေါ်လာရန် မဖြစ်နိုင်ပေ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ထိန်းချုပ်ရန်သာ ဖြစ်သည်။ ထို့ကြောင့် ဤစစ်ပွဲ၏ ရလဒ်မှာ မဟာအရှင်သခင်များအပေါ်တွင်သာ အဓိကမူတည်နေသည်။
" အကိုဟုန်ယဲ ဟိုတစ်ယောက်ကို ထိန်းထားနိုင်မလား။ " အရှင်ချင်းဖန်က ထွားကျိုင်းသော မဟာအရှင်သခင်တစ်ယောက်ကို ကြည့်ပြီး မေးလိုက်သည်။
ထိုလူ၏ နှောက်ယှက်မှုကြောင့် သူတို့ဘက်မှ မဟာအရှင်သခင်များက ဖိနှိပ်ခံခဲ့ရပြီး ချီကျွယ်ဘုရင်က ဝင်ရောက်စွက်ဖက်ခြင်းမရှိလျှင် အခြေအနေက ဆိုးရွားသွားနိုင်လေသည်။
" ငါ့ကိုလွှဲထားလိုက်။ " ဟုန်ယဲက ခေါင်းညိမ့်လိုက်သည်။
ထိုထွားကျိုင်းသော အရှင်သခင်က သူတို့ သတိမထားမိခင် အောင်မြင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဟုန်ယဲက ပြိုင်ဘက်ကို အာရုံစိုက်ထားလျှင် ထိုထွားကျိုင်းသော အရှင်သခင်က ထိုတိုက်ကွက်ကို ထပ်မံထုတ်ဖော်ရန် မလွယ်ကူပေ။
" ဆဋ္ဌမအကို " စစ်မြေပြင်၏ နောက်ကွယ်တွင် ရှီစုန်ဘုရင်ကလည်း အခြေအနေကို စောင့်ကြည့်နေသည်။
သူက စစ်ပွဲ၏ အခြေအနေကို ကောင်းစွာ နားလည်ထားသည်။ လင်းရှန်ဘုရင်ကသာ ရုန်းထွက်နိုင်ခြင်းမရှိလျှင် သူတို့က စစ်မြေပြင်ကို ထိန်းထားနိုင်မည်ဖြစ်သည်။
" စိတ်ဝိညာဉ်ဘုရင် စစ်ပွဲက အရင်လို ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေမယ်ဆိုရင် မင်းဘယ်လောက်ထိခံနိုင်မလဲ ငါကြည့်ချင်သေးတယ်။ " ရှီစုန်ဘုရင်က တွေးနေမိသည်။
စိတ်ဝိညာဉ်ဘုရင် စတင်ခဲ့သော နယ်မြေဆယ်ခုကျော်ကို သက်ရောက်သည့် ဤစစ်ပွဲက ကုန်ကျစရိတ်ကြီးမားလှသည်။ ထင်ရှားသော ရလဒ်များမရှိဘဲ ဤစစ်ပွဲက ကြာရှည်ခံနိုင်မည်မဟုတ်ပေ။ တလင်းရှေးဟောင်းနိုင်ငံ၏ ထီးနန်းဆက်ခံမည့် ပြိုင်ဘက်များအနေဖြင့် နောက်ထပ် ပြိုင်ဘက်တစ်ယောက် တိုးလာမည်ကို အလိုရှိကြမည်မဟုတ်ပေ။
လင်းယွမ်က ဗဟိုစစ်မြေပြင်ကို အာရုံစိုက်နေသည်။ အထူးသဖြင့် လင်းရှန်ဘုရင်နှင့် ချီကျွယ်ဘုရင်တို့ ပေါ်လာပြီးနောက် သူတို့၏ တိုက်ခိုက်မှုများမှ ထွက်ပေါ်လာသော ထိတ်လန့်စရာကောင်းသော စွမ်းအားများက လင်းယွမ်အတွက် များစွာသော အသိအမြင်များကို ပေးစွမ်းနိုင်သည်။
" တကယ် အစွမ်းထက်တာပဲ။ အထွတ်အထိပ် မဟာအရှင်သခင်တွေထက်တောင် ကျော်လွန်နေတယ်။ " လင်းယွမ်က သေချာလေ့လာနေသည်။
ရင်းမြစ်ကမ္ဘာရှိ အင်အားကြီးသူများ၏ တိုက်ခိုက်မှုများက ဖရိုဖရဲဟင်းလင်းပြင်ရှိသူများနှင့် ကွာခြားလှသည်။ အထူးသဖြင့် ပင်မတော်ဝင်သွေးမျိုးဆက်များ၏ တိုက်ပွဲက သွေးမျိုးဆက်စွမ်းအားကို အဓိကထားတိုက်ခိုက်ခြင်းဖြစ်သည်။
" ပင်မတော်ဝင်မိသားစုဝင်တွေက နတ်ဘုရားအရှင်သခင်အဆင့်ကို တက်လှမ်းဖို့ မဖြစ်နိုင်သလောက် ခက်ခဲတယ်လို့ ပြောကြတာ မဆန်းပါဘူး။ " လင်းယွမ်က တွေးနေမိသည်။
လင်းရှန်းဘုရင်နှင့် ချီကျွယ်ဘုရင်နှစ်ယောက်လုံးမှာ ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေသူများမဟုတ်သည်ကို သူ သတိပြုမိလိုက်သည်။ သူတို့၏ စွမ်းရည်များက ကိုယ်ပိုင်သွေးမျိုးဆက်၏ စွမ်းအားအပေါ် အခြေခံထားခြင်းဖြစ်သည်။
သို့သော် သွေးမျိုးဆက်၏ စွမ်းအားက အကန့်အသတ်ရှိနေသည်။ ဖရိုဖရဲနိယာမနှင့် ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းကို နားမလည်ဘဲ နတ်ဘုရားအရှင်သခင်အဆင့်ကို လုံးဝရောက်ရှိနိုင်မည်မဟုတ်ပေ။
" ဒါကြောင့် နတ်ဘုရားအရှင်သခင်တွေက တော်ဝင်မိသားစုတွေကို လျစ်လျူရှုထားကြတာလား။ "
ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နက်နက်ရှိုင်းရှိုင်း လေ့လာနေကြသော နတ်ဘုရားအရှင်သခင်များအတွက် ပင်မတော်ဝင်မိသားစုဝင်များက နိယာမများကို နားလည်ခြင်းမရှိဘဲ သွေးမျိုးဆက်စွမ်းအားတစ်ခုတည်းကို အားကိုးနေသူများသာဖြစ်သည်။
" တကယ်တော့ ပင်မတော်ဝင်မိသားစုဝင်တွေကလည်း နိယာမတွေကို နားလည်အောင် လုပ်လို့ရတယ်။ ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုလည်း ရှာဖွေလို့ရတယ်။ ဒါပေမယ့် သူတိုရဲ့ ကိုယ်ပိုင်သွေးမျိုးဆက်ကို မြှင့်တင်တာနဲ့ယှဉ်ရင် ဒါက အရမ်းနှေးလွန်းနေတာပဲ။ " လင်းယွမ်က အဝေးမှ စစ်မြေပြင်ကို လှမ်းကြည့်လိုက်သည်။
သာမန်တော်ဝင်မိသားစုဝင်များက နိယာမများကို နားလည်ရန် ကြိုးစားကြသည်။ အကြောင်းမှာ သူတို့၏ သွေးမျိုးဆက်စွမ်းအားက မဟာအရှင်သခင်ထက် ကျော်လွန်သည့် တိုးတက်မှုကို မပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ပင်မတော်ဝင်မိသားစုဝင်များက သွေးမျိုးဆက်၏ စွမ်းအားကို ထုတ်ယူခြင်းက ပိုမိုမြင့်မားသော တိုးတက်မှုကို ရရှိစေမည်ဖြစ်သည်။
" ဟမ် လင်းရှန်ဘုရင်ရဲ့ သွေးမျိုးဆက်က ချီကျွယ်ဘုရင်ထက် ပိုသာလွန်နေသလိုပဲ။ " လင်းယွမ်က ပင်မတော်ဝင်သွေးမျိုးဆက်များ၏ တိုက်ပွဲကို ပထမဆုံးဖြစ်သော်လည်း တစ်စုံတစ်ခုကို လျင်မြန်စွာ သတိပြုမိသွားသည်။
မြင့်မားသော အချိန်လေဟာနယ်အလွှာထဲတွင် ချီကျွယ်ဘုရင်၏ အမူအရာက လေးနက်နေသည်။ သူက ဧရာမမီးတောက်ကြာပန်းကြီးပေါ်တွင် ရပ်နေပြီး သူ၏ ပတ်ပတ်လည်တွင် ကြာပန်းများစွာ ဝန်းရံထားသည်။
လင်းရှန်ဘုရင်က ချီကျွယ်ဘုရင်ကို အဆက်မပြတ် ထိုးနှက်နေသည်။ တိုက်ကွက်တိုင်းတွင် ဧရာမမီးတောက်ကြာပန်းက တုန်ခါနေပြီး ၎င်း၏ ကန့်သတ်ချက်သို့ ရောက်ရှိရန် နီးကပ်နေပြီဖြစ်သည်။
" လင်းရှန် မင်း အထွတ်အထိပ်ကို ရောက်သွားပြီလား။ " ချီကျွယ်ဘုရင်၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာ ပေါ်လာသည်။
ပင်မတော်ဝင်မိသားစုဝင်များကြား နှိုင်းယှဉ်ရန် သွေးမျိုးဆက်၏ စွမ်းအားကို ထုတ်ဖော်နိုင်သော အတိုင်းအတာဖြင့် တိုင်းတာသည်။ တိုက်ခိုက်ရေးစွမ်းအားကို ပိုမိုထုတ်ဖော်လေ တိုက်ခိုက်ရေးစွမ်းအား ပိုမိုအားကောင်းလေဖြစ်သည်။ ဘိုးဘေးသွေးမျိုးဆက်ကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိခြင်းကို ကိုယ်စားပြုသည်။
ထိုအဆင့်သို့ ရောက်ရှိသော ပင်မတော်ဝင်မိသားစုဝင်များက သူတို့၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပြီး နတ်ဘုရားအရှင်သခင်များကိုပင် စိတ်ခေါ်နိုင်သည်။ နတ်ဘုရားအရှင်သခင်များကို စိန်ခေါ်နိုင်ခြင်းက ညီမျှသည်ဟု မဆိုလိုသော်လည်း ၎င်းက အစွမ်းထက်လှသည်မှာ ထင်ရှားသည်။
ထို့နောက် ပင်မတော်ဝင်မိသားစုဝင်က အဆင့်တက်လိုလျှင် နိယာမများကို လေ့လာပြီး နတ်ဘုရားအရှင်သခင်အဆင့်သို့ တက်လှမ်းရမည်ဖြစ်သည်။
" ဟားဟား အထွတ်အထိပ်ကို ရောက်ဖို့ အဲ့လောက်ခက်ခဲတာလား။ " လင်းရှန်ဘုရင်က ညှာတာမည့်အရိပ်အယောင်မရှိဘဲ ချီကျွယ်ဘုရင်၏ ကြာပန်းအကာအကွယ်ကို ဆက်တိုက် တိုက်ခိုက်နေသည်။
ယခုအချိန်တွင် သူ့အတွက် ချီကျွယ်ဘုရင်က ခြိမ်းခြောက်မှုမဟုတ်တော့ဘဲ တစ်ဖက်လူ၏ အကာအကွယ်ကို ထိုးဖောက်ရန် အချိန်တစ်ခုသာ လိုအပ်သည်။
" ပြဿနာပဲ။ " ချီကျွယ်ဘုရင်၏ အမူအရာက လေးနက်နေသည်။
လင်းရှန်ဘုရင်၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင် သူကို တားဆီးထားရန် နည်းလမ်းမရှိပေ။ ထိုရလဒ်က အောက်မှ မဟာအရှင်သခင်များ၏ အခြေအနေကိုလည်း ပြောင်းလဲသွားစေပေလိမ့်မည်။ ထိုအချိန်တွင် လင်းရှန်းဘုရင်၏ တိုက်ခိုက်မှုကို မဟာအရှင်သခင်များကလည်း ခုခံနိုင်မည်မဟုတ်ပေ။