← Chapters

မဟာအရှင်သခင်များကို ဖမ်းဆီးခြင်း...

Vol. 62 Ch. 892

မဟာအရှင်သခင်များကို ဖမ်းဆီးခြင်း...

Vol. 62 Ch. 892

စစ်မြေပြင်၏ နောက်ကွယ်တွင် ရှီစုန်ဘုရင်က ချီကျွယ်ဘုရင်၏ အရေးပေါ် အသံပို့လွှတ်ချက်ကို ကြားလိုက်ရသည်။

" ရှီစုန် လင်းရှန်ဘုရင်က အထွတ်အထိပ်ကို ရောက်သွားပြီ။ ငါသူ့ကို မယှဉ်နိုင်တော့ဘူး။ ငါသူ့ကို တတ်နိုင်သမျှ အချိန်ဆွဲထားမယ်။ မင်း အရှင်သခင်တွေအားလုံးကို အခုချက်ချင်း နောက်ဆုတ်ခိုင်းလိုက်တော့။ "

ထိုစကားကို ကြားသောအခါ ရှီစုန်ဘုရင်၏ အမူအရာက ပြောင်းလဲသွားသည်။

" လင်းရှန်ဘုရင်က အထွတ်အထိပ်ကို ရောက်သွားပြီလား။ " ရှီစုန်ဘုရင်က ချီကျွယ်ဘုရင်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။

မဟာအရှင်သခင်အားလုံးက ချင်းဖန်မြို့သို့ ဆုတ်ခွာပြီး လီယန်ရှေးဟောင်းနိုင်ငံမှ လင်းရှန်ဘုရင်နှင့် အဆင့်တူတစ်ယောက် ရောက်မလာမီ ချင်းဖန်မြို့၏ ကာကွယ်ရေးအစီအရင်များဖြင့် ခုခံထားရန်ဖြစ်သည်။ ရှီစုန်ဘုရင်ဘက်တွင် ပင်မတော်ဝင်သွေးမျိုးဆက် အထွတ်အထိပ်သို့ ရောက်နေသူကို ယှဉ်နိုင်မည့်သူမရှိပေ။

" ဆုတ်ခွာကြ။ မဟာအရှင်သခင်အားလုံး ဆုတ်ခွာကြ။ " ရှီဟုန်ဘုရင်က မဟာအရှင်သခင်များအားလုံးကို ချက်ချင်း သတင်းပို့လိုက်သည်။

" ဆုတ်ခွာရမှာလား။ "

" ရှီစုန်ဘုရင်က ငါတို့ကို ဆုတ်ခွာခိုင်းနေတာလား။ "

အရှင်ချင်းဖန်နှင့် အခြားသူများက ထိုသတင်းကို လက်ခံရရှိသောအခါ အနည်းငယ် နားမလည်နိုင်ဖြစ်သွားကြသည်။ သို့သော် ဘယ်သူမှ ရှီစုန်ဘုရင်၏ အမိန့်ကို မဆန့်ကျင်ကြဘဲ မဟာအရှင်သခင်များက စစ်မြေပြင်အစီအရင်ဆီသို့ စတင်ဆုတ်ခွာလိုက်ကြသည်။

ထိုစစ်မြေပြင်အစီအရင်က ယာယီစီစဉ်ထားခြင်းဖြစ်ပြီး အထွတ်အထိပ် မဟာအရှင်သခင်များကို ခဏတားဆီးထားနိုင်စွမ်းရှိသည်။ မကြာမီ မဟာအရှင်သခင်များက စစ်မြေပြင်၏ နောက်ရှိ အချိန်လေဟာနယ်လမ်းကြောင်းသို့ ရောက်လာကြသည်။

" မင်းသားရှီစုန်က ငါတို့ကို ဘာလို့ ဆုတ်ခွာခိုင်းတာလား။ "

" ဒါအဓိပ္ပါယ်မရှိဘူး။ ငါတို့က အသာစီးမရနေတာမှမဟုတ်တာ။ "

" ငါတို့ဘက်က အသာစီးမရရင်တောင် အကုန်လုံး ဆုတ်ခွာဖို့ထိတော့ မလိုပါဘူး။ "

မဟာအရှင်သခင်များက နားမလည်နိုင်ဖြစ်နေကြသည်။ လူအုပ်ထဲမှ လင်းယွမ်က ရှီစုန်ဘုရင်၏ အမိန့်နောက်ကွယ်မှ အကြောင်းရင်းကို သိရှိလိုက်သည်။ သူ၏ အမြင်တွင် မြင့်မားသော အချိန်လေဟာနယ်အလွှာတွင် ရှိနေသော ချီကျွယ်ဘုရင်က လင်းရှန်း၏ တိုက်ခိုက်မှုများအောက်တွင် ယိုင်နဲ့နေပြီဖြစ်သည်။

" ဟားဟားဟား ချီကျွယ် မင်းက ထောင်ချောက်ထဲကို တိုးဝင်လာတာပဲ။ " လင်းရှန်ဘုရင်က အောက်မှ စစ်မြေပြင်ကို ငုံ့ကြည့်လိုက်သည်။ ချင်းဖန်နယ်မြေမှ မဟာအရှင်သခင်များက အချိန်လေဟာနယ်လမ်းကြောင်းရှေ့တွင် စုဝေးနေကြသည်ကို ​မြင်သောအခါ သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

" ထောင်ချောက်ထဲ တိုးဝင်လာတယ် ဟုတ်လား။ " ချီကျွယ်ဘုရင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

" မင်းက ငါ့ကို တားဆီးနိုင်မယ်ထင်လို့လား။ " လင်းရှန်ဘုရင်က လှောင်ပြောင်လိုက်ပြီး သူ၏ လက်ကို အောက်သို့ လျင်မြန်စွာ ဖိချလိုက်ရာ ချီကျွယ်ဘုရင်ကို အပြည့်အဝ ဖိနှိပ်လိုက်သည်။

ထို့နောက် လင်းရှန်ဘုရင်က သူ၏ ညာလက်ကို စစ်မြေပြင်ရှိ အချိန်လေဟာနယ်လမ်းကြောင်းသို့ ဆန့်ထုတ်လိုက်ပြီး မဟာအရှင်သခင်ဆယ်ယောက်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

" မကောင်းတော့ဘူး။ " ချီကျွယ်ဘုရင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။

စစ်ပွဲအခြေအနေအရ လင်းရှန်းဘုရင်က ပင်မတော်ဝင်သွေးမျိုးဆက် အထွတ်အထိပ်သို့ ရောက်နေလျှင်တောင် ရှီစုန်ဘုရင်က စစ်ရှုံးမည်ဟု မဆိုလိုပေ။ မဟာအရှင်သခင်အားလုံး ချင်းဖန်မြို့သို့ ဘေးကင်းစွာ ဆုတ်ခွာနိုင်ပြီး ကာကွယ်ရေးအစီအရင်များနှင့်ဆိုလျှင် အချိန်တစ်ခုအထိ တောင့်ခံနိုင်ဦးမည်ဖြစ်သည်။

သို့သော် မဟာအရှင်သခင်များက ချင်းဖန်မြို့သို့ ဘေးကင်းစွာ ဆုတ်ခွာနိုင်မှဖြစ်သည်။ သို့မှသာ သူတို့က ချင်းဖန်မြို့၏ ကာကွယ်ရေးအစီအရင်ကို ထိန်းချုပ်ပြီး လင်းရှန်ဘုရင်၏ တိုက်ခိုက်မှုကို ခဏတားဆီးနိုင်မည် ဖြစ်သည်။

အကယ်၍ ချင်းဖန်မြို့ကျဆုံးသွားလျှင် ချင်းဖန်နယ်မြေတစ်ခုလုံး ကျဆုံးသွားမည်ဖြစ်ပြီး ၎င်းက ပတ်ဝန်းကျင်နယ်မြေ ဆယ်ခုကျော်အထိ သက်ရောက်ပေလိမ့်မည်။

အချိန်လေဟာနယ်လမ်းကြောင်း၏ ရှေ့တွင် ချင်းဖန်မြို့သို့ ပြန်ရန် ပြင်ဆင်နေကြသော မဟာအရှင်သခင်များက ရုတ်တရက် ကမ္ဘာတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ ပတ်ဝန်းကျင်က မှောင်မိုက်သွားပြီး ဧရာမတိုင်ကြီးငါးတိုင်က ဝန်းရံသွားသည်။

လင်းရှန်ဘုရင်က ပြန်ရုတ်သိမ်းလိုက်သော သူ၏ ညာလက်ကို ကြည့်လိုက်သည်။ သူ၏ ညာလက်ဝါးထဲတွင် မဟာအရှင်သခင် ဆယ်ယောက်ကျော်က ပုရွက်ဆိတ်များသဖွယ် ပိတ်မိနေကြသည်။

" ချီကျွယ် ဒီစစ်ပွဲမှာ မင်းရှုံးသွားပြီ။ " လင်းရှန်းဘုရင်က ရယ်​မောလိုက်ပြီးနောက် ချီကျွယ်ဘုရင်၏ မျှော်လင့်ချက်မဲ့သော အကြည့်များအောက်တွင် သူ၏ ညာလက်ကို လက်သီးဆုပ်လိုက်သည်။

လက်ဝါးအတွင်း၌ မဟာအရှင်သခင်များက တိုင်ကြီးငါးတိုင်က ပြိုလဲသွားပြီး အချိန်လေဟာနယ်လမ်းကြောင်းများ အားလုံးပျက်ဆီးသွားသည်ကို ခံစားလိုက်ကြရသည်။

သို့သော် သူ၏ လက်ကို တစ်ဝက်ခန့် ဆုပ်လိုက်ချိန်တွင် လင်းရှန်ဘုရင်၏ အပြုံးက ရပ်တန့်သွားသည်။ သူက နားမလည်နိုင်စွာဖြင့် သူ၏ ညာလက်ကို ငုံ့ကြည့်လိုက်သည်။

" ပြီးသွားပြီ။ " ချီကျွယ်ဘုရင်က ဖိနှိပ်ခံလိုက်ရပြီး လင်းရှန်ဘုရင်က ရိုးရှင်းသောလက်ဟန်တစ်ခုဖြင့် ချင်းဖန်နယ်မြေမှ မဟာအရှင်သခင်များကို အလွယ်တကူဖမ်းဆီးခဲ့သည်ကို တွေ့လိုက်ရသည်။

လင်းရှန်ဘုရင်က နတ်ဘုရားအရှင်သခင်တစ်ယောက်နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး သူ၏ စွမ်းအားက အထွတ်အထိပ် မဟာအရှင်သခင်များထက် သာလွန်သည်။ ချင်းဖန်နယ်မြေမှ မဟာအရှင်သခင်များက လင်းရှန်ဘုရင်၏ ဆုပ်ကိုင်မှုကို ခုခံနိုင်စွမ်းမရှိကြပေ။

ပင်မတော်ဝင်မျိုးဆက်များ၏ သွေးမျိုးဆက်က အထွတ်အထပ်သို့ ရောက်ရှိသွားလျှင် မဟာအရှင်သခင်နှင့် နတ်ဘုရားအရှင်သခင်ကြား အဆင့်သစ်တစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်သည်။ ပုံမှန်အားဖြင့် ရှေးဟောင်းနိုင်ငံများ၏ နယ်မြေများကြား စစ်ပွဲများတွင် အထွတ်အထိပ် ပင်မသွေးမျိုးဆက်များက ထွက်ပေါ်လာလေ့မရှိပေ။ သူတို့က အလွန်ပြင်းထန်သော စစ်ပွဲကြီးများ သို့မဟုတ် အလုံးစုံစစ်ပွဲများတွင်သာ ထွက်ပေါ်လာလေ့ရှိသည်။

" သွားပြီ။ " စစ်မြေပြင်၏ နောက်ကွယ်မှ ရှီစုန်ဘုရင်က သူ၏ ဘက်မှ မဟာအရှင်သခင်များကို လင်းရှန်ဘုရင်က လက်တစ်ဖက်တည်းနှင့် ဖမ်းဆီးလိုက်သည်ကို မြင်သောအခါ တုန်လှုပ်သွားခဲ့သည်။

ထိုအချိန်တွင် မဟာအရှင်သခင်အားလုံးကို ချင်းဖန်မြို့သို့ ဆုတ်ခွာရန် အမိန့်ပေးလိုက်ခြင်းက ကြီးမားသော အမှားတစ်ခုဖြစ်သည်ကို သူနားလည်သွားသည်။ အထွတ်အထိပ်သို့ ရောက်ရှိနေသော ပင်မတော်ဝင်သွေးမျိုးဆက်များက အလွန်စွမ်းအားကြီးလှပြီး အထွတ်အထပ် မဟာအရှင်သခင်များပင် သူတို့ရှေ့တွင် အခွင့်အရေးမရှိကြပေ။

သို့သော် သူတို့၏ စွမ်းအားက အလွန်ကြောက်စရာကောင်းသော်လည်း နိယာမများဖြင့် ဖိနှိပ်မှုအပိုင်းတွင် သာမန်သာ ဖြစ်သည်။ ယခင် စစ်မြေပြင်မှ မဟာအရှင်သခင်များက တစ်ယောက်ပြီး တစ်ယောက် ချင်းဖန်မြို့သို့ ဆုတ်ခွာလျှင်တောင် လင်းရှန်ဘုရင်က ဘာမှတတ်နိုင်မည်မဟုတ်ပေ။

သို့သော် ရှီစုန်ဘုရင်က မဟာအရှင်သခင်အားလုံးကို ဆုတ်ခွာစေပြီး အချိန်လေဟာနယ်လမ်းကြောင်း စုဝေးပေးလိုက်ခြင်းက လင်းရှန်ဘုရင်အတွက် အခွင့်အရေးရသွားစေခဲ့သည်။

" ရှုံးသွားပြီ။ " ရှီစုန်ဘုရင်က အထက်သို့ မော့ကြည့်လိုက်သည်။

ဖြစ်ပျက်နေသော မြင်ကွင်းများကို သူမမြင်နိုင်သော်လည်း မဟာအရှင်သခင်အားလုံးက လင်းရှန်ဘုရင်၏ လက်ထဲသို့ ကျရောက်သွားပြီဖြစ်သောကြောင့် သူတို့၏ ကံကြမ္မာက ရှောင်လွှဲ၍ မရတော့ပေ။

ထိုမဟာအရှင်သခင်များက သူတို့၏ အသက်ကို ကာကွယ်ရန် နည်းလမ်းများရှိပြီး လုံးဝ သေဆုံးသွားမည်တော့မဟုတ်ပေ။ သို့သော် မူလခန္ဓာကိုယ်ကို ဆုံးရှူံးလိုက်ရသောကြောင့် သူတို့က အချိန်အတော်ကြာအထိ လှုပ်ရှားနိုင်မည်မဟုတ်ပေ။

" ဒီစစ်ပွဲက ဒီလောက်မြန်မြန် ပြီးသွားလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ။ " ရှီစုန်ဘုရင်က တိတ်ဆိတ်သွားသည်။

အဓိကအချက်မှာ လင်းရှန်ဘုရင်၏ အစွမ်းကို သူ မှားယွင်းစွာ တွက်ချက်မိခဲ့ခြင်းဖြစ်သည်။ လင်းရှန်ဘုရင်က သူ၏ သွေးမျိုးဆက်ကြီးထွားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်း လူသိရှင်ကြား ကြေညာခဲ့ခြင်းမရှိခဲ့ပေ။

တစ်ဖက်မှ စိတ်ဝိညာဉ်ဘုရင်ကတော့ အတိုင်းအထက်အလွန် ဝမ်းသာနေခဲ့သည်။

" အဆင်ပြေသွားပြီ။ " သူ၏ အကို လင်းရှန်ဘုရင်က သွေးမျိုးဆက်အထွတ်အထိပ်သို့ ရောက်ရှိနေသည်ကို ကြိုသိခဲ့သော်လည်း စိတ်ဝိညာဉ်ဘုရင်က စိတ်အေးသွားခဲ့သည်။

လင်းရှန်ဘုရင်က ရန်သူမဟာအရှင်သခင်များအားလုံးကို တစ်ချက်တည်းဖြင့် ဖမ်းဆုပ်လိုက်သဖြင့် စစ်ပွဲ၏ ရလဒ်ကို ကြေညာလိုက်ပြီဖြစ်သည်။ ယခုသတင်းက လီယန်ရှေးဟောင်းနိုင်ငံသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး လင်းရှန်ဘုရ်နှင့် အဆင့်တူတစ်ယောက် စေလွှတ်လျှင်တောင် နောက်ကျသွားပြီဖြစ်သည်။

လီယန်မြို့တော်နှင့် ချင်းဖန်နယ်မြေက အလွန်ဝေးကွာလှပြီး နတ်ဘုရားအရှင်သခင်တစ်ယောက်ပင် ချက်ချင်း မရောက်ရှိနိုင်ပေ။ အချိန်လေဟာနယ်လမ်းကြောင်းကို အသုံးပြုလျှင်တောင် အချိန်တစ်ခုတော့ လိုအပ်ပေလိမ့်မည်။ ထိုအချိန်တွင် လင်းရှန်ဘုရင်က ချင်းဖန်မြို့သို့ ရောက်နေလောက်ပြီဖြစ်သည်။

မြင့်မားသော အချိန်လေဟာနယ်အလွှာအတွင်း အစက အနိုင်ရရှိပြီဟု ယုံကြည်နေသော လင်းရှန်ဘုရင်က တစ်ဝက်သာ ဆုပ်နိုင်သော ညာလက်ကို ကြည့်ပြီး သူ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ လက်ဝါးထဲမှ ကမ္ဘာဆိုသည်မှာ သူ၏ သွေးမျိုးဆက်စွမ်းရည်များထဲမှ တစ်ခုဖြစ်ပြီး လက်ချောင်းများ ဆုပ်လိုက်ရုံနှင့် လက်ဝါးအတွင်းမှ ကမ္ဘာက ပြိုလဲသွားမည်ဖြစ်သည်။

ကမ္ဘာပြိုလဲသွားခြင်းမှ ဖြစ်ပေါ်လာသော ဖျက်ဆီးခြင်းစွမ်းအားကို အထွတ်အထိပ် မဟာအရှင်သခင်များ ခုခံနိုင်စွမ်းမရှိပေ။ သို့သော် ယခုအခါ သူ၏ လက်ချောင်းများကို ဆုပ်၍မရအောင် တားဆီးနေသော စွမ်းအားတစ်ခုကို ရှင်းလင်းစွာ ခံစားမိနေသည်။

တိတိကျကျ ပြောရလျှင် သူ၏ လက်ချောင်းများ ဆုပ်မရအောင် တားဆီးနေခြင်းမဟုတ်ဘဲ လက်ဝါးထဲမှ ကမ္ဘာကို ပြိုလဲမသွားအောင် တားဆီးနေခြင်းဖြစ်သည်။ အစက ပျက်ဆီးတော့မည့်ကမ္ဘာကြီးကို မမြင်နိုင်သော စွမ်းအားတစ်ခုက ထောက်ကူထားသဖြင့် လင်းရှန်ဘုရင်၏ လက်ချောင်းများက ဆုပ်မရခြင်းဖြစ်သည်။

All Chapters