← Chapters

လင်းယွမ်ထွက်ပေါ်လာခြင်း....

Vol. 62 Ch. 893

လင်းယွမ်ထွက်ပေါ်လာခြင်း....

Vol. 62 Ch. 893

" ဘယ်သူလဲ။ " လင်းရှန်ဘုရင်က မျက်မှောင်ကြုတ်သွားသည်။

သူ၏ လက်ဝါးထဲမှ ကမ္ဘာထဲတွင် ဖိနှိပ်ခံရသော မဟာအရှင်သခင်များထဲတွင် အစွမ်းထက်ဆုံးသူများမှာ အရှင်သခင်ဟုန်ယဲ၊ အရှင်သခင်မီးပုဆိန်နှင့် အရှင်ချင်းဖန်တို့ဖြစ်ကြသည်။ သို့သော် ထိုမဟာအရှင်သခင်များထဲတွင် မည်သူမှ လက်ဝါးထဲမှ ကမ္ဘာ၏ စွမ်းအားကို တားဆီးနိုင်စွမ်းမရှိကြပေ။

" ဟုန်ယဲအဆင့်တက်သွားတာလား။ " လင်းယွမ်က သူ၏ ညာလက်ကို စိုက်ကြည့်နေသည်။

ယခုအချိန်တွင် သူ၏ ညာလက်ကို အပြည့်အဝ ဆုပ်၍ မရရုံသာမက လက်ဝါးထဲရှိ ကမ္ဘာကို ထိန်းချုပ်နိုင်စွမ်းမှာလည်း အားလျှော့လာပြီး အတွင်းတွင် ဘာဖြစ်နေသည်ကို အတိအကျ မသိနိုင်ပေ။

ချင်းဖန်နယ်မြေ၏ မဟာအရှင်သခင်များထဲတွင် အရှင်သခင်ဟုန်ယဲက အလားအလာအရှိဆုံးဖြစ်ပြီး ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှစ်ခုကို လျှောက်လှမ်းကာ နတ်ဘုရားအရှင်သခင်အဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်ရှိသည်။

လက်ဝါးထဲမှကမ္ဘာထဲတွင် ဟုန်ယဲ၊ မီးတောက်ပုဆိန်နှင့် အခြားသူများက သူတို့၏ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်နေကြသည်။ ယခုလေးတင် ဧရာမတိုင်ကြီးငါးတိုင်က ပြိုလဲသွားပြီး အရပ်မျက်နှာလေးဘက်မှ အချိန်လေဟာနယ် ပျက်ဆီးလာခြင်းက မဟာအရှင်သခင်အားလုံးကို မျှော်လင့်ချက်မဲ့သွားစေခဲ့သည်။

ထိုအချိန်တွင် လင်းယွမ်က ရုတ်တရက် ပေါ်လာပြီး လက်ကိုမြှောက်၍ ကမ္ဘာကြီးပျက်ဆီးတော့မည့်အခြေအနေကို တားဆီးခဲ့ပြီး ပြိုလဲနေသော တိုင်ကြီးငါးတိုင်ကလည်း လမ်းတစ်ဝက်တွင် ရပ်တန့်သွားခဲ့သည်။

" နဂါးငွေ့တန်း.... သူက တကယ်ပဲ ဒီလိုအစွမ်းမျိုး ရှိတာလား။ "

" ပတ်ဝန်းကျင်ကမ္ဘာရဲ့ ဖျက်ဆီးအားက အထွတ်အထိပ် မဟာအရှင်သခင်တစ်ယောက်ကိုတောင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်တာကို ငါခံစားမိတယ်။ ဒါကို နဂါးငွေ့တန်းက တားဆီးလိုက်တာလား။ "

" နဂါးငွေ့တန်းက တားဆီးရုံတင်မဟုတ်ဘူး။ ပြိုလဲနေတဲ့ ကမ္ဘာကိုပါ သီးသန့်ခွဲထုတ်ပစ်လိုက်တာပဲ။ "

မဟာအရှင်သခင်အားလုံးက မယုံကြည်နိုင်ဖြစ်နေကြသည်။ ပြိုလဲနေသော ကမ္ဘာတစ်ခု၏ ဖျက်ဆီးအားကို တားဆီးခြင်းနှင့် ထိုဖျက်ဆီးအားကို သီးသန့်ခွဲထုတ်ပစ်ခြင်းက လုံးဝ မတူညီသော ကိစ္စများဖြစ်သည်။

" နဂါးငွေ့တန်း...." ဟုန်ယဲက ပြိုလဲနေသော ကမ္ဘာကို လက်တစ်ဖက်တည်းနှင့် သီးသန့် ခွဲထုတ်ထားသည်ကို ကြည့်ပြီး စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။

" ငါ့တပည့်က ဘယ်အဆင့်ထိ တိုးတက်လာတာလဲ။ " အရှင်ချင်းဖန်က စိတ်မအေးနိုင်ဖြစ်နေသည်။

အခြားမဟာအရှင်သခင်များနှင့်ယှဉ်လျှင် သူက လင်းယွမ်၏ ပင်မတော်ဝင်သွေးမျိုးဆက်ကဲ့သို့ လျို့ဝှက်ချက်များကို သိထားသူဖြစ်သည်။ သို့သော် ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်လျှင်တောင် ပတ်ဝန်းကျင်ကမ္ဘာ၏ ပြိုလဲမှုကို ခုခံရန် အနည်းဆုံး ချီကျွယ်ဘုရင့၏ အဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။

လင်းယွမ်က အထွတ်အထိပ် မဟာအရှင်သခင်နီးပါးရှိသော စွမ်းအားကို ထုတ်ဖော်ပြီး မိုးကြိုလှံကို အနိုင်ယူလိုက်သောအခါ လင်းယွမက မဟာအရှင်သခင်အဆင့်သို့ တက်လှမ်းသွားပြီဖြစ်ကြောင်း အရှင်ချင်းဖန်က ကောက်ချက်ချခဲ့သည်။

" အားလုံးပဲ ခဏနေရင် ငါ ဒီကမ္ဘာကို ဖွင့်ပစ်တော့မှာ အဲ့ဒီအချိန်ကျရင် တတ်နိုင်သမျှ ဝေးဝေးပြေးကြပါ။ " လင်းယွမ်က ပတ်ဝန်းကျင်မှ မဟာအရှင်သခင်များကို ကြည့်ပြီး ပြောလိုက်သည်။

အမှန်တော့ လင်းရှန်ဘုရင်က သူ့ကို မတိုက်ခိုက်ခဲ့လျှင်တောင် လင်းယွမ်အနေဖြင့် ချင်းဖန်နယ်မြေ ပျက်စီးသွားမည်ကို လုက်ပိုက်ကြည့်နေမည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ အရှင်ချင်းဖန်က သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သူဖြစ်သည်။

ယခင် လင်းယွမ်က စစ်လက်နက်များကို လေ့လာခြင်းနှင့် အတွင်းစကြာဝဠာကို လီယန်နေမင်းနှင့် ပေါင်းစည်းခြင်းတို့တွင် နစ်မြှုပ်နေခဲ့သည်။ ထိုအချိန်က သူ၏ စွမ်းအားက အထွတ်အထိပ်သို့ မရောက်သေးသဖြင့် ဝင်ရောက်ကူညီလျှင်တောင် စစ်ပွဲရလဒ်ကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် သူက နတ်ဘုရားအရှင်သခင်နှင့် ရင်ဆိုင်ရလျှင်တောင် ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ပြီး ရင်းမြစ်ကမ္ဘာတွင် ရှေးဟောင်းနိုင်ငံများ၏ ဘိုးဘေးများ မလှုပ်ရှားသရွေ့ သူက ဘာကိုမှကြောက်ရွံ့နေရန်မလိုအပ်ပေ။

" ဝေးဝေးကို ပြေးရမှာလား။ " မဟယအရှင်သခင်များက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး ခေါင်းညိမ့်လိုက်ကြသည်။

" နဂါးငွေ့တန်း စိတ်ချ။ မင်း ဒီကမ္ဘာကို ဖွင့်လိုက်တာနဲ့ ငါတို့ သေချာပေါက် ဝေးဝေး ပြေးပါမယ်။ "

" မှန်တယ် နဂါးငွေ့တန်း။ ငါတို့ မင်းကို မကူညီနိုင်ရင်တောင် မင်းအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရပါဘူး။ "

" အဲ့ဒီအချိန်ကျလို့ ငါတို့ထဲက တစ်ယောက်ယောက် ဝေးဝေးမရောက်သေးရင်လည်း နဂါးငွေ့တန်း စိတ်မပူနဲ့။ ထိခိုက်သွားလည်း ကံတရားပေါ့။ "

ကမ္ဘာ၏ ပြိုလဲမှုကို တားဆီးနိုင်ခြင်းကို ကြည့်ခြင်းဖြင့် လင်းယွမ်၏ စွမ်းအားက သူတို့မျှော်လင့်ထားတာထက် ကျော်လွန်သည်မှာ ထင်ရှားသည်။ သူက လင်းရှန်ဘုရင်လောက် အစွမ်းမထက်လျှင်တောင် ချီကျွယ်ဘုရင်နှင့် အဆင့်တူလောက် ရှိပေလိမ့်မည်။ သူတို့က ထိုမျှအဆင့်မြင့်သော ​ပုဂ္ဂိုလ်များ၏ တိုက်ပွဲတွင် ပါဝင်ရန် မသင့်တောင်သည်ကို နားလည်ကြသည်။

" အင်း။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူ၏ စွမ်းအားနှင့်ဆိုလျှင် ဤကမ္ဘာကို ဖျက်ဆီးပစ်ရန် လွယ်ကူလေသည်။ သ်ု့သော် အခြားသူများ လျင်မြန်စွာ မတုန့်ပြန်နိုင်မီကို စိုရိမ်သောကြောင့် ကြိုတင်သတိပေးခဲ့ခြင်းဖြစ်သည်။

" ပွင့်စမ်း " လင်းယွမ်က ပြိုလဲလုနီးပါးဖြစ်နေသော တိုင်ကြီးငါးတိုင်ကို ကြည့်ပြီး သူ၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော အော်ရာတစ်ခုက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

အပြင်ဘက်တွင် ဖိနှိပ်ခံထားရသော ချီကျွယ်ဘုရင်က တစ်စုံတစ်ခုမှားယွင်နေသည်ကို ခံစားမိလိုက်သည်။ အကြောင်းမှာ ယခုအချိန်ထိ လင်းရှန်ဘုရင်၏ ညာလက်က အပြည့်အဝ မဆုပ်နိုင်သေးဘဲ သူ၏ အမူအရာကလည်း အမျိုးမျိုး ပြောင်းလဲနေသောကြောင့် ဖြစ်သည်။

" မမျှော်လင့်ထားတဲ့ အပြောင်းအလဲတစ်ခု ပေါ်လာပြီ။ " ချီကျွယ်ဘုရင်က ဆက်လက်တွေးတောနိုင်ခြင်းမပြုမီ လှုပ်ရှားမှုမရှိဘဲ ရပ်နေသော လင်းရှန်ဘုရင်၏ ညာလက်ခေါင်းငါးချောင်းက ပြန်လည်ပွင့်ဟလာသည်ကို မြင်လိုက်ရသည်။

ဝှစ် ဝှစ် ဝှစ်....

အချိန်လေဟာနယ်က ခဏအတွင်း ကျယ်ပြန့်စွာ ပျက်စီးသွားသည်။ လူရိပ်ဆယ်ခုကျော်က တုန့်ဆိုင်းခြင်းမရှိဘဲ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အရပ်မျက်နှာအသီးသီးသို့ လျင်မြန်စွာ ထွက်ပြေးသွားကြသည်။

ထိုအချိန်တွင် လင်းယွမ်၏ ပုံရိပ်က မလှမ်းမကမ်းတွင် ရပ်တန့်သွားသည်။

" မင်းလား။ " လင်းရှန်ဘုရင်က လင်းယွမ်ကို စိုက်ကြည့်လိုက်သည်။ သူ၏ လက်ဝါးအတွင်းမှ ကမ္ဘာပျက်ဆီးသွားချိန်တွင် သူ၏ လက်ကို ဆုပ်မရအောင် တားဆီးခဲ့သူကို သူတွေ့လိုက်ရသည်။

" နဂါးငွေ့တန်းလား။ " ချီကျွယ်ဘုရင်ကလည်း အံ့အားသင့်သွားသည်။

လင်းရှန်ဘုရင်၏ လက်ဝါးကမ္ဘာအတွင်း ဘာဖြစ်ခဲ့သည်ကို သူမသိပေ။ သို့သော် နောက်ဆုံး မဟာအရှင်သခင်များအားလုံး လွတ်မြောက်သွားပြီး အဝေးသို့ ထွက်ပြေးသွားကြပြီး လင်းယွမ်က ထွက်မသွားဘဲ ကျန်ရစ်လဲ့သောကြောင့် ထိုအရာအားလုံးက လင်းယွမ်နှင့် သက်ဆိုင်နေကြောင်း ထင်ရှားလှသည်။

" လင်းရှန်ဘုရင်။ " လင်းယွမ်က လင်းရှန်ဘုရင်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

" သူက.... နဂါးငွေ့တန်း..." အဝေးတွင် ရှီစုန်ဘုရင်ကလည်း အံ့အားသင့်နေသည်။ လွတ်မြောက်လာသော မဟာအရှင်သခင်များက လက်ဝါးကမ္ဘာအတွင်းမှ အဖြစ်အပျက်များကို သူ့ဆီ ချက်ချင်း သတင်းပို့ခဲ့သည်။

" ကောင်းတယ် အရမ်းကောင်းတယ်...." ရှီစုန်ဘုရင်က အစပိုင်းတွင် နားမလည်သော်လည်း ချက်ချင်း ဝမ်းသာသွားခဲ့သည်။

နဂါးငွေ့တန်းက ချီကျွယ်ဘုရင်အောက် မနိမ့်သော စွမ်းအားကို ရုတ်တရက် ပြလိုက်ပြီး စစ်ပွဲအခြေအနေကို တိုက်ရိုက်ပြောင်းလဲပစ်သည်။ ထိုအခြေအနေတွင် မဟာအရှင်သခင်များက ချင်းဖန်မြို့သို့ ဆုတ်ခွာပြီး မြို့၏ ကာကွယ်ရေးအစီအရင်ကို မှီခိုကာ မြို့တော်မှ စစ်ကူများရောက်မလာမီ အခြေအနေကို ထိန်းသိမ်းထားနိုင်လေသည်။

ဝုန်း....

လင်းယွမ်က လင်းရှန်းဘုရင်၏ လက်ဝါးကမ္ဘာထဲမှ အတင်းအကျပ် ထိုးဖောက်လာချိန်တွင် ဟာကွက်တစ်ခု ပေါ်လာခဲ့ရာ ဖိနှိပ်ခံနေရသော ချီကျွယ်ဘုရင်ကလည်း ထိုအခွင့်အရေးကို အသုံးပြုပြီး ဖိနှိပ်မှုမှ လွတ်မြောက်သွားခဲ့သည်။

" နဂါးငွေ့တန်း ဒီတစ်ခါတော့ မင်းကို ကျေးဇူးတင်ရမှာပဲ။ " ချီကျွယ်ဘုရင်က လင်းယွမ်ကို ကျေးဇူးတင်စကားပြောလိုက်သဘ်။

ယခုအချိန်တွင် သူက အခြေအနေကို နားလည်သွားပြီး အားလုံးက လင်းယွမ်ကြောင့်ဖြစ်သည်ကို သိသွားခဲ့သည်။ လင်းယွမ်သာ သူ၏ စွမ်းအားကို မထုတ်ဖော်ခဲ့ချှင် မဟာအရှင်သခင်အားလုံး သေဆုံးသွားနိုင်ပြီး လင်းရှန်ဘုရင်ကလည်း ချင်းဖန်မြို့တော်သို့ ရောက်နေလောက်ပြီဖြစ်သည်။

" ကိစ္စမရှိဘူး။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

လင်းရှန်ဘုရင်က ငြိမ်သက်စွာ ရပ်နေသော်လည်း လင်းယွမ်က သူ့အပေါ် ဖိအားအနည်းငယ် ပေးစွမ်းနေသဖြင့် စိတ်ဝင်စားနေသည်။

" နဂါးငွေ့တန်း လင်းရှန်ဘုရင်ကို တားဆီးဖို့ ငါ့ကို ကူညီပါဦး။ " ချီကျွယ်ဘုရင်က လင်းယွမ်ကို သူနှင့်အဆင့်တူအဖြစ် သတ်မှတ်လိုက်ပြီး သူ၏ အကြံကို ပြောလိုက်သည်။

ပင်မတော်ဝင်သွေးမျိုးဆက် အထွတ်အထိပ်သို့ ရောက်နေသူတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် ချီကျွယ်ဘုရင်က သူတစ်ယောက်တည်း ယုံကြည်မှုမရှိသော်လည်း အဆင့်တူ အခြားတစ်ယောက်နှင့်ဆိုလျှင် သူတို့က အနိုင်မယူနိုင်လျှင်တောင် ဘေးကင်းစွာ ဆုတ်ခွာနိုင်ပေလိမ့်မည်။

" ပူးပေါင်းဖို့ မလိုပါဘူး။ " ကြောက်စရာကောင်းသော အော်ရာတစ်ခု ထွက်ပေါ်လာသော လင်းရှန်ဘုရင်ကို ကြည့်ပြီး လင်းယွမ်က ရှေ့တိုးလိုက်သည်။ " ကျုပ်တစ်ယောက်တည်း ကိုင်တွယ်လိုက်မယ်။ "

" မင်းတစ်ယောက်တည်း ကိုင်တွယ်မှာလား။ " ချီကျွယ်ဘုရင်က လင်းယွမ်ကို ကြည့်ပြီး နားမလည်နိုင်ဖြစ်သွားသည်။ သူက နားမလည်နိုင်မီ လင်းယွမ်က စတင်လှုပ်ရှားလိုက်သည်။

လီယန်နတ်ခန္ဓာကို အသုံးပြုလိုက်ခြင်းကြောင့် မိုင်ပေါင်းသန်းချီကျယ်ဝန်းသော နယ်ပယ်တစ်ခုပေါ်လာပြီး လီယန်နေမင်းကမ္ဘာကို ဖန်တီးသွားသည်။

" လီယန်နေမင်း ကောင်းကင်လောင်ကျွမ်းခြင်း..." လင်းယွမ်က လီယန်နတ်ခန္ဓာကို ပထမဆုံးအကြိမ် အပြည့်အဝ ထုတ်ဖော်လိုက်သည်။

သူ၏ အတွင်းစကြာဝဠာမှ ကြောက်စရာကောင်းသော အခြေခံများ၏ ထောက်ပံ့မှုနှင့် သာမန်ရုပ်ခန္ဓာပင် အံ့ဩစရာကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်ပြီး လီယန်နတ်ခန္ဓာကဲ့သို့ သတ်ဖြတ်နိုင်စွမ်းကြီးမားသော ရုပ်ခန္ဓာဆိုလျှင် ပြောစရာပင်မလိုပေ။ လီယန်နေမင်းကမ္ဘာက ပြင်းထန်စွာ လည်ပတ်လာပြီး လင်းရှန်ဘုရင်ကို ဖိနှိပ်လာသည်။

All Chapters