← Chapters

လင်းရှန်ဘုရင်နှင့် တိုက်ခိုက်ခြင်း...

Vol. 62 Ch. 894

လင်းရှန်ဘုရင်နှင့် တိုက်ခိုက်ခြင်း...

Vol. 62 Ch. 894

" အဲ့ဒါ ဘာလဲ။ "

လင်းယွမ်၏ ဘေးတွင် အသင့်ပြင်နေသော ချီကျွယ်ဘုရင်ဖြစ်စေ တိုက်ပွဲကို ကြည့်ရှုနေသူများဖြစ်စေ နောက်ဆုံး လင်းရှန်ဘုရင်ကိုယ်တိုင်ဖြစ်စေ အားလုံးက အံ့အားသင့်သွားကြသည်။

ဝုန်း....

လင်းရှန်ဘုရင်က ခြေလေးလှမ်းခန့် နောက်ဆုတ်လိုက်ရပြီးမှ လီယန်နေမင်းကမ္ဘာ၏ ဖိနှိပ်မှုကို ရပ်တန့်နိုင်ခဲ့သည်။

" ငါ တကယ်ပဲ ဒဏ်ရာရသွားတာလား။ " လင်းရှန်ဘုရင်က အသက်ပြင်းပြင်းရှူလိုက်ပြီး လင်းယွမ်ကို ကြောက်စရာကောင်းသော ရန်သူတစ်ယောက်သဖွယ် ကြည့်လိုက်သည်။

" ဒီစွမ်းအားက...." အဝေးမှ ချီကျွယ်ဘုရင်က သူငယ်အိမ်များ ကျုံ့သွားသည်။

လင်းယွမ်က လင်းရှန်ဘုရင်ကို တိုက်ခိုက်ရန် သူနှင့် မပူးပေါင်းသည့်အကြောင်းရင်းကို သူတွေးနေစဉ် ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေမည့် တိုက်ခိုက်မှုကို မြင်တွေ့လိုက်ရသည်။

" နဂါးငွေ့တန်းရဲ့ စွမ်းအားက အထွတ်အထိပ်ရောက်နေတဲ့ ပင်မတော်ဝင်သွေးမျိုးဆက်နဲ့ ယှဉ်နိုင်တာလား။ ဒါမှမဟုတ် သူကိုယ်တိုင်က အထွတ်အထိပ်ရောက်နေတဲ့ ပင်မတော်ဝင်သွေးမျိုးဆက်လား။ " ချီကျွယ်ဘုရင်က မသေချာမရေရာမှုများဖြင့် ပြည့်နှက်နေသည်။

လင်းယွမ်၏ တိုက်ခိုက်မှုအရ သူ၏ စွမ်းအားကို သက်သေပြပြီးသားဖြစ်သည်။ ချီကျွယ်ဘုရင်က သူ၏ စွမ်းအားအားလုံး ထုတ်သုံးလျှင်တောင် ထိုသို့သော တိုက်ခိုက်မှုကို မပြုလုပ်နိုင်ပေ။

သီအိုရီအရ မဟာအရှင်သခင်တစ်ယောက်က တော်ဝင်သွေးမျိုးဆက် စွမ်းအားကို အသုံးမပြုဘဲ အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက်နှင့် ယှဉ်နိုင်ပေလိမ့်မည်။ ၎င်းက သီအိုရီအရသာ ဖြစ်သည်။ ထိုသို့သော မဟာအရှင်သခင်များက နတ်ဘုရားအရှင်သခင်တွေကများထက် ပို၍ရှားပါးသည်။

အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက်က တည်ထောင်သူဘိုးဘေး၏ သွေးမျိုးဆက်စွမ်းအားဖြင့် ထို့အဆင့်သို့ ရောက်နိုင်သော်လည်း သာမန်မဟာအရှင်သခင်များက ထိုအဆင့်သို့ ရောက်ရန် မလွယ်ကူပေ။

ထို့ကြောင့်လည်း လင်းယွမ်ကို ပင်မတော်ဝင်သွေးမျိုးဆက်ဟု ချီကျွယ်ဘုရင်က ပို၍ ယုံကြည်နေခြင်းဖြစ်သည်။ထို့အပြင် လင်းယွမ် ထုတ်ဖော်လိုက်သောအရာက လီယန်နတ်ခန္ဓာမှ လီယန်နေမင်းကမ္ဘာပင်ဖြစ်သည်။

" ငါတို့ လီယန်ရှေးဟောင်းနိုင်ငံက အပြင်ဘက်မှာ လှည့်လည်သွားလာနေတဲ့ ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက်လား။ " ချီကျွယ်ဘုရင်က တွေးလိုက်သည်။

လီယန်ရှေးဟောင်းနိုင်ငံက မရေတွက်နိုင်သော ခေတ်များအဆက်ဆက် တည်ရှိခဲ့ပြီး အထွတ်အထိပ်သို့ရောက်ရှိနေသော ပင်မတော်ဝင်သွေးမျိုးဆက်များက နတ်ဘုရားအရှင်သခင်သို့ တက်လှမ်းရန်အတွက် အတားအဆီးများကို ချိုးဖျက်ရန် အပြင်ထွက်လေ့ရှိသည်။ သူတို့က ရှေးဟောင်းနိုင်ငံများသို့ မကြာခဏ လှည့်လည်သွားလာကြသည်။

လီယန်ရှေးဟောင်းနိုင်ငံ၏ အရင်းအမြစ်များနှင့် အမွေအနှစ်များက ရှေ့ဆက်တိုးတက်ရန် မျှော်လင့်ချက်မပေးနိုင်သောအခါ သူတို့က အခြားရှေးဟောင်းနိုင်ငံများမှ စွမ်းအားအမွေအနှစ်ကို ငှားယူကြသည်။

သို့သော် ထိုသို့သော ပင်မတော်ဝင်သွေးမျိုးဆက်များက အလွန်ရှားပါးပြီး သွေးမျိုးဆက်အထွတ်အထိပ်သို့ ရောက်ပြီး အခြားရှေးဟောင်းနိုင်ငံများသို့ လှည့်လည်ရန် စီစဉ်သူမှာ ပို၍ပင် ရှားသည်။

" နဂါးငွေ့တန်း...." လင်းရှန်ဘုရင်က လင်းယွမ်ကို စိုက်ကြည့်နေပြီး သူ၏ အတွေးပေါင်းစုံဖြင့် လှုပ်ရှားနေသည်။

သူကလည်း ချီကျွယ်ဘုရင်ကဲ့သို့ လင်းယွမ်ကို လီယန်ရှေးဟောင်းနိုင်ငံမှ အပြင်သို့ လှည့်လည်သွားလာနေသော ပင်မတော်ဝင်သွေးမျိုးဆက် ဖြစ်လိမ့်မည်ဟု သူကလည်း ထင်မိနေသည်။

သူက ချင်းဖန်နယ်မြေကို ဖြတ်သွားချိန် စိတ်ဝိညာဉ်ဘုရင်က စစ်ပွဲစတင်ပြီး လင်းရှန်ဘုရင်က သူ၏ စွမ်းအားကို ထုတ်ပြချိန်တွင် ရောက်ရှိလာခြင်း တိုက်ဆိုင်မှုများစွာက ယခုကဲ့သို့ ဖြစ်လာခဲ့သည်။

" ငါ့ကံကတော့..." လင်းရှန်ဘုရင်က ကူကယ်ရာမဲ့သကဲ့သို့ ခံစားလိုက်ရသည်။ အကယ်၍ ဤတိုက်ဆိုင်မှုများထဲမှ တစ်ခုခုသာ ဖြစ်မလာခဲ့လျှင် ထိုဖြစ်ရပ်က ဖြစ်လာပေလိမ့်မည်မဟုတ်ပေ။

" ပြဿနာပဲ။ " လင်းရှန်ဘုရင်က လင်းယွမ်ကို ကြည့်လိုက်သည်။ အကယ်၍ ပြိုင်ဘက်က သူနှင့် အဆင့်တူ အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက် ဖြစ်နေလျှင် ချင်းဖန်နယ်မြေကို ကျူးကျော်ရန် အစီအစဉ်မှာ အခြေခံအားဖြင့် ကျရှုံးသွားပြီဖြစ်သည်။

၎င်းက ကျရှုံးသွားရုံသာမက ဇီမန်နယ်မြေကပင် ချင်းဖန်နယ်မြေ၏ ကျူးကျော်မှုကို ကာကွယ်ရတော့မည်ဖြစ်သည်။ အကြောင်းမှာ လင်းယွမ်၏ ဘေးတွင် ချီကျွယ်ဘုရင်လည်း ရှိနေသည်။ ချီကျွယ်ဘုရင်က အထွတ်အထိပ်သို့ မရောက်သေးသော်လည်း မဟာအရှင်သခင်များက သူ့ကို တားဆီးနိုင်မည်မဟုတ်ပေ။

" နဂါးငွေ့တန်းက ငါတို့ရှေးဟောင်းနိုင်ငံက ပင်မတော်ဝင်မျိုးနွယ်ဝင်တစ်ယောက်လား။ အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်လား။ "

အဝေးတွင် ချင်းဖန်နယ်မြေမှ အရှင်ချင်းဖန်နှင့် အခြားသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မဟာအရှင်သခင်များ ဖြစ်သကဲ့သို့ သူတို့၏ စဉ်းစားနိုင်စွမ်းလျင်မြန်လှပြီး ထိုကောက်ချက်များကို ချက်ချင်း ချလိုက်နိုင်ကြသည်။

" ချင်းဖန် မင်းက ဒီလောက်ကံကောင်းလိမ့်မယ်လို့ ငါမထင်ထားမိဘူး။ " မဟာအရှင်သခင်တစ်ယောက်က အရှင်ချင်းဖန်ကို ကြည့်လိုက်သည်။

အရှင်ချင်းဖန်နှင့် လင်းယွမ်တို့၏ ဆရာတပည့် ဆက်ဆံရေးမှာ လင်းယွမ်က သူ၏ အထောက်အထားကို ဖုံးကွယ်ရန် ပြုလုပ်ခြင်းသာဖြစ်ပေလိမ့်မည်။ သူက အရှင်ချင်းဖန်နှင့် သဘောတူညီချက်အချို့ယူပြီး ချင်းဖန်မြို့တွင် ပုန်းအောင်းနေခြင်းလည်း ဖြစ်နိုင်သည်။

" ငါ..." အရှင်ချင်းဖန်က သူ့ကိုသူပင် မယုံကြည်နိုင် ဖြစ်နေသည်။

" ငါ အထွတ်အထိပ်ကို ရောက်နေပေမယ့် အခြားရှေးဟောင်းနိုင်ငံက အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်တွေနဲ့ တစ်ခါမှ မတိုက်ခိုက်ဖူးဘူး။ " လင်းရှန်ဘုရင်က လင်းယွမ်ကို စိုက်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များနှင့် တောက်ပလာသည်။

ယခုအချိန်တွင် သူက စစ်ပွဲ၏ရလဒ်ကို ဘေးဖယ်ထားလိုက်ပြီး လီယန်ရှေးဟောင်းနိုင်ငံမှ အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်သော လင်းယွမ်နှင့် တိုက်ခိုက်လိုစိတ်သာ ရှိတော့သည်။ အစတွင် လင်းရှန်ဘုရင်က အဆင့်နိမ့် စစ်ပွဲများတွင် ပါဝင်ပက်သက်လိုစိတ်မရှိခဲ့ပေ။

ယခုအခါ သူနှင့် အဆင့်တူ ပြိုင်ဘက်တစ်ယောက်ကို တွေ့လိုက်ရသောကြောင့် စစ်ရှုံးလျှင်တောင် လင်းရှန်ဘုရင်က လင်းယွမ်နှင့် တိုက်ခိုက်မည်ဖြစ်သည်။

" နဂါးငွေ့တန်း ငါ့ရဲ့ ဓားချက်ကို ခံယူစမ်း။ " လင်းရှန်ဘုရင်က သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ရာ ငွေရောက်ဓားရှည်တစ်လက်ပေါ်လာပြီး လင်းယွမ်ရှိရာသို့ ဝှေ့ရမ်းလိုက်သည်။

ဓားအလင်းတန်းတစ်ခုက လျှပ်ခနဲ ပေါ်လာပြီး အချိန်လေဟာနယ်ကို ဖြတ်ကျော်ကာ လင်းယွမ်ထံသို့ ရောက်ရှိလာသည်။ လင်းယွမ်က မလှုပ်မယှက်ရပ်နေသည်။ လီယန်နတ်ခန္ဓာက အလိုအလျောက် လည်ပတ်နေပြီး ၎င်းနှင့် နီးကပ်လာလေ အပူချိန်က ပို၍ ပြင်းထန်လာကာ အချိန်လေဟာနယ်အလွှာများကို ဖြစ်ပေါ်စေခဲ့သည်။

ဝုန်း ဝုန်း....

ဓားအလင်းတန်းနှင့် အပူလှိုင်းတို့ ထိတွေ့မှုကြောင့် တုန်ခါလှိုင်းများက မိုင်ပေါင်းသန်းချီအထိ ပျံ့နှံ့သွားသည်။

လင်းရှန်ဘုရင်၏ ထိုတိုက်ခိုက်မှုက သူ၏ အစွမ်းကုန် ထုတ်ထားခြင်းဖြစ်သည်။ ၎င်း၏ စွမ်းအားက အလွန်ကြီးမားသောကြောင့် အနီးမှ တိုက်ပွဲကို ကြည့်ရှုနေသော ချီကျွယ်ဘုရင်ပင် တုန်ခါလှိုင်းများကြောင့် အသည်းအသန် နောက်ဆုတ်သွားရသည်။

" ဒါက အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်တွေရဲ့ တိုက်ပွဲလား။ "

ချီကျွယ်ဘုရင်၏ အမူအရာက လေးနက်နေသည်။ သူကလည်း လီယန်ရှေးဟောင်းနိုင်ငံမှ အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်များနှင့် တိုက်ခိုက်ဖူးသော်လည်း ၎င်းတို့က လေ့ကျင့်မှုသာ ဖြစ်​​သောကြောင့် အစွမ်းကုန်ထုတ်သုံးကြမည်မဟုတ်ပေ။

ဝုန်း ဝုန်း....

တုန်ခါလှိုင်းများ ဆက်လက်ပျံ့နှံ့နေပြီး အဝေးမှ စောင့်ကြည့်နေသော မဟာအရှင်သခင်များက တုန်လှုပ်သွားကြသည်။

" ဒါက အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ရဲ့ ခွန်အားလား။ "

" သူတို့က နတ်ဘုရားအရှင်သခင်နဲ့ ယှဉ်နိုင်တယ်ဆိုတာ မဆန်းပါဘူး။ " မဟာအရှင်သခင်များက မတွေးဘဲ မနေနိုင်ကြပေ။

နတ်ဘုရားအရှင်သခင်များအောက်တွင် အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်များက အသန်မာဆုံးဖြစ်သည်။

" တားဆီးနိုင်တာလား။ " လင်းရှန်ဘုရင်က ငွေရောင်ဓားရှည်ကို ကိုင်ပြီး လင်းယွမ်ကို ကြည့်ကာ နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်သည်။

ထိုဓားချက်မှ ထွက်ပေါ်လာသော ဓားအလင်းတန်းမှာ နှစ်ခု၊ လေးခုမှ ရှစ်ခုအထိ ခွဲထွက်သွားသည်။ ခဏအတွင်း လင်းရှန်ဘုရင်၏ ပတ်ဝန်းကျင်က ငွေရောင်ဓားအလင်းတန်းများနှင့် ပြည့်နှက်သွားသည်။

" မြင့်တက်စမ်း " အဆုံးမဲ့ ငွေရောင်ဓားအလင်းတန်းများက မဟာအစီအရင်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်ပြီး လင်းယွမ်ကို ဝန်းရံသွားသည်။

" နောက်တစ်ခု ထပ်စမ်းကြည့်။ ဒီလှည့်ကွက်လေးက ငါ့ကို မထိခိုက်စေနိုင်ဘူး။ " လင်းယွမ်က သူ၏ အင်္ကျီလက်ကို ဝှေ့ရမ်းလိုက်သည်။

လီယန်နတ်ခန္ဓာက ထပ်မံလည်ပတ်လာပြီး ကြောက်စရာကောင်းသော လီယန်နေမင်းကမ္ဘာက ကျုံ့ဝင်သွားကာ ငွေရောင်ဓားအလင်းတန်းများကို ပြိုကွဲသွားစေခဲ့သည်။

" ဟမ့် " လင်းရှန်ဘုရင်က ငွေရောင်ဓားရှည်ကို သိမ်းဆည်းလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ဝဲဂယက်တစ်ခုစီ ဖြစ်ပေါ်လာပြီး ကြောက်စရာကောင်းသော စိတ်ဝိညာဉ်တိုက်ခိုက်မှုက ကျရောက်လာသည်။

All Chapters