← Chapters

လင်းရှန်ဘုရင်၏ သေဆုံးမှု...

Vol. 62 Ch. 895

လင်းရှန်ဘုရင်၏ သေဆုံးမှု...

Vol. 62 Ch. 895

" စိတ်ဝိညာဉ်တိုက်ခိုက်မှုလား။ " လင်းယွမ်က ၎င်းကို ချက်ချင်း သိလိုက်ပြီး သူ၏ စိတ်အသိက အတွင်းစကြာဝဠာထဲတွင် ရှိနေသည်။

ယခုအချိန်တွင် လင်းယွမ်၏ အတွင်းစကြာဝဠာက ကျယ်ပြောလှပြီး အဆုံးမဲ့ဟင်းလင်းပြင်နှင့် လီယန်နေမင်းတို့ကိုလည်း ပေါင်းစည်းထားသည်။ လင်းရှန်ဘုရင်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက လင်းယွမ်၏ အတွင်းစကြာဝဠာထဲသို့ ရောက်လာသည်နှင့် ပျောက်ကွယ်သွားခဲ့သည်။

" ဒီလူ..." လင်းရှန်ဘုရင်က မျက်မှောင်ကြုတ်နေသည်။ သူ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက လင်းယွမ်အား လှုပ်ခါစေနိုင်ခြင်းမရှိသည်ကို သိလိုက်သည်။

" ဒါဆိုရင်တော့။ " လင်းရှန်ဘုရင်က လင်းယွမ်ကို ဆက်လက်မစမ်းသပ်လိုတော့ပေ။ ယခင် ဓားချက်နှစ်ချက်နှင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုက လင်းယွမ်၏ စွမ်းအားကို စမ်းသပ်ခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူနှင့် အဆင့်တူတစ်ယောက်ကို ရင်ဆိုင်နေရခြင်းဖြစ်သောကြောင့် သတိထားရပေလိမ့်မည်။

" နောက်တစ်ခုက ငါ့ရဲ့ အပြင်းထန်ဆုံး သတ်ဖြတ်ခြင်းတိုက်ကွက်ပဲ။ " စကားမဆုံးမီ လင်းရှန်ဘုရင်၏ ပုံရိပ်က နေရာမှ ပျောက်ကွယ်သွားသည်။

သူ၏ နေရာတွင် အဆုံးမဲ့ စိတ်ဝိညာဉ်များ အစားထိုး ဝင်ရောက်လာသည်။ စိတ်ဝိညာဉ်ဆိုသည်မှာ အရာအားလုံးတွင် တည်ရှိနေသော အထူးစွမ်းအားတစ်မျိုးဖြစ်သည်။ တလင်းရှေးဟောင်းနိုင်ငံ၏ ဘိုးဘေးက ကမ္ဘာပေါ်ရှိ စိတ်ဝိညာဉ်အားလုံး၏ အရင်းအမြစ်ဖြစ်သည်။

လီယန်ရှေးဟောင်းနိုင်ငံ၏ ဘိုးဘေးက ထာဝရလီယန်နေမင်းဖြစ်ပြီး သက်ရှိအားလုံး၏ ကိုးကွယ်ရာဖြစ်သည်။ သို့သော် တလင်းရှေးဟောင်းနိုင်ငံ၏ ဘိုးဘေးက ကမ္ဘာပေါ်ရှိ အရာအားလုံး၏ စိတ်ဝိညာဉ်ဖြစ်ပြီး စိတ်ဝိညာဉ်အားလုံး၏ မြစ်ဖျခံရာဖြစ်သည်။

" ဟားဟားဟား မင်းရဲ့ စိတ်ဝိညာဉ် ကြွယ်ဝနေတာကခု ငါခံစားရတယ်။ ငါနဲ့ ပေါင်းစည်းလိုက်စမ်း။ " လင်းရှန်ဘုရင်၏ အသံက ထွက်ပေါ်လာသည်။

ယခုအချိန်တွင် သူက ကမ္ဘာလောက၏ စိတ်ဝိညာဉ်ဖြစ်သွားပြီး အရာအားလုံး၏ စိတ်ဝိညာဉ်ကို ဝေဝါးစွာ ထိန်းချုပ်နိုင်စွမ်းရှိသည်။

" ဟင် " လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

လင်းရှန်ဘုရင်က သူ၏ အနီးတွင် ရှိနေသည်ဟု သူခံစားနေရသော်လည်း တိကျသော နေရာကို ရှာမတွေ့နိုင်ပေ။ တစ်ချိန်တည်းတွင် လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ စတင်လှုပ်ရှားလာသည်ကို သတိပြုမိလိုက်သည်။

" ဒါက တလင်းရှေးဟောင်းနိုင်ငံရဲ့ အရာအာလုံးက စိတ်ဝိညာဉ်တွေကို ထိန်းချုပ်တဲ့ နည်းစနစ်လား။ " လငးယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

တလင်းရှေးဟောင်းနိုင်ငံက လီယန်ရှေးဟောင်းနိုင်ငံနှင့် မကြာခဏ ထိပ်တိုက်တွေ့ဆုံလေ့ရှိသဖြင့် သူတို့၏ နည်းစနစ်များနှင့် စွမ်းရည်များကို ကြားဖူးထားသည်။ သို့သော် လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို ပြည့်စုံစွာ ထိန်းချုပ်နိုင်သဖြင့် လင်းရှန်ဘုရင်က သူ၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

သို့သော် လင်းရှန်ဘုရင်၏ နည်းစနစ်က အတားအဆီးများကို ချိုးဖျက်နိုင်ပြီး လင်းယွမ်အတွင်းရှိ စိတ်ဝိညာဉ်ကို ထပ်မံ၍ လွှမ်းမိုးနိုင်စွမ်းရှိသည်။ သို့သော် ၎င်းက လွှမ်းမိုးရုံသာဖြစ်ပြီး ထိန်းချုပ်ခြင်းအဆင့်နှင့် ဝေးကွာနေဆဲ ဖြစ်သည်။

" ထားလိုက်တော့ မင်းနဲ့ ဆက်မကစားတော့ဘူး။ " လင်းယွမ်က တလင်းရှေးဟောင်းနိုငငံ၏ နည်းစနစ်များကို မြင်တွေ့ချင်ခဲ့သော်လည်း ယခုအခါ စိတ်ဝင်စားမှုလျော့နည်းသွားပြီဖြစ်သည်။

လင်းယွမ်၏ အတွေးများက အနည်းငယ် လှုပ်ရှားသွားပြီး ကမ္ဘာ ရုပ်ခန္ဓာနတ်စွမ်းရည်က ထွက်ပေါ်လာသည်။ မမြင်နိုင်သော ကမ္ဘာတစ်ခုက လီယန်နေမင်းကမ္ဘာနှင့် ပေါင်းစည်းသွားပြီး ခဏအတွင်း လင်းယွမ်က ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်အပေါ် ထိန်းချုပ်နိုင်စွမ်းမှာ မယုံကြည်နိုင်လောက်အောင် မြင့်မားသွားသည်။

ကမ္ဘာနတ်စွမ်းရည်၏ စွမ်းအားက အတွင်းစကြာဝဠာအပေါ်တွင် မူတည်သည်။ လင်းယွမ်၏ လက်ရှိ အတွင်းစကြာဝဠာနှင့် ထွက်ပေါ်လာသော စွမ်းအားက အလွန်ကြောက်စရာကောင်းပေလိမ့်မည်။

ဝုန်း ဝုန်း....

လင်းယွမ်က ထိုနေရာတွင် ရပ်ပြီး လီယန်နေမင်းအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သည်။ နေရောင်ခြည်ထိတွေ့သည့်နေရာတိုင်းက သူ၏ နယ်ပယ်ဖြစ်လာပြီး စိတ်ဝိညာဉ်အလင်းများက အတင်းအကျပ် စုစည်းခြင်းခံလိုက်ရပြီး လင်းရှန်ဘုရင်၏ ပုံရိပ်က ထွက်ပေါ်လာသည်။

" ငါ " လင်းရှန်ဘုရင်က အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားသည်။

စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲသွားသည့် ထိုနည်းစနစ်က တိုက်ခိုက်ရေးစွမ်းအား မြင့်မားသွားခြင်းမဟုတ်သော်လည်း အလွန်ဒုက္ခပေးနိုင်ပြီး နတ်ဘုရားအရှင်သခင်တစ်ယောက်ပင် ကိုင်တွယ်ရန် အားစိုက်ရပေလိမ့်မည်။ သို့သော် လင်းယွမ်က သူ့ကို အတင့်အကျပ် ထွက်ပေါ်လာအောင် လုပ်နိုင်ခဲ့သည်။

" တလင်း ပင်မတော်ဝင်မျိုးနွယ်ရဲ့ နည်းစနစ်​တွေက ဒီလောက်ပဲလား။ " လင်းယွမ်က ကမ္ဘာနတ်စွမ်းရည်မှ ကြောက်စရာကောင်းသော ဖိအားတစ်ခုကို ထုတ်ဖော်လိုက်ရာ လင်းရှန်ဘုရင်က ခုခံနိုင်စွမ်းမရှိဘဲ သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က စတင်ပြိုကွဲလာသည်။

" ဒီလိုစွမ်းအားမျိုးက မဖြစ်နိုင်ဘူး။ " လင်းရှန်ဘုရင်က မယုံကြည်နိုင်ဖြစ်နေသည်။ သူက အစွမ်းကုန်ရုန်းကန်နေသော်လည်း အချည်းနှီးသာဖြစ်ပြီး သူကိုသူ တစ်စစီပြိုကွဲသွားသည်ကိုသာ ကြည့်နေနိုင်ခဲ့သည်။

" ငါက အထွတ်အထိပ်ကိုရောက်နေရင် ပြိုင်ဘက်ကင်းအရှင်သခင်တစ်ယောက်ပဲလေ။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " လင်းရှန်ဘုရင်က နားမလည်နိုင်စွာဖြင့် လင်းယွမ်ကို စိုက်ကြည့်နေသည်။

ရင်းမြစ်ကမ္ဘာတွင် ရှေးဟောင်းနိုင်ငံများမှ အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်များကို ​ပြိုင်ဘက်ကင်းအရှင်သခင်များဟု သတ်မှတ်ကြသည်။

" ပြိုင်ဘက်ကင်းအရှင်သခင်လား။ " လင်းယွမ်က ကမ္ဘာနတ်စွမ်းရည်ကို ပြန်ရုတ်သိမ်းပြီး ကြည့်လိုက်သည်။

" မင်းက ပြိုင်ဘက်ကင်းအရှင်သခင်ပေါ့။ ဒါဆို ငါက ဘာလဲ။ "

လင်းယွမ်က ဟင်းလင်းပြင်တွင် ရပ်နေပြီး လင်းရှန်ဘုရင်၏ ခန္ဓာကိုယ် တစ်စစီ ပြိုကွဲနေသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် လင်းရှန်ဘုရင်၏ လက်နက်များနှင့် ရတနာများကို သိမ်းဆည်းလိုက်သည်။

" တလင်းရှေးဟောင်းနိုင်ငံရဲ့ နည်းစနစ်တွေက ထူးဆန်းတယ်။ အထူးသဖြင့် စိတ်ဝိညာဉ်အဖြစ် အသွင်ပြောင်းလဲနိုင်စွမ်းက နတ်ဘုရားအရှင်သခင်တစ်ယောက်တောင် ခေါင်းကိုက်ရတယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

" ဒါပေမယ့် ကံမကောင်းတာ ငါက လုံးဝတန်ပြန်တိုက်ခိုက်နိုင်တဲ့လူဖြစ်နေတာပဲ။ "

လင်းရှန်ဘုရင်က စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲသွားသော်လည်း လင်းယွမ်၏ ကမ္ဘာနတ်စွမ်းရည်က သူ၏ ကိုယ်ပိုင်ကမ္ဘာတစ်ခု ဖန်တီးလိုက်ခြင်းဖြစ်သည်။ ထိုကမ္ဘာအတွင်း သူက အရာခပ်သိမ်းကို ထိန်းချုပ်နိုင်သည်။

အမှန်တော့ ပြင်ပကမ္ဘာ၏ ထိန်းချုပ်နိုင်စွမ်းအပေါ် မူတည်ပြီး စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲသွားသော လင်းရှန်ဘုရင်ကို အတင်းအကျပ် ထွက်လာအောင် လုပ်ရန် ခက်ခဲနေဆဲဖြစ်သည်။ ပြင်ပကမ္ဘာက အချိန်အကန့်အသတ် ရှိနေသည်။

သို့သော် လင်းယွမ်၏ အတွင်းစကြာဝဠာက လီယန်နေမင်းနှင့် ပေါင်းစည်းထားသောကြောင့် ပြင်ပကမ္ဘာလွှမ်းခြုံနိုင်သော နယ်ပယ်မှာ လီယန်နေမင်းဖွင့်လှစ်ခြင်းအဆင့်နှင့် ညီမျှသည်။ ထိုနယ်ပယ်အတွင်း သူ၏ ထိန်းချုပ်နိုင်စွမ်းမှာ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။

" ငွေရောင်ဓား..." လင်းယွမ်က လင်းရှန်ဘုရင်၏ လက်နက်များထဲမှ ငွေရောင်ဓားကို သတိပြုမိလိုက်သည်။ ၎င်းက လင်းရှန်ဘုရင်၏ အဓိကတိုက်ခိုက်ရေး လက်နက်ဖြစ်သည်။

" နတ်ဘုရားအရှင်သခင်အဆင့် လက်နက်လား။ "

နတ်ဘုရားအရှင်သခင်အဆင့်က ဖရိုဖရဲဟင်းလင်းပြင်မှ ဖရိုဖရဲမဟာသူတော်စင်နှင့် ညီမျှသည်။

" မဆိုးဘူး။ " လင်းယွမ်က အနည်းငယ် ကျေနပ်သွားသည်။

သူကိုယ်တိုင်က ဓားမသုံးသော်လည်း နတ်ဘုရားအရှင်သခင်အဆင့် လက်နက်ကို အဆင့်တူရှိသော အခြားအရင်းအမြစ်များနှင့် လဲလှယ်နိုင်သည်။ လင်းရှန်ဘုရင်၏ ငွေရောင်ဓားက နတ်ဘုရားအရှင်သခင်အဆင့် လက်နက်များထဲတွင် ထိပ်တန်းအဆင့် ဖြစ်သည်။ ငွေရောင်ဓားအပြင် နတ်ဘုရားအရှင်သခင်အဆင့် ချက်ဝတ်နှင့် အခြားလက်နက်များလည်း ပါဝင်သည်။

" ဒီရင်းမြစ်ကမ္ဘာရဲ့ တော်ဝင်မိသားစုက တကယ်ချမ်းသာတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။

ထိုလက်နက်များနှင့် ရတနာများက လင်းရှန်ဘုရင်၏ ပိုင်ဆိုင်မှုအများစု ဖြစ်ပေလိမ့်မည်။ ပုံမှန်အခြေအနေတွင် ရှေးဟောင်းနိုင်ငံများ၏ နယ်မြေများအတွင်း စစ်ပွဲများတွင် မဟာအရှင်သခင်များက တန်ဖိုးရှိသော လက်နက်များနှင့် ရတနာများကို ယူဆောင်လေ့မရှိကြပေ။

မည်သို့ပင်ဖြစ်စေ စစ်ပွဲများက အပြောင်းအလဲများပြီး ကျဆုံးခဲ့လျှင် ထိုရတနာအားလုံးက ရန်သူလက်ထဲသို့ ကျရောက်သွားမည်ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော် လင်းရှန်ဘုရင်က အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်သောကြောင့် သူ့ကိုသူ သေဆုံးလိမ့်မည်ဟု ထင်မှတ်ထားမည်မဟုတ်ပေ။ သူ၏ အမြင်တွင် အဆိုးဆုံးအခြေအနေမှာ ချင်းဖန်နယ်မြေကို မသိမ်းပိုက်နိုင်ဘဲ ပြန်လည်ဆုတ်ခွာလာရုံသာဖြစ်သည်။

လင်းယွမ်က အောက်ရှိ စစ်မြေပြင်ကို ကြည့်လိုက်သည်။ ထိုအချိန်တွင် စစ်မြေပြင်ရှိ မဟာအရှင်သခင်နှစ်ဆယ်ကျော်က အသည်းအသန် ထွက်ပြေးနေကြပြီဖြစ်သည်။ သူတို့က လင်းရှန်ဘုရင်နှင့် လင်းယွမ်တို့၏ တိုက်ပွဲရလဒ်ကို သိရှိသွားသည်မှာ ထင်ရှားသည်။

" ထွက်ပြေးဖို့ ကြိုးစားနေတာလား။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်။

ထိုမဟာအရှင်သခင်များကို ကိုင်တွယ်ရန် လင်းယွမ်က ကမ္ဘာနတ်စွမ်းရည်ကို မလိုအပ်ပေ။ လီယန်နေမင်းကမ္ဘာက လွှမ်းခြုံသွားပြီး မဟာအရှင်သခင် နှစ်ဆယ်ကျော်ကို ဖမ်းဆီး၍ ဖိနှိပ်သွားသည်။

" နဂါးငွေ့တန်း..." မဟာအရှင်သခင်နှစ်ဆယ်ကျော်က စိုးရိမ်စွာဖြင့် ထိတ်လန့်သွားကြသည်။

" စိတ်ချပါ။ ငါမင်းတို့ကို မသတ်ပါဘူး။ " လင်းယွမ်က ပြောလိုက်သည်။

All Chapters