← Chapters

လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံရိပ်

Vol. 43 Ch. 503

လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံရိပ်

Vol. 43 Ch. 503

ကျန်းပေရန်က ထောင်ဝူကို အကဲခတ်နေချိန်မှာ ထောင်ဝူကလည်း သူ့ကို အကဲခတ်နေလေသည်။

နှင်းဆီရောင် မျက်လုံးတွေက မှိန်လိုက်လင်းလိုက် ဖြစ်နေပြီး ကျန်းပေရန်ကို လုံးဝ ထွင်းဖောက်မြင်ချင်နေတဲ့ ပုံစံမျိုး ဖြစ်သည်။

ဒါပေမဲ့ မကြာခင်မှာပဲ ထောင်ဝူရဲ့ မျက်ဝန်းတွေ ကျုံ့သွားသည်။

ဘာကြောင့်လဲဆိုတော့ သူဒီလူသားအပေါ် ဘာမှ မမြင်ရလို့ ဖြစ်သည်။

ချီချီလိုပဲ ရှားပါးသားရဲ ဖြစ်တဲ့ ထောင်ဝူမှာလည်း ထူးခြားတဲ့ စွမ်းရည် ရှိသည်။

အဲဒါက တဖက်သားရဲ့ အတိတ်နဲ့ အနာဂတ်ကို မြင်နိုင်စွမ်း ဖြစ်သည်။

ဒီလူသားက သူတို့စကားကို ဘာလို့ ပြောတတ်သလဲ ဆိုတာနဲ့ သူရောက်လာတာက မျိုးနွယ်စုအတွက် ကောင်းကျိုး ဖြစ်မလား ဆိုးကျိုး ဖြစ်မလား ဆိုတာကို ကြည့်ချင်ပေမယ့် ဘာမှ မမြင်ရဘဲ အမှောင်ထုသာ မြင်နေရသည်။

'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'

ထောင်ဝူက ကိုယ်ကို ခါလိုက်ပြီး ကျန်းပေရန် ရှေ့ကို တစ်လှမ်းချင်း လျှောက်လာသည်။

ဘယ်လောက်ပဲ ကြိုးစားကြည့်ကြည့် အဖြေကတော့ အတူတူပင် ဖြစ်သည်။

ဘေးက ချီချီကတော့ ထောင်ဝူရဲ့ မယုံကြည်နိုင်တဲ့ မျက်လုံးတွေကို ကြည့်ပြီး ကျေနပ်နေသည်။

သူကြုံခဲ့ရသလိုမျိုး ထောင်ဝူလည်း ကြုံနေရမှန်း သိလိုက်သည်။

ထောင်ဝူ နီးကပ်လာတာကို ကျန်းပေရန်က မရှောင်ဘဲ ဒီအတိုင်း ရပ်နေပြီး စိတ်စွမ်းအင်နဲ့ ထောင်ဝူရဲ့ ကျင့်ကြံမှု အဆင့်ကို စစ်ဆေးလိုက်သည်။

'မျိုးနွယ်စုခေါင်းဆောင ဆိုတာ ဒါမျိုးကိုး... တကယ့် အကောင်ကြီးပဲ'

သားရဲတွေရဲ့ ကျင့်ကြံမှု အဆင့်ကို စစ်ဆေးတဲ့ နည်းလမ်းက လူသားတွေနဲ့ နည်းနည်း ကွာခြားပေမယ့် ကျန်းပေရန်က ထောင်ဝူကို စစ်ဆေးကြည့်လိုက်တော့ အဆင့် ၉ သားရဲ ဆိုတာ သေချာသွားသည်။

ဆိုလိုတာက လူသားတွေရဲ့ အနက်ရောင်သူတော်စင် အဆင့်နဲ့ ညီမျှသည်။

တစ်ဖက်မှာလည်း ကျန်းပေရန်လို လျှို့ဝှက်ဆန်းကြယ်တဲ့ သက်ရှိကို ထောင်ဝူ တစ်ယောက် ဘယ်လို ဆက်ဆံရမလဲ မသိဖြစ်နေသည်။

အရင်တုန်းကဆို တဖက်သားရဲ့ အတိတ်နဲ့ အနာဂတ်ကို ကြည့်ပြီးမှ တန်ဖိုးဖြတ်ကာ ဆက်ဆံလေ့ ရှိသည်။

အခုလို ဘာမှ မမြင်ရတဲ့ အခြေအနေမျိုး တစ်ခါမှ မကြုံဖူးပေ။

ထောင်ဝူ ဘာမှ မပြောတာ မြင်တော့ ကျန်းပေရန်က ဦးအောင် နှုတ်ဆက်လိုက်သည်။

"လေးစားအပ်ပါသော မျိုးနွယ်စုခေါင်းဆောင် ဒီမှာ တွေ့ဆုံခွင့်ရတာ ဝမ်းသာပါတယ်"

ကျန်းပေရန်က သားရဲစကား ပြောလိုက်တာ ကြားတော့ ထောင်ဝူက နောက်ကို နှစ်လှမ်းဆုတ်ပြီး မေးလိုက်သည်။

"မင်းက လူသားလား"

ကျန်းပေရန် ကြောင်သွားသည်။

ပထမဆုံး မေးတဲ့ မေးခွန်းက ဒီလောက် ထူးဆန်းနေလိမ့်မယ်လို့ ထင်မထားခဲ့ပေ။

တစ်ပြိုင်နက်တည်းမှာပဲ စနစ်ရဲ့ ရွေးချယ်မှုတွေ ပေါ်လာသည်။

[ ရွေးချယ်မှု ၁ - "ဟုတ်တယ်" ဟု ဖြေပါ။ ဆုလဒ် - မူလလေဟာနယ် အစီအရင် (မြေကမ္ဘာအဆင့် အဆင့်မြင့်) ]

[ ရွေးချယ်မှု ၂ - "မဟုတ်ဘူး" ဟု ဖြေပါ။ ဆုလဒ် - ဖီးနစ်ပျံသန်းခြင်း ကျမ်းစာ (မြေကမ္ဘာအဆင့် အဆင့်နိမ့်) ]

[ ရွေးချယ်မှု ၃ - "ဟုတ်ချင်လည်း ဟုတ်မယ် မဟုတ်ချင်လည်း မဟုတ်ဘူး" ဟု ဖြေပါ။ ဆုလဒ် - ကျပန်း အခြေခံ အရည်အချင်းပြ အမှတ် + ၁ ]

'ဒီအဖြေက... နည်းနည်းတော့ ရိုင်းသလိုပဲ'

ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ထောင်ဝူက ချီချီလိုပဲ သူ့ကို မခန့်မှန်းနိုင် ဖြစ်နေတာကြောင့် ကြောက်ရွံ့နေခြင်း ဖြစ်သည်။

ဒါကြောင့် လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံရိပ်ကို ဆက်ထိန်းထားရင် တဖက်လူက ဘာမှ လုပ်ရဲမှာ မဟုတ်ပေ။

ရွေးချယ်မှု ၃ ကို ရွေးပြီး ကျန်းပေရန်က ပြုံးကာ ဖြေလိုက်သည်။

"ဟုတ်ချင်လည်း ဟုတ်မယ် မဟုတ်ချင်လည်း မဟုတ်ဘူး"

[ ရွေးချယ်မှု ပြီးမြောက်ပါပြီ။ ဆုလဒ် - စိတ်ဆန္ဒ + ၁ ]

ထောင်ဝူက ဒီအဖြေကို ကြားတော့ မျက်ဝန်းတွေ ကျုံ့သွားပြန်သည်။

ကျန်းပေရန်က ဘယ်လို သက်ရှိမျိုးလဲ ဆိုတာ ပိုပြီး ဝေခွဲမရ ဖြစ်သွားသည်။

စွမ်းအားရှင် လေးပါး နယ်မြေ ရဲ့ အစွမ်းထက်ဆုံး သားရဲ တစ်ကောင် ဖြစ်တဲ့ သူက လူသား ထိပ်သီးပညာရှင် အများအပြားနဲ့ တိုက်ခိုက်ဖူးပေမယ့် ဘယ်သူကမှ သူတို့စကားကို နားလည်တာမျိုး မရှိခဲ့ပေ။

သားရဲစကားနဲ့ လူစကားက အခြေခံ သဘောတရားချင်း ကွာခြားသည်။

သားရဲစကား ဆိုတာက အသံထက် အာရုံခံစားမှုနဲ့ ပိုဆိုင်သည်။

ဒါကြောင့် လူသားတွေက သူတို့နဲ့ စကားပြောနိုင်တယ် ဆိုတာကို သူလုံးဝ မယုံကြည်ပေ။

ဒါကြောင့် ကျန်းပေရန်ရဲ့ အဖြေကို ကြားလိုက်ရတဲ့အခါ 'ဒါမှ ဟုတ်တာ' ဆိုတဲ့ ခံစားချက်မျိုး ဖြစ်သွားသည်။

'လူသားတွေက သားရဲတွေနဲ့ ဘယ်လိုလုပ် စကားပြောနိုင်မှာလဲ'

ဘေးက ချီချီလည်း မျက်လုံးပြူးသွားသည်။

'လူသား မဟုတ်လို့ကိုး... ဒါကြောင့် ငါတို့စကား နားလည်တာပဲ'

နှစ်ကောင်သား ကျန်းပေရန်ကို နားလည်သွားပြီလို့ ထင်မှတ်လိုက်ကြသည်။

လူသား မဟုတ်မှန်း သိလိုက်တော့ ထောင်ဝူရဲ့ ရွံရှာမှုတွေ လျော့နည်းသွားပြီး မေးလိုက်သည်။

"ဒါဆို မင်းက ဘာကောင်လဲ ဒီကို ဘာလာလုပ်တာလဲ"

"ငါက ဘာကောင်လဲ ဆိုတာ အရေးမကြီးပါဘူး ငါက မင်းတို့ကို ကူညီဖို့ လာတယ် ဆိုတာ သိထားရင် ရပြီ"

"ကူညီမယ်"

ထောင်ဝူက စိတ်ဝင်စားသွားသည်။

"မင်းက ငါတို့ကို ဘာကူညီပေးနိုင်မှာလဲ"

ကြိုတင် ပြင်ဆင်ထားတဲ့ ကျန်းပေရန်က သိုလှောင်လက်စွပ်ထဲကနေ ချန်ယွမ် ရတနာ ဆေးလုံး တစ်လုံး ထုတ်ပြီး ထောင်ဝူဆီ ပစ်ပေးလိုက်သည်။

ထောင်ဝူက အမြီးနဲ့ လှမ်းဖမ်းလိုက်သည်။

"ဒါက လူသားတွေရဲ့ ဆေးလုံးပဲ မင်းမြင်ဖူးမှာပါ"

ဆေးလုံးကို နှာခေါင်းနား တေ့ပြီး အနံ့ခံကြည့်လိုက်တော့ ထောင်ဝူ ခေါင်းညိတ်လိုက်သည်။

လူသားတွေနဲ့ တိုက်ခိုက်တုန်းက သူတို့ ဒဏ်ရာရရင် ဒီလို အလုံးလေးတွေ စားလိုက်တာနဲ့ ဒဏ်ရာတွေ ပြန်ကောင်းသွားတာ မြင်ဖူးသည်။

ဒါကြောင့် သူက ဒီဆေးလုံးတွေကို မုန်းပြီး မြင်တာနဲ့ ဖျက်ဆီးပစ်လေ့ ရှိသည်။

"ငါမင်းကို စစ်ဆေးကြည့်တော့ မင်းခန္ဓာကိုယ်ထဲမှာ ဒဏ်ရာဟောင်းတွေ အများကြီး ကျန်နေတာ တွေ့ရတယ် မင်းသာ သန်မာလို့ပေါ့ မဟုတ်ရင် အဲဒီဒဏ်ရာတွေနဲ့တင် သေနေလောက်ပြီ"

ထောင်ဝူက သူ့ဒဏ်ရာ အခြေအနေကို သူအသိဆုံး ဖြစ်သည်။

အနက်ရောင်သူတော်စင် အဆင့်တွေနဲ့ တိုက်ခိုက်တုန်းက ရခဲ့တဲ့ ဒဏ်ရာတွေ ဖြစ်ပြီး ပြန်ကောင်းအောင် ကုသဖို့ အချိန်အများကြီး ပေးရသည်။

ကျင့်ကြံတဲ့အချိန်မှာ နာကျင်စေသလို တိုက်ခိုက်တဲ့အချိန်မှာလည်း အားနည်းချက် ဖြစ်စေသည်။

သူ့အတွက် ခေါင်းကိုက်စရာ ပြဿနာ တစ်ခု ဖြစ်သည်။

ရုတ်တရက် ထောင်ဝူက အံ့သြစွာ ကျန်းပေရန်ကို ကြည့်လိုက်သည်။

'သူက ငါ့ဒဏ်ရာတွေကို ဘယ်လို သိတာလဲ'

ပုံမှန်အားဖြင့် လူသားတွေက သူ့ကို စိတ်စွမ်းအင်နဲ့ စစ်ဆေးရင် သူသိသည်။

ပြီးရင် ဝိညာဉ်စွမ်းအင်နဲ့ ကာကွယ်လိုက်လေ့ ရှိသည်။

အခုတော့ သူဘာမှ မသိလိုက်ရဘဲ သူ့အခြေအနေကို တဖက်လူက သိသွားခဲ့သည်။

'တကယ်ပဲ လူသား မဟုတ်ဘူးပဲ'

ဒီတစ်ခါတော့ ထောင်ဝူ လုံးဝ ယုံကြည်သွားသည်။

လူသား မဟုတ်ရင် ဘာကောင်လဲ ဆိုတာတော့ မသိပေမယ့် လူသားနဲ့ သားရဲ စစ်ပွဲတွေမှာ သူ့ကို မတွေ့ဖူးတာတော့ သေချာသည်။

"ဟုတ်တယ် ငါ့မှာ ဒဏ်ရာဟောင်းတွေ အများကြီး ရှိတယ်"

"အဲဒီဆေးလုံးကို စားလိုက် လုံးဝ ပျောက်ကင်းသွားမယ်လို့ အာမမခံနိုင်ပေမယ့် သက်သာသွားစေမှာပါ"

ထောင်ဝူက သံသယ မျက်လုံးနဲ့ ကြည့်လိုက်သည်။

လူသား မဟုတ်ဘူး ဆိုပေမယ့် ဘာကောင်မှန်း မသိတဲ့ အကောင်ပေးတဲ့ အစာကို ဒီတိုင်း စားလိုက်ဖို့ ဝန်လေးနေသည်။

"မျိုးနွယ်စုခေါင်းဆောင် မယုံရင် တခြားတစ်ကောင်ကို အရင် စားခိုင်းကြည့်လိုက်ပါ"

ပုံပန်းသဏ္ဍာန် ကွာခြားပေမယ့် လူသားနဲ့ သားရဲတွေရဲ့ ကျင့်ကြံနည်းက ဆင်တူသည်။

ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး အတွင်းအား အဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။

ဒါကြောင့် လူသားတွေ စားတဲ့ ဆေးလုံးကို သားရဲတွေလည်း စားလို့ ရသည်။

ထောင်ဝူက ဆေးလုံးကို ထပ်ပြီး အနံ့ခံကြည့်လိုက်သည်။

ပြီးနောက် ဘေးက "ခေါင်းဆောင် မစားနဲ့ဦး" ဆိုတဲ့ အာမေဋိတ်သံကို လျစ်လျူရှုပြီး မျိုချလိုက်သည်။

ထောင်ဝူရဲ့ တွေးခေါ်ပုံက ရိုးရှင်းသည်။

ဒါက သူ့ပိုင်နက် ဖြစ်သည်။

ဒီကောင် ဘယ်လောက် စွမ်းစွမ်း သူ့ကို အဆိပ်ခတ်ပြီး သတ်ရဲမှာ မဟုတ်ဘူး။

ဒုတိယအချက်က သူ့ခန္ဓာကိုယ်ကို သူယုံကြည်သည်။

အဆိပ်ဖြစ်ရင်တောင် သူ့ကို သေစေနိုင်မှာ မဟုတ်ဘူး။

အလွန်ဆုံး ဒဏ်ရာဟောင်း တစ်ခု ထပ်တိုးလာရုံပဲ ရှိမည်။

ဒီအကြောင်းပြချက် နှစ်ခုနဲ့ ထောင်ဝူက စမ်းသပ်ခံမယ့်ကောင် မရှာတော့ဘဲ ဆေးလုံးကို မျိုချလိုက်ခြင်း ဖြစ်သည်။

အနက်ရောင်သူတော်စင် အဆင့် သားရဲနဲ့ ရင်းနှီးဖို့အတွက် ကျန်းပေရန်က အရင်းအနှီး ကြီးကြီးမားမား ထုတ်သုံးထားခြင်း ဖြစ်သည်။

သူပေးလိုက်တဲ့ ချန်ယွမ် ရတနာ ဆေးလုံး က အနက်ရောင်အဆင့် အလယ်အလတ် ဆေးလုံး ဖြစ်ပြီး အနက်ရောင်သူတော်စင် တွေတောင် အားကိုးရတဲ့ ဆေးဖြစ်သည်။

ဒါ့အပြင် သစ်သားဓာတ် ဝိညာဉ်သွေးကြော ထဲက ဆေးမြစ်တွေနဲ့ ဖော်စပ်ထားတာမို့ သာမန် ဆေးလုံးတွေထက် အာနိသင် ပိုကောင်းသည်။

"အူး"

မကြာခင်မှာပဲ ထောင်ဝူက ခေါင်းမော့ပြီး အော်ဟစ်လိုက်ကာ ခေါင်းကို ခါရမ်းလိုက်သည်။

တခါမှ မကြုံဖူးတဲ့ စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲ စီးဆင်းသွားတာကို ခံစားလိုက်ရလို့ ဖြစ်သည်။

ဒါပေမဲ့ မကြာခင်မှာပဲ စိုးရိမ်စိတ်တွေ ပျောက်ပြီး နေလို့ကောင်းလာသည်။

ခြေချောင်းလေးတွေ ကွေးသွားတဲ့အထိ ဇိမ်ရှိသွားသည်။

"အင်း..."

ထောင်ဝူက ညည်းတွားလိုက်သည်။

ဒီလို နေလို့ကောင်းတာမျိုး မကြုံရတာ ကြာပြီ ဖြစ်သည်။

ပုံမှန် အချိန်တွေမှာ သူ့ကို ဒုက္ခပေးနေတဲ့ ဒဏ်ရာဟောင်းတွေက အခုတော့ ငြိမ်သက်သွားကြသည်။

ကျန်းပေရန်ကို ကျေးဇူးတင်စကား ပြောမလို့ လုပ်တုန်းမှာပဲ စွမ်းအားလှိုင်း တစ်ခုက ထပ်ပြီး ဖြတ်စီးသွားပြန်သည်။

"အူး..."

ထောင်ဝူက ဇိမ်တွေ့ပြီး ထပ်အော်လိုက်ပြန်သည်။

"ဂလု"

ထောင်ဝူ ဇိမ်တွေ့နေတာကို ကြည့်ပြီး ချီချီက တံတွေးမြိုချကာ မေးလိုက်သည်။

"ငါ့မှာလည်း ဒဏ်ရာဟောင်းတွေ ရှိတယ် ငါ့ကိုရော..."

ကျန်းပေရန်က ပြုံးပြီး အဝါရောင်အဆင့် ဆေးလုံး တစ်လုံးကို ချီချီဆီ ပစ်ပေးလိုက်သည်။

"အူး"

ချီချီက ချက်ချင်း မျိုချလိုက်သည်။

နောက်တစ်စက္ကန့်မှာပဲ ချီချီ ဆီကနေလည်း ဇိမ်တွေ့နေတဲ့ အသံ ထွက်ပေါ်လာသည်။

ထောင်ဝူနဲ့ ယှဉ်ရင် ချီချီရဲ့ ဒဏ်ရာတွေက သိပ်မပြင်းထန်ပေ။

ဒါကြောင့် အဝါရောင်အဆင့် ဆေးလုံးနဲ့တင် လုံလောက်သည်။

လက်ဖက်ရည် တစ်အိုး ကုန်ချိန်လောက် ကြာတဲ့အခါ ထောင်ဝူက အမြီးယမ်းပြီး ပြောလိုက်သည်။

"ကျေးဇူးပါပဲ သူစိမ်း မိတ်ဆွေ ငါဒီလို နေလို့ကောင်းတာမျိုး မကြုံရတာ ကြာပြီ"

"ရပါတယ် မျိုးနွယ်စုခေါင်းဆောင် ဒါက ငါပေးနိုင်တဲ့ အကူအညီပါပဲ ခေါင်းဆောင် လိုချင်ရင် နောက်ထပ် အများကြီး ယူလာပေးလို့ ရပါတယ်"

ထောင်ဝူ ဝမ်းသာသွားသည်။

ဆေးလုံးရဲ့ အစွမ်းကို ကိုယ်တိုင် ကြုံလိုက်ရပြီ ဖြစ်သည်။

သူစားဖူးသမျှ အရာတွေထဲမှာ အကောင်းဆုံး ဖြစ်သည်။

လူသားတွေ ဘာလို့ တဖွဖွ စားနေကြလဲ ဆိုတာ နားလည်သွားပြီ ဖြစ်သည်။

"ကောင်းပြီ မင်းက ငါတို့ကို တကယ် ကူညီနိုင်တယ် ဆိုတာ လက်ခံတယ် ဒါပေမဲ့ အပြန်အလှန် အနေနဲ့ မင်းက ဘာလိုချင်တာလဲ"

'ဦးနှောက်ကတော့ ကောင်းသားပဲ'

ကျန်းပေရန် စိတ်ထဲက ချီးကျူးလိုက်ပြီး ပြန်ဖြေသည်။

"ရိုးရိုးလေးပါ တန်ဖိုးတူချင်း လဲလှယ်ကြေး ပစ္စည်းကောင်း ပေးရင် ပစ္စည်းကောင်း ပြန်ရမယ်"

"မင်း ဘာလိုချင်လဲ"

ထောင်ဝူက ပြောရင်း မြေကြီးပေါ် ဝပ်ချလိုက်သည်။

ဆေးစွမ်းကို ဆက်လက် ခံစားနေတုန်း ဖြစ်သည်။

"ဒီမှာ ဘာတွေ ရှိလဲ ငါ မသိသေးဘူး ဒါကြောင့် ခေါင်းဆောင်က လိုက်ပြပေးစေချင်တယ်"

"ရတယ် ဒါပေမဲ့ ကန့်သတ်ချက် တစ်ခု ရှိတယ်"

"ပြောပါ"

"မင်း ငါနဲ့ပဲ လဲလှယ်ရမယ်"

ကျန်းပေရန် ရယ်ချင်သွားသည်။

သားရဲတွေက အချင်းချင်း ပြိုင်ဆိုင်နေကြတယ် ဆိုတာ သိထားပြီးသားမို့ မအံ့သြပေ။

"လေးစားအပ်ပါသော မျိုးနွယ်စုခေါင်းဆောင် ငါက ဒီမှာ ရှိတဲ့ သားရဲ အားလုံးကို ကူညီဖို့ လာတာပါ ဒါကြောင့် အဲဒီ ကန့်သတ်ချက်ကို လက်မခံနိုင်ဘူး"

ထောင်ဝူ မကျေမနပ် ဖြစ်သွားပေမယ့် ဒေါသထွက်တာမျိုး မလုပ်ပေ။

တဖက်လူရဲ့ အကြောင်း ကောင်းကောင်း မသိသေးတာရယ် သူ့ရှေ့မှာတောင် တည်ငြိမ်နေတာရယ်ကြောင့် တခုခုတော့ ရှိမယ်လို့ တွက်ဆထားသည်။

အနက်ရောင်သူတော်စင် အဆင့် လူသားတွေတောင် သူ့ရှေ့ရောက်ရင် ကြောက်လန့်နေတတ်သည်။

ဒီလူကတော့ သူ့ကို သားရဲ တစ်ကောင်လို သဘောမထားတဲ့ ပုံစံမျိုး ဖြစ်သည်။

'အင်း... တကယ်ပဲ လူသား မဟုတ်ဘူးပဲ'

ထောင်ဝူ စိတ်မဆိုးတာ မြင်တော့ ကျန်းပေရန်က ဆက်ပြောသည်။

"ဒါပေမဲ့ ခေါင်းဆောင်က ငါပထမဆုံး မိတ်ဖွဲ့တဲ့ သူငယ်ချင်း ဖြစ်တဲ့အတွက် ဦးစားပေး အကူအညီ ပေးမှာပါ စိတ်ချပါ"

ထောင်ဝူ သဘောကျသွားပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ဒါဆို ဘယ်က စကြည့်ချင်လဲ"

"ကြိုက်တဲ့နေရာက စလို့ ရပါတယ် ငါက နေရာတိုင်းကို စိတ်ဝင်စားတယ်"

"ကောင်းပြီလေ"

ထောင်ဝူက မတ်တတ်ထရပ်ပြီး ကျန်းပေရန် ဘေးနား လျှောက်လာသည်။

"ကျေးဇူးတင်တဲ့ အနေနဲ့ ငါကိုယ်တိုင် လိုက်ပြပေးမယ်"

"ဝမ်းသာစရာပါပဲ"

အလုပ်ကိစ္စ ပြောပြီးသွားတော့ ထောင်ဝူက ချီချီကို ကြည့်ပြီး ကွေနွားကို ပြောလိုက်သည်။

"သူ့ကို အပြင်ခေါ်သွားပြီး နေရာချပေးလိုက်"

"ဟုတ်ကဲ့"

ကွေနွားက ခေါင်းညိတ်လိုက်သည်။

ဒါပေမဲ့ ချီချီက အော်ပြောလိုက်သည်။

"ငါ ဒီမှာ နေမယ်လို့ မပြောမိပါဘူး"

ထောင်ဝူရဲ့ နှင်းဆီရောင် မျက်လုံးတွေ လင်းလက်သွားပြီး ချီချီရဲ့ အတိတ်ကို မြင်လိုက်ရသည်။

"ဪ"

ချီချီရဲ့ အတိတ်ထဲမှာ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

'စိတ်ဝင်စားစရာပဲ'

စွမ်းရည်ကို ရုပ်သိမ်းလိုက်ပြီး ကျန်းပေရန်ကို မေးလိုက်သည်။

"မင်းကို ဘယ်လို ခေါ်ရမလဲ"

ကျန်းပေရန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

"သူငယ်ချင်း လို့ပဲ ခေါ်ပါ"

"သူငယ်ချင်း... ကောင်းပြီ သူငယ်ချင်း လို့ပဲ ခေါ်တာပေါ့"

ထောင်ဝူက နှာခေါင်းရှုံ့လိုက်ပြီး သူကြိုက်တဲ့ အနံ့တစ်ခုကို ရလိုက်သည်။

အလိုအလျောက်ပဲ ရှီဖုန်းလန် ဘက်ကို လှည့်ကြည့်လိုက်သည်။

"သူငယ်ချင်း သူကရော လူသား မဟုတ်ဘူးလား"

ကျန်းပေရန်က ကိုယ်စား ဖြေပေးလိုက်သည်။

"သူက မင်းတို့စကား မပြောတတ်ဘူး ဒါပေမဲ့ သူကလည်း မင်းတို့ကို ကူညီဖို့ လာတာ"

ထောင်ဝူက ပထမဆုံးအကြိမ် ပြုံးလိုက်သည်။

"ငါ မင်းတို့ကို သဘောကျလာပြီ သူငယ်ချင်း"

ပြောပြီးတာနဲ့ အပေါ်ထပ်ကို ဦးဆောင် တက်သွားသည်။

ကြောင်နေတဲ့ ရှီဖုန်းလန်ကို ဆွဲပြီး ကျန်းပေရန်က ပြောလိုက်သည်။

"သွားစို့ အပေါ်တက်ရအောင်"

All Chapters