← Chapters

ထူးဆန်းသော ဖြစ်ရပ်

Vol. 43 Ch. 505

ထူးဆန်းသော ဖြစ်ရပ်

Vol. 43 Ch. 505

ဂလု

ဂွီ ဂွီ

ထောင်ဝူက ပါးစပ်အပြည့် အသားကင် စားနေချိန်မှာ အဝေးကနေ တံတွေးမြိုချသံတွေနဲ့ ဗိုက်မြည်သံတွေ ထွက်ပေါ်လာသည်။

ကျန်းပေရန် လှည့်ကြည့်လိုက်တော့ အနောက်ကနေ တကောက်ကောက် လိုက်လာတဲ့ သားရဲတွေက မျှော်လင့်တကြီး ကြည့်နေကြသည်။

ခေါင်းဆောင် ရှိနေလို့သာ မဟုတ်ရင် ဝင်လုနေကြလောက်ပြီ ဖြစ်သည်။

'ဒီကောင်တွေက တကယ် အားနေတာပဲ ဒီအထိ လိုက်လာသေးတယ်'

ကျန်းပေရန်က မဲ့ပြုံး ပြုံးလိုက်ပြီး သိုလှောင်လက်စွပ်ထဲက ယပ်တောင် တစ်ချောင်း ထုတ်ကာ အသားကင် အနံ့တွေကို သားရဲတွေ ရှိရာဘက်ဆီ ယပ်ခတ်ပေးလိုက်သည်။

ဗိုက်မြည်သံတွေက ပိုကျယ်လာတော့သည်။

ကျန်းပေရန်က အမဲသားတုံးကြီး တစ်တုံးကို ထုတ်လိုက်ပြီး ထောင်ဝူကို ပြောလိုက်သည်။

"လေးစားအပ်ပါသော မျိုးနွယ်စုခေါင်းဆောင် ခေါင်းဆောင်ရဲ့ နောက်လိုက်တွေကိုပါ ခေါ်ကျွေးလိုက်ရင် မကောင်းဘူးလား"

ထောင်ဝူက သူ့လူတွေရဲ့ အရှက်မရှိ ဗိုက်ဆာနေတဲ့ အသံတွေကို ကြားနေရတာ ကြာပြီမို့ ခေါင်းညိတ်ပြီး အော်ပြောလိုက်သည်။

"လာခဲ့ကြ"

ခေါင်းဆောင် ခွင့်ပြုချက် ရတာနဲ့ သားရဲတွေ ဝုန်းခနဲ ပြေးထွက်လာကြသည်။

ဒီလောက် မွှေးကြိုင်တဲ့ အနံ့မျိုး တခါမှ မရဖူးတာကြောင့် အားလုံးက ထိန်းမနိုင် သိမ်းမရ ဖြစ်နေကြသည်။

အနည်းဆုံးတော့ တံတွေးတွေကို ထိန်းထားသင့်ပေသည်။

သားရဲ ရာချီ ပြေးလာတာကို ကြည့်ပြီး ကျန်းပေရန် စိတ်လှုပ်ရှားသွားသည်။

ဒီလောက် အကောင်ကြီးကြီးတွေ အများကြီးကို တပြိုင်တည်း အစာကျွေးရမယ့် စိန်ခေါ်မှုမျိုး တခါမှ မကြုံဖူးချေ။

အမဲဖျက်ဓားကြီးကို ထုတ်ပြီး လက်ထဲ လှည့်ကစားလိုက်သည်။

ကျန်းပေရန်က စိတ်ထဲမှာ နောက်ခံ သီချင်းသံ ဖွင့်လိုက်သည်။

'သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပါရမီရှင် မွေးမြူရေးဆရာကြီး စတင် လှုပ်ရှားပြီ'

...

ညရောက်တဲ့အခါ အလုပ်ပြီးသွားတဲ့ ကျန်းပေရန်က ဝိညာဉ်အရက် တစ်ခွက် သောက်ရင်း ဗိုက်ကားပြီး လဲလျောင်းနေတဲ့ သားရဲတွေကို ကြည့်ကာ စဉ်းစားလိုက်သည်။

'ပြန်ရောက်ရင် အသားတွေ ထပ်စုထားမှ ဖြစ်မယ်'

စားပြီးနားပြီး ဖြစ်သွားတဲ့ သားရဲတွေက ကျန်းပေရန် အပေါ် သဘောထား ပြောင်းလဲသွားကြသည်။

သူတို့ကြားက ဆက်ဆံရေး အဆင့်က သူစိမ်းအဆင့်ကနေ မိတ်ဆွေအဆင့်ထိ တက်သွားပြီ ဖြစ်သည်။

တစ်နေကုန် နောက်ယောင်ခံ လိုက်ကြည့်ပြီးတဲ့အခါ ဒီလူသားက ခေါင်းဆောင်ရဲ့ အစာ မဟုတ်ဘဲ ဧည့်သည် ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။

ဒီအချက်က အံ့သြစရာ ကောင်းပေမယ့် တစ်နေကုန် အံ့သြစရာတွေနဲ့ ကြုံနေရတာမို့ သိပ်ထူးဆန်းတယ်လို့ မခံစားရတော့ပေ။

"စားပြီးရင် ပြန်ကြတော့ ဒီမှာ ရှုပ်မနေနဲ့"

ထောင်ဝူက အနားက မြင်းတစ်ကောင်ကို ကန်ထုတ်ပြီး အော်ဟစ်လိုက်သည်။

သားရဲတွေက ဟုတ်ကဲ့ပါ ခေါင်းဆောင်လို့ အော်ပြီး ထွက်ပြေးကုန်ကြသည်။

သားရဲတွေ ထွက်သွားတာနဲ့ ထောင်ဝူက ကျန်းပေရန် နား လျှောက်လာပြီး ပြောလိုက်သည်။

"အသားကင်က တကယ် စားကောင်းတယ် သူငယ်ချင်း"

"ခေါင်းဆောင် ကြိုက်တယ်ဆိုရင် ဝမ်းသာပါတယ်"

ကျန်းပေရန်က ဒီသားရဲတွေကို ကျွေးမွေးရတာ အကြောင်းမဲ့ မဟုတ်ပေ။

သူတို့နဲ့ မိတ်ဖွဲ့ချင်လို့ ဖြစ်သည်။

ထောင်ဝူက ခွင့်ပြုတယ် ဆိုကတည်းက ကျန်းပေရန်ကို မိတ်ဆွေ သို့မဟုတ် မဟာမိတ် အဖြစ် အသိအမှတ် ပြုလိုက်ခြင်း ဖြစ်သည်။

တစ်ဖက်မှာတော့ ဗိုက်ကားသွားတဲ့ ရှီဖုန်းလန် တစ်ယောက် ချီချီရဲ့ အမွေးပွပွ ရင်ခွင်ထဲမှာ အိပ်ပျော်နေပြီ ဖြစ်သည်။

တကယ့်ကို အပူအပင်ကင်းတဲ့ ကောင်မလေး ဖြစ်သည်။

ကျန်းပေရန်က သူမကို မနှိုးတော့ဘဲ ဝိညာဉ်အရက် အိုးတစ်လုံး ထုတ်လိုက်သည်။

အဖုံးဖွင့်ပြီး ထောင်ဝူကို မေးလိုက်သည်။

"ဒါက ငါပြောခဲ့တဲ့ ဝိညာဉ်အရက်လေ မြည်းကြည့်မလား"

အရက်နံ့ ရတာနဲ့ ထောင်ဝူက လျှာသပ်ပြီး စိတ်ဝင်စားကြောင်း ပြသလိုက်သည်။

အမြီးနဲ့ အရက်အိုးကို လှမ်းယူပြီး အနံ့ခံကာ ပါးစပ်ထဲ မော့ချလိုက်သည်။

"ဝေါင်း"

တခါမှ မမြည်းစမ်းဖူးတဲ့ အရသာကြောင့် ထောင်ဝူ အံ့သြသွားသည်။

အရသာ ရှိရုံသာမက ခန္ဓာကိုယ်ထဲ ရောက်သွားတာနဲ့ ဆေးလုံးလိုမျိုး ခန္ဓာကိုယ်ကို ပြုပြင်ပေးနေတာ ခံစားလိုက်ရသည်။

"သောက်လို့ ကောင်းတယ်"

ခဏလောက် အရသာခံပြီးနောက် ထောင်ဝူက မှတ်ချက်ပေးသည်။

"သန့်စင်သောရေကန်ထဲက ရေနဲ့ ဖော်စပ်လိုက်ရင် ပိုကောင်းဦးမှာ"

ကျန်းပေရန်က ပြောရင်း နောက်ထပ် အရက်အိုး တစ်လုံး ထပ်ထုတ်ပေးလိုက်သည်။

စီးပွားရေး ဆွေးနွေးနေချိန်မို့ ကျန်းပေရန်က မနှမြောဘဲ အကောင်းစား အရက်တွေကို ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။

လုယန်ယွီတောင် မသောက်ဖူးတဲ့ အရက်မျိုးတွေ ဖြစ်သည်။

နောက်တစ်အိုးကို မြင်တော့ ထောင်ဝူက အားမနာဘဲ မော့သောက်လိုက်သည်။

ဒီတစ်ခါ အရက်က ပိုပြင်းတာမို့ ထောင်ဝူ တစ်ယောက် မျက်လုံးတွေ မှေးစင်းသွားပြီး ခန္ဓာကိုယ်ပါ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

"ငါ ဒီအရက်ကို ကြိုက်တယ်"

"ကြိုက်ရင် များများ သောက်ပါ"

ကျန်းပေရန်က နောက်တစ်အိုး ထပ်ထုတ်ပေးလိုက်သည်။

ဒီတစ်ခါတော့ ထောင်ဝူက ချက်ချင်း မသောက်ဘဲ မေးလိုက်သည်။

"မင်း စမ်းရေနဲ့ အရက်ဖော်ရင် ငါ့ကို ဘယ်လောက် ပေးမှာလဲ"

ထောင်ဝူက စီးပွားရေး စကား ပြောလာလိမ့်မယ်လို့ ကျန်းပေရန် ထင်မထားခဲ့ပေ။

ခဏ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

"အခုတော့ အတိအကျ ပြောလို့ မရသေးဘူး စမ်းရေ တစ်အိုးနဲ့ အရက် ဘယ်နှစ်အိုး ထွက်မလဲ ဆိုတာ တွက်ချက်ရဦးမှာမို့"

"ကောင်းပြီ တွက်ပြီးမှ ပြောကြတာပေါ့"

ပြောပြီးတာနဲ့ အရက်အိုးကို မော့သောက်လိုက်သည်။

"ဝေါင်း"

ထောင်ဝူက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ကိုယ်ပေါ်က အမွေးတွေ ထောင်ထသွားသည်။

'အရက်သမားလေးပါလား'

ထောင်ဝူရဲ့ တုံ့ပြန်ပုံက လုယန်ယွီနဲ့ တစ်ပုံစံတည်း ဖြစ်သည်။

'လူနဲ့ သားရဲ ပျော်ရွှင်မှုချင်း မတူဘူးလို့ ဘယ်သူ ပြောလဲ တူတူပါပဲ'

ထောင်ဝူ ကြိုက်မှန်း သိလိုက်တာနဲ့ ကျန်းပေရန်က အရက်အိုးတွေ ထပ်ထုတ်ပြီး တိုက်လိုက်သည်။

မနက်လင်းတဲ့အထိ သောက်ပြီးတဲ့အခါ နေရောင်ခြည်ကြောင့် ရှီဖုန်းလန် နိုးလာသည်။

"ဝါး"

အကြောဆန့်လိုက်ပြီး ကျန်းပေရန် ဆီ ပြေးသွားကာ တောင်းဆိုလိုက်သည်။

"ပေရန်လေး သကြားလုံး ကျွေးပါ"

ကျန်းပေရန်က ခံတွင်းရှင်း ဆေးလုံး တစ်လုံး ပစ်ပေးလိုက်သည်။

ဒါက ခံတွင်းသန့်ရှင်းအောင် လုပ်တဲ့ ဆေးလုံး ဖြစ်ပေမယ့် ရှီဖုန်းလန်က စားကောင်းတယ် ဆိုပြီး မနက်တိုင်း တောင်းစားလေ့ ရှိသည်။

ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်ပြီး ရှီဖုန်းလန်က ကြမ်းပြင်ပေါ်က အရက်အိုးခွံတွေကို ကြည့်ပြီး မေးလိုက်သည်။

"ဝါး ပေရန်လေး အရက်တွေ အများကြီး သောက်ထားတာပဲ"

"ခေါ"

မိုးကြိုးပစ်သံလို ဟောက်သံကြီး ထွက်ပေါ်လာသည်။

ထောင်ဝူ ဆီက ဖြစ်သည်။

မူးပြီး အိပ်ပျော်သွားတာ မဟုတ်ဘဲ အရက်သောက်ပြီး နေလို့ကောင်းလွန်းလို့ တစ်ရေးအိပ်လိုက်ခြင်း ဖြစ်သည်။

အဆင့် ၉ သားရဲ တစ်ကောင်က ဒီလောက်နဲ့ မမူးနိုင်ပေ။

ဟောက်သံကြောင့် လန့်သွားတဲ့ ရှီဖုန်းလန်က ကျန်းပေရန် နောက် ပုန်းလိုက်ပြီး မေးလိုက်သည်။

"ပေရန်လေး ငါ အခု သူ့ကို သွားပွတ်လို့ ရပြီလား"

"ခဏနေဦး အချိန်တန်ရင် ငါပြောပြမယ်"

ထောင်ဝူက ရှီဖုန်းလန်ရဲ့ ခေါင်းပွတ်သိုင်း ကို ခံနိုင်ရည် ရှိလောက်ပေမယ့် သေချာအောင် စောင့်ကြည့်ရဦးမည်။

"ဒါပေမဲ့ သူ့အမွေးတွေက ပွတ်လို့ကောင်းမယ့် ပုံပဲ"

ရှီဖုန်းလန်က မျှော်လင့်တကြီး ကြည့်နေသည်။

ကျန်းပေရန်က ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောဘဲ ညက ရှုပ်ပွနေတာတွေကို လိုက်ရှင်းလိုက်သည်။

"ငါ ကူရှင်းပေးမယ်"

ရှီဖုန်းလန်က အရက်အိုးခွံ နှစ်လုံးကို မပြီး ကူညီပေးသည်။

...

ကျန်းပေရန် ရှင်းလင်းပြီးတဲ့ အချိန်မှာ ထောင်ဝူ နိုးလာသည်။

ပါးစပ်ကြီး ဖြဲပြီး သမ်းဝေလိုက်သည်။

ခဏလေး အိပ်လိုက်ရပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

ထောင်ဝူက မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။

"သွားစို့ သူငယ်ချင်း နောက်တစ်နေရာ လိုက်ပြမယ်"

"ကောင်းပြီ"

ကျန်းပေရန်က သဘောတူလိုက်သည်။

သစ်တောထဲက ထွက်လိုက်တာနဲ့ မြက်ခင်းပြင် ကျယ်ကြီးကို တွေ့လိုက်ရသည်။

တိရစ္ဆာန် မျိုးစုံ ကျက်စားနေကြသည်။

ဒီတိရစ္ဆာန်တွေက ဉာဏ်ရည် မမြင့်ပေမယ့် ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်တွေ စီးဆင်းနေသည်။

ရှီမိသားစု မွေးမြူရေးခြံက တိရစ္ဆာန်တွေနဲ့ တူသည်။

ဒါပေမဲ့ ရှီမိသားစုက တကူးတက မွေးမြူထားတာ ဖြစ်ပြီး ဒီကောင်တွေက သဘာဝအတိုင်း ကြီးပြင်းလာတာ ဖြစ်သည်။

ရှေးဟောင်း အပျက်အစီးများ နယ်မြေက တကယ်ပဲ ထူးခြားတဲ့ နေရာ ဖြစ်သည်။

'အင်း ဒီသိုးတွေက တော်တော် ဝတာပဲ ကြက်သွန်မြိတ်နဲ့ ချက်စားရင် ကောင်းမယ်'

'ဟိုဟာ ဘဲလား ငန်းလား တစ်ကောင်လောက် ဖမ်းပြီး ကင်စားကြည့်ရမယ်'

ကျန်းပေရန် တစ်ယောက် အစားအသောက်တွေ ရွေးချယ်နေတုန်း စိတ်စွမ်းအင်က သတိပေးချက် ထုတ်ပြန်လိုက်သည်။

မုန်တိုင်းလာတော့မယ့် အငွေ့အသက်မျိုး ခံစားလိုက်ရသည်။

'ဘာဖြစ်တာလဲ'

မတွေးလိုက်ရခင်မှာပဲ ကောင်းကင်ကနေ သက်တံရောင် အလင်းတန်း တစ်ခု ကျဆင်းလာသည်။

"ဝါး လှလိုက်တာ"

အရောင်စုံ အလင်းတန်းကို မြင်တော့ ရှီဖုန်းလန်က လက်ခုပ်တီးပြီး အော်ဟစ်လိုက်သည်။

"အဲဒါ ဘာလဲ"

ကျန်းပေရန်က ထောင်ဝူကို မေးလိုက်သည်။

"မင်း ကံကောင်းတာပဲ ဒီလို သန့်စင်သော အလင်းတန်းမျိုးက ရှားပါးတယ် မင်းရောက်လာမှ ပေါ်လာတာပဲ"

'နာမည်ပေးတာကလည်း သာမန်ဆန်လိုက်တာ'

စိတ်ထဲကနေ ပြောလိုက်ပြီး ကျန်းပေရန်က မေးလိုက်သည်။

"အဲဒီ အလင်းတန်းက ဘာအကျိုးရှိလဲ"

"လှတယ်လို့ မထင်ဘူးလား"

"..."

ကျန်းပေရန် ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။

ဒီလောက် ထူးခြားတဲ့ စွမ်းအင် အလင်းတန်းကို အလှကြည့်ဖို့ သက်သက်ပဲ သဘောထားနေတာလား။

ထောင်ဝူက ကျန်းပေရန် ဘာတွေးနေလဲ ဆိုတာ ရိပ်မိပုံရသည်။

"သွားစို့ အနားသွားကြည့်ရအောင်"

အလင်းတန်း ကျဆင်းတဲ့ နေရာက သိပ်မဝေးတာကြောင့် မကြာခင် ရောက်သွားကြသည်။

အနားရောက်တော့ အလင်းတန်းက ငြိမ်သက်သွားပြီး ဘာမှ မထူးခြားတော့သလို ဖြစ်နေသည်။

"သေချာကြည့်"

ထောင်ဝူက အလင်းတန်း အောက်ကို ဝင်သွားလိုက်သည်။

ချက်ချင်းဆိုသလို သူ့ရဲ့ အပြာရောင် အမွေးတွေက တောက်ပလာပြီး အထူးပြုလုပ်ချက် ထည့်ထားသလို လှပသွားသည်။

"ဝင်ကြည့်မလား"

ထောင်ဝူက မေးလိုက်သည်။

ကျန်းပေရန်က ခေါင်းညိတ်ပြီး ဝင်ကြည့်လိုက်သည်။

'ဘာမှ မခံစားရပါလား'

အလင်းတန်းနဲ့ ထိတွေ့လိုက်ပေမယ့် ဘာမှ ထူးခြားမှု မရှိပေ။

နွေးတာလည်း မဟုတ် စူးတာလည်း မဟုတ်ပေ။

စိတ်စွမ်းအင်နဲ့ စမ်းသပ်ကြည့်တော့လည်း ဘာမှ မတွေ့ရပေ။

'မဖြစ်နိုင်တာ'

အလင်းတန်း ကျဆင်းလာတုန်းက စွမ်းအင်လှိုင်းတွေ ပြင်းထန်ခဲ့တာ သေချာသည်။

ထောင်ဝူက အလင်းတန်း အောက်က ထွက်လာပြီး ပြောလိုက်သည်။

"ဒီအလင်းတန်းက ရှားပါးပေမယ့် ငါအကြိမ်ကြိမ် ကြုံဖူးတယ် လှတာကလွဲရင် ဘာမှ မထူးခြားဘူး"

ထောင်ဝူ ပြောပေမယ့် ကျန်းပေရန် မယုံကြည်ပေ။

"ခေါင်းဆောင် ဒီအလင်းတန်းက ဘယ်လောက်ကြာကြာ ခံလဲ"

"ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကတော့ နောက်တစ်နေ့ကျမှ ပျောက်သွားတယ် ညဘက်ဆို ပိုလှတယ်"

ကျန်းပေရန်က နောက်ထပ် မေးခွန်း မေးမလို့ လုပ်တုန်းမှာပဲ ရှီဖုန်းလန်က ပန်းကုံး နှစ်ကုံး ကိုင်ပြီး ပြေးလာသည်။

"ပေရန်လေး ရော့"

ရှီဖုန်းလန်က အလင်းတန်း အောက် ဝင်လာပြီး ကျန်းပေရန် ခေါင်းပေါ် ပန်းကုံး စွပ်ပေးလိုက်သည်။

"ဒီက ပန်းတွေကို မခူးပါနဲ့လို့"

ကျန်းပေရန်က ရှီဖုန်းလန်ကို ဆူမလို့ လုပ်တုန်း ရပ်သွားသည်။

ခေါင်းပေါ်က ပန်းကုံးဆီကနေ သီချင်းဆိုသံ ကြားလိုက်ရလို့ ဖြစ်သည်။

တကယ်ကို ထူးဆန်းနေသည်။

လက်နက်တွေ စကားပြောတာ မြင်ဖူးတယ် သားရဲတွေ ဉာဏ်ကောင်းတာ မြင်ဖူးတယ် ဒါပေမဲ့ အပင်တွေက စိတ်ခံစားမှု ပြတာမျိုး တစ်ခါမှ မမြင်ဖူးပေ။

ပန်းကုံးကို ချွတ်ပြီး နားထောင်ကြည့်လိုက်တော့ ပန်းကုံးထဲက ပန်းတစ်ပွင့်က သီချင်းဆိုနေတာ ဖြစ်သည်။

ချီးမွမ်းခန်း ဖွင့်နေတဲ့ ပုံစံမျိုး ဖြစ်သည်။

ဆူခံရတော့မယ် ထင်ပြီး ငြိမ်နေတဲ့ ရှီဖုန်းလန်က ကျန်းပေရန် တိတ်ဆိတ်သွားတာ မြင်တော့ လက်ဝှေ့ယမ်းပြပြီး မေးလိုက်သည်။

"ပေရန်လေး ဘာဖြစ်လို့လဲ"

ကျန်းပေရန်က ခေါင်းခါလိုက်ပြီး အလင်းတန်း အပြင်ဘက် ထွက်လာခဲ့သည်။

အလင်းတန်း အပြင်ရောက်တာနဲ့ သီချင်းသံ ရပ်သွားသည်။

'ဒီအလင်းတန်း ကြောင့်ပဲ'

ကျန်းပေရန် တစ်ခုခုကို သဘောပေါက်လိုက်သည်။

သူက စိတ်စွမ်းအင် မြင့်မားလို့ သီချင်းသံကို ကြားရတာ ဖြစ်သည်။

ထောင်ဝူက ဘာမှ မကြားရလို့ ဘာမှ မထူးခြားဘူးလို့ ပြောနေတာ ဖြစ်သည်။

"ပေရန်လေး ဘာဖြစ်တာလဲလို့"

ရှီဖုန်းလန်က နောက်က လိုက်လာပြီး မေးလိုက်သည်။

ကျန်းပေရန်က ပြုံးလိုက်ပြီး ရှီဖုန်းလန်ရဲ့ ခေါင်းကို ပွတ်ပေးကာ ပြောလိုက်သည်။

"သွား ဒီပန်းမျိုးတွေ အများကြီး သွားခူးခဲ့"

အဆူမခံရတဲ့အပြင် အတူတူ ဆော့မယ် ဆိုတာ သိလိုက်တော့ ရှီဖုန်းလန် ပျော်သွားသည်။

"ကောင်းပြီ အများကြီး သွားခူးလိုက်မယ်"

ပြောပြီးတာနဲ့ ပြေးထွက်သွားသည်။

ရှီဖုန်းလန် ထွက်သွားတော့ ကျန်းပေရန်က ပန်းကုံးကို ကိုင်ပြီး အလင်းတန်း အောက် ပြန်ဝင်လာခဲ့သည်။

ထင်ထားတဲ့အတိုင်း ပန်းလေးက သီချင်း ပြန်ဆိုလာသည်။

'မဟုတ်ဘူး သူက ဘုရားသီချင်း ဆိုနေတာ'

ပန်းလေးထဲမှာ ဝိညာဉ်စွမ်းအင်တွေ ပြည့်ဝနေတာကို ကျန်းပေရန် အာရုံခံမိလိုက်သည်။

'ကောင်းပြီ'

ဒီပန်းက အဖိုးတန် ဆေးဖက်ဝင် ပန်းဆိုတာ သေချာသွားပြီ ဖြစ်သည်။

ဒါပေမဲ့ ဒီသီချင်းသံ ဘယ်က ထွက်လာလဲ ဆိုတာတော့ နားမလည်နိုင်သေးပေ။

'ဝိညာဉ်စွမ်းအင်လည်း မလှုပ်ရှားဘူး ပန်းပွင့်ကလည်း ဘာမှ မပြောင်းလဲဘူး'

'သီချင်းသံက ဘယ်က ထွက်လာတာလဲ'

All Chapters