ဟုန်သို နံပါတ် ၁
Vol. 14 Ch. 199
ကောင်းကင်ဘုံ ပိုင်နက်မှ ကိုယ်စားလှယ် သုံးဦး၏ ထူးချွန် ပြောင်မြောက်လှသော ယှဉ်ပြိုင်မှုသည် ကွင်းပြင်တစ်ခုလုံးအား လင်းလက်နေစေသည်။
ပွဲကြည့်စင်ရှိ ကျောင်းသားများ၏ ရင်ထဲတွင် မျှော်လင့်ချက်များ ပြန်လည်ရှင်သန် လာလေသည်။ သူတို့၏ ကိုယ်စားလှယ် သုံးဦးအား ကျော်နိုင်မည့်သူ မရှိတော့ချေ။ အခြားသော ကိုယ်စားလှယ်များ အနေဖြင့် လိုက်မီရန် မဖြစ်နိုင်တော့ချေ။
အန်လင်းတို့သည် စုစုပေါင်းရမှတ် ၂၅ မှတ် ရရှိထားပြီး အခြားအဖွဲ့များနှင့် ရမှတ်ကွာဟချက်အား ကျဉ်းမြောင်းနိုင်ခဲ့သည်။
ပြိုင်ပွဲ ဆက်လက် ပြုလုပ်လေသည်။
ဧဒင်ဥယျာဉ်မှ ကိုယ်စားလှယ်များသည် ၆ မှတ်၊ ၆ မှတ်၊ ၇ မှတ် အသီးသီးရရှိပြီး စုစုပေါင်း ၁၉ မှတ် ရရှိလေသည်။
ဗုဒ္ဓလောမှ ချင်ကျစ်တို့သည် ၅ မှတ်၊ ၆ မှတ်၊ ၇ မှတ် ရရှိကာ စုစုပေါင်း ၁၈ မှတ် ရရှိထားသည်။
ဖန်တီးခြင်းခန်းမ၏ အလှည့်သို့ ရောက်ရှိသည့်အခါတွင် ၆ မှတ်၊ ၇ မှတ်၊ ၇ မှတ် အသီးသီးရရှိကာ စုစုပေါင်းရမှတ် ၂၀ ဖြစ်သည့်အတွက် ဒုတိယနေရာ၌ ရှိနေလေသည်။
ဟုန်သိုသည် ၇ မှတ်ရရှိခဲ့သည့်အတွက် သူ၏ မီးဆန္ဒသည် အတော်လေး သန်မာသည်ဟု ဆိုရပေမည်။
စိတ်ဆန္ဒပွဲစဉ် အပြီးတွင် အဖွဲ့ လေးဖွဲ့စလုံးမှာ စုစုပေါင်းရမှတ် ၆၀ ဝန်းကျင် ရရှိထားကြသည်ကြာင့် အမှတ်တူနေသည်ဟု ဆိုရပေမည်။
ဧဒင်ဥယျာဉ်၏ ခေါင်းဆောင်ဖြစ်သူ စင်ပေါ်သို့ တက်လာလေသည်။ သူမ၏ ဖွံ့ဖွံ့ထွားထွား ခန္ဓာကိုယ်၊ ခါးသွယ်သွယ်နှင့် 36D အရွယ်အစား ဘောလုံးနှလုံးတို့သည် လူတိုင်းအား တိတ်ဆိတ်ငြိမ်ကျ သွားစေသည်။
နေရောင်သည် သူမအပေါ်မှ ထွန်းလင်းနေသည့်အတွက် သူမအား မြင့်မြတ်မှုနှင့် ခမ်းနားမှုတို့ လွှမ်းခြုံနေစေသည်။
လည်ချောင်း ရှင်းလိုက်ပြီးနောက် ရှင်သန်နိုင်စွမ်း ပွဲစဉ်အတွက် ညွှန်ကြားချက်များအား ဖတ်ကြားလေသည်။
“သက်ရှိအားလုံးက သူတို့ရှင်သန်လာတဲ့ ကာလတစ်လျှောက် အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်တယ်။ တချို့ဆိုရင် အဲဒီအခက်အခဲတွေကို မကျော်လွှားနိုင်တာမျိုး ရှိတတ်ကြတယ်”
“အန္တရာယ်များတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လို ရှင်သန် နေထိုင်ရမလဲဆိုတာ သင်ယူကြရမယ်။ တာအိုလမ်းစဉ်က ရှည်လျားပြီး အခက်အခဲတွေနဲ့ ပြည့်နေတယ်။ အဆုံးသတ်မှာ ရှင်သန်ကျန်ရစ်တဲ့ သူတွေကသာ အနိုင်ရရှိသူတွေ ဖြစ်တယ်။ အသက်ကိုရင်းမှာသာ အင်အားကြီး ပုဂ္ဂိုလ်တွေ ဖြစ်လာနိုင်တဲ့ အခွင့်အရေးကို ရရှိနိုင်မှာဖြစ်တယ်”
ရှင်သန်နိုင်စွမ်း ပွဲစဉ်သည် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရသည့် အခါတွင် မည်သို့ကျော်ဖြတ်နိုင်ရန် ကြိုးပမ်းကြမည်ကို စမ်းသစ် စစ်ဆေးခြင်းလည်း ဖြစ်သည်။
ဗာနက်ဆာသည် သူမ၏ လက်နှစ်ဖက်အား ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ်သဏ္ဌာန် ပြုလိုက်သည်။ (ဝါကန်ဒါဖော်အဲဗား ပုံစံလိုလေ_) ထို့နောက်တွင် သူမ၏ ခန္ဓာကိုယ်အတွင်းမှ အဖြူရောင်အလင်း စက်လုံးတစ်ခု ပေါ်ပေါက်လာသည်။ ယင်းသည် သူ၏ရှေ့တွင် ကျယ်ပြန့်လာပြီး အထူးစင်္ကြံ တစ်ခုအသွင်သို့ ပြောင်းသွားလေသည်။
“ဒီဟာက ဘေးအန္တရာယ် စစ်ဆေးခြင်း နယ်မြေကိုသွားတဲ့ ဝင်ပေါက်ပဲ။ မင်းတို့အားလုံးရဲ့ ခန္ဓာကိုယ်ထဲမှာ အသက် မျိုးစေ့လေးတွေ စိုက်ပျိုးပေးလိုက်မယ်။ အဲဒီမျိုးစေ့လေးတွေ အက်ကွဲသွားတာနဲ့ မင်းတို့ သတ်ဖြတ်ခံရလိမ့်မယ်။ စစ်ဆေးနေစဉ် အတွင်းမှာ ပြိုင်ပွဲဝင်တွေက တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်လို့မရဘူး။ အဲဒီလိုဆိုရင် ထုတ်ပယ်ခံရမှာ ဖြစ်တယ်”
သူမ၏ ရှင်းလင်းချက် ပြီးဆုံးသွားသည့် အခါတွင် ဗာနက်ဆာ၏ လက်ဖဝါးပေါ်တွင် အစိမ်းရောင် အလင်းလုံးလေးများ ရောက်ရှိလာသည်။
အလင်းလုံး ၁၂ လုံးသည် ပြိုင်ပွဲဝင်များ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက် ပေါင်းစပ်ပြီးနောက် ပျောက်ကွယ် သွားလေသည်။
အန်လင်းသည် သူ၏ခန္ဓာကိုယ် အတွင်းရှိ အသက်စေ့အား ခံစားမိလေသည်။ ယင်းအား မမြင်နိုင်သည့် အကာအကွယ် တစ်ခုဖြင့် လွှမ်းခြုံထားပြီး လွန်စွာအားကောင်းသည့် အော်ရာများ ထုတ်လွှတ် နေလေသည်။
ဗာနက်ဆာမှ ဆက်လက်၍ …
“ဒီထဲမှာ အန္တရာယ်နယ်မြေ ၁၀ ခု ရှိတယ်။ နယ်မြေတစ်ခုကို ၁၀ မိနစ် အနည်းဆုံးထားပြီး ဖြတ်ကျော်ရမယ်။ တစ်ခုကို ဖြတ်ကျော်နိုင်တိုင်း ၁ မှတ်ရရှိမှာဖြစ်တယ်။ ပြိုင်ပွဲဝင်တွေက ဒီစင်္ကြံကို ဖြတ်သန်းပြီး စမ်းသပ်မြေပြင်ကို ဝင်ရောက်ပေးကြပါ။ မင်းတို့ရဲ့ စမ်းသပ်မှုအားလုံးကို ဖန်သားပြင်ပေါ်မှာ ထုတ်လွှင့်နေမှာ ဖြစ်တယ်”
ရှင်သန်နိုင်စွမ်း ပွဲစဉ်လား။
အန်လင်းမှာ မျက်ခုံး ပင့်လိုက်လေသည်။ မည်သည့် ကြောင့်ရယ်မသိ ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်း၏ အပျက်အစီးပုံများမှ တွေ့အကြုံများကို ရုတ်တရက အမှတ်ရမိလိုက်သည်။
ကိုယ်စားလှယ် ၁၂ ဦးတို့သည် စင်္ကြံလမ်းမှတစ်ဆင့် စမ်းသပ်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားပြီး ချော်ရည်အပြည့် စီးဆင်းနေသည့် မြေပြင်ပေါ်တွင် ပေါ်လာကြလေသည်။
“စမ်းသပ်မှု စတင်ပါပြီ။ ၁၀ မိနစ်အတွင်း ဖြစ်ကျော်နိုင်ရပါမယ်”
“ဖူး ... ပူလိုက်တာဟ”
လျှိုချင်ဟွမ်၏ မျက်နှာများ နီရဲလာသည်ကြောင့် အေးမြမန္တန် တစ်ခုအား အသုံးပြုလိုက်သည်။
“ပျော်မနေနဲ့ဦး။ ဒီဟာက အန္တရာယ်နယ်မြေ ဖြစ်တာမို့ ငါတို့ သတိမထားမိနိုင်တဲ့ အန္တရာယ်တွေ အများကြီး ရှိနိုင်တယ်”
ဝမ်ရွှမ်ကျန့် သတိပေးလိုက်သည်။
အန်လင်းသည် အလေးအနက်ထား ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်အား သတိကြီးစွာဖြင့် စူးစမ်းနေလေသည်။
အခြားသော ကိုယ်စားလှယ်များ သည်လည်း အကာအကွယ် မန္တန်များအား ပြင်ဆင်ထား ကြလေသည်။
ဂျိမ်း ဂျိမ်း ဂျိမ်း
ချော်ရည်ပူပေါင်းများ ပွက်သံမှအပ အလွန်တိတ်ဆိတ် နေလေသည်။
ကျောက်ရည်ပူများ အုန်းအုန်း ထသံများမှအပ အခြားအသံများ မရှိချေ။
ငါးမိနစ် ကုန်လွန်သွားလေပြီ။
အခြားသော အဖြစ်အပျက်များ ဖြစ်ပွားခြင်းမရှိချေ။
လူတိုင်းမှာ လွန်စွာစိတ်ရှုပ်ထွေး လာကြပြီး ပတ်ဝန်းကျင်အား သတိကြီးစွာဖြင့် ကြည့်နေကြလေသည်။
အချိန်မှာ ဖြည်းညင်းစွာ ကုန်ဆုံးနေလေသည်။
“ဂုဏ်ယူပါတယ်။ မင်းတို့အားလုံး ပထမနယ်မြေကို အောင်မြင်စွာ ကျော်ဖြတ်နိုင် ခဲ့ပါတယ်”
ရုတ်တရက်ဆိုသလို ဗာနက်ဆာ၏ အသံထွက်ပေါ် လာလေသည်။
လူတိုင်းအံ့အားသင့် သွားကြပြီး နောက်တွင်မှ နားလည်သဘော ပေါက်မိကြသည်။ မေတ္တာလက်ဆောင် ပေးတာပေါ့နော်။
မူးဝေသွားကြပြီးနောက် အခြားနေရာသို့ ပို့ဆောင်ခံလိုက်ရသည်။
ဤတစ်ကြိမ်တွင် သူတို့သည် တောင်တစ်လုံး၏ဘေးတွင် ပေါ်လာကြခြင်း ဖြစ်သည်။
သူတို့သည် အလွန်ကျယ်ပြန့်သည့် နှင်းများ ဖုံးလွှမ်းနေသော နေရာတွင် ရောက်ရှိနေကြပြီး ဖြစ်ပြီး ရေခဲတမျှအေးစက်သည့် လေပြင်းများ တိုက်ခတ်နေသည်ကြောင့် လေထုထဲတွင် နှင်းလုံးများ လှိုင်းထလျက်ရှိသည်။
“ဒီအအေးထဲမှာ ၁၀ မိနစ် မတ်တတ်ရပ် နေရမှာတော့ မဟုတ်ဘူး မလား”
လျှိုချင်ဟွမ်သည် သူမ၏ ပါးနှစ်ဖက်အား လက်ဖြင့်ပုတ်ကာဖြင့် ဆန္ဒပြလေသည်။ စိတ်ကူးဖြင့်ပင် တွေးမကြည့်ဖူးသည့် စမ်းသပ်ချက် ဖြစ်လေသည်။
“ဗာနက်ဆာက ကျွန်တော်တို့ကို မီးနဲ့ ရေခဲကို တစ်လှည့်စီ ခံစားခိုင်းတယ်တယ်။ မဆိုးပါဘူးလေ”
အန်လင်းသည် ပျင်းရိစွာဖြင့် အညောင်းဆန့်လိုက် သေးသည်။
အလွန်နိမ့်စင်းသည့် အချိန်တွင် ရှိနေသော်လည်း ကျင့်ကြံသူများအတွက် ဆိုးကျိုးမရှိပေ။
လူတိုင်သည် အောင့်အည်း သည်းခံလျက်နှင့် မတ်တတ်ရပ်လျက် ရှိကြသည်။ မည်သည့်စိန်ခေါ်မှုမျှ မရှိချေ။ အရာအားလုံးသည် ပျင်းရိဖွယ်သာ ဖြစ်သည်။
ဝုန်း
ရုတ်တရက်ဆိုသလို ကောင်းကင်နှင့် မြေပြင်သည် ပြင်းထန်စွာ တုန်ခါလာလေသည်။
လူတိုင်းသည် အသံထွက်ပေါ်ရာ နေရာအား စိုးရိမ်မှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။
“အဲဒါ ဘာအသံကြီးလဲ”
ချင်ကျစ်မှာ မျက်မှောင်ကြုတ် လိုက်မိသည်။
ထိုအသံသည် သူတို့နှင့် နီးကပ်လာပြီး လှိုင်းလုံးသဖွယ် တဖြည်းဖြည်း သန်မာအားကောင်း လာလေသည်။
“နှင်းပြိုတာဟ။ ပြေးကြဟေ့”
အန်လင်း အထိတ်တလန့် ရေရွတ်လိုက်သည်။
“စိတ်အေးအေး ထားပါဦး။ ငါတို့က ပျံနိုင်တယ်လေ။ မင်းသိတယ် မဟုတ်လား”
ဩဂတ်စ်သည် အသာရယ်မောလိုက်ပြီး သူ၏ တောင်ပံဖြူများအား ဖြန့်ကာဖြင့် ပျံသန်းသွားလေသည်။
အန်လင်းသည် ထိုအခါမှ အသိဝင်လာပြီး ရှက်ရွံ့သွားမိသည်။ ထို့နောက်တွင် သူ၏ အုတ်ခဲပေါ်သို့ တက်ကာ ပျံသန်းလိုက်လေသည်။
ရှင်သန်နိုင်စွမ်းအား စမ်းသပ်စစ်ဆေးခြင်း ဖြစ်သည်ကြောင့် အန်လင်းမှာ လိုသည်ထက်ပိုမိုကာ တက်ကြွနေခြင်း ဖြစ်သည်။
လူတိုင်းသည် ပျံသန်းလိုက်ကြပြီး နှင်းပြိုလာမှုအား ရှောင်ရှားလိုက် ကြလေသည်။
ဟုန်သိုသည် နှင်းထုကြီးအား ကြည့်ကာဖြင့် ရယ်မောနေလေသည်။
“ဒီနှင်းသေးသေးလေး ကိုကွာ။ ငါ့အတွက်ကတော့ အေးဆေးပဲ ဒီမှာပဲ လှဲနေတော့မယ်”
မြေပြင်တွင် လဲလျောင်းကာဖြင့် လေထဲတွင် ရှိနေကြသူများအား သရော်ကာ ကြည့်လိုက်သည်။
ဝုန်း
ကြီးမားသည့် နှင်းလုံးကြီးမား ကျဆင်းလာပြီး မြေပြင်အား ပြင်းထန်စွာ တုန်ခါစေပြီးနောက် ဟုန်သိုအား နှစ်မြုပ်ပစ် လိုက်လေသည်။
အန်လင်းသည် မေးအား ပွတ်လိုက်သည် နှင်းပြိုမှုသည် ဟုန်သိုအား ထိခိုက်ရန် မဖြစ်နိုင်ပေ။ သို့သော်လည်း ဤကဲ့သို့ ကြွားဝါရန် လိုအပ်သည်လား။
ခေတ္တမျှ ကြာပြီးသည့်အခါ …
“ဟုန်သို သေဆုံးသွားပြီ။ ရမှတ် ၁ မှတ်”
ဗာနက်ဆာ၏အသံ ထွက်ပေါ်လာသည်။
ထိုကြေညာချက်ကြောင့် လူတိုင်းမှာ အံ့အားသင့်သွားကြပြီး မြေပြင်ရှိ နှင်းထုအား တုန်လှုပ်ကာဖြင့် ကြည့်နေမိကြသည်။
ဝုန်း
ဟုန်သိုမှာ နှင်းများအကြားမှ ပေါက်ကွဲထွက်လာသည်။
သူသည်လည်း ထိုကြေညာချက်အား ရှင်းရှင်းလင်းလင်း ကြားလိုက်မိသည်။ မယုံကြည်နိုင်မှုကြောင့် ချက်ချင်း ငြင်းခုန်လေသည်။
“မဖြစ်နိုင်ဘူး။ ကျွန်တော်က ဘာမှမဖြစ်ဘူးလေ။ ဘာလို့ထွက်ရမှာလဲ”
“ဘာမှမဖြစ်တာ သေချာရဲ့လား။ နင့်ရဲ့ အသက်စေ့လေးကို ကြည့်လိုက်ပါဦး”
ဗာနက်ဆာ၏အသံ ထွက်ပေါ်လာပြန်သည်။
ငါ့ရဲ့ အသက်စေ့လား။
ဟုန်သိုသည် အသိပြန်ဝင်လာပြီး မယုံကြည်နိုင်မှုဖြင့် မျက်လုံးများ ပြူးကျယ်လာလေသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အသက်စေ့လေးမှာ လုံးဝ ပျက်စီးသွားသည်ကို ခံစားမိနေသည်။
“ဘယ်လိုဖြစ်ပြီး ... သောက်ရေးမပါတာ။ ဘာလို့များ ဒီအသက်စေ့က အဲဒီလောက်ထိ အထိမခံ ဖြစ်နေရတာလဲ”
ဟုန်သိုသည် ပြောင်ပြောင် တင်းတင်းပင် အော်ဟစ်လေသည်။ အဖြစ်မှန်အား လက်မခံနိုင်သည်မှာ ထင်ရှားလှသည်။
“နင်က ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို လျှော့တွက်ခဲ့ပြီး နင့်ရဲ့စွမ်းရည်တွေကို အရမ်း အထင်ကြီးလွန်း နေတယ်လေ။ ဒါက တာအိုရှာဖွေတဲ့ ခရီးလမ်းမှာ အခြေခံအကျဆုံး အချက်ပဲ။ ကိုယ့်ရဲ့အသက်ကို လောင်းကြေး မထပ်မိစေဖို့ သတိထားရမယ်။ မဟုတ်ဘူးဆိုရင် နောက်တစ်ကြိမ်မှာ ပေးဆပ်လိုက်ရမှာ အသက်စေ့ မဟုတ်ဘဲ နင့်ရဲ့အသက်စွမ်းအား ဖြစ်သွားလိမ့်မယ်”
ဟုန်သိုသည် အော်ဟစ်လိုက် သော်လည်း သူ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီ ဖြစ်သည်။
လူတိုင်းသည် ဟုန်သိုအား ကျေးဇူးတင်မှု ကရုဏာသက်မှုတို့ဖြင့် ကြည့်လိုက်ကြသည်။
သနားကရုဏာ သက်မိခြင်းမှာ တစ်မှတ်သာလျှင် ရရှိကာဖြင့် ထွက်လိုက်ရခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ကျေးဇူးတင်မိသည့် အချက်မှာ သူတို့ သယ်ဆောင်ထားသော အသက်စေ့သည် လွန်စွာအထိ မခံနိုင်ဟူသော အချက်အား သိရှိလိုက်ရခြင်းကြောင့်ပင်။
ဟွမ်ရှန့်နှင့် တုန်ယန်တို့သည် ဟုန်သိုထွက်ခွာသွားမှုအား စိတ်ထဲပင် မရှိကြချေ။
တုန်ယန်သည် ပျင်းရိသည့် အမူအရာဖြင့် သန်းဝေလိုက်ပြီးနောက်…
“အဲဒီ သောက်ရူးကောင်က နောက်ဆုံးတော့ ထွက်သွားပြီလေ”
ဟွမ်ရှန့်သည်လည်း ခေါင်းညိတ်လိုက်ပြီး…
“တကယ့် သောက်ရူးကောင်။ ငါတို့အဖွဲ့က နောက်ဆုံးနေရာကို ရောက်နေတာ အံ့ဩစရာမရှိဘူး။ အထက်လူကြီးတွေက ငါတို့ကို ဆွဲချဖို့ အဲဒီသောက်ရူးကို လွှတ်လိုက်တယ်လေ”
အန်လင်း : “…”
ဟုန်သိုကို အခုလို ဆိုးဆိုးဝါးဝါး ပြောနေကြတာ တကယ်ကြီး အဆင်ပြေတာလား။ အားလုံး ကြားနေရတာလေ။
“ဂုဏ်ယူပါတယ်။ ဒုတိယနယ်မြေကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါပြီ”
မိနစ်အနည်းငယ် ကြားပြီးသည့်နောက်တွင် အသံထွက်ပေါ်လာ ပြန်သည်။
ချက်ချင်းဆိုသလို တည်နေရာ ရွှေ့ပြောင်း ခံလိုက်ရပြန်သည်။
သူတို့အားလုံးတို့သည် နက်ရှိုင်းသည် သမုဒ္ဒရာအတွင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြောက်ဖက်ဖွယ်ရာ ရေထုဖိအား၏ ဝါးမျိုမှုအောက်သို့ ရောက်ရှိသွား လေတော့သည်။