← Chapters

ကောင်းကင်အမိန့်တော် နတ်ဘုရား နည်းစနစ်

Vol. 24 Ch. 232

ကောင်းကင်အမိန့်တော် နတ်ဘုရား နည်းစနစ်

Vol. 24 Ch. 232

ယာမာနန်းတော် သည် အရှေ့ပိုင်း ကောင်းကင်ရှိ အာဏာရှင်အဆင့် အင်အားစုများထဲမှ တစ်ခု ဖြစ်ပေသည်။

၎င်း၏ ဂုဏ်သတင်းသည် ကျော်ကြားလှပြီး ဂိုဏ်းအဖွဲ့အစည်း များစွာသည် ၎င်း၏ လက်အောက်ခံများ ဖြစ်လာကြချေ၏။

ယာမာနန်းတော်သည် ၎င်း၏ အင်အားတစ်ခုတည်းဖြင့် အဆုံးမဲ့ နယ်မြေများကို အုပ်စိုးထားနိုင်ခဲ့လေသည်။

၎င်း၏ နယ်မြေ ကျယ်ဝန်းမှုသည် နှင်းစက်မျှောလွင့်အင်ပါယာ နှင့် အခြားသော အင်ပါယာ အင်အားစုများအောက် မလျော့နည်းချေ။

ယာမာနန်းတော်၏ဘုန်းတန်ခိုးသည် သမိုင်းတစ်လျှောက် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပေသည်။

၎င်း၏နန်းတော်သခင်သည် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ ဖြစ်ရုံသာမက ကျောင်းဆောင်တစ်ခုလုံးကို ထောက်ပံ့ပေးထားသည့် ကျော်ကြားသော ယာမာဘုရင် ငါးပါးလည်း ရှိနေသေးလေသည်။

ထို့အပြင် ယာမာဘုရင် ငါးပါး၏ ခေါင်းဆောင်ဖြစ်သော ကောင်းကင်မိစ္ဆာ ယာမာ သည် ပါရမီထူးကဲသူ ဖြစ်ပြီး ယာမာနန်းတော်၏ မျှော်လင့်ချက်များနှင့်အညီ ဖန်ဆင်းခြင်းနယ်ပယ်သို့ ခြေလှမ်းလှမ်းနိုင်ခဲ့ပြီ ဖြစ်ချေ၏။

ထို့ကြောင့် ဤမျိုးဆက် ယာမာနန်းတော်တွင် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး ရှိနေလေသည်။

သူတို့သည် အမှန်တကယ်ပင် အာဏာရှင်ဆန်သည်ဟု ပြောနိုင်ပြီး မည်သူမျှ သူတို့၏ အမိန့်ကို မဖီဆန်ရဲကြချေ။

ယာမာနန်းတော်၏ အမည်နာမသည် အရှေ့ပိုင်း ကောင်းကင် တစ်ခုလုံးတွင် ပဲ့တင်ထပ်နေခဲ့ပေသည်။

သန်းပေါင်းများစွာသော သက်ရှိများသည် ၎င်း၏ အာဏာစက်အောက်တွင် တုန်လှုပ်နေကြရပြီး နောက်ဆုံးထွက်သက်အထိ ရုန်းကန်ကာ ကြောက်ရွံ့မှုများဖြင့် နေထိုင်နေကြရလေသည်။

သို့သော် အရာအားလုံးသည် မျှော်လင့်မထားသော အရာများဖြစ်လာချေ၏။

ယာမာနန်းတော်၏ ကောင်းကင်မိစ္ဆာ ယာမာသည် ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ် တွင် ကျဆုံးခဲ့ပြီး သူတော်စင်နတ်ဘုရားကျောင်းတော်၏ (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရား၏ လက်ချက်ဖြင့် သေဆုံးခဲ့ရလေသည်။

ဤမုန်တိုင်းသည် မငြိမ်သက်သေးမီမှာပင်။

ယာမာနန်းတော်နှင့် နီးစပ်သော အင်အားစုများသည် သူတို့ကို တုန်လှုပ်စေမည့် အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပြန်ပေသည်။

ယာမာနန်းတော် အတွင်း၌ အလွန် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့လေသည်။

၎င်းသည် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦးကြား တိုက်ပွဲဖြစ်သည်ဟု သံသယ ရှိကြချေ၏။

တိုက်ပွဲ၏ စွမ်းအားသည် ကောင်းကင်ကိုးထပ်ကို တုန်ခါစေခဲ့ပြီး မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပေသည်။

တိုက်ပွဲ ငြိမ်သက်သွားပြီးနောက်။

နောက်ထပ် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခု ထွက်ပေါ်လာပြန်လေသည်။

ဇောက်ထိုးမှောက်လှန်သွားသော ကြယ်တာရာ ပင်လယ်ကြီးကဲ့သို့ ၎င်းသည် အရှေ့ပိုင်း ကောင်းကင် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားချေ၏။

အရှေ့ပိုင်း ကောင်းကင်တွင် နှစ်ပေါင်းများစွာ မားမားမတ်မတ် ရပ်တည်ခဲ့သော အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ယာမာနန်းတော်သည် ချေမှုန်းခံလိုက်ရလေပြီ။

၎င်း၏ကျွမ်းကျင်သူ အားလုံး သတ်ဖြတ်ခံလိုက်ရပြီး အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှ မရှိတော့ချေ။

ဤအခြေအနေတွင် ယာမာနန်းတော်သည် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်ပြီး ရှည်လျားသော အချိန်မြစ်ထဲတွင် ပျောက်ကွယ်သွားကာ ဆက်လက် တည်ရှိခြင်း မရှိတော့ပေ။

ယာမာနန်းတော်ကို ဖျက်ဆီးခဲ့သူမှာ သူတော်စင်နတ်ဘုရားကျောင်းတော်၏ (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရား ရှန်းချန်ကောပင် ဖြစ်ချေ၏။

ရှန်းချန်ကော၏ အမည်နာမသည် အရှေ့ပိုင်း ကောင်းကင် တစ်ခုလုံးတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားပြန်လေသည်။

သူသည် ဘယ်နေရာမှန်းမသိ ရောက်ရှိလာသော ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်ပြီး ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူများကို သွေးမြေကျစေကာ အင်အားကြီး အဖွဲ့အစည်းကြီး တစ်ခုကို ဖျက်ဆီးပစ်လိုက်လေသည်။

သို့သော် ဤအရာသည် အဆုံးသတ် မဟုတ်သေးပေ။

ထို့နောက် နောက်ထပ် သတင်းများ ရောက်ရှိလာပြန်ချေ၏။

ယာမာနန်းတော် ပြီးနောက် အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ကောင်းကင်လျှို့ဝှက်နန်းဆောင် သည်လည်း ဖျက်ဆီးခံလိုက်ရပြန်လေသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ နန်းဆောင်သခင်သည် သတ်ဖြတ်ခံလိုက်ရပေသည်။

ထို့နောက် အရှေ့ပိုင်း ကောင်းကင်ကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့သော နတ်ဘုရား နန်းတော် သည်လည်း တစ်စုံတစ်ယောက်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြန်လေသည်။

ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦးသည် ဟင်းလင်းပြင်တွင် သွေးမြေကျကာ သေဆုံးသွားခဲ့ကြရချေ၏။

ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ်မှ တိုက်ပွဲ မပြီးဆုံးသေးမီမှာပင် နောက်ထပ် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခု ရောက်ရှိလာခြင်း ဖြစ်ပေသည်။

ပထမဦးစွာ ယာမာနန်းတော်၏နန်းတော်သခင်။

ထို့နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင် နန်းဆောင်သခင်။

နောက်ဆုံးတွင် နတ်ဘုရား နန်းတော်၏နတ်ဘုရားသခင်နှင့် အခြား ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦး။

ဖန်ဆင်းခြင်းနယ်ပယ် အာဏာရှင် လေးဦးသည် ရက်အနည်းငယ် အတွင်း ရှန်းချန်ကော၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး အရှေ့ပိုင်း ကောင်းကင် တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့လေသည်။

မရေမတွက်နိုင်သော လူများသည် ကြောက်ရွံ့ ထိတ်လန့်ကာ မငြိမ်မသက် ဖြစ်နေကြချေ၏။

ဤ သတ်ဖြတ်မှု ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားပြီးနောက် ရှန်းချန်ကော၏ကျော်ကြားမှုသည် ပြိုင်ဘက်ကင်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေသည်။

(၁၀) ပါးမြောက် သူတော်စင်နတ်ဘုရား ရှန်းချန်ကော၏ အမည်နာမကို လူတိုင်း ကြောက်ရွံ့နေကြပေသည်။

ရှန်းချန်ကောသည် သူတော်စင်နတ်ဘုရားကျောင်းတော်ကိုလည်း အခြား အထွတ်အထိပ် တစ်ခုသို့ ပို့ဆောင်ပေးခဲ့လေသည်။

၎င်း၏ ပြင်းထန်သော ဂုဏ်သတင်းသည် အရှေ့ပိုင်း ကောင်းကင် တစ်ခုလုံးတွင် ကျော်ကြားလာပြီး မရေမတွက်နိုင်သော လူများက တားမြစ်ထားသော အရာတစ်ခုအဖြစ် သတ်မှတ်ထားကြချေ၏။

...

အမည်မသိ နယ်မြေတစ်ခုတွင်။

ခမ်းနားထည်ဝါပြီး မြင့်မြတ်သော ခန်းမဆောင်ကြီး အတွင်းတွင် လော့ယွင်ရှီး သည် လူ့ပြည်သို့ ဆင်းသက်လာသော ဧကရီဘုရင်မ တစ်ပါးကဲ့သို့ ပလ္လင်ထက်တွင် ထိုင်နေလေသည်။

သူမထံမှ ကြီးမားကျယ်ပြန့်သော အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် လူများကို တည့်တည့် မကြည့်ရဲအောင် ဖြစ်စေပြီး သူမကို ကိုးကွယ်ချင်စိတ် ပေါက်သွားစေပေသည်။

အောက်ဘက်ရှိ လူများထံမှ တင်ပြချက်များကို တိတ်ဆိတ်စွာ နားထောင်နေရင်း သူမ၏ မျက်လုံးများသည် အေးစက်နေလေသည်။

ခန်းမဆောင်၏ အောက်ဘက်တွင် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးသည် လေးစားသော မျက်နှာထားဖြင့် သတင်းအချို့ကို တင်ပြနေပေသည်။

ခဏကြာသောအခါ။

လော့ယွင်ရှီးသည် မျက်လုံးများကို ဖွင့်လိုက်ရာ သူမ၏မျက်ဝန်းများထဲတွင် အရောင်တစ်ချက် လက်သွားလေသည်။

သူမသည် တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"ရှန်းချန်ကော... ရှင်က နတ်ဘုရားချပ်ဝတ်ကို ရယူနိုင်ခဲ့ရုံမကဘဲ အင်အားကြီး အဖွဲ့အစည်း သုံးခုကိုပါ ဖျက်ဆီးပစ်လိုက်တာပေါ့... ငါ မျက်စိကျထားတဲ့သူနဲ့ တကယ် တူပါပေတယ်... မဆိုးဘူးပဲ..."

သူမ၏စကားများတွင် လေးစားအားကျမှုများ ပြည့်နှက်နေပေသည်။

ခန်းမဆောင် အတွင်းတွင် သတင်းလာပို့သော သူတော်စင်နတ်ဘုရားသည်လည်း သူ၏ မျက်လုံးများထဲတွင် လေးစားသော အရိပ်အယောင်များ ပြသနေလေသည်။

သူသည် တခါမှ မမြင်ဖူးသေးသော (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရားကို တွေ့ဆုံရန် မစောင့်နိုင်တော့သကဲ့သို့ ဖြစ်နေချေ၏။

ယခင်က သူတော်စင်သခင်မ ကိုယ်တိုင် အမိန့်ပေးပြီး ရှန်းချန်ကောကို သူတော်စင်နတ်ဘုရားကျောင်းတော်၏ (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရား အဖြစ် ခန့်အပ်ခဲ့စဉ်က ဤလူများသည် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသော်လည်း သူတော်စင်သခင်မ၏ အာဏာကို မဖီဆန်ရဲကြသဖြင့် လက်လျှော့ခဲ့ကြရခြင်း ဖြစ်ပေသည်။

သူတို့၏ အမြင်တွင် ရှန်းချန်ကောသည် ပါရမီ ထူးကဲသော်လည်း သူတော်စင်နတ်ဘုရား ရာထူးနှင့် မထိုက်တန်ဟု ထင်မြင်ခဲ့ကြလေသည်။

သူတော်စင်နတ်ဘုရားကြီး ဆယ်ပါးအနက် မည်သူက မဟာပျက်စီးခြင်း နယ်မြေကို လွှမ်းမိုးထားသော ကျော်ကြားသည့် ဖန်ဆင်းခြင်းနယ်ပယ် အာဏာရှင် မဟုတ်ဘဲ ရှိမည်နည်း။

ရှန်းချန်ကောသည် ယန်နယ်ပယ် တွင်သာ ရှိသေးသော်လည်း သူတို့နှင့် တစ်တန်းတည်း ဖြစ်နေလေသည်။

သူတို့သည် ရှန်းချန်ကောအတွက် ရှက်ရွံ့နေခဲ့ကြပေသည်။

ယခုအခါ ရှန်းချန်ကော၏ ဆက်တိုက် ရရှိခဲ့သော ဂုဏ်ပြောင်သည့် တိုက်ပွဲ အောင်မြင်မှု သတင်းများ ပျံ့နှံ့လာပြီး သူ၏ ကျော်ကြားမှုသည် အရှေ့ပိုင်း ကောင်းကင် တစ်ခုလုံးသို့ ရောက်ရှိသွားသောအခါ သူတို့၏ အမြင်များ များစွာ ပြောင်းလဲသွားကြလေပြီ။

နတ်ဘုရား နန်းတော်

ယာမာနန်းတော်

ကောင်းကင်လျှို့ဝှက်နန်းဆောင်

ဤ အင်အားစု သုံးခုစလုံးသည် အရှေ့ပိုင်း ကောင်းကင်မှ အာဏာရှင်အဆင့် အင်အားစုများ ဖြစ်ကြပေသည်။

သူတို့တွင် ရှည်လျားသော အမွေအနှစ်များနှင့် နက်ရှိုင်းသော အခြေခံအုတ်မြစ်များ ရှိကြလေသည်။

သူတို့၏ ကျွမ်းကျင်သူများသည် တိမ်တိုက်များကဲ့သို့ များပြားပြီး တစ်ဖွဲ့စီတွင် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးစီ ရှိကြချေ၏။

သူတော်စင်နတ်ဘုရားကျောင်းတော်ပင်လျှင် သူတို့ကို ကိုင်တွယ်ရန် အလွန် ခက်ခဲသည်ဟု ခံစားခဲ့ရဖူးလေသည်။

ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ သူတို့သည် မတိုက်ခိုက်ချင်ခဲ့ကြပေ။

သူတော်စင်နတ်ဘုရားကျောင်းတော်သည် အင်အားကြီးမားသော်လည်း တက်သစ်စ ကြယ်ပွင့် ဖြစ်ပြီး အရှေ့ပိုင်း ကောင်းကင်ရှိ အင်အားစုများ၏ အသိအမှတ်ပြုခြင်းကို မခံရသေးသော အင်အားစုသစ် တစ်ခု ဖြစ်နေသေးလေသည်။

အကယ်၍ သူတို့သာ အင်အားကြီး အဖွဲ့အစည်း တစ်ခုကို မဆင်မခြင် ဖျက်ဆီးလိုက်ပါက အခြား အင်အားစုများအကြား ထိတ်လန့်မှုကို ဖြစ်စေလိမ့်မည် ဖြစ်ပေသည်။

ထိုအချိန်တွင် သူတို့သည် သူတော်စင်နတ်ဘုရားကျောင်းတော်ကို ခုခံရန် မဟာမိတ် ဖွဲ့ကောင်း ဖွဲ့လာနိုင်ချေ၏။

မထင်မှတ်ဘဲ နတ်ဘုရား ပစ္စည်း ပေါ်ထွန်းလာခြင်းသည် မီးရှူးမီးပန်း ဖြစ်လာကာ ရှန်းချန်ကောအား သူတို့ကို လွှမ်မိုးနိုင်စေပြီး အင်အားကြီး အဖွဲ့အစည်း သုံးခုကို ဖျက်ဆီးနိုင်စေခဲ့လေသည်။

ယခုအခါ သူတော်စင်နတ်ဘုရားကျောင်းတော်၏ အတွင်းဘက်သည် ရှန်းချန်ကောအကြောင်း အလွန် သိချင်စိတ် ပြင်းပြနေကြပြီး တချိန်တည်းမှာပင် သူ့ကို လေးစားနေကြပြီ ဖြစ်ပေသည်။

(၁၀) ပါးမြောက် သူတော်စင်နတ်ဘုရား

နောက်ဆုံးတွင်တော့ သူသည် သူတော်စင်နတ်ဘုရားကျောင်းတော်၏ အဖွဲ့ဝင် တစ်ဦးပင် မဟုတ်ပါလော။

...

ဝတ်ရုံနက် အဖွဲ့အစည်း

ခန်းမဆောင် အတွင်းတွင် ရှန်းချန်ကောသည် မျက်လုံးများကို မှိတ်ထားပြီး ကျင့်ကြံနေပေသည်။

သူသည် ဤခရီးစဉ်မှ များစွာ အကျိုးအမြတ် ရရှိခဲ့လေသည်။

နတ်ဘုရားချပ်ဝတ်ကို ရရှိခဲ့ရုံသာမက ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ အများအပြားနှင့်လည်း တိုက်ခိုက်ခဲ့ရချေ၏။

တိုက်ခိုက်ခြင်းသည် တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ရန် အမြန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်း ဖြစ်သည်မှာ ယုံမှားသံသယ ဖြစ်ဖွယ် မရှိပေ။

ဖန်ဆင်းခြင်းနယ်ပယ် သက်ရှိ အများအပြားကို ဆက်တိုက် သတ်ဖြတ်ပြီးနောက် သူသည် သူလေ့လာထားသော ပညာရပ်များကို ပိုမို ကျွမ်းကျင်လာပြီး သူ၏အင်အားသည် ကြီးမားသော တိုးတက်မှုကို ရရှိခဲ့လေသည်။

ထို့အပြင်...

သူသည် ကောင်းကင်ဘုံနတ်ဘုရားတောင်ထိပ်တွင် ချက်အင်ဝင်ခဲ့လေသည်။

ယာမာနန်းတော်တွင် ချက်အင်ဝင်ခဲ့လေသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်တွင် ချက်အင် ဝင်ခဲ့လေသည်။

နတ်ဘုရား နန်းတော်တွင်လည်း ချက်အင်ဝင်ခဲ့လေသည်။

ယခုအခါ သူသည် ဖန်ဆင်းခြင်းနယ်ပယ် သို့ ချိုးဖောက် ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ချေ၏။

ဖန်ဆင်းခြင်း ဆိုသည့် အမည်နှင့် လိုက်ဖက်စွာပင် အတွေးတစ်ချက်တည်းဖြင့် အရာအားလုံးကို ဖန်ဆင်းနိုင်ပေသည်။

၎င်းသည် အလွန် နက်နဲလှလေသည်။

ထိုနေ့က ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ်မှ တိုက်ပွဲကဲ့သို့ပင်။

အတွေးတစ်ချက်တည်းဖြင့် သူသည် ဓားချီများ ပြည့်နှက်နေသော အက်ကွဲကြောင်းနှင့် ချောက်နက်ကြီးကို ဖန်တီးနိုင်ပြီး တားမြစ်နယ်မြေ ဖြစ်လာစေနိုင်သကဲ့သို့ လူများ ကျင့်ကြံရန်နှင့် နားလည်သဘောပေါက်ရန် ပရဒိသုဘုံ တစ်ခုကိုလည်း ဖန်တီးနိုင်ပေသည်။

ဤသည်မှာ ဖန်ဆင်းခြင်းနယ်ပယ်ပင် ဖြစ်ချေ၏။

ဖန်ဆင်းခြင်းနယ်ပယ်သို့ ခြေလှမ်းလှမ်းလိုက်ခြင်းသည် အထွတ်အထိပ် အဆင့်တွင် ရပ်တည်နေခြင်း ဖြစ်ပြီး ပိရမစ်၏ထိပ်ဆုံးရှိ သက်ရှိတစ်ပါး ဖြစ်လာခြင်းဟု မှတ်ယူနိုင်ပေသည်။

ဤကျယ်ပြောလှသော မဟာပျက်စီးခြင်း နယ်မြေတွင်ပင် သူသည် ဧရာမ သက်ရှိကြီး တစ်ပါး အဖြစ် ရှိနေဆဲ ဖြစ်ပြီး သာမန်ပြည်သူများ၏ ကံကြမ္မာကို လွှမ်းမိုးနိုင်ကာ လက်တစ်ဖက် လှန်လိုက်ရုံဖြင့် မိုးတိမ်များကို ဖန်ဆင်းနိုင်သကဲ့သို့ လက်တစ်ဖက် လှန်လိုက်ရုံဖြင့် မိုးရွာစေနိုင်သူ ဖြစ်လေသည်။

ရှန်းချန်ကောကို အနည်းငယ် စိတ်ပျက်စေသည်မှာ သူ လေးကြိမ်တိုင်တိုင် ချက်အင်ဝင်ခဲ့သော်လည်း ရရှိလာသော အရာများကြောင့် များစွာ စိတ်ပျက်ခဲ့ရခြင်း ဖြစ်ပေသည်။

ယာမာနန်းတော်တွင် ချက်အင်ဝင်ခဲ့ရာ ယာမာရည်ရွယ်ချက် ကို ရရှိခဲ့လေသည်။

သူသည် ယာမာ၏မိစ္ဆာချီကို ကျင့်ကြံရန် လိုအပ်သော်လည်း ဤကျင့်စဉ်သည် သူ့အတွက် မသင့်တော်သဖြင့် သူ မကျင့်ကြံခဲ့ချေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်တွင် ချက်အင်ဝင်ပြီးနောက် သူသည် ချီစောင့်ကြည့်ခြင်း နည်းစနစ် ကို ရရှိခဲ့လေသည်။

သူ၏လက်ရှိ အဆင့်အတန်းနှင့် ဆိုလျှင် ဤကဲ့သို့သော အဆင့်နိမ့် အရာမျိုးကို လိုအပ်ပါဦးမည်လော။

သူ ၎င်းကို စွန့်ပစ်လိုက်လေသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ်နှင့် နတ်ဘုရား နန်းတော်တွင် ချက်အင်ဝင်ခဲ့သဖြင့် အကျိုးအမြတ် အချို့ ရရှိခဲ့ပြီး သိပ်မဆိုးလှပေ။

သူသည် ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ်တွင် ချက်အင်ဝင်ခဲ့ရာ ကောင်းကင်အမိန့်တော် နတ်ဘုရားနည်းစနစ် ကို ရရှိခဲ့လေသည်။

၎င်းသည် ကာကွယ်ခြင်းနတ်ဘုရား နည်းစနစ် တစ်ခု ဖြစ်ပေသည်။

ကောင်းကင်အမိန့်တော်ချပ်ဝတ်နှင့် တွဲဖက် အသုံးပြုလိုက်သောအခါ ၎င်း၏စွမ်းအားသည် အဆုံးမရှိ ဖြစ်လာပြီး အလွန် တုန်လှုပ်ဖွယ် ကောင်းသော ကာကွယ်ရေး အဆင့်သို့ ရောက်ရှိနိုင်လေသတည်း။

All Chapters