ကျုပ်က အစောင့်အရှောက်နတ်ဘုရားမဟုတ်ဘူး
Vol. 24 Ch. 233
ကောင်းကင်အမိန့်တော်ချပ်ဝတ် သည် နတ်ဘုရား ပစ္စည်းတစ်ခု ဖြစ်ပေသည်။
၎င်းသည် အင်မော်တယ်လမ်းစဉ်မှ ပုဂ္ဂိုလ်တစ်ဦး ကိုယ်တိုင် သွန်းလုပ်ခဲ့သော တိုက်ပွဲဝင်ချပ်ဝတ် ဖြစ်ပြီး ၎င်း၏ကာကွယ်နိုင်စွမ်းမှာ အလွန် အံ့မခန်း ဖြစ်ချေ၏။
ယခုအခါ ကောင်းကင်အမိန့်တော် နတ်ဘုရား နည်းစနစ် နှင့် တွဲဖက် အသုံးပြုလိုက်လျှင် သူသည် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည်ဟု ပြောနိုင်ပေသည်။
ထို့အပြင် သူသည် ဖန်ဆင်းခြင်းနယ်ပယ် သို့လည်း ရောက်ရှိခဲ့ပြီ ဖြစ်ပေသည်။
သူ၏တိုက်ခိုက်နိုင်စွမ်းနှင့် ကာကွယ်နိုင်စွမ်း နှစ်မျိုးလုံးသည် ကြီးမားသော တိုးတက်မှုကို ရရှိခဲ့လေသည်။
ရှန်းချန်ကော၏ချောမောသော မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာချေ၏။
သူသည် အလွန် စိတ်လက် ကြည်လင်နေပြီး ယခင်က မကြုံဖူးလောက်အောင် စိတ်ပေါ့ပါး လွတ်လပ်မှုကို ခံစားနေရပေသည်။
သူသည် အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး ဤထက်ပို၍ ကောင်းမွန်သော ခံစားမှုမျိုး ရှိတော့မည် မဟုတ်ချေ။
ထို့ကြောင့် သူသည် မျက်နှာတွင် အပြုံးတစ်ခုဖြင့် ခန်းမဆောင်ထဲမှ ထွက်လာခဲ့လေသည်။
လမ်းလျှောက်လာစဉ် ဝတ်ရုံနက် အဖွဲ့အစည်း၏ အဖွဲ့ဝင်များထံမှ လေးစားအားကျသော အကြည့်များကို ရရှိခဲ့ပေသည်။
ထိုအကြည့်များသည် ကမ္ဘာလောကထဲတွင် လမ်းလျှောက်နေသော နတ်ဘုရားတစ်ပါးကို ကြည့်နေသကဲ့သို့ ဖြစ်ချေ၏။
ရှန်းချန်ကော၏စိတ်အခြေအနေသည် ပိုမို လင်းလက်လာပြီး တောက်ပသော အပြုံးတစ်ခု သူ၏ မျက်နှာတွင် ပေါ်လာလေသည်။
လူတိုင်း၏လေးစားအားကျသော အကြည့်များအောက်တွင် ရှန်းချန်ကောသည် လေထဲသို့ တက်လှမ်းသွားပြီး လက်ကို နောက်ပစ်ကာ တောင်ထိပ်တစ်ခုသို့ ရောက်ရှိသွားလေသည်။
သူ၏အဖြူရောင် ဝတ်ရုံသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေပေသည်။
တောင်ထိပ်တွင် လေပြည်လေညှင်းများ တိုက်ခတ်နေသဖြင့် သူ၏အဖြူရောင် ဝတ်ရုံနှင့် ဆံပင်ရှည်များသည် လေထဲတွင် ကခုန်နေကြချေ၏။
သူသည် လူ့ပြည်သို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးကဲ့သို့ အလွန် တင့်တယ် ကျက်သရေ ရှိလှပေသည်။
ရှန်းချန်ကောသည် ၄၅ ဒီဂရီ ထောင့်ချိုးဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အထီးကျန် ဆန်သော နှင်းပွင့်ကဲ့သို့ လွတ်လပ်နေပုံ ရလေသည်။
ဝတ်ရုံနက် အဖွဲ့သားများ၏ကိုးကွယ်ဆည်းကပ်သော အကြည့်များကို ခံယူရင်း သူသည် လေထဲတွင် ပေါလောပေါ်နေသကဲ့သို့ ခံစားလိုက်ရပေသည်။
ထို့နောက် သူသည် လက်ချောင်းကို ဓားအဖြစ် အသုံးပြုလိုက်ရာ ထက်ရှသော ဓားဆန္ဒ တစ်ခု ရစ်ပတ်လာချေ၏။
သူသည် ဘေးတိုက်ဝှေ့ယမ်းလိုက်ရာ ဓားချီ မုန်တိုင်းတစ်ခု ကမ္ဘာလောကကို လွှမ်းခြုံသွားပြီး သူ့ရှေ့ရှိ အန္တရာယ်များသော တောင်ထိပ်တစ်ခုကို မြေလှန်ပစ်လိုက်လေသည်။
နံရံသည် မှန်ကဲ့သို့ ချောမွေ့သွားပြီး အံ့သြဖွယ်ရာ ဖြစ်နေပေသည်။
"ငါသည်သာလျှင်ဓားသိုင်း ဆိုတာက မဆိုးဘူးပဲ..."
ရှန်းချန်ကောသည် လက်ချောင်းကို ပြန်ရုပ်လိုက်လေသည်။
သူ၏မျက်နှာပေါ်မှ အပြုံးသည် ပိုမို ပီပြင်လာပြီး စိတ်ကျေနပ်မှုကို ခံစားလိုက်ရပေသည်။
ငါသည်သာလျှင်ဓားသိုင်း
၎င်းသည် နတ်ဘုရား နန်းတော် တွင် ချက်အင် ဝင်ရာမှ သူ ရရှိခဲ့သော ဓားပညာ ဖြစ်ပေသည်။
၎င်းသည် အလွန် အာဏာရှင်ဆန်ပြီး ထုတ်ဖော်လိုက်သောအခါ ပြိုင်ဘက်ကင်း အာဏာရှင် ချီများ ပါဝင်နေလေသည်။
ဤကမ္ဘာလောကတွင် သူတစ်ဦးတည်းသာ ရှိသည့်အလား ဖြစ်ချေ၏။
"ကောင်းလိုက်တာဗျာ..."
"
ခေါင်းဆောင်က အစွမ်းထက်လိုက်တာ..."
တစ်ခဏအတွင်း ဝတ်ရုံနက် အဖွဲ့အစည်းမှ မရေမတွက်နိုင်သော လူများသည် အားကျလျက် လက်ခုပ်တီးလိုက်ကြလေသည်။
သူတို့၏ ချီးကျူးသံများသည် ဒီရေလှိုင်းကဲ့သို့ ပျံ့နှံ့သွားပြီး တိမ်တိုက်များကြားတွင် ပဲ့တင်ထပ်သွားချေ၏။
"ခေါင်းဆောင်က တကယ်ကို မျှော်လင့်ထားတဲ့ အတိုင်းပဲ... သူက ပိုပိုပြီး စွမ်းအားကြီးလာတယ်... ကျုပ်ရဲ့ စံပြပုဂ္ဂိုလ် ပါပဲဗျာ..."
ကျန်းလျိုယွီသည် ရှန်းချန်ကော၏ဓားချက်နှင့် တောင်ထိပ် ပြားကပ်သွားသည်ကို မြင်သောအခါ လေအေးတစ်ချက်ကို ရှူရှိုက်လိုက်မိလေသည်။
ထို့နောက် နှင်းဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ရှန်းချန်ကောကို လေးစားမှုဖြင့် ကြည့်လိုက်မိပေသည်။
ထို့နောက် ရှန်းချန်ကောသည် လူတိုင်း၏လေးစားသော အကြည့်များကို ခံယူပြီးနောက် တံခါးပိတ် ကျင့်ကြံခြင်း ပြုလုပ်ရန် ဝင်ရောက်သွားလေသည်။
သူ၏နယ်ပယ်ကို တည်ငြိမ်အောင် လုပ်ရန် လိုအပ်ပေသည်။
ထို့အပြင် သူ ပိုမို သန်မာလာသည်နှင့်အမျှ သိုင်းပညာတွင် အဆုံးသတ် မရှိကြောင်း သူ နားလည်လာလေသည်။
ယခုမှ ဖန်ဆင်းခြင်းနယ်ပယ်သို့ ဝင်ရောက်လာခြင်း ဖြစ်သဖြင့် အထွတ်အထိပ်သို့ ရောက်ရန် ခရီးဝေး နှင်ရဦးမည် ဖြစ်ချေ၏။
ဖန်ဆင်းခြင်းနယ်ပယ်ကို ဖန်ဆင်းခြင်း အငယ်စား နယ်ပယ် နှင့် ဖန်ဆင်းခြင်း အကြီးစား နယ်ပယ် ဟူ၍ ထပ်မံ ခွဲခြားထားပေသည်။
ရှန်းချန်ကောသည် လက်ရှိတွင် ဖန်ဆင်းခြင်း အငယ်စား နယ်ပယ်၏အစောပိုင်း အဆင့်တွင်သာ ရှိနေသေးလေသည်။
သူ့တွင် လျှောက်လှမ်းရမည့် ခရီးရှည်ကြီး ရှိနေသေးကြောင်း သိထားသဖြင့် မိမိကိုယ်ကို နှိမ့်ချစွာ နေထိုင်ရန် အမြဲ သတိပေးနေမိပေသည်။
မကြာသေးမီက သူသည် လူပင်လယ်ကြားတွင် အထင်ရှားဆုံး ဖြစ်ခဲ့ရချေ၏။
စကားပုံ ရှိသကဲ့သို့ပင် တောအုပ်ထဲတွင် အရှည်ဆုံး သစ်ပင်သည် လေမုန်တိုင်း ဖျက်ဆီးခြင်းကို ခံရတတ်ပေသည်။
အမည်မသိ ဘိုးဘေးကြီး တစ်ဦး ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ကို သင်ခန်းစာ ပေးမည်ကို သူ အနည်းငယ် စိုးရိမ်နေမိလေသည်။
ဖန်ဆင်းခြင်း အကြီးစား နယ်ပယ်သို့ ရောက်ရှိမှသာ သူသည် လွတ်လပ်ပြီး အကန့်အသတ်မဲ့ ဖြစ်နိုင်မည် ဖြစ်ပေသည်။
ဘုန်း ဘုန်း ဘုန်း
ရုတ်တရက် နားကွဲမတတ် အသံကြီးတစ်ခု ကောင်းကင်မှ ထွက်ပေါ်လာလေသည်။
၎င်းသည် မိုးကြိုးပစ်သကဲ့သို့ ကမ္ဘာမြေကို တုန်လှုပ်စေပြီး အသံသည် မဟာပျက်စီးခြင်း နယ်မြေ၏အပြင်ဘက် တစ်လျှောက် ပျံ့နှံ့ကာ တိမ်တိုက်များအကြား ပဲ့တင်ထပ်သွားချေ၏။
ကျယ်လောင်သော အသံကြောင့် ရှန်းချန်ကော လန့်နိုးသွားလေသည်။
သူသည် ကျင့်ကြံခြင်းမှ ထွက်လာပြီး ဟင်းလင်းပြင်သို့ တက်လှမ်းကာ ကောင်းကင်ထက်သို့ ရောက်ရှိသွားပေသည်။
အဝေးသို့ လှမ်းကြည့်လိုက်သောအခါ သူ၏ မျက်နှာထားသည် တည်ကြည် လေးနက်နေလေသည်။
ကောင်းကင် အဆုံးကို သူ ကြည့်လိုက်၏။
ကောင်းကင်သည် ညဉ့်ကောင်းကင်ယံကဲ့သို့ ဖုံးလွှမ်းနေပြီး မှောင်မိုက်နေချေ၏။
ထိုမှောင်မိုက်နေသော မြင်ကွင်းထဲတွင် သူ့ကို လှုပ်ရှားစေသော မြင်ကွင်းတစ်ခု ရှိနေပေသည်။
ကောင်းကင် အဆုံးတွင် ကောင်းကင် ကွဲအက်သွားသကဲ့သို့ ဖြစ်နေပြီး ချောက်နက်ကြီး တစ်ခုနှင့် တူနေသည်ကို သူ မြင်လိုက်ရပေသည်။
ထိုနေရာမှ အနက်ရောင် မြူခိုးများ ပျံ့လွင့်ထွက်ပေါ်လာလေသည်။
အနက်ရောင် မြူခိုးများသည် ပျံ့နှံ့သွားပြီး ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားချေ၏။
နားကွဲမတတ် ဟိန်းသံကြီးသည် ထိုနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
"ခေါင်းဆောင်"
ကျန်းလျိုယွီသည် ရှန်းချန်ကော၏ အနောက်သို့ ရောက်လာပြီး ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေမိလေသည်။
သူသည် အလွန် လန့်သွားသဖြင့် ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ခါနေပေသည်။
"ကမ္ဘာကြီး တုန်ခါနေတယ်... ကိစ္စကြီး တစ်ခုခု ဖြစ်တော့မှာ သေချာတယ်..."
ရှန်းချန်ကော၏မျက်နှာထားသည် လေးနက်နေပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"ငါ့အမိန့်ကို ထုတ်ပြန်လိုက်... ဒီကာလအတွင်း ဘယ်သူမှ အပြင်မထွက်စေနဲ့... တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင့်ကြံနေလိုက်ကြ..."
"ဟုတ်ကဲ့ပါ"
ကျန်းလျိုယွီသည် အမိန့်ကို လက်ခံပြီး ရှန်းချန်ကော၏အမိန့်ကို ပြန်လည်ပေးပို့ရန် ထွက်ခွာသွားလေသည်။
သူ့အမိန့် မပါဘဲနှင့်ပင် ဝတ်ရုံနက် အဖွဲ့အစည်းမှ လူတိုင်းသည် ရှန်းချန်ကော၏ အသံကို ကြားလိုက်ကြချေ၏။
ဤအချိန်တွင် သူတို့သည် ကောင်းကင်မှ ချောက်နက်ကြီး ကွဲအက်နေမှုကို ကြောက်ရွံ့စွာ ကြည့်နေကြပြီး နှလုံးသားများ တုန်လှုပ်နေကြပေသည်။
အက်ကွဲကြောင်းကြီးမှ နားကွဲမတတ် အသံများ ထွက်ပေါ်နေပြီး အနက်ရောင် မြူခိုးများ ပျံ့လွင့်နေချေ၏။
နတ်ဆိုး တစ်ကောင်ကောင် နိုးထလာတော့မည့်အလား ရင်တုန်ဖွယ်ရာ အရှိန်အဝါများ ပျံ့နှံ့လာလေသည်။
၎င်းသည် လူများကို ပြင်းထန်သော ဖိနှိပ်မှု ခံစားရစေပြီး ထိတ်လန့်စေပေသည်။
ဤအချိန်တွင် မဟာပျက်စီးခြင်း နယ်မြေ၏ အပြင်နယ်မြေရှိ မရေမတွက်နိုင်သော အင်အားစုများသည် တုန်လှုပ်သွားကြလေသည်။
သန်းပေါင်းများစွာသော သက်ရှိများသည် မျက်လုံးများကို ပင့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ရာ ဤတုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ရချေ၏။
တစ်စုံတစ်ယောက်က ခွဲလိုက်သကဲ့သို့ ကောင်းကင်ကြီး ကွဲအက်သွားလေသည်။
ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာပြီး အဆုံးမဲ့ ချောက်နက်ကြီး တစ်ခုကဲ့သို့ မှောင်မိုက်ပြီး အောက်ခြေမဲ့ ဖြစ်နေပေသည်။
ထိုနေရာမှ အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြီး ကမ္ဘာလောက တစ်ခုလုံးကို လွှမ်းခြုံတော့မည့်အလား ရှိနေလေသည်။
ချောက်နက်ကြီးထဲမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ ပျံ့နှံ့လာသဖြင့် မရေမတွက်နိုင်သော လူများသည် ရေခဲတိုက်ထဲသို့ ကျရောက်သွားသကဲ့သို့ တစ်ကိုယ်လုံး အေးစက်သွားကြပေသည်။
ရွှမ်း
ရွှမ်း
ရွှမ်း
ကောင်းကင်တွင် အလင်းတန်းများသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး နက်ရှိုင်းသော ဖိအားများနှင့်အတူ ချောက်နက်ကြီး ရှိရာသို့ ဦးတည်သွားကြလေသည်။
ဤ ချောက်နက်ကြီးသည် မဟာပျက်စီးခြင်း နယ်မြေ၏အပြင်ဘက် ဧရိယာတွင် ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။
လူများ တုန်လှုပ်နေကြစဉ် အချို့က စောင့်ကြည့်နေကြပြီး အချို့ကမူ ဘာဖြစ်နေသလဲ ဆိုသည်ကို ကြည့်ရှုရန် ပျံသန်းသွားကြလေသည်။
ချောက်နက်ကြီး ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့် မဟာပျက်စီးခြင်း နယ်မြေ၏အပြင်နယ်မြေ တစ်ခုလုံးသည် ထိတ်လန့်နေကြလေသည်။
အိပ်မက်ဆိုး တစ်ခု ကျရောက်လာတော့မည့်အလား ခံစားရပြီး မရေမတွက်နိုင်သော လူများ ညဘက်တွင် အိပ်မပျော်နိုင် ဖြစ်ကြရချေ၏။
ဝတ်ရုံနက် အဖွဲ့အစည်း အတွင်းတွင် ရှန်းချန်ကောသည် လက်ကို နောက်ပစ်ကာ လေထဲတွင် ရပ်နေပေသည်။
သူသည် ကောင်းကင်နှင့် အဝေးမှ ချောက်နက်ကြီးကို ကြည့်ရင်း ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရလေသည်။
၎င်းသည် မြူပင်လယ်ကမ္ဘာ တွင် သူ ကြုံတွေ့ခဲ့ရသည်နှင့် အလွန် တူညီနေပေသည်။
သို့သော် သူသည် လုံးဝ မလှုပ်ရှားသကဲ့သို့ စူးစမ်းလိုစိတ်လည်း မရှိချေ။
သူ၏အင်အား မလုံလောက်သေးကြောင်း သူ ကောင်းကောင်း သိထားပေသည်။
သူသည် ဖန်ဆင်းခြင်း အငယ်စား နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ့ထက်အင်အားကြီးသောသူ အမြဲ ရှိနေသည်ဟူသော မူဝါဒကို သူ နားလည်ထားလေသည်။
လက်ရှိ သူသည် သူတော်စင်နတ်ဘုရားကျောင်းတော်၏ (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရား၊ ဝတ်ရုံနက် အဖွဲ့အစည်း၏ ခေါင်းဆောင်သာ ဖြစ်ပေသည်။
သူသည် ဖန်ဆင်းခြင်း အငယ်စား နယ်ပယ် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ပြီး မဟာပျက်စီးခြင်း နယ်မြေ၏ကာကွယ်စောင့်ရှောက်သူ မဟုတ်ချေ။
အကယ်၍ နတ်ဆိုးတစ်ကောင် တကယ် နိုးထလာလျှင်ပင် သူ စိုးရိမ်စရာ မလိုပေ။
ထို့အပြင် မဟာပျက်ခြင်းစီး နယ်မြေသို့ ဆင်းသက်လာနိုင်သော နတ်ဆိုးများကို ယှဉ်ပြိုင်ရန် သူ အလှမ်းဝေးနေသေးချေ၏။
ထို့ကြောင့် အချိန်ကို အကောင်းဆုံး အသုံးချပြီး ကျင့်ကြံခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
မကြာမီ အပြင်ထွက် လေ့ကျင့်နေသော ဝတ်ရုံနက် အဖွဲ့သားများ အားလုံးကို ကျန်းလျိုယွီက ပြန်ခေါ်လိုက်လေသည်။
ထိတ်လန့်ပြီး ဖရိုဖရဲ ဖြစ်နေသော ပြင်ပကမ္ဘာနှင့် မတူဘဲ ဝတ်ရုံနက် အဖွဲ့အစည်းသည် ထူးခြားစွာ တိတ်ဆိတ်ငြိမ်သက်နေပေသည်။
လူတိုင်းသည် တံခါးပိတ် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေကြလေသည်။
ပြင်ပကမ္ဘာတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးသည် သူတို့နှင့် မသက်ဆိုင်သကဲ့သို့ပင်။
ဤသည်မှာလည်း ရှန်းချန်ကော ဝတ်ရုံနက် အဖွဲ့အစည်းကို ဦးဆောင်နေရခြင်း၏ အကြောင်းရင်း ဖြစ်ချေ၏။
ဝတ်ရုံနက် အဖွဲ့သားများ၏ မျက်လုံးထဲတွင် ရှန်းချန်ကောသည် သက်ရှိ ဒဏ္ဍာရီ တစ်ခု ဖြစ်ပေသည်။
ရှန်းချန်ကော ရှိနေသရွေ့ သူတို့ စိတ်အေးလက်အေး ရှိနေကြလေသည်။
'နတ်ဆိုးတွေ တကယ် ပြန်နိုးထလာတာလား...
ငါတို့ ခေါင်းဆောင်ကို တစ်ကောင်လောက် သတ်ခိုင်းလိုက်လို့ မရဘူးလို့ မင်းထင်နေတာလား...'
ဤသည်မှာ ဝတ်ရုံနက် အဖွဲ့သားများ၏ရင်ထဲမှ စစ်မှန်သော ပုံရိပ်ပင်ဖြစ်လေသတည်း။