ဖြေရှင်း၍မရနိုင်သော သူတော်စင်နတ်ဘုရား အဖွဲ့အစည်း၊ ရှန်းချန်ကောထံ အမိန့်ပေးပို့ခြင်း
Vol. 24 Ch. 237
"ချီ"
အမှောင်ချောက်နက်ထဲတွင် သတ်ဖြတ်လိုစိတ်များသည် ကောင်းကင်ကို ဖုံးလွှမ်းနေပေသည်။
၎င်းသည် အက်ကွဲကြောင်းများမှတစ်ဆင့် တွင်းနက်ကြီး၏အပြင်ဘက်သို့ ပျံ့နှံ့နေပြီ ဖြစ်ပေ၏။
ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူတစ်ဦး၏ စစ်မှန်သော သွေးများသည် လွင့်စင်လာပြီး ကောင်းကင်ကို မိစ္ဆာဆန်သော သွေးရောင်ဆိုးသွားစေပေသည်။
တွင်းနက်ကြီးထဲတွင် ကမ္ဘာလောကကြီးသည် ပြောင်းပြန်လှန်နေပြီ ဖြစ်ပေသည်။ သူတော်စင်နတ်ဘုရား အဖွဲ့အစည်းမှ မရေမတွက်နိုင်သော ကျွမ်းကျင်သူများသည် ဆိုးရွားစွာ သေဆုံးခဲ့ကြရပြီး တွင်းနက်ကြီးထဲတွင် သွေးမြေကျခဲ့ရပေသည်။
ဘုန်း ဘုန်း ဘုန်း
တွင်းနက်ကြီး အတွင်းမှ နားကွဲလုမတတ် အသံကြီး ထွက်ပေါ်လာပေသည်။ ၎င်းသည် ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူများကြားမှ တိုက်ပွဲဖြစ်ပေ၏။
သတ်ဖြတ်လိုစိတ်များသည် တွင်းနက်ကြီးထဲတွင် ပျံ့နှံ့နေပြီး ကမ္ဘာလောက တစ်ခုလုံးကို ဖုံးလွှမ်းထားကာ လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေပေသတည်း။
...
သူတော်စင်နတ်ဘုရား အဖွဲ့အစည်း၏ ပင်မခန်းမဆောင်ထဲတွင်တော့
လော့ယွင်ရှီးသည် ပလ္လင်ထက်တွင် မြင့်မားစွာ ထိုင်နေပေသည်။ သူမ၏ဖီးနစ်မျက်ဝန်းအတွင်း နက်ရှိုင်းသော နေရာတွင် ဖျော့တော့သော စိုးရိမ်မှု အရိပ်အယောင်များကို မြင်တွေ့နိုင်ပေ၏။
သုံးရက် ကုန်ဆုံးသွားခဲ့လေပြီ။
ဆိုလိုသည်မှာ သူတော်စင်နတ်ဘုရား အဖွဲ့အစည်းသည် ရှေးဟောင်းနတ်ဘုရားချောက်နက်ထဲတွင် သုံးရက်ကြာ တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်သာ ရှိပေသည်။
သူတို့သည် ဓားနတ်ဘုရား ဧကရာဇ်၏ ခြေလှမ်းများကို မဟာပျက်စီးခြင်းနယ်မြေဆီသို့ မရောက်အောင် တားဆီးထားနိုင်ရုံသာ ရှိပြီး ကပ်ဘေးကို အမြစ်ပြတ် ချေမှုန်းနိုင်ခြင်း မရှိသေးပေ။
ထို့သို့ တားဆီးထားနိုင်လျှင်ပင် သူတော်စင်နတ်ဘုရား အဖွဲ့အစည်းဘက်မှ ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရပေသည်။
ဖန်ဆင်းခြင်းနယ်မြေအောက် အဆင့်ရှိသော မရေမတွက်နိုင်သော ကျွမ်းကျင်သူများ ကျဆုံးခဲ့ရပေသည်။
နောက်ဆုံးတွင် သူတော်စင်နတ်ဘုရား သုံးပါးသည် အတူတကွ တိုက်ခိုက်ပြီး ရှေးဟောင်းနတ်ဘုရား မျိုးနွယ်စုမှ ဓားနတ်ဘုရား ဧကရာဇ်ကို တွင်းနက်ကြီး၏ ထွက်ပေါက်တွင် ပိတ်ဆို့ထားကာ ထွက်မလာနိုင်အောင် တားဆီးထားရပေသည်။
"သခင်မ၊ အခြေအနေက အတော်လေး အရေးကြီးနေပြီ။ သတင်းတွေအရ ရှေးဟောင်းနတ်ဘုရား ချောက်နက်ထဲမှာ ရှေးဟောင်းနတ်ဘုရား မျိုးနွယ်စုက ကျွမ်းကျင်သူ အများအပြား ရှိနေပါတယ်။ သူတော်စင်နတ်ဘုရား သုံးပါးက သူတို့ကို တားဆီးဖို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရတယ်။ သူတို့ အကြာကြီး တောင့်ခံထားနိုင်မယ် မထင်တော့ဘူး"
ခန်းမဆောင်၏ အောက်ဘက်တွင် ပထမ သူတော်စင်နတ်ဘုရား၏ မျက်နှာထားသည် လေးနက်နေပေသည်။
သူတော်စင်နတ်ဘုရား သုံးပါးက ခေါင်းဆောင်ပြီး ဖန်ဆင်းခြင်းနယ်မြေအောက် ကျွမ်းကျင်သူ အများအပြား ပါဝင်သော်လည်း သူတော်စင်နတ်ဘုရား အဖွဲ့အစည်းသည် အင်အား ထက်ဝက်နီးပါးကို အသုံးပြုထားရပြီး ဖရိုဖရဲ အခြေအနေကို အဆုံးသတ်နိုင်ခြင်း မရှိသေးပေ။
အခြေအနေသည် အလွန် အရေးကြီးနေပေသည်။
"သခင်မ၊ ကျုပ်တို့ စစ်ကူတွေ ထပ်လွှတ်လိုက်ရမလား"
ဒုတိယ သူတော်စင်နတ်ဘုရားက ပြောလိုက်ပေသည်။
ထို့နောက် သူ၏မျက်လုံးများ တောက်ပလာပြီး လေးနက်သော အသံဖြင့် ပြောလိုက်ပေသည်။
"ဒီ မိုးမြေကပ်ဘေးက သူတော်စင်နတ်ဘုရား အဖွဲ့အစည်း တစ်ခုတည်းနဲ့ သက်ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး။ သခင်မအနေနဲ့ အရှေ့ကောင်းကင်ယံနဲ့ မဟာပျက်စီးခြင်းအပြင်နယ်နယ်မြေက ကျွမ်းကျင်သူ အားလုံးကို စစ်ပွဲမှာ ပါဝင်ဖို့ အမိန့်ပေးနိုင်ပါတယ်"
လော့ယွင်ရှီးသည် အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်ပေသည်။
"အခု သူတော်စင်နတ်ဘုရားကျောင်းတော်က အပြည့်အဝမတည်ထောင်ရသေးဘူး။ သူတို့က ငါ့အမိန့်ကို ဘယ်လိုလုပ်နာခံနိုင်မှာလဲ"
"ဒါ့အပြင် မဟာပျက်စီးခြင်းအပြင်နယ်မြေမှာ လောကကြီးနဲ့အဆက်အသွယ်ဖြတ်ပြီး ကျင့်ကြံနေကြတဲ့ ဘိုးဘေးအိုကြီးတွေကလွဲရင် အသန်မာဆုံး လူတွေက အာဏာရှင်အင်အားစုတွေထဲမှာပဲ ရှိကြတယ်။ အဲဒီလူတွေသာ စစ်ပွဲမှာ ပါဝင်ချင်တယ်ဆိုရင် ရှေးဟောင်းနတ်ဘုရားချောက်နက်ကို တိုက်ခိုက်ဖို့ ကျွမ်းကျင်သူတွေကို စောစောစီးစီး လွှတ်လိုက်ပြီးလောက်ပြီ။ သူတို့ တိုက်ခိုက်တာကို ရှင်မြင်ဖူးလို့လား"
"သူတို့ကို အကူအညီ တောင်းဖို့ကိစ္စနဲ့ပတ်သက်ရင်တော့၊ငါ့မှာ အဲဒီစိတ်ကူး ရှိပေမယ့် လုံးဝ လုပ်မှာ မဟုတ်ဘူး။ မိုးမြေကပ်ဘေး၊ သာမန်လူတွေရဲ့ ကပ်ဘေးကို ဘာလို့ ငါတို့သူတော်စင်နတ်ဘုရား အဖွဲ့အစည်း တစ်ခုတည်းက ထမ်းထားရမှာလဲ။ အကယ်၍ ရှင်တို့ တစ်စုံတစ်ရာ ထိခိုက်နစ်နာမှု ဖြစ်ခဲ့ရင် အဲဒါက ငါတို့ သူတော်စင်နတ်ဘုရားအဖွဲ့အစည်းရဲ့အင်အားကို ဖြုန်းတီးရာ ရောက်ပေလိမ့်မယ်။လုံးဝ ခွင့်မပြုနိုင်ဘူး"
လော့ယွင်ရှီးသည် အေးစက်သော အပြုံးဖြင့် ပြောဆိုလိုက်ပြီး ပိုမိုစွမ်းအားကြီးသော ကျင့်ကြံသူများ စေလွှတ်ရန် အကြံပြုချက်ကို တိုက်ရိုက် ပယ်ချလိုက်ပေသည်။
ပထမသူတော်စင်နတ်ဘုရားသည် သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး ဒေါသထွက်နေပုံ ရပေသည်။
သူက အေးစက်စွာ ပြောလိုက်ပေသည် "ထိပ်တန်းအင်အားစုတွေ ဆိုတာက သူတို့ရဲ့ နောက်ဆုံးထွက်သက်မှာ ရုန်းကန်နေရသူတွေပဲ။သူတို့က မြင့်မားတဲ့ရာထူးကြီးတွေမှာ အကြာကြီးနေခဲ့ကြတော့ သူတို့ရဲ့ပူနွေးနေတဲ့သွေးတွေက အေးစက်သွားခဲ့ပြီ။သူတို့ နှလုံးသားထဲက မာနတရားတွေ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး အာဏာနဲ့အကျိုးအမြတ်အတွက်ပဲ အမြဲတမ်း တိုက်ခိုက်နေကြတာ။ သူတို့က အားကောင်းတဲ့ နယ်ပယ်ကို ဘယ်တော့မှခြေလှမ်းနိုင်မှာ မဟုတ်တော့ဘူး"
အရှေ့ကောင်းကင်ယံတွင် ကျင့်ကြံခြင်းနှင့် သင်ကြားခြင်းအတွက် မြင့်မြတ်သောနယ်မြေ ဖြစ်သည့် ကျိရှားအကယ်ဒမီမှလွဲ၍ အခြား အာဏာရှင်အဆင့် အင်အားစုကြီး ရှစ်ခု ရှိပေသည်။
၎င်းတို့အားလုံးသည် ရှည်လျားသော အမွေအနှစ်များနှင့် နက်ရှိုင်းသော အခြေခံအုတ်မြစ်များ ရှိသည့် ကြီးမားသော အင်အားစုများ ဖြစ်ကြပေ၏။
အတ္တသာပနတ်ဘုရားနန်းတော်၊ကောင်းကင်လျှို့ဝှက်နန်းဆောင်နှင့် ယာမာနန်းတော်တို့ ပျက်စီးသွားလျှင်ပင် အခြား အာဏာရှင် အင်အားစု ငါးခု ရှိနေသေးပေသည်။
အကယ်၍ သူတို့သာ ပူးပေါင်းလိုက်လျှင် အလွန် အင်အားကြီးသော အင်အားစု ဖြစ်လာနိုင်ပေသည်။
သို့သော် မည်သူမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို၊ မည်သူမျှ ရှေးဟောင်းနတ်ဘုရားချောက်နက်ကို တိုက်ခိုက်ခြင်း မရှိကြပေ။
"အရှေ့ကောင်းကင်ယံက အာဏာရှင် အင်အားစုတွေ အားလုံးက နာမည်ခံတွေပါပဲ။ ဘာ မသေမျိုး စံအိမ်လဲ၊ ဘာ ကျိရှားအကယ်ဒမီလဲ။ သူတို့က လောကကြီးနဲ့ကင်းကွာနေတဲ့ မြင့်မြတ်တဲ့ပုံရိပ်ဖမ်းနေပေမယ့် သာမန်လူတွေရဲ့ အသက်ကို ဂရုမစိုက်ကြဘူး။ ဒီလိုမှန်း စောစောကသာ သိခဲ့ရင် ဒသမမြောက်သူတော်စင်နတ်ဘုရားကို သူတို့အားလုံး သတ်ပစ်ဖို့ လွှတ်လိုက်မိမှာပဲ"
တတိယ သူတော်စင်နတ်ဘုရားသည် အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။
သူမ၏ကြည်လင်သော မျက်လုံးများကစကားပြောနေစဉ် အေးစက်နေပေသည်။
ဒသမမြောက် သူတော်စင်နတ်ဘုရား
လော့ယွင်ရှီး၏မျက်လုံးများ တောက်ပလာပေသည်။
သူမ၏စိတ်ထဲတွင် မြူခိုးပင်လယ်ကမ္ဘာမှ အဖြစ်အပျက်ကို ပြန်လည်အမှတ်ရလာပေသည်။
ထိုအချိန်က ရှေးဟောင်းနတ်ဘုရားမျိုးနွယ်စုသည်လည်း မြူခိုးပင်လယ်ကမ္ဘာကို ဖျက်ဆီးရန် ဆင်းသက်လာခဲ့ကြပေ၏။
ထိုစဉ်က နေရာအနှံ့မှထွက်လာသောအန္ဒရာယ်များကို အမှောင်ရောင်ဧကရာဇ် အမည်ခံကာ မြူခိုးပင်လယ်ကမ္ဘာ၏ငြိမ်းချမ်းရေးအား ကာကွယ်ပေးခဲ့သူမှာ ရှန်းချန်ကော ဖြစ်ပေသည်။
သူသည် တိုက်ပွဲကို မကြောက်ရွံ့ခဲ့ပေ။
နောက်ဆုံးတွင် အမှောင်ဧကရာဇ် ရှန်းချန်ကောသည် ဓားနတ်ဘုရားဧကရာဇ်ကို သတ်ဖြတ်ခဲ့ပြီး မြူခိုးပင်လယ်ကမ္ဘာမှ လူများကို ကပ်ဘေးမှ လွတ်မြောက်စေခဲ့ပေသည်။
ရှန်းချန်ကောသည် ဓားနတ်ဘုရား ဧကရာဇ်အကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်ထားပုံ ရပေသည်။
သူသည် ဓားနတ်ဘုရား ဧကရာဇ်၏ ရန်သူတော်ကြီး ဖြစ်ပုံရပြီး ဓားနတ်ဘုရား ဧကရာဇ်ကို ချုပ်ထိန်းနိုင်စွမ်း ရှိပေသည်။
ချက်ချင်းပင် သူမ ဆုံးဖြတ်ချက် ချလိုက်ပြီး ပြောလိုက်ပေသည်
"ဒသမမြောက် သူတော်စင်နတ်ဘုရား ရှန်းချန်ကောကို ရှေးဟောင်းနတ်ဘုရားချောက်နက်ဆီ သွားရောက်တိုက်ခိုက်ပြီး ဒီကပ်ဘေးကြီးကို ဖယ်ရှားဖို့ အမိန့်ပေးလိုက်ပါ"
"..."
ခန်းမထဲရှိ လူတိုင်း အလွန် အံ့သြသွားကြပြီး လော့ယွင်ရှီးကို ဇဝေဇဝါ ကြည့်လိုက်ကြပေသည်။
သူတော်စင်နတ်ဘုရား သုံးပါး ပူးပေါင်းတိုက်ခိုက်နေပြီး သူတို့ သုံးဦးစလုံး ဖန်ဆင်းခြင်းနယ်မြေသို့ ရောက်ရှိနေကြသော်လည်း ကပ်ဘေးကို အမြစ်ပြတ် မချေမှုန်းနိုင်သေးပေ။
သူတို့သည် ထွက်ပေါက်ကို ပိတ်ဆို့ထားရုံသာ တတ်နိုင်ကြပေသည်။
ယန်နယ်ပယ်ကျင့်ကြံသူတစ်ဦးကို စေလွှတ်လိုက်ခြင်းက အခြေအနေကို ပြောင်းလဲစေနိုင်ပါ့မည်လော။
ရှန်းချန်ကောသည် ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူတစ်ဦး၏တိုက်ခိုက်စွမ်းရည်ကို ထုတ်ဖော်နိုင်လျှင်ပင် ယှဉ်နိုင်ရုံသာ ရှိပေလိမ့်မည်။
အဆုံးတွင်တော့ သူသည် စစ်မှန်သော ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူတစ်ဦး မဟုတ်ပေ။
ထို့ပြင် သူတို့၏အမြင်အရ ရှေးဟောင်းနတ်ဘုရား ချောက်နက်သို့ နောက်ထပ် ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူ နှစ်ဦး စေလွှတ်လိုက်လျှင်ပင် မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။
သူတော်စင်နတ်ဘုရား ပေးပို့သော သတင်းအချက်အလက်များအရ ရှေးဟောင်းနတ်ဘုရား တွင်းနက်ထဲတွင် ဓားနတ်ဘုရား ဧကရာဇ် ဆယ်ပါးထက်မနည်း ရှိနေပေသည်။
သူတို့သည် နိုးထလာသူများကို အစားထိုးရန် ရောက်လာကြခြင်းသာ ဖြစ်ပေသည်။
ထို့ကြောင့် သူတော်စင်နတ်ဘုရား သုံးပါးသည် သူ့ကို တားဆီးထားနိုင်ဆဲ ဖြစ်ပေသည်။
လက်ရှိအခြေအနေသည် အမှန်တကယ်ပင် အလွန် အရေးကြီးနေပေသည်။ မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင် သူတော်စင်နတ်ဘုရား အဖွဲ့အစည်းမှ သူတော်စင်နတ်ဘုရား သုံးပါးသည် ပြန်လာနိုင်တော့မည် မဟုတ်ပေ။
သူတို့ စိုးရိမ်နေကြသော်လည်း ဇဝေဇဝါ ဖြစ်နေကြပြီး သခင်မ၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ကြပေ။
ထိုအချိန်တွင် ယော့ယွင်ရှီးသည် မောက်မာပြီး မေးခွန်းထုတ်စရာ မလိုသော လေသံဖြင့် ပြောလိုက်ပေသည်
"အမိန့်ကိုသာ ထုတ်လိုက်ပါ။ အကြောင်းပြချက်ကိုတော့ နောက်ကျရင် သိလာပါလိမ့်မယ်"
"ဟုတ်ကဲ့ပါ"
ခန်းမဆောင်အောက်တွင် လူတိုင်းက အမိန့်ကို လေးစားစွာ လက်ခံလိုက်ကြပေသည်။ သခင်မ၏ ဆုံးဖြတ်ချက်ကို သံသယရှိကြသော်လည်း မေးခွန်းထုတ်ရဲခြင်း မရှိကြပေ။
လူတိုင်း ထွက်ခွာသွားပြီးနောက် လော့ယွင်ရှီးသည် ပလ္လင်ပေါ်မှ တစ်ကိုယ်တည်း ဆင်းလာပြီး ခန်းမဆောင်ကြီး၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ပေသည်။
သူမသည် လေထဲတွင် ရပ်နေပြီး သူမ၏ ဝတ်ရုံများ လေထဲတွင် လွင့်ပျံနေပေ၏။
သူမ၏ခန့်ညားသော မျက်လုံးများသည် ရှေးဟောင်းနတ်ဘုရားချောက်နက် ရှိရာဘက်သို့ ကြည့်ကာ ရေရွတ်လိုက်ပေသည်။
"ရှန်းချန်ကော၊ ရှင် ကျွန်မကို စိတ်ပျက်အောင် မလုပ်မိပါစေနဲ့လို့ မျှော်လင့်ပါတယ်"
အေးမြသောလေပြေတစ်ချက် တိုက်ခတ်သွားပြီး ရေရွတ်သံများသည် လေနှင့်အတူ ပျောက်ကွယ်သွားပေသည်။
အဝေးသို့ လွင့်ပါသွားပြီး ပျောက်ကွယ်သွားခဲ့လေပြီ။
လော့ယွင်ရှီးပင်လျှင် ရှန်းချန်ကောသည် ဖန်ဆင်းခြင်းနယ်မြေသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်းနှင့် သူ၏အင်အားမှာ အံ့သြဖွယ်ကောင်းကြောင်း မျှော်လင့်မထားခဲ့ပေ။
သူမ၏ ဤဆုံးဖြတ်ချက်သည် ပညာရှိသော ဆုံးဖြတ်ချက် ဖြစ်လာရန် ကံပါလာခဲ့ပြီ ဖြစ်ပေသည်။
...
ဝတ်ရုံနက် အဖွဲ့အစည်းတွင် ရှန်းချန်ကောသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့ပေသည်။
သူ၏အတွေးများ ကြည်လင်နေပြီး ခန္ဓာကိုယ်သည် သက်တောင့်သက်သာ ရှိနေသည်ဟု ခံစားလိုက်ရပေ၏။
သူသည် မကြုံစဖူး ကောင်းမွန်သော အခြေအနေတွင် ရှိနေပြီး အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
ရက်အနည်းငယ်ကြာ တံခါးပိတ်ကျင့်ကြံပြီးနောက် သူသည် သူ၏ကျင့်ကြံခြင်းကို ဖန်ဆင်းခြင်းနယ်မြေအသေးစား အစောပိုင်းအဆင့်တွင် အပြည့်အဝ တည်ငြိမ်စေခဲ့ပြီ ဖြစ်ပေသည်။
သူ၏ချီနှင့် သွေးများသည် မြစ်များနှင့် ပင်လယ်များကဲ့သို့ အားကောင်းပြီး လှိုင်းထန်နေကာ ဖန်ဆင်းခြင်းနယ်မြေ၏ စွမ်းအားကို ခံစားခွင့် ရရှိစေခဲ့ပေ၏။
ယခုအခါ သူ၏ အင်အားသည် အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီး အတိတ်နှင့် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။
မိုးနှင့် မြေ ကွာခြားချက်ကဲ့သို့ ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲတွင် အထင်သေးမှုများ ခံစားလိုက်ရပေသည်။
သူသတ်ဖြတ်ခဲ့သော ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူများကို ပြန်ကြည့်ကာ သူတို့သည် ဂုဏ်သတင်းနှင့် မထိုက်တန်ဟု တွေးမိပေသည်။
သူ မသိသည့်အချက်မှာ အခြားသူများ အလွန်အားနည်းခြင်းကြောင့် မဟုတ်ဘဲ သူသည် အလွန်သန်မာပြီး ကောင်းကင်ကိုအာခံနိုင်လွန်းသောကြောင့် ဖြစ်ပေသည်။
သူကဲ့သို့ ကောင်းကင်ကို အာခံနိုင်သော သက်ရှိမျိုးအတွက် ရှေးခေတ်ကာလတွင် မည်မျှများများ အင်မော်တယ်လမ်းသို့ လျှောက်လှမ်းနိုင်ပြီး အင်မော်တယ်ကံတရားကို ရရှိနိုင်ခဲ့ကြပါသနည်း။
ရှန်းချန်ကောသည် ရှေးဟောင်းတောင်ထိပ်တွင် ဝတ်ရုံနက်သမားများ၏လေးစားအားကျသော အကြည့်များကို ခံယူနေစဉ် ဝတ်ရုံနက် အဖွဲ့အစည်းသို့ ဧည့်သည်တစ်ဦး ရောက်ရှိလာခဲ့ပေသတည်း။