← Chapters

သူတို့ကို ကျုပ်သတ်မယ်

Vol. 24 Ch. 240

သူတို့ကို ကျုပ်သတ်မယ်

Vol. 24 Ch. 240

အပြင်ဘက်နယ်မြေသည် မှောင်မိုက်ကာ အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေပေသည်။

သူတို့၏ခေါင်းထက်တွင် တိတ်ဆိတ်ခြောက်သွေ့ပြီး သက်ရှိအငွေ့အသက် ကင်းမဲ့နေသော ဂြိုဟ်ပျက်ကြီးတစ်ခု ရှိနေပေ၏။

ခြေအောက်တွင်မူ အေးစက်ခြောက်သွေ့သော ရေခဲမြေပြင် ရှိနေသည်။

ကျိုးပဲ့နေသော လက်နက်များနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများသည် နေရာအနှံ့ ပြန့်ကျဲနေပေသည်။

သွေးများက မြေပြင်ကို ရဲရဲနီစေခဲ့ပြီး မဲမှောင်နေသော ကောင်းကင်ကြီးသည်လည်း သွေးရောင် လွှမ်းနေလေသည်။

ဤမြင်ကွင်းသည် ထိတ်လန့်ဖွယ်ကောင်းပြီး နှုတ်ဖြင့် ဖွဲ့နွဲ့ရန်ပင် ခက်ခဲလှပေစွ။

ရှန်းချန်ကောသည် ရှေ့သို့လှမ်းကြည့်လိုက်ရာ မျက်ဝန်းအစုံမှာ စူးရှသွားခဲ့ပေသည်။

ဖန်ဆင်းခြင်းအဆင့်ကျွမ်းကျင်သူများ၏ ပြင်းထန်သော တိုက်ပွဲကို သူမြင်လိုက်ရ၏။

ထိုတိုက်ပွဲသည် အလွန်တရာ ကြမ်းတမ်းလှပေသည်။

ထို့နောက် သူသည် သူ၏စွမ်းအင်များကို စုစည်းကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်လေသည်။

သူ၏ပုံရိပ်သည် လှုပ်ရှားသွားပြီး အဖြူရောင်ဝတ်ရုံသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။

ကောင်းကင်ယံ၌ပျံသန်းနေသော နတ်ဘုရားတစ်ပါးကဲ့သို့ပင် လှပသော မျဉ်းကွေးတစ်ခုကို ရေးဆွဲသွားခဲ့လေသည်။

အလွန်ဝေးကွာသော ခရီးသည် ရှန်းချန်ကော၏ ခြေလှမ်းအောက်တွင် လက်တစ်ကမ်းအလိုသာ ရှိတော့သကဲ့သို့ ဖြစ်သွားခဲ့၏။

ဖန်ဆင်းရှင်အဆင့် ကျွမ်းကျင်သူတစ်ဦး၏အမြန်နှုန်းသည် ရှန်းချန်ကောကို တုန်လှုပ်စေခဲ့ပေသည်။

ယခင်နှင့် လုံးဝ ကွာခြားနေပြီ ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် သူသည် အဆုံးမရှိသော ဟင်းလင်းပြင်ကြီးကို ဖြတ်ကျော်ကာ ကမ္ဘာပေါ်တွင် အကြမ်းတမ်းဆုံး စစ်မြေပြင်၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့လေသည်။

သူ မော့ကြည့်လိုက်သောအခါ ရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် နတ်ဘုရားများကဲ့သို့ ကြီးမားခန့်ညားသော ခန္ဓာကိုယ်ကြီးများ ပေါ်လာသည်ကို မြင်လိုက်ရသည်။

သူတို့၏ဦးခေါင်းများသည် ကြယ်တာရာများထက်တွင် ရှိပြီး ခြေထောက်များသည် မြေကြီးပေါ်တွင် ရှိနေကြသည်။

သူတို့ လက်ကို မြှောက်လိုက်သောအခါ မိုးမြေကို ရိုက်ခတ်သွားပြီး အလင်းရောင်များသည် မီတာသောင်းချီ လင်းလက်ကာ အပြင်ဘက်နယ်မြေရှိ ကြယ်များကို ပြိုကျပျက်စီးစေခဲ့ပေသည်။

သူတို့ထံတွင် ဖော်ပြ၍ မရနိုင်သော ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေပြီး မိုးနှင့်မြေသည် ပြောင်းပြန်လှန်သွားသကဲ့သို့ ဖြစ်ကာ ကြယ်တာရာမြစ်ကိုပင် အရောင်မှိန်သွားစေခဲ့လေသည်။

"ဓားနတ်ဘုရားဧကရာဇ် ငါးပါးတောင် ပြန်လည်အသက်ဝင်လာခဲ့တာပဲ"

ရှန်းချန်ကော၏မျက်လုံးများ စူးရှသွားသည်။

ရှေ့မှ စစ်မြေပြင်မြင်ကွင်းသည် အလွန် ထင်ရှားပြတ်သားနေပေသည်။

ဓားနတ်ဘုရားဧကရာဇ်ငါးပါးသည် ပူးပေါင်းတိုက်ခိုက်နေကြရာ အကန့်အသတ်မဲ့သော စွမ်းအားများသည် မိုးမြေကို လွှမ်းခြုံသွားပြီး အပြင်ဘက်နယ်မြေတစ်ခုလုံးကို တုန်ခါသွားစေခဲ့ပေသည်။

ထိုအချိန်၌ ဓားနတ်ဘုရားဧကရာဇ်ငါးပါး အတူတကွ တိုက်ခိုက်နေကြ၏။သူတော်စင်နတ်ဘုရားအဖွဲ့အစည်းမှ ကျွမ်းကျင်သူသုံးဦးသည် သေမင်းနှင့်စစ်ခင်းနေရပြီး သွေးများက သူတို့၏အဝတ်အစားများကို ရဲရဲနီစေခဲ့ပြီ ဖြစ်သည်။

သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပေါ်လာပြီး တိုက်ပွဲသည် အလွန်ပြင်းထန်ကာ သူတို့ဘက်မှ အရေးနိမ့်နေကြောင်း ထင်ရှားလှပေသည်။

အကယ်၍ မမျှော်လင့်ထားသော အဖြစ်အပျက်များ မရှိခဲ့လျှင်...

ဓားနတ်ဘုရားဧကရာဇ် ငါးပါးသာ ဆက်လက်၍ ဝိုင်းဝန်းတိုက်ခိုက်နေမည်ဆိုပါက သူတော်စင်နတ်ဘုရားအဖွဲ့အစည်းမှ ဖန်ဆင်းခြင်းအဆင့် ကျွမ်းကျင်သူသုံးဦးသည် ဤနေရာ၌ပင် သေဆုံးသွားနိုင်ပြီး အပြင်ဘက်နယ်မြေရှိ များပြားလှသော အလောင်းကောင်များထဲမှ တစ်ခု အပါအဝင် ဖြစ်သွားနိုင်ပေသည်။

ဖန်ဆင်းခြင်းအဆင့် ဓားနတ်ဘုရားဧကရာဇ် ငါးပါးသည် ဖန်ဆင်းခြင်းအဆင့် သူတော်စင်နတ်ဘုရား သုံးပါးနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ငါးယောက်နှင့် သုံးယောက်

အရေအတွက်အရ သူတို့တွင် ကြီးမားသော အားသာချက် ရှိနေပေသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် သူတော်စင်နတ်ဘုရား သုံးပါးသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို သိနိုင်ပေသည်။

သူတို့ကို သတ်ရန်အတွက် ဓားနတ်ဘုရားဧကရာဇ် ငါးပါးပင် ပူးပေါင်းတိုက်ခိုက်ရန် လိုအပ်နေခြင်း ဖြစ်သည်။

သူတော်စင်နတ်ဘုရားအဖွဲ့အစည်းသည် ယခင် မြင့်မြတ်မင်းဆက်၏သူတော်စင်ဘုရင် တည်ထောင်ခဲ့သော အင်အားစုဖြစ်ပြီး အနာဂတ်တွင် မြင့်မြတ်မင်းဆက်ကို နတ်ဘုရားပလ္လင်ထက်မှ ဆွဲချကာ အစားထိုး နေရာယူရန် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။

လော့ယွင်ရှီးကဲ့သို့ မာန်မာနကြီးသော မျက်ဝန်းပိုင်ရှင်သည် သာမန်ဖန်ဆင်းခြင်းအဆင့်လောက်ကို သူတော်စင်နတ်ဘုရားအဖွဲ့အစည်းသို့ ဝင်ရောက်ရန် ခွင့်ပြုမည်လော။

သူတော်စင်နတ်ဘုရားအဖွဲ့အစည်းသို့ ဝင်ရောက်ပြီး သူတော်စင်နတ်ဘုရားအဖြစ် သတ်မှတ်ခံရသော မည်သည့် ကျွမ်းကျင်သူမဆို အံ့မခန်း တိုက်ခိုက်နိုင်စွမ်းရှိသော ထူးချွန်သူများ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

သူတို့သည် တူညီသော အဆင့်အတန်းတွင် ပြိုင်ဘက်ကင်း မဟုတ်လျှင်ပင် ထူးချွန်ထက်မြက်သူများ ဖြစ်ကြပေသည်။

ထို့ကြောင့်လည်း သူတော်စင်နတ်ဘုရားသုံးပါး အတူတကွ ရောက်ရှိလာချိန်တွင် ဤကပ်ဘေးကြီးကို ရှင်းလင်းပစ်နိုင်မည်ဟု ယုံကြည်မှု ရှိခဲ့ကြခြင်း ဖြစ်သည်။

ဤသည်မှာ သူတို့ကိုယ်သူတို့ ယုံကြည်မှု ပြင်းထန်ခြင်းပင် ဖြစ်သည်။

သာမန် ဖန်ဆင်းခြင်းအဆင့် ကျွမ်းကျင်သူများသည် မဟာရှားမင်းဆက်မှ တာအိုကျင့်ကြံသူကုမူ ကဲ့သို့ပင် ဖြစ်သည်။

သူတို့တွင် ဓားဆွဲထုတ်ရန် သတ္တိရှိလျှင်တောင်မှ အင်အားရှိကြမည် မဟုတ်ပေ။

ဝုန်း

ထိုအချိန်တွင် မှောင်မိုက်နေသော အပြင်ဘက်နယ်မြေ၌တောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် လက်သွားခဲ့သည်။

ထိုအလင်းသည် မိုးမြေကို ခွဲခြားနိုင်သော ကောင်းကင်ကပ်ဘေး၏အလင်းရောင်ကဲ့သို့ပင် အလွန်တောက်ပနေပြီး ဟင်းလင်းပြင်ကို ခေတ္တမျှ လင်းထိန်သွားစေခဲ့လေသည်။

ထိုအရာသည် လှံရှည်ကြီး၏ အလင်းရောင်ပင် ဖြစ်သည်။

ရှန်းချန်ကော အာရုံစိုက်ကြည့်လိုက်သည်။

၎င်းသည် သူ အပြင်ဘက်နယ်မြေသို့ စတင် ခြေချချိန်က မြင်တွေ့ခဲ့ရသော မြင်ကွင်းပင် ဖြစ်သည်။

ထိုသံချေးတက်နေသော ကြေးညိုရောင် လှံရှည်ကြီးသည် နတ်ဘုရားတစ်ပါး၏လက်နက်ကဲ့သို့ ကြီးမားသော စွမ်းအားများ ပါဝင်နေသည်။

မိုးမြေကိုပင် ထိုးဖောက်သွားနိုင်မည့်ပုံ ပေါက်နေ၏။

လှံရှည်အလင်းတန်း ဖြတ်သန်းသွားသောအခါ တိတ်ဆိတ်ခြောက်သွေ့နေသော ဂြိုဟ်ပျက်တစ်ခုကို တိုက်ရိုက် ခွဲခြားပစ်လိုက်ပြီး ဂြိုဟ်အစအနများ အရပ်မျက်နှာအနှံ့ ပြန့်ကျဲသွားကာ လောကငလျင်ကြီး လှုပ်ခတ်သွားစေခဲ့လေသည်။

ယခုအခါ ထိုကြေးညိုရောင် လှံရှည်ကြီးသည် တောက်ပသော အလင်းရောင်များ ဖြာထွက်လျက် ရှေ့သို့ ထိုးစိုက်လာရာ သူတော်စင်နတ်ဘုရားအဖွဲ့အစည်းမှ သူတော်စင်နတ်ဘုရားတစ်ပါး လွင့်စင်သွားခဲ့ရသည်။

ဖန်ဆင်းခြင်းအဆင့် ကျွမ်းကျင်သူ၏သွေးစက်များသည် ဟင်းလင်းပြင်ထဲတွင် လွင့်စင်ကာ လောင်ကျွမ်းသွားပြီး ကြောက်မက်ဖွယ်အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။

ဖန်ဆင်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး၏သွေးထဲတွင် ပြိုင်ဘက်ကင်းသော စွမ်းအားများ ပါဝင်နေပေသည်။

၎င်းသည် ကောင်းကင်ကို လောင်ကျွမ်းစေနိုင်ပြီး ပင်လယ်ကို ပွက်ပွက်ဆူစေနိုင်စွမ်း ရှိသည်။

သက်ရှိသတ္တဝါအားလုံးကို သေဆုံးစေရန် လုံလောက်ပြီး မြေကြီးပေါ်တွင် မြက်တစ်ပင်မျှ မပေါက်ရောက်နိုင်တော့ပေ။

နှစ်ပေါင်းတစ်ရာအတွင်း ၎င်းသည် တားမြစ်နယ်မြေတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

"ဝေါ့"

သူတော်စင်နတ်ဘုရားအဖွဲ့အစည်းမှ ကျွမ်းကျင်သူ၏မျက်နှာသည် ဖြူဖပ်ဖြူရောဖြစ်သွားပြီး သွေးများ အန်ထွက်လာခဲ့၏။

သူ၏ တုံ့ပြန်မှုသည် အလွန်မြန်ဆန်ပြီး ကန့်လန့်ဖြတ် ဝင်ရောက်လာသော လှံရှည်ကြီးကို သီသီလေး ရှောင်တိမ်းလိုက်နိုင်သည်။

သို့မှသာ သူ၏ခန္ဓာကိုယ် ထိုးဖောက်မခံရခြင်း ဖြစ်သည်။ သို့သော်လည်း သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။

သူ၏အသက်ရှူနှုန်းသည် လျင်မြန်စွာ အားနည်းသွားပြီး ဆက်လက်မတိုက်ခိုက်နိုင်တော့ပေ။

"အကြီးအကဲယွင်"

ထိုအခြေအနေကို မြင်လိုက်ရသောအခါ သူတော်စင်နတ်ဘုရားအဖွဲ့အစည်းမှ အခြား သူတော်စင်နတ်ဘုရားနှစ်ပါးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။

သူတို့၏တိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်လာပြီး ရှေ့မှ ရန်သူကို တွန်းလှန်ကာ အကြီးအကဲယွင်ကို ကယ်ဆယ်ရန် ကြိုးစားလိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ကြေးညိုရောင် လှံရှည်ကြီးကို ကိုင်ဆောင်ထားသော ဓားနတ်ဘုရားဧကရာဇ်သည် အေးစက်သော အကြည့်များဖြင့် ဟင်းလင်းပြင်ထဲတွင် လျှောက်လှမ်းလာနေသောကြောင့် ဖြစ်သည်။

သူသည် အကြီးအကဲယွင်ထံသို့ ချဉ်းကပ်လာနေပြီး ဤရန်သူကို အပြတ်ရှင်းလိုနေပုံရသည်။

သူသည် ဓားနတ်ဘုရားဧကရာဇ်များကြားတွင် ပုံမှန်မဟုတ်သော ဗီဇပြောင်းလဲနေသည့် ဖြစ်တည်မှုတစ်ခု ဖြစ်သည်။

ရှေးဟောင်းနတ်ဘုရားမျိုးဆက်များ၏ထိန်းချုပ်မှုကို ခံထားရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို သူသည် ခံစားချက်များ ရှိပြီး အသိဉာဏ်ရှိ‌သော ကျွမ်းကျင်သူများနှင့် မခြားနားပေ။

ထို့ပြင် သူသည် လှံရှည်ကို လက်နက်အဖြစ် အသုံးပြုပြီး သူ၏လှုပ်ရှားမှုတိုင်းတွင် ဓားသိုင်းပညာရပ်၏ အနှစ်သာရများ ပါဝင်နေသည်။

အလွန် ထူးဆန်းပြီး ခုခံကာကွယ်ရန် မဖြစ်နိုင်ပေ။ သူ၏တိုက်ခိုက်မှုစွမ်းအားသည် အံ့မခန်းပင် ဖြစ်သည်။

အကြီးအကဲယွင်သည် သူတော်စင်နတ်ဘုရားအဖွဲ့အစည်း၏သူတော်စင်နတ်ဘုရား ဆယ်ပါးအနက် အဆင့်ခုနစ်တွင် ရှိသူဖြစ်သည်။

သူသည် ဖန်ဆင်းခြင်းအဆင့်အသေးစား နှောင်းပိုင်း အထွတ်အထိပ်တွင် ရှိပြီး လက်ရှိရောက်နေသော သူတော်စင်နတ်ဘုရားသုံးပါးထဲတွင် အသန်မာဆုံးဖြစ်သည်။

သူသည် ဖန်ဆင်းခြင်းအဆင့် အကြီးစား သို့ ရောက်ခါနီးဖြစ်သော ဓားနတ်ဘုရားဧကရာဇ်ကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်နေရခြင်း ဖြစ်သည်။

ထိုအခြေအနေတွင် သူသည် ကျန်နှစ်ယောက်ကို အချိန်တိုင်း ဂရုစိုက်နေရပြီး ရံဖန်ရံခါ ကူညီပေးနေရသေးသည်။

သူ မည်မျှ ဖိအားများနေမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

ဘုန်း ဘုန်း ဘုန်း

မိုးမြေ တုန်ခါသွားပြီး အကန့်အသတ်မဲ့သော စွမ်းအားများသည် ကြယ်တာရာကောင်းကင်ကို လွှမ်းခြုံသွားခဲ့သည်။

ဓားနတ်ဘုရားဧကရာဇ်လေးပါးသည် ခံစားချက် ကင်းမဲ့နေပြီး သူတို့၏မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များသာ ရှိနေသည်။

သူတို့သည် ထက်ရှပြီးပြိုင်ဘက်ကင်းသော ဓားသိုင်းကွက်များကို ထုတ်ဖော်လိုက်ရာ ဓားအလင်းရောင်များ ကောင်းကင်အပြည့် နေရာယူသွားပြီး သူတော်စင်နတ်ဘုရားအဖွဲ့အစည်းမှ ကျွမ်းကျင်သူနှစ်ဦးထံသို့ နီးကပ်လာခဲ့လေသည်။

"ငါက ပါရမီအလွန်ကောင်းခဲ့တဲ့သူပဲ... မဟာပျက်စီးခြင်းနယ်မြေ မှာ နှစ် ၅၀၀ လုံးလုံး နေခဲ့တယ်... စိတ်အားထက်သန်ခဲ့ဖူးသလို ကြီးကျယ်ခမ်းနားတဲ့ အချိန်တွေလည်း ရှိခဲ့ဖူးတယ်... သေရည်သောက်သီချင်းဆိုပြီး အထီးကျန်ဆန်မှုကို ညည်းတွားခဲ့ဖူးတယ်... ဒီနေ့တော့ သခင်မအတွက်၊ လောကကြီးထဲက သက်ရှိအားလုံးအတွက် ငါ တိုက်ခိုက်မယ်... သေရရင်တောင် ငါ့မှာ နောင်တ မရှိတော့ဘူး"

အကြီးအကဲယွင်သည် ကောင်းကင်ယံသို့ မော့ကြည့်ကာ အားမာန်အပြည့်နှင့် ပြိုင်ဘက်ကင်းသော ကျက်သရေဖြင့် အော်ဟစ်လိုက်လေသည်။

သူ၏မျက်လုံးများ တောက်ပလာပြီး တားမြစ်နည်းစနစ်တစ်ခုကို ထုတ်ဖော်တော့မည့်ဟန် ရှိသည်။

သူသည် အစွမ်းကုန် တိုက်ခိုက်လိုနေပြီ ဖြစ်သည်။

အကယ်၍ သူ မသေဆုံးမီ ဖန်ဆင်းခြင်းအဆင့် အကြီးစားသို့ ရောက်လုနီးပါးဖြစ်နေသော ဓားနတ်ဘုရားဧကရာဇ်ကို ခေါ်ဆောင်သွားနိုင်လျှင် ဒါက ကြီးမားသော အမြတ်အစွန်းပင် ဖြစ်ပေလိမ့်မည်။

"သစ်ပင်ကြီးကို လှုပ်ဖို့ကြိုးစားနေတဲ့ ပုရွက်ဆိတ်ပါလား... မင်းမှာဂုဏ်ရှိပေမယ့် ကိုယ့်နေရာကိုယ် မသိဘူးပဲ... ဒါက သေခါနီး ရုန်းကန်နေတာ သက်သက်ပဲကွ"

ဟင်းလင်းပြင်ထဲတွင် ကြေးညိုရောင် လှံရှည်ကို ကိုင်ဆောင်ထားသော ဓားနတ်ဘုရားဧကရာဇ်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။

သူသည် အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ် အော်ရာများကို ထုတ်လွှတ်နေသည်။

သူ၏လက်ထဲရှိ သံချေးတက်နေသော ကြေးညိုရောင် လှံရှည်ကို မြှောက်လိုက်ပြီး အကြီးအကဲယွင်၏ မျက်နှာကို ချိန်ွယ်လိုက်လေသည်။

သူ့ကို အချိန်ကြာမြင့်စွာ တားဆီးထားခဲ့သော ဤရန်သူ၏ဦးခေါင်းကို ထိုးဖောက်သတ်ဖြတ်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

"ဝှစ် "

မိုးမြေကြားတွင် ကြေးညိုရောင် လှံရှည်ကြီးသည် တောက်ပသော အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်ပြီး လမ်းကြောင်းတစ်လျှောက်တွင် အလင်းလမ်းကြောင်း ကျန်ရစ်စေကာ အကြီးအကဲယွင်ထံသို့ တည့်တည့်မတ်မတ် ထိုးစိုက်သွားလေသည်။

အကြီးအကဲယွင်သည် တားမြစ်မန္တန်ကို ရွတ်ဆိုနေစဉ်တွင် အေးစက်သော အသံတစ်ခု ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာခဲ့သည်။

"အကြီးအကဲယွင်... ခဏနေဦး... သူတို့ကို ကျုပ် သတ်ပေးမယ်"

ရှန်းချန်ကော၏ပုံရိပ်သည် လှုပ်ရှားသွားပြီး လေထဲသို့ ပျံတက်သွားခဲ့ပေသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဝတ်ရုံသည် ခရမ်းရောင် နတ်ဘုရားအလင်းတန်းများဖြင့် တောက်ပနေပြီး သူ၏လက်ထဲမှ ဧကရာဇ်ဓားသည် ကြယ်များကဲ့သို့ တောက်ပသော အလင်းရောင်များဖြင့် လင်းလက်နေသည်။

သူသည် ဓားကို ကန့်လန့်ဖြတ် ဝှေ့ယမ်းလိုက်ရာ လောကကြီးသည် ပြိုင်ဘက်ကင်း ဓားအလင်းတန်းကြောင့် ကွဲအက်သွားပြီး ထိုအလင်းတန်းသည် ဓားနတ်ဘုရားဧကရာဇ်ထံသို့ ဝင်ရောက်သွားခဲ့သည်။

ခဏချင်းအတွင်းမှာပင် ပြိုင်ဘက်ကင်းသောဓားအလင်းတန်းသည် လောကကို ဖြတ်သန်းသွားပြီး အမှောင်ထုဖုံးလွှမ်းနေသော ကမ္ဘာကို လင်းထိန်သွားစေခဲ့လေသတည်း။

All Chapters