အထွတ်အထိပ်အင်မော်တယ် နည်းစနစ်၏ဒုတိယမြောက် ဓားချက်
Vol. 25 Ch. 242
ကောင်းကင်နှင့်မြေပြင်ကြားတွင် နားကွဲလုမတတ် အသံကြီးများ ထွက်ပေါ်လာပြီး လေထုထဲရှိ အနက်ရောင်မြူခိုးများသည် ပြင်းထန်စွာ လှိုင်းထနေပေသည်။
အလွန် ကြောက်မက်ဖွယ်ကောင်းသော သက်ရှိတစ်ကောင် နိုးထလာသကဲ့သို့ ဖြစ်ပြီး ကြီးမားသော ဖိအားတစ်ခုသည် ကမ္ဘာလောကကို လွှမ်းခြုံသွားလေသည်။
လေထဲတွင် အကြီးအကဲယွင်၏မျက်နှာသည် ဖြူလျော့နေပေ၏။
သူ၏မျက်ဝန်းများသည် စူးရှထက်မြက်နေပြီး အနက်ရောင် မြူခိုးများ၏ နက်ရှိုင်းရာသို့ စိုက်ကြည့်နေပေသည်။
အနက်ရောင် မြူခိုးများ အဆုံးမှ သူ၏ နှလုံးသားကို တုန်လှုပ်စေသော အရှိန်အဝါကို ခံစားလိုက်ရပေသည်။
ထိုအရှိန်အဝါသည် ဖန်ဆင်းခြင်းနယ်မြေအသေးစားအထက်တွင် ရှိနေပုံရပြီး ၎င်း၏ဖိအားသည် ကမ္ဘာလောက တစ်ခုလုံးကို ဖုံးလွှမ်းထားကာ အဋ္ဌမနှင့် နဝမမြောက် သူတော်စင်နတ်ဘုရားတို့ကို မွန်းကြပ်လုနီးပါး ဖြစ်စေပေ၏။
ရွှီး
အနက်ရောင် မြူခိုးတစ်စသည် ပျံ့နှံ့လာပြီး အသံအချို့ ထွက်ပေါ်လာပေသည်။ ရှေးဟောင်းနတ်ဘုရား တွင်းနက်၏ဝင်ပေါက်တွင် သွေးများ ပွင့်အာလာခဲ့လေပြီ။
၎င်းသည် ဆိုးယုတ်ပြီး သွေးပျက်ဖွယ် ကောင်းလှပေသည်။
သွေးရောင်မြူခိုးများသည် မည်းမှောင်သော ပြင်ပကမ္ဘာတွင် အလွန် ထင်ရှားနေပေ၏။
၎င်းတို့သည် ရှန်းချန်ကော၏နောက်သို့ လိုက်ပါလာသော ကျင့်ကြံသူများ ဖြစ်ကြပေသည်။
သူတို့သည် ကြင်နာခြင်းနှင့် တရားမျှတသော နှလုံးသား ရှိကြပြီး တုန်လှုပ်ဖွယ် သတ္တိကို ပိုင်ဆိုင်ထားကြပေ၏။
သူတို့သည် သာမန်လူများအတွက် တိုက်ပွဲဝင်လိုကြပြီး မိမိတို့ တတ်နိုင်သမျှ အင်အားလေးဖြင့် ပါဝင်ကူညီလိုခဲ့ကြပေသည်။
သို့သော် သူတို့၏ကျင့်ကြံခြင်းအဆင့်မှာ မမြင့်မားလှဘဲ သူတို့အားလုံးသည် ဖန်ဆင်းခြင်းနယ်မြေအောက် ကျင့်ကြံသူများ ဖြစ်ကြပေသည်။
ဤထူးဆန်းသော ကမ္ဘာသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် နိုးထလာသော ဖိအားကြောင့် အလောင်းပင် မကျန်ရစ်ဘဲ သေဆုံးသွားကြရပေသတည်း။
ရှန်းချန်ကော၏မျက်လုံးများ အေးစက်သွားပေသည်။
အခြားသူများလိုက်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့သဖြင့် သူတို့ကို ကယ်တင်ရန် အချိန်မရှိလိုက်ပေ။
အကြီးအကဲယွင်နှင့် အခြားသူများသည်လည်း ဤမြင်ကွင်းကို သတိထားမိလိုက်ကြပေသည်။
သို့သော် သူတို့သည် ပင်ပန်းနွမ်းနယ်နေပြီး တားဆီးနိုင်စွမ်း မရှိကြပေ။ ဓားနတ်ဘုရား ဧကရာဇ်အပေါ် ထားရှိသော သူတို့၏ သတ်ဖြတ်လိုစိတ်များ ပိုမို ပြင်းထန်လာပေ၏။
ပို၍ တိကျစွာ ပြောရလျှင် နောက်ကွယ်တွင် ပုန်းအောင်းနေသော စွမ်းအားကြီးသည့် ရှေးဟောင်းနတ်ဘုရား မျိုးနွယ်စုဝင်များအပေါ် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်ခြင်းသာ ဖြစ်ပေမည်။
ရက်အနည်းငယ်ကြာ တိုက်ခိုက်ပြီးနောက် သူတို့သည် အမှန်တရားအချို့ကို ရှာဖွေတွေ့ရှိခဲ့ကြပေသည်။
ဓားနတ်ဘုရား ဧကရာဇ်များသည် အလွန် စွမ်းအားကြီးမားသော်လည်း သူတို့တွင် ခံစားချက်မရှိပေ။ သူတို့သည် ထိန်းချုပ်ခံထားရသော အရုပ်များနှင့် တူနေပေ၏။
သူတို့သည် အကန့်အသတ်မရှိ သတ်ဖြတ်ရန်သာ သိကြပြီး သူတို့၏ မျက်လုံးထဲတွင် ပျက်စီးခြင်းတရားသာ ရှိပေသည်။
ထိုအရုပ်များကို ထိန်းချုပ်နေသော ရှေးဟောင်းနတ်ဘုရား မျိုးနွယ်စုဝင်သည်သာ စစ်မှန်သော လူသတ်တရားခံ ဖြစ်ပေသတည်း။
"ဘုန်း"
အနက်ရောင် မြူခိုးများ အဆုံးမှ ခြေသံများ ထွက်ပေါ်လာပေသည်။ ၎င်းတို့သည် နှေးကွေးသော်လည်း မြေကြီးကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဆန်းကြယ်လှပေသည်။
ထိုခြေလှမ်းများသည် အကြီးအကဲယွင်နှင့် အခြားသူများ၏ နှလုံးသားပေါ်သို့ နင်းလျှောက်နေသကဲ့သို့ ရှိပြီး နှလုံးခုန်သံများနှင့် တစ်သားတည်း ဖြစ်နေပေ၏။
၎င်းသည် သူတို့ကို မွန်းကြပ်လုနီးပါး ဖြစ်စေသော ဖော်ပြမရနိုင်သည့် ဖိအားကို ပေးစွမ်းနေပေသည်။
တဖြည်းဖြည်းနှင့် ရှေးဟောင်း မိစ္ဆာနတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ အနက်ရောင် မြူခိုးများ အဆုံးမှ တောင့်တင်းခိုင်မာသော ပုံရိပ်တစ်ခု ထွက်ပေါ်လာပေသည်။
အနက်ရောင် မြူခိုးများသည် သူ့တစ်ကိုယ်လုံးတွင် ရစ်ပတ်နေပြီး ဆိုးယုတ်ခြင်းအရှိန်အဝါသည် ကောင်းကင်သို့ လျှံကျနေပေ၏။
"ဒသမမြောက် သူတော်စင်နတ်ဘုရား..."
အကြီးအကဲယွင်နှင့် အခြားသူများသည် တိုက်ခိုက်ရန် အားအင် မရှိတော့သဖြင့် ရှန်းချန်ကောကို ကြည့်လိုက်ကြပေသည်။
သို့သော် သူတို့ သုံးဦးစလုံး၏မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်ပေါက်လာပေသည်။
ထိုအချိန်တွင် သူတို့၏ကယ်တင်ရှင် ဒသမမြောက် သူတော်စင်နတ်ဘုရား ဘာလုပ်နေသနည်း။
သူ ဘာလုပ်နေတာပါလိမ့်။
အကြီးအကဲနှင့် အခြားသူများသည် လေးနက်သော မျက်နှာထား ရှိသော်လည်း အလွန် ဇဝေဇဝါ ဖြစ်နေကြပေသည်။
ရှန်းချန်ကောသည် ဟင်းလင်းပြင်ထဲတွင် လမ်းလျှောက်နေသကဲ့သို့ ရှေ့တိုးနောက်ဆုတ် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရပေသည်။
သူ၏ဟန်ပန်သည် အလွန် လွတ်လပ်ပေါ့ပါးနေပေ၏။
ဒသမမြောက် သူတော်စင်နတ်ဘုရား၏ ဟင်းလင်းပြင်တွင် လမ်းလျှောက်နေသော ပုံစံသည် အမှန်တကယ်ပင် အေးဆေးသက်သာ ရှိလှသည်ဟု အကြီးအကဲယွင် ဝန်ခံရပေမည်။
သို့သော် သူ တစ်ခုခု လုပ်သင့်သည် မဟုတ်ပါလော။
အရှင် သူတော်စင်နတ်ဘုရား၊ လက်ရှိ အခြေအနေကို နည်းနည်းလောက် အာရုံစိုက်ပေးလို့မရဘူးလား။
နောက်ထပ် ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုးဝိညာဉ်တစ်ကောင် နိုးထလာပြီး သတ်ဖြတ်ခြင်း ဓားကို ကိုင်စွဲကာ သူတို့ဆီ လျှောက်လှမ်းလာနေပြီ ဖြစ်ပေသည်။
အကြီးအကဲယွင်၊ အဋ္ဌမနှင့် နဝမမြောက် သူတော်စင်နတ်ဘုရားတို့၏ နှုတ်ခမ်းများ တွန့်သွားပြီး ရှန်းချန်ကောကို ပြောစရာစကားမဲ့စွာ ကြည့်နေမိကြပေ၏။
ရှန်းချန်ကောသည် သူတို့၏လုပ်အားခများကို လိုက်လံကောက်ယူနေခြင်း ဖြစ်သောကြောင့် သူတို့ ဘာတွေးနေသည်ကို သဘာဝကျစွာ မသိရှိပေ။
မှန်ပေသည်၊၎င်းတို့သည် သူ၏အောင်ပွဲလက်ဆောင်များ ဖြစ်ပေသည်။
သူသည် ဓားနတ်ဘုရားဧကရာဇ်များ ကျဆုံးခဲ့သော နေရာများတွင် ချက်အင်ဝင်ပြီး ဆုလက်ဆောင်များ ရယူနေခြင်း ဖြစ်ပေသည်။
ကောင်းကင်ခွဲဓားဆွဲထုတ်ခြင်း နည်းစနစ်
ရှေးဦးမူလ ဓားသိုင်း
လောကအရှင်သခင် ဓားသိုင်း
မိုးမြေသုတ်သင်ခြင်း နည်းစနစ်
အင်မော်တယ်မြှုပ်နှံခြင်းနတ်ဘုရား နည်းစနစ်
ရှန်းချန်ကောသည် ဟင်းလင်းပြင်တွင် ရှေ့တိုးနောက်ဆုတ် လမ်းလျှောက်ရင်း စိတ်ထဲတွင် အခြားအတွေး မရှိပေ။
သူသည် ဖန်ဆင်းခြင်းနယ်မြေ ဓားနတ်ဘုရား ဧကရာဇ် လေးပါးနှင့် ခံစားချက်အချို့ ရှိသော ဗီဇပြောင်းဓားနတ်ဘုရား ဧကရာဇ်တို့ထံမှ ဆုလက်ဆောင်များ ရယူနေခဲ့ပေသည်။
နောက်ဆုံးတွင် သူသည် ကြီးမားသော သတ်ဖြတ်ခြင်း နည်းစနစ် ငါးခုကို ရရှိခဲ့ပေ၏။
အကြီးအကဲယွင်နှင့် အခြားသူများ၏နားမလည်နိုင်သော အကြည့်များအောက်တွင် ရှန်းချန်ကောသည် တရားထိုင်နေသော ဘုန်းကြီးအိုတစ်ပါးကဲ့သို့ လေထဲတွင် ငြိမ်သက်စွာ ရပ်တန့်သွားပေသည်။
သူသည် လှုပ်ရှားမှု ရပ်တန့်သွားပြီး အလွန် ဆန်းကြယ်သော ပကတိ အခြေအနေသို့ ရောက်ရှိသွားပုံ ရပေသည်။
"ဒသမမြောက် သူတော်စင်နတ်ဘုရားက ဉာဏ်အလင်း ပွင့်သွားတာပဲ"
အကြီးအကဲယွင်၏ကျင့်ကြံခြင်းအဆင့်သည် အမြင့်ဆုံး ဖြစ်သဖြင့် ရှန်းချန်ကော၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါကို ပထမဆုံး အာရုံခံမိလေသည်။
၎င်းသည် မဟာတာအို၏အနှစ်သာရကို ထိတွေ့လိုက်သကဲ့သို့ ဆန်းကြယ်သော တာအို စည်းချက်တစ်ခု ဖြစ်ပေသည်။
"ဒသမမြောက် သူတော်စင်နတ်ဘုရားက တကယ့်ကို မွန်းစတားပါပဲ။ ဒီလိုအခြေအနေမှာတောင် နားလည်သဘောပေါက်နိုင်သေးတယ်"
အဋ္ဌမနှင့် နဝမမြောက် သူတော်စင်နတ်ဘုရားတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ဖက်လူ၏မျက်လုံးထဲတွင် တုန်လှုပ်မှုကို မြင်တွေ့လိုက်ရပေသည်။
သူတို့၏အဆုံးမရှိသော ကျင့်ကြံခြင်း နှစ်ကာလများသည် မှေးမှိန်သွားသည်ဟု ခံစားလိုက်ရပေ၏။
ဒသမမြောက် သူတော်စင်နတ်ဘုရားနှင့် ယှဉ်လိုက်လျှင် ကြယ်များကို လမင်းနှင့် နှိုင်းယှဉ်သကဲ့သို့ ဖြစ်နေပေသည်။
တစ်တန်းတည်း ထား၍ ပြောဆိုနိုင်ခြင်း မရှိပေ။
မှန်ပေသည်။
ရှန်းချန်ကောသည် ဉာဏ်အလင်းပွင့်သော အခြေအနေသို့ ဝင်ရောက်သွားခဲ့ပေ၏။
သူ၏အတွေးများ ရှင်းလင်းနေပြီး သူ ရယူထားသော နတ်ဘုရား ဓားသိုင်းနည်းစနစ်များသည် စိတ်ထဲတွင် ပြောင်းလဲ တိုးတက်နေပေသည်။
၎င်းတွင် သူ၏နှလုံးသားကို ထိတွေ့စေပြီး ခန္ဓာကိုယ်မှ အရှိန်အဝါ ထွက်ပေါ်စေသော ဖော်ပြမရနိုင်သည့် သဲလွန်စတစ်ခု ပါဝင်နေပေသည်။
ခဏကြာသောအခါ ရှန်းချန်ကောသည် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်လေသည်။
ဤအချိန်တွင် သူ၏မျက်လုံးများသည် ကမ္ဘာလောကရှိ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သကဲ့သို့ အလွန် နက်ရှိုင်းပြီး ပြင်းထန်နေပေသည်။
သူ၏ချောမောသော မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာပေ၏။
အထွတ်အထိပ် အင်မော်တယ် နည်းစနစ်၊ အခြေခံ လမ်းညွှန်ချက်
သူ အပြည့်အဝ နားလည်သဘောပေါက်ပြီးနောက် မြူခိုးပင်လယ်ကမ္ဘာရှိ ရှေးဟောင်းနတ်ဘုရား မျိုးနွယ်စု၏ဘိုးဘေးမြေတွင် သူနှင့် သက်ဆိုင်သော ဓားတိုက်ခိုက်မှု နည်းစနစ်တစ်ခုကို ဖန်တီးခဲ့ပေသည်။
ပထမ ဓားကွက်၊နတ်ဘုရားသုတ်သင်ခြင်း
ယခုအချိန်တွင် ရှန်းချန်ကောသည် အထွတ်အထိပ် အင်မော်တယ် နည်းစနစ် အခြေခံ လမ်းညွှန်ချက် ကို မူလအစအဖြစ် အသုံးပြုပြီး သူ ရရှိထားသော နတ်ဘုရား နည်းစနစ်များနှင့် ပေါင်းစပ်လိုက်ပေသည်။
ဒုတိယမြောက် ဓားချက်၏အရိပ်အယောင်သည် သူ၏စိတ်ထဲတွင် ပေါ်လာပေ၏။
သူ၏ မျက်ဝန်းများသည် နက်ရှိုင်းနေပြီး ရေရွတ်လိုက်ပေသည်။
"ဒုတိယ ဓားကွက်ကို ဗုဒ္ဓ၏နတ်ဘုရားဆန္ဒလို့ ခေါ်ဆိုမယ်"
ဒုတိယဓား၊ အင်မော်တယ်လွတ်မြှောက်ခြင်း
တစ်ခဏချင်းမှာပင် ရှန်းချန်ကော၏အကြည့်သည် ဓားအိမ်မှ ဆွဲထုတ်လိုက်သော ကောင်းကင်ဓားတစ်လက်ကဲ့သို့ ထက်ရှလာပေသည်။
၎င်းသည် အလွန် ပြင်းထန်ပြီး တောက်ပနေပေ၏။ အနက်ရောင် မြူခိုးများ၏ နက်ရှိုင်းရာမှ ထွက်ပေါ်လာသော တောင့်တင်းခိုင်မာသည့် ပုံရိပ်ကို သူ ကြည့်လိုက်ပေသည်။
သူ၏နှလုံးသားသည် တိုက်ခိုက်လိုစိတ်နှင့် မြင့်မားသော စိတ်ဓာတ်များ ပြည့်နှက်နေပေသည်။
သူသည် ကောင်းကင်နှင့် ယှဉ်ပြိုင်လိုပေသည်။
"ခင်ဗျားတို့ ဖယ်နေလိုက်ကြ၊ ကျုပ်ပဲ ရှင်းလိုက်မယ်"
ရှန်းချန်ကော၏ရုတ်တရက် စကားကြောင့် အကြီးအကဲယွင်နှင့် အခြားသူများ လန့်သွားကြပေသည်။
သူတို့ အားလုံး ခေါင်းညိတ်ပြီး နောက်ဆုတ်လိုက်ကြ၏။
အကြီးအကဲယွင်၏မျက်နှာသည် သွေးရောင်မရှိဘဲ စာရွက်တစ်ရွက်ကဲ့သို့ ဖြူလျော့နေပေသည်။
သူက လေးနက်သော မျက်နှာထားဖြင့် သတိပေးလိုက်ပေသည်။
"ဒသမမြောက် သူတော်စင်နတ်ဘုရား၊ သတိထားပါ။ ဒီနတ်ဆိုးက အရင်ကောင်တွေနဲ့ မတူဘူး။ သူက ကျုပ်ကို ပြင်းထန်တဲ့ အန္တရာယ် အာရုံခံစားမှုကို ပေးနေပြီး သူ့ရဲ့အဆင့်က ပိုပြီး နက်ရှိုင်းနေတယ်။ သူက ဖန်ဆင်းခြင်းနယ်မြေအကြီးစားကို ရောက်ရှိနေပုံ ရတယ်"
အဋ္ဌမနှင့် နဝမမြောက် သူတော်စင်နတ်ဘုရားတို့သည် နက်နက်ရှိုင်းရှိုင်း တွေးတောကာ ခေါင်းညိတ်လိုက်ကြပေသည်။
သူတို့ ခံစားရသော ဖိအားသည် တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားပြီး နှလုံးသားထဲမှ အန္တရာယ် အာရုံခံစားမှုသည် ပိုမို ပြင်းထန်လာပေ၏။
ဤဖိအားအောက်တွင် သူတို့၏ခေါင်းပေါ်၌ နတ်ဘုရားတောင်တစ်လုံး ပျံဝဲနေသကဲ့သို့ ခံစားရပြီး ဖိအားကြောင့် မွန်းကြပ်လုနီးပါး ဖြစ်နေပေသည်။
"ကိစ္စမရှိပါဘူး။ ကျုပ် သူ့ကို သတ်တာသာ ကြည့်နေကြပါ"
ရှန်းချန်ကောသည် သူ၏ဝတ်ရုံလက်များကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ပြီး သူ၏ ဟန်ပန်မှာ အေးဆေးသက်သာ ရှိလှပေသည်။
သူ၏မျက်နှာသည် ယုံကြည်မှု အပြည့်ရှိပြီး ကမ္ဘာလောကကြီး တစ်ခုလုံးကို တစ်ယောက်တည်း ထမ်းထားနိုင်သကဲ့သို့ ဖြစ်နေပေ၏။
အကြောင်းတစ်ခုခုကြောင့် အကြီးအကဲယွင်နှင့် အခြားသူများသည် စိတ်သက်သာရာ ရသွားကြပြီး အန္တရာယ် အာရုံခံစားမှုသည် ယခင်ကလောက် မပြင်းထန်တော့ပေ။
"ဘုန်း ဘုန်း ဘုန်း"
ရှန်းချန်ကောသည် ဟင်းလင်းပြင်တွင် ရှေ့သို့ လှမ်းလိုက်ပေသည်။
ကမ္ဘာလောကကြီးသည် သူ၏ခြေအောက်တွင် တုန်ခါသွားပြီး ဟင်းလင်းပြင်သည် သူ့ကို ဦးညွှတ်လိုသကဲ့သို့ မြည်ဟီးနေပေ၏။
၎င်းသည် သူ၏ကြီးမားသော ခန္ဓာကိုယ်ကို ပိုမို မြင့်မားလာစေသကဲ့သို့ ဖြစ်စေပြီး လူများကို ကိုးကွယ်ချင်စိတ် ဖြစ်ပေါ်စေပေသည်။
သူသည် ဓားတစ်လက်တည်းဖြင့် နတ်ဆိုးများနှင့် မကောင်းဆိုးဝါး အားလုံးကို သတ်ဖြတ်နိုင်စွမ်း ရှိပုံရပေသည်။
အနက်ရောင် မြူခိုးများ၏နက်ရှိုင်းရာတွင် နိုးထလာသော ဓားနတ်ဘုရား ဧကရာဇ်သည် သူ၏ မျက်နှာကို ဖော်ထုတ်လိုက်ပေသည်။
သူသည် ဆန်းကြယ်သော အင်းကွက်များ ထွင်းထုထားသည့် အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားပေ၏။
၎င်းသည် လူတစ်ယောက်၏စိတ်ကို ဝါးမျိုနိုင်သကဲ့သို့ နက်ရှိုင်းသော အလင်းရောင်ဖြင့် တောက်ပနေပြီး အလွန် ထူးဆန်းနေပေသည်။
အေးစက်သော သတ်ဖြတ်လိုစိတ်သည် သူ၏ မျက်လုံးများတွင် ပေါ်လာပြီး ရှန်းချန်ကော ရှိရာဘက်သို့ စိုက်ကြည့်နေပေသည်။
သူသည် ဉာဏ်ရည်နှင့် ခံစားချက်များ ပိုင်ဆိုင်ထားပုံရပြီး စကားပြောလာလေသည်။
"မင်းက ငါ့ကို အံ့သြစေတယ်။မင်းရဲ့ စွမ်းအားက ဓားနတ်ဘုရား ဧကရာဇ်ကို ဖိနှိပ်နိုင်စွမ်း ရှိနေတာပဲ။မင်းကို စမ်းသပ်ဖို့ ငါ ပြန်ခေါ်သွားမှ ဖြစ်တော့မယ်"