← Chapters

မြင့်မြတ်မင်းဆက်မှ သံတမန်

Vol. 25 Ch. 245

မြင့်မြတ်မင်းဆက်မှ သံတမန်

Vol. 25 Ch. 245

တစ်ခဏအတွင်းမှာပင်

ကျယ်ပြန့်သော ကောင်းကင်နှင့်မြေပြင်ကြား၊ မဟာပျက်စီးခြင်းနယ်မြေ၏ပြင်ပဧရိယာတစ်ခုလုံးရှိ မရေမတွက်နိုင်သော သက်ရှိများသည် ကောင်းကင်ထက်ရှိ ရှန်းချန်ကော၏ပုံရိပ်ကို ဦးခိုက်နေကြလေသည်။

သူတို့သည် ရှန်းချန်ကော၏အမည်နာမကို ချီးမွမ်းကာ သူ၏အောင်မြင်မှုများကို ရေရွတ်ရင်း သူ၏ ကြင်နာမှုအတွက် ကျေးဇူးတင်စကား ဆိုနေကြလေ၏။

"လောကကပ်ဘေးကြီး ငြိမ်းသွားပြီ။နောက်နောင် ဒီလောကကြီးကို သူတော်စင်နတ်ဘုရားအဖွဲ့အစည်းကပဲ ကာကွယ်စောင့်ရှောက်သွားမှာပါ"

ရှန်းချန်ကော၏အသံသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး မဟာပျက်စီးခြင်းနယ်မြေ၏ ပြင်ပဧရိယာတွင် ပဲ့တင်ထပ်သွားလေသည်။

အကြီးအကဲယွင်က ဂုဏ်ပြုမှုအားလုံးကို သူ့အား ပေးအပ်ခဲ့သဖြင့် ရှန်းချန်ကောအနေဖြင့် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားရခြင်း ဖြစ်ပေသည်။

သာမန်ပြည်သူများအား သူတော်စင်နတ်ဘုရားအဖွဲ့အစည်းကိုသိရှိစေပြီး အသိအမှတ်ပြုစေခြင်းသည် သူတို့၏လုံခြုံရေးကို ကာကွယ်ပေးမည့် သူတော်စင်နတ်ဘုရားအဖွဲ့အစည်း၏နည်းလမ်းတစ်ခု ဖြစ်ပေသည်။

ခဏအကြာတွင် ရှန်းချန်ကောနှင့် အခြားသူများသည် ကောင်းကင်ထက်မှ ပျောက်ကွယ်သွားကြလေသည်။

သို့သော် မိုးမြေကြားရှိ သက်ရှိသန်းပေါင်းများစွာ၏အော်ဟစ်သံများသည် ငြိမ်သက်သွားခြင်း မရှိသေးပေ။

သူတို့ ထရပ်လိုက်ပြီးနောက် ဘေးဒုက္ခမှ လွတ်မြောက်လာသည့် စိတ်လှုပ်ရှားမှုများကို ဖော်ပြကြပြီး ဒသမမြောက် သူတော်စင်နတ်ဘုရား ရှန်းချန်ကော၏အမည်ကို ရေရွတ်နေကြလေသည်။

...

အမည်မသိ နယ်မြေတစ်ခုတွင်

ပင်မခန်းမဆောင်အတွင်း၌

လော့ယွင်ရှီးသည် မြင့်မြတ်ပြီး ခမ်းနားသော ပလ္လင်ထက်တွင် ထိုင်နေလေသည်။

သူမ၏မျက်ဝန်းများသည် လမင်းကဲ့သို့ အေးစက်နေပြီး မျက်နှာထားသည် ရေပြင်ကဲ့သို့ တည်ငြိမ်နေသော်လည်း သူမထံမှ မမြင်နိုင်သော ကြီးကျယ်ခမ်းနားသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်နေပေ၏။

၎င်းသည် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာပြီး လောကကြီးကို ငုံ့ကြည့်နေသော ဧကရီမတစ်ပါးကဲ့သို့ ဖြစ်နေလေသည်။

ဤအချိန်၌ ခန်းမဆောင်အတွင်းတွင် လူများစွာ ရှိနေပြီး ရှန်းချန်ကောလည်း သူတို့အထဲတွင် ပါဝင်လေသည်။

ယနေ့တွင် သူတော်စင်နတ်ဘုရားအဖွဲ့အစည်း၏ သူတော်စင်နတ်ဘုရား ဆယ်ပါးလုံး စုဝေးရောက်ရှိနေကြပေသည်။

ဤသည်မှာ ရှေးယခင်က တစ်ခါမျှ မဖြစ်ဖူးသော ထူးခြားသည့် အခါသမယတစ်ခု ဖြစ်ပေသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

သူတော်စင်နတ်ဘုရား ဆယ်ပါးလုံးသည် ဖန်ဆင်းခြင်းနယ်မြေသို့ ရောက်ရှိနေကြသူများ ဖြစ်ကြပေသည်။

ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူများသည် မဟာပျက်စီးခြင်းနယ်မြေ၏ပိရမစ်ထိပ်ဆုံးတွင် ရပ်တည်နေသော ဖြစ်တည်မှုများ ဖြစ်ကြပေ၏။

သူတို့သည် လက်တစ်ဖက် လှန်လိုက်ရုံဖြင့် မိုးတိမ်များကို ဖန်တီးနိုင်စွမ်းရှိကြသည်။

သူတို့၏စကားများသည် ကမ္ဘာလောကကို လှုပ်ခါနိုင်ပြီး အတွေးတစ်ချက်ဖြင့် သာမန်လူတို့၏ ကံကြမ္မာကို ထိန်းချုပ်နိုင်ကြပေသည်။

သူတို့သည် သာမန်လူတို့၏မျက်လုံးထဲတွင် လက်လှမ်းမမီနိုင်သော နတ်ဘုရားများကဲ့သို့ မြင့်မားပြီး တန်ခိုးကြီးမားကြပေသည်။

ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူများသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ထပ်မံတိုးတက်ရန် အလွန်ခက်ခဲလှပေသည်။

ထို့ကြောင့် အချိန်အများစုတွင် သူတို့သည် တံခါးပိတ် ကျင့်ကြံခြင်း၊ ကြယ်တာရာများကြား ခရီးသွားခြင်း သို့မဟုတ် တားမြစ်နယ်မြေများကို စူးစမ်းလေ့လာခြင်းတို့ ပြုလုပ်လေ့ရှိကြပြီး တစ်စုံတစ်ခုကို ရရှိ၍ ကျင့်ကြံခြင်းအဆင့် တိုးတက်ရန် မျှော်လင့်ကြလေသည်။

ထို့ကြောင့် သူတော်စင်နတ်ဘုရား ဆယ်ပါးလုံး စုဝေးမိရန်မှာ ရှားပါးလှပေသည်။

ဤသည်မှာ ရှန်းချန်ကောမှလွဲ၍ ကျန်ရှိသော သူတော်စင်နတ်ဘုရား ကိုးပါးလုံး ပထမဆုံးအကြိမ် စုဝေးမိခြင်း ဖြစ်ပေသည်။

"..."

ခုနစ်မြောက် သူတော်စင်နတ်ဘုရား အကြီးအကဲယွင်သည် ရှေ့သို့တက်လာပြီး ရှေးဟောင်းနတ်ဘုရားချောက်နက်၏အခြေအနေကို လော့ယွင်ရှီးထံ တင်ပြလေသည်။

လော့ယွင်ရှီးသည် သူ၏စကားကို ကြားသောအခါ အသာအယာ ခေါင်းညိတ်လိုက်လေသည်။ သူမ၏ အေးစက်သော မျက်ဝန်းများသည် ရှန်းချန်ကောထံ ရောက်သွားပြီး ပြောလိုက်လေ၏။

"ဒသမမြောက် သူတော်စင်နတ်ဘုရား ရှန်းချန်ကောက မဟာကပ်ဘေးကြီးကို ရှင်းလင်းပေးခဲ့ပြီး ကြီးမားတဲ့ ကောင်းမှုတစ်ခု လုပ်ခဲ့တယ်။ ဒီနေ့ကစပြီး အဖွဲ့အစည်းကလူတွေ ရှန်းချန်ကောကို တွေ့ရင် ငါကိုယ်တိုင် ရောက်နေသလိုမျိုး ဆက်ဆံကြရမယ်။ဒါဟာ ငါသခင်မရဲ့ အမိန့်ပဲ။ ဘယ်သူမှ မလိုက်နာဘဲ မနေရဘူး"

လော့ယွင်ရှီးသည် သူမ၏သူတော်စင်သခင်မ တိုကင်ဖြင့် တိုက်ရိုက် အမိန့်ပေးလိုက်ခြင်းဖြစ်ရာ ကျန်ရှိသော သူတော်စင်နတ်ဘုရား ကိုးပါးကို တုန်လှုပ်သွားစေလေသည်။

ဒသမမြောက် သူတော်စင်နတ်ဘုရား ရှန်းချန်ကောသည် အလွန်ထူးခြားလှပေသည်။ သူသည် ဖန်ဆင်းခြင်းနယ်မြေသို့ မရောက်မီကပင် အခြား ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူများနှင့် တန်းတူ သူတော်စင်နတ်ဘုရားများထဲတွင် ပါဝင်ခဲ့လေသည်။

ယခု သူသည် ဖန်ဆင်းခြင်းနယ်မြေ အသေးစား သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူ၏စွမ်းအားသည် ခန့်မှန်းရခက်လောက်အောင် နက်ရှိုင်းနေပေသည်။

ယခု ဤသူတော်စင်သခင်မ တိုကင်ဖြင့် ရှန်းချန်ကော၏အဆင့်အတန်းသည် နောက်တစ်ဆင့်သို့ မြင့်တက်သွားခဲ့ပြီ ဖြစ်ပေသည်။

သူသည် အခြား သူတော်စင်နတ်ဘုရား ကိုးပါး၏ အထက်တွင် ရောက်ရှိလုနီးပါး ဖြစ်နေချေပြီ။

ဤကဲ့သို့သော ဆုလာဘ်သည် ကြီးမားသော ဆုလာဘ်တစ်ခုဟု ဆိုနိုင်ပေသည်။

အဋ္ဌမနှင့် နဝမမြောက် သူတော်စင်နတ်ဘုရားတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။

သူတို့သည် သိပ်ပြီး တုန်လှုပ်ပုံမရပေ။ ဤအရာသည် ကျိုးကြောင်းဆီလျော်မှု မရှိသယောင် ထင်ရသော်လည်း မျှော်လင့်ထားပြီးသား ကိစ္စတစ်ခုလည်း ဖြစ်ပေသည်။

ရှန်းချန်ကောသည် သူ၏အသန်မာဆုံး ဓားကွက်ကို ထုတ်ဖော်၍ မျိုးနွယ်စုဝင်နှင့် ပေါင်းစပ်ထားသော ဓားနတ်ဘုရားဧကရာဇ်ကို သတ်ဖြတ်လိုက်သည့်အချိန်မှစ၍ ရှေးဟောင်းနတ်ဘုရားမျိုးနွယ်စု ဆုတ်ခွာသွားသည့်အချိန်အထိ သူတို့ ဤအကြောင်းကို တွေးတောမိခဲ့ကြပြီး ဖြစ်ပေသည်။

ထိုအချိန်က သူတို့ တွေးမိသည်မှာ သူတော်စင်နတ်ဘုရားအဖွဲ့အစည်းတွင် သူတော်စင်နတ်ဘုရား ဆယ်ပါး ရှိလာလိမ့်မည်ဟူ၍ ဖြစ်ပေသည်။

ဒသမမြောက် သူတော်စင်နတ်ဘုရား ရှန်းချန်ကောသည် အဆင့်အတန်း တစ်ခုတွင် ရှိနေပြီး...

ကျန်သော သူတော်စင်နတ်ဘုရား ကိုးပါးသည် အခြား အဆင့်အတန်း တစ်ခုတွင် ရှိနေပေလိမ့်မည်။

ခန်းမကြီးအတွင်းရှိ သူတော်စင်နတ်ဘုရား အားလုံး တုန်လှုပ်နေကြသော်လည်း ရှန်းချန်ကောသည် အလွန် တည်ငြိမ်အေးဆေးနေပုံ ရပေသည်။

သူ၏မျက်နှာသည် ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။

သူသည် လက်နှစ်ဖက်ကို ယှက်၍ အရိုအသေပေးကာ ပြောလိုက်လေ၏။

"သခင်မရဲ့မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

သူသည် ရှေးဟောင်းနတ်ဘုရားတွင်းနက် တိုက်ပွဲတွင် ပါဝင်ရန် ဆန္ဒမရှိခဲ့ပေ။

သူသည် မဟာပျက်စီးနယ်ခြင်းမြေ၏အစောင့်အရှောက် မဟုတ်သဖြင့် အဘယ်ကြောင့် ထိုရှုပ်ထွေးသော ကိစ္စများထဲသို့ ဝင်ပါရမည်နည်း။

သို့သော် လော့ယွင်ရှီးက ကိုယ်တိုင် သတင်းစကား ပေးပို့ခဲ့ပြီး သူ့ကို သွားရောက်စေလိုခဲ့ပေသည်။

ထို့ကြောင့် သူ ငြင်းဆန်၍ မရဘဲ ရှေးဟောင်းနတ်ဘုရားချောက်နက်သို့ သွားရောက်ကာ တိုက်ပွဲဝင်ခဲ့ရခြင်း ဖြစ်ပေသည်။

နောက်ဆုံးတွင်တော့ မြူခိုးပင်လယ်ကမ္ဘာ၌လော့ယွင်ရှီးထံ အကြွေးတင်ခဲ့ဖူးသဖြင့် သူ ငြင်းဆန်နိုင်ခြင်း မရှိခဲ့ပေ။

ရှန်းချန်ကော၏ဂရုမစိုက်ဟန်နှင့်တည်ငြိမ်သော အမူအရာကို လော့ယွင်ရှီးသတိပြုမိလေသည်။

သူမ၏နှုတ်ခမ်းနီများ အသာအယာ ပွင့်ဟသွားပြီး ပြောလိုက်လေ၏။

"ဒီနေ့ အားလုံးကို ဒီနေရာမှာ စုဝေးခိုင်းတဲ့ နောက်ထပ် အရေးကြီးကိစ္စတစ်ခု ရှိသေးတယ်"

သူမ စကားဆုံးသည်နှင့် ခန်းမဆောင်အတွင်းရှိ သူတော်စင်နတ်ဘုရား အားလုံး လေးနက်သွားကြလေသည်။ သူတော်စင်သခင်မက ဤမျှ အလေးထားသော ကိစ္စသည် ကြီးကျယ်သော ကိစ္စတစ်ခု ဖြစ်ရပေမည်။

၎င်းသည် သာမန်ကိစ္စတစ်ခု မဟုတ်ဘဲ ကမ္ဘာလောကကို တုန်လှုပ်စေနိုင်သော ကိစ္စတစ်ခု ဖြစ်နိုင်ကြောင်း မှန်းဆနိုင်ပေသည်။

"မြင့်မြတ်မင်းဆက်က ဒီကို သံတမန်တစ်ယောက် လွှတ်လိုက်တယ်၊ သူတော်စင်နတ်ဘုရားအဖွဲ့အစည်းကို သူတို့ရဲ့လက်အောက်ခံအဖြစ် သွတ်သွင်းချင်နေကြတယ်။ ဒီနေ့ကစပြီး ငါတို့ မြင့်မြတ်မင်းဆက်ရဲ့အမိန့်အောက်ကို ရောက်ရတော့မယ်"

လော့ယွင်ရှီးက တည်ငြိမ်စွာ ပြောလိုက်လေသည်။ ထို့နောက် သူမ၏ဖီးနစ်ငှက်ကဲ့သို့သော မျက်ဝန်းများသည် ရှိနေသူများကို ဝေ့ဝဲကြည့်လိုက်ရာ သူတို့၏အတွေးများကို ထွင်းဖောက်မြင်နိုင်သကဲ့သို့ ရှိနေပေသည်။

ပင်မခန်းမဆောင်အတွင်းရှိ လေထုသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

မြင့်မြတ်မင်းဆက်သည် မရေမတွက်နိုင်သော နှစ်ကာလများကတည်းက တည်ရှိခဲ့ခြင်း ဖြစ်ပေသည်။

၎င်းသည် မဟာပျက်စီးခြင်းနယ်မြေ၏အထက်တွင် ရပ်တည်ပြီး ကျယ်ပြန့်သော ကမ္ဘာကြီးကို အုပ်စိုးခဲ့လေသည်။

နှစ်ပေါင်းမည်မျှ ကြာမြင့်ပါစေ မြင့်မြတ်မင်းဆက်သည် ဆက်လက်တည်ရှိနေပြီး ထွန်းလင်းတောက်ပသော သမိုင်းစာမျက်နှာများကို ရေးသားခဲ့လေသည်။

၎င်းသည် မသေနိုင်မပျက်စီးနိုင်သော အရာဖြစ်ပြီး သမိုင်းစာအုပ်များထဲမှ ဒဏ္ဍာရီတစ်ခု ဖြစ်ပေသည်။

မြင့်မြတ်မင်းဆက်သည် ဤကမ္ဘာကြီး၏တစ်ခုတည်းသော အထွတ်အထိပ် ဘုရင် ဖြစ်ပေသည်။

တိတိကျကျ ပြောရလျှင် မဟာပျက်စီးခြင်းနယ်မြေ၏ပြင်ပဧရိယာများသည် မြင့်မြတ်မင်းဆက် စွန့်ပစ်ထားသော နေရာများ ဖြစ်ကြပေသည်။

သူတို့သည် ဤနေရာများကို အုပ်ချုပ်ရန် ဂရုမစိုက်ပေ၊ သို့မဟုတ် မြင့်မြတ်မင်းဆက်သည် မဟာပျက်စီးခြင်းနယ်မြေ၏ပြင်ပဧရိယာများကို အလေးမထားခြင်းလည်း ဖြစ်နိုင်ပေသည်။

ရလဒ်အနေဖြင့် မဟာပျက်စီးခြင်းနယ်မြေ၏ပြင်ပဧရိယာတွင် အင်အားစုများ ကွဲပြားနေပြီး အလွန် ရှုပ်ထွေးသော အခြေအနေ ဖြစ်ပေါ်နေလေသည်။

မကြာခဏဆိုသလို အင်အားစုများ တိုက်ခိုက်ကြပြီး ကြီးမားသော သတ်ဖြတ်မှုများ ဖြစ်ပေါ်လေ့ရှိပေသည်။

မြင့်မြတ်မင်းဆက်သည် မဟာပျက်စီးခြင်းနယ်မြေ၏အတွင်းပိုင်းတွင် တည်ရှိပြီး အတွင်းနယ်မြေအားလုံးကို အုပ်စိုးထားလေသည်။

၎င်းတွင် အထွတ်အထိပ် အာဏာနှင့် မေးခွန်းထုတ်စရာမလိုသော ကြီးမြတ်မှု ရှိပေသည်။ စွမ်းအားကြီးသူများစွာ ရှိပြီး ကမ္ဘာလောကကို အမြင့်မှ ငုံ့ကြည့်နေကြပေသည်။

ခန်းမဆောင်အတွင်းရှိ သူတော်စင်နတ်ဘုရား အသီးသီးသည် ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း မြင့်မြတ်မင်းဆက်နှင့် ရင်ဆိုင်ရသောအခါ သတိထားရပြီး ကြောက်ရွံ့မှုပင် ရှိကြပေသည်။

မြင့်မြတ်မင်းဆက်၏ဂုဏ်သိက္ခာကို မည်သူမျှ မထိပါးရဲကြပေ။

သူတို့သည် သူတော်စင်နတ်ဘုရားအဖွဲ့အစည်းသို့ ဝင်ရောက်စဉ်က ဤကိစ္စအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ကြသော်လည်း တကယ်တမ်း ရင်ဆိုင်ရသောအခါ ကြောက်ရွံ့နေကြဆဲ ဖြစ်ပေသည်။

ယခု မြင့်မြတ်မင်းဆက်သည် သူတော်စင်နတ်ဘုရားအဖွဲ့အစည်းကို လွှဲပြောင်းရယူရန် သံတမန်တစ်ဦး စေလွှတ်လိုက်ပြီ ဖြစ်ရာ သူတို့သည် အဖွဲ့အစည်း၏စွမ်းအားကို တန်ဖိုးထားပြီး သိမ်းသွင်းရန် ထိုက်တန်သည်ဟု ယူဆထားကြောင်း ထင်ရှားပေသည်။

ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူ ဆယ်ဦးပါဝင်သော အင်အားစုသည် မြင့်မြတ်မင်းဆက်တွင်ပင် အလွန် အင်အားကြီးမားသော အင်အားစုတစ်ခု ဖြစ်ပေသည်။

ဘုန်း...

ထိုအချိန်တွင် ကောင်းကင်နှင့်မြေပြင်သည် ရုတ်တရက် တုန်ခါသွားပြီး ဟင်းလင်းပြင်သည်လည်း တုန်လှုပ်သွားလေသည်။

နက်ရှိုင်းပြီး ကြီးမားသော ဖိအားတစ်ခုသည် ခန်းမဆောင်မှ ပျံ့နှံ့ထွက်ပေါ်လာပြီး ကမ္ဘာလောကကို လွှမ်းခြုံသွားလေသည်။

"မြင့်မြတ်မင်းဆက်ရဲ့သံတမန် ကုလင်းဖန်၊ သူတော်စင်ဘုရင်ရဲ့အမိန့်တော်ကို ပေးပို့ဖို့ ရောက်လာပါပြီ"

ကျယ်လောင်ပြတ်သားသော အသံတစ်ခုသည် ပင်မခန်းမဆောင် အပြင်ဘက်မှ ထွက်ပေါ်လာပြီး တိမ်တိုက်များကို ဖြတ်သန်းကာ ခန်းမဆောင်အတွင်းသို့ ပဲ့တင်ထပ်သွားလေသည်။

"ဖိတ်ခေါ်လိုက်ပါ"

လော့ယွင်ရှီးက ပလ္လင်ထက်မှ တိုးညှင်းစွာ ပြောလိုက်လေသည်။

ရွှီး...

ထို့နောက် ခန်းမဆောင်အပြင်ဘက်မှ အရပ်ရှည်ရှည် သွယ်လျလျ ပုံရိပ်တစ်ခု ဝင်ရောက်လာလေသည်။

သူ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာသည်နှင့် ရွှေရောင်အလင်းတန်းများသည် အပြင်ဘက်မှ ဖြာကျလာပြီး သူ့အပေါ်သို့ ကျရောက်နေလေသည်။

သူသည် ကျောဘက်တွင် သူရိယနတ်ဘုရားကို သယ်ဆောင်လာသကဲ့သို့ ထင်မှတ်ရပေသည်။

သူသည် တောက်ပပြီး မျက်စိကျိန်းမတတ် ဖြစ်နေလေသည်။

သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခန်းမဆောင်အတွင်းရှိ လူတိုင်း၏အာရုံကို ဖမ်းစားလိုက်လေသည်။

ဤအချိန်၌ ကမ္ဘာလောကတွင် သူတစ်ယောက်တည်းသာ ရှိတော့သကဲ့သို့ ဖြစ်နေချေတော့သတည်း။

All Chapters