← Chapters

ခေါင်းဖြတ်ကွတ်မြတ်ခြင်း

Vol. 25 Ch. 247

ခေါင်းဖြတ်ကွတ်မြတ်ခြင်း

Vol. 25 Ch. 247

"မင်းက သူတော်စင်နတ်ဘုရားကျောင်းတော်ကို အထင်သေးပြီး... သူတော်စင်သခင်မရဲ့ ဂုဏ်သိက္ခာကို မလေးမစား လုပ်မှတော့... ငါ ဒသမမြောက် သူတော်စင်နတ်ဘုရားက မင်းကို ကွတ်မြတ်ရတော့မှာပေါ့..."

ရှန်းချန်ကော၏အသံသည် အေးစက်နေပြီး အရိုးထဲထိ စိမ့်ဝင်သွားစေနိုင်သော အအေးဓာတ်များ ပါဝင်နေလေသည်။

ခန်းမဆောင်ထဲရှိ အပူချိန်သည် ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ ရုတ်ချည်း ကျဆင်းသွားချေ၏။

ဘုန်း... ဘုန်း... ဘုန်း...

တစ်ခဏအတွင်း ခန်းမဆောင်ထဲမှ နားကွဲမတတ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။

ဟင်းလင်းပြင် တုန်ခါသွားပြီး ကောင်းကင်နှင့် မြေပြင်ပါ တုန်လှုပ်သွားစေပေသည်။

ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦး၏ အစွမ်းထက်သော အရှိန်အဝါသည် အကာကျိုးသွားသောမြစ်တစ်စင်းကဲ့သို့ ပျံ့နှံ့ထွက်ပေါ်လာပြီး ခန်းမဆောင် တစ်ခုလုံးကို လွှမ်းခြုံသွားချေ၏။

၎င်းသည် ကုလင်းဖန်ဆီသို့ လွှမ်းမိုးသွားလေသည်။

ကုလင်းဖန်၏မျက်ဝန်းများ ကျဉ်းမြောင်းသွားသော်လည်း သူသည် ကြောက်ရွံ့ခြင်း မရှိပေ။

ထိုအစား သူသည် ရယ်မောလိုက်ပြီး ရှန်းချန်ကော

ကို ရန်စသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

"မင်း ငါ့ကို သတ်ရဲလို့လား..."

"ဒီနေ့ ငါသာ သေသွားရင်... မနက်ဖြန်ကျ သူတော်စင်နတ်ဘုရားကျောင်းတော် မြေလှန်ခံရလိမ့်မယ်... ဘယ်သူမှ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူး..."

ကုလင်းဖန်သည် လက်ကို နောက်ပစ်ကာ ရပ်နေဆဲ ဖြစ်လေသည်။

သူသည် ရှန်းချန်ကောကို ရန်စသော အကြည့်ဖြင့် ကြည့်နေပြီး ရှန်းချန်ကော အနေဖြင့် သူ့ကို သတ်ရဲမည် မဟုတ်ကြောင်း သေချာနေသည့်ပုံ ပေါက်နေချေ၏။

သို့သော် နောက်တစ်ခဏတွင် သူ၏မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားလေသည်။

နှိုင်းယှဉ်၍ မရနိုင်လောက်အောင် စူးရှသော ဓားအလင်းရောင် တစ်ခုသည် သူ၏မျက်ဝန်းထဲတွင် လျင်မြန်စွာ ကြီးထွားလာပြီး သူ့ကို ဖုံးလွှမ်းတော့မည့်အလား ရှိနေပေသည်။

"ဝှစ်..."

ထို့နောက် ကုလင်းဖန်သည် သူ၏လက်များကို ရင်ဘတ်ရှေ့သို့ အမြန် မြှောက်လိုက်လေသည်။

လောကထဲရှိ ဝိညာဉ်စွမ်းအင်များသည် သူ့ဆီသို့ လျင်မြန်စွာ စုစည်းလာပြီး သူ့ပတ်လည်တွင် ရွှေရောင် အလင်းဒိုင်းတစ်ခု ဖြစ်ပေါ်လာစေချေ၏။

ရွှေရောင်အလင်းတန်းသည် တောက်ပနေပြီး မြင့်မြတ်ကာ ထူးခြားနေလေသည်။

၎င်းသည် ပျက်စီး၍ မရနိုင်၊ ထိုးဖောက်၍ မရနိုင်ပုံ ပေါက်နေပေသည်။

ဤသည်မှာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော ကုမိသားစု၏နတ်ဘုရား နည်းစနစ် ဖြစ်လေသည်။

ဤပညာရပ်ကို ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်ပါက မိမိ၏ခုခံကာကွယ်မှုသည် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်လာမည် ဖြစ်ပြီး ရှုံးနိမ့်၍ မရနိုင်သော အနေအထားသို့ ရောက်ရှိသွားမည် ဖြစ်ပေသည်။

ပျက်စီး၍မရနိုင်သောဗာဂျာရာနတ်ကျင့်စဉ်

မြင့်မြတ်မင်းဆက် တစ်ခုလုံးတွင်ပင် ၎င်းသည် ကျော်ကြားပြီး ထိပ်တန်း နတ်ဘုရား သိုင်းပညာ အနည်းငယ်ထဲတွင် ပါဝင်လေသည်။

ကုမိသားစု၏ဘိုးဘေးသည် ဤစွမ်းအားကို အားကိုးပြီး မြင့်မြတ်မင်းဆက်၏ကောင်းကင်ဘုရင် ဆယ်ပါး စာရင်းဝင် ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ကုကလန်သည်လည်း အလွန် ထူးခြားလေသည်။မြင့်မြတ်မင်းဆက်၏ အထင်ရှားဆုံး၊ အင်အားအကြီးဆုံးနှင့် ဂုဏ်အရှိဆုံး ကလန်များထဲမှ တစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

သူတို့သည် ကြီးမားသော အာဏာရှိပြီး ကျယ်ပြန့်သော နယ်မြေကို အုပ်ချုပ်ထားကြချေ၏။

သူ ကုလင်းဖန်သည်လည်း ကုကလန်၏ ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သဖြင့် သူတော်စင်ဘုရင်၏အမိန့်တော်ကို လာရောက် ပို့ဆောင်နိုင်ခြင်း ဖြစ်ပေသည်။

သာမန်လူများသည် ထိုအဆင့်သို့ လုံးဝ ရောက်ရှိနိုင်မည် မဟုတ်ပေ။ မြင့်မြတ်မင်းဆက်၏ သံတမန် ဖြစ်လာရန်နှင့် မြင့်မြတ်မင်းဆက် ကိုယ်စား ကမ္ဘာအနှံ့ သွားလာရန် ဆိုသည်မှာ ပို၍ပင် ဝေးကွာလှချေ၏။

ခဏအကြာတွင် ကုလင်းဖန်၏မျက်နှာထား ပြောင်းလဲသွားလေသည်။ သူ၏နက်မှောင်သော မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပေသည်။

သူ အသုံးပြုလိုက်သော ပျက်စီး၍မရနိုင်သောဗာဂျာရာနတ်ကျင့်စဉ်သည် အမှန်တကယ်ပင် ကျိုးပျက်သွားပြီလော။

"ဘုန်း"

အသံအုပ်အုပ်သည် မိုးကြိုးပစ်သကဲ့သို့ ခန်းမဆောင်ထဲတွင် ပဲ့တင်ထပ်သွားလေသည်။

ကုလင်းဖန်၏ခုခံကာကွယ်ရေး နတ်ဘုရားစွမ်းအင်သည် ကျိုးပျက်သွားချေ၏။

ရွှေရောင်အလင်းတန်းသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး ပျောက်ကွယ်သွားပေသည်။

ဤအချိန်တွင် ခန်းမဆောင် တစ်ခုလုံးသည် ရှန်းချန်ကော ထုတ်လွှတ်လိုက်သော တောက်ပသည့် ဓားအလင်းရောင်ဖြင့် ပြည့်နှက်နေလေသည်။

၎င်းသည် ကောင်းကင်နှင့်မြေပြင်ကို ခွဲခြမ်းနိုင်၊ တောင်များကို ဖြိုခွင်းနိုင်ပြီး မြစ်များကို ဖြတ်တောက်နိုင်မည့်အလား အလွန် တောက်ပပြီး ခမ်းနားထည်ဝါနေချေ၏။

"ဖူး..."

ထို့နောက် ပြိုင်ဘက်ကင်းဓားအလင်းရောင် အောက်တွင် ကုလင်းဖန်ရပ်နေသော နေရာသည် အမှုန့်အဖြစ် ချေမွခြင်း ခံလိုက်ရလေသည်။

သွေးစက်များ နေရာအနှံ့ လွင့်စင်သွားချေ၏။

၎င်းသည် အလွန်သွေးပျက်ဖွယ်အလိနှင့် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

လွင့်မျောနေသော သွေးမြူခိုးများသည် အလွန် ထင်ရှားနေပြီး ခန်းမဆောင်ထဲရှိ သူတော်စင်နတ်ဘုရား အားလုံးကို တုန်လှုပ်သွားစေလေသည်။

ဤနေရာသည် ဆန်းကြယ်ပြီး တည်နေရာအလွန် ထူးခြားသောကြောင့်သာ မဟုတ်ပါက ကောင်းကင်ယံတွင် သွေးများ လွင့်မျောနေသော မြင်ကွင်းသည် လောကကြီးတွင် ပေါ်လာပြီး ဖြစ်ပေလိမ့်မည်။

ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦး သေဆုံးသွားသောအခါ ကောင်းကင်နှင့်မြေပြင်သည် အာရုံခံမိပြီး ကမ္ဘာမြေကို တုန်လှုပ်စေသော ဖြစ်ရပ်ဆန်း တစ်ခု ဖန်တီးပေးလေ့ ရှိပေသည်။

၎င်းတို့သည် သူ့အတွက် ငိုကြွေးမြည်တမ်းကြလိမ့်မည်ဖြစ်ပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှချေ၏။

"ဒသမမြောက် သူတော်စင်နတ်ဘုရား... မင်း သိပ် စိတ်မြန်လက်မြန် နိုင်လွန်းတယ်..."

ထိုအချိန်တွင် ပင်မ ခန်းမဆောင်ထဲ၌ စတုတ္ထ သူတော်စင်နတ်ဘုရားက ခါးသီးစွာ ရယ်မောလိုက်လေသည်။

သူ၏အိုမင်းသော မျက်နှာသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး သူသည် ပြင်းပြင်းထန်ထန် သက်ပြင်းချလိုက်ချေ၏။

"မြင့်မြတ်မင်းဆက်ရဲ့ ကမ်းလှမ်းမှုကို ငါတို့ လက်မခံရင်တောင် ငြင်းပယ်လိုက်လို့ ရပါတယ်... အခု မင်းက မြင့်မြတ်မင်းဆက် စေလွှတ်လိုက်တဲ့ သံတမန်ကို သတ်လိုက်တော့ မြင့်မြတ်မင်းဆက်ကို ဒေါသထွက်စေပြီပေါ့... မြင့်မြတ်မင်းဆက်က ကျွမ်းကျင်သူတွေ လွှတ်ပြီး လာတိုက်ရင် ငါတို့ ဘယ်လို လုပ်ကြမလဲ..."

စတုတ္ထ သူတော်စင်နတ်ဘုရား၏အသံ တိတ်သွားသည်နှင့် ခန်းမဆောင်ထဲရှိ လေထုသည် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေချေ၏။

ကျန်ရှိနေသော လူများအားလုံး တိတ်ဆိတ်သွားကြပေသည်။

သူတို့သည် ရှန်းချန်ကော၏လုပ်ရပ်ကို စိတ်ထဲမှ သဘောမတူကြကြောင်း ထင်ရှားလှလေသည်။

မြင့်မြတ်မင်းဆက်၏ကမ်းလှမ်းမှုကို ငြင်းပယ်ခြင်းက မြင့်မြတ်မင်းဆက်ကို မပျော်ရွှင်စေနိုင်သော်လည်း အနည်းဆုံးတော့ ညှိနှိုင်းရန် အခွင့်အရေး ရှိသေးပြီး သူတို့ကို ဒေါသထွက်စေမည် မဟုတ်ပေ။

သို့သော် ယခုမူ ပြောရန် ခက်ခဲသွားချေပြီ။

မြင့်မြတ်မင်းဆက်၏အစွမ်းထက်သော အခြေခံအုတ်မြစ်ဖြင့် ဆိုလျှင် ဖန်ဆင်းခြင်း အငယ်စား တစ်ဦး ဆုံးရှုံးသွားခြင်းကို သိပ်ဂရုစိုက်မည် မဟုတ်ပေ။

သို့သော် ဤသည်မှာ မြင့်မြတ်မင်းဆက်၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခြင်း ဖြစ်ပြီး မြင့်မြတ်မင်းဆက် အနေဖြင့် အလွယ်တကူ လက်လျော့လိမ့်မည် မဟုတ်ချေ။

"စတုတ္ထသူတော်စင်နတ်ဘုရား... ရှင် အသက်ကြီးလာလေဆုတ်ယုတ်သွားလေပဲလို့ ကျွန်မ ထင်တယ်... ရှင့်ရဲ့နှစ်ပေါင်းများစွာ ကျင့်ကြံမှုကို ခွေးစားသွားသလို ဖြုန်းတီးလိုက်တာပဲ..."

တတိယ သူတော်စင်နတ်ဘုရား မုရုံရမ်ယန် သည် ရုတ်တရက် ပါးစပ်ဟ ပြောဆိုလိုက်လေသည်။

သူမ၏ဖီးနစ် မျက်လုံးများသည် စတုတ္ထ သူတော်စင်နတ်ဘုရားကို အေးစက်စွာ ကြည့်လိုက်ပြီး မထီမဲ့မြင် ပြုလိုက်ချေ၏။

"ဒီလောက် နှစ်တွေအကြာကြီး ကျင့်ကြံလာပြီးမှ ရှင့်ရဲ့စိတ်ဓာတ်တွေက တုံးသွားပြီ... သွေးတွေကလည်း ခန်းခြောက်သွားပြီ... ရှင့်ရဲ့ ရည်မှန်းချက်တွေ ပျောက်ဆုံးသွားပြီပဲ... မြင့်မြတ်မင်းဆက်ရဲ့ အရှိန်အဝါကို ကြောက်နေမှတော့... ရှင် သူတော်စင်နတ်ဘုရားကျောင်းတော်ကနေ နုတ်ထွက်ပြီး တောင်ပေါ်မှာ သွားပုန်းနေလိုက်ပါတော့... မြစ်ကမ်းဘေးမှာ ငါးမျှားနေတဲ့ အဘိုးကြီး လုပ်ပြီး အချိန်ကုန်မယ့်ရက်ကို စောင့်နေလိုက်ပါ..."

မုရုံရမ်ယန်၏မျက်လုံးများသည် ရှန်းချန်ကောဘက်သို့ လှည့်ကြည့်လိုက်လေသည်။

သူမသည် လေးစားအားကျစွာ ပြုံးလိုက်ပြီး တိုးတိုးလေး ပြောလိုက်ချေ၏။

"ပြောင်းပြန်အနေနဲ့ ပြောရရင်တော့... ဒသမမြောက် သူတော်စင်နတ်ဘုရား လုပ်တာ ကောင်းတယ်လို့ ကျွန်မ ထင်တယ်... သူက ကြောက်ရွံ့ခြင်း မရှိဘူး... သွေးဆူတယ်... ဒါက ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်မှာ ရှိသင့်တဲ့ အရာပဲ..."

"မှန်တယ်... ငါတို့ သူတော်စင်နတ်ဘုရားကျောင်းတော်ကို ဝင်ပြီးမှတော့ ဘာကို ကြောက်နေရမှာလဲ... မြင့်မြတ်မင်းဆက်က ကျွမ်းကျင်သူတွေ လွှတ်ပြီး လာတိုက်ရင်တောင် သူတို့ပဲ သေရမှာ... ဘာများ ကြောက်စရာ ရှိလို့လဲ..."

"နဝမမြောက် သူတော်စင်နတ်ဘုရား ပြောတာ မှန်တယ်... ငါတို့အားလုံးက သူတော်စင်နတ်ဘုရားတွေ ဖြစ်နေမှတော့ မြင့်မြတ်မင်းဆက်အပေါ် ထားရှိတဲ့ ကြောက်စိတ်ကို ဖယ်ရှားပြီးသား ဖြစ်ရမှာပေါ့... မဟုတ်ရင် ငါတို့ ဘယ်လို မျက်နှာနဲ့ ဒီနေရာမှာ ရပ်နေနိုင်မှာလဲ..."

အဋ္ဌမမြောက် သူတော်စင်နတ်ဘုရားက ပြောလိုက်လေသည်။

သူသည် ရှေးဟောင်းနတ်ဘုရား ချောက်နက်ကြီး တိုက်ပွဲတွင် ရှန်းချန်ကော၏ ပြိုင်ဘက်ကင်း အမူအရာကို လေးစားခဲ့သူ ဖြစ်ပေသည်။

ယခု ရှန်းချန်ကောက မြင့်မြတ်မင်းဆက်၏ သံတမန်ကို သတ်ရဲသည်ကို မြင်သောအခါ သူလည်း စိတ်ဓာတ်တက်ကြွလာချေ၏။

"ငါတို့မျိုးဆက် ကျင့်ကြံသူတွေက အချိန်ကာလရဲ့ တိုက်စားတာကို ခံချင်ကြတာ မဟုတ်ဘူး... ဒါကြောင့် ငါတို့ ထတိုက်ခိုက်ကြတယ်... ကံကြမ္မာကို ပြောင်းလဲကြတယ်... အမြင့်ဆုံး နယ်ပယ်ကို လိုက်စားကြတယ်... အသေးအမွှားလေးကို ကြောက်နေရင် ဘယ်လိုလုပ် အမြင့်ဆုံး နယ်ပယ်ကို ရောက်နိုင်မှာလဲ..."

အကြီးအကဲယွင်၏မှုန်ဝါးသော မျက်လုံးများသည် အလင်းရောင်များဖြင့် တောက်ပလာလေသည်။

သူ၏တစ်ကိုယ်လုံးမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခု ပျံ့နှံ့သွားချေ၏။

သူ၏သွေးချီများ အားနည်းနေပြီ ဖြစ်သော်လည်း ယခု ရှန်းချန်ကောက ကြောက်ရွံ့ခြင်း မရှိဘဲ ဓားကို ဆွဲထုတ်ပြီး မြင့်မြတ်မင်းဆက်၏သံတမန်ကို သတ်ဖြတ်လိုက်သည်ကို မြင်ရသောအခါ၊ မုရုံရမ်ယန်၏စကားများကို ကြားလိုက်ရသောအခါ၊ သူ၏အေးစက်နေသော သွေးများ ဆူပွက်လာလေသည်။

သူ၏အတွေးများ ချက်ချင်း ကြည်လင်သွားပြီး နယ်ပယ်ချိုးဖောက်ဝင်ရောက်ရန် အခွင့်အရေးကို ခံစားလိုက်ရပေသည်။

ဘုန်း... ဘုန်း... ဘုန်း...

အကြီးအကဲယွင်သည် မျက်လုံးများကို မှိတ်လိုက်ပြီး တရားထိုင်နေသော ဘုန်းကြီးအို တစ်ပါးကဲ့သို့ ငြိမ်သက်စွာ ရပ်နေလေသည်။

လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခု သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံး နတ်ဘုရား အလင်းရောင်များဖြင့် တောက်ပနေချေ၏။

၎င်းသည် အလွန် တောက်ပလှပေသည်။

"သူ နယ်ပယ် ချိုးဖောက်တော့မှာလား..."

ရှန်းချန်ကောသည် အကြီးအကဲယွင်ကို ကြည့်လိုက်ပြီး ထိုစွမ်းအားကို ခံစားလိုက်ရသောအခါ အံ့အားသင့်မသွားဘဲ မနေနိုင်ပေ။

သူ ဒီအတိုင်းကြီး ချိုးဖောက်ဝင်ရောက်သွားတာလား။

ကျင့်ကြံခြင်း လမ်းကြောင်းသည် အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်လှချေ၏။

အကြီးအကဲယွင်သည် ကောလဟာလများထဲကလို ဉာဏ်အလင်းပွင့်သွားသည့် အခိုက်အတန့်ကို ရရှိခဲ့ပုံရပြီး နယ်ပယ် ချိုးဖောက်တော့မည် ဖြစ်လေသည်။

ခန်းမဆောင်ထဲရှိ သူတော်စင်နတ်ဘုရား အားလုံးသည် ဤမြင်ကွင်းကြောင့် တုန်လှုပ်သွားကြပြီး

အကြီးအကဲယွင်ကို မကြည့်ဘဲ မနေနိုင်ကြချေ။အကြီးအကဲယွင်သည် မူလက ဖန်ဆင်းခြင်း အသေးစားနယ်ပယ် နှောင်းပိုင်း အဆင့်၏ အထွတ်အထိပ်တွင် ရှိနေခဲ့သဖြင့် သတ္တမမြောက် သူတော်စင်နတ်ဘုရား အဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်ပေသည်။

ယခု သူ နယ်ပယ် ချိုးဖောက်လိုက်လျှင် ဖန်ဆင်းခြင်းအကြီးစားနယ်ပယ် သို့ ရောက်ရှိသွားမည် ဖြစ်ပြီး သူ၏အင်အားသည် ကြီးမားသော ပြောင်းလဲမှု ဖြစ်ပေါ်လာမည် ဖြစ်ချေ၏။

အနာဂတ်တွင်လည်း တိုးတက်ရန် အခွင့်အလမ်း ရှိနေဦးမည် ဖြစ်ပေသည်။

ရှန်းချန်ကော၏ဓားကို ဆွဲထုတ်ပြီး ကုလင်းဖန်ကို သတ်ဖြတ်လိုက်သည့် လုပ်ရပ်သည် အကြီးအကဲ ယွင်၏ကံကြမ္မာကို ပြောင်းလဲပေးလိုက်သည်ဟု ဆိုနိုင်ပေသည်။

All Chapters