← Chapters

မြင့်မြတ်မင်းဆက်၏စည်းရုံးခြင်း

Vol. 25 Ch. 249

မြင့်မြတ်မင်းဆက်၏စည်းရုံးခြင်း

Vol. 25 Ch. 249

ထိုသူ ထွက်ခွာသွားပြီးနောက်။

နတ်ဘုရားခန်းမဆောင်အတွင်း၌ နတ်ဘုရားပလ္လင်ထက်တွင် ထိုင်နေသော ကြီးကျယ်ခမ်းနားပြီး သန်မာထွားကျိုင်းသည့် ပုံရိပ်သည် ရုတ်တရက် ထရပ်လိုက်လေသည်။

သူ မတ်တတ်ရပ်လိုက်သောအခါ ရှေးဟောင်းနတ်ဘုရား တောင်တန်းကြီးတစ်ခု မြင့်တက်လာသကဲ့သို့ ဖြစ်ပေသည်။

သူ၏ကြံ့ခိုင်သော ခန္ဓာကိုယ်သည် ကောင်းကင်နှင့် မြေပြင်ကို ထောက်မထားနိုင်သကဲ့သို့ ထင်မှတ်ရပြီး အထက်စီးတွင် ရှိနေသော နတ်ဘုရားတစ်ပါးနှင့် တူနေပေသည်။

ကြီးမားသော ဖိအားသည် ကောင်းကင်နှင့်မြေပြင်ကို လွှမ်းခြုံသွားပြီး လူများကို ဦးခိုက်ကိုးကွယ်ချင်လာအောင် ဖန်တီးလိုက်လေသည်။

သူသည် နတ်ဘုရားခန်းမဆောင်၏ပြတင်းပေါက်သို့ လျှောက်သွားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်လိုက်လေသည်။

သူသည် အရှေ့ကောင်းကင်ယံရှိရာ အရပ်မျက်နှာသို့ လှမ်းမျှော်ကြည့်ရင်း ကိုယ့်ဘာသာကိုယ် ရေရွတ်လိုက်ပေသည်။

"အဲ့ဒါ မင်းလား"

သူ၏ရေရွတ်သံသည် လေနှင့်အတူ ချက်ချင်း လွင့်ပါးသွားပြီး အရာအားလုံးတိတ်ဆိတ်သွားလေ၏။

...

အရှေ့ကောင်းကင်ယံ၊မဟာပျက်စီးခြင်းနယ်မြေ၏ ပြင်ပနယ်မြေ

ဝတ်ရုံနက်အဖွဲ့အစည်းအတွင်း၊ ရှန်းချန်ကောသည် ပင်မခန်းမဆောင်တွင် တင်ပျဉ်ခွေ ထိုင်နေလေသည်။

သူ့အနီးပတ်လည်တွင် တောက်လောင်နေသော ရွှေရောင်နတ်ဘုရားအလင်းတန်းများ ဝန်းရံထားပြီး ကောင်းကင်တာအို လမ်းစဉ်၏အလင်းရောင်ကဲ့သို့ မြင့်မြတ်ပြီး ထူးခြားလှပေသည်။

၎င်းသည် သူ့ကို သက်ရှိအားလုံး၏ အထက်၊ လူ့လောကသို့ ဆင်းသက်လာသော နယ်နှင်ခံထားရသောအင်မော်တယ်တစ်ပါးကဲ့သို့ ပိုမို ထူးခြားသွားစေလေသည်။

သူ၏အဖြူရောင် ဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ် လွင့်နေပြီး အနက်ရောင် ဆံနွယ်များသည်လည်း လေထဲတွင် ရမ်းခါနေလေသည်။

ရွှေရောင်နတ်ဘုရားအလင်းတန်းအောက်တွင် သူ၏အနက်ရောင် ဆံနွယ်များသည် ရွှေရောင်အရိပ်သမ်းနေပေသည်။

သူ၏တစ်ကိုယ်လုံးသည် ယခင်နှင့် မတူတော့ဘဲ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်နေလေသည်။

"ဘန်း..."

ရှန်းချန်ကော၏ခန္ဓာကိုယ်မှ အသံတိုးတိုးတစ်ချက် ထွက်ပေါ်လာလေသည်။

၎င်းသည် အလွန် တိုးညှင်းသော အသံဖြစ်သော်လည်း ခန်းမဆောင်အတွင်းသို့ ရောက်သောအခါ ရုတ်တရက် မိုးခြိမ်းလိုက်သကဲ့သို့ ဖြစ်သွားပြီး ခန်းမဆောင်အတွင်းရှိ ဟင်းလင်းပြင်ကို တုန်ခါသွားစေလေသည်။

ထို့နောက် ရှန်းချန်ကောသည် မျက်လုံးများကို ဖွင့်လိုက်ရာ စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။

သူ၏ချောမောသော မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။

"ဖန်ဆင်းခြင်းအသေးစားနယ်ပယ်အလယ်အလတ်အဆင့် ပါလား..."

မှန်ပေသည်။

သူ အဆင့်တက်သွားခဲ့ခြင်း ဖြစ်ပေသည်။

သူတော်စင်နတ်ဘုရားအဖွဲ့အစည်းမှ မြင့်မြတ်မင်းဆက် သံတမန် ကုလင်းဖန်ကို သတ်ဖြတ်ပြီးနောက် သူသည် ချင်အင်ဝင်ခဲ့ပြီး အဆင့်တက်လုနီးပါး ဖြစ်ခဲ့လေသည်။

သို့သော် ခန်းမဆောင်အတွင်းတွင် ကျွမ်းကျင်သူများစွာ ရှိနေသဖြင့် သူ၏အရှိန်အဝါကို ဖိနှိပ်ထားခဲ့ရလေသည်။

သူသည် ဝတ်ရုံနက်အဖွဲ့အစည်းသို့ ပြန်ရောက်ပြီး ရက်အနည်းငယ်ကြာ ကျင့်ကြံပြီးနောက် ဖန်ဆင်းခြင်းအသေးစားနယ်ပယ်အစောပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိကြောင်း သေချာမှသာ အဆင့်တက်ရန် ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။

ယခုအခါ သူသည် ဖန်ဆင်းခြင်းအသေးစား နယ်ပယ်အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ပေသည်။

ထိုမျှမကသေးပေ။ သူသည် ကုလင်းဖန် အသတ်ခံရသော နေရာတွင် ချက်အင်ဝင်ခဲ့စဉ်က ကုမိသားစု၏အမွေခံ နတ်ဘုရားနည်းစနစ်တစ်ခုကိုလည်း ရရှိခဲ့လေသည်။

မပျက်စီးနိုင်သောဗာဂျာရာနတ်ကျင့်စဉ်

ကုမိသားစုမှအမွေခံနတ်ဘုရားသိုင်း ဖြစ်သည့်အတိုင်း ၎င်းသည် အမှန်တကယ်ပင် နက်နဲလှပေသည်။

အကယ်၍ ပြီးပြည့်စုံသည့် အဆင့်အထိ ကျင့်ကြံနိုင်ပါက ကျင့်ကြံသူကို မပျက်စီးနိုင်သောဗာဂျာရာခန္ဓာကိုယ်အဖြစ် ပြောင်းလဲပေးနိုင်ပေမည်။

ကာကွယ်နိုင်စွမ်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ကျင့်ကြံသူသည် သဘာဝအလျောက် ပြီးပြည့်စုံသော အနေအထားသို့ ရောက်ရှိသွားမည် ဖြစ်ပေသည်။

သို့သော် ရှန်းချန်ကောသည် နောက်ဆုံးတွင် လက်လျှော့လိုက်လေသည်။

မပျက်စီးနိုင်သောဗာဂျာရာနတ်ဘုရားကျင့်စဉ်သည် ဆန်းကြယ်သော်လည်း သူ့အတွက် အသုံးမဝင်ပေ။

သူသည် ၎င်းကို ကျင့်ကြံရန်ပင် အထင်သေးမိလေသည်။

သူသည် ကောင်းကင်အမိန်တော်ချပ်ဝတ်ကို ရရှိခဲ့စဉ်က ကောင်းကင်အမိန့်တော် နတ်ဘုရားကျင့်စဉ်ကိုလည်း ရရှိခဲ့လေသည်။

သူသည် ၎င်းကို အမိန့်တော် ချပ်ဝတ်နှင့် တွဲဖက်အသုံးပြုသောအခါ ရလဒ်သည် သူ၏မှန်းဆချက်ထက် ကျော်လွန်နေခဲ့လေသည်။

ထို့အပြင် ကောင်းကင်အမိန့်တော် နတ်ဘုရား ချပ်ဝတ်တန်ဆာနှင့် ကောင်းကင်အမိန့်တော် နတ်ဘုရားကျင့်စဉ် နှစ်ခုစလုံးသည် ကောင်းကင်တာအို လမ်းစဉ်က ဖန်တီးထားခြင်း ဖြစ်ပေသည်။

မည်သည့်အရာက ပိုအရေးကြီးကြောင်း သူ သဘာဝအလျောက် ခွဲခြားနိုင်ပေသည်။

အနိုင်အရှုံးကို ချက်ချင်း ဆုံးဖြတ်လိုက်လေပြီ။

"ငါ ဒီ မပျက်စီးနိုင်တဲ့ဗာဂျာရာနတ်ဘုရားကျင့်စဉ်ကို ကျန်းလျိုယွီနဲ့ တခြားသူတွေကို သင်ပေးလို့ရတာပဲ"

ပင်မခန်းမဆောင်တွင် ရှန်းချန်ကောသည် မေးစေ့ကို လက်ဖြင့်ထောက်ကာ နက်နက်နဲနဲ တွေးတောနေလေသည်။

"ခေါင်းဆောင်ကို သတင်းပို့ပါရစေ"

ထိုအချိန်တွင် ကျန်းလျိုယွီသည် ပင်မခန်းမဆောင် အပြင်ဘက်မှ ဝင်ရောက်လာပြီး ရှန်းချန်ကောကို ရိုသေစွာ ဦးညွှတ်လိုက်ကာ ပြောလိုက်လေသည်။

"ခေါင်းဆောင်၊ အပြင်မှာ မြင့်မြတ်မင်းဆက်က လာတယ်ဆိုတဲ့ ကျွမ်းကျင်သူတစ်ယောက် ရောက်နေပါတယ်။ သူက ခေါင်းဆောင်နဲ့ တွေ့ချင်တယ်လို့ ပြောပါတယ်"

"မြင့်မြတ်မင်းဆက်က နောက်တစ်ယောက်လား..."

ရှန်းချန်ကောသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ကမှ မြင့်မြတ်မင်းဆက် သံတမန်တစ်ဦးကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။

နောက်ထပ် သံတမန်တစ်ဦး ချက်ချင်း ရောက်လာပြန်ပြီလော။

လက်စားချေရန် လာခြင်းများ ဖြစ်နေမလား။

ရှန်းချန်ကောသည် တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် ကျန်းလျိုယွီကို လှည့်ကြည့်လိုက်လေသည်။

သူသည် လက်ကိုမြှောက်ပြီး အသာအယာ ညွှန်ပြလိုက်ရာ အလင်းတန်းတစ်ခုသည် သူ၏ လက်ချောင်းထိပ်မှ ထွက်ပေါ်လာပြီး ကျန်းလျိုယွီ၏မျက်ခုံးနှစ်ခုကြားသို့ ချက်ချင်း ဝင်ရောက်သွားလေသည်။

ထိုအခါ ကျန်းလျိုယွီ၏တစ်ကိုယ်လုံး တုန်ခါသွားလေသည်။

ခဏအကြာတွင် ကျန်းလျိုယွီ၏မျက်ဝန်းများသည် စိတ်လှုပ်ရှားလာလေသည်။

သူ၏မျက်နှာတွင် ဝမ်းသာပီတိများ ပြည့်နှက်နေပြီး လက်နှစ်ဖက်ကို အလျင်အမြန် ယှက်ကာ ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်"

ကျန်းလျိုယွီ၏နှလုံးသားတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေပြီး ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

သူသည် အကောင်းဆုံး ထိန်းချုပ်ရန် ကြိုးစားသော်လည်း သူ၏စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

မပျက်စီးနိုင်သောဗာဂျာရာ နတ်ဘုရားကျင့်စဉ်

သူ အသေးစိတ် မလေ့လာရသေးသော်လည်း ကျန်းလျိုယွီသည် စာလုံးအနည်းငယ်မျှဖြင့် ဤကျင့်စဉ်၏နက်နဲမှုကို ခံစားမိနေပြီ ဖြစ်ပေသည်။

"ပြန်ရောက်ရင် ကောင်းကောင်း ကျင့်ကြံလိုက်။ ပြီးရင် သစ္စာရှိပြီး လေ့ကျင့်ပေးဖို့ ထိုက်တန်တဲ့သူတွေကို ရွေးပြီး သင်ပေးလိုက်ပါ"

ရှန်းချန်ကော၏ရုတ်တရက် ပြောလိုက်သော စကားသည် ကျန်းလျိုယွီကို စိတ်လှုပ်ရှားနေသော အခြေအနေမှ လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

ရှန်းချန်ကောက ဆက်ပြောလိုက်လေသည်။

"အဲဒီလူကို ဝင်ခိုင်းလိုက်ပါ"

"ဟုတ်ကဲ့ပါ"

ကျန်းလျိုယွီသည် သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး ခန်းမဆောင်မှ ထွက်ခွာရန် လှည့်ထွက်သွားလေသည်။

ခဏအကြာတွင်

ခန်းမဆောင်အပြင်ဘက်မှ အရပ်ရှည်ရှည် သွယ်လျလျ ပုံရိပ်တစ်ခု ဝင်ရောက်လာလေသည်။

သူသည် ရွှေရောင်ပန်းထိုးထားသော ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပေသည်။

သူ၏ မျက်ခုံးများကြားတွင် မြင့်မြတ်သော အငွေ့အသက်များ ရှိနေပြီး သူ၏စိတ်နေသဘောထားမှာ ထူးခြားလှပေသည်။

သူ၏မျက်နှာသည် ကျောက်စိမ်းကဲ့သို့ ချောမွတ်နေပြီး မျက်လုံးများသည် တောက်ပသော ကြယ်တာရာများကဲ့သို့ ဖြစ်နေလေသည်။

သူ၏ချောမောသော မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်နေလေသည်။

၎င်းသည် လူများကို နွေဦးလေပြည်တွင် ရေချိုးနေရသကဲ့သို့ ခံစားရစေပြီး အလွန် သက်တောင့်သက်သာ ရှိစေလေသည်။

"မြင့်မြတ်မင်းဆက်က ဖုန်းမိသားစုက ဖုန်းလင်းတန်၊ဒသမမြောက် သူတော်စင်နတ်ဘုရားကို နှုတ်ဆက်ပါတယ်"

မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ဖုန်းလင်းတန်သည် ခန်းမဆောင်ထိပ်တွင် ထိုင်နေသော ရှန်းချန်ကောကို ကြည့်ကာ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။

သူသည် အလွန် ယဉ်ကျေးပျူငှာပြီးသဘောထားကြီးကာ တည်ငြိမ်ပုံရလေသည်။

ဖုန်းမိသားစုသည် မြင့်မြတ်မင်းဆက်၏ အထင်ကရ အဆယ်မျိုးနွယ်ထဲမှ တစ်ခု ဖြစ်ပေသည်။

သူတို့သည် ဂုဏ်သရေရှိပြီး ကြီးပွားချမ်းသာသော်လည်း ဖုန်းလင်းတန်သည် မောက်မာခြင်း သို့မဟုတ် ဘဝင်မြင့်ခြင်း လုံးဝမရှိပေ။

အစမှအဆုံးတိုင်အောင် သူသည် ကျက်သရေရှိပြီး နူးညံ့သိမ်မွေ့ကာ ယဉ်ကျေးနေလေသည်။

"ခင်ဗျားက မြင့်မြတ်မင်းဆက် ကိုယ်စား လာတာလား၊ ဒါမှမဟုတ် ဖုန်းမိသားစု ကိုယ်စား လာတာလား"

ရှန်းချန်ကောသည် ဤလူ၏အမူအရာကို တိတ်တဆိတ် သဘောကျမိသဖြင့် တိုက်ရိုက် မေးလိုက်လေသည်။

"ကျုပ်က မြင့်မြတ်မင်းဆက်ရော၊ ဖုန်းမိသားစုကိုပါ ကိုယ်စားပြုပါတယ်"

ဖုန်းလင်းတန်က ရယ်မောလိုက်လေသည်။

"ကျုပ်က မြင့်မြတ်မင်းဆက်ရဲ့သံတမန်အနေနဲ့ အဖွဲ့အစည်းကို လာရောက် စည်းရုံးတာပါ။ အဖွဲ့အစည်းအနေနဲ့ မြင့်မြတ်မင်းဆက်ကို အညံ့ခံပြီး မင်းဆက်အတွက် အလုပ်အကျွေးပြုမယ်လို့ မျှော်လင့်ပါတယ်။အရင်သံတမန် ကုလင်းဖန် အသတ်ခံရတဲ့ ကိစ္စကတော့ ထားလိုက်ပါတော့။ ဖုန်းမိသားစုအနေနဲ့ ပြောရရင် ကျွန်တော်က ဖုန်းမိသားစု ကိုယ်စား ဒသမမြောက် သူတော်စင်နတ်ဘုရားကို လာတွေ့တာပါ။ ဖုန်းမိသားစုက ဒသမမြောက် သူတော်စင်နတ်ဘုရားရဲ့ သတ္တိနဲ့ ပါရမီကို လေးစားပါတယ်။ ဒသမမြောက် သူတော်စင်နတ်ဘုရားသာ ဖုန်းမိသားစုအတွက် အလုပ်လုပ်ပေးမယ်ဆိုရင် ဖုန်းလင်းတန်ရဲ့ ခရီးစဉ်က တန်ပါပြီ"

ဖုန်းလင်းတန်၏စကားများသည် အလွန် ရိုးသားလှပေသည်။

သူသည် လိုရင်းကို တိုက်ရိုက်ပြောပြီး မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိပေ။

ရှန်းချန်ကောသည်လည်း ဉာဏ်ကောင်းသူတစ်ဦး ဖြစ်သည်ဟု သူ ယုံကြည်ထားသဖြင့် ဉာဏ်ကောင်းသူများနှင့် စိတ်ကစားပွဲ ကစားခြင်းသည်အဓိပ္ပာယ်မရှိကြောင်း သူ သိလေသည်။

ထိုသို့လုပ်ခြင်းသည် တစ်ဖက်လူ၏ယုံကြည်မှုကို လျော့ကျစေရုံသာ ရှိပေလိမ့်မည်။

ထို့ကြောင့် သူသည် ရိုးသားရန် ရွေးချယ်လိုက်ခြင်း ဖြစ်ပေသည်။

"ကောင်းပြီ၊ ခင်ဗျားဆိုလိုတာကို ကျွန်တော် နားလည်ပါပြီ။ကျွန်တော် စဉ်းစားဖို့ အချိန်နည်းနည်းလောက် ပေးပါ"

ရှန်းချန်ကောက ပြုံး၍ ပြောလိုက်လေသည်။

ဤဖုန်းလင်းတန်သည် အမှန်တကယ်ပင် ထူးခြားလှပေသည်။ သံတမန်များအဖြစ် လာရောက်ဆွေးနွေးချိန်တွင် သူတို့သည် တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်တွေ့သင့်သော်လည်း သူတို့သည် မိတ်ဆွေကောင်းများကဲ့သို့ စကားလက်ဆုံကျနေကြလေသည်။

အစမှအဆုံးတိုင်အောင် သူတို့နှစ်ဦးကြားတွင် ပဋိပက္ခ အနည်းငယ်မျှ မရှိခဲ့ပေ။

"ကောင်းပါပြီ၊ ဒါဆိုရင် သတင်းကောင်းကို ကျုပ် စောင့်နေပါ့မယ်"

ဖုန်းလင်းတန်သည် ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် နှုတ်ဆက်စကားဆိုကာ ခန်းမဆောင်မှ ထွက်ခွာသွားလေသည်။

ထို့နောက် သူသည် ချက်ချင်း ပျံတက်သွားပြီး ဝတ်ရုံနက်အဖွဲ့အစည်းမှ ထွက်ခွာသွားလေသည်။

ရှန်းချန်ကောသာ ဆန္ဒရှိပါက သူ့ကို အလွယ်တကူ ရှာတွေ့နိုင်မည်ဟု သူ ယုံကြည်ထားလေသည်။

ထို့အပြင် သူသည် မဟာပျက်စီးခြင်းနယ်မြေ၏ ပြင်ပနယ်မြေကိုလည်း အလွန် စိတ်ဝင်စားနေပြီး စူးစမ်းလေ့လာချင်နေလေသည်။

ဖုန်းလင်းတန် ထွက်ခွာသွားပြီးနောက် ရှန်းချန်ကောသည် ခန်းမဆောင်ထဲတွင် နက်နက်နဲနဲ တွေးတောနေလေသည်။

ထို့နောက် သူသည် ထရပ်လိုက်ပြီး ဝတ်ရုံနက်အဖွဲ့အစည်းမှထွက်ခွာကာ ဦးတည်ရာတစ်ခုသို့ ထွက်ခွာသွားလေတော့သတည်း။

All Chapters