← Chapters

ဘူးသီးညီအကိုလေးယောက်

Vol. 52 Ch. 768

ဘူးသီးညီအကိုလေးယောက်

Vol. 52 Ch. 768

ထောင်ယော်ယဲ့မျက်နှာ နီရဲနေပြီး ဘာဆက်လုပ်ရမည်ကို အမြန်စဉ်းစားသည်။

အကိုလု သူ့ကိုကယ်ပြီးချိန်တွင် ဘယ်လိုဆက်သရုပ်ဆောင်ရမည်ကို သူမသိ။

လုယန်မျက်လုံးကို စိုးရိမ်ပူပန်စွာ စိုက်ကြည့်သည်။ ထိုမျက်လုံးထဲတွင် ဖုံးကွယ်ထားသည့် စိတ်လှုပ်ရှားမှုအရိပ်ကို သူသတိထားမိသည်။

အကိုလုက သရုပ်ဆောင်အစမ်းလေ့ကျင့်သည်ဟု ပြောထားသော်လည်း သူ့လိုပင် စိတ်လှုပ်ရှားနေခြင်းလော...

လုယန် ကမ်းစပ်တွင် ထောင်ယော်ယဲ့ကို အောက်သို့ချသည်။ သူ့လှုပ်ရှားမှုများက နူးညံ့ညင်သာသည်။ မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ဖို့ ကြိုးစားရင်း ရှင်းဟိုင်ဆီ ချက်ချင်းပြန်လှည့်ပြေးသည်။

"ရပ်စမ်း နတ်ဆိုးကောင်း၊ တွေ့ကြသေးတာပေါ့ကွာ"

ရှင်းဟိုင်ကလည်း အလျှော့မပေးဘဲ ပြန်ပြောသည်။

"ငါ့ကိစ္စကို လာနှောက်ယှက်ရဲတယ်ပေါ့။ မင်းဘယ်ကကောင်လဲကွ"

"မင်းက ငါ့နာမည်သိဖို့ မထိုက်တန်ပါဘူး"

"မင်းဘယ်လောက်စွမ်းသလဲ ကြည့်ရသေးတာပေါ့လေ"

လုယန် ဘူးသီးခြောက်ထဲမှ အတူတွဲပါလာသည့် ရတနာဓားကိုကိုင်ပြီး တယီးယီးယားယားအော်ဟစ်၍ ရှင်းဟိုင်နှင့် အပြင်းအထန်တိုက်ခိုက်သည်။

အပီအပြင်သရုပ်ဆောင်နေသည့်လုယန်ကို ထောင်ယော်ယဲ့က ကမ်းစပ်တွင်လှဲရင်း ခေါင်းစောင်း၍ကြည့်သည်။ ဇာတ်လမ်းထဲတွင် သူပါရမည့်အခန်း နောက်ထပ်မကျန်မကျန် တွေးနေသည်။

မသေမျိုးဆေးပင်က သူ့ဝတ်ရုံထဲမှထွက်လာပြီး စေတနာဖြင့် အကြံပြုသည်။

"ငါ့သစ်ရွက်တစ်ရွက်လောက်စားလိုက်ပါလား။ နှစ်နှစ်ရာစာလောက် စွမ်းအားရပြီး ဟိုလုယန်ဆိုတဲ့ကောင်ထက် သာသွားမှာ"

ထိုအကြံကို ထောင်ယော်ယဲ့ အလေးအနက်စဉ်းစားနေသည်။

......

"ခွန်ဖုန်အသွင်ပြောင်းကိုးမျိုး"

ရှင်းဟိုင်၏စွမ်းအင်ရောင် ပြင်းထန်စွာထိုးထွက်လာသည်။ ခန္ဓာကိုယ်လည်း အဆများစွာ ကြီးထွားလာသည်။ နံရံကြီးတစ်ခု လုယန်ဆီ ပြိုလဲလာသကဲ့သို့ ရေလှိုင်းဂယက်များ ရိုက်ခတ်လာသည်။

လုယန် နောက်သို့ဆက်တိုက်ဆုတ်နေရသည်။ ခွန်ဖုန်အသွင်ပြောင်းပညာက ခန္ဓာကိုယ်အရွယ်အစားကြီးမားသော်လည်း သွက်လက်ပေါ့ပါးစွာ လှုပ်ရှားနိုင်သည်။

နောက်ဆုတ်ရုံဖြင့် ရှောင်ရှားနိုင်မည်မဟုတ်။

"ထန်ရှန်းဓားခုနစ်လက်စွမ်းအား"

လုယန် ဓားခုတ်သည့်ဟန်တစ်ချက် လှုပ်ရှားလိုက်သည်။ ပါးစပ်ထဲရှိသည့် နာမည်တစ်ခု အော်ဟစ်သည်။ ဓားချီပုံရိပ်များက ဓားအစစ်များဖြစ်လာသည်။

ဓားစက်ဝန်းပုံစံတစ်ခုပေါ်လာပြီး ရှေ့တက်လာသည့်ရှင်းဟိုင်ကို တားဆီးသည်။

ဓားတစ်သောင်းပညာကို အဆင့်နှိမ့်ထားသည့်စွမ်းအားဖြစ်သည်။

"ဖုန်အသွင်ပြောင်းစွမ်းအား"

ရှင်းဟိုင် ဖုန်ငှက်အသွင်ပြေားသည်။ လုယန်က ထိုအချိန်ကို အခွင့်ကောင်းယူပြီး ကျွမ်းတစ်ပတ်ပစ်၍ သူ့ကျောကုန်းပေါ်တက်သည်။

ရှင်းဟိုင်က ခါချရန်ကြိုးစားသည်။ ကောင်းကင်အမြင့်သို့ပျံတက်ပြီး အေးစိမ့်သည့်ပင်လယ်ထဲသို့ ပြန်ထိုးဆင်းသည်။ ခန္ဓာကိုယ်ကို အဆက်မပြတ်လှည့်သည်။

သို့သော် လုယန်က သူ့အမွှေးအတောင်များကို မြဲမြံစွာကိုင်ထားသည်။ ပြုတ်ကျသွားခြင်းမရှိ။

ကောင်းကင်တွင် သူတို့အပြင်းအထန်တိုက်ခိုက်ကြသည်။

"မကောင်းဆိုးဝါးသားရဲ၊ နှစ်တစ်ထောင်ကျင့်ကြံခဲံ့ပြီးမှ ဘာကြောင့် မကောင်းမှုတွေလုပ်နေတာလဲ"

"လောကကြီးက မတရားဘူး။ သက်ရှိအားလုံးကို ခွေးလေခွေးလွင့်တွေလို ဆက်ဆံတယ်။ ငါစားနိုင်တဲ့သက်ရှိတွေကိုစားနေတာ ဘာမှားလို့လဲ"

တိုက်ပွဲအရှိန်ရလာသလိူ ရှင်းဟိုင်လည်း ပို၍စိတ်အားတက်ကြွလာသည်။ သံရှည်ဆွဲ၍ တစ်ချက်အော်သည်။ သူ့အော်သံက တဖြေးဖြေး ကျယ်လောင်စူးရှလာသည်။

မီတာတစ်ထောင်ရှည်သည့် ရွှေရောင်နဂါးတစ်ကောင်အဖြစ် သူပြောင်းလဲသွားသည်။

"ဟာ...ဒါက နဂါးအသွင်ပြောင်းပညာလား"

ရှင်းဟိုင်သုံးလိုက်သည့်ပညာအကြောင်း လုယန်သိသည်။ သူဟန်လုပ်နေခြင်းမဟုတ်။ တကယ်အံ့ဩနေခြင်းဖြစ်သည်။

ရှေးဟောင်းကောင်းကင်ရုံးတော်အဖွဲ့ဝင်အဖြစ် ဟန်ဆောင်ဖို့ နာမည်ကျော်ရှေးဟောင်းနတ်စွမ်းအားပညာများအကြောင်း နတ်မယ်ထံမှ သူမှတ်သားလေ့လာဖူးသည်။

ထိုပညာများထဲတွင် နဂါးအသွင်ပြောင်းပညာလည်းပါသည်။

အကြောင်းအမျိုးမျိုးကြောင့် နဂါးအသွင်ပြောင်းပညာကို သူမသင်ခဲ့။ ကောင်းကင်မျိုမြေစားပညာကိုသာ သင်ယူခဲ့သည်။

"မင်းက ခွန်ဖုန်မျိုးနွယ်ဖြစ်ပေမယ့် နဂါးအသွင်ပြောင်းပညာကို သင်လို့ရတယ်‌ပေါ့"

လူသားမျိုးနွယ်သာ နဂါးအသွင်ပြောင်းပညာကို သင်ယူကြသည်ဟု သူအမြဲတွေးခဲ့သည်။

"အားနည်းချက်တွေကိုဖုံးကွယ်ပြီး အားသာချက်တွေကိုမြှင့်တင်ပေးနိုင်တယ်လေ။ နဂါးမျိုးနွယ်က ငါတို့ခွန်ဖုန်မျိုးနွယ်ထက် ပိုစွမ်းအားကြီးတယ်။ အဲဒါကတော့ အမှန်ပဲ"

ရှင်းဟိုင်က သွားဖြဲရယ်၍ ခပ်အေးအေးပြောသည်။

"နဂါးမျိုးနွယ်မှာ မသေမျိုးတစ်ဝက်အဆင့်နဂါးဘိုးဘေးရှိတာကိုပဲကြည့်ပါ။ နဂါးဘိုးဘေးရော ဖီးနစ်ဘိုးဘေးရာ ချီလင်မသေမျိုးရဲ့ဇနီးတွေလို့ နတ်ဆိုးနယ်မြေကနေ ကောလဟာလကြားတယ်။ မသေမျိုးတစ်ဝက်အဆင့်ထဲမှာ စွမ်းအားအကြီးဆုံးတွေတဲ့။

ငါတို့ခွန်ဖုန်မျိုးနွယ်ကိုကြည့်။ မသေမျိုးတစ်ဝက်အဆင့် တစ်ယောက်မှမရှိဘူး။ ဒီတော့ နဂါးမျိုးနွယ်ရဲ့စွမ်းအားပညာကို ငါသင်ယူတာ သဘာဝကျပါတယ်။ တစ်ခြားမျိုးနွယ်တွေရဲ့စွမ်းအားကို မသင်ယူရင် ခွန်ဖုန်မျိုးနွယ် ဘယ်လိုလုပ်ပိုအားကြီးလာနိုင်မှာလဲ"

ရှင်းဟိုင်၏စကား ယုတ္တိကျသည်ဟု လုယန်တွေးမိသည်။

ရှင်းဟိုင်နှင့် အတော်ကြာအောင်တိုက်ခိုက်ပြီးနောက် သူအရှုံးပေးလိုက်သည်။ နောက်ထပ်လာမည့် ဘူးသီးညီအကိုတစ်ယောက်ကို အလှည့်ပေးသည်။

"အားးးး"

ကျယ်လောင်စူးရှစွာအော်ဟစ်၍ ကမ်းစပ်ပေါ် သူပြုတ်ကျလာသည်။ ထောင်ယော်ယဲ့ဘေးတွင် လှဲနေသည်.

လိမ္မော်ရောင်ဘူးသီး ကွဲထွက်သွားသည်။ လိမ္မော်ရောင်ဝတ်စုံဝတ်ထားသည့် မုန်ကျင်းကျိုး ထွက်လာသည်။

"သားရဲကောင်၊ ငါ့ညီအကိုကို ဒုက္ခပေးရဲတယ်ပေါ့။ မင်းကသေချင်နေတာပဲ"

ဒုံးပျံတစ်စင်းကဲ့သို့ မြေကိုခြေဆောင့်ပြီး ကောင်းကင်သို့ တဟုန်ထိုးတက်သွားသည်။ နဂါးအသွင်ပြောင်းထားသည့် ရှင်းဟိုင်ကို ဆက်၍တိုက်ခိုက်သည်။

လုယန်နှင့် ထောင်ယော်ယဲ့တို့ ဘေးချင်းယှဉ်၍လှဲနေသည်။ လက်ချင်းချိတ်၍ မုန်ကျင်းကျိုး၏တိုက်ပွဲကိုကြည့်နေသည်။

မုန်ကျင်းကျိုးက ဖီးနစ်မီးတောက်ဖြင့်အားဖြည့်၍ မီးတောက်ဖီးနစ်အဖြစ် အသွင်ပြောင်းပြီး ရှင်းဟိုင်နှင့်တိုက်ခိုက်သည်။

နဂါးအသွင်ပြောင်းပြီးနောက် ရှင်းဟိုင်၏တိုက်ခိုက်စွမ်းအားက ခွန်ဖုန်အသွင်ပြောင်းပညာထက် ပိုအားကောင်းလာသည်။ နဂါးမျိုးနွယ်သည် အားကောင်းသည့်ရုပ်ခန္ဓာကြောင့် နာမည်ကျော်သည်။

မုန်ကျင်းကျိုးကလည်း ခန္ဓာကျင့်ကြံသူဖြစ်သည်။ သူတို့နှစ်ယောက်တွင် ဘယ်သူနိုင်မည်ကို ဆုံးဖြတ်ဖို့ခက်သည်။

"အိပ်မက်ရေပွက်ကို ဖန်တီးတဲ့အခါ သူတို့မျက်နှာက အပြုံးတွေကို ဖယ်ထုတ်လိုက်ပါ"

လုယန်က ထောင်ယော်ယဲ့ကို သတိပေးသည်။ တိုက်ခိုက်နေသည်ဆိုသော်လည်း မုန်ကျင်းကျိုးနှင့်ရှင်းဟိုင်တို့မျက်နှာက ရယ်ချင်စိတ်ကို အတင်းထိန်းချုပ်ထားရသည့်အမူအရာမျိုးဖြစ်နေသည်။

မုန်ကျင်းကျိုး မချိတင်ကဲအော်ဟစ်၍ လုယန်ဘေးသို့ကျလာသည်။ ထို့နောက် အရိုးရိုင်းက အဝါရောင်ဘူးသီး၊ လီဟော်ရန်က အစိမ်း‌ရောင်ဘူးသီးတို့မှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်။

ဘူးသီးညီအကိုလေးယောက် ဆက်တိုက်ရှုံးပြီး မြေပေါ်တွင်လဲလျောင်းနေသည်။ သူတို့ကံကြမ္မာက မသေချာမရေရာ။ လေထဲတွင် ရှင်းဟိုင်က အော်ဟစ်ရယ်မောနေသည်။

"ဒီတစ်ခါ ပါရမီရှင်ကျင့်ကြံသူတွေကိုလည်း စားခွင့်ရတယ်။ ရတနာဘူးသီးခြောက်လေးခုလည်း ရလိုက်တာပဲ"

ထိုစဉ် ဘူးနွယ်ပင်က အလင်းရောင်တောက်ပလာသည်။ ဝိညာဉ်လေးခုကို သယ်မသွားသည်။ ဘူးသီးညီအကိုလေးယောက်ဝိညာဉ်မှ အနီ၊လိမ္မော်၊အဝါအစိမ်း အလင်းရောင်းများဖြာထွက်နေသည်။

လေထဲတွင် လွင့်မျောရင်း အလင်းနှင့်ရစ်ပတ်ပေါင်းစည်း၍ ဘဝသစ်တစ်ဖန် ပြန်မွေးဖွားလာသည်။

လုယန်အသေးစားလေး၏ခန္ဓာကိုယ်က အရောင်လေးမျိုးတောက်ပနေသည်။

ထိုလုယန်ပေါ်လာသည်နှင့် ပြင်းထန်သည့်ဖိအားကို ရှင်းဟိုင်ခံစားရသဖြင့် တုန်လှုပ်ခြောက်ခြားသွားသည်။

မုန်ကျင်းကျိုးတို့လည်း စိတ်လှုပ်ရှားနေသည်။ အရောင်လေးမျိုးမှော်အလင်း တောက်ပနေသည့်လုယန်က လေထဲပျံတက်သွားပြီး ရှင်းဟိုင်၏အမြီးကိုဖမ်းဆွဲသည်။

ရေထဲသို့ရိုက်ချသည်။ နဂါးအရွတ်အကြောများကို ဆွဲထုတ်သည်။ ရှင်းဟိုင် လျှာတန်းလန်းထွက်၍ ပင်လယ်ရေမျက်နှာပြင်ပေါ် ပေါ်လာသည်။

ဇာတ်သိမ်းက ပြည့်စုံသည်။

သရုပ်ဆောင်ရုံသာဖြစ်သည်။ နဂါးအရွတ်အကြောများကို တကယ်ဆွဲထုတ်ခဲ့သည်မဟုတ်။ ရှင်းဟိုင်ကြိုပေးထားသည့် ငါးကြင်းအကြောအမျှင်များသာဖြစ်သည်။

ပထမလေ့ကျင့်မှုပြီးဆုံးသည့်အထိန်းအမှတ်အဖြစ် လုယန် မုန်ကျင်းကျိုးနျင့် အရိုးရိုင်းတို့ မီးပုံတစ်ခုဖန်တီးသည်။ ငါးကြင်းအကြောအမျှင်များကိုကင်၍ အားလုံးမျှဝေစားသောက်သည်။

"အရသာတကယ်ကောင်းတာပဲ"

ငါးကြင်းအကြောကင်ကိုကိုက်မိသည်နှင့် ရှင်းဟိုင်မျက်လုံးများ အရောင်လက်လာသည်။

ပင်လယ်မျိုးနွယ်တို့သည် အသားကိုကင်၍ စားသောက်သည့်ဓလေ့သိပ်မရှိကြ။

"ကဲ..ခဏနားပြီး ဒုတိယအပိုင်းကို ဆက်သရုပ်ဆောင်ကြမယ်။ 'ခွန်ဖုန်က ဖန်လိုင်ကျွန်းကို ရေနှင့်လွှမ်းပစ်မယ်။

ဘူးသီးညီအကိုလေးယောက်က အသေခံပြီး ခုခံကြမယ်။ အဲဒီ့အချိန်မှာ ဘူးသီးမသေမျိုး သူတို့ကိုလာကယ်မယ်'။ အဲလိုဆိုအဆင်ပြေလောက်လား"

ယွမ်ကျိသည် လူရှေ့သူရှေ့ထွက်ရသည်ကို သိပ်မကြိုက်။ ထို့ကြောင့် ဤဇာတ်လမ်းတွင် သူ့ဇာတ်ရုံပ်ကို ဘူးသီးလေးလုံးစိုက်ပျိုးခဲ့သည့် ဘူးသီးမသေမျိုးနေရာတွင်ထားဖို့ ဆုံးဖြတ်ခဲ့သည်။

"အဆင်ပြေပါတယ်"

အားလုံး စိတ်အားထက်သန်နေကြသည်။ သရုပ်ဆောင်ရလေ ပိုစိတ်အားတက်ကြွလာလေဖြစ်သည်။

ထိုစဉ် ရုတ်တရက် စုယီရန်က မနီးမဝေးပင်လယ်ထက်တွင် လွင့်မျေားနေသည့် မြူခိုးတစ်အုပ်ဆီ လက်ညှိုးထိုးပြသည်။

သူ့မျက်နှာတွင် နားမလည်သည့်အရိပ်မျိုး ပေါ်နေသည်။

"ဟိုဟာကဘာလဲ"

ရှင်းဟိုင်လှည့်ကြည့်သည်။ ထို့နောက် မျက်နှာအကြီးအကျယ်ပျက်သွားသည်။

"ဟာ...အဲဒါ ပင်လယ်မြို့တော်တံလျှပ်ပဲ။ ပြေးကြစို့"

"ပင်လယ်မြို့တော်တံလျှပ်လား"

စုယိယန် မှော်စွမ်းအားချက်ချင်းထုတ်သုံးပြီး အားလုံးဆွဲခေါ်၍ ဝေးရာသို့ပြေးသည်။ စည်းမျဉ်းစွမ်းအားကိုသုံးသည်။

"ဒီနေရာမှာ ငါစည်းမျဉ်းသတ်မှတ်မယ်- မြူတွေပျက်ပြယ်စေ"

သို့သော် မြူခိုးအုပ်က ပုံမပျက်ရှိနေသည်။ ရွေ့လျားမှုက မြန်ဆန်လွန်းသည်။ စုယီရန်ဝေးဝေးသို့ခေါ်မသွားနိုင်မီ မြူခိုးအုပ်က သူတို့ကိုဖုံးလွှမ်းဝါးမျိုသွားသည်။

*************************************

All Chapters