← Chapters

သတ်ဖြတ်ခြင်းနတ်ဘုရား၏ ပြန်အလာ

Vol. 1 Ch. 485

သတ်ဖြတ်ခြင်းနတ်ဘုရား၏ ပြန်အလာ

Vol. 1 Ch. 485

ကောင်းကင်ကြယ်တာရာ နယ်မြေက အလွန်ငြိမ်းချမ်းနေပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် ငြိမ်းချမ်းနေပေ၏။

လင်းဘိုးဘေးနှင့် ကျန်းရီကို ရှာမတွေ့ခင်က မည်သူမှ အဆင်အခြင်မဲ့ မလှုပ်ရှားရဲပေ။ ကျန်းရီက ပုန်းကွယ်နေပြီး အင်အားစုများ လှုပ်ရှားမှာကို စောင့်နေလျှင် မည်သို့ဖြစ်သွားမည်နည်း။

အပေါ်ယံတွင် အလွန်ငြိမ်းချမ်းနေပုံသာ ရနေတာဖြစ်၏။ အောက်ခြေတွင် လှိုင်းဂယက်များ ထနေပြီး ရှန်းဝူမြို့ထဲတွင်မူ အဆိုးဆုံးမြင်ကွင်း ဖြစ်နေ၏။

ရှားထင်ဝေ့ သေဆုံးသွားပြီး တိုင်းပြည်တစ်ခုလုံးက ရှုပ်ထွေးနေပေသည်။ ရှားထင်ဝေ့က ယခင်ပျောက်ကွယ်သွားသည့် အချိန်၌ ကျန်းပိုင်လီသည် ဧကရာဇ်မြို့ကို ကြီးမှူးသည့်အချိန်က ထိုကဲ့သို့ အုပ်အော်သောင်းနင်း မဖြစ်ခဲ့ပေ။

ယခင်က ရှားထင်ဝေ့ ပျောက်ဆုံးခဲ့တာဖြစ်ပြီး ယခုအချိန်တွင် သူသေဆုံးခဲ့တာ ဖြစ်သည်။ ရှန်းဝူတိုင်းပြည်၏ ရန်သူ ကျန်းရီ၏ လက်ထဲ၌ သူသေဆုံးခဲ့တာဖြစ်သည်။ အဆိုးဆုံးအရာက ကျန်းပိုင်သည် ပျောက်ဆုံးနေတာပဲဖြစ်၏။

ကျန်းပိုင်လီသာမက ကျန်းရီမြို့ထဲရှိ ကျန်းဂိုဏ်းတစ်ခုလုံးက ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။ ဤကိစ္စအတွက် ကျန်းပိုင်လီသည် ရှားထင်ဝေ့ကို သံသယဖြစ်နေခဲ့သောကြောင့် ကျန်းပိုင်လီကို ထပ်ဆင့်မခေါ်ခဲ့ပေ။ သူသည် ကျန်းပိုင်လီကို တိုက်ပွဲထဲ ဝင်ပါဖို့လည်း မပြောခဲ့။ တိုက်ပွဲစတင်သည်နှင့် ရှန်းဝူတိုင်းပြည်အတွင်းရှိ အမျိုးမျိုးသော ဂိုဏ်းကြီးများထံမှ အကြည့်က ရှားယွီမြို့ဆီသာ ရောက်လာကြသည်။ ကျန်းပိုင်လီကို မည်သူမှ အာရုံမစိုက်ကြပေ။

ရှားထင်ဝေ့ သေဆုံးပြီသတင်း ပေါ်ပေါက်လာသည့် အချိန်၌ တစ်မြို့လုံးက ကြောက်လန့်ကုန်တော့သည်။ ပြီးတော့ တစ်မြို့လုံးက ကျန်းပိုင်လီကို တွေးမိပြီး မြို့ကိုအုပ်ချုပ်ရန် သူ့ကို ခေါ်နိုင်ခဲ့လျှင် ကျန်းရီသည် ဤမြို့သို့ မလာရောက်နိုင်ဟု တွေးမိလာကြသည်။

သို့သော် ကျန်းရီမြို့သို့ လူများပို့လိုက်သည့်အချိန်တွင် မြို့အရှင်သခင်၏ နေအိမ်ထဲ၌ ကျန်းဂိုဏ်းသားများ တစ်ယောက်မှ မတွေ့ခဲ့ပေ။ ကျန်းပိုုင်လီက သူ၏ဂိုဏ်းသားများကို စုဝေးခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ပျောက်သွားခဲ့တာ ဖြစ်သည်။ ထိုသတင်းက ကပ်ဘေးတစ်ခုနှယ် ပျံနှံ့သွားတော့၏။ ရှန်းဝူတိုင်းပြည်၌ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များ မရှိတော့ဘဲ ဘုရင်သေဆုံးပြီဖြစ်ကာ စိတ်ဝိညာဉ် မျောလွင့်ခရီးသည် သိုင်းပညာရှင် နှစ်ထောင်က နှစ်ရာအောက်သာ ကျန်ရှိတော့သည်။

အုပ်ချုပ်သူမရှိဘဲ ရှန်းဝူတိုင်းပြည်က စိတ်ပျက်အားငယ်ဖွယ် အခြေအနေထဲ ကျရောက်နေပြီဖြစ်သည်။ သို့သော် ချန်နှင့်ကျန်းဂိုဏ်းက စိတ်အားထက်သန်နေကြသည်။ ကျန်းရီက နယ်မြေတစ်ခုလုံးကို သိန်းကြုံးတိုက်ခိုက်လျှင် သို့မဟုတ် နယ်မြေတစ်ခုလုံးကို အုပ်စိုးခဲ့လျှင် သူတို့၏ ဂိုဏ်းများက သေချာပေါက် ထွန်းတောက်သွားပြီး နှစ်သောင်းချီအထိ ဂုဏ်ကျက်သရေ ထွန်းတောက်မှာ ဖြစ်သည်။

ကျင်းရှန်နိုင်ငံကလည်း ဆိုးရွားသည့် အခြေအနေထဲ ကျရောက်နေသည်။ သူတို့၏ တစ်ဦးတည်သော ဗာဂျရာနယ်ပယ် သိုင်းပညာရှင်က သုတ်သင်ခံလိုက်ရပြီး တိုင်းပြည်က ယခုဆို ခုခံမှုကင်းမဲ့သည့် အလှပဂေးတစ်ဦး ဖြစ်နေသည်။ ကျန်းရီက ထိုတိုင်းပြည်ကို သူကို်ယ်တိုင် ရှင်းလင်းပစ်နိုင်ပေမည်။ ကျင်းရှန်တိုင်းပြည်၏ ဘုရင်က ကျန်းရီနှင့် လင်းဘိုးဘေး ဘယ်တော့မှ ပြန်မလာရန် ဆုတောင်းနေပေ၏။

လင်းရွှယ်ကမူ လအနည်းငယ်ကြာ မအိပ်နိုင်ခဲ့ပေ။ သူမသည် ညှိုးရော်သည့် ပန်းတစ်ပွင့်ထက် ပိုပိန်လာတော့၏။ လင်းဘိုးဘေး အနိုင်ရသွားခဲ့လျှင် မိုးပြာနဂါး အင်ပါယာက ၎င်း၏ ထွန်းလင်းတောက်ပသော နေရာများကို ပြန်လည်ရရှိမည်ဖြစ်သည်။ လင်းဘိုးဘေး သေဆုံးသွားခဲ့လျှင် အင်ပါယာတစ်ခုလုံးက သုတ်သင်ရှင်းလင်းခံရမှာ သေချာပြီး ကျန်းရီ၏ သဘာဝအတိုင်းအရဆိုလျှင် သု်တသင်ရှင်းလင်ခံရမှာ သေချာသည်။

“သတင်းပို့ပါတယ် ”

လင်းရွှယ်က ဖီးနစ်ဝတ်ရုံနှင့် ဖီးနစ်သရဖူကို ဝတ်ဆင်ထား၏။ သူမက အခန်းလေးထဲတွင် ထိုင်နေပြီး သူမစိတ်ကူးများက ယောက်ယက်ခက်နေတော့သည်။ စစ်သူကြီးတစ်ဦးက ဝင်လာပြီးနောက် တည်ကြည်လေးနက်သည့် အမူအရာဖြင့် လျှောက်တင်လိုက်၏။

“အရှင်မင်းသမီး ကျန်းရီပေါ်လာပါပြီ၊ သူက ရှန်းဝူတိုင်းပြည်ရဲ့ အရှေ့ဘက်မှာပါ လက်ရှိမှာ မဟာရှတိုင်းပြည်ကို ပြန်လာနေပါတယ် ”

ဖြန်း

လင်းရွှယ်ဂိုဏ်းသား၏ အချက်အလက်က ရုတ်တရက် စားပွဲပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူမကဲ့သို့ လိမ္မာပါးနပ်သည့်လူတောင် မတည်ငြိမ်နိုင်တော့ဘဲ ဆွဲဆောင်မှုရှိသည့် မျက်နှာက ဖြူရော်သွားခဲ့ပြီဖြစ်သည်။

သူမသည် အချိန်အတော်ကြာ ကြောင်ငေးကြည့်နေပြီးနောက် သတိပြန်ဝင်လာကာ မျက်နှာထက်၌ ဝေဒနာ ခံစားရသည့်ပုံ ပေါ်လာတော့သည်။ ပြီးနောက်သူမက စစ်သူကြီးကို ထွက်သွားခိုင်းလိုက်တော့၏။ ခရမ်းရွှေရောင် ပုလ္လင်ထက်ကို မှီထိုင်လိုက်ပြီး  မျက်လုံးမှိတ်ထားကာ သူမတစ်ကိုယ်လုံးမှ အားအင်များ ကုန်ခမ်းသွားသယောင်ပင်။

ကျန်းရီပေါ်လာပြီ ဖြစ်သည်။ ဆိုလိုသည်က လင်းဘိုးဘေး သေဆုံးသွားတာပဲ ဖြစ်၏။ မဟုတ်လျှင် လင်းဘိုးဘေး၏ အကျင့်စရိုက်အရ ကျန်းရီကို နယ်မြေပေါ်တွင် လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးထားမှာ မဟုတ်ပေ။

ဘိုုးဘေးကြီး သေသွားခဲ့လျှင် မဟာမိတ်တပ်ဖွဲ့များ ရှုံးနိမ့်ပြီး အကြွင်းမဲ့ ချေမှုန်းခံရပြီဟူသော အဓိပ္ပာယ်ဖြစ်သည်။

ရှုံးနိမ့်မှုက သေခြင်းတရားကို ကိုယ်စားပြုပေသည်။ လင်းရွှယ်က သေခြင်းတရားကိုမကြောက် အရေးကြီးဆုံး ကိစ္စရပ်က မိုးပြာနဂါး အင်ပါယာသည် နှစ်နှစ်သောင်း တည်ရှိလာခဲ့ရာမှ ရှည်ကြာသည့် သမိုင်းကြောင်းတွင် အပြည့်အဝ သုတ်သင်ရှင်းလင်း ခံရမှာဖြစ်၏။

“သတင်းပို့ပါတယ်၊ ရှောင်လုံဝမ်နဲ့ ရှတိ ဒီကိုရောက်နေပါတယ် သူတို့က အရှင်မင်းသမီးနဲ့ တွေ့ဆုံဖို့ တောင်းဆိုနေတာပါ ”

လင်းရွယ်က စိတ်လွတ်နေစဉ် အထိန်းတော်အိုတစ်ဦးက သတင်းလာပို့သည်။ လင်းရွှယ်က သူမကိုသူမ အားတင်းပြီးနောက် ပြောလိုက်သည်။ “သူတို့ကို ဝင်ခွင့်ပေးလိုက် ”

ရွှီး ရွှီး ရွှီး

ရှောင်လုံဝမ်နှင့် ရှတိတို့ လျင်မြန်စွာ လာရောက်လာသည်။ သူတို့သည် သတင်းရသည်နှင့် ပို့ဆောင်ရေး အစီအရင်ကနေ ဖြတ်သန်းပြီး ရောက်လာတာသိသာပေသည်။ နှစ်ယောက်လုံးက သုန်မှုန်သည့် အမူအရာ ရှိနေသည်။ သူတို့ဝင်လာချိန်၌ လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးပြီးနောက် လင်းရွှယ်မပြောရသေးခင် ထိုင်ချလိုက်သည်။ ရှောင်လုံဝမ်က အလျှင်စလိုပြော၏။ “အရှင်မင်းသမီး ကျန်းရီပြန်ရောက်လာပြီ ဒီသတင်းကို ကြားပြီပြီ ဟုတ်တယ်မလား ကျုပ်တို့နှစ်ယောက်လုံးက အရှင်မင်းသမီးမှာ အကြံကောင်များ ရှိမလားလို့ မေးဖို့ရောက်လာတာ ဒီကောင်ရဲ့ အကျင့်အရဆိုရင် နောက်ရက် အနည်းငယ်အတွင်းမှာ မြောက်ပိုင်းကို တက်လာလိမ့်မယ် ”

ရှတိက တိတ်ဆိတ်နေပြီး လင်းရွှယ်ကို ကြည့်လိုက်သည်။ မြောက်ပိုင်းမာန်တိုင်းပြည်၊ မြောက်ပိုင်းလျန်တိုင်းပြည်နှင့် မိုးပြာနဂါး အင်ပါယာတို့က တစ်လှေထဲစီးများ ဖြစ်နေကြသည်။ ကျန်းရီက မြောက်ပိုင်းသို့ ရောက်လာခဲ့လျှင် မည်သူမှ အသက်ချမ်းသာရာ ရမှာမဟုတ်ပေ။

“ကျွန်မမှာတစ်ခြား ဘာနည်းလမ်းများ ရှိမှာလဲ ” လင်းရွှယ်က ခါးသက်စွာ ပြုံးပြီးနောက် ပြောလိုက်သည်။

“ဘိုးဘေးက ပျောက်နေပြီ သူရဲ့အလောင်းတောင် ပေါ်မလာသေးဘူး၊ ကျန်းရီရဲ့ ခွန်အားက တိိုးလာတာမြန်လွန်းတယ်၊ ရှင်တို့တွေက သူ့ကိုသတ်ဖို့ သေချာမှု မရှိဘူးဆိုရင် ကျွန်မလည်း ကူကယ်ရာ မဲ့မိတာပဲ၊ ကျန်းရီက သတ်ဖြတ်ခြင်းဆန္ဒရှိနေတာ ရှင်တို့သိသင့်တယ်၊ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တွေကလွဲရင် သူ့ဆီပို့တဲ့ စစ်သားဘယ်လောက်ပဲပို့ပို့ အသုံးမဝင်ဘူး သူကအဝိုင်း ခံရမှာကိုလည်း မကြောက်ဘူး ”

အကြွင်းမဲ့ခွန်အားနဲ့ ရင်ဆိုင်ရချိန်တွင် နည်းလမ်းများ ပရိယာယ်များက အရေးမကြီးတော့ပေ။ လင်းရွှယ်၌ နည်းလမ်း ပရိယာယ်များစွာ ရှိကောင်းရှိနိုင်ပေ၏။ သို့သော် မည်သည့်အရာကမှ အသုံးပြု၍ ရမှာမဟုတ်ချေ။

“အဝိုင်းခံရမှာ မကြောက်ဘူးလား ”

ရှောင်လုံဝမ်နှင့် ရှတိက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခါးသက်စွာ ရယ်မောလိုက်ကြသည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသွားများကို မဆိုထားနှင့် သာမာန် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များ သူ့ကို လိုက်ခဲ့လျှင်တောင် သူတို့သည် အသက်ကိုဖက်နဲ့ထုတ်ပြီး ပြေးရမှာပဲဖြစ်သည်။

လင်းရွှယ်က ခဏခန့် ရေရွတ်ပြောဆိုပြီးနောက် မျက်ခုံးပင့်ကာ ပြောလိုက်သည်။ “သိုင်းခန်းမကို အကူအညီတောင်းရင်ရော သိုင်းခန်းမက ဒီတစ်ခေါက် ကျွန်မတို့ကို လိမ်လည်ခဲ့တာပဲ သူတို့တွေ ကျွန်မတို့ကို သေအောင်တော့ ပစ်မထားလောက်ဘူးမလား သိုင်းခန်းမက ကျွန်မတို့ဆီကို သတင်းဖြန့်ခဲ့ပြီး ရွှေယို့လန်နဲ့ ဘုန်းကြီးအိုကြီးကို ဖိနိပ်ခဲ့တယ်ဆိုမှတော့ သူတို့က ကျန်းရီသေတာ လိုချင်နေတယ်လို့ ဆိုလိုတာပဲ သူတို့နဲ့ပူးပေါင်းရင် အခွင့်အရေးတစ်ခု ရှိလောက်တယ် ”

“သိုင်းခန်းမ ”

ရှောင်လုံဝမ်နှင့် ရှတိ၏ မျက်ဝန်းက လက်သွားသည်။ သူတို့က မတ်တတ်ထရပ်ပြီးနောက် တစ်ပြိုက်နက်ထဲ ခေါင်းညိတ်လိုက်၏။ “မင်းသမီးလေးရွှယ်က သိုင်းခန်းမရဲ့ ငှာနချုပ် ဘယ်မှာရှိလဲဆိုတာ သိလား ကျွန်တော်တို့ သိုင်းခန်းမသခင်ဆီ သွားလည်ပြီး အစီအစဉ် ဆွဲကြရအောင် ”

“ခစ် ခစ် ”

လင်းရွှယ်က ခါးသက်စွာ ရယ်မောပြီးနောက် ပြောလိုက်၏။ “သိုင်းခန်းမခွဲ သခင်ကလွဲရင် ပင်မခန်းမရဲ့နေရာကို ဘယ်သူမှမသိဘူး ဟုတ်ပြီလား၊ ရွှေယို့လန်တောင် သိမယ်မထင်ဘူး၊ ရှင်တို့တွေ မလောပါနဲ့၊ ကောင်းကင်ကြယ်တာရာ မြို့မှာရှိတဲ့ သိုင်းခန်းမခွဲကို စာတစ်စောင်ပို့ဖို့ လူလွတ်လိုက်တယ် သိုင်းခန်းမက လှုပ်ရှားဖို့ ဆန္ဒရှိရင် အခွင့်အရေးရှိအုံးမှာပဲ ”

“ကောင်းပြီ ”

ရှောင်လုံဝမ်က ခေါင်းညိတ်ပြီးနောက် မြန်မြန်ဆန်ဆန် ပြောလိုက်သည်။ “ဒီလိုဆိုမှတော့ ကျင်းရှန်တိုင်းပြည်နဲ့ ရှန်းဝူတိုင်းပြည်ကို စာပို့လိုက်ကြရအောင် ကျူပ်တို့အင်အားစုငါးစု ပူးပေါင်းပြီး သိုင်းခန်းမနဲ့ ဆွေးနွေးရင် ပိုအဆင်ပြေမယ် ”

“ဒီလိုပဲ လုပ်ကြတာပေါ့ ”

လင်းရွှယ်၏ မျက်ဝန်းလှလှလေးထဲတွင် မျှော်လင့်ချက် အရိပ်အယောင် ထပ်မံပေါ်ပေါက်လာပြီ ဖြစ်သည်။ သိုင်းခန်းမက ဝင်ပါရန် ဆန္ဒရှိခဲ့လျှင် မိုးပြာနဂါး အင်ပါယာက သုတ်သင်ခံရမှာ မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်တစ်သောင်းခန့်က သိုင်းခန်းမကြောင့်သာ မဟုတ်လျှင် အင်ပါယာက သုတ်သင်ခံရမှာဖြစ်သည်။ ယခုအခေါက်တွင် သူတို့က အင်ပါယာ သုတ်သင်ရှင်းလင်း ခံရမည်ကို ရပ်ကြည့်မနေနိုင်လောက်ပေ။

“ကျန်းရီပြန်လာပြီ၊ သူက ရှန်းဝူတိုင်းပြည်မှာ ရှိနေတယ် ”

သတင်းက ရှန်းဝူတိုင်းပြည် တစ်ခုလုံးဆီ နွေဦးလေပြေနှယ် ပျံနှံ့သွားတော့သည်။ ဧကရာဇ်မြို့ တစ်မြို့လုံးက ဖရိုဖရဲဖြစ်နေပြီး ဂိုဏ်းအများစုက သူတို့၏ သားမြေးများကို လွှတ်ကာ နေရာရွှေ့ပြောင်း ခိုင်းခဲ့သည်။ ကျန်းရီက ဧကရာဇ်မြို့ကို တန်းလာခဲ့လျှင် ဧကရာဇ်မြို့ တစ်မြို့လုံးက သွေးချောင်း စီးသွားပေလိမ့်မည်။

ရှားဂလန်သားများအားလုံးက ထိတ်လန့်နေကြ၏။ ရှားထျန်နှင့် ကျန်သည့်မင်းသားများ အားလုံးက တုန်ယင်နေကြကာ နောက်တက်လာမည့် ဘုရင်ဖြစ်ရန် ဆန္ဒရှိခဲ့ကြသည်။ သို့သော် ယခုအချိန်တွင် မည်သူကမှ ဘုရင်မဖြစ်ရဲကြတော့ပေ။ ထိုအစား အချို့သော မင်းသားများက တိတ်တဆိတ် ထွက်ပြေးကုန်၏။ ဤသတ်ဖြတ်ခြင်း နတ်ဘုရား ကျန်းရီရောက်လာခဲ့လျှင် ရှားဂိုဏ်းသည် ချွင်းချက်မရှိ အပြည့်အဝ သုတ်သင်ရှင်းလင်း ခံရနိုင်သည်။

ကံကောင်းသည်မှာ သတင်းက မြန်ဆန်စွာ ရောက်လာပြီး ကျန်းရီက ရှန်းဝူတိုင်းပြည်တွင် မနေရစ်ဘဲ မဟာရှတိုင်းပြည်သို့ တန်းပြန်သွားခဲ့သည်။ ယာ့ဇီသားရဲက မြန်ဆန်လွန်းရာ ရှန်းဝူတိုင်းပြည်ကို ဖြတ်သန်းသွားရန် နေ့ဝက်ခန့်သာ အချိန်ယူရသည်။ ကျန်းရီဖြတ်သန်းသွားသည့် နေရာတိုင်း၌ မြို့များက ကြောက်လန့်မှုကြောင့် တုန်ယင်နေကြပြီး ကျန်းရီ၏အမည်သည် သွေးဆာလောင်သည့် နတ်ဆိုးဟု အခေါ်ခံနေရပြီဖြစ်သည်။

ညနက်လာသည့် အချိန်တွင် ကျန်းရီက မရပ်တန့်ပေ။ သူ၏စိတ်ထဲ၌ အိမ်ကိုပြန်ချင်ဇောသာ များနေသည်။ ရှန်းဝူတိုင်းပြည်ကို ပြဿနာရှာလိုစိတ် မရှိပေ။ ကျန်းရှောင်နူနှင့် ကျန်သည့်သူများ လုံခြုံတာသေချာမျာ သူသည်နောင်၌ မည်သည့်လမ်းကြောင်းကို လှမ်းရမည်ဆိုတာ ဆုံးဖြတ်ချက် ချမှာဖြစ်သည်။

ဝှစ်

တောအုပ်ထဲမှ ပုံရိပ်တစ်ရိပ်က ပေါ်ထွက်လာပြီးနောက် သူ့လက်ကို ချက်ချင်း လွှဲယမ်းလိုက်သည်။ မလှမ်းမကမ်းကနေ အော်ပြောလိုက်၏။

“သခင်လေးရီ သခင်လေးရီ ကျုပ်ပါ ”

“သခင်လေးရီလား ”

သူ့ကိုထိုသို့ အမည်တပ် ခေါ်ဝေါ်သည့်သူက အနည်းစုသာရှိသည်။ ယေဘုယျအားဖြင့် ကျန်းဂိုဏ်းနှင့် ချန်းဂိုဏ်းသားများသာ ထိုနည်းဖြင့် ခေါ်ကြတာပဲဖြစ်သည်။ ကျန်းရီက တစ်ချက်ကြည့်ပြီးနောက် ပြုံးကာ ရင်းနှီးနေသော သွင်ပြင်ကို တွေ့လိုက်ရသည်။ ယင်းက ချန်ဝမ်ကွမ်း၏ လျှို့ဝှက်သက်တော်စောင့် လျိုလောင်ဖြစ်သည်။

ဝှစ်

ကျန်းရီက ယာ့ဇီသားရဲကို လေထဲပျံဝဲခိုင်းလိုက်ပြီးနောက် သူကခုန်ချလိုက်သည်။ လျိုလောင်က အပေါ်သို့ ပျံတက်လာပြီးနောက် ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်၏။ “သခင်လေးရီ ကျန်းခေါင်းဆောင်က သခင်လေးဆီ သတင်းနှစ်ခု ပို့ခိုင်းပါတယ် ပထမတစ်ချက်က ကျန်းပိုင်လီက သူ့ရဲ့ဂိုဏ်းသားတွေနဲ့အတူ ပျောက်ကွယ်သွားပါတယ် ဒုတိယတစ်ချက်က သခင်မလေး ကျန်းရှောင်နူက ဘုရင်မလော့ရွှယ်ကို ခေါ်လာပါပြီ ခေါင်းဆောင်နဲ့ သခင်လေးဝူရှန်တို့က လင်းဘိုးဘေး အလိုက်ခံရတာကနေ လွတ်သွားတယ် ဒီကာလအတွင်း ကျွန်တော်တို့ ဂိုဏ်းနှစ်ခုက ထောက်လှမ်းမိတဲ့ အချိန်အတော်ကြာ ရှာခဲ့ပေမဲ့ သူတို့နေရာကို ရှာမတွေ့သေးပါဘူး ”

“ဘာ ” ကျန်းရီ၏ အမူအရာက ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။ ကျန်းပိုင်လီ ပျောက်သည် မပျောက်သည်ကို သူစိတ်ထဲ မထားပေ။ တစ်ခုတည်းသော ပြဿနာက နှစ်ပေါင်းများစွာ ကြာပြီ လူများလွတ်ပြီးသည့်တိုင် သူတို့က ကျန်းရှောင်နူနှင့် ကျန်းသည့်သူများ၏ နေရာကို မတွေ့သေးတာပဲ ဖြစ်သည်။

***

All Chapters