ဖျက်ဆီးခြင်းအရိယဖလ
Vol. 52 Ch. 772
လုယန် အနီရောင်အဝတ်စတစ်ခုထုတ်၍ လက်ကောက်ကို ဂရုတစ်စိုက်ထုပ်ပိုးလိုက်သည်။
မသေမျိုးရတနာအစစ်ဖြစ်၍ မသေမျိုးတစ်ယောက်၏ တိုက်ခိုက်မှုကို လေးငါးကြိမ်ကာကွယ်ပေးနိုင်သည်။ ယခုစွမ်းအင်ကုန်ခမ်းနေသော်လည်း အဖိုးတန်နေဆဲဖြစ်သည်။
"မီးနိုင်ငံမသေမျိုးတွေက အတော်စွမ်းအားကြီးကြတယ်ထင်တယ်"
လုယန်မျက်နှာ မှုန်မှိုင်းနေသည်။ အောင်းလင်းကိုသတ်ဖို့ကြိုးစားခြင်းသည် ချီလင်နှင့် ရှေးဟောင်းခေတ်မသေမျိုးများကို ရန်ငြှိုးဖွဲ့ခြင်းပင်ဖြစ်သည်။
ဘယ်လိုမှ စေ့စပ်ညှိနှိုင်းမရနိုင်သည့် ရန်ငြှိုးဖြစ်သည်။ တစ်ဘက်ဘက်က မသေမချင်း ရပ်တန့်၍ရမည်မဟုတ်။
"ဒါမေယ့် အမလျန်ယိကိုကျတော့ ဘာလို့ရန်သူက မသတ်ခဲ့တာလဲ။ ရှာမတွေ့လို့လား။...မဟုတ်ဘူး၊ အဲလိုမဟုတ်နိုင်ဘူး။ အမလျန်ယိ နတ်ဆိုးနယ်မြေမှာ ပေါ်လာတာကို တစ်လောကလုံးသိတာပဲ။
ရန်သူလည်း ဒီသတင်းကို ကြားမှာပဲ။ သူမလှုပ်ရှားတာ တစ်ခြားအကြောင်းရှိလို့များလား"
"နေဦး....နိယာမသခင်က ပြောဖူးတယ်။ မီးနိုင်ငံသမိုင်းကြောင်းကို ဖျက်ဆီးဖို့ကြိုးစားနေတဲ့ မသေမျိုးတွေရှိတယ်တဲ့။
မီးနိုင်ငံအကြောင်းသိတဲ့လူအားလုံး သေရတယ်တဲ့။ တကယ်လို့ မီးနိုင်သမိုင်းဖျက်ဆီးနေတဲ့လူနဲ့ ချီလင်တိုက်ခိုက်ခဲ့ရတဲ့ ရန်သူသာ တစ်ယောက်တည်းဖြစ်နေရင်..."
လုယန် သဘောပေါက်သွားသည်။
"အမအောင်းလင်းနဲ့ အမလျန်ယိ အိပ်စက်ခဲ့တာ တစ်ချိန်တည်းမဟုတ်လောက်ဘူး။ အမလျန်ယိက မီးနိုင်ငံမတည်ထောင်မီ မဟာစစ်ပွဲပြီးပြီးချင်း အိပ်ပျော်သွားမယ်။
အမအောင်းလင်းက မီးနိုင်ငံတည်ထောင်ပြီးမှ အိပ်ပျော်တော့ မီးနိုင်ငံအကြောင်းသိမယ်။ နိယာမသခင်ထက်အောင် ပိုသိထားလောက်တယ်။ ဒါကြောင့် ရန်သူက သေစာရင်းသွင်းခဲ့တာဖြစ်မယ်"
တွေးလေလေ လုယန် ထိတ်လန့်လာလေဖြစ်သည်။ ဤခန့်မှန်းချက်သာမှန်လျှင် ထိုရန်သူတွင် ဘယ်လိုရည်ရွယ်ချက်မျိုး ရှိနေသည်မသိ။ ရှေးဟောင်းမသေမျိုးလေးယောက်နှင့်ပင် ရန်ငြှိုးဖွဲ့ရဲသည်။
"နတ်မယ်၊ ရန်သူပိုင်တဲ့အရိယဖလက ဘယ်လိုမျိုးလဲ ခင်ဗျားခန့်မှန်းနိုင်လား"
နတ်မယ် မျက်မှောင်ကျုံ့သည်။ ဘေးပတ်လည်မှ စွမ်းအားအကြွင်းအကျန်အားလုံးကို ဝိညာဉ်အာရုံဖြန့်၍ သေချာစူစမ်းသည်။
သူ့လေသံက နည်းနည်းတုံ့ဆိုင်းနေသည်။
"ငါတွေးမရဆုံးက ဒီကိစ္စပဲ။ တိုက်ပွဲမှာ ရန်သူသုံးသွားတဲ့စွမ်းအားပညာတွေက ငါ့ပညာတွေနဲ့ အတော်တူနေတယ်။
ငါကိုယ်တိုင် သူတို့နဲ့ တိုက်ခိုက်နေသလိုမျိုးပဲ"
"ဘယ်လို"
လုယန် ရင်ထိတ်သွားသည်။ မီးနိုင်ငံသမိုင်းကြောင်းသည် ထင်ထားသည်ထက် ပိုနက်နဲရှုပ်ထွေးကြောင်း နားလည်လာသည်။
အမယွမ်ကို အကျိုးအကြေားင်ခွဲခြားသုံးသပ်ခိုင်းသည်က ပိုကောင်းလိမ့်မည်။ အပြစ်တင်လာလျှင် နတ်မယ်က သူ့ကိုထိန်းချုပ်၍ ဤနေရာသို့ခေါ်လာသည်ဟု ပြောလိုက်ရုံသာဖြစ်သည်။
နတ်မယ်က တိုက်ပွဲမြေတစ်နေရာသို့ လက်ညှိုးထိုးပြသည်။
"ဟိုအပျက်အစီတွေကို ကြည့်လိုက်။ ချီလင်ရဲ့ အရိယဖလစွမ်းအားလက်ကျန်တွေပြည့်နေတယ်။ ဒါပေမယ့် အဲဒီ့စွမ်းအားတွေက ဆိုးဆိုးဝါးဝါးပျက်စီးနေပြီ။ အရင်က ဒါမျိုး တစ်ကြိမ်ဖျက်ဆီးခံရဖူးတယ်။
ပုံမှန်ကတော့ ငါခန္ဓာကိုယ်ဖောက်ခွဲလိုက်ရင် ချီလင်ရဲ့စွမ်းအားတွေက အဲလိုမျိုးဖြစ်လာတယ်။ ဒီရန်သူလည်း ခန္ဓာကိုယ်ဖောက်ခွဲတာများလား။...နေဦး၊ ခန္ဓာကိုယ်ဖောက်ခွဲတာမဟုတ်ဘဲ ဖျက်ဆီးလိုက်တာများလား"
(**ဖောက်ခွဲခြင်းနှင့် ဖျက်ဆီးခြင်းသည် တူသယောင်ရှိသည်။ နောက်အခန်းများတွင် ရှင်းလင်းလာပါလိမ့်မည်)
နတ်မယ် နားလည်သွားဟန်ဖြင့် လက်ခုပ်တစ်ချက်တီးလိုက်သည်။
"ဟုန်တယ်၊ ရန်သူက ဖျက်ဆီးခြင်းအရိယဖလပိုင်ရှင်ပဲ။ ငါ့စွမ်းအားနဲ့ ဒီလောက်တူနေတာ မဆန်းတော့ပါဘူး"
"ဖျက်ဆီးခြင်းအရိယဖလက ဘာလဲ"
လုယန် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
"ဘယ်လိုစပြောရမလဲ ငါစဉ်းစားဦးမယ်...အင်း...ငါထာဝရအရိယဖလသန္ဓေမဖန်တီးခင် တစ်ခြားအရိယဖလသန္ဓေတစ်ခု ရှိခဲ့တာကို နင်မှတ်မိသေးလား"
လုယန် ခေါင်းငြိမ့်သည်။ ထိုအကြောင်း နတ်မယ်ပြောဖူးသည်။
နတ်မယ်စကားအရ သူသည် ဤလောကတွင် ပထမဆုံးမသေမျိုးဖြစ်ခဲ့သင့်သည်။ သို့သော် အရိယဖလရွေးချယ်ရာတွင် ဗျာများနေခဲ့သည်။
အရိယဖလသန္ဓေတစ်ခု သူတည်ဆောက်ခဲ့သည်။ သို့သော် ထိုသန္ဓေအမျိုးအစားကို သူသိပ်အားမရ။ နောက်ပိုင်းတွင် အချိန်မသေမျိုး၏ စကားကြောင့် သူအတွေးပွင့်ခဲ့သည်။
မူလသန္ဓေကိုစွန့်ပယ်၍ ထာဝရအရိယဖလသန္ဓေကို တည်ဆောက်သည်။ နောက်ပိုင်းတွင် ထာဝရအရိဖလအစစ်ကိုရပြီး မသေမျိုးဖြစ်လာသည်။
"ငါ့အရင်ဆုံးတည်ဆောက်ခဲ့တာက ဖျက်ဆီးခြင်းအရိယဖလသန္ဓေပဲ။ သူ့နာမည်အတိုင်းပဲပေါ့။ ဒီအရိယဖလမျိုးက အရာအားလုံးကို ဖျက်ဆီးနိုင်တဲ့ ကြောက်စရာစွမ်းအားကိုပိုင်ဆိုင်တယ်။
အဲဒီတုန်းက ငါမသေမျိုးဖြစ်ချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီအရိယဖလအမျိုးအစားက သိပ်မကိုက်ညီဘူးလို့ ငါခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ အချိန်မသေမျိုးက ပြောတယ်။ အရာအားလုံးဟာ အနိမ့်အမြင့်ရှိတယ်။ တိုးတက်မှုဆုတ်ယုတ်မှုရှိတယ်။ သဘာဝရဲ့ ခဏတာအခိုက်အတန့်တွေပဲ။
သဘာဝကိုအတုယူပြီး အရိုးရှင်းဆုံးပုံစံကို ပြန်သွားမှသာ ထာဝရစွမ်းအားကို ထိန်းထားနိုင်မယ်တဲ့။ ဒီစကားက ငါ့အတွေးတွေနဲ့ တစ်ထပ်တည်းပဲလို့ ငါခံစားရတယ်။
ဒါကြောင့် ဖျက်ဆီးခြင်းအရိယဖလသန္ဓေကို စွန့်ပစ်ပြီး ထာဝရအရိဖလသန္ဓေကို ပြောင်းခဲ့တာ"
နတ်မယ်က သာမန်ကိစ္စတစ်ခုလို ပုံမှန်လေသံဖြင့် ပြောနေသည်။
သို့သော် ကူးဖြတ်ခြင်းအဆင့်သို့ ရောက်ပြီးသူများသာ ထိုစကားကြားလျှင် ဘယ်လောက်ခြောက်ခြားစရာကောင်းကြောင်း နားလည်ပေလိမ့်မည်။
ကူးဖြတ်ခြင်းအဆင့်တစ်ယောက်အတွက် အရိယဖလသန္ဓေတစ်ခုကြောင်း နားလည်နိုင်ဖို့ပင် အလွန်တရာခက်ခဲသည်။ နတ်မယ်လို သန္ဓေကိုလွယ်လွယ်ပြောင်းဖို့ဆိုသည်မှာ စိတ်ကူးကြည့်၍ပင်မရ။
"ထာဝရတည်တံ့တယ်ဆိုတာ ဘာလဲ။ ထာဝရတည်တံ့တာ သဘာဝတရားပဲ။ အမြဲဖြစ်တည်ခြင်းပဲ။ တိုးတက်မှု ဆုတ်ယုတ်မှုတွေရှိတယ်။ ဒီတော့ မသေမျိုးဖြစ်တဲ့ငါ့အနေနဲ့ ကိုယ့်ဘာသာဖျက်ဆီးနိုင် ပြန်ရှင်သန်နိုင်ရမှာပေါ့"
"ဒါဆို ချီလင်နဲ့တိုက်ခိုက်ခဲ့တာ ဘယ်သူလဲ..."
"ငါလည်း ဒါကြောင့် ဒီကိစ္စကို နားမလည်တာပဲ။ ငါအသက်ရှင်နေတုန်းက ထာဝရအရိယဖလသန္ဓေတည်ဆောက်နိုင်တဲ့ မသေမျိုးတစ်ဝက်အဆင့်တွေ မရှိဘူး။
အဲလိုလုပ်ဖို့ အရမ်းခက်ခဲတယ်။ ငါ့လို ကောင်းကင်ပါရမီရှင်ပဲ ဒါမျိုးလုပ်နိုင်တာ။ မီးနိုင်ငံခေတ်အတွင်း ငါ့ထက်နည်းနည်းပဲညံ့တဲ့ ပါရမီရှင်မျိုး ပေါ်ခဲ့တာများလား..."
နတ်မယ် စဉ်းစားရခက်ဟန်ဖြင့် ခေါင်းကုတ်နေသည်။
"အဲဒီ့အတိုင်းသာမှန်ခဲ့ရင် ချီလင်သူ့ကို တကယ်မနိုင်လောက်ဘူး"
အရိယဖလပြဿနာဖြစ်သည်။ နတ်မယ်နားမလည်လျှင် လုယန်က ပို၍ပင်အတွေးခက်နေသည်။
ရှေးဟောင်းတိုက်ပွဲနယ်မြေကို သေချာစူးစမ်းလေ့လာပြီးနောက် အကြီးအကဲအောင်းလင်း၏ သဲလွန်စကို ဤနေရာတွင်ရှာတွေ့ဖို့ မဖြစ်နိုင်ကြောင်း နားလည်လာကြသည်။ အောင်းလင်း၏တည်နေရာကို ရှာမတွေ့နိုင်စေရန် သဲလွန်စအားလုံးကို ချီလင်မသေမျိုးက ဖျောက်ဖျက်ခဲ့သည်။
ထို့ကြောင့် ခွန်လွန်မျိုးနွယ်ဆီပြန်ရန် လုယန်အကြံပြုသည်။
နတ်မယ်လည်း သဘောတူသဖြင့် ညအမှောင်အကာအကွယ်အောက်တွင် လုယန် အိမ်ပြန်လာသည်။ ထိုညက ဘာပြဿနာမှမဖြစ်ခဲ့။
"နတ်မယ်၊ ပိုအရေးကြီးတဲ့ကိစ္စတစ်ခုရှိသေးတယ်"
လုယန် အလေးအနက်ပြောသည်။
"ဘာလဲ"
"ရှေးဟောင်းတိုက်ပွဲနယ်မြေမှာ ကျုပ်တို့တွေ့ခဲ့တဲ့ကိစ္စတွေအကြောင်း အမယွမ်ကို ကျုပ်တို့ပြန်ပြောရမှာပဲ။ အဲဒီ့နေရာကို မတော်တဆရောက်သွားလို့ အလောင်းကောင်တွေနဲ့ ကျုပ်တို့တိုက်ခိုက်နေတဲ့အချိန်မှာ ခင်ဗျားက အဲဒီ့နေရာကို စူးစမ်းလေ့လာကြည့်လို့ အဲဒီ့အကြောင်းတွေသိခဲ့တာလို့ ကျုပ်တို့ပြောသင့်တယ်။
ကျုပ်တို့ ညဘက်ခိုးထွက်တဲ့ကိစ္စ မပြောသင့်ဘူး"
"နင်က အမြဲတမ်းစေ့စေ့စပ်စပ်တွေးတတ်တာပဲဒုခေါင်းဆောင်"
လုယန်တို့လူစု ခွန်ဖုန်မျိုးနွယ်တွင် သုံးရက်နေသည်။ အဓိကအားဖြင့် ထောင်ယော်ယဲ့၏ 'ဘူးသီးညီအကိုလေးယောက်'ဇာတ်လမ်းအတွက် ရှောက်ရှင်ဟိုင်အတူ ပြန်လည်သရုပ်ဆောင်ဖို့လိုသောကြောင့်ဖြစ်သည်။
ထောင်ယော်ယဲ့ အနားယူနေသော်လည်း ဇာတ်လမ်းကို သူတို့ဘာသာ မှော်ဖန်လုံးဖြင့် မှတ်တမ်းယူနိုင်သည်။
"ဇာတ်လမ်းအရ ခွန်ဖုန်မျိုးနွယ်က ဖန်လိုင်ကျွန်းကို ရေလွှမ်းပစ်တဲ့မြင်ကွင်းကို ငါတို့သရုပ်ဆောင်သင့်တယ်။ ဒီဇာတ်ကွက်က အရေးကြီးတယ်။
မင်းတို့မျိုးနွယ်အကြီးအကဲ ဒါမှမဟုတ် မျိုနွယ်ခေါင်းဆောင် တစ်ယောက်ယောက် ဝင်ပါပေးနိုင်မလားဆိုတာ ငါတို့သွားမေးဖို့လိုလောက်မလား"
ရှောက်ရှင်းဟိုင်က လက်ခါသည်။
"အဲလောက် ဒုက္ခခံဖို့မလိုပါဘူး။ ငါ့အဖေနေရာမှာ ငါသရုပ်ဆောင်လိုက်ရုံပဲလေ"
ခွန်ဖုန်အသွင်ပြောင်းကိုးမျိုးစွမ်းအားကို သူအသက်သွင်းလိုက်သည်။ မီတာကိုးထောင်ကျော်ရှည်လျားသည့် ခံ့ညားထည်ဝါသည့် ခေါင်းဆောင်ရှောက်မင်လီအသွင်သို့ ပြောင်းသွားသည်။
ရှောက်ရှင်းဟိုင်က ဝင့်ကြွားစွာပြုံးလျက်
"အပြင်ပန်းပုံစံပြောင်းရုံနဲ့ လုံလောက်တာပဲမဟုတ်လား။ အပြင်မှာ ငါ့မရှင်းနိုင်တဲ့ ပြဿနာတစ်ခုခုကြုံတိုင်း ငါ့အဖေလို ဟန်ဆောင်နေကျပါ။ အမြဲတမ်းလည်း အဆင်ပြေခဲ့ပါတယ်။
ကဲ..ဇာတ်လမ်းကို ဆက်သွားလိုက်ရအောင်"
အမြင့်ဆုံးဇာတ်ကွက်သို့ ရောက်လာသဖြင့် ရှောက်ရှင်းဟိုင် ပျော်ရွှင်စွာ ရယ်မောနေသည်။ တောင်ပံနှစ်ဘက်ကိုဖြန့်၍ ဖန်လိုင်ကျွန်းပေါ် အုပ်မိုးလိုက်သည်။
"တောင်သခင်သုံးယောက်..ဖန်လိုင်ကျန်းကို ဘူးသီးညီအကိုလေးယောက်လက်ထဲအပ်စမ်း။ မဟုတ်လို့ကတော့ မင်းတို့ကျွန်းကို ငါရေနဲ့လွှမ်းပစ်မယ်"
ဘူးသီးညီအကိုလေးယောက် ကောင်းကင်သို့မော့ကြည့်ပြီး ရင်ထိတ်သွားသည်။
မီတာတစ်သောင်းကျောက်ခွန်ဖုန်အဖြစ် အသွင်ပြောင်းထားသည့် ခေါင်းဆောင်ရှောက်မိန်လီအစစ်က ရှောက်ရှင်းဟိုင်၏နောက်ဘက်တွင်ပေါ်လာပြီး အေးစက်စက်စိုက်ကြည့်နေသောကြောင့်ဖြစ်သည်။
***************************************