နဂါးနှင့်ဖီးနစ်ပြိုင်ပွဲ
Vol. 52 Ch. 773
လုယန် ထောင်ယော်ယဲ့ဆီ သွားတွေ့သည်။ စီစဉ်ထားသည့်အတိုင်း မှော်ဖန်လုံးယူသွားသည်။ ထိုမှော်ဖန်လုံးထဲတွင် အလွန်တရာတန်ဖိုးကြီးသည့် မြင်ကွင်းပုံရိပ်များပါသည်။
ထောင်ယော်ယဲ့ ကုတင်ပေါ်လှဲရင်း မှတ်တမ်းကိုကြည့်သည်။ ခေါင်းဆောင်ရှောက်က သူ့သားရှောက်ရှင်းဟိုင်အား ရိုက်နှက်နေသည့်မြင်ကွင်းကို မြင်ရသည်။ လုယန်တို့လူစု ကောင်းကောင်းမနားခဲ့ရလောက်ဟု သူတွေးနေသည်။
"အကိုတို့ငါးယောက်က သရုပ်ဆောင်ဖို့သွားတာမဟုတ်လား။ ဘယ်လိုလုပ်ပြီး တကယ့်တိုက်ပွဲအစစ်ပါလာတာလဲ"
ထိုကိစ္စသည် ခွန်ဖုန်မျိုးနွယ်၏ဓလေ့လည်း ဖြစ်နိုင်သည်။ ဘိုးဘေးဟေးယုက ခေါင်းဆောင်ရှောက်မိန်လီကိုရိုက်သည်။ ခေါင်းဆောင်ရှောက်က သူ့သားကိုရိုက်သည်။
ရိုက်နှက်သည့်ဓလေ့သည် သူတို့မျိုးရိုးစဉ်ဆက် ဆက်ခံလာခြင်းဖြစ်မည်ဟု သူထင်မိသည်။
မှတ်တမ်းထဲမှ ခေါင်းဆောင်ရှောက်၏ ဒေါသတကြီးကြုံးဝါးသံ ပေါ်လာသည်။
"ခွေးသူတောင်းစားလေး၊ ငါတစ်ခါမှမလုပ်ဖူးတဲ့ကိစ္စတွေအတွက် ဘာကြောင့်အမြဲတမ်း အပြစ်ပြောခံနေရသလဲဆိုပြီး တွေးမရဖြစ်နေတာကြာပြီး။ လက်စသတ်တော့ တရားခံကမင်းကိုး"
"အဖေ၊ ဖြေးဖြေးလုပ်ပါ။ ကျုပ်ကိုအပြစ်မတင်နဲ့လေ။ အဖေ့နာမည်ဂုဏ်သတင်း အစကတည်းကဆိုးဝါးမနေရင် ဘယ်သူကအဖေ့ကို သံသယဝင်မှာလဲ"
"မင်းကအခုထိ ကိုယ့်ကိုယ်ကိုမှန်တယ်လို့ တွေးနေတုန်းပေါ့"
စုစည်းခြင်းအဆင့်တစ်ယောက်နှင့် နတ်ဝိညာဉ်အဆင့်တစ်ယောက်ကြားမှ တိုက်ပွဲက အံ့ဩစရာမရှိလှ။ တစ်ဘက်သတ် အထောင်းခံရခြင်းဖြစ်သည်။
ဘူးသီးညီအကိုလေးယောက်၏ ဖန်လိုင်ကျွန်းကို ရေလွှမ်းမည့်အစီအစဉ် ရပ်တန့်သွားသည်။ ထို့ကြောင့် ထောင်ယော်ယဲ့၏စိတ်ကူးဖြင့်သာ ကိုယ့်ဘာသာပုံဖော်ရတော့မည်။
သို့သော် စိတ်ကူးပုံဖော်ဖို့က ခက်လွန်းသည်။ ရှောက်မိန်လီက ရောက်ရှင်းဟိုင်ကို ဆုံးမချိန်တွင် ကြီးမားသည့်ရေလှိုင်းများဆင့်ခေါ်၍ နစ်မြုပ်ပစ်ခြင်းဖြစ်သည်။ ရှောက်ရှင်းဟိုင်နေရာတွင် ဖန်လိုင်ကျွန်းကို အစားထိုးလျှင်တော့ ရမည်ထင်သည်။
ထောင်ယော်ယဲ့ ကုတင်ပေါ်လှဲလျက် မှတ်တမ်းဖန်လုံးကိုကြည့်ရင်း သဘောကျစွာ ရယ်မောနေသည်။
...
"ရှင်းဟိုင်၊ သူငယ်ချင်း၊ မင်းအဆင်ပြေရဲ့လား။ ခေါင်းဆောင်ရှောက်က တကယ်ကြမ်းလွန်းပါတယ်ကွာ"
မကြာသေးခင်က ပြောခဲ့သည့်စကားလုံးကို မုန်ကျင်းကျိုးထပ်ပြောသည်။
"ဟား၊ အဲဒါ ငါပင်ပင်ပန်းပန်းအားထုတ်ထားတာတွေကို ငါ့အဖေနားမလည်လို့ပါ"
ရှောက်ရှင်းဟိုင် ကုတင်ပေါ်လှဲနေရသည်။ လုယန်တို့လေးယောက်က သစ်သီးများအခွံနွှာ၍ ကျွေးနေသည်။
"အခု ငါတို့မျိုးနွယ်မှာ ကူးဖြတ်ခြင်းအဆင့်ဆိုလို့ ဘိုးဘေးဟေးယုတစ်ယောက်ပဲရှိတာ။ ငါ့အဖေက ကူးဖြတ်ခြင်းအဆင့်ကို တက်နိုင်ခြေအရှိဆုံးနောက်တစ်ယောက်ပဲ။ ဒါပေမယ့် သူက ဖြစ်အောင်မလုပ်နိုင်ဘူး။ ဒါကြောင့် သူ့သားတစ်ယောက်အနေနဲ့ ငါကနည်းနည်းတွန်းပို့ပေးတာပါ။
ကူးဖြတ်ခြင်းအဆင့်ဆိုတာ စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီးမှ ရောက်နိုင်တာလေ။ ဒါပေမယ့် အဲဒီ့စမ်းသပ်မှုဆိုတာကလည်း တစ်မျိုးတည်းမဟုတ်ဘူး။ ကောင်းကင်ဆင်းရဲဆိုတာက စမ်းသပ်မှုတစ်ခုဆိုရင် ငါ့ကြောင့်ဖြစ်လာတဲ့ သူ့စိတ်ထဲကအမုန်းတရားကလည်း သူကျော်ဖြတ်ရမယ့် စမ်းသပ်မှုတစ်ခုပဲမဟုတ်လား"
လုယန် စေတနာဖြင့် ရှောက်ရှင်းဟိုင်ကို နှစ်သိမ့်သည်။
"သူငယ်ချင်းရှင်းဟိုင်၊ ထပ်မပြောပါနဲ့တော့။ ခုနက မင်းကို ခေါင်းဆောင်ရှောက်ရိုက်တဲ့အချိန်ကလည်း မင်းအဲလိုပဲပြောခဲ့တာပဲ။ သူက မင်းစကားကိုမယုံလို့ ပိုပြီးအရိုက်ကြမ်းခဲ့တယ်မဟုတ်လား"
ထိုစကားသာမပြောခဲ့လျှင် ရှောက်ရှင်းဟိုင် ကုတင်ပေါ်တွင်လှဲနေရမည်မဟုတ်။
ယခုသူသည် ငှက်အသွင်ပြောင်းမသေမျိုးခန္ဓာကို အသုံးပြုခဲ့သည့် ထောင်ယော်ယဲ့ထက်ပင် အားနည်းနေသယာင်ရှိသည်။
ကောင်းကွက်တစ်ခုက ဆေးဝါးများဖြင့် သူပြန်ကုစားနိုင်သည်။
သို့သော် ဆိုးသည့်တစ်ချက်က သူ့ကို အားဖြည့်ဆေးမသုံနိုင်အောင် ခေါင်းဆောင်ရှောက်က တားမြစ်ထားခဲ့သည်။
'စည်းမျဉ်း'စွမ်းအားဖြင့် တားမြစ်ခဲ့ခြင်းဖြစ်သည်။
နတ်ဝိညာဉ်တစ်ယောက်က စုစည်းခြင်းအဆင့်တစ်ယောက်ကို ပမာမခန့်ပြုခဲ့သည်။ စုစည်းခြင်းအဆင့်က စည်းမျဉ်းစွမ်းအားသုံးရသည်။
ရှောက်ရှင်းဟိုင်း သူ့ကိုယ်သူ တကယ်ဂုဏ်ယူထိုက်သည်။
"ငါ့ဖီးနစ်မီးတောက်စစ်ကို သုံးကြည့်ရမလား"
မုန်ကျင်းကျိုးလက်ဝါးတွင် လိမ္မောနီရောင်မီးတောက်တစ်ခု ပေါ်လာသည်။ ဒဏ်ရာကုသရာတွင် အစွမ်းထက်သည်ဟု နာမည်ကြီးသည့် မီးတောက်စစ်ဖြစ်သည်။
ရှောက်ရှင်းဟိုင် ချက်ချင်းခေါင်းခါသည်။
"မလုပ်နဲ့ မလုပ်နဲ့။ နဂါးအသွင်ပြောင်းပညာကို ကျင့်ကြံတုန်းက နဂါးမျိုးနွယ်ရဲ့ဗီဇစွမ်းရည်တစ်ချို့ရခဲ့တယ်။ ဖီးနစ်မီးတောက်က ဖီးနစ်မျိုးနွယ်ရဲ့ ဗီဇစွမ်းရည်ပါ။
နဂါးနဲ့ဖီးနစ်တွေက အမြဲတမ်းပြိုင်ဘက်ပဲ။ ငါ့ဒဏ်ရာတွေ ပိုဆိုးဖို့ပဲရှိတယ်"
တစ်ခါမှမကြားဖူးသည့် အယူအဆတစ်ခုဖြစ်သည်။
"နတ်မယ်၊ အဲဒါ အမှန်ပဲလား"
လုယန် ရှေးဟောင်းစွမ်းအားရှင်ကို အတည်ပြုမေးခွန်းထုတ်သည်။
"ဟုတ်တယ်။ လျန်ယိနဲ့ရှောင်လင်းက အမြဲတမ်း ပြိုင်ဘက်ဖြစ်ခဲ့တာ။ မသေမျိုးနေရာလုတာရော ချီလင်ကို အိပ်ယာထဲမှာ မြူဆွယ်တာရောပေါ့"
လုယန်"..."
ထိုပြိုင်ပွဲမျိုးသည် မသေမျိုးများ၏ လုပ်ရိုးလုပ်စဉ်လားမသိ။
"အဲဒါက ရိုးရာဓလေ့လို ဖြစ်လာပုံရတယ်။ နဂါးနဲ့ဖီးနစ်နောက်ပိုင်းမျိုးဆက်တွေရဲ့ သွေးသားမှာစီးဝင်နေတယ်။
ဒါပေမယ့် 'မင်္ဂလာရှိတဲ့နဂါးနှင့်ဖီးနစ်"ဆိုတဲ့ အသုံးအနှုန်းလည်းရှိတယ်။ နဂါးနဲ့ဖီးနစ်ရဲ့ စွမ်းအားတွေဟာ အတူယှဉ်တွဲရှိနိုင်တဲ့သဘောပဲ။
ချုန်းချီတို့၊ အမြီးကိုးချောင်းမြေခွေးတို့လို တစ်ခြားမျိုးနွယ်တွေကို ခုခံတဲ့အခါ သူတို့ချင်းအတော်စည်းလုံးကြတာ ငါမြင်ဖူးတယ်။
ဒီကောင်လေးဒဏ်ရာက ပြင်းလွန်းနေလို့ပါ။ မျိုးနွယ်ဗီဇစွမ်းအားနှစ်မျိုးကို မျှတအောင် သူထိန်းချုပ်နိုင်ဖို့မလွယ်ဘူး"
ရှင်းဟိုင် ထပ်ပြောသည်။
"ဒါပေမယ့် နည်းလမ်းတစ်ခုတော့ရှိပါတယ်"
'ဘာနည်းလမ်းလဲ"
"နဂါးသွေးက ကုသတဲ့စွမ်းရည်မရှိပေမယ့် ခန္ဓာကိုယ်ကို သန်မာစေတယ်။ နဂါးသွေးထဲမှာ ငါစိမ်လိုက်ရင် ငါ့ဒဏ်ရာတွေ မြန်မြန်ပြန်ကောင်းလာနိုင်တယ်"
နဂါးသွေးကို ဆေးဝါးဟု သတ်မှတ်၍မရ။ ထို့ကြောင့် 'စည်းမျဉ်း'နှင့်မညိ။
"မင်းမှာ နဂါးသွေးရှိလို့လား"
နဂါးအသွင်ပြောင်းပညာလေ့ကျင့်ဖို့ အဓိကအချက်က နဂါးသွေးထဲတွင်စိမ်ရခြင်းဖြစ်ကြောင်း နတ်မယ်ပြောခဲ့သည်။
"ငါ့လက်ထဲမှာတော့မရှိဘူး။ နဂါးအသွင်ပြောင်းပညာကျင့်ကြံတုန်းက အားလုံးသုံးလိုက်ပြီ။ ဒါပေမယ့် နဂါးနန်းတော်က ပင်လယ်ဈေးမှာ နည်းနည်းသွားဝယ်လို့ရပါတယ်။
ငါကျင့်ကြံဖို့နဂါးသွေးကိုလည်း အဲဒီကပဲရခဲ့တာ"
အချင်းချင်းဆွေးနွေးပြီးနောက် စုယိရန်က ထောင်ယော်ယဲ့ကိုစောင့်ရှောက်ဖို့ ခွန်ဖုန်မျိုးနွယ်တွင် ကျန်ရစ်ခဲ့သည်။ သူတို့လေးယောက်က နဂါးနန်းတော်၏ ပင်လယ်ဈေးသို့သွားဖို့ ဆုံးဖြတ်ကြသည်။
"ငါ့ကိုပါခေါ်သွားပါ။ နဂါးသွေးက လတ်ဆတ်လေ အာနိသင်ပိုကောင်းလေပဲ။ မင်းတို့ အသွားအပြန်ခရီးနဲ့ဆို အာနိသင်အများကြီး လျော့သွားလိမ့်မယ်"
ရှောက်ရှင်းဟိုင်က ထရပ်ရန်ကြိုးစားသည်။ လုယန်တို့က ကမန်းကတန်းထိန်း၍ ကုတင်ပေါ်ပြန်လှဲသိပ်ပေးသည်။
"မင်းက ဟိုကိုသွားဖို့မပြောနဲ့။ မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်ဘူးလေ"
"ငါ့ကိုသယ်သွားပေးပေါ့"
ရှောက်ရှင်းဟိုင် စိတ်မလျှော့။
"ကောင်းပြီလေ၊ နည်းလမ်းတစ်ခုတော့ရှိပါတယ်"
....
ခေါင်းတလားတစ်ခုသယ်၍ လုယန်တို့လူစု နဂါးနန်းတော်ပင်လယ်ဈေးဆီ ပျံသန်းသွားကြသည်။
ရှောက်ရှင်းဟိုင်သည် အရှေ့ပင်လယ်တွင် နာမည်ကျော်ကြားသည့် ပါရမီရှင်ဖြစ်သည်။ မြက်ခြောက်အိပ်ယာခင်းဖြင့်ခေါ်သွားလျှင် မသင့်တော်။ အမြင်မတင့်တယ်။
ယခု ခေါင်းတလားထဲအုပ်ထားခြင်းဖြစ်၍ တစ်ခြားလူများ မှတ်မိမည်ကို စိုးရိမ်ဖို့မလိုတော့။
ပြဿနာမျိုးစုံဖြေရှင်းနိုင်သည့် နည်းလမ်းဖြစ်သည်။
ထိုခေါင်းတလားသည် ဝိညာဉ်အာရုံကို ကာကွယ်နိုင်စွမ်းရှိသည်။
နဂါးနန်းတော်ပင်လယ်ဈေးသည် အရှေ့ပင်လယ်တွင် အကြီးဆုံးဈေးဖြစ်သည်။ မျိုးနွယ်ပေါင်းစုံ ဆုံစည်းသည့်နေရာဖြစ်သည်။ ဖန်လိုင်ကျွန်းဈေးက လူသားမျိုးနယ်များသာ လာကြသည်။
နဂါးနန်းတော်ပင်လယ်ဈေးတွင် မြင်ကွင်းသစ်များ နေ့တိုင်းကြုံရသည်။ သို့သော် ခေါင်းတလားထမ်းပြီး ဈေးထဲလှည့်လည်နေသူများကိုတော့ ပထမဆုံးတွေ့ဖူးကြခြင်းဖြစ်သည်။
"ဘယ်သူသေသွားတာပါလိမ့်"
"ခေါင်းတလားကိုင်တဲ့လေးယောက်က လူသားတွေပဲ။ လူသားအကြီးအကဲတစ်ယောက်များလား"
"ဒါဆို သူတို့က ဒီမှာဘာလာလုပ်တာလဲ။ နဂါးနန်းတော်မှာ ရေသင်္ဂြိုလ်မလို့လား။ နဂါးနန်းတော်က ခွင့်ပြုပါ့မလား"
"မသိနိုင်ဘူးလေကွာ"
"ထူးဆန်းတယ်။ ဒီလေးယောက်မျက်နှာက ဘာလို့ပြုံးပျော်နေကြတာလဲ"
"သောကအပျော်ဖြစ်မှာပေါ့"
လုယန်တို့လူစု ပြောဆိုရယ်မောရင်း ပင်လယ်ဈေးသို့ရောက်လာသည်။ ဤဈေးသည် ပင်လယ်ရေနက်ပိုင်းတွင် တည်ရှိသည်။
ပုံမှန်အားဖြင့် မှောင်မည်းနေသည့် ပတ်ဝန်းကျင်ဖြစ်သင့်သည်။ သို့သော် အင်အားကြီးနဂါးနန်းတော်က ပင်လယ်အောက်ခြေကို ညပုလဲမှော်စက်ဝန်းကြီးတစ်ခုဖြင့် အလင်းပေးထားသည်။
"ဒီနေရာက အတော်ကျယ်တာပဲ"
လုယန်တို့ အောက်သို့ဆင်းလာရင်း ပင်လယ်ဈေးကို ငုံ့ကြည့်သည်။ ကျောက်မျက်မျိုးစုံဆင်ယင်ထားသည့် နဂါးကြီးတစ်ကောင် ပင်လယ်ကြမ်းပြင်တွင် အိပ်ပျော်နေသည်နှင့် သဏ္ဌာန်တူသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် အဆောက်အဦးများ တည်ထားသည်။ ပင်လယ်မျိုးနွယ်များ လှည့်ပတ်သွားလာနေသည်ကို သူအရေးစိုက်ဟန်မရှိ။
ပင်လယ်ဈေးအဆုံးတွင် ရှေးကျရိုးရှင်းသည့် ခန်းမကြီးတစ်ခုဖြစ်သည်။ အရှေ့ပင်လယ်တွင် အားလုံးသိကြသည့် နဂါးနန်းတော်ဟုခေါ်သည့်နေရာဖြစ်သည်။
နဂါးနန်းတော်ကို အပြင်လူများဝင်ခွင့်မရှိ။ နဂါးအသွင်မပြောင်းသေးသည့် ရေနဂါးမျိုးနွယ်များပင် ဝင်၍မရ။
"နဂါးအိုအင်ပါယာရဲ့မွေးနေ့ပွဲကို တက်တဲ့အခါ နဂါးနန်းတော်ဘယ်လိုလဲဆိုတာ ငါတို့မြင်ခွင့်ရမှာပါ"
နဂါးအင်ပါယာမွေးနေ့ပွဲက တဖြေးဖြေးနီးလာသည်။ စုယီယန်အဆက်အသွယ်ဖြင့် လုယန်တို့ ဝင်ရကြပေလိမ့်မည်။
တာအိုလမ်းစဉ်ဂိုဏ်း၏ မောင်နှမကိုးဖော်ဂုဏ်သတင်းကြောင့် ဖိတ်ခေါ်ရမည်မဟုတ်။ နန်းတော်ထဲဝင်ခြင်းသည် ထောင်ချောက်ထဲတိုးဝင်သလိုဖြစ်သွားမည်။
"ဒါကတော့ မလေးစားလွန်းရာကျတယ်။ ထာဝရမျိုးဆက်ဒုခေါင်းဆောင်၊ လျန်ယိရဲ့အကိုကြီးဖြစ်တဲ့နင့်ကို နဂါးအင်ပါယာကိုယ်တိုင် ထွက်ကြိုပြီး နန်းတော်ထဲကို ဖိတ်ခေါ်သင့်တာ"
ရေသူမဖြစ်နေသည့် နတ်မယ်က သိစိတ်နယ်မြေတွင် ကူးခတ်ရင်း လုယန်ကိုယ်စား မကျေမနပ်ဖြစ်နေသည်။
သို့သော် လုယန်ကတော့ မလေးမစားဆက်ဆံခံရသည်ဟု မတွေးမိ။
*************************************