← Chapters

ဘိုးဘေးနဂါးမြက်

Vol. 52 Ch. 776

ဘိုးဘေးနဂါးမြက်

Vol. 52 Ch. 776

"ဒီနေရာပဲ"

လုယန်တို့လေးယောက် လက်ဖက်ရည်ဆိုင်ငယ်တစ်ခုသို့ ရောက်လာသည်။ ဆိုင်တစ်ခုလုံး ဆူညံ့နေပြီး အလွှာမျိုးစုံမှလူအားလုံး စုဝေးနေသည်။

"ဆိုင်လက်ထောက်၊ တောင်တန်းစံပယ်လက်ဖက်ရည်တစ်အိုးပေးပါ"

"ချက်ချင်းရစေရမယ်ဗျာ"

ရှောက်ရှင်းဟိုင်စကားအရ ဤလက်ဖက်ရည်ဆောင်သည် တာဝန်များချမှတ်သည့် လျှို့ဝှက်ဆုံစည်းရာတစ်ခုဖြစ်သည်။ ဆိုင်တွင်မရှိသည့် တောင်တန်းစပယ်လက်ဖက်ရည်ကိုမှာသူသည် ဆိုင်ဖောက်သည်မဟုတ်။

တာဝန်ထမ်း‌ဆောင်ရန်လာသည့် ကျင့်ကြံသူဖြစ်ကြောင်း သက်သေခံခြင်းဖြစ်သည်။

တာဝန်ထမ်း‌ဆောင်ရန် စောင့်နေသူများကလည်း နဂါးမျိုးနွယ်မဟုတ်။ တစ်ခါတစ်လေ နေ့တစ်ပိုင်းကုန်မှ နဂါးမျိုးနွယ်တစ်ယောက် ပေါ်လာသည်။ တစ်ခါတစ်လေ တစ်ယောက်မှ မတွေ့ရဘဲ သုံးရက်ခန့်ကြာသွားတတ်သည်။

လုယန်တို့အဖွဲ့က ကံကောင်းသည်။ လက်ဖက်ရည်နှစ်အိုးကုန်ပြီးချိန်တွင် နဂါးမျိုးနွယ်တစ်ယောက်က သိစိတ်အသံလှိုင်းဖြင့် ဆက်သွယ်လာသည်။

"မိတ်ဆွေတို့၊ အနောက်ဘက်ခြမ်းအစွန်ဆုံးအခန်းကို စကားပြောဖို့လာခဲ့ပါ"

လေးယောက်သား လက်ဖက်ရည်ကို လက်စသတ်ကြသည်။ အမှန်အတိုင်းပြောရလျှင် ဘယ်လိုလက်ဖက်ရည်မျိုး ဆိုင်ရှင်ကချပေးသည်ဖြစ်စေ လက်ဖက်ရည်ကောင်းချည်းဖြစ်သည်။

အနောက်ဘက်အစွန်ဆုံးခန်းသို့ ရောက်ချိန်တွင် နဂါးမျိုးနွယ်တစ်ယောက်မှလွဲ၍ ဘယ်သူမှမတွေ့ရ။ ထိုနဂါးမျိုးနွယ်ကလည်း ဝတ်ရုံနက်အပြည့်ဝတ်၍ သူရုပ်ရည်ကို ဖုံးကွယ်ထားသည်။ နဂါးချိုနှစ်ခုသာ သက်သေခံအဖြစ်ထုတ်ပြထားသည်။

နဂါးမျိုးနွယ်တို့အမြင်တွင် သူတို့ဦးချိုသည် မဖုံးကွယ်သင့်သည့် ဂုဏ်ယူစရာပုံရိပ်ဖြစ်သည်။

"ခင်ဗျားတို့က နဂါးသွေးလိုချင်လို့လာခဲ့ကြတာလား"

"ဟုတ်ပါတယ်။ ကျုပ်တို့မိတ်ဆွေက ဒဏ်ရာအပြင်းအထန်ရနေတယ်။ ဒဏ်ရာကုဖို့ နဂါးသွေးလိုအပ်ပါတယ်"

ဝတ်ရုံနက် နှာခေါင်းတစ်ချက်ရှုံ့သည်။ လုယန်တမင်တကာ သနားစရာဟန်ပန်မျိုးလုပ်နေသည်ဟု ယူဆသည်။

"ဒါပေမယ့် ကျုပ်တို့က မထင်မှတ်ဘဲတွေ့ကြတဲ့ လူစိမ်းတွေပါ။ ကျုပ်တို့မှာ လိုအပ်ချက်ကိုယ်စီရှိတယ်။ ကျုပ်ကို အဲလောက်အများကြီးရှင်းပြဖို့မလိုပါဘူး။ ခင်ဗျားတို့ နဂါးသွေးဘာကြောင့်လိုတယ်ဆိုတာ ကျုပ်အလုပ်မဟုတ်ဘူး။ ကျုပ်အတွက် ဘိုးဘေးနဂါးမြက်ကို ခင်ဗျားတို့ကူရှာပေးဖို့လိုတယ်"

"ဘိုးဘေးနဂါးမြက်လား။ ဒီမြက်ပင်က နဂါးဘိုးဘေးသဘောအကျဆုံးပစ္စည်းလို့ပြောကြတယ်။ အခု မျိုးတုန်းသလောက်ဖြစ်နေပြီတဲ့"

ချင်ဟော်ရန်၏မှတ်ဉာဏ်မှ ထိုမြက်ပင်အကြောင်းကို လီဟော်ရန် ပြန်မှတ်မိလာသည်။

ဝတ်ရုံနက်နဂါးမျိုးနွယ် နည်းနည်းအံ့ဩသွားဟန်ဖြင့်ကြည့်သည်။ လူငယ်မျိုးဆက်တစ်ယောက်က နဂါးဘိုးဘေးမြက်အကြောင်း သိနေမည်ဟု သူထင်မထား။ သက်ကြီးပိုင်းမျိုးဆက်အများစုပင် မသိကြတော့။

"ကျုပ်လက်ထောက်တစ်ယောက် နဂါးဘိုးဘေးမြက်ကိုသွားပို့ရင်း အစရှာမရအောင်ပျောက်သွားတယ်။ ကျုပ်ရန်သူတွေလက်ချက်လည်းဖြစ်နိုင်သလို ပြဿနာတစ်ခုခုကြုံခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီမြက်ဟာ မြို့တော်ထဲမှာရှိနေတုန်းပဲလို့ ကျုပ်ယူဆတယ်။

ကျုပ်နောက်ခံက သူများနဲ့မတူဘူး။ ကျုပ်လှုပ်ရှားမှုတိုင်းကို ရန်သူတွေသတိထားမိနိုင်တယ်။ ဒါကြောင့် ကိုယ်တိုင်ထွက်ရှာဖို့ အဆင်မပြေဘူး"

ထို့နောက် သွေးတစ်စက်ကို ဖျတ်ခနဲထုတ်လိုက်သည်။

"ဒါကျုပ်တို့နဂါးမျိုးနွယ်ရဲ့ သွေးသန္ဓေပါ။ ဘိုးဘေးမြက်ပင်အနားကိုရောက်ရင် ဒီသွေစက်က တုံ့ပြန်လာလိမ့်မယ်။ ဒါကိုယူသွားပြီး ဘိုးဘေးမြက်ကိုရှာပါ။ မြက်ကိုရှာတွေ့ရင် နဂါးသွေးရဖို့ကိစ္စ စိတ်မပူနဲ့"

လုယန် ကြွေပုလင်းတစ်လုံးထုတ်၍ နဂါးသွေးစက်ကိုထည့်ပြီး ခါးတွင်ချိတ်ထားလိုက်သည်။

ထိုသွေးစက်မှထွက်ပေါ်နေသည့် ကြောက်စရာစွမ်းအားတစ်မျိုးကို ခံစားမိသည်။ ဝိညာဉ်ပြောင်းအဆင့်၊ လေဟာနယ်သန့်စင်အဆင့်ရန်သူများမှာပင် ထိုမျှတည်ငြိမ်သည့်စွမ်းအားမျိုး သူမမြင်ဖူး။

ထိုနဂါးမျိုးနွယ်သည် စုစည်းခြင်းအဆင့်ဖြစ်နိုင်သည်။

လုယန်သိသလောက် နဂါးမျိုးနွယ်တွင် စုစည်းခြင်းအဆင့်မျိုးနွယ်ဝင်များကို အကြီးအကဲအဖြစ်သတ်မှတ်ကြသည်။

နဂါးမျိုးနွယ်အတွင်း အပြိုင်အဆိုင်များရှိနေဟန်တူသည်။ အချင်းချင်းစောင့်ကြည့်နေကြဟန်ရှိသည်။

နဂါးမျိုးနွယ်စုစည်းခြင်းအဆင့်တစ်ယောက်၏ သွေးကိုသာရလျှင် ရှင်းဟိုင်အတွက် များစွာအကျိုးထူးနိုင်သည်။

ဝတ်ရုံနက် လက်တစ်ချက်ဝှေ့ယမ်း၍ ပစ္စည်းတစ်ခုထုတ်သည်။

"ဒီကိစ္စက သိပ်အရေးကြီးတယ်။ ခင်ဗျားတို့ လျှို့ဝှက်လှုပ်ရှားဖို့လိုတယ်။ အထူးသဖြင့် နဂါးမျိုးနွယ်ထဲက ဘယ်သူမှ ခင်ဗျားတို့လှုပ်ရှားတာကို မရိပ်မိပါစေနဲ့။

ပြီးတော့ ဒီသေတ္တာကိုယူသွားပါ။ ဒါက ဝိညာဉ်အာရုံတွေကို ပိတ်ဆို့နိုင်တဲ့အာနိသင်ရှိတယ်။ အဲဒါဆို ခင်ဗျားတို့ ဘိုးဘေးမြက်ရလာတဲ့အခါ တစ်ခြားဘယ်သူမှ အာရုံခံနိုင်တော့မှာမဟုတ်ဘူး"

သေတ္တာငယ်တစ်လုံး လုယန်ဆီ သူပစ်ပေးသည်။

"ဒါပါပဲ၊ သွားကြတော့။ သုံးရက်အအတွင်း ထူးခြားတာရှိရင် ကျုပ်ဆီအကြောင်းပြန်ပါ"

လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် လီဟော်ရန် စဉ်းစားသည်။ နဂါးအိုအင်ပါယာက မျိုးနွယ်ဘိုးဘေးနှင့်ဘိုးဘေးနဂါးမြက်ကို အလွန်တန်ဖိုးထားသည်ဟု သူကြားဖူးသည်။

ထိုဝတ်ရုံနက်သည် နဂါးအင်ပါယာ၏ မွေးနေ့ပွဲတွင် ထိုဘိုးဘေးနဂါးမြက်ကို လက်ဆောင်အဖြစ်ပေးလိုခြင်းလားမသိ။

အရှေ့ပင်လယ်ကိုအုပ်ချုပ်သည့် နဂါးနန်းတော်သခင် နဂါးအိုအင်ပါယာတွင် ရှားပါးရတနာများစွာရှိသည်။ သူ့ကိုစိတ်ကျေနပ်စေမည့် မွေးနေ့လက်ဆောင်သည် ဤဘိုးဘေးမြက်လို ထူးခြားပစ္စည်းမျိုးဖြစ်ဖို့လိုသည်။

ထို့ကြောင့်လည်း ဝတ်ရုံနက်က တစ်ခြားနဂါးမျိုးနွယ်ဝင်များမသိအောင် တိတ်တဆိတ်လှုပ်ရှားဖို့ သတိပေးခြင်းဖြစ်မည်။ နဂါးအင်ပါယာ၏ မျက်နှာသာပေးခြင်းခံရဖို့ ဘိုးဘေးမြက်လက်ဆောင်ပေးလို့သည့် မျိုးနွယ်ဝင်များ တစ်ယောက်မကရှိပေလိမ့်မည်။

လီဟော်ရန်၏မှန်းဆချက် မမှားပါ။ နဂါးမျိုးနွယ်ဝတ်ရုံနက်အဖွဲ့ဝင်များအားလုံး ထိုစိတ်ကူးမျိုးရှိနေသည်။

သုံးရက်အတွင်း ဘိုးဘေးနဂါးမြစ်ကို ရှာမတွေ့လျှင် မွေးနေ့လက်ဆောင်အတွက် ထိုဝတ်ရုံနက် တစ်ခြားပစ္စည်းတစ်ခုခု ရှာရပေလိမ့်မည်။

ဘိုးဘေးနဂါးမြက်အကြောင်း လုယန် မကြားဖူး။ နတ်မယ်ကိုမေးသည်။ နတ်မယ်လည်း မကြားဖူးဟုပြောသည်။

"နောက်မှ နာမည်ပြန်ပြောင်းတာဖြစ်မယ်။ အရင်က အဲဒါကို အဲလိုမခေါ်ဘူး။ ရှောင်လင်းသဘောကျတဲ့မြက်ပင်ဆိုတော့.. သူမြက်ပင်တွေကိုစသဘောကျတဲ့အချိန်က...အဲ ငါမှတ်မိပြီ။

သူက နူးညံ့တဲ့သာမန်မိန်းကလေးတစ်ယောက်လို ဟန်ဆောင်ခဲ့တဲ့အချိန်ရှိဖူးတယ်။ ဥယျာဉ်ဖန်တီးပြီး ပန်းပင်တွေစိုက်တယ်။ ဒါတွေက ချီလင်ကိုဆွဲဆောင်ဖို့ လုပ်ခဲ့တာပါ။

ဒီလိုလုပ်တော့ ချီလင်စိတ်ထဲမှာ ရှောင်လင်းကို တစ်ခြားစွမ်းအားရှင်တစ်ယောက်ယောက် ဝင်ပူးကပ်နေတာလားလို့ သံသယဖြစ်လာတယ်။

ဒီအစီအစဉ် မအောင်မြင်တော့ ရှောင်လင်းက ဥယျာဉ်စိုက်တဲ့အလုပ်ကို လက်လျှော့လိုက်တယ်။ အဲဒါတွေအားလုံး ငါ့ကိုပေးတယ်။

ရှောင်လင်းက သေချာအားစိုက်လုပ်ထားတာဆိုတော့ အပင်တွေက ကျန်းမာသန်စွမ်းတယ်လေ။ အဲဒါတွေကို ငါအရမ်းသဘောကျလို့ ဟင်းချက်ပြီး 'မြက်တစ်ရာဟင်းပွဲ'လို့ခေါ်တဲ့ စားသောက်ပွဲကြီးတစ်ခု ပြင်ဆင်တယ်။

အချိန်မသေမျိုးတို့လေးယောက်နဲ့ လျန်ယိကို ဖိတ်ကျွေးတယ်။ နောက်တော့ ကိုးဆမသေမျိုးက မြက်တစ်ရာဟင်းကိုစားပြီး အပြန်လမ်းမှာ မူးမေ့သွားတယ်ဆိုတဲ့ ကောလဟာလတစ်ချို့ထွက်လာတယ်။

အဲဒါက လူတွေလျှောက်ပြီးပါးစပ်သရမ်းကြတာပါ။ အဲဒီတုန်းက သူပျောက်ပျော်ရွှင်ရွှင် စားသောက်ရင်း ခုန်ပေါက်နေတာ ငါမြင်ခဲ့တာပဲ"

ထိုဟင်းပွဲကိုစားသောက်ပြီး ကိုးဆမသေမျိုး အာရုံထင်ယောင်ထင်မှားဖြစ်ခဲ့ခြင်းဖြစ်မည်ဟု လုယန်တွေးမိသည်။

ကျန်းလျန်ယိအိပ်စက်ခဲ့သည့် လျှို့ဝှက်နယ်မြေမှ ဒုတိယအလွှာကို သူပြန်သတိရသည်။ ထိုနေရာတွင် ရှေးဟောင်းရှားပါးပန်းများ၊ အပင်များစွာ စိုက်ပျိုးထားသည်ကို သူမြင်ခဲ့သည်။ ထိုအပင်များထဲတွင် ဘိုးဘေးနဂါးမြက်လည်း ပါလောက်သည်။

သို့သော် နဂါးနန်းတော်သည် နတ်ဆိုးနယ်မြေနှင့် ဝေးကွာလွန်းသည်။ ထိုနေရာသို့ ဘိုးဘေးမြက်သွားယူပြီးပြန်လာချိန်လောက်ဆိုလျှင် ရှောက်ရှင်းဟိုင်ဒဏ်ရာ ပျောက်ကင်းသွားပြီးဖြစ်လိမ့်မည်။

...

တည်းခိုခန်း။

ထိုနေရာသည် တည်းခိုခန်းအမည်ခံထားသော်လည်း ကျင့်ကြံသူများအတွက် အခန်းငှားခြင်းမဟုတ်။ ကောင်းကင်ဂူများ ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။

ကျန်းရွှမ်သူခိုးလေးယောက် ကောင်းကင်ဂူတစ်ခုငှားသည်။

"ဒီမှာ သုံးလေးရက်လောက် ခိုကြမယ်။ ဒီအတောအတွင်း မလိုအပ်ဘဲ အပြင်မထွက်ကြနဲ့"

ခေါင်းဆောင်ကပြောသည်။ ထို့နောက် ကိစ္စတစ်ခု သူသတိရလာသည်။

"ဪ...လောင်စစ်၊ ရတနာကိုခိုးနေတုန်းက နဂါးမျိုးနွယ်တစ်ယောက် မြင်သွားလို့ ငါတို့သတ်လိုက်တယ်။ သူ့လက်ထဲမှာ သေတ္တာတစ်လုံးကိုင်ထားတယ်။ အဲဒီ့သေတ္တာထဲမှာ ဘာပါလဲ"

"အလျင်စလိုနဲ့ဆိုတော့ ခဏပဲကြည့်ခဲ့ရတယ်။ မြက်ပင်တစ်မျိုးပါ။ ဘာမြက်ပင်လဲတော့မသိဘူး"

လောင်စစ်က သစ်သားသေတ္တာကိုဖွင့်လိုက်သည်။ အထဲတွင် နဂါးလက်သည်းနှင့်တူသည့်မြက်တစ်ပင် ငြိမ်သက်စွာလဲလျောင်းနေသည်။

ခေါင်းဆောင်က ဘေးဘယ်ညာမှ သေချာကြည့်သည်။ သို့သော် ထိုမြက်ပင်၏ဇစ်မြစ်ကို သူခန့်မှန်းမရ။

"ဒါက ဘာမြက်လဲ။ မင်းတို့ထဲမှာ သိတဲ့လူရှိလား"

"မသိဘူး"

"အဲဒါ နဂါးလက်သည်းမြက်လား"

"လောင်စန်း၊ မင်းသိတယ်ပေါ့"

"အာ..မသိပါဘူး။ နဂါးလက်သည်းနဲ့တူလို့ ဒီအတိုင်းနာမည်ပေးလိုက်တာ"

"မသိရင်လည်း ပါးစပ်ပိတ်ထားစမ်းကွာ"

"ဟုတ်ကဲ့ပါ"

"ဒီပစ္စည်းက တန်ဖိုးကြီးလောက်တယ်။ ဟိုနဂါးမျိုးနွယ် ပြာကျသွားတာတောင် ဒီသေတ္တာနဲ့ဒီမြက်ပင်က အကောင်းအတိုင်းကျန်ခဲ့တာ"

...

နဂါးမျိုးနွယ်၏ ရှားပါးရတနာရှာဖွေနေသည့် အကြီးအကဲများက သူတို့လက်ထောက်များကို လှုပ်ရှားခိုင်းထားသည်။ သူတို့ကိုယ်တိုင်က အချင်းချင်းတိုင်ပင်ဆွေးနွေးကြသည်။

"နဂါးမှော်ဖန်လုံးကို မှော်လက်စွပ်ထဲမှာ ထည့်လို့မရဘူး။ ဒီတော့ သူခိုးဟာ ဒါကိုထုပ်ပိုးဖို့ တစ်ခြားနည်းလမ်းသေချာပေါက်ရှာရမှာပဲ"

"ပြီးတော့ ငါတို့အာရုံမခံနိုင်အောင် ဝိညာဉ်အာရုံကို ကာကွယ်နိုင်တဲ့ပစ္စည်းမျိုးကို သူသုံးလိမ့်မယ်"

**********************************

All Chapters