← Chapters

ပါသွားပြီ

Vol. 52 Ch. 777

ပါသွားပြီ

Vol. 52 Ch. 777

"ဝိညာဉ်အာရုံကိုပိတ်ဆို့နိုင်တဲ့ပစ္စည်းဆိုရင် အဝတ်စနဲ့ သေတ္တာတွေပါပဲ။ ဒီပစ္စည်းတွေက မြို့ထဲမှာ အများကြီးသုံးကြတယ်လေ။ ဒါက နဂါးနန်းတော်ပင်လယ်မြို့တော်ပါ။ အရှေ့ပင်လယ်တစ်ခုလုံးမှာ အစည်ကားဆုံးမြို့ပဲ။ အရောင်းအဝယ်လုပ်ကြတဲ့အခါ အဝတ်စတို့ သေတ္တာတို့နဲ့ ပစ္စည်းထုပ်ပိုးကြတာ ပုံမှန်ပဲမဟုတ်လား"

တစ်ခြားအကြီးအကဲတစ်ယောက်က ခေါင်းခါသည်။

"ကိစ္စမရှိပါဘူး။ အခု ငါတို့ရှာဖွေစစ်ဆေးရမယ့်နယ်ပယ်ကို စစ်ထုတ်ထားပြီးသားပါ။ နဂါးမှော်ဖန်လုံးထုပ်ပိုးတဲ့ အဝတ်စတို့ သေတ္တာတို့ဆိုတာ သိပ်မကြီးနိုင်ဘူး။ ဒါပေမယ့် အဆင့်မြင့်အရည်အသွေးမျိုးရှိရမယ်။

စုစည်းခြင်းအဆင့်ကျင့်ကြံသူတွေတောင် အာရုံမခံနိုင်တာမျိုးဖြစ်ရမယ်။ ဒီလိုအဆင့်မြင့်ပစ္စည်းမျိုးတွေက ရှားတယ်။ ငါတို့နဂါးနန်းတော်က အရှာလွှတ်ထားတဲ့လူတွေအားလုံးက ဝိညာဉ်ပြောင်းအဆင့်နဲ့အထက်တွေချည်းပဲ။

သူတိုအာရုံမခံနိုင်တဲ့ သေတ္တာတွေဟာ ရတနာသေတ္တာဖြစ်နိုင်ခြေများတယ်လေ"

နဂါးမှော်ဖန်လုံးအခိုးခံရသည့်ကိစ္စသည် ပေါ့သေးသေးမဟုတ်။ အကြီးအကဲများက တတ်နိုင်သမျှလူအင်အားအကုန်ထုတ်၍ ရှာဖွေခိုင်းထားသည်။

"စုစည်းခြင်းအဆင့်တွေကိုပဲ သီးသန့်ပစ်မှတ်ထားစုံစမ်းရင် မကောင်းဘူးလား"

"မဖြစ်ဘူး။ ဒီသူခိုးဟာ စုစည်းခြင်းအဆင့်ဖြစ်တာ သေချာပေမယ့် သူ့မှာလည်း လက်အောက်ငယ်သားတွေရှိမှာပဲ။ ငါတို့ကိုရှောင်ဖို့ လက်အောက်ငယ်သားတွေကို နဂါးမှော်ဖန်လုံး သယ်ခိုင်းထားနိုင်တယ်။

ဒါပေမယ့် လက်ရှိမြို့ထဲမှာရှိနေတဲ့ စုစည်းခြင်းအဆင့်အားလုံးကိုတော့ နာမည်ဆိုးရှိရှိမရှိရှိ သေချာပေါက်စုံစမ်းရမှာပေါ့"

အကြီးအကဲတစ်ယောက်က စားပွဲကို ‌ဒေါသတကြီးထရိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက် နဂါးမှော်ဖန်လုံးခိုးသွားတာက ဝစီပိတ်ပဲ။ ဒီတစ်ခါ ဘယ်ကောင်ကများ ဒီလောက်အတင့်ရဲပြီး ခိုးသွားပြန်တာလဲ"

"တော်ပါတော့ကွာ။ အခုဒါတွေပြောနေလို့ ဘာအကျိုးရှိမှာလဲ။ အခုအရေးကြီးတာက နဂါးမှော်ဖန်လုံးကို အမြန်ဆုံးရှာဖို့ပဲ။ မဟုတ်ရင် နန်းတော်သခင် ဒေါသထွက်လိမ့်မယ်"

...

"နဂါးဘိုးဘေးမြက်ကို ငါတို့ဘယ်နေရာကနေ စရှာရမှာလဲ"

မုန်ကျင်းကျိုး ညည်းသည်။ ပင်လယ်မြို့တော်အကြောင်း သူတို့ဘာမှမသိ။

"ဖြေးဖြေးချင်းရှာရုံပဲပေါ့။ ပင်လယ်မြို့တော်ကို လှည့်ပတ်လေ့လာတယ်လို့ သဘောထားပါ"

လုယန်က အတော်စိတ်အေးလက်အေးရှိသည်။

"ဒါနဲ့ ညီလေးလီ၊ နဂါးမြို့တော်ကို အရင်ကမင်းရောက်ဖူးလား"

"မရောက်ဖူးဘူး"

"အေးပါလေ"

လုယန်တို့ မြို့တော်အတွင်း ခြေဦးတည့်ရာလျှောက်သွားသည်။ သုံးရက်အချိန်ရှိသေးသဖြင့် စိတ်လောစရာမလို။

"ဟ..နဂါးမျိုးနွယ်မှာလည်း ဘုံကျောင်းတွေရှိတာလား"

မွှေးတိုင်များဖြင့်စည်ကားနေသည့် ဘုံကျောင်းတစ်ခုဘေးမှဖြတ်သွားရင်း လုယန်ကပြောသည်။ ထိုဘုံကျောင်းသို့ ပင်လယ်မျိုးနွယ်ရော လူသားမျိုးနွယ်များပါ လာရောက်ပူဇော်ကြသည်။

"ဒါကဘာဘုံကျောင်းပါလိမ့်"

လုယန် စပ်စုလိုစိတ်ဖြင့် ဘုံကျောင်းထဲသို့ဝင်လိုက်သည်။ အထဲတွင် ဘာနတ်ရုပ်မှမရှိ။ 'ယင်နဂါးအရှင်မြတ်'ဟု ရေးထားသည့် ဝိညာဉ်ကမ္ဗည်းတိုင်တစ်ခုသာရှိသည်။

လီဟော်ရန်ကပြောသည်။

"အကိုလုမသိဘူးလား၊ ဒါက ယင်နဂါးအရှင်ဘုံကျောင်းလေ။ ပင်လယ်မျိုးနွယ်တွေကြားမှာ အရမ်းနာမည်ကြီးတာ။

ဒဏ္ဍာရီအရ ယင်နဂါးအရှင်ဟာ ရှေးဟောင်းနဂါးမျိုးနွယ်က အလွန်စွမ်းအားကြီးတဲ့ပုဂ္ဂိုလ်ပါ။ ကောင်းကင်နိမိတ်တွေကို ထိန်းချုပ်နိုင်တယ်။

ရာသီဥတုနဲ့ မိုးကြိုးမုန်တိုင်းတွေက သူ့စိတ်ခံစားချက်ကိုလိုက်ပြီး ပြောင်းလဲတယ်။ ယင်နဂါးအရှင်ကို နဂါးအစစ်လို့လည်း ပြောကြတယ်။

နဂါးဘိုးဘေးထက်တောင် ပိုစွမ်းအားကြီးတယ်တဲ့"

လုယန်တွေးကြည့်သည်။ ယင်ထန်မသေမျိုးဟုခေါ်သည့် ယင်နဂါးအကြောင်း သူကြားဖူးပါသည်။ နဂါးအသွင်ပြောင်းပညာကိုကျင့်ကြံ၍ နဂါးအစစ်အဖြစ် အသွင်ပြောင်းခဲ့သည်။

ထို့ကြောင့် ယင်နဂါးဟူသည့်ဘွဲ့ကိုရသည်။ နဂါးအသွင်ပြောင်းပညာအကြောင်း နတ်မယ်ပြောစဉ်က ထိုဇာတ်လမ်းလည်းကြားညှပ်ပါလာသည်။

သိပ်တော့အံ့ဩစရာမရှိပါ။ ယင်ထန်မသေမျိုးနှင့် ယင်နဂါးအရှင်သည် တစ်ယောက်တည်းဖြစ်လောက်သည်။

ယင်ထန်မသေမျိုး၏ ရှက်စရာအတိတ်အကြောင်း အားလုံးသိထားသူဖြစ်၍ လိပ်ပြာမလုံသည့်စိတ်ကြောင့် ဝိညာဉ်ပြောင်းအဆင့်သို့ရောက်လျှင် ကောင်းကင်ဆင်းရဲမည်သို့ဖြတ်ရမည်ကို သူစဉ်းစားနေသည်။

အနည်းဆုံး မွေးတိုင်တစ်တိုင်လောက်တော့ ယင်နဂါးအရှင်ကို ပူဇော်သင့်သည်ဟု တွေးမိသည်။

လုယန် မွှေးတိုင်တစ်တိုင်မီးထွန်း၍ အများနည်းတူ လေးလေးစားစားဦးညွှတ်အရိုအသေပြုလိုက်သည်။

"အကြွေးတိုင်းမှာ ကြွေးရှင်ဆိုတာရှိတယ်။ ပြစ်မှုတိုင်းမှာ တရားခံရှိတယ်။ အရှင်လက်စားချေချင်ရင် ထာဝရနတ်မယ်ကိုပဲ လက်စားချေပါ။..

ပြီးတော့ စကားမစပ်...အောင်းလင်းနဲ့နဂါးဘိုးဘေးမြစ်ကို ရှာတွေ့နိုင်အောင်လည်း ကူညီပေးပါ"

လုယန်မွှေးတိုင်ပူဇော်နေသည်ကိုကြည့်၍ အရှေ့ပင်လယ်ဓလေ့ကို လေးစားမှုပြသည်ဟု မုန်ကျင်းကျိုးတို့သုံးယောက် ထင်ကြသည်။

ထို့ကြောင့် သူတို့လည်း မွှေးတိုင်တစ်ခုစီထွန်း၍ ယင်နဂါးအရှင်ကို အရိုအသေပြုကြသည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ယင်နဂါးအရှင်က ကိုယ်ထင်ပြမလာ။ တစ်နေ့တာကုန်၍ နေရာမျိုးစုံသို့ရောက်ပြီးသော်လည်း ဘိုးဘေးနဂါးမြက်ကို သူတို့ရှာမတွေ့သေး။

"ထူးဆန်းတယ်။ ငါတို့ကို တစ်ယောက်ယောက်က ခြေရာခံစောင့်ကြည့်နေသလိုပဲ"

လုယန် မျက်မှောင်ကျုံ့သွားသည်။ လူတစ်ယောက်၏ ဝိညာဉ်အာရုံက သူသယ်လာသည့် သစ်သားသေတ္တာဆီ မကြာခဏဝေ့ဝဲရောက်လာသည်ဟု ခံစားရသည်။

သို့သော် သေချာအာရုံခံကြည့်လိုက်လျှင် ဘာထူးခြားမှုမှမတွေ့။

စိတ်အာရုံထင်မှားခြင်းလား သို့မဟုတ် ခြေရာခံသူ၏ကျင့်စဉ်အဆင့်က မြင့်လွန်းနေ၍လားမသိ။

"နဂါးမျိုးနွယ်က ငါတို့လှုပ်ရှားနေတာကို ရိပ်မိသွားတာများလား။ ဒါလည်း မဖြစ်နိုင်ပါဘူး"

လုယန် သူ့ဘာသာရေရွတ်ရင်း မကျေမနပ်ဖြစ်နေသည်။ ဘိုးဘေးမြက်ကိုပင် ရှာမတွေ့သေး။ သူတို့အားလုံး စောင့်ကြည့်ခံနေရသည်။

တစ်နေရာတွင် ပုန်းကွယ်နေသည့် နဂါးမျိုးနွယ်နှစ်ယောက် အံ့အားသင့်သွားကြသည်။

"သူငါတို့ကို အာရုံခံမိတာလား"

"မဖြစ်နိုင်လောက်ပါဘူး။ သူက နတ်ဝိညာဉ်အလတ်တန်းအဆင့်ပဲရှိတာလေ။ ငါတို့က ဝိညာဉ်ပြောင်းထိပ်ဆုံးအဆင့်တွေပါ။

ပြီးတော့ အာရုံခံစွမ်းအားကို အထူးလေ့ကျင့်ထားတာ။ ငါတို့ကို သူဘယ်လိုရိပ်မိနိုင်မှာလဲ"

"ဒီလေးယောက်က ရတနာပျောက်သွားတဲ့ကိစ္စနဲ့များ ပတ်သက်နေမလား"

နှစ်ရက်ကြာ ရှာဖွေပြီးနောက် သံသယဖြစ်စရာလူများကို သူတို့တွေ့လာသည်။ ထိုလူများထဲတွင် လုယန်တို့အဖွဲ့က (နဂါးသွေးသန္ဓေပုလင်းထည့်ထားသည့်)သစ်သားသေတ္တာသယ်လာသလို လှုပ်ရှားမှုများကလည်း မသင်္ကာစရာကောင်းသဖြင့် သံသယစာရင်းထဲထည့်ထားကြသည်။

"ဟေ့၊ သူခုနကပြောသွားတာ မင်းကြားလိုက်လား။ 'နဂါးမျိုးနွယ်က ငါတို့လှုပ်ရှားနေတာရိပ်မိသွားတာများလား'တဲ့"

"စိတ်မပူပါနဲ့ကွာ။ တိုက်ဆိုင်တာပဲ ဖြစ်မှာပါ။ ဆက်ပြီးစောင့်ကြည့်ရအောင်"

စိတ်ဓာတ်ပိုတည်ငြိမ်သည့် နဂါးမျိုးနွယ်က သူ့အဖော်ကို ဖျောင်းဖျသည်။

....

နောက်တစ်နေ့။

"အကိုကြီး၊ အခြေအနေမကောင်းဘူး။ နဂါးမျိုးနွယ်က ကောင်းကင်ဂူတွေကို စရှာနေပြီ"

လောင်စန်း ကောင်းကင်ဂူထဲ အမောတကော ပြေးဝင်လာသည်။

နေ့တိုင်း နဂါးမျိုးနွယ်တို့၏ လှုပ်ရှားမှုအခြေအနေစောင့်ကြည့်ဖို့ လူတစ်ယောက်စီ တာဝန်ယူထားသည်။ ယနေ့ လောင်စန်းအလှည့်ဖြစ်သည်။

"မလန့်ပါနဲ့။ ငါ့ကိုသေချာပြောပြပါဦး"

"နဂါးမျိုးနွယ်က ကောင်းကင်ဂူတွေကို တစ်ခုချင်းစရှာနေပြီ။ ဘာကျင့်စဉ်အဆင့် ဘယ်မျိုးနွယ်ဖြစ်ဖြစ် တစ်ယောက်မှအလွတ်မပေးဘူး"

သူခိုးခေါင်းဆောင် မျက်မှောင်ကျုံ့သွားသည်။

"သီးခြားနေတဲ့လူတွေကိုတောင် သူတို့စစ်ဆေးနေပြီပေါ့"

ရှာဖွေစစ်ဆေးမှုကိုရှောင်ဖို့ ကောင်းကင်ဂူတွင် သူတို့သီးခြားနေခဲ့သည်။

"အဲလိုလည်းမဟုတ်ဘူး။ သူတို့က ပြီးခဲ့တဲ့သုံးရက်အတွင်းငှားခဲ့တဲ့ ကောင်းကင်ဂူအားလုံးကို အတင်းဝင်စစ်ဆေးနေတာ။

သုံးရက်မက နေခဲ့တဲ့လူတွေရဲ့ ကောင်းကင်ဂူတွေထဲကိုတော့ သူတို့မဝင်ဘူး"

ကောင်းကင်ဂူတိုင်းတွင် ဝင်ထွက်ချိန်မှတ်တမ်းများရှိသည်။ သုံးရက်ထက်ပို၍ငှားနေသူများသည် ကောင်းကင်ဂူမှ မထွက်ကြ။ ထို့ကြောင့် နဂါးမှော်ဖန်လုံးခိုးသူများ ဖြစ်နိုင်စရာမရှိ။

"ဒုက္ခပဲ"

"ဘာဒုက္ခရောက်စရာရှိလဲအကိုကြီး။ နဂါးမှော်ဖန်လုံးက ကျုပ်တို့လက်ထဲမှာမှမဟုတ်တာ။ ကျုပ်တို့ဆီ မီးခိုးကြွက်လျှောက် ခြေရာမခံနိုင်ပါဘူး"

သူခိုးခေါင်းဆောင် ခေါင်းခါသည်။

"ငါတို့ဘယ်သူဘယ်ဝါဆိုတာ သက်သေထောက်ခံချက်မရှိဘူးလေ။ ပုံမှန်ဆိုရင်တော့ ကိစ္စမရှိပေမယ့် ဒီလိုအရေးကြီးတဲ့အချိန်မှာတော့ ငါတို့ကို သူတို့သံသယဝင်မှာပဲ"

"ဒါဆို ခေါင်းတလားကို ဘယ်လိုသယ်ထုတ်ကြမလဲ"

"အခုဘယ်လိုလုပ်ကြမလဲ"

တစ်ယောက်တစ်ပေါက် ဝိုင်းမေးကြသည်။

သူခိုးခေါင်းဆောင် အံတင်းတင်းကြိတ်သည်။

"ကောင်းကင်ဂူကထွက်မယ်။ လိုအပ်ရင် အပြင်မှာ သုံးလေးရက်လောက် လှည့်ပတ်သွားမယ်။ နဂါးမျိုးနွယ်က လမ်းပေါ်မှာတော့ သက်သေထောက်ခံချက်တွေ မစစ်ဆေးလောက်ပါဘူး"

"ကောင်းပါပြီ"

...

တတိယနေ့

"ရှာရခက်လိုက်တာ"

အရိုးရိုင်း သက်ပြင်းချသည်။ ယနေ့ သုံးရက်မြောက်ဖြစ်သည်။

ရုတ်တရက် ခါးတွင်ချိတ်ထားသည့် နဂါးသွေးက လှုပ်ရှားလာသည်ကို လုယန်အာရုံခံမိသည်။ ဘေးမှဖြတ်သွားသည့် ကျူးရွှမ်ကျွန်းမှလူလေးယောက်ကို စိုက်ကြည့်ပြီးနောက် လှောင်ပြုံးပြုံးလိုက်သည်။

"တွေ့ပြီ"

ထိုလေးယောက်သည် ဝတ်ရုံနက်နဂါးမျိုးနွယ်တို့၏ လက်ပါးစေများမဟုတ်သည်မှာ သေချာနေသည်။ သို့ဆိုလျှင် ပစ္စည်းလု၍ လူသတ်ခဲ့သူများသာဖြစ်မည်။

ဝတ်ရုံနက်နဂါးမျိုးနွယ်ဝင်များကိုကြောက်၍ ပစ္စည်းထုတ်မရောင်းရဲကြခြင်းဖြစ်မည်။

"သူတို့နောက်ကိုလိုက်မယ်"

ဝိညာဉ်အာရုံမှ လုယန်လှမ်းပြောသည်။ မုန်ကျင်းကျိုးတို့သုံးယောက် စိတ်အားတက်ကြွလာသည်။ ယခုမှပင် တွေ့တော့သည်။

"အကိုကြီး၊ ကျုပ်တို့ကိုနောက်ယောင်ခံလိုက်နေတဲ့လူတွေရှိတယ်"

လောင်အာ(ညီနှစ်)က သိစိတ်အသံမှလှမ်းပြောသည်။ ကျူးရွှမ်ကျွမ်းသူခိုးများဖြစ်၍ ခြေရာခံခြင်းပညာ်ကို သူတို့ကျွမ်းကျင်သည်။

"ငါလည်း အာရုံခံမိပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သူတို့က နတ်ဝိညာဉ်အဆင့်ပဲရှိတာပါ။ ပြီးတော့ လူသားမျိုးနွယ်တွေပါ။ နဂါးမှော်ဖန်လုံးနဲ့ ဘာမှပတ်သက်စရာမရှိပါဘူး။

သူတို့ကို လူပြတ်တဲ့နေရာကို မျှားခေါ်သွားရအောင်။ သူတို့ဘာလုပ်မလဲ ကြည့်ရသေးတာပေါ့"

သူခိုးလေးယောက် လုယန်တို့အုပ်စုကို မကြောက်။ တမင်တကာ လူရှင်းသည့်နေရဦတစ်ခုကို မျှားခေါ်သည်။ လုယန်တို့လေးယောက်ကလည်း မကြောက်ပါ။

လူရှစ်ယောက် မြို့စွန်မှ တိတ်ဆိတ်သည့်နေရာတစ်ခုတွင် ဆုံကြသည်။

"မင်းတို့လေးယောက်ကို ငါမသိဘူးလို့ထင်တယ်။ မင်းတို့မှာ ဘာကိစ္စရှိလို့လဲ"

ခေါင်းဆောင်က လုယန်တို့ကို ခပ်တင်းတင်းမေးသည်။

အနားသို့ရောက်လာလေ နဂါးသွေး၏လှုပ်ရှားမှုကို လုယန် ခံစားမိလေဖြစ်သည်။ နဂါးဘိုးဘေးမြက်သည် ထိုလူလေးယောက်ထံတွင် ရှိနေပုံတူသည်။

"မင်းတို့မယူသင့်တဲ့ပစ္စည်းကို ယူထားတယ်လေ။ နဂါးမျိုးနွယ်အကြီးအကဲ ဒေါသထွက်မှာ မစိုးရိမ်ကြဘူးလား"

လုယန်စကားကြောင့် သူခိုးခေါင်းဆောင် တစ်ဝက်စိတ်အေးသွားသည်။ 'နဂါးမျိုးနွယ်အကြီးအကဲ'ဟုပြောသည်။ 'နဂါးမျိုးနွယ်'ဟုမပြော။ ထို့ကြောင့် နဂါးမှော်ဖန်လုံးနှင့် ဘာမှမသက်ဆိုင်သည့်သဘောရှိသည်။

"ဘာပစ္စည်းလဲ။ ငါတော့မသိပါဘူး"

သူ့ထံတွင် နဂါးမျိုးနွယ်အကြီးအကဲတစ်ယောက်နှင့် ပတ်သက်နိုင်စရာဆို၍ ဘာမှန်းမသိသည့်မြက်ပင်သာရှိသည်။

သို့သော် နတ်ဝိညာဉ်အဆင့်လေးယောက်လက်ထဲ ဘာကြောင့်လွယ်လွယ်လွှဲပေးမည်နည်း။ အားလုံးကိုရှင်းပစ်လိုက်လျှင် ကိစ္စပြတ်သည်။

"မသိဘူးပေါ့။ လုန်မျိုးနွယ်ဝင်ကိုသတ်ပြီး ပစ္စည်းလုသွားတာလေ။ ဒါကိုမသိဘူးပြောနေတာလား။ ငါ့ကိုအရူးထင်နေလား။

ငါ့နောက်ခံ နဂါးမျိုးနွယ်အကြီးအကဲကို ခေါ်လိုက်ရမလား"

သူခိုးခေါင်းဆောင်၏မျက်လုံးများ မှေးစင်းသွားသည်။ နဂါးအကြီးအကဲတစ်ယောက် ပါလာလျှင် နဂါးမှော်ဖန်လုံးအကြောင်း ပေါ်တော့မည်။

ထိုလေးယောက်ကို ချမ်းသာပေး၍မဖြစ်။

ကျူးရွှမ်သူခိုးလေးယောက် တစ်ပြိုင်တည်းလှုပ်ရှား၍ လုယန်တို့ဆီ ပြေးဝင်လာသည်။

လုယန် ဓားကိုထုတ်သည်။ ဓားချီတစ်ခု ပြေးထွက်သွားသည်။ မြေပြင်တွက် နက်ရှိုင်းသည့်အက်ကြောင်းတစ်ခု ပေါ်လာသည်။ သူ့မျက်နှာလည်း တင်းမာလာသည်။

"မင်းတို့က တကယ်တိုက်ခိုက်ချင်တာလား။ အဲဒီ့ပစ္စည်းက နဂါးအိုအင်ပါယာတန်ဖိုးထားတဲ့ ပစ္စည်းပါ။ အခုချက်ချင်း ငါတို့ဆီ လက်လွှဲဖို့ အကြံပေးချင်တယ်။ ဒါဆို ငါတို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေလို့ရတယ်"

နှစ်ဘက်လုံး အသင့်အနေအထားဖြင့် ခဏရပ်သွားသည်။

ဝတ်ရုံနက်နဂါးအကြီးအကဲသည် ကိုယ်တိုင်ဝင်မလှုပ်ရှားချင်ဟုပြောခဲ့သည်ကို လုယန်မှတ်မိသည်။ နှစ်ဘက်တိုက်ခိုက်ကြလျှင် ရုန်းရင်းဆန်ခတ်ဖြစ်မည်။ အများအာရုံစိုက်စရာဖြစ်မည်။

သူခိုးခေါင်းဆောင် အတော်ရင်ထိတ်သွားသည်။ ခုနက ဓားချက်သည့် အလွန်အန္တရာယ်များသည်။ သူ့ရှေ့မှလူသည် ရင်ဆိုင်ဖို့မလွယ်။

အချိန်တိုအတွင်း အနိုင်အရှုံးပေါ်မည်မဟုတ်။ ဘာမှန်းမသိသည့် မြက်တစ်ပင်အတွက် တိုက်ခိုက်နေစရာအကြောင်းမရှိ။

အစကတည်းက မြက်ပင်ကို သူတို့မယူခဲ့သင့်။

သိက္ခာကျသလိုခံစားရသော်လည်း ဦးစားပေးရမည့်အရာကို သူနားလည်သည်။ သစ်သားသေတ္တာကိုထုတ်၍ လုယန်ဆီ ပစ်ပေးလိုက်သည်။

"ဒါကိုပြောတာလား"

နတ်မယ်က နဂါးဘိုးဘေးမြက်ကို ဝိညာဉ်အာရုံဖြန့်ကြည့်ပြီးနောက် ချက်ချင်းသဘောပေါက်သွားသည်။

"ဘိုးဘေးနဂါးမြက်ဆိုလို့ ထူးထူးဆန်းဆန်းထင်ထားတာ။ အရင်က ရှောင်လင်းဥယျာဉ်စစိုက်တဲ့အချိန်မှာ မကျွမ်းကျင်သေးလို့ ပေါင်းပင်တစ်ချို့ မှားပြီးစိုက်မိတယ်။

အဲဒီ့ကိစ္စကြောင့် လျန်ယိက မကြာခဏလှောင်ပြောင်စနောက်ခဲ့တာ။ ရှောင်လင်းကလည်း မြက်ပင်တွေစိုက်ရတာ သူသဘောကျလို့ပါဆိုပြီး အတင်းဘူးခံတယ်လေ။

ဒီဘိုးဘေးနဂါးမြက်ဆိုတာ ရှောင်လင်းရဲ့ ခြံနောက်ဖေးက သာမန်မြက်ပေါင်းပင်လေးပါ"

လုယန် "..."

ကျုပ်ဘာမှမကြားဘူးနော်..အမအောင်းလင်း ကျုပ်ကို လာပြဿနာမရှာပါနဲ့...

နတ်မယ်အတည်ပြုပြီးဖြစ်၍ သစ်သားသေတ္တာထဲတွင် ဘိုးဘေးနဂါးမြက်ရှိကြောင်း သေချာသွားသည်။ ထိုသေတ္တာကို ဝတ်ရုံနက်နဂါးအကြီးအကဲပေးလိုက်သည့် သေတ္တာထဲသို့ ချက်ချင်းထည့်လိုက်သည်။

သေတ္တာနှစ်ထပ်ဖြစ်သွားသဖြင့် ဘယ်သူမှ ဝိညာဉ်အာရံဖြင့် ထိုးဖောက်မြင်နိုင်စရာမရှိတော့။ လုံးဝစိတ်ချရသည်။

ပုန်းကွယ်၍ ခြေရာခံလိုက်လာသည့် နဂါးမျိုးနွယ်နှစ်ယောက် နည်းနည်းစိတ်အားတက်ကြွလာပြီး သိစိတ်အာရုံဖြင့် ဆက်သွယ်နေကြသည်။

"မင်းကြားလိုက်လား။ တစ်ဘက်ကတစ်ဘက်ကို လှည့်စားဖို့ ကြိုးစားကြနေတာပဲ။ သူတို့လူတွေ သူခိုးကိုတွေ့သွားပြီ"

"နဂါးမျိုးနွယ်ကိုသတ်ပြီး ယူလာတာတဲ့။ ပြီးတော့ ဒါက နဂါးအင်ပါယာတန်ဖိုးထားတဲ့ ပစ္စည်းတဲ့။ သေချာပေါက် နဂါးမှော်ဖန်လုံးပဲဖြစ်မယ်။ သူတို့လက်ထဲ ပါသွားပြီကွ"

"အကြီးအကဲတစ်ယောက်လည်း ပါဝင်ပတ်သက်နေတယ်တဲ့"

********************************

All Chapters