နိမိတ်မကောင်းသောလူ
Vol. 1 Ch. 488
ဟာ...
မဟာရှတိုင်းပြည်တပ်ဖွဲ့က စိတ်လှုပ်ရှားမှုတို့ ပြည့်သွား၏။ တပ်သားငါးသိန်းပါသည့် အနောက်ပိုင်း ကျူးကျွင်းတပ်ဖွဲ့သည် အညံ့ခံသည်လော။ သူတို့သည် ရှားယွီတိုင်းပြည်၏ တပ်ဖွဲ့တစ်ဝက်နီးပါးရှိပြီး အနောက်ပိုင်း ကျူးကျွင်းတပ်ဖွဲ့ဟူသည် ရဲစွမ်းသတ္တိရှိသည်ဟူ၍ လူသိကြပေ၏။
“ကျန်းရမ်ထူ..”
လုစစ်သူကြီးနှင့် ကျန်သည့်သူများက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။ သို့သော် ကျန်းရီကမူ တွေဝေနေပေ၏။ ကျန်းရမ်ထူသည် သူ၏ စစ်အတွင်းရာထူးကိုလည်း မခေါ်ခဲ့၊ ကျန်းရီကို သခင်ဟူ၍လည်း မခေါ် ထိုအစား ကိုယ်စားအုပ်ချုပ်သူဟူ၍ ခေါ်ခဲ့သည်။ ကျန်သည့်တစ်ခွန်းကလည်း သူသည် မဟာရှတိုင်းပြည်ကို အညံ့ခံတာ ဖြစ်ပြီး ကျန်းရီကို အညံ့ခံတာ မဟုတ်ပေ။
အရေးအကြီးဆုံးမှာ သူတို့သတ်ခဲ့သည့် စိတ်ဝိညာဉ်မျောလွင့်ခရီးသွား သိုင်းပညာရှင်များသည် ရှားယွီတိုင်းပြည်ထဲရှိ မဟာဂိုဏ်း၏ သားစဉ်မြေးဆက်များ မဟုတ်ကြပေ။ သူတို့သည် ထိုက်ရှစ်ဂိုဏ်းနှင့် လုံဂိုဏ်းမှလူများ ဖြစ်ကြသည်။ ကျန်းရမ်ထူ၏ အညံ့ခံမှုက ဟာကွက် မချန်ထားခဲ့ချေ။
ကျန်သည့်သူများ သို့မဟုတ် ကျန်သည့်တပ်ဖွဲ့များဆိုလျှင် ကျန်းရီထိုမျှ စိုးရိမ်ပူပန်မှာ မဟုတ်ပေ။ ပြဿနာက ကျန်းပိုင်လင်း၏ တပ်ဖွဲ့ ဖြစ်သည်။
ကျန်းပိုင်လင်းသည် ဆန်းကြယ်စွာ ပျောက်ကွယ်သွားပြီး ကျန်းဂိုဏ်းပါ လိုက်ပါသွား၏။ သူသည် မယုံနိုင်ဖွယ် ဉာဏ်ထက်မြက်သည့် ပညာရှင်တစ်ဦး ဖြစ်သည်။ သူ တစ်စုံတစ်ခုကို ကြံစည်နေလျှင် မည်သို့ ဖြစ်မည်နည်း။ ကျန်းရီသည်။ သူသတ်တာ ခံရလောက်သည်။
“သခင်လေး”
ကျန်းရမ်ထူက ရုတ်တရက် ပြော၏။
“မြို့အရှင်က အဝေးထွက်သွားတဲ့အချိန် စကားတစ်ခွန်း ချန်ခဲ့ပါတယ်၊ သူက သခင်လေးနဲ့ သခင်လေးအမေအပေါ် မှားယွင်းခဲ့တယ်၊ ပြီးတော့ ဘယ်လိုပဲ မကျေမချမ်း ဖြစ်နေပါစေ သခင်လေးကို ဘယ်တော့မှ အပြစ်တင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်၊ မုန်းလည်း ရတယ် သူ့ကို သတ်ချင်ရင်တောင် ရတယ်၊ သူ ဒီနှစ်တွေမှာ မှားယွင်းတဲ့ ကိစ္စရပ်တွေ အများကြီး လုပ်ခဲ့တာ ဒီတော့ သူ ဒါအတွက် ပြန်ဖာထေးချင်တယ် ကျန်းဂိုဏ်းသားတွေကို လွတ်မြောက်ဖို့လမ်း ရှာပြီး အားလုံးကို သူနဲ့ခေါ်သွားခဲ့တာ ဒီတပ်သားငါးသိန်းကတော့ သခင်လေးအတွက် လက်ဆောင်ပါ”
ကျန်းရီက ဆွံ့အနေမိသည်။ ပြန်တွေးကြည့်လျှင် ဧကရာဇ်တိုင်းပြည်ထဲရှိ တိုက်ပွဲထဲတွင် ရှားထင်းဝေ့က သူ့ကို သတ်ဖြတ်တော့မည့် အချိန် ကျန်းပိုင်လင်းက တော်ဝင်နန်းတော်ထဲမှ ကမန်းကတမ်း ပြေးထွက်လာခဲ့ပြီး သူ့မျက်နှာတွင် စိတ်ဒုက္ခရောက်မှုများ ပြည့်နေ၏။ ကျန်းရီက မိန်းမစိုးလင်းကို သတ်ဖြတ်ခဲ့သည့် အချိန်တွင် ကျန်းပိုင်လင်းသည် မလှုပ်ရှားခဲ့ဘဲ သူ့ကိုယ်သူသာ ထိခိုက်ဒဏ်ရာရစေခဲ့သည်။ အကြောင်းပြချက် မရှိ ကျန်းရီသည် ယခုအခေါက်တွင် သူ့ကို ကျန်းပိုင်လင်း နာကျင်အောင် လုပ်မှာ မဟုတ်ဟု ယုံကြည်နေမိ၏။
“ကောင်းပြီ”
သူသည် ကျန်းပိုင်လင်းကို ယုံကြည်ရန် ဆုံးဖြတ်ချက် ချလိုက်၏။ သူက လေးနက်သော အသံဖြင့် အော်ပြောလိုက်သည်။
“ငါ ငါက မဟာရှတိုင်းပြည်ကို ကိုယ်စားပြုပြီး စစ်သူကြီးရန်ထူရဲ့ အညံ့ခံမှုကို လက်ခံတယ်”
သွေးတစ်စက်မကျဘဲ ကျန်းရီသည် ရှန်ယဲ့မြို့ကို သိမ်းပိုင်နိုင်ခဲ့သည်။ သူ့အရည်အချင်းကို အရဲကိုးလျက် ကျန်းရီသည် တပ်သားတစ်သိန်းကို မြို့အပြင်ဘက်တွင် စခန်းချခိုင်းလိုက်သည်။ သူက မြို့ထဲ တစ်ကိုယ်တည်း ဝင်ပြီး ထိုနေရာ၌ တစ်ည နေခဲ့သည်။ နောက်တစ်နေ့တွင် ကျူးကျွင်းတပ်ဖွဲ့၏ တပ်သားတစ်သိန်းက အရပ်ငါးမျက်နှာကနေ မြို့၏ အရှေ့ဘက်ဆီသို့ ချီဆက်လာကြသည်။ ကျန်းရှီ၏ တပ်သားခြောက်သိန်းကလည်း ငါးစုခွဲလိုက်သည်။ ပြီးနောက် မြောက်ပိုင်းဆီသို့ ရူးသွပ်သော နဂါးဆယ်ကောင်သဖွယ် ဦးတည်သွားတော့သည်။
ရှန်ဝူတိုင်းပြည်သည် သတင်းကြောင့် တုန်လှုပ်သွားခဲ့ပြီး ဧကရာဇ်မြို့ထဲတွင်လည်း မြေငလျင်တစ်ခု ဖြစ်ပေါ်နေ၏။
ရှားထျန်းက ဒေါသတကြီး ကျိန်ဆဲကာ စိတ်ပျက်အားငယ်နေပြီ ဖြစ်သည်။ သူသည် ကျန်သည့်တိုင်းပြည်များ ဖြစ်သည့် မိုးပျံနဂါးအင်ပါယာနှင့် သိုင်းခန်းမတို့ကို အကူအညီ တောင်းခဲ့သော်ငြား အကြောင်းပြန်ကြားမှုကို မကြားရချေ။ မည်သူကမျှ သူ့ကို ပြန်မဖြေကြ။
အနောက်ပိုင်းကျူးကျွင်းတပ်ဖွဲ့သည် ကျန်းရီကို နစ်နစ်ကာကာ အညံ့ခံခဲ့ပုံရသည်။ သူတို့သည် လမ်းတစ်လျှောက် မြို့များ နယ်မြေများကို သိမ်းပိုက်ခဲ့သည်။ ဆယ်ရက်အတွင်း၌ ရှန်ဝူတိုင်းပြည်၏ အရှေ့ခြမ်း၌ မြို့ဆယ်မြို့နီးပါးကို ဖြတ်ကျော်ခဲ့ပြီးပြီဖြစ်သည်။ မြို့က အညံ့မခံခဲ့လျှင် သူတို့က ညှိနှိုင်းမှုမရှိဘဲ အားလုံးကို သတ်ဖြတ်ခဲ့၏။
(၁၉)ရက်...
(၁၉)ရက်အတွင်း အရှေ့ပိုင်းတောင်ပိုင်းနှင့် ရှန်ဝူတိုင်းပြည်၏ အလယ်ပိုင်းဒေသတို့၏ ကျန်းရီ၏လက်ထဲ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ မြို့အနည်းစုကသာလျှင် ပြန်တိုက်ခိုက်ခဲ့ကြ၏။ မြို့အများစုသည် တပ်ဖွဲ့ရောက်လာသည်နှင့် အညံ့ခံခဲ့သည်။ ကျန်းရှီ၏ တပ်သားခြောက်သိန်းသည် (၁.၃)သန်းအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
ရှားထျန်းက ရှန်ဝူတိုင်းပြည်၏ ကျန်ရှိသည့် သေးငယ်သော တပ်ဖွဲ့ကို ဧကရာဇ်မြို့၌ စုဝေးခိုင်းပြီး နောက်ဆုံး (၂၅)ရက်မြောက်နေ့တွင် တပ်ခွဲဆယ်ခုက ရှန်ဝူတိုင်းပြည်၏ မြို့များအားလုံးကို သိမ်းပိုက်ခဲ့ပြီး ဧကရာဇ်မြို့ဆီသို့ ချီတက်တော့သည်။
ကျန်းရီက ယာ့ဇီသားရဲပေါ်တွင် စီးနင်းပြီး အောက်ရှိတပ်ဖွဲ့ကို ကြည့်လိုက်သည်။ သူသည် တည်ငြိမ်နေပုံပေါ်ပြီး နက်ရှိုင်းသည့် စိတ်ခံစားချက်များစွာကို တွေ့ကြုံခဲ့ရပြီး ဖြစ်၏။ ထိုစဉ်က ရှားယွီမြို့သည် တပ်သားတစ်သိန်းဖြင့် ဝန်းရံခံခဲ့ရပြီး သူတို့အားလုံးကို သူတစ်ဦးတည်း ဆန့်ကျင်ခဲ့ရသည်။ ယခုအခြေအနေက ပြောင်းသွားပြီဖြစ်၏။ ယနေ့တွင်မူ သူသည် ဧကရာဇ်မြို့ဆီသို့ တပ်သားတစ်သန်းကို ဦးဆောင်ပြီး ရောက်လာပြီ ဖြစ်သည်။
“ကျန်းရီ သစ္စာဖောက်.. ငါ့လူတွေအားလုံးရဲ့အသက်ကို စွန့်စားရမယ် ဆိုရင်တောင် မင်းကို သေတဲ့အထိ တိုက်ခိုက်မယ် တက်ကြ..”
ရှားထျန်း၌ ဂုဏ်သိက္ခာအချို့ရှိသေးပြီး ထွက်မပြေးခဲ့ပေ။ ထိုအစားသူသည် ကျန်းစွန်းရန် ထိုက်ရှစ်ဂိုဏ်းသားများနှင့် လုံဂိုဏ်းသားများတို့နှင့်အတူ တောင်ပိုင်းဂိတ်ဆီသို့ ဝင်လာခဲ့သည်။ နဂါးဝတ်ရုံဖြင့် သူသည် တော်ဝင်ဓားကို ကိုင်ဆောင်လျက် သူရဲကောင်းစိတ်ဝိညာဉ်တို့ ပြည့်နေပေ၏။ ၏
“သတ် သတ် သတ်ကြ”
ဧကရာဇ်မြို့ထဲတွင် နေထိုင်သည့်သူများက ရှန်ဝူတိုင်းပြည်ကို သစ္စာရှိပြီး ရှားဂိုဏ်း၊ ထိုက်ရှစ်ဂိုဏ်းနှင့် လုံဂိုဏ်းတို့၏ အမိန့်အောက်တွင် ရှိနေကြတာ ဖြစ်သည်။ ထို့ကြောင့် သူတို့က ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ပေ။ ယခုအချိန်တွင် သူတို့က ဟိန်းဟောက်ပြီးနောက် သေရန် ဆုံးဖြတ်ချက် ချထားကြသည်။
“တိုက်ကြ..”
ကျန်းရီသည် အညံ့ခံရန်အတွက် သူတို့ကို ဖြောင့်ဖြမနေပေ။ စကားတစ်ခွန်းတောင် မပြောဘဲ လေထဲတွင် ရှိနေသည့် ငွေပန်းပွင့်အဘွားအိုကို အချက်ပြလိုက်၏။ သူမသည် တပ်ဖွဲ့နောက် လိုက်ပါပြီးနောက် ဧကရာဇ်မြို့ကို ဖြည်းဖြည်းချင်း ပျံသန်းသွားတော့သည်။ သူမနောက်တွင် ကျန်းရီပါနေသောကြောင့် အကြောက်တရားမရှိပေ။
“တိုက်ကြ..”
ကျန်းရမ်ထူက အော်ဟစ်လိုက်သည်။ အနောက်ပိုင်းကျူးကျွင်းတပ်ဖွဲ့ကလည်း ကျိုင်းကောင်အုပ်တဖွယ် ရှေ့သို့ တိုးဝင်သွားတော့၏။ နှစ်ဖက်လုံးက မည်သည့်အတွင်းအားမျှ မထုတ်ဘဲ တိုက်ခိုက်ရန်သာ ရွေးချယ်ခဲ့ကြသည်။ မကြာမီ၌ တပ်ဖွဲ့နှစ်ဖွဲ့က အချင်းချင်း ဆုံတွေ့မိသွားသည်။ လက်နက်များ စတင်လှုပ်ခါလာပြီး သွေးများစတင် စီးကျလာပြီ ဖြစ်သည်။ ဧကရာဇ်မြို့သည် သတ်ဖြတ်ခြင်းအိမ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
“သတ်..”
ထိုစဉ် မြို့တွင်း၌ ရုတ်တရက် အော်သံတစ်သံ ပေါက်ကွဲလာ၏။ မြို့ထဲ ခြံဝန်းများထဲမှ တပ်သားထောင်ချီက ပေါ်ထွက်လာ၏။ သူတို့က ရှားထျန်းနှင့် အဖွဲ့ဆီသို့ သွားပေါင်းစည်းလိုက်ကြသည်။
ကျန်းရီက မအံ့သြသွားပေ။ သူသည် အရှိန်အဝါကို ချက်ချင်း မြင့်တင်ထားသည့် ငွေပန်းပွင့်အဘွားအိုကိုသာ ခေါင်းညိတ်ပြီးနောက် ရှားထျန်းဆီသို့ တိုးဝင်သွားတော့သည်။
မြို့တွင်းရှိ လူများက ကျန့်ဂိုဏ်း၊ ချန်ဂိုဏ်နှင့် ယင်ဂိုဏ်းတို့မှဖြစ်မှန်း သိသာပေ၏။ ကျန်းရီသည် တိုက်ပွဲစတင်သည်နှင့် ဂိုဏ်းသုံးခုသည် ဟာကွက်မရှိ၊ ပုန်းကွယ်နေသော လက်ရွေးစင် တပ်ဖွဲ့များလည်း တစ်ဟုန်ထိုးတိုးဝင်လာမည် ဖြစ်ပြီး တိုက်ပွဲထဲတွင် သံသယဖြစ်စရာမရှိ မတော်တဆမှုမှ မရှိပေ။
ငွေပန်းပွင့်အဘွားအို လှုပ်ရှားချိန်၌ ရှားထျန်းနှင့်အဖွဲ့သည် ရွေးချယ်စရာ မရှိတော့ဘဲ သူတို့၏ သေခြင်းတရားကိုသာ စောင့်ဆိုင်းနေရမှာ ဖြစ်သည်။ ကျန်းစွန်းရန်နှင့် ထိုက်ရှစ်ဂိုဏ်း၊ လုံဂိုဏ်းတို့၏ ခေါင်းဆောင်တို့က ထွက်မပြေးခဲ့ပေ။ သူတို့သည် သူတို့မျိုးဆက်များ လွတ်မြောက်အောင်စီစဉ်ပေးခဲ့ပြီး ဖြစ်၏။ ကျန်းရီသည် သူတို့ကို ဘယ်တော့မှ အလွတ်ပေးမှာမဟုတ်၊ ခွေးတစ်ကောင်ကဲ့သို့ ထွက်ပြေးမည့်အစား နောက်ဆုံးအချိန်အထိ ဂုဏ်သိက္ခာရှိရှိ ဝင့်ကြွားစွာ တိုက်ခိုက်မည် ဖြစ်သည်။
“ကျန်းရီ ငါ မကောင်းဆိုးဝါး ဝိညာဉ်ဖြစ်သွားရင်တောင် မင်းကို လိုက်ခြောက်အုံးမှာပဲ”
ရှားထျန်းက သေခါနီးအချိန်တွင် အော်ဟစ်သွားခဲ့သောအသံသည် ကွင်းပြင်ထဲ၌ ပဲ့တင်သံ ထွက်သွားတော့သည်။ ကျန်းရီကမူ တစ်ခါမှ မကြားလိုက်သည့်အလား ပြုမူနေ၏။ ရှားထျန်း သေဆုံးသွားပြီးနောက် ကျန်ရှိသည့် တပ်သားလေးသိန်းကလည်း ကြောက်လန့်သွားကြပြီး နောက်ဆုံးတွင် စစ်သူကြီးတစ်ဦးက အော်လိုက်၏။
“ရပ်ကြ.. ကျွန်တော်တို့ အညံ့ခံပါတယ်”
ကျန်းရီက တစ်ခွန်းမှ မပြောပေ။ မျက်နှာပေါ်တွင် အမာရွတ်များ ကင်းမြီးကောက်သဖွယ် ရှိနေသည့် ကျန်းရမ်ထူက ရယ်မောပြီးနောက် အော်ပြောလိုက်သည်။
“သတ်ကြ ဘယ်သူ့ကိုမှ မချန်နဲ့”
ဝှစ်..
ငွေပန်းပွင့် အဘွားအိုကလည်း လေထဲ၌ လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်သည်။ တစ်ကြိမ်လျှင် လူတစ်ရာခန့် သေဆုံး၏။ ကျန်းရီတစ်ခွန်းမှ မပြောလျှင် တပ်သားအားလုံး သေဆုံးရမည် ဖြစ်သည်။ တိုက်ပွဲက ခြောက်နာရီ ကြာခဲ့ပြီး ရှန်ဝူတိုင်းပြည်၏ ဧကရာဇ်မြို့ထဲတွင် နေခဲ့သော တပ်သားလေးသိန်းသည် ချွင်းချက်မရှိ အသတ်ခံလိုက်ရသည်။ ကျန်းရီသည် တောက်လျှောက် တစ်ခွန်းမှ မပြောခဲ့ပေ။ သူက ယာ့ဇီသားရဲပေါ်၌ ရုပ်ထုတစ်ခုအလား မားမားမတ်မတ် ရပ်နေပေ၏။ သူသည် သတ်ဖြတ်ခြင်းကို နှစ်ခြိုက်သူ မဟုတ်၊ သို့သော် ယခုတွင်မူ သူ ဂရုဏာကင်းမဲ့ခဲ့၏။ ရှန်ဝူတိုင်းပြည်၏ တပ်သားများသည် အကြိမ်ပေါင်းများစွာ သက်ညှာရန် တောင်းဆိုခဲ့ကြသော်ငြား သူ တစ်ခွန်းမှ မပြောပေ။ ကျန်းရမ်ထူနှင့် ကျန်သူများသည် ရွေးချယ်စရာမရှိဘဲ ဆက်လက်သတ်ဖြတ်နေရ၏။
ကျန်းရမ်ထူ၊ ငွေပန်းပွင့်အဘွားအိုနှင့် စစ်သူကြီးများစွာ ရှိပေသည်။ ကျန်းရီသည် လောကကြီးဆီ တပ်သားလေးသိန်း၏ ခေါင်းဖြင့် သူ့အမျက်ဒေါသကို ပြသကာ သတင်းစကားတစ်ခု ဖြန့်ချင်သည်။
နဂါးများတွင် ရှိသည့် ပြောင်းပြန်ကြေးခွံကို ထိမိသွားသည်နှင့် သူတို့သည် မှားယွင်းသည့် လမ်းကြောင်းထဲ ကျရောက်ကာ သေချာပေါက် အသတ်ခံရမည် ဖြစ်သည်။
စုလောရွှယ်၊ ကျန်းရှောင်နူနှင့် ကျန်းယွင်ဟိုင်တို့က သူ၏ ပြောင်းပြန်ကြေးခွံများ ဖြစ်ပေသည်။ သူတို့ကို မလွှတ်လျှင် ကျန်းရီက တစ်လောကလုံးကို သွေးသံရဲရဲ ဖြစ်အောင် ပြောင်းလဲပြီး လူများ ပိုသေစေခွင့်ပေးရလျှင်လည်း သူ စိတ်ရှိမှာ မဟုတ်ပေ။
ဧကရာဇ်မြို့ သိမ်းပိုက်ခံလိုက်ရပြီး မြို့ထဲတွင် ကျန်ရှိသည့် ရှားဂိုဏ်းသားများအားလုံး အသတ်ခံလိုက်ရ၏။ ရှားဖေးယွီ အပါအဝင် သားစဉ်မြေးဆက်များက ပျောက်ဆုံးနေသေးသည်။ ထိုက်ရှစ်ဂိုဏ်းသားများ၊ လုံဂိုဏ်းသားများနှင့် မြို့ထဲတွင် ကျန်ရှိသည့် ကျန်းစွန်းဂိုဏ်းသားများအားလုံး အသတ်ခံလိုက်ရသည်။ ရှန်ဝူတိုင်းပြည်က ရှင်းလင်းခံလိုက်ရပြီး သမိုင်းကြောင်းထဲမှ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။
ကျင်းရှန်နိုင်ငံက သူ၏ နောက်ထပ်ပစ်မှတ် ဖြစ်ကြောင်း ကျန်းရီ ကြေညာခဲ့သည်။ ကျန်းရှောင်နူနှင့် အဖွဲ့အကြောင်း သတင်းမရသေးလျှင် သူသည် ကျင်းရှန်တိုင်းပြည်ကို တိုက်ခိုက်ရန် တပ်သားများ လွတ်မှာ ဖြစ်သည်။ ယခုအခေါက်တွင် အညံ့ခံခြင်းကို လက်မခံ သူသည် အရပ်သားများကို သတ်ဖြတ်မည် မဟုတ်သော်ငြား အမေးမထုတ်ဘဲ ကျင်းရှန်တိုင်းပြည်၏ တပ်သားများအားလုံးကို သတ်ဖြတ်မှာ ဖြစ်သည်။
ဇင်ဘုရားကျောင်း၏ ဘုန်းကြီးအို တစ်ခါက ဆိုခဲ့သည့်အတိုင်း ရန်ကိုးပါး ဗုဒ္ဓချိတ်ဖြင့် ပိတ်ထားသော သူ၏ သပိတ်အို ရှိပေသည်။ ထိုသပိတ်အိုကို ဖျက်ဆီးနိုင်သူ မည်သူမဆို နိမိတ်ဆိုးဖြင့်လူ သို့မဟုတ် သူတော်ကောင်းတရားနှင့် ပြည့်စုံသည့်သူ ဖြစ်လာပေလိမ့်မည်။ ကျန်းရီက နိမိတ်ဆိုးဖြင့်လူ ဖြစ်တာ သိသာနေပေ၏။
***