← Chapters

အခန်း (၇၆၅-၇၆၆)

Vol. 48 Ch. 765-766

အခန်း (၇၆၅-၇၆၆)

Vol. 48 Ch. 765-766

အပိုင်း (၇၆၅)

လူငါးယောက်လုံးက အံ့အားသင့်သွားကြ၏။ တကယ်ပဲ ဤသို့ ကစားနိုင်သည်လား။ တကယ်ပဲ ပျံသန်းနိုင်သည်လား။ သို့ပေမည့် ဘာကို ဆိုလိုသနည်း။ သူတို့ကို တောင်ထိပ်ပေါ်တွင် ထားပြီး ထွက်ခွာသွားခဲ့၏။ ဤအရာက ဘာလုပ်ချင်နေသနည်း။

ဤအချိန်မှာတော့ ရှမ့်လန်က မီတာ ၂၀၀ ခန့် ပျံသန်းပြီး ဖြစ်၏။ သူ၏ စိတ်ထဲတွင် စတင်ကာ ရေတွက်လျက် ရှိ၏။

“သုံး၊ နှစ်၊ တစ်”

ရွှယ်ချီက တကယ့်ကို မသက်မသာ ခံစားမှုများက ပြင်းထန်လာခဲ့၏။ “မကောင်းတော့ဘူး”

“ဘုန်း.. ဘုန်း... ဘုန်း”

ကြောက်မက်ဖွယ်ရာ ကောင်းသည့် ပေါက်ကွဲမှု ဖြစ်လာ၏။ ရှမ့်လန်၏ ယခင် ထောင်ချောက်များက လေလည်သလိုမျိုးဆိုလျှင် ယခုတစ်ကြိမ်ကတော့ မြေပြင်ကိုပင် တုန်ခါစေခဲ့၏။ သူ၏ ယမ်းမှုန့်က ယခင်က အားနည်းခဲ့သည်ဆိုလျှင် ယခုအချိန်မှာတော့ ကြီးမားသည့် ပမာဏများ ပါဝင်၏။ ယခုတစ်ကြိမ် ပေါက်ကွဲမှုက တကယ့်ကို ကြမ်းတမ်းလွန်းလှ၏။ (TNT) အမျိုးအစား ဗုံးမျိုးပင် ဖြစ်သည်။

ရှမ့်လန်က ဤအရာကို ဖန်တီးရန် သူ့၌ ရှိသည့် အရာအားလုံးကို ပေးဆပ်ခဲ့ရသည်။ စွမ်းအင်က ယခင် ယမ်းမှုန့်များထက် များစွာ သာလွန်၏။ ကိုယ်အလေးချိန် ပေါင် ၂၀၀ ရှိသူ တစ်ယောက်ပင်လျှင် တစစီ စုတ်ပြတ်သတ်သွားမည့် ယမ်းမျိုး ဖြစ်၏။

သူ၏ ရည်မှန်းချက်က မဟာပညာရှင်အဆင့် ကျွမ်းကျင်သူ လေးဦးကို သတ်ဖြတ်ဖို့ပင်။ သို့ပေမည့် မဟာပညာရှင် တစ်ယောက်၏ အမြန်နှုန်းနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားက မယုံကြည်လောက်စရာ သန်မာ၏။ ထိုအတွက်ကြောင့် ရှမ့်လန်က အရာအားလုံးကို ပြင်ဆင်ထားခဲ့သည်။

ထိုဗုံးထဲတွင် မရေတွက်နိုင်သည့် သံမဏိအပ်များကိုလည်း ထည့်သွင်းထား၏။ ထိုအပ်တစ်ခုချင်းစီတိုင်းက အဆိပ်အတောက်များနှင့် ပြည့်နှက်နေ၏။ ထိုအဆိပ်များက ဆိုင်ယာနိုက် အဆိပ်များပင်။ မြင့်မားသည့် အပူချိန်နှင့် ထိတွေ့သည့်အချိန်မျိုးတွင် ထိုအရာက ကြောက်မက်ဖွယ်ရာကောင်းသည့် အဆိပ်များ ဖြစ်လာပေမည်။

ထိုအရာ၏ အရည်ပျော်မှတ်က ၆၀ ဒီဂရီ စင်တီဂရိတ်ကို ကျော်ပြီး၊ ရေဆူမှတ်က ၁၆၂၄ စင်တီဂရိတ် ဖြစ်၏။ ဓာတ်ငွေ့အဖြစ်သို့ ပြောင်းလဲသွားသည့် အချိန်တွင်ပင် အဆိပ်သင့်မှုက ကျန်ရှိနေပေလိမ့်မည်။ သွေးကြောထဲသို့ တိုက်ရိုက် ဝင်ရောက်ပါက ၁၂ မီလီဂရမ်လောက် ဝင်ရောက်လျှင်ပင် အသက်အန္တရာယ်ကို ဖြစ်စေနိုင်၏။

အဓိကအားဖြင့် ဆိုင်ယာနိုက် ၁ ဂရမ် တစ်ခုတည်းနှင့်ပင် လူ ၅၀၀ ကို သေစေနိုင်၏။ ဤအချိန်မှာတော့ ရှမ့်လန်က အစွမ်းကုန် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့၏။ သူတို့က အဆိပ်ပြင်းသည့် ဆိုင်ယာနိုက် ဆယ်ဂဏန်းခန့်ကို မရေတွက်နိုင်သည့် ဗာဒံစေ့များဆီမှ ထုတ်ယူခဲ့၏။ ပေါက်ကွဲမှု ဖြစ်ပွားသည့် အချိန်တွင် သံမဏိအပ် အစိတ်အပိုင်း ထောင်ပေါင်းများစွာတို့က အရပ်လေးမျက်နှာကို ပစ်ခတ်တော့သည်။

တောင်ထိပ်တစ်ခုလုံးတွင် မျက်ကွယ်ရာ နေရာဟူ၍ မရှိချေ။ ထို့ကြောင့် ပေါက်ကွဲမှု ဖြစ်သွားပြီးနောက် နေရာအနှံ့ဆီသို့ အပ်များက ပျံ့နှံ့သွားခဲ့၏။ သို့သော်ငြား ရွှယ်ချီနှင့် ကျန်သည့်လူများက မဟာပညာရှင်များ ဖြစ်ကြ၍ သူတို့၏ အမြန်နှုန်းက တကယ့်ကို မြန်ဆန်၏။

ပေါက်ကွဲသံကြားသည်နှင့် တပြိုင်နက် သူတို့က တောင်ထိပ်ပေါ်မှ လျင်လျင်မြန်မြန်နှင့် ခုန်ဆင်းသွားခဲ့၏။ သို့ပေမည့် နောက်ကျသွားခဲ့၏။ ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသည့် တုန်ခါမှုလှိုင်းများကြောင့် သံမဏိအပ်နှင့် အစိတ်အပိုင်းများက အလွန် မြန်ဆန်စွာဖြင့် သိပ်သည်းစွာ ရောက်ရှိလာခဲ့သည်။

မဟာပညာရှင်အဆင့် ကျွမ်းကျင်သူနှစ်ယောက်တို့၏ ကျောပြင်ပေါ်တွင် မရေတွက်နိုင်သည့် အဆိပ်အပ်များ ရှိနေ၏။ သူတို့က သိုင်းပညာစွမ်းအားအပေါ် အခြေခံပြီး လက်နက်ပုန်းများကို အလွယ်တကူ ရှောင်ရှားနိုင်၏။ ဖုံးကွယ်ထားခဲ့သည့် လက်နက်များကိုပင်လျှင် သူတို့က အတွင်းအားဖြင့် လမ်းကြောင်းပြောင်းနိုင်၏။

သို့သော်ငြား ဤကဲ့သို့ နီးကပ်နေသည့် အကွာအဝေးတွင် ဖြစ်ပြီး ရုတ်တရက် ပေါက်ကွဲအားကလည်း တကယ့်ကို ပြင်းထန်ခဲ့၏။ အားကောင်းသည့် ရိုက်ခတ်မှုကို အတွင်းအားနှင့် လမ်းကြောင်းပြောင်း၍ မရတော့ချေ။ အဆိပ်အပ်များက သူတို့၏ ကျောကို ထိုးဖောက်သွားသည်။

မဟာပညာရှင်နှစ်ယောက်တို့က ချက်ချင်းပဲ သူတို့၏ အတွင်းအားများကို အသုံးပြု၍ အဆိပ်ကို ပိတ်လှောင်ရန် ကြိုးစားကြ၏။ ထို့အပြင် သူတို့က စေတီတောင်မှ အဆိပ်ဖြေဆေး အမျိုးမျိုးကို စမ်းသပ် သောက်၏။ သို့သော်ငြား အချည်းနှီးပင်။ ဤအရာက ဆိုင်ရာနိုက်စ် ဖြစ်၏။ ခေတ်သစ် လောကတွင်ပင် အဆိပ်တောက် အရှိဆုံးသော ပစ္စည်းဖြစ်၏။

စက္ကန့်အနည်းငယ်အကြာမှတော့ မဟာပညာရှင်နှစ်ယောက်တို့က ကွယ်လွန်သွားခဲ့၏။ သူတို့၏ ခန္ဓာကိုယ်များက အောက်သို့ ပြုတ်ကျ၏။ တခြားသော မဟာပညာရှင်နှစ်ဦးတို့က ချောက်ကမ်းပါးပေါ်မှ ခေါင်းဖြင့် ခုန်ချသွားခဲ့သောကြောင့် အနည်းငယ် နှေးကွေးသွားခဲ့၏။ ခြေထောက်များတွင် အဆိပ်အပ်များ ထိုးဖောက်ခြင်းကို ခံရ၏။ သူတို့ထဲမှ တစ်ယောက်က စေတီတောင်မှ ဖြေဆေးကို ချက်ချင်းသောက်၏။ သို့သော်ငြား သေသွားခဲ့သည်။

ဆိုင်ရာနိုက်စ်က ဤလောကကြီးနှင့် မသက်ဆိုင်သည့် အဆိပ်ပြင်းသည့် ပစ္စည်းတစ်မျိုးပင်။ စေတီတောင်က အဆိပ်ဖြေဆေးကိုသောက်လျှင် ဘာအကျိုးရှိမည်နည်း။

နောက်တစ်ယောက်က ပိုပြီး ရန်လို၏။ ဓားတစ်ချက်တည်းဖြင့် အဆိပ်အပ် ထိုးဖောက်ခံထားရသည့် ခြေထောက်ကို ခုတ်ဖြတ်ပစ်၏။ သွေးများက ပန်းထွက်လာခဲ့သော်လည်း သူက အသက်ရှင်ကျန်ရစ်၏။

ရွှယ်ချီကကော။ သူက ပိုမိုကာ ထူးချွန်သေး၏။ ပေါက်ကွဲမှု ဖြစ်ပွားသည့် အချိန်တွင် သူက တောင်ထိပ်မှ ခုန်ချ၏။ ပြီးနောက် လေထဲတွင် ၁၈၀ ဒီဂရီ လှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်က ထုတ်ပေးထားသည့် အတွင်းအားလှိုင်းများကို အသုံးပြုပြီး ကာကွယ်သည်။ သို့သော်ငြား မရေတွက်နိုင်သည့် အဆိပ်အပ်များကို လမ်းကြောင်းပြောင်း၍ မရနိုင်ကြောင်း သူသိရှိသည်။

ထို့ကြောင့် သူက လက်ဖဝါး၏ အစွမ်းကို သုံးရ၏။ ထို့ကြောင့် သူက ရုတ်တရက် လက်ဝါးနှစ်ဖက်ကို လေထဲတွင် မြောက်ကာ ဝှေ့ယမ်း၏။ ချက်ချင်းပဲ အားကောင်းလွန်းသည့် လေပြင်းနှင့် ရိုက်ချက်တစ်ခုက ဖြစ်တည်လာခဲ့ပြီး အတွင်းအားများက ပေါက်ကွဲထွက်သွား၏။

အလွန်ပင် ကောင်းမွန်လှ၏။ ရေတွက်၍ မရနိုင်လောက်အောင်များပြားသည့် အဆိပ်အပ်နှင့် အစိတ်အပိုင်းအားလုံးက သူ၏ လက်ဖဝါး ရိုက်ချက်ကြောင့် အဝေးသို့ လွင့်စင်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်၌ အပ်နှင့် အဆိပ်ဒဏ်မိသည့်နေရာဟူ၍ မရှိချေ။

သို့သော်ငြား နောက်တစ်ခဏ၌ပင် သူက တစ်ခုခုလွဲမှားသလို ခံစား၏။ သူ၏ ညာဘက်လက်ဖဝါးတွင် အနက်ရောင် အစက်သုံးခုကို သတိထားမိ၏။ သူ သတိမပြုမိခင်မှာပဲ အဆိပ်အပ်သုံးချောင်းက သူ၏ လက်ဖဝါးကို ထိမှန်သွားခဲ့ခြင်းပင်။

တပြိုင်နက်တည်းမှာပဲ သူက အတွင်းအားများကို အသုံးပြု၍ လက်ဖဝါးတွင် ရှိနေသည့် အဆိပ်အပ် အားလုံးကို တွန်းထုတ်၏။ သို့ပေမည့် အဆိပ်ခတ်ခြင်းက အဆိပ်ခတ်ခြင်းပင်။ ရွှယ်ချီက စက္ကန့် အနည်းငယ်ကြာ တွန့်ဆုတ်သွားခဲ့၏။ သို့ပေမည့် ကြောက်စရာကောင်းသည့် ခံစားချက်က သူ၏ လက်မောင်းထဲသို့ ပျံ့နှံ့သည်။

“အား...”

သူက ရုတ်တရက် အော်ပြောလိုက်၏။ “ရက်စက်မှုကင်းတဲ့လူဆိုတာ မရှိဘူး။ သူများအပေါ် ရက်စက်သလို ကိုယ့်ကိုယ်ကိုလည်း ရက်စက်တတ်ရတယ်။”

“ရွှီး”

ရွှယ်ချီက သူ၏ ညာဘက်လက်မောင်းကို ဓားတစ်ချက်နှင့် ခုတ်ဖြတ်၏။ လက်က အရင်းမှ ပြုတ်ထွက်သွားခဲ့၏။ ပြီးနောက် လက်တစ်ဖက်နှင့် ခြေထောက်နှစ်ချောင်းကို အားကိုးပြီး ချောက်ကမ်းပါးမှ လျင်မြန်စွာ ဆင်း၏။ ကျောက်တောင်ဆီမှ ဆင်းလာပြီးနောက် သူက အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးသည်။

“ဟို ခွေးသူတောင်းစား ရှမ့်လန်... ငါ လောဘမကြီးသင့်ဘူး။ ငါ မလာသင့်ဘူးဆိုတာ ငါသိတယ်။ ထောင်ချောက် တစ်ခု ရှိနေမှန်း သိပေမဲ့ ငါလာဖို့ စိတ်ဆန္ဒကို မထိန်းချုပ်နိုင်ခဲ့တော့ဘူး။”

ရှမ့်လန်က ရက်စက်ပြီး မိမိကိုယ်ကိုယ် ငါးစာအဖြစ် အသုံးပြုနေကြောင်း သိရှိ၏။ သို့ပေမည့် ရွှယ်ချီက အရာအားလုံးကို စွန့်လွှတ်ပြီး ရှမ့်လန်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့၏။ သို့ပေမည့် လက်ရှိ အခြေအနေမှာတော့ ထိတ်လန့်တကြားဖြင့် ထွက်ပြေးခဲ့ရ၏။

တစ်ချိန်တည်းမှာပဲ မိုင် ၂၀ အကွာတွင် ရှိနေသည့် လီချင်းချိုး၏ မိန်းမ၊ အရူးကြီးနှင့် တခြားသော သူများက လှေပေါ်မှ ခုန်ဆင်းပြီး အရူးအမူးနှင့် ရေကူးလာကြသည်။

“ပြေး.... ပြေး...”

ရွှယ်ချီနှင့် အသက်ရှင်ကျန်ရစ်သည့် မဟာပညာရှင်အဆင့် ကျွမ်းကျင်သူက ဟိတ်ဟန် မထုတ်နိုင်ကြတော့ပေ။ သူတို့က မတူညီသည့် ဦးတည်ရာများဆီသို့ လှည့်ပတ်ကာ ပြေး၏။ ဤမဟာပညာရှင် အဆင့် ကျွမ်းကျင်သူသည် ရှမ့်လန်၏ပစ်မှတ်က ရွှယ်ချီဖြစ်ကြောင်းနှင့် ရွှယ်ချီနှင့် ခွဲခွာနေသမျှ သူတို့ လွတ်မြောက်မည် ဖြစ်ကြောင်း သိရှိ၏။

သို့ပေမည့် ထိုပညာရှင်၏ အခြေအနေ ပိုကာဆိုး၏။ သူ့၌ ခြေထောက်တစ်ဖက်သာ ကျန်တော့၏။ အစပိုင်းမှာတော့ သူက ခြေထောက်တစ်ဖက်ကို အားပြုပြီး ခုန်ဆွခုန်ဆွနှင့် သွားနိုင်၏။ သူက အလွန် လျင်မြန်စွာဖြင့် သွားလာနေခြင်းပင်။ အံ့အားသင့်စရာပင်။

တခြားတစ်ဖက်မှာတော့ ရွှယ်ချီက ညာဘက်လက်မောင်းတစ်ခုကို ဆုံးရှုံးသွား၏။ ခြေထောက်များက အတိုင်းအဆမရှိ မြန်ဆန်၏။ ရွှယ်ချီက အရူးအမူး ထွက်ပြေးနေစဉ်တွင် ဆေးအမျိုးမျိုးကို အသုံးပြုပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပက်ဖြန်း၏။ ကျင်းမူလန် မသိအောင် သူ၏ ခန္ဓာကိုယ်မှ အနံ့ကို ဖယ်ရှားရန်ပင်။ ကျင်းမူလန်၏ နှာခေါင်းက အလွန်ကို အာရုံခံနိုင်စွမ်း ကောင်းသကြောင်း သူက သိရှိပြီး ဖြစ်၏။

ဤအမြန်နှုန်းနှင့်ဆိုလျှင် ရွှယ်ချီက ထွက်ပြေးနိုင်ပါ့မလား။ အနည်းဆုံး အရူးကြီးနှင့် လီချင်းချိုးတို့ လိုက်မှီဖို့ ဆိုသည်က မဖြစ်နိုင်ချေ။ ရွှယ်ချီက နန်ကျိုးကျွန်းဆီမှ ပျောက်ကွယ်သွားသည်နှင့် ဘယ်တော့မှ ပြန်ပေါ်လာတော့မည် မဟုတ်ချေ။

“ရှမ့်လန်၊ ကျင်းမူလန်... ငါ ဒီတစ်ကြိမ်ထွက်ပြေးနိုင်ရင် ကျင်းမိသားစုကို သေချာပေါက် ဖျက်ဆီးပစ်မယ်။ ရှမ့်လန်... ငါ မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပြီး အပိုင်းပိုင်းဖြတ်ပစ်မယ်။ အား..”

ယနေ့မှစ၍ သူ ရွှယ်ချီက ရည်မှန်းချက်တစ်ခုတည်းဖြင့် အသက်ရှင် နေထိုင်သွားရပေတော့မည်။ လက်စားချေဖို့အတွက်ပင်။ ထို့အပြင် ရွှယ်ချီ၏ စိတ်မသက်မသာဖြစ်မှုက ပိုမိုကာ ပြင်းထန်လာခဲ့၏။ သို့ပေမည့် မည်သည့်နေရာက ရောက်ရှိလာမှန်း သူ မသိချေ။ နောက်သို့ လှည့်ကြည့်လိုက်ချိန်မှာတော့ မည်သူမှ သူ၏ နောက်သို့ လိုက်ပါလာသည်ကို မတွေ့ရပေ။ သို့ပေမည့် ဘာကြောင့် သူက မသက်မသာ ခံစားချက်များကို ရရှိနေရသနည်း။

အောက်သို့ ငုံ့ကြည့်ချိန်မှာတော့ မြေပြင်ပေါ်တွင် အလွန်လျင်မြန်စွာ ရွေ့လျားနေသည့် အရိပ်နှစ်ခုကို မြင်ရ၏။ သူက မော့ကြည့်လိုက်၏။ ရှမ့်လန်နှင့် ကျင်းမူလန်တို့က ကောင်းကင်ပေါ်တွင် ပျံသန်းနေကြဆဲပင်။ ပင်လယ်ပြင်နှင့် နီးသောကြောင့် ပိုမိုကာ နိမ့်ဆင်းလာသော်လည်း သူတို့က လေပြင်းတစ်ချက်အဝေ့တွင် ကောင်းကင်ပေါ်တွင် ဆက်လက်ဝဲပျံနေ၏။ နှစ်ယောက်သားက လေထဲတွင် ဆက်လက်ကာ ဝေ့ဝိုက်ပြီး ရှာဖွေနေ၏။

ရွှယ်ချီက ရူးသွပ်မလို ဖြစ်နေ၏။ သူ၏ သိုင်းပညာက အလွန်ပင် မြင့်မားပြီး ကိုယ်ဖော့စွမ်းရည်ကလည်း အားကောင်း၏။ သို့ပေမည့် မည်မျှမြန်ဆန်အောင် ပြေးနေသည်ဖြစ်စေ ပျံသန်းသည်ထက်တော့ ပိုမြန်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရှမ့်လန်နှင့် ကျင်းမူလန်က လေထုထဲတွင် ရှိနေသောကြောင့် အရာအားလုံးကို ပိုမို ထင်ရှားအောင် မြင်နိုင်၏။ သူ ပုန်းနိုင်သည် ဆိုလျှင်တောင်မှ တစ်ဖက်လူ၏ မျက်စိအောက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ခဏအတွင်းမှာပဲ ရွှယ်ချီ၏ အလွန်မင်း ခိုင်မာတောင့်တင်းလွန်းသည့် စိတ်ဆန္ဒများက နှလုံးသားတွင် ဖြစ်တည်လာခဲ့သည့် စိတ်ပျက်အားငယ်မှုများကို မတွန်းလှန်နိုင်ခဲ့တော့ချေ။ သို့ပေမည့် သူက လက်မလျှော့ သေးပေ။ တောထဲသို့ အလျင်အမြန်နှင့် ပြေးဝင်ပြီး ထွက်ပြေးနိုင်သေးသည်။

ရွှယ်ချီက အရှိန်ပြင်းပြင်းနှင့် ဆက်လက်ကာ အရှိန်မြှင့်၏။ သူက သူ၏ မဟာပညာရှင်အဆင့် ကျင့်ကြံခြင်း၊ သိုင်းပညာအားလုံးကို အစွမ်းကုန်ထိ ထုတ်ဖော်၏။ မကြာခင်မှာပဲ သူက တောအုပ်ထဲသို့ တိုက်ရိုက် ဝင်ရောက် သွား၏။ ပြီးနောက် သူ၏ပုံသဏ္ဍာန်က ပျောက်ကွယ်သွား၏။ ဤတောက တကယ့်ကို နက်ရှိုင်း ၏။

“ယောက်ျား... ဆင်းဖို့ပြင်တော့။”

အပေါ်စီးမှ အောက်သို့ ဆင်းရသည်က ကြောက်မက်ဖွယ်ရာကောင်း၏။ လေထီးသေးသေးလေး တစ်ခုကို သုံးရပေမည်။ မဟုတ်ပါက ပြုတ်ကျပြီး သေဆုံးနိုင်ခြေ များ၏။ သို့ပေမည့် မူလန်နှင့်အတူဆိုလျှင် အရာအားလုံး က အဆင်ပြေနေသည်။

သူမက မီတာ ၂၀ ကျော် အမြင့်ဆီမှ ခုန်ချပြီး မည်သည့် ထိခိုက်ဒဏ်ရာရမှုမှ မရှိနိုင်ပေ။ သူတို့က အရှိန်ကို အသာလျှော့ပြီး အောက်သို့ အလွယ်တကူ ဆင်းသက်၏။ ထို့အပြင် မူလန်က ရှမ့်လန်ကို မြေပြင်ပေါ်သို့ ခေါ်ဆောင်သွား၏။ အောက်သို့ အောင်မြင်စွာ ဆင်းသက်ပြီးနောက် ကျင်းမူလန်က ရှမ့်လန်ကို ကျောပေါ်တင်ကာဖြင့် တောထဲသို့ ပြေးဝင်၏။

ရှမ့်လန်က တကယ့်ကို ရှက်ရွံ့လျက် ရှိနေ၏။ ရန်သူကို လိုက်လံကာ တိုက်ခိုက်နေရသည် ဆိုလျှင်တောင်မှ သူက မူလန်ကို အားကိုးနေရ၏။ သို့ပေမည့် မူလန်ကလည်း မတတ်နိုင်ချေ။ တစ်ယောက်တည်း ဤနေရာတွင် ထားခဲ့မည်ဆိုပါက အရူးကြီးနှင့် လီချင်းချိုးတို့က အချိန်မီ ရောက်ရှိမလာသည်ဆိုပါက ရန်သူ ပေါ်လာပြီး သူမ၏ တန်ဖိုးကြီးမားလွန်းသည့် ယောကျ်ားကို သတ်ဖြတ်သွားပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် မူလန်က နှိုင်းယှဉ်၍ မရအောင် အားကောင်းသည့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပိုင်ဆိုင်၏။ ရှမ့်လန်ကို ကျောပေါ်တွင် ထမ်းထားရသည် ဆိုလျှင်တောင် ဘာမှမရှိခဲ့သလို ခံစားရ၏။ တောထဲသို့ ရောက်ရှိသွားသည်နှင့် မူလန်က အိမ်ကွင်းသို့ ရောက်ရှိသွားသကဲ့သို့ပင် ခံစား၏။

သူမက မြေပြင်ပေါ်တွင် အလွန် လျင်မြန်လွန်းလှ၏။ သစ်ကိုင်းများကို အသုံးပြု၍ မျောက်တစ်ကောင် ကဲ့သို့ပင် တွယ်တက်ကာ သွားလျက် ရှိနေ၏။ တကယ့်ကို လှုပ်ရှားမှုအားလုံးက လျှပ်စီးလက် သကဲ့သို့ပင် မြန်ဆန်သည်။

ရွှယ်ချီက တွက်ချက်မှု မှားသွား၏။ တောထဲသို့ ရောက်သည်နှင့် မူလန်၏ အမြင်အာရုံနှင့် အာရုံခံနိုင်စွမ်း အားလုံးက သိသိသာသာ တိုးတက်လာခဲ့သည်ဖြစ်ကြောင်း သူ မသိချေ။ ထို့အပြင် ရွှယ်ချီက သူ၏ ခန္ဓာကိုယ်တွင် ဆေးဝါးအမျိုးမျိုးကို လိမ်းခဲ့သော်လည်း ထိုအရာများဆီမှ မနှစ်မျို့ဖွယ် အနံ့တစ်ခုကို ရရှိနေဆဲပင်။

သူက ရူးသွပ်လောက်အောင် ထွက်ပြေးသည် ဆိုသော်လည်း ထိုကဲ့သို့ ပြေးနိုင်ရန်အတွက် အတွင်းအားများကို ဆက်တိုက် အသုံးပြုရန် လိုအပ်၏။

မူလန်၏ လျင်မြန်မှုကတော့ ပုံမှန် လမ်းလျှောက်နေသကဲ့သို့ပင်။ မည်သည့် အတွင်းအားကိုမှ ထုတ်ဖော် အသုံးပြုစရာ မလိုအပ်ချေ။ မြေပြင်ပေါ်မှာတော့ ရွှယ်ချီ၏ သိုင်းပညာစွမ်းရည်က အလွန်မြင့်မားသော်ကြောင့် မူလန်ထက် ပိုမိုကာ ပြေးနိုင်၏။ သို့ပေမည့် တောထဲသို့ ရောက်သွားသည် ဆိုလျှင် မူလန်လောက် မမြန်တော့ချေ။ မူလန်က လိုက်လံ ဖမ်းဆီး၏။ တဖြည်းဖြည်းနှင့် ပိုမိုကာ နီးကပ်လာသည်။

ရွှယ်ချီက နောက်ပြန် လှည့်မကြည့်သော်လည်း အသက်အန္တရာယ်ကို ခံစားမိ၏။ ရုတ်တရက် သူက ရပ်လိုက်၏။ သူ ဘယ်ကို ပြေးရမည်နည်း။ ကျင်းမူလန် တစ်ယောက်တည်းသာ သူ့ကို လိုက်မိနိုင်၏။ ကျင်းမူလန်၏ သိုင်းပညာစွမ်းရည်က မည်မျှ မြင့်မားနေပါစေ။ မဟာပညာရှင် တစ်ယောက်၏ စွမ်းရည်ကို ကျော်လွန်နိုင်ပါ့မလား။

ထို့အပြင် သူမ၌ ရှမ့်လန်ဟု ခေါ်သည့် ဝန်ထုပ်ဝန်ပိုးကြီးလည်း ရှိသေး၏။ သူ ရွှယ်ချီက မဟာပညာရှင်အဆင့် ကျွမ်းကျင်သူပင်။ ထွက်ပြေးဖို့ မလိုရုံသာမက ရှမ့်လန်နှင့် ကျင်းမူလန်ကိုပင်လျှင် သတ်ဖို့ အခွင့်အရေး ယူနိုင်၏။

ထိုသို့တွေးပြီးနောက် ရွှယ်ချီ၏ ခန္ဓာကိုယ်က ချက်ချင်း ရပ်တန့်သွား၏။ သူက နောက်ကို လှည့်ကြည့်၏။ ဓားကို ဆွဲထုတ်ကာဖြင့် အသင့်အနေအထားဖြင့် ရပ်လိုက်သည်။

ခဏကြာမှတော့ ကျင်းမူလန် ပေါ်လာ၏။ ရှမ့်လန်ကို ကျောပေါ်တွင် ထမ်းတင်ထားဆဲပင်။

သူမက အသာရပ်၏။ ပြီးနောက် မီတာ ၂၀ ခန့်မြင့်သည့် သစ်ပင်ကြီးတစ်ခုပေါ် တည့်တည့် ခုန်တက်သွားခဲ့ပြီး ရှမ့်လန်ကို ထိုသစ်ပင်ပေါ်တွင် တင်ထား၏။ မျောက်မိခင်ကြီးက ရန်ဖြစ်သည့် အချိန်တိုင်း မျောက်ကလေးများ ကို ထိုကဲ့သို့ မြင့်သောနေရာတွင် ထားသည့် အလေ့အထ ရှိ၏။ ထိုမှသာလျှင် ပိုမို လုံခြုံသည်ဟု ခံစားမိ၏။

ရွှယ်ချီက လက်တစ်ဖက် ဆုံးရှုံးသွားပြီ ဖြစ်သောကြောင့် ရှမ့်လန်ကို သတ်ဖို့ သစ်ပင်တက်ချင်သည် ဆိုလျှင်တောင် တော်တော်လေး ခက်ခဲပေလိမ့်မည်။ မူလန်က သစ်ပင်ကို ခုတ်လှဲခံရခြင်းမှ ကာကွယ်ရန်သာ လိုအပ်သည်။

သစ်ပင်က အချင်းတစ်မီတာကျော် ရှိသောကြောင့် ရွှယ်ချီ ဓားဖြင့် ခုတ်လှဲရန် ခက်ခဲစေပေလိမ့်မည်။ ဤသစ်ပင်ကို ကာကွယ်ခြင်းက သူ၏ လူယုတ်မာ ယောက်ျားကို ကာကွယ်ရသည်ထက် အများကြီး ပို၍ လွယ်ကူ၏။

အပိုင်း (၇၆၆)

ရွှယ်ချီက ကျင်းမူလန်၏ အနီးအနားဆီသို့ တဖြည်းဖြည်း ရွေ့လျားလာ၏။ သူ့၌ အချိန်မရှိချေ။ အဘယ့်ကြောင့်ဆိုသော် အရူးကြီးနှင့် လီချင်းချိုးတို့က အချိန်မရွေး ရောက်ရှိလာမှာ ဖြစ်သောကြောင့်ပင်။

“ကျင်းမူလန်... ဒီလောက် အသုံးမကျတဲ့ ယောကျ်ားကို ရထားတာ တကယ့်ကို ခက်ခဲမှာပဲ။” ရွှယ်ချီက လှောင်ပြောင်လိုက်၏။

မူလန်က ပြောသည်။ “ဒါ ခက်ခဲတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ ကျွန်မ အရမ်းပျော်လို့ပဲ။ ကျွန်မရဲ့ ယောကျ်ားက လောကမှာ အကောင်းဆုံးပဲ။”

ရွှယ်ချီက ပြောလိုက်၏။ “ကျင်းမူလန်... မင်းနောက်ပြန်လှည့်ဖို့ နောက်မကျသေးဘူး။ မင်းရဲ့ အရည်အချင်း၊ အလှအပနှင့်ဆိုရင် စေတီတောင်၊ ဒါမှမဟုတ် တော်ဝင်ရန်အင်ပါယာ အိမ်ရှေ့စံရဲ့ ကိုယ်လုပ်တော် အဖြစ်နဲ့ ဝင်ရောက်နိုင်တယ်။ ငါ မင်းကို အကြံပေးမယ်။ အဲလိုဆိုရင် နုရှောင့်မြို့တင် မဟုတ်ဘူး။ ထျန်းနန်စီရင်စု တစ်ခုလုံးကတောင် မင်းရဲ့ ကျင်းမိသားစုပိုင် ဖြစ်သွားလိမ့်မယ်။”

ကျင်းမူလန်က တိတ်ဆိတ်နေပြီး ရွှယ်ချီကို စိုက်ကြည့်သည်။ ရွှယ်ချီက ညာဘက်လက် ပြတ်သွားသည် ဖြစ်သောကြောင့် ဟန်ချက်ညီမှုကို ထိခိုက်ထား၏။ ထို့အပြင် ဘယ်ဘက်လက်နှင့် ဓားသုံးခြင်းအားဖြင့် ထိရောက်မှုက အားနည်းသွားပေလိမ့်မည်။

ရွှယ်ချီက ဆက်ပြောသည်။ “ကျင်းမူလန်.. မင်း သိချင်နေတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေသေးတယ်။ တကယ့်ကို အံ့အားသင့်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်ပဲ။ မင်းယောက်ျားရဲ့ အစစ်အမှန် တည်ရှိမှုက ဘာလဲ သိလား။”

“ဘာလဲ” ကျင်းမူလန်က မေး၏။

“ဝှစ်”

ရွှယ်ချီ၏ ခန္ဓာကိုယ်က အလွန်အမင်း လျင်မြန်စွာ လှုပ်ရှားသွားခဲ့၏။ မိုးကြိုးကဲ့သို့ပင် လျင်မြန်စွာဖြင့် ဘယ်ဘက်လက်ထဲမှ ဓားက မူလန်ထံသို့ ရောက်ရှိလာ၏။ တကယ် ထိပ်တန်း ကျွမ်းကျင်သူပင်။

မူလန်၏ အားသာချက်ကတော့ သွက်လက်ဖြတ်လပ်မှုပင်။ သူမ၏ အတွင်းအားက မမြင့်မားချေ။ သူမက လျင်မြန် သွက်လက်မှုနှင့် ပါရမီရှင်တစ်ယောက်၏ တိုက်ခိုက်မှုမျိုးကို ရှောင်ရှားနိုင်စွမ်း ရှိ၏။ သို့ပေမည့် ပြိုင်ဘက်က အလွန်ကျွမ်းကျင်သူတစ်ဦး ဖြစ်လာပါက သွက်လက်ရုံလောက်နှင့် ရှောင်တိမ်းဖို့ ဆိုသည်က ခက်ခဲလာပေလိမ့်မည်။

“ရွှစ်...”

ရွှယ်ချီ၏ ဓားက မူလန်၏ လည်ပင်းကို ထွင်းဖောက်ပြီး လက်မဝက်လောက်ထိ ရောက်၏။ သို့ပေမည့် တိုက်ခိုက်မှုက မအောင်မြင်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူက ညာဘက်လက်ကို ဆုံးရှုံးခဲ့ရပြီး မိုင်ပေါင်းများစွာ ပြေးလာရသည်။ ထို့ကြောင့် သူ၏ အတွင်းအားများက ကုန်ဆုံးသွားသည်။

ထို့ကြောင့် မူလန်က သူ၏ ပထမ ဓားချက်ကို ရှောင်ရှားနိုင်၏။ ရွှယ်ချီက အသက်ကို ပြင်းပြင်းရှူသွင်း လိုက်၏။ သူ့၌ အတွင်းအား အများကြီး မကျန်တော့ဘဲ ဓားချက် အနည်းငယ် ထုတ်ဖော်ရန်သာ လုံလောက်တော့ကြောင်း သတိပြုမိသည်။ သို့ပေမည့် ပထမဦးဆုံး ဓားချက်ကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ ဒုတိယနှင့် တတိယ ဓားချက်များကတော့ ထိုလောက် အားကောင်းတော့မည် မဟုတ်ချေ။ ထို့ကြောင့် သူက လှည့်ကွက်ကို အသုံးပြုကာ တိုက်ခိုက်ဖို့ ကြိုးစားတော့၏။

ရွှယ်ချီက အသက်ကို ပြင်းပြင်းရှူပြီး သူ၏ ဒုတိယ တိုက်ခိုက်ချက်ကို ထုတ်ဖော်ရန် အင်အားများကို စုစည်း၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက် တောင့်တင်းသွားခဲ့၏။ မြွေဟောက်တစ်ကောင် ကဲ့သို့ပင်။ ပြီးနောက် သူက ဒုတိယဓားချက်ကို ထုတ်သည်။

“ရွှီ...”

ရွှယ်ချီ၏ ဒုတိယ ဓားတိုက်ခိုက်ချက်က အံ့မခန်း အစွမ်းထက်၏။ ဓားတစ်ခုလုံးက ချက်ချင်းပဲ တည်နေရာ တစ်ခုလုံး၏ လေထုကြီးကို ခွင်းဖောက်သွား၏။ ပြီးနောက် မူလန်၏ ခန္ဓာကိုယ်ဆီသို့ တည့်တည့် ရောက်ရှိလာခဲ့၏။

မူလန်က ဆယ်မီတာကျော် အကွာအဝေးဆီသို့ ချက်ချင်းပင် ဆုတ်ခွာသွားခဲ့၏။ သူမက ဤမျှလောက်ပင် စွမ်းထက်သည်။

သို့သော်ငြား ရွှယ်ချီက ဓားကို ချိုးချလိုက်သည်။ ဓားဆီမှ အစိမ်းရောင် မီးခိုးငွေ့များ လျင်မြန်စွာ ထွက်ပေါ်လာ၏။

မူလန်က နောက်တစ်ကြိမ် ပြေးထွက်သွားပြန်၏။ ဤတစ်ကြိမ်မှာတော့ သူမက ဘယ်ဘက် သို့မဟုတ် ညာဘက် ဦးတည်ရာ တစ်ခုတည်းကိုသာ ရွေးချယ်နိုင်ပေလိမ့်မည်။

သို့ပေမည့် သူမက ဘယ်ဘက်ကိုသာ ရွေးချယ်၏။ အဘယ့်ကြောင့်ဆိုသော် ညာဘက်ကို ရှောင်ပါက သူမ၏ ယောက်ျားနှင့် အလှမ်းဝေးကွာသွားမည် စိုးသောကြောင့်ပင်။ ရွှယ်ချီက သူမယောက်ျားကို ထိခိုက်အောင် လုပ်သည်ဆိုပါက ကယ်တင်ဖို့ နောက်ကျသွားပေလိမ့်မည်။

သို့သော်ငြား သူမ ဘယ်ဘက် ဆယ်မီတာကို ရှောင်ရှားလိုက်သည့်အချိန်မှာတော့ ဘောလုံးတစ်လုံးက မြေပြင်ပေါ်တွင် သူမကို စောင့်ကြိုနေ၏။ အဘယ့်ကြောင့်ဆိုသော် ရွှယ်ချီက သူမ ထိုနေရာတွင် ပေါ်လာမည်ဖြစ်ကြောင်း ကြိုတင် တွက်ဆထားသောကြောင့်ပင်။ ဤနေရာတွင် အဆိပ်ဘောလုံးကို ထားရှိရန် သူက အဆင့်ဆင့် ကြိုတင်ကာ တွက်ဆထားသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဘောလုံးက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး မရေတွက်နိုင်သည့် ကူပိုးကောင်များက ချက်ချင်းပင် ပြန့်နှံ့သွားသည်။ ပြီးနောက် ကျင်းမူလန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏

ထိုအချိန်မှာတော့ မူလန်က ရပ်တန့်သွား၏သည်

ရွှယ်ချီက အလွန်ပင် ပျော်ရွှင်သွား၏။ “ကျင်းမူလန်... မင်းက အရမ်းကို အားကောင်းတယ် ဆိုပေမဲ့ အတွေ့အကြုံ မရှိသေးဘူး။ ဒီနေ့ မင်း ငါ့လက်ထဲမှာ သေပြီပဲ။ ငါ့ရဲ့ တူမလေး... အရေးကြီး ပုဂ္ဂိုလ်တွေ အမျက်ဒေါသကို ခံရမှာစိုးလို့ ငါ မင်းကို မထိဘူးလို့ အထပ်ထပ် ပြောခဲ့တယ်ဆိုပေမဲ့ ဒီနေရာမှာ နတ်ဘုရားတွေနဲ့ တစ္ဆေတွေတောင် မရှိဘူး။ မမြင်ဘူး။

ငါ ရွှယ်ချီက မင်းရဲ့ အဝတ်အစားတွေကို ချွတ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ အရာတစ်ခုခုကို လုပ်မယ်လို့ မင်းထင်နေပြီလား။ လုပ်ရင်လည်း လုပ်နိုင်တယ်။ ဒါပေမဲ့ အရင်ဆုံး မင်းရဲ့ လက်နှင့် ခြေထောက်က အရွတ် အကြောတွေကို ဖြတ်ရမယ်။ ပြီးရင် အသုံးမကျတဲ့ သစ်ပင်ပေါ်က ရှမ့်လန်ကို ဆွဲယူပြီး တစ်စစီ ပိုင်းဖြတ်တာကို ကြည့်ခိုင်းအုံးမယ်။”

ရွှယ်ချီက တဖြည်းဖြည်း ရှေ့သို့ တိုးလာ၏။ သူ၏ လက်ထဲတွင် ရှိနေသည့် ဓားကျိုးက လက်မ အနည်းငယ်သာ ကျန်တော့၏။ သူက ကျိုးနေသည့်ဓားကို လွှဲပြီး ကျင်းမူလန်၏ လက်ကောက်ဝတ်ကို ပြင်းထန်စွာ ခုတ်လိုက်သည်။

ထိုအချိန်မှာပဲ မူလန်က ရုတ်တရက် မရေတွက်နိုင်သည့် အဆိပ်အပ်များဖြင့် လှမ်းကာ ပစ်ခတ်၏။ ကြောက်လန့်နေသည့် ငှက်တစ်ကောင်ကဲ့သို့သော ရွှယ်ချီက ညာလက်ဘက် လက်ဖဝါးကို လှုပ်ရှားပြီး လျင်မြန်စွာ နောက်သို့ဆုတ်၏။ လက်ဖဝါးဖြင့် အဆိပ်အပ်အားလုံးကို ဘေးတစ်ဖက်စီသို့ လွင့်စင်သွားရန် ကြိုးစား၏။

သို့ပေမည့် နောက်တစ်စက္ကန့်အတွင်းမှာပဲ မျက်စိရှေ့မှ မှုန်ဝါးဝါး အရိပ်တစ်ခုကို မြင်ရ၏။ မူလန်၏ ပျော့ပြောင်းသည့် ခန္ဓာကိုယ်က ရှေ့သို့ ပြေးတက်လာခြင်းပင်။ သူမ လက်ထဲတွင် ရှိနေသည့် ဓားက မြွေတစ်ကောင်ကဲ့သို့ ကွေ့ကောက်ကာ ဝင်ရောက်လာသည်။

ခဏအတွင်းမှာပဲ ရွှယ်ချီက ၁၀ ကြိမ်မက ဓားနှင့် ထိုးခံရ၏။

“ရွှီ... ရွှီ.. ရွှီ.. ရွှီ”

မူလန်၏ ဓားက ကြမ်းတမ်းစွာ ခုတ်ထစ်နေ၏။ ရွှယ်ချီ၏ ကျန်ရှိနေသည့် လက်နှင့် ခြေထောက်နှစ်ချောင်းကို တိုက်ရိုက် ဖြတ်တောက်လိုက်၏။ ထိုအချိန်မှာတော့ ရွှယ်ချီက သူ၏ ဦးခေါင်းနှင့် ကိုယ်လုံးသာ ကျန်တော့၏။ တကယ့်ကို စိတ်မချမ်းမြေ့စရာပင်။ တိုက်ခိုက်ချက်အားလုံးက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည်။

အရာအားလုံး အဆင်ပြေသွားပြီ ဖြစ်၏။ သူမက သူမ၏ ယောကျ်ားကို သွားခေါ်၏။ မူလန်က သစ်ပင်ပေါ်သို့ တက်ပြီး ရှမ့်လန်ကို အောက်သို့ ချပေး၏။ သူမ၏ ယောက်ျားက ရွှယ်ချီတစ်ယောက် မသန်မစွမ်း ဖြစ်နေပြီး အန္တရာယ် ကျရောက်နေသည်ကို မြင်ရ၏။ ဤကဲ့သို့သော လူကို သတ်ဖြတ်ရန် သူမ၏ ယောက်ျားလက်ထဲသို့ ထည့်ရပေလိမ့်မည်။

မူလန်က တကယ့်ကို အံ့အားသင့်ဖွယ်ရာ ကောင်းသည့် မိန်းမပင်။ တစ်ဖက်လူအား သတ်ဖြတ်ရန် သူမ ယောက်ျားအား အခွင့်အရေး ပေးခဲ့၏။

ရွှယ်ချီကတော့ မခံချိမခံသာ ဖြစ်လို့နေ၏။ အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ရွှယ်ရင်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကူပိုးကောင်နှင့် မတူသောကြောင့် ရှမ့်လန်၌ ဤကူပိုးကောင်များကို ခုခံကာကွယ်ရန် ဆေးမရှိဘူး ထင်ခဲ့၏။ ကျင်းမူလန်က အဘယ့်ကြောင့် အဆိပ်မမိရသနည်း။

ကျင်းမူလန်က ထိုအရာများကို ကာကွယ်နိုင်သည့် ဆေးကို ကြိုတင်သောက်ထားသည်လား။ လုံးဝ မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်၏ သွေးက ကူပိုးကောင် အားလုံးကို နှိမ်နင်းနိုင်စွမ်း ရှိနေလို့ပင်။ မူလန်၏ ခန္ဓာကိုယ်ထဲတွင် ရှမ့်လန်၏သွေး ရှိသည်လား။ မရှိပေ။ သို့ပေမည့် အိမ်ထောင်သက် ကြာပြီးနောက် ရှမ့်လန်၏ မျိုးရိုးဗီဇလက္ခဏာ တော်တော်များများက သူမ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့၏။ မူလန်က နေ့တိုင်း သမီးလေး တစ်ယောက်ယူဖို့ စဉ်းစားနေသောကြောင့်ပင်။

ရှမ့်လန်က ရွှယ်ချီထံသို့ ချဉ်းကပ်သွား၏။ “အင်း မိန်းမ.. မင်းက ရွှယ်ချီကို တော်တော်လေး ဒုက္ခပေးခဲ့တာပဲ။ ဒါပေမဲ့ ဒါက လုံလောက်အောင် မပြည့်စုံသေးဘူး။”

ရှမ့်လန်က ဓားကို ဆွဲထုတ်သည်။

မူလန်က အလိုလို မျက်နှာလွှဲလိုက်၏။ သူမ၏ လူယုတ်မာ ယောက်ျား ဘာလုပ်တော့မည်ကို သိ၏။ ရှမ့်လန်၏ ဓားက ပေါ့ပါးသည့် ဓားချက်တစ်ခုအဖြစ် ထွက်ပေါ်လာသည်။

ရွှယ်ချီက သင်းကွပ်ခံလိုက်ရ၏။ သို့ပေမည့် ဘာမှ မခံစားရသောကြောင့် အော်ဟစ်ရန်ပင် အချိန်မရချေ။ ဤအရာက အရေးကြီး ပုဂ္ဂိုလ်များအတွက် သီးသန့် ဆက်ဆံခြင်းမျိုးပင်။

ရှမ့်လန်က မေးလိုက်၏။ “ဦးလေးရွှယ်.. စကားပြောနိုင်သေးလား။”

ရွှယ်ချီက အသက်ရှူမှားသလို ဖြစ်နေ၏။ ထိုအချိန်မှာတော့ ရှမ့်လန်က သူနှင့် အလွန်နီးကပ်နေသောကြောင့် သူက လက်ချောင်းတစ်ချောင်းတည်းဖြင့် ချေမွနိုင်၏။ သို့ပေမည့် သူ၌ လက်ချောင်းတစ်ချောင်းပင် မရှိတော့ချေ။ သူက တံတွေးကိုလည်း မမျိုချနိုင်ပေ။ ကျင်းမူလန်က သူ၏ သွားအားလုံးကို နှုတ်ထားခဲ့ပြီး လျှာကိုလည်း လှီးဖြတ်ထားသောကြောင့်ပင်။

ရှမ့်လန်က ပြောလိုက်သည်။ “ဦးလေးရွှယ်.. နောက်ဆုံးစကားများ ပြောချင်သေးလား။”

ရွှယ်ချီက စကားပြောဖို့ ပါးစပ်ဟသော်လည်း လေများသာ ယိုစိမ့်ထွက်နေ၏။ မည်သည့် အသံမှ ထွက်မလာချေ။

‘ရှမ့်လန်... သဘောတူညီမှု တစ်ခုလုပ်ရအောင်။ သဘောတူညီမှု။ ငါ မင်းကို အံ့အားသင့်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ မင်း ငါ့နားကို ကပ်လာစမ်း။ ငါ့ကို အသက်ချမ်းသာခွင့်ပေး။ သဘောတူညီချက် လုပ်မယ်။’

ရွှယ်ချီက အလွန်နာကျင်လျက် ရှိနေပြီး ဤစကားများကို ပြောရန် ကြိုးစား၏။ သို့ပေမည့် သူက အသံကို အပြည့်အဝ မထုတ်ဖော်နိုင်ခဲ့ချေ။

“သဘောတူညီချက် တစ်ခု လုပ်တာလား။ သေချာတာပေါ့ လုပ်ရတာပေါ့။”

ရှမ့်လန်က တစ်ဖက်လူ ပြောသည့် စကားများကို မှန်းဆနိုင်၏။ ရှမ့်လန်က အသာပင် ကိုင်းညွတ်သွား၏။

ရွှယ်ချီ၏ နှလုံးသားက အေးစက်သွား၏။ မျက်လုံးများ၌လည်း ဆိုးယုတ်မှုများဖြင့် ပြည့်နှက်နေသည်။ “ရှမ့်လန်... ခွေးကောင်လေး မင်း ငါ့နားကို ကပ်လာရင် ငါ မင်းကို သတ်နိုင်သေးတယ်။ မင်းကို ငါ သတ်နိုင်တယ်။”

သို့ပေမည့် ရှမ့်လန်က အနီးသို့ ကပ်မလာခဲ့ချေ။ ထိုအစား သူက အရည်ပုလင်းတစ်ခုကို ထုတ်ယူပြီး ရွှယ်ချီ၏ မျက်နှာပေါ်သို့ လှမ်းပက်၏။

“အား...” ရွှယ်ချီ၏ မျက်နှာတစ်ခုလုံးက ပျက်ယွင်းသွားခဲ့သည်။

“ဦးလေးရွှယ်.. အခု ကျုပ်ကို သတ်နိုင်သေးလား။”

ပြီးနောက် သူက တဖြည်းဖြည်း နီးကပ်လာခဲ့၏။ “ဦးလေးရွှယ်.. အနားကို ကပ်ရင် ကျုပ်ကို ကိုက်မှာ မဟုတ်လား။ သေချာ စဉ်းစားစမ်းပါအုံး။ သွားလည်း မရှိဘဲနဲ့။”

ရွှယ်ချီက စိတ်ထဲတွင် ပြင်းပြင်းထန်ထန်နှင့် ဆဲဆိုလျက် ရှိသည်။ “ဒီခွေးကောင်လေး.. မင်းကို ငါ ပက်ပက်စက်စက် သတ်ချင်တယ်။”

ရှမ့်လန်က မေးလိုက်၏။ “ဦးလေးရွှယ်.. ကျုပ်ကို မသတ်ဘူးလား။”

“ငါ မင်းကို သတ်ချင်တယ်။ ဒါပေမဲ့ ငါသတ်လို့မှ မရတာ။”

ရွှယ်ချီက အကြည့်နှင့် သတ်နိုင်သည်ဆိုလျှင် ရှမ့်လန်က အစိတ်စိတ်အမွှာမွှာ ဖြစ်နေမှာ သေချာ၏။ သို့သော်ငြား အကြည့်နှင့် သတ်နိုင်သည် ဆိုလျှင်တောင်မှ ရွှယ်ချီက ရှမ့်လန်ကို သတ်၍ မရတော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ အမြင်အာရုံတစ်ခုလုံးက ဆုံးရှုံးသွားခဲ့သောကြောင့်ပင်။

ရှမ့်လန်က ပြောသည်။ “ခင်ဗျား ကျုပ်ကို မသတ်တော့ဘူးလား။ ဒါဆိုရင် ခင်ဗျားကို ကျုပ် သတ်ရတော့မယ်။”

ပြီးနောက် မြန်ဆန်သည့် ဓားချက်တစ်ခုက ကျဆင်းလာ၏။ ရွှယ်ချီက ခေါင်းဖြတ်ခြင်းကို ခံလိုက်ရ၏။ ဤအရာက လုံးဝကို ကြောက်ရွံ့စရာကောင်းသည့် သေဆုံးမှု တစ်မျိုးပင်။

…

ဤလူက နောက်ဆုံးမှာတော့ အသက်ချုပ်ငြိမ်းသွားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်က ရင်ထဲရှိ အလုံးကြီးတစ်ခု ကျဆင်းသွားသကဲ့သို့ပင် သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။

သူက ရင်ဘတ်အတွင်းမှ အမည်စာရင်း စာအုပ်ကို ထုတ်ယူ၏။ ပြီးနောက် စုတ်တံဖြင့် ရွှယ်ချီဆိုသည့် စာလုံးနာမည်ကို ကြက်ခြေခတ် ခြစ်လိုက်၏။ လောက၌ ရန်သူမရှိစေရဟူသည့် သူ၏ ရည်မှန်းချက်ဆီသို့ နောက်ထပ် ခြေလှမ်းတစ်ခုကို လှမ်းလိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

ရွှယ်ချီ၏ ခေါင်းပြတ်နေသည့် အလောင်းကို တစ်ချက် လှမ်းကြည့်၏။ ပြီးနောက် ပြာလွင်နေသည့် မိုးကောင်းကင်ကြီးနှင့် စိမ်းစိုကာ ထူထပ်နေသည့် တောအုပ်ကြီးကို ငေးကြည့်မိ၏။ ဤနေရာက သဘာဝအတိုင်း သန့်စင်သော လေကောင်းလေသန့်များ ရနေ၏။

ဤမျှ သာယာလှပသည့် ပတ်ဝန်းကျင်၊ ဤမျှ လန်းဆန်းသော စိတ်အခြေအနေတွင် တစ်စုံတစ်ခုကို ပြုလုပ်ရန် တကယ် သင့်တော်လှသည် မဟုတ်ပါလား။ ပြီးနောက် ရှမ့်လန်၏ လက်များက မူလန်၏ ခန္ဓာကိုယ်ဆီသို့ ရောက်ရှိသွားသည်။

မူလန်၏ ပါးပြင်များက နီမြန်းသွားခဲ့၏။ ပြီးနောက် တိုးညင်းသည့် လေသံဖြင့် မေး၏။ “ဒီ... ဒီနေရာမှာလား။”

ရှမ့်လန်က ပြန်ပြောလိုက်၏။ “မကောင်းဘူးလား။ ဒီနေရာက လေကောင်းလေသန့် ရတယ်။ ပြီးတော့ လူ့ဘဝဆိုတာက အတွေ့အကြုံသစ်တွေကို အမြဲတမ်း ရှာဖွေနေရတာပဲ မဟုတ်လား။”

မူလန်က ခဏတာ နှုတ်ဆိတ် စဉ်းစား၏။ ပြီးနောက် ခေါင်းညိတ်လိုက်၏။ “ကောင်းပြီလေ။ ဒါဆိုရင်လည်း။”

နာရီဝက်ခန့် ကြာပြီးနောက် …..

“မိန်းမ... မင်း ဘာတွေ ထပ်ပြီး လုပ်နေပြန်တာလဲ။” ရှမ့်လန်က မေးမြန်းသည်။

“အင်း... ကိုယ်ဝန်ရအောင် ကြိုးစားနေတာ။” မူလန်က ပြန်ဖြေ၏။

ရှမ့်လန်က ဆွံ့အသွားမိ၏။ အကြိမ်တိုင်း ဤသို့ ပြုလုပ်ရန် လိုအပ်ပါသလား။ သူတို့၏ ရည်ရွယ်ချက်က ပျော်ရွှင်မှုကို ခံစားရန်ပင်။ ကလေးရရန် ကြိုးစားခြင်း မဟုတ်ချေ။

All Chapters