← Chapters

အခန်း (၂၃၂)

Vol. 24 Ch. 232

အခန်း (၂၃၂)

Vol. 24 Ch. 232

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၃၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ဤအချိန်တွင် လီရူဟိုင်၏ အံ့သြမှုကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်တော့ပေ။ ဆရာသခင်ကြီးတစ်ပါး လှုပ်ရှားလိုက်သည်နှင့် ရှောင်တိမ်းရန် ကြိုးစားခြင်းသည် အချည်းနှီးသာ ဖြစ်သည်။ လီရူဟိုင်သည်လည်း ရှောင်တိမ်းရန် လုံးဝ ဆန္ဒမရှိပေ။ သူရှောင်တိမ်းလိုပင် မရှောင်နိုင်ချေ။ ထို့အတွက်ကြောင့် ထိပ်တိုက်ယှဥ်ဆိုင်ရပေမည်။ သူ၏လက်ထဲမှ ဓားမကြီးသည် ရွှမ်းချီနှင့် အတွင်းအားများ အပြည့်ပါဝင်နေပြီး ချက်ချင်း လမ်းကြောင်းပြောင်းကာ ဆရာသခင်ကြီးထံသို့ ခုတ်ပိုင်းလိုက်သည်။

ဆရာသခင်ကြီး၏ ဓားချီစွမ်းအင်နှင့် လီရူဟိုင်၏ ဓားမကြီးအရှိန်အဝါ ၊ အလွန်တရာ စွမ်းအားကြီးမားသော စွမ်းအင်နှစ်ခုသည် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားကြသည်။

“ဝုန်းးးးးးးးး” ချက်ချင်းပင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အနီးနားရှိ လူတိုင်း လွင့်စင်ထွက်သွားကြသည်။ ထို့နောက် မြို့ရိုးမျှော်စင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ချူဟုန်ယဲ့သည် မြေပြင်မှ ထရပ်လိုက်ပြီး လတ်ဆတ်သော သွေးတစ်လုပ်ကို ထွေးထုတ်လိုက်ကာ နင်ဇောင်ဝူထံသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ “ဆရာသခင်ကြီး။”

နင်ဇောင်ဝူသည် စကားမပြောဘဲ လက်ကာပြလိုက်သည်။

လီရူဟိုင်သည်လည်း စကားမပြောဘဲ ဆရာသခင်ကြီးနင်ဇောင်ဝူကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ သူ၏ တွက်ချက်မှုများအရ နင်ဇောင်ဝူသည် လုံးဝ ၊ လုံးဝ လှုပ်ရှားနိုင်မည် မဟုတ်ပေ။ ခူအီနှင့် တိုက်ခိုက်ပြီးနောက် သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားရာ နောက်ထပ်တစ်ကြိမ် ထပ်မံလှုပ်ရှားပါက အသက်ရှင်ရန် မလွယ်ကူတော့ပေ။

အရေးကြီးဆုံး အချက်မှာ လီတောက်ကျိန်းသည် လီရူဟိုင်နှင့်အတူ ရှိမနေဘူးဟု မည်သူ အာမခံနိုင်မည်နည်း။ မည်သို့ပင်ဆိုစေကာမူ သူမသည် လီချန်ချန်၏ ဆရာသခင် ဖြစ်သည်။ နင်ဇောင်ဝူ ရောက်လာလိမ့်မည်ဟု ဘယ်သူ ထင်ထားမည်နည်း။

သူ၏ ဒါဏ်ရာများက တစ်ဝက်ကျော်လောက်သာ ပြန်လည်ကောင်းမွန်သေးချိန်တွင် လီရူဟိုင်က ဆရာသခင်ကြီးအဆင့် ကျွမ်းကျင်သူ ဖြစ်နေသည်။ သူသာ ဝင်ရောက်တိုက်ခိုက်လျှင် လီရူဟိုင်ကို သတ်နိုင်ဖို့ မသေချာသည့်အပြင် သူ့အသက်ပါ ဆုံးရှုံးသွားနိုင်သည်။

တာ့နင်အင်ပါယာကြီးတစ်ခုလုံးသည် ဤမျှလောက် ပုပ်သိုးဆွေးမြေ့နေသာ်လည်းပဲ အင်ပါယာအတွက် အသက်စွန့်ကာ တိုက်ခိုက်မည့်သူများစွာကတော့ ရှိနေဆဲ ဖြစ်လေ၏။

လီရူဟိုင်သည် ဆရာသခင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် မြို့ရိုးပေါ်မှ ခုန်ဆင်းကာ သူ၏ တပ်ဖွဲ့ရှိရာသို့ ပြန်သွားလိုက်သည်။ လက်ရွေးစင်စစ်သည် တစ်သောင်းကို ဦးစီးထားသော တပ်မှူး ၊ လီရူဟိုင်၏ စတုတ္ထညီဖြစ်သူ လီရူရှန်းသည် သူ့အစ်ကို၏ မျက်နှာကို စိုက်ကြည့်လိုက်ရာ ပုံမှန်အတိုင်း ဖြစ်နေပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရသဖြင့် သက်ပြင်းချလိုက်သည်။

လီရူဟိုင် ချက်ချင်း အမိန့်ပေးလိုက်သည်။ “ဆုတ်ခွာမယ်”

လီရူရှန်း ကြောင်အသွားသည်။

ဆုတ်ခွာမယ်လော။ အဘယ်ကြောင့်နည်း။ မြောက်လေတိုက် ခံတပ်ဂိတ်က ကျဆုံးတော့လေမည်။ မြောက်လေတိုက် ခံတပ်ဂိတ်ကို သိမ်းပိုက်ပြီးသွားလျှင် သူတို့အနေဖြင့် မည်သည့် ဘာအတားအဆီးမှ ရှိတော့မည် မဟုတ်ဘဲ တာ့နင်အင်ပါယာရဲ့ နယ်မြေထဲကို တိုက်ရိုက် ဝင်ရောက် ကျူးကျော်နိုင်တော့မည်။

ထိုအချိန်ကျလျှင် ဧကရာဇ်အနေဖြင့် သူတို့၏ တောင်းဆိုချက်များကို လိမ်လိမ်မာမာဖြင့် လိုက်လျောရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိမည် မဟုတ်ပေ။ လီဝမ်ဟွေ့ကို သတ်ခြင်း ၊ လီလျန်တင်းကို နှင်ထုတ်ခြင်း ၊ မင်းသမီးနင်းရွှဲ့ကို လက်ထပ်ပေးခြင်းတို့သာ ပြုလုပ်ရပေလိမ့်မည်။ ယခုအချိန်တွင် ဆုတ်ခွာလိုက်ပါက ယခင်က ကြိုးစားအားထုတ်မှုများ အားလုံး သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။

“အရှင်မင်းကြီး” လီရူရှန်း အံ့သြတကြီး မေးလိုက်သည်။

“ဆုတ်ခွာမယ်” လီရူဟိုင်သည် တည်ငြိမ်နေဆဲဖြစ်ပြီး နောက်ထပ် စကားတစ်ခွန်းမှ မပြောချင်တော့ဘဲ သူ၏ ခမ်းနားထည်ဝါသော မြင်းရထားလုံးပေါ်သို့ တက်သွားလိုက်သည်။ သူသည် လမ်းတစ်လျှောက်လုံး မြင်းစီးလာခဲ့ပြီး ဤရထားလုံးကို ယခင်က မစီးခဲ့ဖူးပေ။ သို့သော် ယခုအချိန်တွင် သူ ရထားလုံးထဲသို့ ဝင်သွားသည်။ သူ၏ ခြေလှမ်းများသည် လမ်းလျှောက်စဉ်နှင့် အတက်အဆင်း ပြုလုပ်စဉ်တွင် တောင်ကြီးတစ်လုံးကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သည်။

ရထားလုံးထဲသို့ ဝင်ရောက်ပြီးနောက် နောက်တစ်စက္ကန့်တွင် လီရူဟိုင်၏ ရင်ဘတ်သည် ရုတ်တရက် ကွဲအက်သွားပြီး တစ်ပေခန့် ရှည်လျားသော ဒဏ်ရာကြီး ပေါ်လာကာ ရင်ဘတ်တစ်ခုလုံးကို ခွဲလိုက်သကဲ့သို့ ဖြစ်သွားသည်။

သွေးများ ပန်းထွက်လာပြီး သူ၏ ကိုယ်တွင်းကလီစာများကို အထင်းသား မြင်နေရကာ အဆုတ်ပေါ်တွင်ပင် နက်ရှိုင်းသော ဓားရာများ ထင်ကျန်နေသည်။.စကားတစ်ခွန်းမှ မပြောဘဲ သူ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

ရထားလုံးထဲတွင် မီးနတ်ဘုရားဘုန်းတော်ကြီးတစ်ပါး ရှိနေပြီး အစတွင် လန့်သွားသော်လည်း အသံမထွက်ဘဲ အစွမ်းကုန် ကုသပေးရန် ပြင်ဆင်လိုက်လေသည်။

**--**--**--**--**--**--**--**

မြို့ရိုးပေါ်တွင်။

ချူဟုန်ယဲ့သည် သွေးတစ်လုပ် အန်ထုတ်ပြီးနောက် နင်ဇောင်ဝူ၏ ဘေးသို့ ချက်ချင်း ပြေးသွားလိုက်သည်။

‘ဆရာသခင်ကြီး ဘာမှမဖြစ်ရဘူး။ ဘာမှမဖြစ်ရဘူး။ သူသာ သေသွားရင် ငါကိုယ့်ကိုယ်ကိုယ် ဆယ်ခါပြန်သတ်ရင်တောင် အင်ပါယာရဲ့ ဆုံးရှုံးမှုကို ပြန်ပေးဆပ်နိုင်မှာ မဟုတ်ဘူး’

အင်ပါယာတစ်ခုလုံးတွင် ဆရာသခင်ကြီး အနည်းငယ်သာ ရှိပြီး အင်ပါယာနှင့် အရှင်မင်းကြီးအပေါ် သစ္စာရှိသူမှာ ပို၍ပင် ရှားပါးလှသည်။ ဆရာသခင်ကြီးနင်ဇောင်ဝူသည် အင်ပါယာ၏ ကျောထောက်နောက်ခံ ၊ သိုင်းပညာလောက၏ ကျောထောက်နောက်ခံ တိုင်မကြီး ဖြစ်သည်။

ရန်သူနိုင်ငံများမှ သိုင်းပညာဆရာသခင်ကြီးများ ၊ သို့မဟုတ် ရန်လိုသော သိုင်းပညာဆရာသခင်ကြီးများသည် ကျန်းနန်နယ်စားမင်း သို့မဟုတ် တော်ဝင်မိသားစုကို ရန်ရှာလိုသည့်အခါ နင်ဇောင်ဝူ၏ လက်တုံ့ပြန်မှုကို ထည့်သွင်းစဉ်းစားကြရပြီး သူတို့၏ ဆန္ဒများကို ထိန်းချုပ်လိုက်ကြရသည်။ ဤဆရာသခင်ကြီးအနည်းငယ်သာ ထိန်းချုပ်မထားလျှင် မင်းသမီးနင်းရွှဲ့ ၊ အိမ်ရှေ့စံမင်းသားနှင့် ကျန်းနန်နယ်စားမင်းဆုန်ချွဲတို့သည် နှစ်စဉ်နှစ်တိုင်း လုပ်ကြံသတ်ဖြတ်မှုပေါင်းများစွာကို ကြုံတွေ့ရပေလိမ့်မည်။

တောင်ဘက်တွင် နင်ဇောင်ဝူ ၊ မြောက်ဘက်တွင် လီလျန်တင်း။ ဤသိုင်းပညာဆရာသခင်ကြီးများသည် ခေတ်သစ်ကမ္ဘာမြေရှိ နူကလီးယားလက်နက်များနှင့် အနည်းငယ် တူညီသည်။ အကောင်းဆုံးကတော့ ထုတ်မသုံးတာ ဖြစ်သော်လည်းပဲ သူတို့ ရှိနေဖို့သည်တော့ လိုအပ်သည်။ အဓိကအားဖြင့် နောက်ကျောကိုဓားဖြင့် ထိုးခြင်းကို ဟန့်တားရန်အတွက် ဖြစ်သည်။ ချူဟုန်ယဲ့ ရှေ့တိုးလိုက်ပြီး ဆရာသခင်ကြီး၏ လက်မောင်းကို အလိုအလျောက် ဆွဲကိုင်လိုက်သည်။

သို့သော် ဆရာသခင်ကြီး၏ ညာဘက်လက်မောင်းသည် ပြုတ်ထွက်လာပြီး လက်ထဲမှ ရတနာဓားပါ ပြုတ်ကျသွားသည်။

“ဖူးးးး” လတ်ဆတ်သော သွေးတစ်လုပ် ရုတ်တရက် ပန်းထွက်လာသည်။ ချူဟုန်ယဲ့သည် သူမလက်ထဲမှ ပြတ်နေသော လက်မောင်းပြတ်ကို ကြည့်ပြီး မျက်ရည်များ စီးကျလာသည်။ ဆရာသခင်ကြီး၏ ဒါဏ်ရာများသည် အလုံးစုံ ပြန်လည်ကောင်းမွန်သေးသော်လည်း လီရူဟိုင်သည် ကမ္ဘာမြေကြီးကို တုန်လှုပ်စေသော ထိုဓားချက်ကို ရှောင်လွှဲနိုင်ခြင်း မရှိခဲ့ပေ။ ရှောင်တိမ်းရန် သို့မဟုတ် ထွက်ပြေးရန် ကြိုးစားခြင်းသည် ရလဒ်တစ်ခုတည်းကိုသာ ဖြစ်စေလိမ့်မည်။ သေချာပေါက် သေဆုံးခြင်းပင် ဖြစ်သည်။

သူ့ကိုယ်သူ ကာကွယ်ရန် တစ်စုံတစ်ယောက်ကို ချက်ချင်း ဆွဲယူလိုက်လျှင်ပင် သေချာပေါက် သေဆုံးမည်သာ ဖြစ်သည်။ ဆရာသခင်ကြီး၏ ဓားချီစွမ်းအင်သည် လူတစ်ယောက်ကို အလွယ်တကူ ဖြတ်သန်းသွားနိုင်ပြီး လီရူဟိုင်၏ ခန္ဓာကိုယ်ကိုပါ ပိုင်းဖြတ်သွားနိုင်ပေသည်။ သို့သော် လီရူဟိုင်သည် အမြန်ဆုံးအချိန်အတွင်း မှန်ကန်သော တုံ့ပြန်မှုကို ပြုလုပ်ခဲ့ပြီး မည်သည့် ရှောင်တိမ်းမှုမှ မပြုလုပ်ဘဲ ဓားမကြီးဖြင့် တိုက်ရိုက် ခုခံခဲ့သည်။

ရလဒ်အနေဖြင့် သူ၏ ဓားမကြီးအရှိန်အဝါသည် ဆရာသခင်ကြီး၏ ဓားချီစွမ်းအင်နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ခဲ့သည်။ ကမ္ဘာမြေကြီး တုန်လှုပ်သွားစေသော ပေါက်ကွဲမှုအပြီးတွင် ဆရာသခင်ကြီး၏ ဓားချီစွမ်းအင် အများစုသည် ပျက်ပြယ်သွားခဲ့သည်။ ကျန်ရှိနေသော ဓားချီစွမ်းအင်သည် အလွန်အမင်း အစွမ်းထက်နေဆဲ ဖြစ်သော်လည်း လီရူဟိုင်ကို တိုက်ရိုက် နှစ်ပိုင်းပြတ်အောင် မခုတ်နိုင်တော့ပေ။

ထို့အပြင် လီရူဟိုင်၏ ဓားမကြီးအရှိန်အဝါမှ လေလှိုင်းများသည် ဆရာသခင်ကြီး၏ ညာဘက်လက်မောင်းကို တိုက်ရိုက် ဖြတ်တောက်သွားခဲ့သည်။

“ကိစ္စမရှိပါဘူး။ ငါ့ကံက တော်တော်လေး ကောင်းနေပါသေးတယ်။ ပြန်ဆက်ပြီး ချုပ်လိုက်ရင် ဒီလက်က သုံးလို့ ရပါသေးတယ်။ အခု အရက်ပြင်းပြင်း သွားရှာချေ။ ပြတ်သွားတဲ့ လက်မောင်းကို ပိုးသတ်ဖို့ ၊ ပြီးရင် သွေးကြောမကြီးတွေကို အရင်ဆက်ပြီး ချုပ်ရမယ်။ ပြီးမှ သွေးကြောငယ်လေးတွေကို ဆက်ရမယ်။ ဒီအလုပ်တွေကို လုပ်ဖို့ အတော်ဆုံး စစ်ဘက်ဆရာဝန်ကို သွားရှာလိုက်။ ပြီးရင် ပြတ်သွားတဲ့လက်ကို ပြန်ချုပ် ၊ အရိုးဆက်ဆေး နဲ့ အရွတ်ဆက်ဆေးလုံးတွေကို တွဲသုံးရင် ရပြီ” နင်ဇောင်ဝူက ပြောလိုက်သည်။

“ဟုတ် ဟုတ်ကဲ့ပါ” ချူဟုန်ယဲ့သည် သူမ၏ စိတ်ကို အမြန်ဆုံး တည်ငြိမ်အောင် လုပ်လိုက်ပြီး ဆရာသခင်ကြီး၏ စကားလုံးတိုင်းကို မှတ်သားလိုက်သည်။ သူမ၏ နောက်တွင် လီဝေသည် စကားတစ်ခွန်းမှ မပြောဘဲ အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည် ဒါဇင်ပေါင်းများစွာကို ဦးဆောင်ကာ အကောင်းဆုံးဆေးဝါးများနှင့် အကောင်းဆုံး အဂ္ဂိရတ်ပညာရှင်များကို ရှာဖွေရန် အနီးဆုံးမြို့သို့ ချက်ချင်း ပြေးထွက်သွားသည်။

“ဖူးးးး” ဆရာသခင်ကြီးသည် သွေးတစ်လုပ် ထပ်မံ ထွေးထုတ်လိုက်ပြီး အောင်နိုင်သူအဖြစ် ရယ်မောလိုက်သည်။ “လီရူဟိုင်က ငါ့ထက် အခြေအနေ ပိုဆိုးသွားပြီ ဟားဟား”

ဆရာသခင်ကြီး နင်ဇောင်ဝူသည် ဒဏ်ရာရတိုင်း အထူးတလည် အားရပါးရ ရယ်မောတတ်သည်။

**--**--**--**--**--**--**--**

မြောက်လေတိုက် ခံတပ်ဂိတ် အောက်ခြေတွင်။

လီရူဟိုင်၏ အမိန့်ပေးမှုကြောင့် အင်အားငါးသောင်းရှိသော တပ်မတော်ကြီးသည် နောက်သို့လှည့်ကာ လုံးဝ ဆုတ်ခွာသွားကြသည်။ သူတို့၏ စိတ်ထဲတွင် အဆုံးမဲ့ မလိုလားအပ်မှုများ ၊ အဆုံးမဲ့ နာကျင်မှုများနှင့် ပြည့်နှက်နေသည်။ ဤအချိန်မှစ၍ စစ်တပ်ကို မွေးမြူခြင်း ၊ နယ်စပ်ကို ကျူးကျော်ခြင်းနှင့် ဧကရာဇ်ကို အကျပ်ကိုင်ခြင်း ဟူသော လီမိသားစု၏ ပူးပေါင်းကြံစည်မှုသည် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ လီဝမ်ဟွေ့အား သတ်ဖြတ်ရန်မှာ ယခုအချိန်တွင် မဖြစ်နိုင်တော့ပေ။ အရှေ့ဘက်ကွပ်ကဲရေးရုံးမှူး လီလျန်တင်းကို နှင်ထုတ်ရန်မှာလည်း ပို၍ပင် မဖြစ်နိုင်တော့သကဲ့သို့ ၊ မင်းသမီးနင်းရွှဲ့ကို လက်ထပ်ယူရန်မှာမူ ပို၍ ၊ ပို၍ပင် မဖြစ်နိုင်တော့ချေ။

လီရူဟိုင်၏ ပူးပေါင်းကြံစည်မှုကို ဟန့်တားရာတွင် ပထမဆုံး သူရဲကောင်းများမှာ တုပိုင်နှင့် ရှားလုံရွှိုတို့ ဖြစ်ပေသည်။ အကယ်၍ ရှားလုံရွှိုသာ စစ်တပ်မစေလွှတ်ခဲ့လျှင် လီရူဟိုင်၏ ကျူးကျော်စစ်တပ် အင်အား ရှစ်သောင်းကြောင့် ချူဟုန်ယဲ့အနေဖြင့် တောင့်ခံနိုင်မည် မဟုတ်ပေ။ မြောက်လေတိုက် ခံတပ်ဂိတ်သည် တစ်နာရီမပြည့်ခင် ကျဆုံးသွားမည် ဖြစ်ပြီး လီရူဟိုင်အနေဖြင့် ကိုယ်တိုင် လှုပ်ရှားစရာ မလိုသလို ဒဏ်ရာရစရာလည်း အကြောင်းမရှိပေ။ ဆရာသခင်ကြီးနင်ဇောင်ဝူ ရောက်လာခဲ့လျှင်ပင် စစ်သည်တစ်သောင်းကြားတွင် ရှိနေသော လီရူဟိုင်ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။

ဒုတိယသူရဲကောင်းမှာ ဆရာသခင်ကြီးနင်ဇောင်ဝူ ဖြစ်သည်။ အကယ်၍ သူသာ အသက်စွန့်ပြီး မလှုပ်ရှားခဲ့ပါက ချူဟုန်ယဲ့ သေဆုံးသွားပြီဖြစ်ပြီး မြောက်လေတိုက် ခံတပ်ဂိတ်လည်း ကျဆုံးသွားကာ လီရူဟိုင်၏ အင်အားငါးသောင်းရှိသော တပ်မတော်ကြီးသည် အင်ပါယာ၏ နယ်မြေထဲသို့ လျင်မြန်စွာ ဝင်ရောက်လာပေလိမ့်မည်။ ထိုအချိန်တွင် လီရူဟိုင်ကို တားဆီးရန် မည်သည့်အင်အားမှ ကျန်ရှိတော့မည် မဟုတ်ပေ။

ယွန်းနန်ပြည်နယ်နှင့် ကွမ်းရှီးပြည်နယ်ရှိ သောင်းချီသော စစ်တပ်များကိုတော့ မေ့ထားလို့ရပြီဖြစ်၏။ ထိုသူများကလည်း လီရူဟိုင်တို့နှင့် တစ်ကြိတ်တည်းတစ်ဉာဏ်တည်းသာဖြစ်ကြ၏။

တတိယသူရဲကောင်းမှာ စစ်သူကြီး ချူဟုန်ယဲ့ ဖြစ်သည်။ အကယ်၍ သူမသာ အိုမင်းမစွမ်းဖြစ်နေသော ဝံပုလွေတပ်ဖွဲ့ဝင် ထောင်ဂဏန်းကို ဦးဆောင်ပြီး မြောက်လေတိုက် ခံတပ်ဂိတ်ကို ကာကွယ်မထားခဲ့လျှင် လီရူဟိုင်သည် တာ့နင်အင်ပါယာ၏ နယ်မြေထဲသို့ အတားအဆီးမရှိ ဝင်ရောက်နိုင်မည် ဖြစ်သည်။

တကယ်တမ်းတွင် လီရူဟိုင်သည် မြောက်လေတိုက် ခံတပ်ဂိတ်ကို ဖြတ်သန်းစရာမလိုဘဲ ပိုင်ဆယ်မြို့ဘက်မှတစ်ဆင့် အန်လုံစော်ဘွားစီရင်စုကို ကွေ့ပတ်ကာ တာ့နင်အင်ပါယာ နယ်မြေထဲသို့ ဝင်ရောက်နိုင်သည်။ သို့သော် လီရူဟိုင်သည် ပိုင်ဆယ်မြို့လမ်းကြောင်းကို မရွေးချယ်ခဲ့ပေ။ ပထမအချက်မှာ သူသည် အန်လုံစော်ဘွားစီရင်စု၏ နယ်မြေကို ဖြတ်သန်းပြီး အန်လုံဒေသခံခေါင်းဆောင်၏ လက်ကျန်တပ်များကို ချေမှုန်းကာ မျက်စိစပါးမွှေးစူးစရာများကို ဖယ်ရှားပစ်လိုခြင်း ဖြစ်သည်။

ထို့အပြင် ပိုင်ဆယ်မြို့သည် တာ့နင်အင်ပါယာ၏ စီရင်စုတစ်ခု ဖြစ်သော်လည်း လီမိသားစု၏ အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ အရာရှိများမှသည် ယာမန်အမှုထမ်းများ ၊ မြို့စောင့်တပ်များအထိ အားလုံးက လီမိသားစုဝင်များ ဖြစ်ကြသည်။ အကယ်၍ လီရူဟိုင်သာ ထိုဘက်မှ ချီတက်လာပါက ကိုယ့်လူကိုယ် ပြန်တိုက်သလိုဖြစ်နေပေလိမ့်မည်။

**--**--**--**--**--**--**--**

အန်နမ်နိုင်ငံ နယ်စပ် ၊ ချွမ်ရှယ်ကျောင်းတော် အတွင်း။

ဆရာသခင်ကြီးချွမ်ရှယ်က ထပ်မံ ပြောလိုက်သည်။ “မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ ငါ့ရဲ့ စိတ်စွမ်းအင် အမွေအနှစ်ကို ရနိုင်မယ်။ ဘယ်သူက စွန့်လွှတ်ဖို့ ဆန္ဒရှိလဲ”

တုပိုင်နှင့် မင်းသမီးယွီကျိန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

‘ခင်ဗျားရဲ့ ခန္ဓာကိုယ်အချိုးအစားက ပေါက်ကွဲထွက်မတတ် ဖြစ်နေပေမယ့် ၊ ခင်ဗျားရဲ့ တင်ပါးတွေက ပြီးပြည့်စုံနေပေမယ့် ၊ ခင်ဗျားက အရမ်းလှပနေပေမယ့် ၊ ခင်ဗျား ငါ့ကို ကူညီခဲ့ဖူးပေမယ့်’

‘ဒါပေမယ့် ငါ့ကို လက်လျော့ခိုင်းပြီး ခင်ဗျားကို ပေးလိုက်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး’

မင်းသမီးယွီကျိန်းကလည်း ပို၍ပင် လက်လျော့မည့်ပုံ မပေါ်ပေ။ သူမသည် လက်ရှိတွင် တုပိုင်ကို ရိုက်နှက်ရန် စဉ်းစားနေသည်။ ဤအကောင်စုတ်က သူမကို ရိသဲ့သဲ့ လုပ်ရဲရုံသာမက အခုနက သူမ၏ တင်ပါးကိုပင် အခွင့်ကောင်းယူပြီး ကိုင်လိုက်သေးသည်။

အပိုင်း ၂၃၂ ပြီး။

All Chapters