← Chapters

အမှားတစ်ချက်နောက်တွင် အမှားများ ပိုမိုလိုက်ပါလာ

Vol. 1 Ch. 492

အမှားတစ်ချက်နောက်တွင် အမှားများ ပိုမိုလိုက်ပါလာ

Vol. 1 Ch. 492

“ကျန်းရီ”

ဤနေရာသို့ ဖြည်းဖြည်းချင်း လျှောက်လာနေသည့် လူငယ်ကို ကြည့်ပြီးနောက် လင်းရွှယ်က နှုတ်ခမ်းအနည်းငယ် တွန့်သွားကာ သူမ၏ မျက်ဝန်းထဲတွင် နာကျင်မှု အရိပ်အယောင်နှင့် ဆုံးရှုံးမှုတို့ ပေါ်လာတော့သည်။ တစ်ခါတုန်းက သူမတွင်လည်း အိပ်မက်တစ်ခု ရှိခဲ့ဖူး၏။ ဤလောကတွင် ပြိုင်ဘက်ကင်းသည့် ကောင်လေးတစ်ဦးကို ရှာရန်ဖြစ်သည်။ သူမက သူ့ဘေးတွင် ရှိနေပြီး သူက သူမအပိုင် ဖြစ်ကာ နှစ်ယောက်သား တစ်လောကလုံးကို ခြေဆန့်ကြမှာ ဖြစ်သည်။ တိုင်းပြည်စစ်ပွဲ၌ ချန်ပီယံတစ်ဦး ဖြစ်လာချိန်၌ ကျန်းရီကို သူမ စတင် သတိထားမိခဲ့သည်။ သူ၏ ထောက်ပံ့မှုကို ရရန် သူမ ထိုစဉ်က ကြိုးစားခဲ့ဖူးသည်။ နောက်ပိုင်းတွင် ကျန်းရီက ရှန်ဝူတိုင်းပြည်ကို သစ္စာဖောက်သည့် အချိန်တွင် သူမက သူ့ကို စတင်လေးစား လာတော့သည်။ မည်သူမှ မလုပ်ရဲသည့်အရာကို သူ လုပ်ဝံ့သည်။ သူက စစ်မှန်သည့် သူရဲကောင်း ဖြစ်၏။ မည်သည့်မိန်းမပျိုကများ အိပ်မက်တစ်ခု မရှိမည်နည်း။

လင်းရွှယ်သည် မိုးပြာနဂါးအင်ပါယာကို ပြန်လည်အသက်သွင်းရန်နှင့် လင်းဂိုဏ်း၏ ဘိုးဘေးများနှင့် ဖခမည်းတော်၏ မျှော်လင့်ချက်များ သယ်ဆောင်ထားရသော်ငြား သူမက မိန်းကလေးတစ်ဦး ဖြစ်နေသေးသည်။

မိန်းကလေးတိုင်းက သူရဲကောင်းများကို နှစ်သက်သဘောကျသည်။ ကျန်းရီသည် ဤခေတ်တွင် အကြီးမြတ်ဆုံး သူရဲကောင်းဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။

သူသည် ပြည်ထောင်စစ်ပွဲ၌ ချန်ပီယံဖြစ်လာပြီး ရှန်ဝူတိုင်းပြည်၏ သစ္စာဖောက် ဖြစ်ခဲ့သည်။ တိုင်းပြည်တစ်ပြည်ကို သူကိုယ်တိုင် ရင်ဆိုင်ခဲ့ကာ မဟာရှတိုင်းပြည်ထဲတွင် အကြီးအကျယ် ပျက်စီးမှုကို ဖြစ်စေခဲ့ပြီး တိုင်းသူပြည်သားများ ဝေဒနာမခံစားရစေရန်အတွက် မြေခွေးလေးကို ကယ်တင်ခဲ့ကာ မဟာမိတ်(၆)စုကို ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး သူ့ကိုယ်ပိုင် တပ်သားတစ်သန်း ရှိလာခဲ့သည်။ ကျန်းရီအကြောင်း ဇာတ်ကြောင်းက များပြားလွန်းပေ၏။

သူတို့သည် ရန်သူများဖြစ်သော်လည်း လင်းရွှယ်သည် ထိုနတ်ဘုရားကဲ့သို့ လူငယ်လေးက ဤလောကထဲရှိ မည်သည့်မိန်းကလေးကိုမဆို ဆွဲဆောင်နိုင်စွမ်းရှိကြောင်း ဝန်ခံရမည် ဖြစ်သည်။ ဤခေတ်ရှိ ကျန်သည့် လူငယ်လေးများက ကျန်းရီနှင့် ယှဉ်လျှင် အလိုလို မှိန်ကုန်ကြသည်။ သူတို့က ကြီးမြတ်သော လရောင်နှင့် ယှဉ်ရန် ကြိုးစားနေကြသည့် ပိုးစုန်းကြူးများပမာ ဖြစ်နေသည်။

အရေးအကြီးဆုံးက ကျန်းရီတွင် စစ်မှန်သော နှလုံးသား၊ စစ်မှန်သော စိတ်ဝိညာဉ် ရှိပေ၏။ သူသည် သူချစ်မြတ်နိုးရသူအတွက် စစ်ပွဲများကို ရင်ဆိုင်ရန် မတွေဝေနေပေ။ ယင်းက မိန်းမပျိုများစွာ၏ နှလုံးသားကို လှုပ်ရှားစေခဲ့၏။

ယခုအချိန်တွင် လင်းရွှယ်က ထိုလူကို နက်နက်ရှိုင်းရှိုင်း ချစ်ကျွမ်းဝင်နေပြီမှန်း ရုတ်တရက် သိလိုက်ရသည်။ သူမသည် သူ့ကို သတ်ဖြတ်ရန်အတွက် နည်းမျိုးစုံဖြင့် အတိတ်တုန်းက ကြိုးစားခဲ့ဖူးသည်။

“သိပ်နောက်ကျသွားပြီ အရာအားလုံး နောက်ကျသွားပြီ အမှားတစ်ခုနောက်မှာ အမှားတွေ ပိုလိုက်လာတာပဲ ငါတို့တွေက ပြောင်းလဲမှုတွေထဲမှာ ရှိနေတယ်၊ ဝဋ်ဆိုတာ အမြဲတမ်း ဒီမှာ ရှိနေတာ”

လင်းရွှယ်သည် မသိလိုက်မသိဘာသာဖြင့် မျက်ရည်များ ကျလာတော့၏။ မဟာရှတိုင်းပြည်ကို ပြည်ထောင်ခြောက်ခု ဝိုင်းရံသည့် အချိန်တွင် ကျန်းရီထံမှ သူမ ဝေးသွားရတော့မည်မှန်း သိလိုက်သည်။ သို့သော် မိုးပြာနဂါးအင်ပါယာ၏ အကျိုးအမြတ်အတွက် သူမသည် ကျန်းရီအပေါ် ခံစားချက်များကို ဘေးချိတ်ထားခဲ့သည်။ ရလဒ်အနေဖြင့် ယင်းက သူမဘဝတွင် ပြုလုပ်ခဲ့သော အကြီးမားဆုံး အမှားဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ဘီး..

ကျန်းရီ၏ မီးနဂါးဓားက လင်းထိန်လာပြီဖြစ်ကာ သူ၏ မျက်လုံးတို့က သွေးနီရောင် ပြောင်းလဲသွားပြီး သတ်ဖြတ်လိုသည့် ရောင်ဝါများသည် သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် အရှိန် စတင်လိုက်ပြီးနောက် မီးနဂါးဓားကို လွဲယမ်းလိုက်သည်။ တောက်ပသည့် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီးနောက် မီးနဂါးငယ် သောင်းချီအဖြစ် ပြောင်းလဲသွားပြီးနောက် ရှေ့ရှိ မဟာမိတ်တပ်ဖွဲ့ဆီသို့ ဦးတည်သွားကာ ကမ္ဘာလောကကြီးကို ဖျက်ဆီးတော့မည့် အရှိန်အဝါမျိုးဖြင့် ဖြစ်နေသည်။

သတ်ဖြတ်ခြင်းဆန္ဒဖြင့် ဝန်းရံခံထားရစဉ် အရှေ့ရှိ စစ်သားများက မလှုပ်နိုင်ကြတော့ချေ။ သူတို့က သူတို့ဆီ နဂါးငယ်များ တိုးဝင်လာတာကိုသာ ကြည့်နေရပြီး မီးပင်လယ်ထဲ ဆွဲချခံလိုက်ရသည်။

ဖောင်း ဖောင်း ဖောင်း..

ပေါက်ကွဲသံများ ပေါ်ထွက်လာပြီးနောက် ခန္ဓာကိုယ်တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကာ မီးမိုးသည် အရပ်မျက်နှာအနှံ့ ရွာသွန်းကျလာ၏။ ကျန်းရီ၏ မီးနဂါးများက ရဲဝင့်လွန်းပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသွား သိုင်းပညာရှင်တစ်ဦးကို သတ်ဖြတ်ရန်အတွက် မီးနဂါးတစ်ဒါဇင်ကျော် လိုလောက်ပေသည်။ သို့သော် ခရမ်းနေရာင်နန်းတော်ရှင် သိုင်းပညာရှင်တစ်ဦးကို သတ်ဖြတ်ရန်အတွက် နှစ်ကောင်၊ သုံးကောင်သာ လိုအပ်ပေသည်။ မီးနဂါးနှစ်ကောင် သုံးကောင်က သူတို့၏ ခန္ဓာကိုယ်ကို ချေမွနိုင်ပေ၏။

သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သိုင်းပညာရှင်များက ပိုတောင် အားနည်းပြီး သူတို့ကို သတ်ရန် မီးနဂါးတစ်ကောင်က လုံလောက်နေပြီ ဖြစ်သည်။

ထိုသို့ဆိုလျှင် ကျန်းရီ၏ ကြုံရာတာအိုတိုက်ကွက်များက စစ်သားများအားလုံးကို ရှင်းလင်းလိုက်ပြီး အကြမ်းဖျင်း တွက်ချက်မှုအရ လူနှစ်ထောင်ကျော် အနည်းဆုံး သေဆုံးခဲ့သည်။

“ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က တကယ်စွမ်းဆောင်ရည် ရှိတာပဲ၊ လူတစ်ယောက်က စစ်တပ်တစ်တပ်ကို တိုက်ခိုက်နိုင်တယ် ဆိုတာ အကြောင်းမဲ့ ပြောနေတာ မဟုတ်ဘူးပဲ၊ ကျန်းရီက အစွမ်းအထက်ဆုံးတောင် ဖြစ်နေသေးတယ်။ သူက လူတစ်သန်း ပါတဲ့ တပ်ဖွဲ့ကို တစ်ကိုယ်တည်းတောင် တိုက်နိုင်မှာ”

ကျန်းရီ အလွယ်တကူ သတ်ဖြတ်တာ ခံလိုက်ရသည့် စစ်သားများကို မြင်သောအခါ လင်းရွှယ်က ရင်ထဲမှာ သက်ပြင်းချလိုက်မိသည်။ သူမလက်ကို အသာဝှေ့ယမ်းပြီး စစ်သူကြီးကို တီးတိုးပြောလိုက်၏။

“ခန်းမသခင်ယွီကို ပြောလိုက်၊ သိုင်းခန်းမက အကူမလာဘူးဆိုရင် မဟာမိတ်တပ်ဖွဲ့တွေ အားလုံး သတ်ဖြတ်ခံရပါလိမ့်မယ်”

ကံဆိုးသည်မှာ ထိုအချက်အလက်သည် ပင်လယ်ထဲတွင် နစ်မြှုပ်သွားသည့် ရွှံ့ကဲ့သို့ ဖြစ်သွားပြီး သိုင်းခန်းမသည် မည်သည့်တုံ့ပြန်မှုမှ ပေးမလာခဲ့ပေ။

ကျန်းရီသည် တပ်ဖွဲ့များကို သူကိုယ်တိုင် အလွယ်တကူ သတ်ဖြတ်ခဲ့သည့် မဟာရှတိုင်းပြည်စစ်သားများ၏ စိတ်ဓာတ်ခွန်အားတို့က ကျန်းရီကြောင့် တက်လာကြတော့သည်။ ဆန့်ကျင်ဘက် အနေဖြင့် မဟာမိတ် တပ်သားများ၏ စိတ်ဓာတ်ခွန်အားက အောက်ခြေအထိ ရောက်သွားတော့သည်။ မြို့ရိုးပေါ်တွင် ရှိနေသည့် လင်းရွှယ်နှင့် စစ်သူကြီးများကြောင့်သာ မဟုတ်လျှင် စစ်သားများစွာက ယခုအချိန်တွင် စတင်ထွက်ပြေးနေမှာ ဖြစ်သည်။

ကျန်းရီက မြို့အပြင်ကို အလွယ်တကူ ကင်းလှည့်နေ၏။ သူသည် မဟာမိတ်တပ်ဖွဲ့များ ရှိသည့် နေရာသို့ သွားသည့် အခါတိုင်း သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်ပြီး မီးနဂါးဓားကို တစ်ချက် လွဲယမ်းလိုက်သည်။ အချိန်တိုင်းတွင် ခေါင်းထောင်ချီကို အလွယ်တကူ ယူသွား၏။ သတ်ဖြတ်ခြင်းက ကောက်ရိုးများ လှီးရသကဲ့သို့ လွယ်ကူလှပေသည်။

နှစ်နာရီ၊ နှစ်နာရီအတွင်း မဟာမိတ်တပ်ဖွဲ့အတွင်းရှိ လူသိန်းချီ သေဆုံးခဲ့သည်။ ယင်းက ကျန်းရီမြို့ကို စတင်တိုက်ခိုက်သည့် အချိန်မှ စတင်ခဲ့တာ ဖြစ်သည်။ သူက တပ်ဖွဲ့များကို မြို့ရိုးကို ဖြိုခိုင်းပြီး ဝင်သွားခိုင်းခဲ့လျှင် လူများ ပိုမိုသေဆုံးနိုင်လောက်ပေ၏။

ကျန်းရီက မြို့ကို မတိုက်ခိုက်ချင်တာ မဟုတ်ပေ။ သူသည် ကောင်းကင်စ်ိတ်အာရုံကို မြို့တွင်း၌ ဖြန့်ကျပ်ထားခဲ့တာ ဖြစ်သည်။ ယခုအချိန်၌ လင်းရွှယ်က မြို့တွင်းရှိ သိုင်းခန်းမကို စစ်သူကြီးတစ်ဦးအား ပို့လိုက်ကြောင့် သူ အာရုံခံမိသည်။ သိုင်းခန်းမ လှုပ်ရှားမှာကို သူ စောင့်နေသေးပေသည်။ သို့သော် (၂)နာရီခန့် စောင့်ပြီးနောက် ဘာမှဖြစ်မလာခဲ့ပေ။

“ဆက်တက်ကြဟေ့..”

သူ၏ ကောင်းကင်စိတ်အာရုံက ချက်ချင်းပင် ကောင်းကင်တစ်ခုလုံး ဖြန့်ကျက်သွား၏။ ရှောင်လုံဝမ်နှင့် ရှားတိက ကြောက်လန့်သွားတော့သည်။ သူ့ကို တစ်ချိန်လုံး သတိထားနေရသောကြောင့် သူတို့ ခွန်အားအကုန် မသုံးရဲကြပေ။

ကျန်းရီ၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာပြီးနောက် ဆက်လက်သတ်ဖြတ်တော့သည်။ သိုင်းခန်းမသည် စစ်သားတစ်သန်း အသတ်ခံရသည့် အချိန်အထိ စောင့်နေသည်လော။ အမည်မသိ ရန်သူက အန္တရာယ်အများဆုံး ဖြစ်သည်။

ကျန်းရီက တိတ်ဆိတ်မှုကို တုံ့ပြန်သည့်အနေဖြင့် ရန်သူကို ဦးစွာ ဖြေရှင်းရန် စောင့်ဆိုင်းလိုက်သည်။ သူသည် မည်သည့်နည်းနှင့်မဆို စောင့်နိုင်ပေ၏။ သို့သော် မဟာမိတ်တပ်ဖွဲ့ကမူ မစောင့်နိုင်ပေ။

“စစ်သူကြီးရှောင် ဆက်တိုက်ခိုက်ဖို့အတွက် လူတွေ ပိုလွှတ်..”

လင်းရွှယ်ကလည်း ကူကယ်ရာမဲ့နေသည်။ သူတို့အားလုံးက သိုင်းခန်းမအပေါ်၌ မျှော်လင့်ချက် ထားခဲ့ပြီး သိုင်းခန်းမ မရှိဘဲ ဘာမှမလုပ်နိုင်ပေ။ သူတို့၏ လူများကိုတောင် ခက်ခဲသည့် တိုက်ပွဲထဲ ပို့ရန် ထိန်းထားရသည်။ သို့မဟုတ်လျှင် အင်ပါယာက တပ်သားများ မရှိတော့သည့် အချိန်၌ လဲပြိုသွားမှာပဲ ဖြစ်သည်။

သိုင်းခန်းမ ဘာတွေ တွေးနေတာလဲ။ လင်းရွှယ်၏ ခေါင်းထဲတွင် မေးခွန်းများပြည့်နေတော့၏။ သိုင်းခန်းမသည် သူတို့ မလှုပ်ရှားခင် စစ်သားတစ်သန်းကို စတေးမည်လော။ သို့တည်းမဟုတ် သိုင်းခန်းမက သူမနှင့် ကျန်းရီ နှစ်ဦးနှစ်ဖက် ဆုံးရှုံးသည်ကို စောင့်ဆိုင်းပြီး သူတို့အားလုံးကို သတ်ဖြတ်လျက် လောကကို မင်းမူစိုးမိုးရန် တွေးထားသည်လော။

“ဒါ မဖြစ်နိုင်ဘူး၊ သိုင်းခန်းမက ကုန်းမြေကို စုစည်းချင်တယ် ဆိုရင် သမိုင်းကြောင်းထဲမှာ လုပ်ဆောင်နိုင်ဖို့ အကြိမ်တွေ အများကြီး ရှိတာပဲ၊ ဥပမာအနေနဲ့ လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက သိုင်းခန်းမရဲ့သခင်က ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်သွားတာပဲ၊ သူ ကုန်းပြင်မြင့်ကို သူ ကိုယ်တိုင် စိုးမိုးနိုင်မှာ စိုးရိမ်မိတယ်”

လင်းရွှယ်၏ မျက်ခုံးလှလှတို့က မှုန်ကုပ်သွားသည်။ သမိုင်းထဲရှိ လျှို့ဝှက်ချက် များစွာကို သူသိပေ၏။ သူမက သံသယများ ပိုတောင် ဖြစ်လာပေသည်။ သိုင်းခန်းမက ထိုမျှ လျှို့ဝှက် ဆန်းကြယ်လွန်းရာ ၎င်း၏ နောက်ခံကို မည်သူမျှ မသိကြပေ။

ထိုနည်းဖြင့် ကောင်းကင်ကြယ်တာရာမြို့မှ လွှတ်သော တပ်သားများသည် ကျန်းရီနှင့် မဟာရှတိုင်းပြည်၏ စစ်သားများ သတ်ဖြတ်ခြင်းကို ခံနေရသည်။ ကောင်းကင်ကြယ်တာရာမြို့အပြင်ဘက်တွင် အဆုံးမရှိ ရှင်းလင်းသော ကွင်းပြင်တစ်ခု ရှိနေပြီး ယခုတွင်မူ အလောင်းများစွာဖြင့် ဖုံးနေပြီဖြစ်သည်။ မဟာမိတ်တပ်သားများဘက်မှ လူသုံးသိန်းကျော် သေဆုံးခဲ့ပြီး မဟာရှတိုင်းပြည်ဘက်က လူတစ်သိန်းနီးပါး သေဆုံးခဲ့သည်။

သွေးတို့က မြစ်သဖွယ် စုစည်းသွားပြီး မြေပြင်ကို အနီရောင်များ စွန်းထင်းစေကုန်၏။ လေထဲတွင်တောင် သွေးနံ့များ ပြည့်နေတော့သည်။

ထိုကဲ့သို့ သွေးနံ့မျိုးက သိုင်းပညာရှင်များ၏ စိတ်နှလုံးအတွင်းမှ မိစ္ဆာကို သယ်လာစေနိုင်ကာ နှစ်ဖက်လုံးကို ပိုမိုသတ်ဖြတ်ချင်စိတ် ဖြစ်စေသည်။ ညမှောင်နေပြီ ဖြစ်သော်ငြား တိုက်ပွဲက ပိုမိုကြမ်းတမ်းလာတော့သည်။

ယမန်နေ့ကနေ ယနေ့အထိ မဟာတိုက်ပွဲကြီး ဆက်လက် ဖြစ်ပွားခဲ့သည်။ ကျန်းရီက တစ်ညလုံး တိုက်ခိုက်နေပြီး အောင်ပွဲပြီးတစ်ခု ရခဲ့၏။ သူတစ်ဦးတည်းဖြင့် အနည်းဆုံး လူတစ်သိန်းကျော် သတ်ဖြတ်ခဲ့သည်။ မဟာရှတိုင်းပြည် တပ်သားများ၏ စိတ်ဝိညာဉ်က သူ့ကြောင့် တက်ကြွနေလေရာ ရန်သူတို့၏ စိတ်ခွန်အားကို ဖိနှိပ်ခဲ့သည်။ မဟာမိတ်တပ်ဖွဲ့အတွင်းရှိ သေကြေသူတို့က တိုးတက်လာတော့သည်။

ဒုတိယမြောက်နေ့၏ အာရုံတက်အချိန်တွင် မဟာမိတ်တပ်သားတစ်ဝက်ကျော် သေဆုံးပြီး ဒဏ်ရာရကြသည်။ မဟာရှတိုင်းပြည်အတွက်မူ နှစ်သိန်းကျော် သေဆုံးခဲ့သည်။ တစ်နည်းဆိုရလျှင် တစ်ရက်တစ်ညအတွင်း မဟာရှတိုင်းပြည် အပြင်ဘက်ရှိ လူခုနှစ်သိန်းကျော် သေဆုံးခဲ့တာပဲ ဖြစ်သည်။ စစ်ပွဲက ရက်စက်လွန်းသည် ဆိုသည့်အတိုင်း လူသောင်းချီက စစ်မြေပြင်သို့ သွားခဲ့ပြီး ထိုနေရာ၌ သူတို့အသက်များ ဆုံးရှုံးခဲ့ကြသည်။

“ဒါပဲလေ..”

သူ့နောက်ရှိ မောပန်းနွမ်းနယ်နေသော စစ်သားများကို ကြည့်ပြီး စိတ်ဓာတ်ခွန်အားတို့ မဲ့နေသည့် မဟာမိတ်တပ်သားများကို ကြည့်ကာ ကျန်းရီ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သိုင်းခန်းမဆီမှ လှုပ်ရှားမှု မရှိ၊ မြို့ထဲတွင် မူမမှန်သည့် ဖြစ်ရပ် မရှိပေ။ ထို့ကြောင့် သူက ရှောင်လုံဝမ်နှင့် ရှားတိကို သတ်ဖြတ်ရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ သူတို့နှစ်ယောက် သေသွားသည်နှင့် ကောင်းကင်ကြယ်တာရာမြို့ကို ချက်ချင်း ယူနိုင်မှာပဲ ဖြစ်သည်။

***

All Chapters