သူက သူရဲဘောကြောင်တဲ့သူတစ်ယောက်
Vol. 1 Ch. 493
“ရှားတိ ဂရုစိုက်”
ရှောင်လုံဝမ်က ကျန်းရီကို သတိထားနေသည်။ ကျန်းရီ ပျောက်ကွယ်သွားပြီးနောက် သူက ချက်ချင်း အော်လိုက်တော့သည်။
ရှားတိ၏ အကြည့်များက အေးစက်သွားသည်။ သူ့လက်ထဲရှိလှံက ရွှေရောင်အလင်း ဖြာထွက်သွားပြီးနောက် လှံပုံရိပ်ပေါင်းများစွာအဖြစ် အသွင်ပြောင်းလဲသွားပြီး ငွေပန်းပွင့်အဘွားအိုဆီ တိုးဝင်သွားတော့သည်။ ကောင်းကင်စိတ်အာရုံကို ပတ်ဝန်းကျင်အနှံ့ လျင်မြန်စွာ ဖြန့်ကျက်လိုက်ရာ သူ့နောက်၌ လှိုင်းအတက်အကျကို ချက်ချင်း တွေ့လိုက်ရသည်။ သူ၏လှံကို ကိုင်ဆောင်ထားလျက် ကျောဘက်သို့ လွဲယမ်းလိုက်သည်မှာ နဂါးတစ်ကောင်တဖွယ် ပေါ်ထွက်လာတော့သည်။
ဘီး..
ရှားတိနောက်ရှိ လေဟာနယ်က လှုပ်ခါသွားပြီး ပုံရိ်ပ်တစ်ရိပ်က သိပ်သည်းသွားတော့သည်။ ကျန်းရီသည် သူ့ဆီ ရောက်လာနေသော ရွှေရောင်လှံကို မြင်သည့်အချိန်တွင် မကြောက်လန့်သွားဘဲ သူက စိတ်ကျေနပ်စွာ ပြုံးလိုက်၏။ သူ၏နေရာရွှေ့ပြောင်းမှု တည်နေရာကို တွက်ချက်ပြီးသား ဖြစ်သည်။ ငွေပန်းပွင့်အဘွားအိုကို ရင်ဆိုင်တိုက်ခိုက်နေသည့် ရှထျီနှင့် မီတာ(၃၀၀)အကွာတွင် ရှိနေတာ ဖြစ်သည်။ ရှားတိအဖို့ တိုက်ခိုက်မှု လားရာကို ပြောင်းလဲရန်အတွက် အချိန်တချို့ ယူရမှာ ဖြစ်ပြီး ကျန်းရီအဖို့ သူ ဦးစွာ တိုက်ခိုက်ရန် လုံလောက်ပေ၏။
ဂျစ် ဂျစ်..
သူ၏လက်က အစိမ်းရောင်အလင်း လင်းသွားပြီးနောက် သူသည် လက်ဝါးရိုက်ချက် များစွာကို ထုတ်ဖော်လိုက်တော့သည်။ ချက်ချင်းပင် မီးလျှံများက ကောင်းကင်အနှံ့ အုပ်မိုးသွားတော့သည်။ နတ်နဂါးများစွာက ထိုမီးလျှံများထဲတွင် ကူးလူးနေကြတော့သည်။ အပူချိန်ကလည်း သိသိသာသာ တိုးတက်လာတော့၏။ မလှမ်းမကမ်းတွင် ရှိနေသည့် ငွေပန်းပွင့်အဘွားအိုတောင် ကြောက်မက်ဖွယ်ကောင်းသည့် အပူကို ခံစားမိပြီး ချွေးများပြန်လာကာ ကျန်းရီဆီ ပြေးဝင်နေသော ရှားတိဆိုလျှင် ပိုဆိုးချေသေး၏။
ဝှစ်..
ရှားတိက သိပ်မကပ်ရဲတော့ပေ။ ယင်းက အမှန်ပင် ဖြစ်ပေသည်။ သူက ဆက်လက်တိုက်ခိုက်လျှင် ကျန်းရီကို ထိခိုက်ကောင်း ထိခိုက်နိုင်ပေသည်။ သို့သော် သူ့ရှေ့ရှိ မီးပင်လယ်ကို ကျော်ဖြတ်နိုင်မှသာ တိုက်ခိုက်နိုင်မှာပဲ ဖြစ်၏။ သူသည် မီးပင်လယ်ကို ကျော်ဖြတ်နိုင်မည်လော။
နှစ်တစ်ရာ မိန်းမပျိုနှင့် ကျောင်းအုပ်ယီတို့သည် မီးလျှံကြောင့် အရှင်လတ်လတ် မီးလောင်ခဲ့သည်။ ထို့ကြောင့် သူသာ ဆက်လက်တိုးသွားခဲ့လျှင် မီးလောင်မှာ သေချာပေ၏။ သူ ထိခိုက်သွားသည်နှင့် သူမည်သို့ ကျန်းရီကို အနိုင်ယူနိုင်မည်နည်း။
ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်လိုက်ရသော်ငြား ကျန်းရီပေါ်လာတာကို မြင်ပြီး စိတ်ဓာတ်တက်ကြွနေသည့် ငွေပန်းပွင့်အဘွားအိုရှိနေသည်။ သူမက ရှားတိဆီသို့ တောင်ဝှေးကို လွဲယမ်းလျက် လေဟာနယ် တုန်လှုပ်မှုကို ဖြစ်သွားစေသည်။
ဝှစ် ဝှစ်..
ကျန်းရီ၏ ခန္ဓာကိုယ်က လေထဲ၌ ဖြတ်ခနဲ ပေါ်နေစေ၏။ သူသည် မီးနဂါးတစ်သောင်းကျော်ကို ပစ်ထုတ်ပြီး ရံဖန်ရံခါတွင် ရှားတိဆီသို့ မီးပင်လယ် အရောက်ပို့နေသည်။ ထို့အပြင် ငွေပန်းပွင့်အဘွားအိုက သူ့ကို ဆက်လက်တိုက်ခိုက်နေ၏။ ရှားတိသည် နှစ်ဖက်ညှပ် တိုက်ခိုက်မှုကို ဖြေရှင်းရာတွင် မောပန်းနေပြီဖြစ်သည်။ သူသည် ငါးမိနစ် မပြည့်မီ၌ အသတ်ခံရကောင်း ခံရနိုင်ပေသည်။
ဝေါင်း ဝေါင်း..
တစ်ဖက်တွင်မူ ရှောင်လုံဝမ်သည် ရှားတိကို ကူညီရန် ရောက်လာသော်ငြား ယာ့ဇီသားရဲက ကောင်းကင်ထဲ ခုန်လိုက်ဆင်းလိုက်ဖြစ်နေ၏။ ၎င်း၏ ချွန်ထက်သော လက်သည်းများကို ဝေ့ယမ်းကာ ရှောင်လုံဝမ်ကို သွားမကူနိုင်အောင် ဖြစ်စေ၏။
ရှောင်လုံဝမ်က ယာ့ဇီသားရဲကို ဖြေရှင်းရင်း အလုပ်များနေသည်လော၊ သို့မဟုတ် ရှားတိကို မကယ်ဆယ်ချင်သည်လောဟူသည်သာ သူကိုယ်တိုင်သာ သိပေမည်။
“တိုက်ခိုက်တာ ရပ်လိုက် တိုက်ခိုက်တာ ရပ်လိုက်တော့ ငါ တောင်းပန်ပါတယ် ငါ ဝိညာဉ်ချိတ်ပိတ်မှုကို ပေးပြီး မင်းရဲ့ကျွန်အဖြစ်ကို လိုလားပါတယ်၊ ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်”
ကျန်းရီသည် အသံကူးပြောင်းမှုကို ရုတ်တရက် ကြားလိုက်ရ၏။ ရှားတိက ကြောက်လန့်နေပေသည်။ သူ၏ လေသံအရ သူက အယောင်ဆောင်နေတာ မဟုတ်ဘဲ အစစ်အမှန် အညံ့ခံနေခြင်းနှင့် တူနေ၏။ ကျန်းရီက သူ၏ ကျွန်အဖြစ် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို ခေါ်ထားနိုင်မည်က ဆိုးဝါးသည့် အချက်မဟုတ်ဟု တွေးမိသည်။ သို့သော် ကျန်းရီက ယခင်က ကဲ့သို့ တုံးတုံးအအ ကောင်လေး မဟုတ်တော့ပေ။ သိုင်းခန်းမသည် ယခုအချိန်ထိတိုင် မလှုပ်ရှားသေးပေ။ ယင်းက ထောင်ချောက်ဖြစ်လျှင် မည်သို့ ဖြစ်မည်နည်း။
သူသည် မရေရာ မပြတ်သားသည့် လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်။ အသံကူးပြောင်းမှုကို တစ်ခါမှ မသင်ယူခဲ့ဖူးပေ။ သူ့အတွေးများကို အပြုအမူများမှ တစ်ဆင့်သာ ပြနိုင်၏။
“မင်းက ငါ့ကို ရှောင်လုံဝမ်ကို သတ်စေချင်တာလား”
ရှားတိသည် ထက်မြက်သည့်သူ ဖြစ်၏။ ကျန်းရီ ဆိုလိုတာကို ချက်ချင်း နားလည်ပြီးနောက် နောက်ထပ် အသံကူးပြောင်းလိုက်သည်။ ကျန်းရီ၏ ရည်ရွယ်ချက်က ရှင်းလင်းပေသည်။ ရှားတိက ရှောင်လုံဝမ်ကို ရုတ်တရက် တိုက်ခိုက်ပြီး သူ့ကို သတ်ဖြတ်နိုင်ခဲ့လျှင် သူက ရှားတိ၏ အညံ့ခံမှုကို လက်ခံမည် ဖြစ်သည်။ ကျန်းရီက ရှားတိကို အရိပ်အမြွက်ပေးခဲ့ပြီး ဖြစ်ကာ ရှားတိက တွေဝေနေ၏။ ငွေပန်းပွင့်အဘွားအိုက သူတို့နှစ်ယောက် တိတ်တဆိတ် အချိန်းအချက် ပြုနေတာကို မသိသောကြောင့် ဆက်လက်တိုက်ခိုက်တော့သည်။ ရှားတိသည် မဖော်ပြနိုင်လောက်အောင် စုတ်ပြတ်သတ်နေပြီး ခက်ခက်ခဲခဲ ခုခံနေရသည်။ သူအသံ ကူးပြောင်းပြီးနောက်၊
“ကောင်းပြီ ကျန်းရီ မင်းကလည်း ဂုဏ်သတင်းကြီးတဲ့သူပဲ မင်း ကတိတည်မယ်လို့ မျှော်လင့်တယ် ငွေပန်းပွင့်အဘွားအိုဆီ ငါ အသံပို့လိုက်ပြီးပြီ ရှောင်လုံဝမ်ကို တိုက်ခိုက်ဖို့ ငါနဲ့ ပူးပေါင်းပေး..”
ရှားတိက ငွေပန်းပွင့်အဘွားအိုဆီ အသံပို့လိုက်ရာ သူမက ထိတ်လန့် တုန်လှုပ်သွားပြီး ကျန်းရီကို ဖြတ်ခနဲ ကြည့်လိုက်၏။ သူမကလည်း ပါးနပ်သည့်သူ ဖြစ်သောကြောင့် သူ့အရိပ်အမြွတ်ကို ချက်ချင်း သဘောပေါက်ပေသည်။ သူမ၏ တိုက်ခိုက်မှုက ယခုဆို ဖျော့လာပြီ ဖြစ်၏။
“ရှားတိ သေပေတော့..”
ကျန်းရီက အသံတိုးတိုးဖြင့် အော်လိုက်သည်။ ဆက်တိုက်နေရာ ရွှေ့ပြောင်းပြီးနောက် မီးလျှံပင်လယ်ကို ထုတ်ဖော်လိုက်တော့သည်။ ရှားတိသည် ရွေးချယ်စရာ မရှိတော့ဘဲ ရှောင်လုံဝမ်ဆီ နောက်ဆုတ်သွားရ၏။ ငွေပန်းပွင့်အဘွားအိုက ထိုအခွင့်အရေးကို အမိဆုပ်ကိုင်ကာ ရှောင်လုံဝမ်ကို သူမတောင်ဝှေးဖြင့် နောက်ကနေ ရိုက်ချလိုက်သည်။ ရှားတိက ရှောင်လုံဝမ်ဆီသို့ ကြိုးပြတ်သွားသည့် စွန်နှယ် လွင့်ထွက်သွားသည်။ သူ၏နောက်ရှိကျောက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပုံပေါ်၏။
“ရှားတိ..”
ရှားတိနှင့် ကျန်းရီကြားရှိ ဆက်သွယ်မှုက မရှင်းလင်းပေ။ ထို့ကြောင့် ရှောင်လုံဝမ်က သတိမပြုမိခဲ့ပုံပေါ်သည်။ ရှားတိအသတ်ခံရလုနီးပါး ဖြစ်သည်ကို မြင်သောအခါ မကျေမချမ်း ဟိန်းဟောက်လိုက်တော့သည်။
သူ့လက်ထဲရှိ ပုဆိန်သွားတပ် လှံရှည်ကို ခွန်အားအပြည့်ဖြင့် ကိုင်ဆောင်လျက် ယာ့ဇီသားရဲဆီသို့ တိုက်ခိုက်လိုက်တော့သည်။ ပြီးနောက် ရှားတိကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်လျက် တစ်ဖက်ကမူ ပုဆိန်သွားတပ်လှံရှည်ဖြင့် နောက်မှ လိုက်ပါနေသည့် ငွေပန်းပွင့်အဘွားအိုဆီ လွဲရိုက်လိုက်တော့သည်။ ငွေပန်းပွင့်အဘွားအို နောက်ဆုတ်သွားအောင် ဖိအားပေးရန် ကြိုးစားပြီး ရှားတိကိုကယ်ချင်နေတာ ဖြစ်သည်။
ဝှစ်..
ရှားတိ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသည့်အကြည့် ဖြတ်ခနဲ ပေါ်လာသည်။ သူသည် ရှောင်လုံဝမ်ကို သူ့လက်ထဲရှိ လှံဖြင့် ထိုးစိုက်လိုက်တော့၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မီတာသုံးဆယ်တောင် မကွာပေ။ လှံက အင်မတန်မြန်ဆန်သည့် အရှိန်ဖြင့် လှုပ်ရှားသွားပြီးနောက် ရှောင်လုံဝမ်ဆီ ရောက်သွားတော့၏။
“ဟမ့်.. မင်းက ကျေးဇူးကန်းတဲ့သူ တစ်ယောက်မှန်း ငါသိသားပဲ”
ရှောင်လုံဝမ်သည် မကြောက်လန့်သွားဘဲ လှောင်လိုက်သည်။ သူ၏ ရောင်စုံ တိုက်ပွဲဝင် ဝတ်စုံက တောက်ပလာတော့သည်။ ပုဆိန်သွားလှံရှည်သည် ယခင်က ငွေပန်းပွင့် အဘွားအိုကို ချိန်ရွယ်နေရာမှ ၎င်း၏ လားရာ ပြောင်းလဲသွားပြီး ရှားတိ၏ လက်ကောက်ဝတ်ဆီသို့ ဦးတည်သွားတော့သည်။
ဘန်း..
ရှားတိ၏ လှံက ရှောင်လုံဝမ်၏ ရင်ဘတ်ကို ထိုးစိုက်သွား၏။ သို့သော် အံ့သြဖွယ် ကောင်းသည်မှာ သူ၏ ခန္ဓာကိုယ်ကို မထိုးဖောက်သွားပေ။ ရောင်စုံတိုက်ပွဲဝတ်ရုံက ရောင်ခြည်များဖြင့် တောက်ပနေသည်။ ယင်းက ခုခံခြင်း သူတော်စင် လက်နက်ဆိုတာ ရှင်းနေပေ၏။
ဘန်း..
တစ်ဖက်တွင်မူ ရှားတိက စုတ်ပြတ်သတ်နေပေသည်။ ရှောင်လုံဝမ်က သူ့ထက် ပိုသန်မာပြီး သူ့ထက် ပိုမြန်ဆန်၏။ နှစ်ယောက်သား နီးကပ်သည့် အချိန် တိုက်ခိုက်သည်ကို မည်ကဲ့သို့ လွတ်မြောက်နိုင်သနည်း။ ပုဆိန်သွားလှံရှည်က လွမ်းမိုးနိုင်စွန်းရှိသော ဖိအားဖြင့် ပေါ်ထွက်လာပြီးနောက် ရှားတိ၏ ခန္ဓာကိုယ်ကို ပေါက်ကွဲစေတော့သည်။
ကျန်းရီနှင့် ငွေပန်းပွင့်အဘွားအိုက လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။ သူတို့နှစ်ယောက်လုံးက ရှားတိသေချာပေါက် သေမည်မှန်း သိနေကြသည်။ ရှားတိက ရှောင်လုံဝမ်၏ ဒေါသထွက်နေသော ထိုးနှက်ချက်မှ ရှင်သန်နိုင်ခဲ့လျှင် ထူးဆန်းနေမှာပဲ ဖြစ်သည်။ ရှားတိက အမှန်တကယ် အညံ့ခံချင်နေတာပဲ။
ကျန်းရီသည် သက်ပြင်းချလိုက်သည်။ ယင်းက သိုင်းခန်းမ သို့မဟုတ် လင်းရွှယ် စီစဉ်ထားသည့် အကောက်ကြံမှုဟု ထင်ခဲ့တာ ဖြစ်သည်။ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ခေါင်းထဲမှ သံသယတို့က ပိုကြီးထွားလာခဲ့သည်။ သိုင်းခန်းမက ယခုအချိန်အထိ မလှုပ်ရှားသေးလျှင် သူတို့ မည်သည်ကို ဆောင်ရွက်နေသနည်း။
ကောင်းကင်စိတ်အာရုံဖြင့် မြေပြင်ကို ဖြန့်ကျက်လိုက်သည်။ သံသယဖြစ်ဖွယ်များကို အတည်ပြုပြီးနောက် သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့်အကြည့် ရုတ်တရက် ပေါ်လာတော့သည်။ ငွေပန်းပွင့်အဘွားအိုနှင့် ယာ့ဇီသားရဲကို တစ်ချက်ကြည့်ပြီးနောက် အော်လိုက်၏။
“သတ်..”
ဝေါင်း ဝေါင်း..
“ရှောင်လုံဝမ် သေပေတော့”
ယာ့ဇီသားရဲက ဟိန်းဟောက်ပြီး ငွေပန်းပွင့် အဘွားအိုသည်လည်း အော်ဟစ်လိုက်၏။ သူတို့နှစ်ယောက်သည် ရှောင်လုံဝမ်ကို ချိန်ရွယ်နေသည့် ထက်မြိသော ဓားနှစ်လက်အဖြစ် အသွင်ပြောင်းသွားလျက် တစ်ချိန်တည်းတွင် ကျန်းရီက လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
“သေစမ်း သိုင်းခန်းမက ကရုဏာမဲ့တာပဲ ငါ တစ်ထပ်တည်း လုပ်တယ် ဆိုပြီး ငါ့ကို အပြစ်မတင်လေနဲ့”
ရှောင်လုံဝမ်က ကျယ်လောင်စွာ အော်လိုက်သည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီးနောက် သိုင်းခန်းမ တိတ်ဆိတ်နေသေးဆဲ ဖြစ်တာကို မြင်ရသည့် အချိန်၌ ဒေါသထွက်သွားသည်။ သူ၏ ပုဆိန်သွားလှံရှည်ထဲသို့ အတွင်းအားများ ထည့်ပြီးနောက် ရူးသွပ်နေသော နဂါးတစ်ကောင်တစ်ဖွယ် ပျံတက်ပြီး ထွက်ပြေးသွားပေ၏။
လူတစ်ဦးသည် တစ်ခါထိခိုက်သည့် အချိန်၌ နောက်အကြိမ်များတွင် မကြာခဏ ထိခိုက်ကောင်း ထိခိုက်နိုင်ပေမည်။ တစ်ကြိမ်တစ်ခါ သူမကိုယ်သူမ ရောင်းချပြီး နောက်ပိုင်း ဆက်တိုက် ဆက်လက် ရောင်းချနေသည့် ပြည့်တန်ဆာနှင့် တူညီပေ၏။ ရှောင်လုံဝမ်သည် အတိတ်တုန်းက တစ်ခါ ထွက်ပြေးခဲ့ပြီး သူ့တစ်ဘဝလုံး ဂုဏ်သတင်း ပျက်စီးခဲ့သည်။ ထို့ကြောင့် သူက ထပ်မံ ဂရုမစိုက်တော့ချေ။
ရှားတိက သေဆုံးပြီဖြစ်ကာ ဤနေရာရှိ စစ်သားတစ်ဝက်ကျော်က သတ်ဖြတ်ခံရပြီး ဒဏ်ရာရပြီး စိတ်ခွန်အားတို့လည်း ယိုင်နဲ့နေ၏။ မြို့က သိမ်းပိုက်ခံရတော့မည် ဖြစ်ရာ သိုင်းခန်းမက စစ်ကူများ မပို့သေးပေ။ သူ့ဆီ ယာ့ဇီသားရဲ၊ ငွေပန်းပွင့်အဘွားအိုနှင့် ကျန်းရီ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။ ယခုအချိန်၌ သူ ထွက်မပြေးခဲ့လျှင် ငါးမိနစ် မပြည့်မီ၌ သေချာပေါက် သတ်ဖြတ်ခံရပေမည်။ သူက ငွေပန်းပွင့်အဘွားအို သို့မဟုတ် ယာ့ဇီသားရဲတို့နှင့်အတူ သေဆုံးခဲ့လျှင်ရော မည်သည်က ထူးခြားမည်နည်း။
မည်သူမျှ မသေချင်ပေ။ အထူးသဖြင့် သူတို့ဘဝတစ်သက်တာတွင် ကောင်းကင်ဧကရာဇ်အဆင့်ကို ဘယ်တော့မှ ချိုးဖျက်တက်နိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူတို့ဘဝကို ပိုမိုတန်ဖိုးထားပေ၏။ သူတို့က သက်တမ်းရှည်ကြာ နေထိုင်လာခဲ့ပြီး ဖြစ်ရာ သူတို့ငယ်စဉ်အခါက ရှိခဲ့ဖူးသည့် တိုက်ခိုက်လိုစိတ်တို့ မျှော်လင့်ချက်တို့ ဆုံးရှုံးခဲ့ပြီ ဖြစ်သည်။ သူတို့၌ ဂုဏ်သတင်းတို့ အရှက်တရားတို့ မရှိတော့ဘဲ အသက်ရှင်ရန်ကိုသာ လိုလားကြသည်။
ကုန်းပြင်မြင့်က မကြီးပေ။ သို့သော် ကျွန်းများစွာ ဝန်းရံနေပေ၏။ ရှောင်ဂိုဏ်းသားများသည် လျှို့ဝှက်ကျွန်းတစ်ကျွန်းကို ရှာတွေ့ပြီးနောက် ပင်လယ်ထဲ ရွက်လွင့်ခဲ့ကြတာ ကြာပြီဖြစ်သည်။ သူ ပင်လယ်ထဲသွားပြီး တိတ်တဆိတ် ကျင့်ကြံနိုင်ပြီး သူ့တစ်ဘဝလုံး သက်တောင့်သက်သာ နေနိုင်ပေ၏။ မြောက်ပိုင်းမန့်တိုင်းပြည် ကျရှုံးသည်ဖြစ်စေ မရှုံးသည်ဖြစ်စေ သူနှင့် မည်သည်က သက်ဆိုင်သနည်း။ ရှောင်ဂိုဏ်းသည် မြောက်ပိုင်းမန့်တိုင်းပြည်တွင် နံပါတ်တစ်ဂိုဏ်း ဖြစ်ခဲ့ဖူးပြီး တော်ဝင်မိသားစုနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိခဲ့သည်။ နောက်ဆုံးတွင် တော်ဝင်မိသားစု၏ မျိုးရိုးက ရှောင်ဖြစ်ပေ၏။
“သူက သူရဲဘောကြောင်တဲ့သူ တစ်ယောက်ပဲ”
အလင်းတန်းအဖြစ် အသွင်ပြောင်းလဲသွားပြီး ခပ်ဝေးဝေး၌ ပျောက်ကွယ်သွားသော ရှောင်လုံဝမ်ကို ကြည့်ပြီး ကျန်းရီက တစ်ခွန်းမှ မဆိုဘဲ ခေါင်းကို ထိလိုက်သည်။ ရှောင်လုံဝမ်က မြန်ဆန်လွန်းရာ သူတို့သူ့ကို အမီမလိုက်နိုင်ပေ။ အောက်ရှိတိုက်ပွဲကလည်း ပြင်းထန်နေသောကြောင့် သူ့နောက် မလိုက်သွားနိုင်ပေ။ သူက အောက်သို့ နေရာရွှေ့ပြောင်းလိုက်ပြီးနောက် တစ်ပြိုင်နက်တည်း အော်လိုက်သည်။
“ယာ့ဇီသားရဲနဲ့ ငွေပန်းပွင့်အဘွားအို အောက်ဆင်းပြီး မြို့ကို တိုက်ခိုက်ကြ.. သူတို့ရဲ့ ကျန်တဲ့ တပ်သားတစ်သိန်းစီကို ငါ့အတွက် သတ်ဖြတ်ပေး..”
***