← Chapters

မလွတ်မြောက်နိုင်သောပိုက်ကွန်

Vol. 1 Ch. 494

မလွတ်မြောက်နိုင်သောပိုက်ကွန်

Vol. 1 Ch. 494

ဘန်း..

ရှားတိ၏ အလောင်းက ကြေမွသွားပြီးနောက် မဟာရှတိုင်းပြည်၏ တပ်သား(၂၀၀)ကို မွမွချေသွားသည်။ တစ်ချိန်တည်းတွင် ရှောင်လုံဝမ်၏ အော်သံကလည်း ကောင်းကင်ကြယ်တာရာမြို့တစ်ခုလုံး ပဲ့တင်သံ ထွက်ပေါ်လာပြီး လူတိုင်းက ကောင်းကင်အထက်တွင် အနက်ရောင်အစက်လေး တစ်စက်ကိုသာ မြင်တွေ့နိုင်၏။ ယင်းက ခပ်ဝေးဝေးသို့ ဆက်လက်သွားနေဆဲ ဖြစ်သည်။

ရှားတိသေဆုံးပြီး ရှောင်လုံဝမ် ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။

မဟာမိတ်တပ်ဖွဲ့က အံ့သြမှင်တက်နေ၏။ သူတို့၏ မူလက နိမ့်နေသော စိတ်ဓာတ်ပိုင်းသည် ပိုတောင် ဆိုးသွားချေသည်။ ယခုမဟာဗာဂျရာနယ်ပယ် သိုင်းပညာရှင် နှစ်ဦး သွားပြီဖြစ်ရာ သူတို့ ဆက်တိုက်ခိုက်ရန် လိုသေးသည်လော။ သူတို့သည် အောက်သို့ ဆင်းသက်လာသည့် ယာ့ဇီသားရဲနှင့် ငွေပန်းပွင့်အဘွားအိုတို့ကို မြင်သည့်အချိန်၌ ကြောက်လန့်သွားကြပြီး အချို့ဆို တိတ်တဆိတ်တောင် ထွက်ပြေးသွားကြသည်။

“ကျန်းရီက အညံ့ခံတဲ့ တပ်ဖွဲ့ကို လက်မခံဘူး၊ ဒါကြောင့် ငါတို့တွေ သေတဲ့အထိ တိုက်ခိုက်ရုံပဲ ရှိတယ်၊ သိုင်းခန်းမက စစ်ကူတွေက ရောက်လာတော့မယ်၊ တပ်သားအားလုံး နားထောင်ကြ မင်းတို့အားလုံး ရှေ့တိုးခွင့်ပဲ ရှိတယ် နောက်ဆုတ်ခွင့် မရှိဘူး ထွက်ပြေးရဲတဲ့သူက နေရာမှာတင် အသတ်ခံရမယ်”

လင်းရွှယ်က သူမ၏ ငွေရောင်ဓားကို ဆွဲထုတ်ပြီးနောက် အတွင်းအားကို လှည့်ပတ်လိုက်တော့သည်။ သူမ၏ အသံအတွင်း၌ ဆန်းကြယ်သည့် မှော်ဓာတ်တစ်မျိုး ပါဝင်နေပုံဖြင့် သူမ၏ နှစ်လိုဖွယ် အော်သံ ထွက်ပေါ်လာပြီးနောက် ကြောက်လန့်နေသော မဟာမိတ်တပ်ဖွဲ့များကို စိတ်တည်ငြိမ်သွားစေသည်။ သူတို့၏ မျက်လုံးထဲတိုင် သေလိုသော ဆန္ဒများ ပေါ်ပေါက်လာပြီးနောက် သူတို့၏ လက်နက်များကို လွဲယမ်းကာ မဟာရှတိုင်းပြည်၏ တပ်ဖွဲ့များနှင့် ထပ်မံ တိုက်ပွဲဝင်တော့သည်။

ကျန်းရီသည် ပင်မတပ်ဖွဲ့များဆီ ပြန်လာပြီးနောက် ထိုနေရာတွင် နေနေ၏။ ငွေပန်းပွင့်အဘွားအိုနှင့် ယာ့ဇီသားရဲတို့က အနားတွင် ရှိနေရာ မြို့ပြိုလဲရန် အချိန်အတိုင်းအတာ တစ်ခုသာ လိုမှာပဲ ဖြစ်သည်။ ထို့အပြင် အခြေအနေကို ကြိုတင်တွက်ဆထားမှုဖြင့် သူသည် မတော်တဆ လွဲချော်မှု မဖြစ်အောင် ကာကွယ်နိုင်ပေမည်။

ဝေါင်း..

ဧရာမယာ့ဇီသားရဲက ကောင်းကင်ထက်မှ သက်ဆင်းလာ၏။ ၎င်းသည် တိုက်ခိုက်ရန်တောင် မလိုဘဲ စစ်သားတစ်ဒါဇင်ကျော်ကို ချေမွသွားစေသည်။ မဟာမိတ်တပ်ဖွဲ့ကို ၎င်း၏ တောင်ကဲ့သို့ လွဲယမ်းတိုက်ခိုက်ရာ စစ်သားများသည် တက်နင်းခံရပြီး သေဆုံးကုန်၏။

၎င်း၏ ခုခံမှုက သာမန်သိုင်းပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုက သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပေ။ စိတ်ဝိညာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့် သိုင်းပညာရှင်တစ်ဦးထံမှ သိုင်းကွက်တစ်ကွက်မှသာလျှင် ထိရောက်မှု ရှိနိုင်ပေသည်။ အနည်းငယ် စိုးရိမ်ပူပန်စရာ ရှိသေး၏။ မည်သည့်နည်းနှင့်မဆို ယာ့ဇီသားရဲက မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်စွမ်း ပိုင်ဆိုင်ထားသောကြောင့် စိတ်ဝိညာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့်တောင် ခက်ခဲနေသေး၏။

သတ်ဖြတ်ခြင်း..၊ ယာ့ဇီသားရဲ၏ သတ်ဖြတ်မှုအရှိန်က ကျန်းရီကဲ့သို့ ကြောက်မက်ဖွယ် မကောင်းသော်ငြား ကွာခြားချက် သိပ်မရှိပေ။ ယာ့ဇီသားရဲသည် သိုးအုပ်ထဲ တိုးဝင်သွားသည့် ဆင်တစ်ကောင်ကဲ့သို့ပင် မဟာမိတ်တပ်ဖွဲ့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ကို ချေမှုန်းတိ်ုက်ခိုက်နေပေ၏။

ချွီး.. ချွီး..

ငွေပန်းပွင့်အဘွားအို၏ တိုက်ခိုက်မှုကလည်း အားမလျော့ပေ။ သူမ၌ သတ်ဖြတ်ခြင်း ဆန္ဒမရှိသော်ငြား ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါကတင် ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်သည်။ ထိုအရှိန်အဝါ၏ ဖိနှိပ်မှုအောက်တွင် စိတ်ဝိညာသ်မျောလွင့်ခရီးသည် သိုင်းပညာရှင်များအားလုံးက တောင့်တင်းလာကြပြီး သူတို့၏ အရှိန်အဝါများ လျော့ကျလာတော့သည်။ သူမက အတွင်းအားများကို ပစ်ထုတ်ကို တိုက်ခိုက်နေသည်မှာ ဆန်းသစ်စလနှင့် တူညီနေပြီး သိုင်းပညာရှင် ရာချီ၏ အသက်ကို အားစိုက်ထုတ်စရာမလိုဘဲ နှုတ်ယူသွားသည်။

ဖုန်း..

အတန်ငယ် တိုက်ခိုက်ပြီးနောက် ယာ့ဇီသားရဲက ၎င်း၏ ဆာလောင်မှုကို မတင်းတိမ်စေနိုင်ဟု ခံစားမိလာသည်။ ထို့ကြောင့် ကောင်းကင်ကြယ်တာရာမြို့နံရံဆီသို့ တိုက်ရိုက်ဦးတည်သွားလိုက်၏။ ပြင်းထန်သည့် ပေါက်ကွဲမှုက ပေါ်ထွက်လာပြီးနောက် မြင့်မားတုတ်ခိုင်သော ထူထဲထဲ နံရံများသည် အပိုင်းပိုင်းအစစ ဖြစ်ကုန်၏။

ယာ့ဇီသားရဲက အင်မတန် အထင်သေးသည့် အရှိန်အဝါတို့ တည်ရှိနေပြီးနောက် ၎င်းက မြို့နံရံများကို ဖျက်ဆီးပြီး ကောင်းကင်ကြယ်တာရာမြို့ထဲသို့ တစ်ဟုန်ထိုး ဝင်သွားသည်။ စစ်သားများစွာကိုလည်း တက်နင်းပြီး သတ်ဖြတ်ခဲ့ပြီးနောက် သူက အနားရှိ မြို့ရိုးဆီသို့ ဦးတည်သွားလိုက်တော့သည်။

ဖုန်း ဖုန်း ဖုန်း..

မြို့ရိုးများက လဲပြိုကျလာပြီး မီတာတစ်ရာခန့် အကျယ်အဝန်းက ပွင့်လာတော့သည်။ ကောင်းကင်ကြယ်တာရာမြို့က ခံတပ်မရှိသည့်မြို့ ဖြစ်လာပြီး ရန်သူတပ်ဖွဲ့များရှေ့၌ ပေါ်ထွက်လာတော့၏။

ငွေပန်းပွင့်အဘွားအိုကလည်း စစ်သားများကို တိုက်ခိုက်တာ ရပ်ပြီး မြို့ရိုးဆီ အာရုံစိုက်လိုက်တော့သည်။ သူမက မြို့နံရံထဲရှိ အပေါက်ကို ကီလိုမီတာချီ ကျယ်ဝန်းအောင် ဆက်လက်လုပ်နိုင်သရွေ့ ယာ့ဇီသားရဲနဲ့အတူ ဝင်ရောက်တိုက်ခိုက်နိုင်မှာပဲ ဖြစ်သည်။ ထိုအချိန်ရောက်လျှင် မဟာမိတ်တပ်ဖွဲ့များက မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားပေလိမ့်မည်။

“ဟူး..”

စိတ်ဝိညာဉ်မျောလွင့်ခရီးသည် သိုင်းပညာရှင်အချို့၏ ကာကွယ်မှုအောက်တွင် လင်းရွှယ်က မြို့ရိုးမှ ထွက်ခွာလိုက်တော့သည်။ သူတို့တွင် ရှိသည့် တပ်သားတစ်သန်းကျော်တွင် ခုနှစ်သိန်းကျော်က သေဆုံးခဲ့ပြီ ဖြစ်သည်။ ငွေပန်းပွင့်အဘွားအိုနှင့် ယာ့ဇီသားရဲတို့၏ တိုက်ခိုက်မှုအောက်၌ မဟာမိတ်တပ်ဖွဲ့အတွင်း၌ ကစဉ့်ကလျားဖြစ်မှုများ ပေါ်ပေါက်လာပေမည်။ ထိုအချိန်ရောက်လျှင် သိုင်းခန်းမသည် လှုပ်ရှားရန် အခွင့်အရေးတောင် မရလိုက်ဘဲ တိုက်ပွဲရှုံးနိမ့်ပြီး ဖြစ်နေမှာပင်။ မိုးပြာနဂါးအင်ပါယာက ဖျက်ဆီးကံကြမ္မာ ပါနေပြီဖြစ်၏။

“သတ်ကြ..”

ထိုအချိန် ကျန်းရီက နောက်ဆုံးတော့ လှုပ်ရှားလာသည်။ သူက မီးနဂါးဓားကို ဆွဲကိုင်လျက် ဖြည်းဖြည်းချင်း တက်လာသည်။

ယာ့ဇီသားရဲနှင့် ငွေပန်းပွင့် အဘွားအိုတို့ကလည်း မြို့ဆီ ဦးတည်သွားတော့၏။ သူတို့နားတွင် ရှိသည့် စစ်သားတစ်သိန်းကျော်က စိတ်ဓာတ်ခွန်အားတို့ မြင့်တက်နေပြီး မြို့ထဲရှိ ရန်သူစစ်သားများကမူ ဖြည်းဖြည်းချင်း နောက်ဆုတ်နေကြ၏။ မြို့အတွင်းရှိ မရေမတွက်နိုင်သော အဆောက်အအုံများစွာက ဖျက်ဆီးခံခဲ့ရပြီး ဖြစ်သည်။ ကောင်းကင်ကြယ်တာရာမြို့၏ မြို့သူမြို့သားများကလည်း အရှေ့ဘက်ဂိတ်ကနေ ထွက်ပြေးခဲ့တာ ကြာပြီဖြစ်သည်။

မြို့နှင့်အတူ မြှုပ်နှံခံရန် ဆန္ဒရှိသည့် လက်အောက်ငယ်သားအချို့အပြင် မြို့က ရှင်းလင်းနေပြီ ဖြစ်၏။

ဖုန်း ဖုန်း ဖုန်း..

မြို့ရိုးပေါ်ရှိ အက်ကွဲကြောင်းက ပိုမိုအက်ကွဲလာပြီးနောက် အနောက်ဘက်ဒေသထဲရှိ အဆောက်အအုံများက ဖြည်းဖြည်းချင်း ပြားပြားဝပ် ပျက်စီးကုန်တော့သည်။ ကျန်းရီကလည်း ရှေ့သို့ တက်သွားလိုက်၏။ သူသည် မြို့ကို စစ်ဆေးရန် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ မူမမှန်တာ မတွေ့ရပေ။

သို့သော် သူသည် ကောင်းကင်ကြယ်တာရာမြို့သို့ ဝင်လိုက်သည်နှင့် မသက်မသာ ဖြစ်လာသည်။ ထိုမသက်မသာ ဖြစ်မှုက အကျိုးသင့် အကြောင်းသင့် ရှင်းပြ၍ မရပေ။ အကြောင်းမှာ မြို့အတွင်း သို့မဟုတ် မြေအောက်မီတာတစ်ရာထဲတွင်တောင် မူမမှန်သည့် ပြောင်းလဲမှုများကို မတွေ့ရသောကြောင့် ဖြစ်သည်။ ကျန်းရီသည် အကြိမ်ပေါင်းများစွာ စစ်ဆေးခဲ့သော်ငြား မူမမှန်သည်ကို သတိမပြုမိသေးချ။

ကောင်းကင်ကြယ်တာရာမြို့အတွင်းရှိ သိုင်းခန်းမက ရင်ပြင်နားတွင် တည်ရှိပေ၏။ သိုင်းခန်းမအတွင်း၌ သိုင်းပညာရှင် ရာချီ တည်ရှိပြီး သူတို့ထဲတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် သိုင်းပညာရှင် (၁၂)ယောက်ခန့် ရှိပေသည်။ ထိုသို့တိုင် ထိုလူများက ကျန်းရီအတွက် ခြိမ်းခြောက်မှု မဟုတ်ပေ။

မဟာမိတ်တပ်ဖွဲ့သည် ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်ပြီး အချို့ကမူ အနောက်ဘက်ဂိတ်ဆီသို့ စတင်ထွက်ပြေးကြတော့၏။ လင်းရွှယ်က ရင်ပြင်ဆီသို့ ဆုတ်ခွာပြီး သူမ၏ မျက်ဝန်းထဲ၌ စိတ်ပျက်အားငယ်မှု ဝမ်းနည်းမှုတို့ ပြည့်နေပေသည်။ ယင်းက ဖော်ပြ၍ မရနိုင်သော ခံစားချက်မျိုး ဖြစ်သည်။ သူမ၏ စိတ်ဝိညာဉ်နက်ရှိုင်းမှု အပိုင်းထဲမှ ပေါ်ထွက်လာသည့် စိတ်ခံစားချက် ဖြစ်သည်။

ကျန်းရီက သူ မှားယွင်းအကဲမခတ်မိတာ သိသာနေပေပြီ။ ထိုသို့ဆိုလျှင် မည်သည်က ပြဿနာနည်း။ ကျန်းရီက အကြံအဉာဏ်မရှိတော့ပေ။ သူက မတွေးနိုင်တော့။ အနောက်ဘက်ဒေသ၏ လမ်းပေါ်တွင် ရပ်နေပြီး ဝံပုလွေအုပ်များသဖွယ် တိုးဝင်လာနေသည့် မဟာရှတိုင်းပြည် တပ်ဖွဲ့များကို ကြည့်လိုက်သည်။ သူသည် မရေမတွက်နိုင်သည့် နေရာများနှင့် ခမ်းနားခဲ့သော ကောင်းကင်ကြယ်တာရာမြို့သည် တပ်သားများ၏ တိုက်ခိုက်မှုအောက်တွင် ပျက်စီးခဲ့တာကို မျက်မြင်တွေ့ခဲ့ရသည်။ သူ့ရင်ထဲရှိ မသက်မသာ ဖြစ်မှုတို့ ပိုတိုးလာတော့သည်။

မဟာရှတိုင်းပြည်၏ တပ်ဖွဲ့အားလုံး ကောင်းကင်ကြယ်တာရာမြို့ထဲသို့ ဝင်ရောက်လာစဉ် ကျန်းရီ၏ ဓားကဲ့သို့ မျက်ခုံးတစ်စုံက တွန့်ကွေးသွားသည်။ သူက ရုတ်တရက် အော်ဟစ်ပြီး ပြောလိုက်သည်။

“နောက်ဆုတ်ကြ.. တပ်သားအားလုံး နောက်ဆုတ်..”

သူ ပြောပြီးသည်နှင့် မူလနေရာမှ ပျောက်ကွယ်သွားပြီး ချက်ချင်း နေရာရွှေ့ပြောင်းတော့သည်။ ငွေပန်းပွင့်အဘွားအိုနှင့် ယာ့ဇီသားရဲတို့က စိတ်ရှုပ်ထွေးသွားကြသည်။ ကျန်းရမ်ထူ၊ ကျန့်ရီမင်၊ ချန်ကွေးနှင့် ကျန်သည့်သူများကလည်း အမူအရာ ပြောင်းလဲသွားကြသည်။ သူတို့၏ ပတ်ဝန်းကျင်ဆီ လှည့်ပတ်ကြည့်လိုက်မိသည်။ သို့သော် မည်သည့်သိုင်းပညာရှင်များ၏ အရှိန်အဝါကိုမှ မတွေ့မိချေ။

ဘီး..

ထိုစဉ် ကောင်းကင်ကြယ်တာရာမြို့ထဲရှိ မြို့ရိုးနံရံအောက်ခြေများက တောက်ပလာ၏။ အလင်းတန်းလေးခုက ကောင်းကင်ဆီသို့ တိုက်ရိုက်ထိမှန်သွားသည်။ လေထဲတွင် လေးကိုင်းသဏ္ဌာန် တစ်ခုနှင့်တစ်ခု လိမ်ယှက်သွားပြီးနောက် စက်ဝိုင်းခြမ်း အရံအတားတစ်ဝက်အဖြစ် အသွင်ပြောင်းလဲသွားသည်။ အရံအတားက အဖြူရောင်ဖြစ်ပြီး ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထုတ်ဖော်ခြင်း မရှိချေ။ ယင်းက အစောပိုင်းရှိ မြို့အရံအတားနှင့် ဆင်တူပေကာ အရောင်ကွဲပြားနေရုံသာ ရှိသည်။

ဘန်း..

ကျန်းရီသည် အရံအတား၏ အစွန်း၌ ပေါ်လာပြီး သူ၏ခေါင်းက ပြင်းထန်စွာ တိုက်မိသွားသည်။ အရံအတားက လေဟာနယ် ချိတ်ပိတ်ထားတာ သိသာနေပေ၏။ သူ့ကို နေရာရွှေ့ပြောင်း၍မရ ဖြစ်စေသည်။

“ဒါ .. ဒါက..”

မြို့အတွင်းရှိ လူတိုင်းက သူတို့အထက်ရှိ အရံအတားကို တအံ့တသြ စိုက်ကြည့်နေကြသည်။ စစ်သားများစွာကလည်း တိုက်ခိုက်တာ ရပ်လိုက်ပြီး သူတို့မျက်နှာထက်တွင် နားမလည်နိုင်သည့် အရိပ်အယောင်များ ပြည့်နေပေ၏။ အရံအတားက ပျက်စီးသွားပြီ မဟုတ်ဘူးလား။ ဘာကြောင့် နောက်တစ်ခု ရှိနေတာလား။

အရံအတားက ခုခံမှု အရံအတားမျှသာ ဖြစ်ပြီး မည်သည့်တိုက်ခိုက်မှု စွမ်းအားမျှ မပိုင်ဆိုင်ပေ။ ယခု တပ်ဖွဲ့က မြို့တွင်းသို့ ကျူးကျော်လာပြီဖြစ်ရာ အရံအတားကို အသက်သွင်းသည်က မည်သည့်အကျိုးရမည်နည်း။ ဆန့်ကျင်ဘက် အနေဖြင့် မဟာမိတ်တပ်ဖွဲ့များ မပြေးနိုင်အောင် ဟန့်တားထားတာပဲ ဖြစ်သည်။

အမ်..

ကျန်းရမ်ထူ၊ ကျန့်ရီမင်နှင့် ကျန်သည့်သူများက စိတ်ရှုပ်ထွေးသွားရုံသာမက လင်းရွှယ်အပါအဝင် တော်ဝင်မိသားစုဝင်များကလည်း အံ့သြသွားကြသည်။ ကောင်းကင်ကြယ်တာရာမြို့ကို လင်းဂိုဏ်းက အမြဲတမ်း ထိန်းချုပ်ခဲ့တာ ဖြစ်သည်။ လင်းဂိုဏ်း၏ မျိုးဆက်အနေဖြင့် သူတို့က ထိုအရံအတား တည်ရှိမှုအကြောင်း မသိခဲ့ပေ။

သိုင်းခန်းမက နောက်ဆုံးတော့ လှုပ်ရှားပြီလား။

လင်းရွှယ်၏ နုနယ်သော ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး သူမ၏ မျက်ဝန်းများက ရောင်ခြည်များဖြင့် စတင်တောက်ပလာသည်။

သိုင်းခန်းမသာလျှင် သူမ မသိလိုက်ဘဲ ထိုကဲ့သို့ အစီအရင်ကြီးတစ်ခု တည်ဆောက်နိုင်မှာ ဖြစ်သည်။ သိုင်းခန်းမသည် ယခုအချိန်ထိ မလှုပ်ရှားသေးဘဲ မကူညီခဲ့ရသည့် အကြောင်းအရင်းကို သဘောပေါက်သွားပြီ ဖြစ်သည်။

သူတို့က ကောင်းကင်ကြယ်တာရာမြို့ထဲသို့ ကျန်းရီဝင်လာမှာကို စောင့်ဆိုင်းနေကြပြီး မလွတ်မြောက်နိုင်သည့် ထောင်ခြောက်ထဲ သူ့ကို တိုးဝင်စေရန် စောင့်ဆိုင်းနေကြတာပဲ ဖြစ်သည်။

ဘီး..

လုံလောက်သွားပြီဖြစ်သည်။ ရင်ပြင်ဘက်ခြမ်းတွင် ကြီးမားသည့် ပို့ဆောင်ရေး အစီအရင်တစ်ခု ပေါ်ထွက်လာ၏။ ကျန်းရီက နေရာရွှေ့ပြောင်း၍ မရနိုင်။ သို့သော် ထိုအပြင်ဘက်ရှိ လူများက မည်ကဲ့သို့ အထဲ ဝင်နိုုင်သနည်း။

ပုံရိပ်လေးခုက ပို့ဆောင်ရေး အစီအရင်ထဲမှ ပေါ်ထွက်လာသည်။ တစ်ခါမှ မလှုပ်ရှားခဲ့သည့် သိုင်းခန်းမထဲရှိ သိုင်းပညာရှင်တစ်ရာနီးပါးကလည်း ရောက်လာပြီးနောက် ထိုလူလေးယောက်ရှေ့၌ ဒူးထောက်ကာ တည်ကြည်လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။

“နှုတ်ဆက်ပါတယ်။ သိုင်းခန်းမခွဲသခင် နတ်မိမယ်ကျီ အကြီးအကဲလုနဲ့ အကြီးအကဲကျန်း”

“နတ်မိမယ်ကျီ..”

ကျန်းရီသည် ကျန်သည့်သုံးယောက်ကို လျစ်လျူရှုထားသည့် သူ့အကြည့်က အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် မိန်းမလှဆီသာ ရောက်နေသည်။ သူမ၏ အလှတရားဖြင့် လူတိုင်းကို ဆွဲဆောင်နိုင်ပေ၏။ သို့သော် သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်များ ပြည့်နေသည်။

နတ်မိမယ်ကျီက ကျန်းရီကို ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားကာ ညင်သာစွာ ပြောလိုက်တော့၏။

“ကျန်းရီ မတွေ့ရတာ ကြာပြီ”

***

All Chapters