← Chapters

သောက်ခွေးကောင် ဂျူနီယာညီလေး

Vol. 10 Ch. 91

သောက်ခွေးကောင် ဂျူနီယာညီလေး

Vol. 10 Ch. 91

နတ်ဆိုးနှိမ်နင်းရေးဌာန၊အတန်းလိုက်အဆောင်တွင်

ရွှေလင်းယုန်တပ်ဖွဲ့ခေါင်းဆောင် အများအပြားသည် သူတို့ ကိုင်ဆောင်ထားသော ရတနာဝတ်ရုံများကို အခန်းထဲရှိကုတင်ပေါ်တွင် တင်လိုက်ကြပြီးနောက် ရေနွေးကြိုခြင်း၊ အခန်းသန့်ရှင်းရေး လုပ်ခြင်းတို့ကို လျင်မြန်စွာဆောင်ရွက်လိုက်ကြသည်။

ကိစ္စအားလုံး ပြီးစီးသွားသောအခါ သူတို့သည် လက်သီးဆုပ် အရိုအသေပြုလိုက်ပြီး မေးလိုက်ကြသည်။

"သခင်ရှန်း၊ တခြား ညွှန်ကြားစရာ ရှိပါသေးလား။"

စစ်သူကြီး ချင်းကျိုးတွင် မရှိသည့်အချိန်၌ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးသည် စီရင်စု ၁၂ ခု ကို စောင့်ကြပ်ရပေသည်။

ရုံးတော် အတွင်း၌ယခုအချိန်ထိ ထွက်ခွာခြင်း မရှိသေးသော ဤ အနီးကပ်တွဲဖက် ဒု-စစ်သူကြီး သည် အလွန်မြင့်မားသော ရာထူးကို ရရှိထားသည်ဟု ဆိုနိုင်ပြီး လူတိုင်းက သူ့အမိန့်ကို နာခံကြပေသည်။

သူ အပြင်ဘက်သို့ ရောက်နေလျှင်ပင် ပထမတန်းစားမြင့်မြတ်မိသားစု သို့မဟုတ် ဂိုဏ်းတစ်ခု၏ အကြီးအကဲ တစ်ဦးနှင့် ညီမျှသော အဆင့်အတန်း ရှိပေသည်။

"ဘာမှ မရှိတော့ဘူး။"

ရှန်းယီ လက်ကာပြလိုက်ပြီး လူအနည်းငယ် ထွက်ခွာသွားသည်ကို ကြည့်ကာ ကုတင်အစွန်းတွင် ဝင်ထိုင်လိုက်သည်။

သူ လက်လှမ်းလိုက်ပြီး ရွှေချထားသော ဝံပုလွေပုံစံဆံထိုးကို ကောက်ယူလိုက်ကာ မသိစိတ်ဖြင့် လက်ချောင်းထိပ်များနှင့် ဖျစ်ညှစ်ကြည့်လိုက်မိသည်။

သူ၏လက်ရှိ ခွန်အားဖြင့် ရွှေအစစ်ကို မဆိုထားနှင့် သန့်စင်သောသံမဏိကိုပင် ချေမှုန်းပစ်နိုင်ကြောင်း ရုတ်တရက် သတိပြုမိလိုက်ပေသည်။

သူသည် ဆံထိုးကို ပြန်ချလိုက်ပြီး ပါးလွှာသော ဝတ်ရုံကို ကောက်ယူကာ ၎င်းအပေါ်ရှိ ယင်-ယန် ငါးပုံစံကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

အချိန်အတော်ကြာမှ ၎င်းကို ဘေးဖယ်ထားလိုက်ပေသည်။

"ဒီရာထူးတိုးတာက မြန်လွန်းတယ်။"

ရှန်းယီသည် ကုတင်ပေါ်တွင် လှဲလိုက်ပြီး လက်မောင်းဖြင့်ခေါင်းအုံးကာ ခဲယဉ်းစွာ ရရှိထားသော နူးညံ့မှုနှင့် သက်တောင့်သက်သာရှိမှုကို ခံစားလိုက်သည်။

အကယ်၍ သူသာ စစ်မှန်သော အရည်အချင်းဖြင့် ရာထူးတိုးမြှင့်ခံရပါက တစ်မျိုးတစ်ဖုံ ဖြစ်နိုင်သော်လည်း၊ထိုအမြုတေဖွဲ့စည်းခြင်းအဆင့် ကျောင်းနဂါးကို သတ်ဖြတ်ခြင်း ကုသိုလ်အမှတ်တွင် ရေရောထားမှု ဘယ်လောက်ပါဝင်ကြောင်း သူ အသိဆုံး ဖြစ်ပေသည်။

သူ့ယခင်ခန္ဓာကိုယ်ပိုင်ရှင်သည် ဘိုင်ယွင်စီရင်စုတွင်ရောက်နေသော နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး၏တရားမဝင်သား ဖြစ်ပြီး အပြင်တွင် လေလွင့်နေရခြင်းများ ဖြစ်နေမည်လော။

သူသည် အမြဲတမ်း ကြည်လင်သော အသိစိတ်ရှိသည်ဟု ခံစားခဲ့ရသော်လည်း ယခုအချိန်တွင်မူ ရှင်းပြမရသော စိတ်မသက်မသာ ဖြစ်မှုကို ခံစားနေရပေသည်။

"သောက်ကျိုးနည်း"

ရှန်းယီ နှုတ်ခမ်းမဲ့လိုက်မိသည်။

ပြန်လာသော လမ်းတစ်လျှောက်တွင် သူသည် ဟုန်လေ့ထံမှ နတ်ဆိုးနှိမ်နင်းရေးဌာနနှင့် သိုင်းပညာနယ်ပယ်များအကြောင်း များစွာ လေ့လာခဲ့ရသည်။

ဥပမာအားဖြင့် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး တစ်ဦးစီ၏ဘေးတွင် အနီးကပ်တွဲဖက် ဒု-စစ်သူကြီး အများဆုံး ၄၊ ၅ ဦးခန့် သာ ရှိပြီး အချို့ဆိုလျှင် လုံးဝ မရှိကြပေ။

၎င်းတို့အနက် အထက်လူကြီးနောက်သို့ နှစ်ပေါင်း တစ်ရာ၊နှစ်ရာ လိုက်ပါခဲ့ဖူးသော ဒု-စစ်သူကြီးအိုကြီး အများအပြား ရှိကြပြီး၊ ထိုသူအားလုံးသည် ကုသိုလ်ကောင်းမှုများအပေါ် အခြေခံ၍ တပ်မှူး ဘဝမှ မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်ကျော်ပြီး တက်လှမ်းလာကြသူများ ဖြစ်သည်။

ကျောက်စိမ်းအဆင့် ပြီးပြည့်စုံခြင်း သည် အခြေခံ သတ်မှတ်ချက်မျှသာ ဖြစ်သည်။

စစ်သူကြီး ၁၂ ဦးအနက် သခင်ကြီးချန်သည် သူ၏ ကန့်သတ်ချက်သို့ အရောက်နေဆုံးသူ ဖြစ်သည်။

ကံကောင်းထောက်မစွာပင် ကိုယ်တွင်းအမြုတေ မှ ပြုစုပျိုးထောင်ထားသော ယင်ဝိညာဉ်ကြီးထွားလာပြီး ငြိမ်းတေ့မည်ဖယောင်းတိုင်မီးကဲ့သို့ ဖြစ်နေသောအခြေအနေကို သက်တမ်း အနည်းငယ် ထပ်မံ ဖြည့်စွက်ပေးနိုင်ခဲ့သည်။

အကယ်၍ သူသာ ထိုကဲ့သို့သော ပါရမီမျိုးကို အမှန်တကယ် ပြသနိုင်ခဲ့လျှင်... တစ်ဖက်လူက လေးလံသော သံလှံရှည်ကြီးကို မကိုင်နိုင်တော့မည့် နေ့တစ်နေ့ ရောက်လာပါက နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ရာထူးသည် သေချာပေါက်နီးပါး သူ၏ လက်ထဲသို့ ကျရောက်လာပေလိမ့်မည်။

သန်းနှင့်ချီသော သာမန်ပြည်သူများ ရှိသည့် စီရင်စုတစ်ခုကို အုပ်ချုပ်ခြင်း - ဤအရာသည် ရှန်းယီ ဘိုင်ယွင်စီရင်စုတွင် ရှိစဉ်ကပင် စိတ်ကူးကြည့်ရန် ခဲယဉ်းသော ကိစ္စဖြစ်သည်။

တစ်ခုတည်းသော နှမြောစရာကောင်းသည့် အချက်မှာ ဤပါရမီအတွက် နတ်ဆိုးသက်တမ်း အမြောက်အမြား စုဆောင်းရန် လိုအပ်ခြင်းပင် ဖြစ်သည်။

"..."

နတ်ဆိုးသက်တမ်းအကြောင်း တွေးမိသောအခါ ရှန်းယီ၏တည်ငြိမ်သော မျက်နှာထားတွင် မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားခဲ့ပေ၏။

သူသည် ယခု ကျောက်စိမ်းအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေပြီဖြစ်ရာ ဆက်လက် တိုးတက်ရန်အတွက် စစ်မှန်သော အမြုတေဖွဲ့စည်းခြင်း နည်းပညာတစ်ခု လိုအပ်နေပေသည်။

နတ်ဆိုးနှိမ်နင်းရေးဌာန၏တည်ငြိမ်မှုနှင့် စနစ်ကျမှုကို သူ နားလည်နိုင်သော်လည်း၊ကိုယ်တိုင်နှင့် ပတ်သက်လာသောအခါ အရာရာကို နှစ်များစွာ နှင့် ချီ၍ အမြဲ ပြောဆိုတတ်သော သူတို့၏တင်းမာသည့် ခေါင်းမာမှုအပေါ် သက်ပြင်းချမိပေသည်။

ရှန်းယီ စောင့်ဆိုင်းနိုင်သော်လည်း ထိုင်ပြီး စောင့်နေရန် ဆန္ဒမရှိပေ။

နတ်ဆိုးနှိမ်နင်းရေးဌာန အပြင်ဘက်တွင်လည်း ထိုကဲ့သို့သော အရာများ ရှိနေသေးသည်။

အနီးကပ်တွဲဖက် ဒု-စစ်သူကြီး ဟူသော ဂုဏ်ပုဒ်ဖြင့် အရာများစွာကို ဝင်ရောက်စွက်ဖက်ရန် လမ်းပွင့်သွားပြီ ဖြစ်သည်။

အကယ်၍ သူ ကြိုတင် ရယူနိုင်မည်ဆိုပါက ၎င်းသည် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

သို့သော် ထိုအရာများကို မလုပ်ဆောင်မီ အခြေခံအုတ်မြစ်အဖြစ် လုံလောက်သော ခွန်အား ရှိရန် လိုအပ်သေးသည်။

သို့မဟုတ်ပါက အမြီးပေါ်နေသည်ကို မိသွားပြီး ဝိုင်းရံခံရချိန်တွင် ပြန်လည် မတိုက်ခိုက်နိုင်ပါက အမှန်တကယ်ပင် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။

"အဟွတ်။"

ထိုမြင်ကွင်းကို စိတ်ကူးကြည့်မိပြီး ရှန်းယီ နှုတ်ခမ်း တွန့်သွားမိသည်။

လက်ရှိတွင် တိုးတက်ရန် လမ်းကြောင်းများစွာ ရှိနေသေးသည်။

ရွှေယွင်ရွာ၌ကျောင်းနဂါးလေးနှင့် တွေ့ဆုံချိန်မှစ၍ သူ၏ယခင် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်သည် လုံလောက်မှု မရှိကြောင်း သိသာထင်ရှားခဲ့သည်။

ကံကောင်းထောက်မစွာပင် သူရတော့မည့် ဗောဓိဗာဂျာရာခန္ဓာကိုယ် သည် သူ၏ရုပ်ပိုင်းဆိုင်ရာကို ပိုမို မြှင့်တင်ပေးနိုင်ပေလိမ့်မည်။

ထို့အပြင်...

ရှန်းယီသည် အသိစိတ်ဖြင့် နေမင်းလောင်ကျွမ်းခြင်း ရတနာမီးပြင်းဖိုဖြင့် ဖိနှိပ်ထားသော ကောင်းကင်နတ်ဆိုးအမြုတေကို ကြည့်လိုက်သည်။

ယင်းအတွင်းရှိ နတ်ဆိုးစွမ်းအား သည် တစ်ဝက်ခန့်သာ ပြည့်နေသေးသည်။

အကယ်၍ သူသာ ၎င်းကို အပြည့်အဝ ဖြည့်ဆည်းနိုင်ပါက ကျောင်းသခင်၏ကျင့်ကြံခြင်းကို နှစ်ဆ ပိုင်ဆိုင်ထားသည်နှင့် ညီမျှပေလိမ့်မည်။

ထိုအချိန်တွင် အမြုတေစုစည်းခြင်းအဆင့် အောက်၊ ယင်ဝိညာဉ်နှင့် ရှေးဦးမူလနည်းစနစ်များ မပါဝင်သရွေ့ သူသည် အတားအဆီးမရှိ လျှောက်လှမ်းနိုင်မည် မဟုတ်ပါလော။

ကံမကောင်းစွာဖြင့် နေမင်းလောင်ကျွမ်းခြင်း ရတနာမီးပြင်းဖိုသည် ၎င်း၏ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ပိုမို အားကောင်းသော နတ်ဆိုးစွမ်းအားကို ဖိနှိပ်ရန်အတွက် မရီဒျန်ဆုံမှတ် များနှင့် ပိုမို ချိတ်ဆက်ရန် လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။

သူ မှတ်မိသလောက်ဆိုလျှင်၊ ထိုနေ့က မိုးကြိုးမုန်တိုင်းနေမင်းလောင်ကျွမ်းခြင်း ရတနာကျမ်း ကို ဆင်ခြင်နေစဉ်တွင် မရီဒျန်ဆုံမှတ် အသစ် ၄ ခု ဖွင့်ရန်အတွက်ပင် နှစ်ပေါင်း နှစ်ရာကျော် ကြာမြင့်ခဲ့ပြီး စုစုပေါင်း ၂၇၅ ခုသာ ရောက်ရှိသေးသည်။

အားလုံး ဖွင့်နိုင်ရန်အတွက် အဝေးကြီး လိုသေးသည်။

"အလောတကြီး လုပ်စရာ မလိုဘူး၊ ဖြည်းဖြည်းချင်းပေါ့။"

ရှန်းယီသည် ကုတင်ပေါ်မှ ပျင်းရိစွာ ဆင်းလာပြီး ရေကျက်အေး တစ်ခွက် ငှဲ့လိုက်သည်။

ကြီးမားသော သက်တမ်းလိုအပ်မှုကို အချိန်တိုအတွင်း ဖြည့်ဆည်း၍ မရနိုင်ပေ။

အနည်းဆုံးတော့ ယခု သူ့တွင် ဦးတည်ချက် တစ်ခု ရှိနေပြီဖြစ်ရာ ဘိုင်ယွင်စီရင်စုတွင် ခေါင်းပြတ်နေသော ယင်ကောင်ကဲ့သို့ စမ်းတဝါးဝါးဖြစ်နေသည်ထက် ပိုကောင်းပေသည်။

"သခင်ရှန်းက ပုံမှန်ဆို ရေနွေးကြမ်းပဲ သောက်ပြီး ရေငတ်ဖြေလေ့ ရှိတာလား။"

ခြံဝင်းထဲမှ လှောင်ပြောင်သံ တစ်ခု ထွက်ပေါ်လာသည်။

ရှန်းယီ ဘေးတိုက်ကြည့်လိုက်ရာ အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားသော ချောမောသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

ထိုလူငယ်သည် ဝိုင်အိုး နှစ်အိုးကို ကိုင်ဆောင်ထားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားသည်။

"ဆေးခန်းမှာ အလုပ်လုပ်တဲ့ ပိုင်ကျစ်မင်ပါ။"

ဟုန်လေ့ ပြောပြသော စာရင်းတွင် ဖန်းဟန်၊ လင်းပိုင်ဝေ့ တို့နှင့်အတူ ဤအမည် ပါဝင်ပြီး နောက်ဆုံးမှ ဖော်ပြထားသည်ကို သူ ကြားဖူးသလို ရှိသည်။

ရှန်းယီသည် သူ့နောက်မှ ဖန်းဟန်ကို တစ်ချက်ကြည့်လိုက်ပြီး ရေနွေးကို တစ်ငုံ သောက်ကာ လျစ်လျူရှုဟန်ဖြင့် ပြောလိုက်သည်။

"လက်ဖက်ရည်က ခါးလွန်းတယ်၊ တခြားဟာ သောက်ရတာလည်း ကျွန်တော် အကျင့်သားအရသေးဘူး။"

သူ၏ယခင်ဘဝက လုံလောက်အောင် ဆင်းရဲဒုက္ခ ရောက်ခဲ့ပြီးပြီ ဖြစ်ရာ၊ အခါးထဲမှ အချိုအရသာကို မြည်းစမ်း ခံစားနေရန် သူ့တွင် အချိန်ပို မရှိပေ။

"ကျွန်တော့်ဆီမှာ ထူးခြားတဲ့ အားဆေးလက်ဖက်ရည် ရှိတယ်ဗျ၊ ယင်ဓာတ်ကို အားဖြည့်ပြီး ယန်ဓာတ်ကို ခိုင်မာစေတယ်၊ ချီဓာတ်ကို ကောင်းမွန်စေပြီး ကျောက်ကပ်ကို သန်မာစေတယ်။အရသာကလည်း ချိုမြိန်ပြီး ကောင်းမွန်တယ်။ နောက်တစ်ခါကျရင် သခင်ရှန်းအတွက် အထုပ်နှစ်ထုပ်လောက် ယူလာခဲ့ပေးမယ်။"

ပိုင်ကျစ်မင်သည် ရင်းနှီးကျွမ်းဝင်စွာဖြင့် အခန်းထဲသို့ ဝင်လာပြီး ဝိုင်အိုးများကို စားပွဲပေါ် တင်လိုက်သည်။

ထို့နောက် ဖန်းဟန်၏တွဲလောင်းကျနေသော လက်ထဲမှ ထမင်းချိုင့်ကို ယူလိုက်ပြီး ရှန်းယီကို တိတ်တဆိတ် အကဲခတ်ကာ ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ ဒီဂျူနီယာညီလေးက စိတ်မြန်လက်မြန် ရှိပြီး အရင်က သခင့်ကို အများကြီး ပြစ်မှားခဲ့ဖူးတယ်။ ဒါကြောင့် တောင်းပန်ဖို့အတွက် သူ့ကို ကျွန်တော် အထူး ခေါ်လာခဲ့တာပါ။"

ထိုစကားကို ကြားသောအခါ ရှန်းယီသည် တောင့်တင်းသန်မာသော ထိုလူကောင်ကြီးကို ကြည့်လိုက်သည်။

ဖန်းဟန်က ရိုးသားစွာ ပြောလိုက်သည်။

"မဟုတ်ပါဘူး၊ သူက မျိုးဆက်သစ်တွေထဲမှာ သူ့ထက်သာတဲ့ သိုင်းပညာရှင် ရှိတယ်ဆိုတာ မယုံကြည်ဘူး။သူက လက်မခံနိုင်ဖြစ်နေပြီး သခင့်ရဲ့ အားနည်းချက်တွေကို လာရှာတာပါ။ နောက်တစ်ခါ ယှဉ်ပြိုင်တဲ့အခါ သခင့်ကို ခြုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်နေတာ။"

"..."

ပိုင်ကျစ်မင်၏မျက်လုံးထောင့်များ အနည်းငယ် လှုပ်သွားပြီး အပြုံးမှာ အနည်းငယ်တောင့်တင်းသွားသည်။

"သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့။ သခင်ရှန်းရဲ့ ကျင့်ကြံမှုက နက်ရှိုင်းလှပါတယ်။ ကျွန်တော် ပိုင်မျိုးနွယ်က နိမ့်ကျနေတဲ့အတွက် ရှက်မိပါတယ်။ ကျွန်တော်က သမားတော် တစ်ယောက်ပါ၊ သိုင်းပညာ ယှဉ်ပြိုင်ဖို့ ဘယ်လိုလုပ် ဝံ့ရဲပါ့မလဲ။"

ရှန်းယီ ဖန်းဟန်ကို ထပ်ကြည့်လိုက်သည်။

လူကောင်ကြီးက ခေါင်းမော့လိုက်သည်။

"မဟုတ်ဘူး၊ စီနီယာအစ်မကျန်း က အမြုတေစုစည်းခြင်းအဆင့် ပြီးပြည့်စုံခြင်း ရောက်နေပြီ။ ပြီးခဲ့တဲ့တစ်ခေါက် သူ ပြန်လာတုန်းက ဒီကောင် သူ့နောက်ကျောကနေ အသစ်စမ်းသပ်ထားတဲ့ အဆိပ်အပ်တွေနဲ့ ပစ်ထည့်လိုက်လို့ စီနီယာအစ်မ ဓားနဲ့ အထုခံရပြီး မြေပြင်ပေါ်မှာ ၂ လလောက် လဲနေခဲ့ရဖူးတယ်။"

"မင်းတို့နှစ်ယောက် စကားပြောနှင့်ကြ။"

ပိုင်ကျစ်မင်၏မျက်နှာမှာ ခံစားချက် ကင်းမဲ့သွားသည်။

သူ ထမင်းချိုင့်ကို ချထားလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။

"ငါ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့။"

'ဆရာပြန်လာရင် ဒီကိစ္စကို သေချာပေါက် တိုင်ပြီးတော့ ဒီကျေးဇူးကန်းတဲ့ကောင် ကို ဂိုဏ်းကနေ ထုတ်ပစ်ခိုင်းမယ်'

"စီနီယာအစ်ကိုပိုင်။"

ဖန်းဟန်က သူ့ကို လှမ်းခေါ်လိုက်သည်။

လက်မောင်းများ တွဲလောင်းကျနေလျက်နှင့် အနည်းငယ် တောင်းပန်သော လေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော့်အတွက် ဝိုင်နည်းနည်းလောက် ငှဲ့ပေးလို့ ရမလား။"

"ငါ ရုတ်တရက် ဗိုက်လည်း မဆာ၊ ရေလည်း မငတ်တော့ဘူး။"

ပိုင်ကျစ်မင်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သော်လည်း ထမင်းချိုင့်ထဲမှ ဝိုင်ခွက်ငယ် ၃ ခွက်ကို ထုတ်ယူလိုက်ပြီး အိုးထဲမှ ဝိုင်ကောင်းများကို ဖြည့်ပေးလိုက်သည်။

သူသည် ခွက်များကို သူတို့နှစ်ဦးစီသို့ သီးခြားစီ တွန်းပို့လိုက်ပြီးနောက် မိမိအတွက် ဝိုင်ခွက်ကို ကောက်ယူလိုက်သည်။

"စီနီယာအစ်ကို၊ ကျွန်တော့်အတွက် တံခါး ပြန်ပိတ်ပေးပါဦး။"

ဖန်းဟန် အသက်ပြင်းပြင်း ရှူလိုက်သည်။

ဝိုင်ခွက်ကို ကိုင်ထားသော ပိုင်ကျစ်မင်၏ လက်သည် အနည်းငယ် တုန်သွားသည်။

သူသည် ဖန်းဟန်ကို ထထိုးချင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

"ဖန်းမျိုးနွယ်ဝင်ကောင်၊ ငါ ပိုင်မျိုးနွယ်က ဒုက္ခိတတွေကို အနိုင်မကျင့်ဘူးကွ။ မင်း ဒဏ်ရာတွေ ပျောက်မှ တွေ့မယ်။"

ထိုသို့ပြောပြီးနောက် သူ ဝတ်ရုံလက်ကို ခါလိုက်ပြီး လှည့်ထွက်သွားကာ သစ်သားတံခါးကို ဝုန်းခနဲ ပိတ်ချလိုက်သည်။

"..."

ဤလူပြက် နှစ်ယောက်ကို ကြည့်ရင်း ရှန်းယီ တိတ်ဆိတ်သွားသည်။

ခဏအကြာမှ သူ မေးလိုက်သည်။

"တကယ်တမ်း ဘာကိစ္စလဲ။"

ဖန်းဟန် အံကြိတ်လိုက်ပြီး ထုံကျင်လုနီးပါး ဖြစ်နေသော လက်ဖြင့် ဝိုင်ခွက်ကို တုန်ရီစွာ လှမ်းယူလိုက်သည်။

ခက်ခဲစွာ မတင်လိုက်ပြီးနောက် တစ်ကျိုက်တည်း မော့ချလိုက်သည်။

သူ ဘယ်လောက်ကြာအောင် ရုန်းကန်ခဲ့ရသည်ကို မသိသော်လည်း နောက်ဆုံးတွင် သတ္တိမွေးပြီး ပြောလိုက်သည်။

"ကျွန်တော် သခင့်ကို တောင်းဆိုချင်တာက... လင်းကျန်းစီရင်စုကို မသွားပါနဲ့၊ အနည်းဆုံးတော့ လာမယ့် လအနည်းငယ်အတွင်း မသွားပါနဲ့။"

စကားသံက သိပ်မကျယ်လောင်လှပေ။

သို့သော် ခြံဝင်းတံခါး အပြင်ဘက်ရှိ လူနှစ်ယောက်၏ခြေလှမ်းများကို ဖြည်းညှင်းစွာ ရပ်တန့်သွားစေခဲ့သည်။

ပခုံးကျယ်ကျယ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အထဲသို့ တိတ်တဆိတ် လှမ်းကြည့်လိုက်ပြီး သူ၏ပခုံးပေါ်တွင် ထိုင်နေသော မိန်းကလေးငယ်၏မျက်နှာသည် ရုတ်တရက် အေးစက်သွားကာ တွဲလောင်းကျနေသော သူမ၏ဖြူဝင်းနူးညံ့သည့် ခြေထောက်လေးများ လှုပ်ရမ်းနေမှု ရပ်တန့်သွားသည်။

ပိုင်ကျစ်မင်သည် တံခါးရှေ့တွင် ရပ်နေသည်။

အထဲမှ စကားသံကို ကြားလိုက်ရသော်လည်း သူ မတုံ့ပြန်ရသေးပေ။သို့သော် သူ၏မျက်လုံးထောင့်စွန်းမှ အဝေးရှိ လူရိပ်များကို မြင်လိုက်ရသောအခါ သူ၏နဖူးပေါ်တွင် ချွေးများ ချက်ချင်း စီးကျလာခဲ့သည်။

ဒီ သောက်ခွေးဂျူနီယာညီလေး၊တိုးတိုးတိတ်တိတ်နဲ့ ငါ့ကို ဒီနေရာခေါ်လာတာ ဂွင်ဆင်ဖို့ပဲကိုး။

All Chapters