← Chapters

ဗာဂျာရာဂိုဏ်း ပြန်လည်ရှင်သန်ရေး လမ်းစ

Vol. 10 Ch. 95

ဗာဂျာရာဂိုဏ်း ပြန်လည်ရှင်သန်ရေး လမ်းစ

Vol. 10 Ch. 95

[၁ နှစ် - သင်သည် ခန္ဓာကိုယ်သန့်စင်ဆေးကို စားသုံးပြီး ဗောဓိဗာဂျာရာခန္ဓာကိုယ်ကို စတင်ကျင့်ကြံသည်။]

အခန်းထဲတွင် ရှန်းယီသည် ခန္ဓာကိုယ်သန့်စင်ဆေး ပုလင်းတစ်ရာလုံးကို သူ၏ငွေရောင်ခေါင်းလောင်းထဲသို့ ထည့်လိုက်ပေ၏။

ခေါင်းလောင်းသည် သေးငယ်သော်လည်း ကိုယ်ပိုင်ပစ္စည်းများ ထည့်ရန်အတွက် လုံလောက်မှုရှိပေသည်။

သူ၏လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ သားရဲသွေးနံ့ သဲ့သဲ့ရနေသော ပဲစေ့အရွယ် အနီရောင်ဆေးလုံးများကို တစ်နှစ်စာ ပမာဏဖြင့် တဖြည်းဖြည်း စားသုံးလိုက်လေသည်။

[၂ နှစ် - သင် ယခင်က ကျင့်ကြံခဲ့သော ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်သည် ဤရတနာခန္ဓာကိုယ်နှင့် သိမ်မွေ့စွာ တူညီနေသဖြင့် သင်ယူရန် အလွန် လွယ်ကူမြန်ဆန်နေသည်။ ရတနာဆေးလုံးများ၏ဆက်တိုက် ထောက်ပံ့ပေးမှုကြောင့် သင်၏ ကျင့်ကြံမှု စွမ်းဆောင်ရည်သည် များစွာ တိုးတက်လာသည်။]

[၅ နှစ် - တစ်စုံတစ်ခု မှားယွင်းနေသည်ကို သင် တဖြည်းဖြည်း တွေ့ရှိလာသည်။ ဗောဓိဗာဂျာရာခန္ဓာကိုယ်သည် သီးခြား ဝိညာဉ်အပင်တစ်မျိုး၏ အကူအညီ လိုအပ်ပုံရပြီး သင်၏ကျင့်ကြံခြင်း စွမ်းဆောင်ရည် ကျဆင်းလာသည်။]

ဘောင်မှ သတိပေးချက်များကို ကြည့်ပြီး ရှန်းယီသည် အခြားသူများထံမှ ဤအကြောင်းကို ကြားသိထားပြီးဖြစ်သဖြင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်ပေသည်။

ဗောဓိဗာဂျာရာအသီးများနှင့် ရတနာဆေးလုံးများ ရှိလျှင် နှစ်ပေါင်း ၁၈၀ ကြာမြင့်မည်ဖြစ်သည်။

သို့ဆိုလျှင် နှစ်ဆတိုးလိုက်ပါက လုံလောက်သင့်ပေသည်။

ထိုကဲ့သို့ နှေးကွေးပြီး ကြိုးစားအားထုတ်မှုတိုင်းအတွက် သက်ဆိုင်ရာ အကျိုးကျေးဇူး ရရှိစေသော ကျင့်ကြံခြင်းနည်းလမ်းသည် ဉာဏ်အလင်းပွင့်မှုအပေါ် မှီခိုရသော နည်းလမ်းများထက် ပိုမို စိတ်ချရပေသည်။

တစ်ခုတည်းသော မျှော်လင့်စရာ အချက်မှာ ၎င်းသည် သူ၏နတ်ဆိုးပါရမီများနှင့် ပေါင်းစပ်ကာ ပိုမို အားကောင်းသော နတ်ဆိုးသိုင်းပညာများကို ကောက်ချက်ချနိုင်မလား ဆိုသည့်အချက်ပင် ဖြစ်လေသည်။

အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့လေ၏။

"ကုန်ခါနီးဖြစ်သွားတာ နှမြောစရာပဲ။ နောက်ထပ် ရဖို့ဆိုရင် ကုသိုလ်အမှတ် ထပ်ရှာရဦးမယ်။ ပြီးတော့ သံသယ ဝင်ခံရလွယ်တယ်..."

လောလောဆယ် သူ့တွင် ပိုလျှံနေသော ကုသိုလ်အမှတ် မရှိသည်ကို မဆိုထားနှင့်၊ ရှိလျှင်ပင် နှစ်တစ်ရာစာ ဆေးလုံးများ ဘယ်ရောက်သွားသလဲဆိုသည်ကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။

ရှန်းယီ လက်ဝါးကို ထပ်မံ လှန်လိုက်ရာ ဆေးလုံး အနည်းငယ်သာ ကျန်ရှိတော့သဖြင့် သက်ပြင်းအနည်းငယ် ချလိုက်မိလေသည်။

သို့သော် ရာစုနှစ်တစ်ခုစာ ဆေးလုံးများကို စားသုံးပြီးနောက် သူ၏ခန္ဓာကိုယ်နှင့် အရေပြားတစ်လျှောက်တွင် တိုးပွားလာသော ခွန်အားများနှင့်အတူ မှိန်ပျပျတောက်ပလာခဲ့ပေသည်။

ကျောင်းနတ်ဆိုးခွန်အား နှင့် နဂါးမိကျောင်း ပါရမီများ၏ကောင်းချီးပေးမှုကြောင့် ရှန်းယီ၏လက်ရှိခွန်အားသည် ကျောက်စိမ်းအဆင့်ရှိသူများအကြားတွင် ပြိုင်ဘက်ကင်းသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိထားသင့်ပေသည်။

သို့သော် ထိုအခြေခံအုတ်မြစ်အပေါ်တွင် ဤခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာက သူ့အား သိသာထင်ရှားသော တိုးတက်မှုကို ခံစားရစေဆဲ ဖြစ်ပေ၏။

ဗောဓိဗာဂျာရာရတနာသစ်ပင် မညှိုးနွမ်းသေးချိန်က မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။

ထိုစဉ်က ဂိုဏ်းသားများသည် ကျောက်စိမ်းအဆင့် အစောပိုင်းသို့ ရောက်ရှိရုံဖြင့် ကျောက်စိမ်းအဆင့် ပြီးပြည့်စုံခြင်းနှင့် ယှဉ်နိုင်သော တိုက်ခိုက်စွမ်းရည်ကို စုဆောင်းနိုင်ခဲ့ကြပေသည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ဆရာသခင်တစ်ဦး ကြီးကြပ်ခြင်း မရှိလျှင်ပင် မာကျောသောအသား ထိုးနှက်ချက်ပြင်းထန်သော ထိုကဲ့သို့ တပည့်တစ်စုကို မည်သူက မကြောက်ဘဲ နေမည်နည်း။

[၆၂၄ နှစ် - ဝိညာဉ်အပင်များနှင့် ရတနာဆေးလုံးများ၏အကူအညီ မပါဘဲ ရှည်လျားသော အချိန်ကာလကို အားကိုးခြင်းဖြင့် သင်သည် ဗောဓိဗာဂျာရာခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်...]

[ကျောက်စိမ်းအဆင့် ဗောဓိဗာဂျာရာခန္ဓာကိုယ် (ပြီးပြည့်စုံခြင်း)]

[လက်ကျန် နတ်ဆိုးသက်တမ်း - ၄၇၄ နှစ်]

တောက်ပသော အဖြူရောင်အလင်းတန်းသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီးနောက် အရေပြားထဲသို့ လျင်မြန်စွာ စုပ်ယူသွားလေသည်။

ရှန်းယီ မျက်လုံးများကို မှိတ်ပြီး ဂရုတစိုက် ခံစားကြည့်လိုက်ရာ အံ့သြသွားမိပေသည်။ ခွန်အားသက်သက်ဖြင့် ကြည့်လျှင် ဤဗောဓိဗာဂျာရာခန္ဓာကိုယ်သည် ကျောင်းနတ်ဆိုးစွမ်းအား၏ ၈၀ ရာခိုင်နှုန်းခန့်ကို ပေးစွမ်းပေသည်။

၎င်းသည် ၁၀ ကျန်း(ခန့်မှန်းပေ ၁၀၀) ကျော် ရှည်လျားသော ကျောင်းနတ်ဆိုးငယ် တစ်ကောင်နှင့် ညီမျှပေ၏။

စာသားအတိုင်းဆိုလျှင် လက်ဗလာဖြင့် နတ်ဆိုးများကို ဆွဲဖြဲနိုင်ပေ၏။

ထို့အပြင်

ရှန်းယီ သူ၏လက်မောင်းကို ကြည့်လိုက်လေသည်။ဤတစ်ခါတော့ သူ ဓားဖြင့် လှီးဖြတ်ရန် မကြိုးစားတော့ဘဲ လက်ချောင်းထိပ်များဖြင့် အကြိမ်အနည်းငယ် ဖိကြည့်ပြီး ဆုံးဖြတ်ချက်ချလိုက်ပေသည်။

အကယ်၍ ချင်းဖုန်းတောင်သို့ ပြန်သွားရလျှင် ကျန်းဟန်ကျိုး၏လက်သည်းချက်များသည် ထိုမောပန်းနေသော အခြေအနေမျိုး၌သူ့ပခုံးကို ထိုမျှ လွယ်ကူစွာ ဖောက်ထွင်းနိုင်တော့မည် မဟုတ်ပေ။

နဂါးမိကျောင်းနှင့် ကျောင်းနတ်ဆိုးလေးတို့ အကြောင်းကိုမူ ထည့်ပြောရန်ပင် မလိုတော့ချေ။

အနည်းဆုံး အမြုတေဖွဲ့စည်းခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးက သိုင်းပညာကို အလေးအနက် အသုံးပြုမှသာ သူ၏ကာကွယ်မှုကို ဖောက်ထွင်းနိုင်ကောင်း ဖောက်ထွင်းနိုင်မည် ဖြစ်လေသည်။

ခက်ခဲစွာကျိုးစားမှုသလောက်ရှိသည် ဟုသာ ဆိုရမည်။

နောက်ဆုံးတော့ သူသည် အရိုက်ခံရန် ရပ်နေသော သစ်သားရုပ် မဟုတ်ပေ။

သူ အနည်းငယ် အကောင်းမြင်လွန်းနေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သို့သော် ရှန်းယီ အမှန်တကယ် ခံစားမိသည်မှာ ကောင်းကင်နတ်ဆိုးအမြုတေ နှင့် ဤမျှ အစွမ်းထက်သော ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်သိုင်းပညာများကို ကျွမ်းကျင်စွာ မတတ်မြောက်သေးသော်လည်း၊အကယ်၍ ဖြစ်တည်စအမြုတေဖွဲ့စည်းခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးသာ ဖြစ်ပါက... ထိုသူသည် မိမိ၏ပြိုင်ဘက် မဖြစ်နိုင်လောက်တော့ပေ။

အကယ်၍ သူသာ အမြုတေဖွဲ့စည်းခြင်းအဆင့် နည်းစနစ်များကို ပြီးပြည့်စုံအောင်အသုံးပြုနိုင်ပါက ကျောင်းသခင်ပြန်လည်အသက်ရှင်လာလျှင်ပင် သူ ယှဉ်မတိုက်နိုင်စရာ မရှိပေ။

အမြုတေဖွဲ့စည်းခြင်း နည်းစနစ်များနှင့် ယှဉ်လျှင် အမြုတေဖွဲ့စည်းခြင်း သိုင်းပညာများကို ရရှိရန်မှာ ပိုမို လွယ်ကူပေသည်။

သူ သတ်ဖြတ်ခဲ့သော နတ်ဆိုးများသည် သိုင်းပညာရှင်များ၏ကျင့်ကြံခြင်းနည်းစနစ်များကဲ့သို့ မကျွမ်းကျင်သော်လည်း သတ်ဖြတ်ခြင်းနှင့် မည်သည့်နေရာကမဆို ပိုရက်စက်ကာ တစ်ကောင်ထက်တစ်ကောင် ပိုဆိုးရွားကြပေသည်။

သူ့တွင် လုံလောက်သော နတ်ဆိုးပုံဆောင်ခဲများ ရှိနေသရွေ့ ပြဿနာကြီးတစ်ခု မဟုတ်လောက်တော့ပေ။

ရှန်းယီသည် ကိုယ်ဖော့ပညာနှင့် ပတ်သက်သော နောက်ဆုံးစာအုပ်ကို လှမ်းယူလိုက်လေသည်။

အကျဉ်းချုပ် ဖတ်ရှုပြီးနောက် သူ အနည်းငယ် နားလည်လိုက်ပေသည်။

ဤ လျှင်မြန်သောမြင်းဖြူခြေလှမ်း သည် မြွေနဂါးနှင့်မျောက်ဝံဖြူကခုန်ခြင်း နှင့် ယှဉ်လျှင် ခရီးဝေး သွားလာရန် ပိုမို သင့်လျော်ပေသည်။

အမြန်နှုန်းတိုးတက်မှုမှာ သိပ်မများသော်လည်း ခံနိုင်ရည်အား ပိုမိုပေးစွမ်းနိုင်ပြီး အနီးကပ် တိုက်ခိုက်ရာတွင် အသုံးပြုသော ခြေကွက်မျိုး မဟုတ်ပေ။

နတ်ဆိုးသက်တမ်း နှစ် ၄၀၀ ကျော်သာ ကျန်ရှိတော့သဖြင့် ချီပင်လယ်ကို ဖြည့်တင်းရန် အချို့ကို ချန်ထားရန် လိုအပ်ပေသည်၊၊

အဘယ်ကြောင့်ဆိုသော် ကျောင်းနတ်ဆိုးနှင့် နောက်ဆုံး တိုက်ပွဲတွင် ၎င်း၏ခန္ဓာကိုယ် မသန်မစွမ်း ဖြစ်နေသည့်တိုင် သူ၏သက်တမ်းများကို များစွာကုန်စေခဲ့သောကြောင့်ဖြစ်သည်။

ဤနည်းလမ်းကိုမူ သူ၏လက်ကျန်သက်တမ်း ပိုမို များပြားလာသောအခါမှ စဉ်းစားမည် ဖြစ်လေသည်။

သူသည် ငွေရောင်ခေါင်းလောင်းကို အသက်သွင်းလိုက်ပြီး ကုတင်ပေါ်ရှိ သိုင်းပညာစာအုပ် အားလုံးကို သိမ်းဆည်းလိုက်ပေသည်။

ထိုစဉ် ခြံဝင်းအပြင်ဘက်မှ အော်သံ ထပ်မံ ထွက်ပေါ်လာသည်။

"သခင်ရှန်း"

နှုတ်ဆက်ပြီးနောက် ပတ်တီးများ စည်းထားပြီး ခြေထောက်မသန်တော့သော လီရှင်းဟန်သည် ညအမှောင်ထဲမှ ဝင်ရောက်လာလေသည်။

သူသည် ခံစားချက်မရှိသော မျက်နှာဖြင့် အခန်းထဲသို့ တစ်လှမ်းချင်း ဝင်လာပြီး ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ထိုင်လိုက်ပြီးနောက် ရှန်းယီကို စူးစိုက်ကြည့်နေလေသည်။

ဤသူသည် ဘိုင်ယွင်စီရင်စုမှ သူကိုယ်တိုင် ခေါ်ဆောင်လာခဲ့သော အရာရှိ ဟုတ်မဟုတ် အတည်ပြုလိုသည့်အလားပင်။

အချိန်အတော်ကြာမှ သူ စိတ်ပျက်လက်ပျက်ဖြင့် နောက်သို့ မှီချလိုက်ပြီး ပြောလေသည်။

"သခင်ရှန်း၊ ခင်ဗျား တကယ် ရက်စက်တာပဲ။"

သူသည် ဒု-စစ်သူကြီး ရာထူးတိုးရန် ကုသိုလ်အမှတ် တစ်မှတ်သာ လိုတော့ခြင်း ဖြစ်လေသည်။

တစ်ဖက်လူက သူ့ကို ကူညီနိုင်မည်ဟု မျှော်လင့်ပြီး သူ ရှန်းယီကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ရွှေယွင်ရွာဖြစ်ရပ်ပြီးနောက် ဦးဆောင်သူ တပ်မှူးဖြစ်သော လီရှင်းဟန်သည် မည်သည့် ကုသိုလ်အမှတ်ကိုမျှ မယူခဲ့ပေ။

၎င်းသည် နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ဝင်ရောက်ကာစ ဖြစ်ပြီး နေရာတစ်နေရာ ရရှိရန် ကုသိုလ်အမှတ် လိုအပ်နေသော ရှန်းယီနှင့်သာ ထိုက်တန်သည်ဟု ယူဆခဲ့သောကြောင့် ဖြစ်လေသည်။

သူ၏ဒဏ်ရာများ သက်သာလာသည်နှင့် တစ်ဖက်လူ၏အသက်ကယ်ကျေးဇူးကို ပြန်လည် ပေးဆပ်ရန် သူ မျှော်လင့်ခဲ့ဖူးသည်။

စောစောက သူ့အစ်မဖြစ်သူသည် ရှန်းယီကို ဆွဲဆောင်ထားနိုင်ခြင်း မရှိကြောင်း သိလိုက်ရသောအခါ သူ သူမနှင့် ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့ရသည်။

သို့သော် ယခုမူ

လီရှင်းဟန် အံကြိတ်လိုက်မိပြီး နောင်တများ ပြည့်နှက်နေလေသည်။

တစ်ဖက်လူက ထိုပမာဏ အနည်းငယ်ကို ဘယ်လိုလုပ် လိုအပ်မှာလဲ။ သူ ဂရုပင် စိုက်မည် မဟုတ်ပေ။

"မင်း ဒဏ်ရာ မပျောက်သေးရင် ဂဏှာမငြိမ် မဖြစ်သင့်ဘူး။"

ရှန်းယီ ဖြည်းညှင်းစွာ ထထိုင်လိုက်ပေသည်။ သူ ချင်းဖုန်းတောင်တွင် အကြာကြီး နေခဲ့ရပြီးနောက် နောက်ဆုံးတွင် အနားယူရပြီဟု ထင်ထားသော်လည်း... ဘာကြောင့် ဤလူများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသနည်း။

သူသည် လီမောင်နှမများကို အထူးတလည် မနှစ်သက်ခြင်း မရှိပေ။ မည်သို့ပင်ဖြစ်စေ သူတို့ အတူတူ လက်တွဲလုပ်ကိုင်ခဲ့ဖူးသည်။

သူသည် သူတို့၏မြင့်မြတ်မိသားစုဝင် အဆင့်အတန်းကြောင့်သာ အနည်းငယ် သတိထားနေခြင်း ဖြစ်ပြီး အထူးသဖြင့် ချင်းဖုန်းတောင် တပည့်များ၏အဖြစ်ဆိုးကို မြင်တွေ့ခဲ့ရပြီးနောက် ဤခံစားချက် ပိုမို နက်ရှိုင်းလာခဲ့ခြင်း ဖြစ်လေသည်။

သို့သော် သူတို့က သူ့ကို စည်းရုံးရန် မကြိုးစားသရွေ့ သို့မဟုတ် ထူးဆန်းသော လှုပ်ရှားမှုများ မလုပ်သရွေ့ သူတို့သည် အမှန်တကယ် လူကောင်းများ ဖြစ်ကြပေသည်။

နောက်ဆုံးတော့ ထိုစာရွက်စာတမ်းသည် တပ်မှူးအများစုအတွက် အသက်ကယ်ဆေး ဖြစ်ပေသည်။

"ဟင်"

လီရှင်းဟန် ရုတ်တရက် တံခါးအပြင်ဘက်သို့ ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်ရာ သူ၏ပုံမှန်အားဖြင့် ရဲရင့်သော အစ်မဖြစ်သူသည် ခြံဝင်းထဲတွင် အနည်းငယ် ကျုံ့ကျုံ့လေး ရပ်နေသည်ကို တွေ့လိုက်ရလေသည်။

ဘာဖြစ်တာလဲ။

အနီးကပ်တွဲဖက် ဒု-စစ်သူကြီး မဆိုထားနှင့်၊ စစ်သူကြီး၏တပည့်ဖြစ်လျှင်ပင် သူမ ဓားကို ဆွဲထုတ်ရဲသူ ဖြစ်သည်။

ထို့အပြင် ရှန်းယီသည် အသိမိတ်ဆွေ ဖြစ်နေသည်။

"သခင်ရှန်း အခုမှ ပြန်ရောက်တာဆိုတော့ အနားယူဖို့ လိုတယ်။နင်တို့နှစ်ယောက် စကားပြောကြပါ၊ ငါ ဒီမှာပဲ ခဏနေလိုက်မယ်။"

လီမူကျင်းသည် စောစောက မြင်းမြင့်ကြီး သူမဘေးမှ ဒုန်းစိုင်း ဖြတ်ပြေးသွားသော မြင်ကွင်းကို ပြန်သတိရလိုက်ပြီး သူမ၏နှုတ်ခမ်းကို ကိုက်ကာ အနေခက်စွာဖြင့် သူမ၏ဝတ်ရုံလက်ကို ဆုပ်ကိုင်ထားမိလေသည်။

သူမ၏နောင်တရနေသော မျက်နှာထားကို မြင်လိုက်ရသောအခါ။

ရှန်းယီ သူမ၏အတွေးများကို ခန့်မှန်းမိလိုက်လေသည်။

သူ ပျင်းရိစွာ ထရပ်ပြီး ရေငှဲ့လိုက်ကာ ပေါ့ပါးစွာ စနောက်လိုက်သည်။

"အဲဒီနေ့တုန်းက မင်း ဒီလောက် ယဉ်ကျေးမနေပါဘူး၊ပါးစပ်က တော်တော် သွက်နေတာပဲကို။"

အကောင်းနှင့်အဆိုးကို ဆုံးဖြတ်သော သူ့နည်းလမ်းမှာ ရိုးရှင်းပေသည်။

မည်သူက သူ့ကို အသက်ရှင်စေချင်ပြီး မည်သူက တိတ်တဆိတ် သေစေချင်သနည်း ဆိုသည့် အချက်ပင် ဖြစ်လေသည်။

တစ်ဖက်လူသည် လုံးဝ ဖြူစင်ခြင်း မရှိသလို သူနှင့် လမ်းကြောင်းတူ မဟုတ်သော်လည်း သူမသည် ပထမအမျိုးအစားတွင် ပါဝင်ကြောင်း ထင်ရှားပေသည်။

လောကကြီးမှာ ဖြူစင်မှုများစွာ မည်သို့ ရှိနိုင်မည်နည်း။

တစ်ယောက်ယောက်က ကိုယ့်ကို ကောင်းစေချင်လျှင်ပင် လုံလောက်နေပါပြီ... ထိုစကားကို ကြားသောအခါ လီမူကျင်း၏မျက်နှာသည် ချက်ချင်း ရဲတက်သွားလေသည်။

သစ်ပင်အောက်မှ အဖြစ်အပျက်ကို ပြန်သတိရပြီး သူမ ဗလုံးဗထွေး ပြောလိုက်သည်။

"ကျွန်မ... ကျွန်မ မကောင်းတဲ့သဘောနဲ့ ပြောခဲ့တာ မဟုတ်ပါဘူး။"

သူမတွင် မည်သည့် ရည်ရွယ်ချက်များ ရှိနေပါစေ ရှန်းယီကို အမှန်တကယ် အန္တရာယ်ဖြစ်စေရန် ရည်ရွယ်ခြင်း မရှိခဲ့ပေ။

ဖန်းဟန်က သူ့အတွက် စီစဉ်ပြီးလောက်ပြီဟု သူမ ထင်ခဲ့မိသောကြောင့်သာ ယခုလို သူတို့သုံးဦးသား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေရသည့် အနေခက်သော အခြေအနေ ဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။

"နင်တို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ။ အစ်မ နင် သူ့ကို ပြောစရာ ရှိတယ်ဆို။"

လီရှင်းဟန်က သူတို့နှစ်ဦးကြားကို ကြည့်ပြီး နားမလည်နိုင်စွာ မေးလေသည်။

ဤသည်ကို ကြားသောအခါ လီမူကျင်း နောက်ဆုံးတွင် အခန်းထဲသို့ ဝင်လာပြီး တုံ့ဆိုင်းစွာ ပြောသည်။

"ကိစ္စတစ်ခု ရှိလို့ပါ။ ရှင် ချင်းဖုန်းတောင်ကို သွားပြီးတဲ့နောက် မာထောင်နဲ့ ကျွန်မ ပစ္စည်းတွေသိမ်း၊ စာရွက်စာတမ်းတွေ ယူပြီး ချင်းကျိုးမြို့ကနေ အရင် ထွက်သွားဖို့ ပြင်ဆင်ခဲ့ကြတယ်... အဲဒီမှာ ရှင့်သူငယ်ချင်းမုတ်ဆိတ်မွေးအရှည်ကြီးနဲ့ လူကို ဗာဂျာရယန်ဂိုဏ်းသား နှစ်ယောက် လာရှာနေတာ တွေ့လိုက်ရတယ်။"

ရှန်းယီ ရေငှဲ့နေသောလက် ခေတ္တရပ်သွားသည်။

"အဲဒါနဲ့"

"သူတို့မျက်နှာထားတွေက သိပ်မကြည်ဖြူသလို ဖြစ်နေတာ မြင်လို့ ကျွန်မ သွားမေးကြည့်တော့ ရှင့်သူငယ်ချင်းက အရမ်း စိုးရိမ်နေပုံရပြီး ကျွန်မကို ဝင်မပါစေချင်ဘူး... ဒါနဲ့ ကျွန်မလည်း သူတို့ ကိစ္စပြီးရင် သူ့ကို ပြန်ခေါ်လာဖို့ အမိန့်ပေးခဲ့ရတာပဲ တတ်နိုင်တော့တယ်။"

ဤနေရာအရောက်တွင် လီမူကျင်း နှုတ်ခမ်းကို ကိုက်လိုက်သည်။

ရှန်းယီ ဘာကို အစိုးရိမ်ဆုံးဖြစ်ကြောင်း သူမ သိသော်လည်း သူမ သတ္တိမွေးပြီး ရှင်းပြလိုက်သည်။

"ကျွန်မက နတ်ဆိုးနှိမ်နင်းရေးဌာန ရောက်တာ မကြာသေးဘူး၊ပြီးတော့ ပျင်းရိတတ်လို့ တပ်မှူးအဆင့်ပဲ ရှိသေးတာ။ သူတို့ကို ထိန်းချုပ်နိုင်မှာ မဟုတ်လို့... မိသားစုနာမည်ကို သုံးလိုက်ရတယ်။"

"လီရှောင်အာ့ကိုလည်း သူတို့နောက် ခဏ လိုက်ခိုင်းကြည့်တော့ သူတို့ ချင်ကျိုးမြို့ကနေ ထွက်သွားတာ တွေ့ရတယ်။ သူတို့မှာ တရားဝင် အမိန့်စာ ပါလာတော့ ကျွန်မလည်း ဆက်လိုက်လို့ မရတော့ဘူး။"

လီမူကျင်း ပြောပြီးသောအခါ တောင်းပန်သော အရိပ်အယောင်ဖြင့် ရပ်နေခဲ့သည်။

ရှန်းယီ လက်ဖက်ရည်ခွက်ကို ကမ်းပေးလိုက်ပြီး လေးနက်စွာ ပြောသည်။

"ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေးလီ။"

ပထမတန်းစား လီမိသားစုဝင်တစ်ဦး ဝင်ရောက်စွက်ဖက်ပေးမှုကြောင့် သားသတ်သမားကျန်း ဒုက္ခရောက်နိုင်ခြေသည် မရှိသလောက် အဆင့်ထိ လျော့နည်းသွားနိုင်ပေသည်။

"ရှင် စိတ်မရှိဘူးဆိုရင် ရပါပြီ။"

လီမူကျင်း လက်ဖက်ရည်ခွက်ကို ကိုင်ထားလိုက်ပြီး သူမ၏ဆွဲဆောင်မှုရှိသော မျက်နှာလေး ပိုမို ရဲတက်လာသည်။

"ဩော်၊ငါက ကိစ္စကြီးကြီးမားမား ဖြစ်မယ် ထင်နေတာ။ နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့အနီးကပ်တွဲဖက် ဒု-စစ်သူကြီး တစ်ယောက်ကို သူတို့အတွက် စောင့်ခိုင်းစေတယ်ပေါ့။ တော်တော် သတ္တိကောင်းတာပဲ။"

လီရှင်းဟန်က ခက်ခဲစွာ မတ်မတ်ထိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောသည်။

"ကျွန်တော့်ကို ဖိတ်စာပို့ခိုင်းလိုက်ပါ၊အဲဒီ လူတွေကို စုစည်းဖို့ အကြောင်းပြချက်တစ်ခု ရှာလိုက်မယ်၊ အဲဒီအထဲမှာ ဗာဂျာရာဂိုဏ်းလည်း ပါလာလိမ့်မယ်။ အဲဒီကျမှ ခင်ဗျား သူတို့ကို တိုက်ရိုက် မေးမြန်းလိုက်ရုံပဲ၊ မနက်ဖြန်ဆို ဘယ်လိုလဲ။"

"နင် အဲဒီလိုလူတွေနဲ့ တွေ့ဖို့ စိတ်ကူးနေတာလား။"

လီမူကျင်း သူ့ကို ကြည့်လိုက်သည်။

"ဘာဖြစ်လဲ။ ဒါတွေက နတ်ဆိုးသတ်ရင်း ရလာတဲ့ ဒဏ်ရာတွေပဲ။"

လီရှင်းဟန် မျက်ခုံးပင့်လိုက်သည်။နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ပြီး ရှန်းယီ ထွက်သွားမှသာ သူက နတ်ဆိုးနှိမ်နင်းရေးဌာန၏ အသက်အငယ်ဆုံး အနီးကပ်တွဲဖက် ဒု-စစ်သူကြီးကို သိပါသည်ဟု ပြောလျှင်မည်သူကယုံမည်နည်း။

ဤအရာက ပိုပြီးအထင်ကြီးစရာ ကောင်းသည်၊ နာကျင်မှုအနည်းငယ်လောက်က စာမဖဲ့ပေ။

"ဖိတ်စာပို့ရင် နင့်နာမည် မသုံးနဲ့။ နင့်ရဲ့အသုံးမကျတဲ့ သူငယ်ချင်းတစ်သိုက်ကို လုပ်ခိုင်းလိုက်။ လီမိသားစုဆိုတာ သိရင် ဗာဂျာရာဂိုဏ်းက လူတွေ လာချင်မှ လာမှာ။"

လီမူကျင်း ခေါင်းခါလိုက်သည်။

သူမ၏မောင်လေးသည် ထိုလူများနှင့် အမှန်တကယ် သဟဇာတ မဖြစ်လှပေ။

သူတို့က အချစ်ရေးနှင့် ကဗျာလင်္ကာ အကြောင်း ပြောကြသော်လည်း သူကမူ ကုသိုလ်အမှတ် ရဖို့ မစ်ရှင်သွားသည့် အကြောင်းသာ သိသည်။

သို့သော် သူသည် ကြွားဝါရခြင်းနှင့် ခေါင်းဆောင်တစ်ယောက် ဖြစ်နေသည်ဟု ခံစားရခြင်းကို နှစ်သက်ပေသည်။

လီမိသားစုသည် ထင်ရှားသော မျိုးနွယ်ကြီး ၄ ခုနှင့် ဂိုဏ်း ၅ ဂိုဏ်းထဲပါဝင်ပြီး တိုက်ရိုက်မျိုးဆက် အားလုံးကို နတ်ဆိုးနှိမ်နင်းရေးဌာနတွင် တာဝန်ထမ်းဆောင်စေသည်။

သူတို့၏ဂုဏ်သတင်းမှာ အပြင်ပန်းအားဖြင့် ဩဇာကြီးမားပြီး လေးစားဖွယ် ကောင်းသော်လည်း နောက်ကွယ်တွင်မူ ဘိုးဘေးအမွေအနှစ်များကိုသစ္စါဖောက်ပြီး အင်ပါယာတရားရုံးဘက် ပါသွားသော ကျောရိုးမဲ့ သစ္စာဖောက်များဟု အမြင်ခံရလေ့ ရှိပေသည်။

လီရှင်းဟန်နှင့် ဘယ်သူက အမှန်တကယ် ရင်းနှီးမည်နည်း။

လတ်တလော လီမိသားစု၏လုပ်ရပ်များကဲ့သို့ပင်။

လူတိုင်းနှင့် ခင်မင်ရင်းနှီးသော မိသားစုကြီး တစ်ခုဖြစ်သော်လည်း ချင်းဖုန်းတောင်တွင် တစ်စုံတစ်ခု ဖြစ်ပွားသောအခါ သူတို့လူ သူတို့ ဖယ်ထုတ်ထားရုံသာမက မည်သည့် အကူအညီမှ ပေးရန် ဆန္ဒမရှိကြောင်း ပြသခဲ့ကြသည်။

ထိုသို့ တွေးတောပြီးနောက် သူမ ရှန်းယီဘက်သို့ လှည့်လိုက်သည်။

"သခင်ရှန်း သွားမှာလား။ ဒါမှမဟုတ် ကျွန်မတို့ပဲ မေးပေးရမလား။"

ရှန်းယီ၏မျက်နှာထား တည်ငြိမ်နေပြီး ခေါင်းအနည်းငယ် ငြိမ့်လိုက်လေသည်။

"ကျွန်တော် သွားမယ်။"

All Chapters